အခန်း ၂၂၈
Vol. 22 Ch. 228
အခန်း ၂၂၈ - ပျော်ရွှင်ခြင်းပေါင်းစည်းမှုခန်းမမှ အမျိုးသမီးကျင့်ကြံသူ (၁/၂)
ချန်အန်သည် သူ၏ ဇနီးများနှင့် သမီးများကို စျေးဝယ်ပေးရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ရာ သူတို့ သွားချင်သည့်နေရာတိုင်းသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။ သို့သော်လည်း ဇနီးများနှင့် သမီးများအတွက် တစ်ယောက်ချင်းစီ လိုက်လံငွေချေပေးနေရသည်မှာ အလွန်လက်ဝင်လှသဖြင့်... သူသည် စိတ်ကူးဖြင့် သိုလှောင်လက်စွပ်ထဲမှ ကျင့်ကြံခြင်းတုံးအချို့နှင့် ရွှေဒင်္ဂါးအိတ်တစ်အိတ်ကို ထုတ်ယူကာ ဇနီးများနှင့် သမီးများထံသို့ ခွဲဝေပေးလိုက်ပြီး သူတို့ကြိုက်နှစ်သက်ရာကို စိတ်ကြိုက်ဝယ်ယူ ငွေချေခိုင်းလိုက်တော့သည်။
“ဖေဖေ... သမီးလည်း ကျင့်ကြံခြင်းတုံး လိုချင်တယ်”
ဖခင်ဖြစ်သူက မိခင်ငါးယောက်စလုံးကို အဆင့်နိမ့်ကျင့်ကြံခြင်းတုံး တစ်တုံးစီ ပေးခဲ့သော်လည်း မိမိကိုမူ မပေးခဲ့သည်ကို မြင်သောအခါ သမီးကြီး ချန်ယုကျန်းက မနေနိုင်ဘဲ ကန့်ကွက်လိုက်တော့သည်။
ချန်အန်က သူမအား မပေးခဲ့ခြင်းမှာ သူမသည် ကလေးငယ်တစ်ဦးသာ ရှိသေးသဖြင့် ကျင့်ကြံခြင်းတုံး မလိုအပ်သေးဟု ထင်မှတ်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း သမီးဖြစ်သူက လိုချင်နေသဖြင့် အဆင့်နိမ့်ကျင့်ကြံခြင်းတုံး တစ်တုံးကို ထုတ်၍ ပေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူသည် ယခုအခါ ထျန်းသီဂိုဏ်း၏ ဒိကွန်တစ်ဦး ဖြစ်နေပြီဖြစ်ရာ ဤမျှလောက် ပစ္စည်းကို မနှမြောချေ။
“ဖေဖေ... သမီးလည်း ကျင့်ကြံခြင်းတုံး လိုချင်တယ်”
အူတူတူ သမီးလတ်လေး ချန်ယီခဲ့ကလည်း ထုံးစံအတိုင်း အားရပါးရ အော်ဟစ်တောင်းဆိုလိုက်ပြန်သည်။
ချန်အန်သည် သမီးများကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်းတူထားသူဖြစ်ရာ ကျင့်ကြံခြင်းတုံး တစ်တုံးကို ထုတ်၍ ထိုအူတူတူ သမီးလတ်လေးထံသို့ ကမ်းပေးလိုက်သည်။ သို့သော်လည်း ထိုသမီးလတ်လေး လက်လှမ်းယူမည်အပြုတွင်... ကျားမကဲ့သို့ ကြောက်စရာကောင်းသော မိခင်ဖြစ်သူ ဆောင်ဟွာယင်းက ကျင့်ကြံခြင်းတုံးကို အရင်ဆုံး ဆတ်ခနဲ လှမ်းယူသိမ်းဆည်းလိုက်တော့သည်။
ဆောင်ဟွာယင်းက ချန်ယီခဲ့ကို ကြည့်ကာ “သမီးက ငယ်သေးတယ်၊ ဒီကျင့်ကြံခြင်းတုံးကို အမေကပဲ သိမ်းထားပေးမယ်။ နောက်ကျရင် ဘာဝယ်ချင်လဲဆိုတာ အမေ့ကိုပဲ ပြော” ဟု ဆိုလိုက်သည်။
ချန်ယီခဲ့သည် မကျေမနပ်ဖြစ်ကာ ဝမ်းနည်းသွားသော်လည်း မိခင်ဖြစ်သူကိုမူ မကန့်ကွက်ရဲချေ။
ဤအခြေအနေကို မြင်သောအခါ ချန်အန်က နောက်ထပ် အဆင့်နိမ့်ကျင့်ကြံခြင်းတုံး တစ်တုံးကို တိတ်တဆိတ် ထုတ်ယူကာ အူတူတူ သမီးလတ်လေး ချန်ယီခဲ့၏ လက်ထဲသို့ ခိုး၍ သွတ်သွင်းပေးလိုက်သည်။ ချန်ယီခဲ့သည် သူမ၏ လက်ထဲတွင် ကျင့်ကြံခြင်းတုံးကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မျက်နှာလေး ဝင်းပသွားခဲ့သည်။ သူမအနေဖြင့် ဤကျင့်ကြံခြင်းတုံးက မည်မျှတန်ဖိုးရှိသည်ကို မသိချေ။ အစ်မဖြစ်သူ ချန်ယုကျန်းတွင် ရှိနေသဖြင့် မိမိတွင်လည်း ရှိနေရမည်ဟုသာ သိထားခြင်း ဖြစ်သည်။
ထို့နောက်တွင်မူ ချန်အန်သည် သူ၏ ဇနီးများနှင့် သမီးများ၏ နောက်ကနေ လိုက်ပါလျှောက်လှမ်းရင်း လမ်းတစ်လျှောက်လုံးတွင် သူတို့ စျေးဝယ်နေကြသည်ကို ကြည့်ရှုနေခဲ့သည်။
ဒိကွန်လင်း၏ မိသားစုသုံးဦးမှာလည်း လူဝတ်ကြောင်နယ်မြေအတွင်း၌ လိုက်လံကြည့်ရှုနေကြသည်။ သူတို့မိသားစုသည် ချန်အန်၏ မိသားစုနှင့် ရင်းနှီးမှုရယူရန် အလွန်လိုလားနေကြသည်။
လူစုသည် လမ်းလျှောက်လာရင်းဖြင့် အရှေ့ဘက်တွင် မြေပြင်မှ ထိုးထွက်မြင့်မားနေသော ခမ်းနားထည်ဝါလှသည့် အဆောက်အအုံကြီးတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ထိုအဆောက်အအုံကြီးသည် စတုရန်းမီတာ တစ်ထောင်ကျော် ကျယ်ဝန်းပြီး စုစုပေါင်း ငါးထပ် ရှိသည်။ ပထမထပ်တွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားရာ ၎င်းမှာ ပျော်ရွှင်ခြင်းဟု ဖြစ်သည်။
စကားအများကြီး ပြောနေရန်မလိုဘဲ ၎င်းမှာ ပျော်ရွှင်ခြင်းပေါင်းစည်းမှုခန်းမ၏ လုပ်ငန်းတစ်ခု ဖြစ်သည်မှာ သေချာလှသည်။
ချန်အန်နှင့် ဒိကွန်လင်းတို့သည် တစ်ဦးကိုတစ်ဦး စကားမပြောဘဲ နားလည်မှုရှိရှိဖြင့်... ဟော်ဟယ်ဗီလာ၏ အရှေ့တွင် ဖောက်သည်များကို ဆွဲဆောင် မျှားခေါ်နေကြသော အမျိုးသမီးကျင့်ကြံသူများကို ပြိုင်တူ လှမ်းကြည့်လိုက်ကြပြီး၊ ယောကျာ်းသားတို့၏ ပင်ကိုယ်သဘာဝအတိုင်း ရမ္မတ်မျက်လုံးများဖြင့် စိုက်ကြည့်မိကြတော့သည်။
ထိုအမျိုးသမီးကျင့်ကြံသူများသည် အလွန်ရဲတင်းကာ ပွင့်လင်းစွာ ဝတ်ဆင်ထားကြသည်။ ခန္ဓာကိုယ်၏ အဓိက အလှအပဆိုင်ရာ လျှို့ဝှက်ချက်နေရာများကိုသာ ဖုံးကွယ်ထားပြီး ကျန်သည့် ပြသ၍ရသမျှ နေရာအားလုံးကိုမူ အလွတ်သား ဖော်ပြထားကြသည်။ လမ်းသွားလမ်းလာ ယောကျာ်းသား ကျင့်ကြံသူအများစုမှာ ဤအချက်ကို မြင်သောအခါ စိတ်ရိုင်းများ ထကြွလာကြပြီး၊ ခဏမျှ စိတ်လှုပ်ရှားသွားရာမှ... အဝတ်အစား ခပ်ပါးပါး ဝတ်ဆင်ထားသော ဟော်ဟယ်ဗီလာမှ အမျိုးသမီးကျင့်ကြံသူများ၏ ဆွဲခေါ်ခြင်းကို ခံရကာ အတွင်းသို့ ပါသွားကြတော့သည်။
ထိုနေရာ၏ အရှေ့တွင် ခမ်းနားလှပသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် ချန်အန်၏ အကြည့်ကို ရိပ်မိသွားခဲ့သည်။ သူမသည် လောကရှိ အမျိုးသမီးအားလုံးကို ခဏချင်း စိတ်ကူးယဉ် ရူးသွပ်သွားစေနိုင်သော ချန်အန်၏ ချောမောခန့်ညားသည့် မျက်နှာကို မြင်လိုက်ရသောအခါ မျက်ဝန်းများ ချက်ချင်း တောက်ပသွားခဲ့သည်။ သူမသည် ချက်ချင်းပင် ညှို့ဓာတ်အပြည့်ရှိသော အမူအရာဖြင့် ချန်အန်ထံသို့ လျှောက်လှမ်းလာခဲ့တော့သည်။
ဗီလာမှ ဤအမျိုးသမီးကျင့်ကြံသူသည် အသက် ၃၀ အစောပိုင်းအရွယ်ခန့် ရှိပုံရသည်။ သူမသည် လှပသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင်လည်း အနီရောင် ခါးပတ်တစ်ခုကို ပတ်ထားသည်။ ၎င်းက သူမ၏ သွယ်လျသော ခါးလေးကို ပိုမိုထင်ရှားစေပြီး လမ်းလျှောက်သည့်အခါ တင်ပါးများ ယိမ်းထိုးလှုပ်ရှားသွားပုံမှာ... လေထဲတွင် ဝေ့ယမ်းနေသော မိုးကုတ်စက်ဝိုင်းမှ သစ်ကိုင်းလေးတစ်ခုကဲ့သို့ပင် အလွန်မျက်စိကျစရာ ကောင်းလှသည်။
ဆွဲဆောင်မှုအရှိဆုံးအရာမှာမူ သူမ၏ ဂါဝန်အကွဲကြောင်းကြားမှ ပေါ်ထွက်နေသော သွယ်လျဖြူစင်သည့် ကျောက်စိမ်းကဲ့သို့ ခြေတံရှည်ကြီးများ ဖြစ်သည်။ သူမ၏ ပေါင်တံများမှာ အသားပြည့်ပြီး ဆွဲဆောင်မှုရှိသော်လည်း ဝဖတ်နေခြင်းမျိုး လုံးဝမရှိချေ။ ခြေသလုံးများမှာ ဖြောင့်စင်းပြီး သွယ်လျလှကာ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေခဲ့ရာ အလွန်ပင် မျက်စိကျိန်းစရာ ကောင်းလှသည်။
“ကျင့်ကြံဖော်... ကြည့်ရတာ မျက်နှာစိမ်းပဲနော် ထျန်းသီဂိုဏ်းကို အသစ်ဝင်လာတဲ့ တပည့်သစ်လား၊ ဒါမှမဟုတ် ဂိုဏ်းထဲကို ဝင်တာကြာပြီဖြစ်ပေမဲ့ ဒီကိုတော့ ပထမဆုံးအကြိမ် လာတာလားဟင်။”
ထိုအမျိုးသမီးကျင့်ကြံသူ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလွှာထက်တွင် ညှို့ဓာတ်ပြည့်ဝသော အပြုံးတစ်ခု ရှိနေသည်။ သူမ၏ လေသံမှာ နုညံ့ချိုသာလှသည်။ စကားပြောနေစဉ်အတွင်း သူမသည် ချန်အန်ကို ဆွဲဆောင်နိုင်ရန်အတွက် မိမိ၏ အလှအပများကို ပိုမိုပေါ်လွင်စေရန် ဂါဝန်ရှည်ကို အောက်သို့ အသာအယာ ဆွဲချလိုက်ရန်လည်း မမေ့လျော့ခဲ့ချေ။
ချန်အန်သည် မိမိအား လာရောက်နှုတ်ဆက်စကားဆိုသောဗီလာမှ ဤအမျိုးသမီးကျင့်ကြံသူကြောင့် ခဏမျှ မှင်သက်သွားခဲ့ရပြီး၊ စိတ်ထဲကနေ ဤအမျိုးသမီးက တကယ့်ကို ဆွဲဆောင်နိုင်လွန်းလှသည်ဟု တိတ်တဆိတ် ချီးကျူးမိလိုက်သည်။ ဘေးတွင်ရှိသော ဒိကွန်လင်းမှာမူ ကြောင်အမ်းအမ်းဖြစ်သွားခဲ့ပြီး၊ ဤအမျိုးသမီးကျင့်ကြံသူကြောင့် စိတ်ဝိညာဉ်ပင် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားတော့မတတ် မိန်းမောတွေဝေနေခဲ့သည်။
“စိတ်မရှိပါနဲ့... ကျွန်မတို့ ယောကျာ်းက စိမ်းတဲ့မိန်းမတွေနဲ့ စကားပြောရတာ သဘောမကျဘူး။ ဖယ်ပေးပါဦး... လမ်းပိတ်နေလို့။”
ဗီလာမှ ဤအမျိုးသမီးကျင့်ကြံသူ ရောက်ရှိလာပြီး စကားစမြည်ပြောသည်ကို မြင်သောအခါ ဆောင်ဟွာယင်းမှာ အလွန်မကျေမနပ် ဖြစ်သွားခဲ့သည်။ သူမသည် ထိုအမျိုးသမီးအား ချက်ချင်းပင် မောင်းထုတ်လိုက်ပြီး သူမ၏ လေသံမှာ အလွန်ပြတ်သားလှသဖြင့် တစ်ဖက်လူအတွက် မျက်နှာပျက်စရာပင် ဖြစ်သည်။
သို့သော်လည်း စိတ်မကောင်းစရာမှာ ဗီလာမှ ထိုအမျိုးသမီးကျင့်ကြံသူက သူမကို လုံးဝဥပေက္ခာပြုထားခဲ့ခြင်းပင်။ သူမ၏ အကြည့်များမှာ ချန်အန်၏ မျက်နှာထက်၌သာ ရှိနေဆဲဖြစ်ပြီး ပြုံးလျက် ပြောလိုက်သည်။
“ကျင့်ကြံဖော်ရယ်... တို့ဗီလာက နတ်သမီးလေးတွေက အလွန်နုညံ့ ကြင်နာတတ်ကြတာ နာမည်ကြီးပဲနော်။ ကျင့်ကြံဖော်ရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ထောက်ထားပြီး... ပထမဆုံးအကြိမ် လာရောက်မှုကို အခမဲ့ သတ်မှတ်ပေးပါ့မယ်၊ နောင်ကျရင်လည်း စျေးနှုန်းကို ထက်ဝက်ပဲ ယူပါ့မယ်။ သခင်လေး... အထဲကို ဝင်ပြီး အနားယူဖို့ စိတ်ဝင်စားရဲ့လားရှင်။”
ဗီလာမှ အမျိုးသမီးကျင့်ကြံသူသည် ချန်အန်၏ ဇနီးများကို လုံးဝအဖက်မလုပ်ချေ။ ပါးစပ်ဖွင့်လိုက်သည်နှင့် ပြောင်ပြောင်တင်းတင်းပင် ဖောက်သည်ရှာတော့သည်။ သူမ၏ လေသံမှာ အလွန်ဆွဲဆောင်မှု ရှိလှသည်။
ချန်အန်သည် မိန်းမမက်သူတစ်ဦး ဖြစ်သော်လည်း သူ၏ စိတ်ကို ထိန်းချုပ်နိုင်စွမ်းကမူ အတိုင်းအတာတစ်ခုအထိ ရှိနေဆဲဖြစ်သည်။ သူက ပြုံးလျက် ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
“ရပါတယ်... မလိုပါဘူး။ ကျွန်တော့်မှာ အိမ်မှာတင် လှပတဲ့ ဇနီးသည် ငါးယောက်ရှိပြီးသားမို့... အပြင်ထွက်ပြီး ပျော်ပါးဖို့ မလိုအပ်တော့ပါဘူး။”
ဤသို့ပြောရင်းနှင့် သူသည် စိတ်ကူးဖြင့် ဟော်ဟယ်ဗီလာမှ အမျိုးသမီးကျင့်ကြံသူကို ဘေးသို့ အသာအယာ ဖယ်ရှားလိုက်ပြီး သူ၏ ဇနီးများနှင့် သမီးများကို ခေါ်ဆောင်ကာ သူမ၏ ဘေးမှ ဖြတ်ကျော်လျှောက်လှမ်းသွားခဲ့တော့သည်။
ထိုအမျိုးသမီးကျင့်ကြံသူသည် ချန်အန်က သူမကို တွန်းဖယ်သွားသည့်အတွက် စိတ်မဆိုးသည့်အပြင်၊ ညှို့ဓာတ်ပြည့်ဝစွာ ပြုံးလျက် သူ့နောက်သို့ လှမ်းအော်ပြောလိုက်သေးသည်။
“ကျင့်ကြံဖော်... ကျွန်မက ပျော်ရွှင်ခြင်းပေါင်းစည်းမှုခန်းမက တပည့် ‘ကျန်းရုရွှေ’ ပါ။ နောင်ကျရင် ကျွန်မဆီ လာရှာဖို့ မျှော်လင့်နေပါ့မယ်နော်။”
ချန်အန်ကမူ ထိုစကားကို မကြားချင်ယောင်ဆောင်လိုက်ပြီး သူ၏ ဇနီးများနှင့် သမီးများကို ခေါ်ကာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းခဲ့သည်။
တစ်ဖက်တွင်မူ သူတို့နောက်၌ ကျန်ခဲ့သော ဒိကွန်လင်းမှာမူ မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နှက်နေပြီး ဟော်ဟယ်ဗီလာမှ အမျိုးသမီးကျင့်ကြံသူနှင့် စကားစမြည်ပြောဆိုကာ စျေးနှုန်းများကို စူးစမ်းမေးမြန်းနေခဲ့သည်။ စျေးနှုန်းအကြမ်းဖျင်းကို သိရှိပြီးနောက်တွင်မှ သူသည် ချန်အန်၏ မိသားစုနောက်သို့ အမှီအမြန်လိုက်လာခဲ့တော့သည်။ သူသည် လွတ်လပ်သော နေ့တစ်နေ့တွင် ဤဗီလာသို့ လာရောက်ကာ ဂိုဏ်းတူ နတ်သမီးလေးတစ်ပါး၏ အရသာကို ခံစားကြည့်ရန် စိတ်ထဲက ကြံစည်နေခဲ့သည်။ သူ၏ ဇနီးမယားကြီးမှာမူ... လင်ယောက်ျားဖြစ်သူက ဗီလာမှ အမျိုးသမီးထံ စျေးနှုန်းမေးမြန်းနေသည်ကို မြင်သော်လည်း လုံးဝကန့်ကွက်ခြင်း မရှိချေ။ ထို့ပြင် သူမသည် လင်ယောက်ျားအတွက် စျေးနှုန်းကိုပင် ဝိုင်းဝန်းဆစ်ပေးချင်နေသေးသည်။
ချန်အန်၏ မိသားစုက ရှေ့ကနေ လျှောက်လှမ်းနေကြသည်။
ဆောင်ဟွာယင်းသည် လင်ယောက်ျား၏ စောစောက အကြည့်များကို ပြန်လည်တွေးမိပြီး စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့သည်။ သူမသည် သူ့ကို ရန်ရှာငြင်းခုံချင်နေခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် အပြင်၌ လူအများကြီး ရှိနေသဖြင့် သူ့ကို လောလောဆယ် လွှတ်ထားပေးလိုက်ပြီး၊ အိမ်ပြန်ရောက်သည့်အခါကျမှ အိမ်တွင်းစစ်ပွဲ ဆင်နွှဲရန် ဆုံးဖြတ်လိုက်တော့သည်။
သူမနှင့်မတူဘဲ ဘေးတွင် လျှောက်လှမ်းနေသော ကျိုကျိမူ ချန်အန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ဆိုလိုက်သည်။
“ယောကျာ်း... ရှင်က ဗီလာက အဲဒီမိန်းမငယ်လေးတွေ ဝတ်တဲ့ အဝတ်အစားမျိုးကို သဘောကျတာကိုး။ နောင်ကျရင် သမီး အဝတ်အထည်ဆိုင်ကိုသွားပြီး ပိတ်စအချို့ ဝယ်လိုက်မယ်။ အိမ်ပြန်ရောက်ရင် အဲဒီလို အဝတ်အစားမျိုးကို ကျမတို့ ညီအစ်မသုံးယောက်နအတွက် ချုပ်လုပ်ပြီး... နောင်ကျရင် ညတိုင်း ခင်ဗျားအတွက် ဝတ်ပြပါ့မယ်။”
ချန်အန်သည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ကျေနပ်အားရသော အမူအရာဖြင့် “... မင်းက တို့မိသားစုထဲမှာ အလိမ္မာဆုံးပဲ!” ဟု ဆိုလိုက်သည်။
ဘေးတွင် လျှောက်လှမ်းနေသော ဂူရှင်းယွဲ့မှာမူ ထိုစကားကို ကြားသောအခါ မျက်နှာလေး နီမြန်းသွားခဲ့ရသည်။ ဗီလာမှ အမျိုးသမီးကျင့်ကြံသူများ ဝတ်ဆင်ထားသော အဝတ်အစားများမှာ အလွန်ပေါ်လွင်လွန်းလှသဖြင့်၊ အကယ်၍ မိမိကိုယ်တိုင်သာ ဝတ်ဆင်ရပါက အလွန်အရှက်သည်းရပေလိမ့်မည်။ တစ်ဖက်တွင်မူ ဝမ်ကျိယန်နှင့် ရှန်ချင်းယီတို့မှာမူ အရှက်သည်းမနေကြဘဲ စိတ်ဝင်စားနေကြသည်။ အထူးသဖြင့် အသက်အငယ်ဆုံးဖြစ်သော ကျိုကျိ.. ချန်အန် စောစောက ပြောခဲ့သည့်အတိုင်းပင် သူမ၏ စိတ်ကူးများမှာ မသိစိတ်အတွင်း၌ ပိုမို၍ ညှို့ဓာတ်ပြည့်ဝကာ လော်လည်စပြုလာခဲ့ပြီ ဖြစ်သည်။
“ဒီမိန်းမပျက်... ငါ နင့်ကို မျက်နှာပေးထားတာ တရားလွန်သွားပြီထင်တယ်!”
“နင်က ငါ့ကို ဘာလို့ မိန်းမပျက်လို့ ခေါ်ရတာလဲ!”
“နင့်ကို မိန်းမပျက်လို့ ခေါ်တော့ ဘာဖြစ်လဲ။ ဒါက ထျန်းသီဂိုဏ်း၊ နင်က ဒါကို လူလောကက မင်းစိုးရာဇာ တိုင်းပြည်လို့ ထင်နေတာလား။ ငါက မြင့်မြတ်တဲ့ နတ်သမီးတစ်ပါးပဲ၊ နင်လို မင်းသမီးပေါက်စလေးကို ငါက ဆဲလို့မရဘူးလား။”
“နင်...!”
“နင် ဘာဖြစ်လဲ! နင်က ငါ့ယောကျာ်းကို မြှူဆွယ်တဲ့ မြေခွေးမပဲ၊ ငါ နင့်ဆိုင်ကို အခုပဲ ရိုက်ခွဲပစ်မယ်”
“တော်စမ်း မြန်မြန် ရပ်လိုက်စမ်း ရှင့်ယောကျာ်းက ကျွန်မကို လာလုပ်တာ ရှင်းနေတာပဲဥစ္စာ ရှင်က ဘာအခွင့်နဲ့ ကျွန်မဆိုင်ကို လာဖျက်ဆီးရတာလဲ ဘာလို့လဲ"
ချန်အန်တို့ လူစုသည် အရှေ့ဘက်ရှိ အလှဆင်ပစ္စည်းဆိုင်တစ်ဆိုင်၏ အနီးသို့ လျှောက်လှမ်းလာသောအခါ၊ ဆိုင်အရှေ့တွင် အမျိုးသမီးနှစ်ဦး ငြင်းခုံရန်ဖြစ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။ ခဏမျှ ငြင်းခုံပြီးနောက် အမျိုးသမီးတစ်ဦးက ဆိုင်ကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်ရာ အတွင်းရှိ အလှဆင်ပစ္စည်းအားလုံးမှာ ကွဲကြေပျက်စီးသွားခဲ့ရသည်။
ဘေးမှ ဝိုင်းအုံကြည့်ရှုနေကြသော လူအုပ်ထဲမှ တစ်ဦးက မခံမရပ်နိုင်ဖြစ်ကာ ပြစ်တင်ဝေဖန်လိုက်သည်။ “မဒမ်ကျောက်... ဒီမနက်တင် ခင်ဗျားယောကျာ်းက သူတစ်ပါးကို လာပြီး စနောက်နေတာ အထင်အရှားကြီးပါဗျာ။ ခင်ဗျား တရားလွန်လွန်းတယ် မဟုတ်ဘူးလား။”
“တရားလွန်တယ်ဟုတ်လား။ ငါ့ယောကျာ်းက အဲဒီလောက်အထိ ရိုးသားတဲ့သူ ဒီမြေခွေးမက ငါ့ယောကျာ်းကို မမြှူဆွယ်ခဲ့ရင်... ငါ့ယောကျာ်းက သူမကို လာစနောက်ပါ့မလား။”
“မဒမ်ကျောက်... ခင်ဗျားယောကျာ်းက မရိုးသားပါဘူးဗျာ လွန်ခဲ့တဲ့ ရက်ပိုင်းတင် သူဗီလာထဲကို ဝင်သွားတာကို ကျုပ်အပြင်အဆင်ကြီး မြင်လိုက်သေးတယ်။”
“ပါးစပ်ပိတ်ထားစမ်း နင်တို့တွေ ဆက်ပြီး လျှောက်ပြောနေရင်... နင်တို့ပါးစပ်ကို ငါ အခုပဲ ဆွဲဖြဲပစ်မယ်!”
“ဟ.. တကယ့် မိန်းမကြမ်းကြီးပဲ။”
မလှမ်းမကမ်းတွင် ထိုကျောက်မျိုးရိုးနှင့် အမျိုးသမီးကျင့်ကြံသူက သူတစ်ပါးကို “မြေခွေးမ” ဟု ဆဲဆိုနေသည်ကို ကြားသောအခါ... ကျိုကျိသည် မိမိကိုပါ သွယ်ဝိုက်၍ စောင်းမြောင်းဆဲဆိုလိုက်သကဲ့သို့ ခံစားရသဖြင့် အနည်းငယ် စကားမရှိ ဖြစ်သွားရတော့သည်။
တစ်ဖက်တွင်မူ ရှန်ချင်းယီသည် ဘေးပတ်ဝန်းကျင်၏ ပြောဆိုသံများကို ကြားရပြီး ထိုကျောက်မျိုးရိုးနှင့် အမျိုးသမီးကျင့်ကြံသူမှာ ကျိုးကြောင်းဆင်ခြင်ဉာဏ်မရှိဘဲ အနိုင်ကျင့်နေခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ... သူမ၏ ရင်ထဲ၌ ကာလကြာရှည် ငြိမ်သက်နေခဲ့သော “မတရားမှုကို နှိမ်နင်းလိုသည့် စိတ်ရိုင်း” မှာ ချက်ချင်းပင် ထကြွလာခဲ့တော့သည်။ သူမသည် ဗီဇအတိုင်း မိမိခါးတွင်ရှိသော သံလျက်ကို ကိုင်တွယ်ကာ ဝင်ရောက်တိုက်ခိုက်ချင်စိတ် ပေါက်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် သူမ၏ အသိဉာဏ်က စိတ်ခံစားချက်ကို အောင်နိုင်သွားခဲ့သဖြင့်... သူမသည် စိတ်ကို အပြင်းအထန် ထိန်းချုပ်လိုက်ပြီး လင်ယောက်ျားအတွက် ပြဿနာမရှာရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုစဉ်မှာပင် ကောင်းကင်ယံထက်မှနေ၍ လေထုပေါက်ကွဲသံများနှင့်အတူ... သံလျက်စီး၍ ပျံသန်းလာကြသော လူရိပ်အချို့သည် ထိုအလှဆင်ပစ္စည်းဆိုင်ထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းဆင်းသက်လာခဲ့ကြသည်။
ချန်အန်က မော့ကြည့်လိုက်ရာ ထိုလူရိပ်အချို့၏ ဝတ်စုံများပေါ်တွင် “စည်းကမ်းထိန်းသိမ်းရေးခန်းမ ဟူသော စကားလုံးများကို လှမ်းမြင်လိုက်ရတော့သည်။
.................................................................