← Chapters

အခန်း ၂၂၉

Vol. 22 Ch. 229

အခန်း ၂၂၉

Vol. 22 Ch. 229

အခန်း ၂၂၉ - စည်းကမ်းထိန်းသိမ်းရေးခန်းမမှ သခင်မလေး

​မကြာမီပင်... စည်းကမ်းထိန်းသိမ်းရေးခန်းမဝတ်စုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူသုံးဦးသည် သူတို့၏ သံလျက်များပေါ်မှ ဆင်းသက်ကာ ပြဿနာတက်နေသည့် အလှဆင်ပစ္စည်းဆိုင်၏ အရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။ ဘေးပတ်ပတ်လည်တွင် ဝိုင်းအုံကြည့်ရှုနေကြသော လူအားလုံးသည် နောက်သို့ အနည်းငယ်ဆုတ်ကာ ထိုသုံးဦးအတွက် လမ်းဖယ်ပေးလိုက်ကြတော့သည်။

​“နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ!”

​စည်းကမ်းထိန်းသိမ်းရေးခန်းမမှ ဦးဆောင်လာသော အမျိုးသမီးကျင့်ကြံသူက ရတနာဆိုင်အတွင်း၌ ငြင်းခုံနေကြသည့် လူနှစ်ဦးအား လှမ်း၍ အော်ဟစ်ဆူပူလိုက်သည်။

​ဤဆူပူသံတွင် ကြွယ်ဝလှသော ကျင့်ကြံခြင်းစွမ်းအင်များ ပါဝင်နေသဖြင့်... သာမန်လူ အလှဆင်ပစ္စည်းဆိုင်၏ ဆိုင်ရှင်မလေးမှာ ထိုနေရာတွင်တင် မေ့လဲသွားလုနီးပါး ဖြစ်ခဲ့ရသည်။

​ကျောက်မျိုးရိုးနှင့် အမျိုးသမီးကျင့်ကြံသူသည် ထိုအသံကို ကြားသောအခါ သူမ လုပ်ဆောင်နေသည်များကို ရပ်တန့်လိုက်သည်။ သူမသည် လှည့်ကြည့်ကာ မိမိအား လှမ်းအော်လိုက်သော စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အမျိုးသမီးကျင့်ကြံသူကို မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် စိုက်ကြည့်ရင်း “နင်က ဘာလို့ လှမ်းအော်နေတာလဲ သေသွားချင်လို့လား” ဟု ဆိုလိုက်သည်။

​စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အမျိုးသမီးကျင့်ကြံသူသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အလွန်တည်ကြည်သော လေသံဖြင့် “မင်းရဲ့ အမူအရာကို ပြင်ဆင်ပါ။ မဟုတ်ရင် ငါ့ကို အညှာအတာမဲ့တယ်လို့ အပြစ်မတင်နဲ့” ဟု ဆိုလိုက်သည်။

​“ဟဲဟဲ... အညှာအတာမဲ့တယ်ဟုတ်လား။” ကျောက်မျိုးရိုးနှင့် အမျိုးသမီးကျင့်ကြံသူက လှောင်ပြုံးပြုံးလျက် မထောက်မညှာ ဆိုလိုက်သည်။ “ငါ့အဖေက လက်နက်ဖော်စပ်ခြင်းခန်းမရဲ့ အကြီးတန်းဒိကွန်ပဲ။ နင်က ငါ့ကို အညှာအတာပေးဖို့ လိုလို့လား။”

​“မင်းကို ကောင်းကောင်းပြောတုန်းက မရဘူးပဲ”

​သူမ စကားပြော၍ ပြီးသည်နှင့် အမျှ... စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အမျိုးသမီးကျင့်ကြံသူသည် ကျောက်မျိုးရိုးနှင့် အမျိုးသမီးထံသို့ နတ်ဘုရားချည်နှောင်ကြိုးတစ်ချောင်းကို လှမ်းပစ်လိုက်ရာ၊ သူမအား တင်းကျပ်စွာ တုတ်နှောင်မိသွားစေပြီး လှုပ်ရှား၍မရတော့ချေ။

​“လျို... နင် ဘာသဘောလဲ” ကျောက်မျိုးရိုးနှင့် အမျိုးသမီးသည် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အမျိုးသမီးကျင့်ကြံသူကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်တော့သည်။

​စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အမျိုးသမီးကျင့်ကြံသူကမူ သူမနှင့် စကားအရှည်ကြီး ပြောမနေတော့ချေ။ သူမသည် အဝေးမှ ပေါက်စီတစ်လုံးကို လှမ်းယူကာ သူမ၏ ပါးစပ်ထဲသို့ ဆို့သွင်းလိုက်သဖြင့်၊ ထိုကျောက်မျိုးရိုးနှင့် အမျိုးသမီးမှာ ဝူးဝူးဝါးဝါး အသံများသာ ထွက်ပေါ်နိုင်တော့သည်။

​ထို့နောက် သူမသည် အဆင့်နိမ့်ကျင့်ကြံခြင်းတုံး တစ်တုံးကို ထုတ်ယူကာ ပေါက်စီရောင်းသည့် လူဝတ်ကြောင်စျေးသည်ထံသို့ လှမ်းပစ်ပေးလိုက်ပြီး “အကြွေ ပြန်မအမ်းနဲ့တော့” ဟု ဆိုလိုက်သည်။

​“ကျေးဇူးတင်ပါတယ်... ဒိကွန်လျို။ ကျေးဇူးတင်ပါတယ် ဒိကွန်လျို!”

​စျေးသည်၏ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့ပြီး အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားခဲ့ရသည်။

​စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အမျိုးသမီးကျင့်ကြံသူသည် ကျောက်မျိုးရိုးနှင့် အမျိုးသမီးကို ကြည့်ကာ “မင်းအဖေက လက်နက်ဖော်စပ်ခြင်းခန်းမရဲ့ အကြီးတန်းဒိကွန် နေနေသာသာ... မင်းအဖေက စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေရင်တောင်မှ ငါ မင်းကို တုတ်နှောင်မှာပဲ” ဟု ဆိုလိုက်သည်။

​ကျောက်မျိုးရိုးနှင့် အမျိုးသမီးသည် ဆဲဆိုနေပုံရသော်လည်း စိတ်မကောင်းစရာမှာ သူမ၏ ပါးစပ်ကမူ လုံးဝ စကားမပြောနိုင်တော့ချေ။

​စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အမျိုးသမီးကျင့်ကြံသူသည် သူမ၏ ဝူးဝူးဝါးဝါး ညည်းတွားသံကိုပင် မကြားချင်တော့သဖြင့်... ကျင့်ကြံခြင်းစွမ်းအင်များ ပြည့်နှက်နေသော လက်ဝါးဓားဖြင့် သူမ၏ ဂုတ်ကို ရိုက်ချကာ ချက်ချင်းပင် မေ့လဲသွားစေခဲ့သည်။

​ထို့နောက် သူမက အလှဆင်ပစ္စည်းဆိုင်မှ ဆိုင်ရှင်မလေးကို ပြောလိုက်သည်။ “ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ အသေးစိတ်ကို တို့ကို ပြောပြပေးပါ။”

​ဆိုင်ရှင်မလေးသည် ချက်ချင်းပင် ငိုယိုကာ တိုင်တန်းတော့သည်။ သူမသည် သာမန်လူ အမျိုးသမီးတစ်ဦးသာ ဖြစ်ပြီး လူလောကတွင် စေ့စပ်ထားသူ ရှိကြောင်း၊ ထျန်းသီဂိုဏ်းသို့ ဗဟုသုတ ရှာဖွေရန်အတွက်သာ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။ သို့သော်လည်း ယနေ့တွင် သူမသည် ထိုကျောက်မျိုးရိုးနှင့် အမျိုးသမီး၏ လင်ယောက်ျား၏ စနောက်ကျီစယ်ခြင်းကို ခံခဲ့ရရုံတင်မက၊ ထိုလူ၏ ဇနီးဖြစ်သူကပါ သူမထံ လာရောက်ကာ ပြဿနာရှာ ဖျက်ဆီးခဲ့ခြင်း ဖြစ်သဖြင့် အလွန်မတရားကြောင်း တိုင်တန်းခဲ့သည်။

​စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အမျိုးသမီးကျင့်ကြံသူသည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဘေးတွင်ရှိသော အသိသက်သေများကို မေးမြန်းကာ အမှန်တရားကို အတည်ပြုလိုက်သည်။

​အမှန်တရားကို သိရှိပြီးနောက် သူမက ဆိုင်ရှင်မလေးကို ပြောလိုက်သည်။ “ကောင်းပြီ... အခု ဒီဒိကွန်ရဲ့ သမီးကို စည်းကမ်းထိန်းသိမ်းရေးခန်းမကို ခေါ်သွားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ပါ့မယ်။ ပြစ်ဒဏ်နဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီးတဲ့နောက် မင်းအတွက် နစ်နာကြေးတွေ ပြန်ရအောင် ကိုယ် ဝိုင်းကူညီပေးပါ့မယ်။”

​“ကျေးဇူးတင်ပါတယ်... ဒိကွန်လျို။ ကျေးဇူးတင်ပါတယ် ဒိကွန်လျို”

​ဆိုင်ရှင်မလေး၏ မျက်နှာတွင် ကျေးဇူးတင်မှုများ အပြည့်အဝ ရှိနေခဲ့သည်။

​ဒိကွန်လျိုကမူ ဘာမှဆက်မပြောတော့ဘဲ ကျောက်မျိုးရိုးနှင့် အမျိုးသမီးကျင့်ကြံသူကို ခေါ်ဆောင်ကာ စျေးအတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားပြီး စည်းကမ်းထိန်းသိမ်းရေးခန်းမရှိရာဘက်သို့ ပျံသန်းသွားခဲ့တော့သည်။

​ချန်အန်သည် ဤအခြေအနေကို မြင်တွေ့လိုက်ရသောအခါ မနေနိုင်ဘဲ သဘောကျစွာ ခေါင်းညိတ်မိလိုက်သည်။ “ဂိုဏ်းကြီးဆိုတာ တကယ့်ကို ဂိုဏ်းကြီးပါပဲ။ ဒီစည်းကမ်းထိန်းသိမ်းရေးခန်းမက ဘယ်သူ့မျက်နှာမှ မထောက်ဘဲ တရားမျှတမှုကိုပဲ ရှေ့တန်းတင်တာပဲ။”

​ဘေးတွင်ရှိသော ရှန်ချင်းယီသည်လည်း ဤအချက်ကို ထောက်ခံသည်။ သူမသည် ဒိကွန်လျို ထွက်ခွာသွားသော နောက်ကျောကို အားကျတောင့်တသော မျက်လုံးများဖြင့် ငေးကြည့်နေခဲ့သည်။ ဒိကွန်လျို၏ စောစောက အလုပ်လုပ်ပုံ၊ အာဏာရှိသူများကို မကြောက်ရွံ့ဘဲ တရားမျှတစွာ ဆုံးဖြတ်ချက်ချပုံများမှာ သူမ၏ စိတ်ကြိုက် သဘောကျစရာ အမူအရာများ ဖြစ်နေခဲ့သည်။

​ဤအဖြစ်အပျက်ငယ်လေး ပြီးဆုံးသွားပြီးနောက်... မိသားစုနှစ်စုသည် စျေးအတွင်း၌ ခဏမျှ ဆက်လက်စျေးဝယ်ကြပြီး လူဝတ်ကြောင်နယ်မြေမှ နေ့စဉ်သုံး ပစ္စည်းအမြောက်အမြားကို ဝယ်ယူခဲ့ကြသည်။ မကြာမီပင် သူတို့အားလုံးသည် ပျံသန်းသည့်သင်္ဘောကို စီးနင်းကာ နေအိမ်ရှိရာသို့ ပြန်လာခဲ့ကြတော့သည်။

​ပျံသန်းသည့်သင်္ဘောပေါ်တွင် ဒိကွန်လင်းနှင့် သူ၏ ဇနီးမယားကြီးတို့သည် ထုံးစံအတိုင်း ချန်အန်၏ မိသားစုကို မြှောက်ပင့်ပြောဆိုနေကြပြီး မိသားစုနှစ်စုအကြား ရင်းနှီးမှုရယူရန် ကြိုးပမ်းနေကြသည်။ ချန်အန်သည် ထိုမြှောက်ပင့်သံများကြောင့် အနည်းငယ် စိတ်ရှုပ်နေခဲ့သော်လည်း ဘာမှထုတ်မပြောနိုင်ဘဲ လိုက်လံပြုံးပြနေခဲ့ရသည်။ သူသည် ဂူဗိမာန်သို့ မြန်မြန်ပြန်ရောက်ချင်နေပြီး ဒိကွန်လင်းနှင့် သူ၏ ဇနီးမယားကြီးတို့ကို ထပ်မမြင်ချင်တော့ချေ။

​တစ်ဖက်တွင်မူ မိသားစုနှစ်စုမှ ကလေးသုံးယောက်သည် ဝိုင်းဖွဲ့ကာ ကျင့်ကြံခြင်းမုန့်များကို စားသောက်နေကြသည်။

​ချန်ယုကျန်းသည် ဒိကွန်လင်း၏ ဝတုတ်နေသော သားဖြစ်သူမှာ အနည်းငယ် အူတူတူဖြစ်နေပြီး သိပ်ပြီး ဉာဏ်မကောင်းလှဟု ခံစားနေရသည်။ ထို့ကြောင့် သူမသည် ပျင်းပျင်းရှိသည်နှင့် သူ့ကို စနောက်ရန် ဆုံးဖြတ်လိုက်သည်။

​“ဟေ့... လင်းဝတုတ်လေး၊ ငါ့ဆီမှာ ကျင့်ကြံခြင်းတုံး တစ်တုံးနဲ့ ကျင့်ကြံခြင်းမုန့် တစ်ခု ရှိတယ်။ အဲဒီထဲက တစ်ခုကို ပေးမယ်ဆိုရင် ဘယ်ဟာကို လိုချင်လဲ။”

​ချန်ယုကျန်းသည် လက်တစ်ဖက်တွင် ကျင့်ကြံခြင်းတုံးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင်မူ ကျင့်ကြံခြင်းမုန့်ကို ကိုင်ထားကာ စူးစမ်းလိုစိတ်ဖြင့် လှမ်းမေးလိုက်သည်။ “လင်းဝတုတ်လေး” ဟူသော အမည်မှာ တစ်ဖက်လူက အလွန်ဝတုတ်လွန်းသဖြင့် သူမ ပေးထားသော အမည်ပြောင်သာ ဖြစ်ပြီး သူ့နာမည်အရင်း မဟုတ်ချေ။

​ချန်ယီခဲ့က အရင်ဆုံး ဝင်ရောက်ဖြေကြားလိုက်သည်။ “သမီးက ကျင့်ကြံခြင်းမုန့် စားချင်တယ်”

​ချန်ယုကျန်းက စိတ်ဆိုးမာန်ဆိုးဖြင့် “ငါ နင့်ကို မေးနေတာ မဟုတ်ဘူး။ လင်းဝတုတ်လေးကို မေးနေတာ” ဟု ဆိုလိုက်သည်။

​ချန်ယီခဲ့က “အော်...” ဟု ရေရွတ်လိုက်ပြီး သူမ၏ ပါးစပ်ထဲသို့ အစားအသောက်များကို ဆက်လက်သွတ်သွင်းနေခဲ့သည်။

​ချန်ယုကျန်းက လင်းဝတုတ်လေးကို ထပ်မံကြည့်ကာ “မြန်မြန် ရွေးစမ်း။ ကျင့်ကြံခြင်းတုံး လိုချင်တာလား၊ ကျင့်ကြံခြင်းမုန့် လိုချင်တာလား” ဟု မေးလိုက်သည်။

​“ကျင့်ကြံခြင်းမုန့် လိုချင်တယ်။”

​လင်းဝတုတ်လေးက ကြောင်အမ်းအမ်းဖြင့် ပြန်ဖြေလိုက်သည်။

​ချန်ယုကျန်းသည် သဘောကျသွားပြီး သူ့ကို လှောင်ပြောင်လိုက်သည်။ “လင်းဝတုတ်လေး... နင်က တကယ့်ကို အူတူတူလေးပဲ။ ဒီကျင့်ကြံခြင်းတုံး တစ်တုံးက ကျင့်ကြံခြင်းမုန့်တွေ အများကြီး ဝယ်လို့ရတာလူအတွေပဲ ကျင့်ကြံခြင်းမုန့်ကို ရွေးကြတာ။”

​လင်းဝတုတ်လေးက မကျေမနပ်ဖြင့် ပြန်ပြောသည်။ “နင်ကမှ အူတူတူ ငါက ကျင့်ကြံခြင်းတုံးကို ရွေးရင် နင်က ငါ့ကို ပေးမှာမို့လို့လား။”

​ချန်ယုကျန်း - “ငါ ပေးရင်ရော ဘာဖြစ်လဲ။”

​“ဒါဆိုရင်တော့ ငါ ကျင့်ကြံခြင်းတုံးကိုပဲ ယူမှာပေါ့!” လင်းဝတုတ်လေးက စကားမရှိ ဖြစ်သွားရသည်။ ဤသို့ပြောပြီးနောက် သူသည် ချက်ချင်းပင် လက်လှမ်းကာ ချန်ယုကျန်း၏ လက်ထဲမှ အဆင့်နိမ့်ကျင့်ကြံခြင်းတုံးကို လှမ်းယူလိုက်ပြီး၊ ဘာမှမစဉ်းစားဘဲ ပါးစပ်ထဲသို့ သွတ်သွင်းကာ ကိုက်ခဲပစ်လိုက်တော့သည်။ သူက ကိုက်ခဲရင်းနှင့် “ကျင့်ကြံခြင်းတုံးက ကျင့်ကြံခြင်းမုန့်ထက် အများကြီး ပိုကောင်းတယ်” ဟု ဆိုလိုက်သည်။

​ချန်ယုကျန်းမှာမူ မှင်သက်သွားခဲ့ရသည်။ ဤကဲ့သို့သော အူတူတူလေး တကယ် ရှိနေတာလား...

​ချန်ယီခဲ့လည်း အံ့အားသင့်သွားခဲ့ပြီး... သူမသည် ဖခင်ဖြစ်သူက စောစောက မိမိအား တိတ်တဆိတ် ပေးခဲ့သော အဆင့်နိမ့်ကျင့်ကြံခြင်းတုံးကို ဂရုတစိုက် ထုတ်ယူကာ လောဘတကြီး စိုက်ကြည့်နေခဲ့တော့သည်။

​နာရီဝက်ခန့် ကြာပြီးနောက်... ပျံသန်းသည့်သင်္ဘောသည် ဂူဗိမာန်ရှိရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ မိသားစုနှစ်စုသည် ပျံသန်းသည့်သင်္ဘောပေါ်မှ ဆင်းသက်ပြီးနောက် မိမိတို့၏ ဂူဗိမာန်များသို့ ပြန်သွားခဲ့ကြသည်။

​ဂူဗိမာန်အတွင်းသို့ မဝင်မီ... ဒိကွန်လင်းက ချန်အန်ကို ပြောလိုက်သည်။ “ဒိကွန်ချန်... ဒီည အားလားဗျာ။ ခင်ဗျားရဲ့ ပျံသန်းတဲ့သင်္ဘောကို အခမဲ့ စီးခဲ့ရတဲ့အတွက် အပြန်အလှန်အနေနဲ့... ဒီည ကျုပ်ရဲ့ ဇနီးတွေကို ခမ်းနားတဲ့ စားသောက်ပွဲကြီးတစ်ခု ပြင်ဆင်ခိုင်းပြီး ခင်ဗျားတို့ မိသားစုကို ဧည့်ခံပါရစေ။”

​ချန်အန်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ “ဒိကွန်လင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မလိုအပ်ပါဘူးဗျာ။”

​ဤသို့ပြောပြီးနောက် သူသည် သူ၏ ဇနီးများနှင့် သမီးများကို ခေါ်ဆောင်ကာ ဂူဗိမာန်အတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။ သူသည် ဒိကွန်လင်းနှင့် စကားအရှည်ကြီး ပြောမနေချင်တော့ချေ။ သူသည် ဂူဗိမာန်အတွင်းသို့ အမြန်ဝင်ကာ “မြေကမ္ဘာပေါက်ကွဲမှုကြယ်တာရာ” ၏ စွမ်းအားကို စမ်းသပ်ချင်နေခဲ့ခြင်း ဖြစ်သည်။

​ချန်အန်သည် နံရံမှ ကျောက်ခဲအချို့ကို ရိုက်ခွဲကာ မြေပြင်ပေါ်သို့ ဖြန့်ခင်းလိုက်သည်။ ထို့နောက် ခြင်တစ်ကောင် သူ၏ ဘေးမှ ဖြတ်ပျံသွားချိန်တွင်... သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအင်၏ ၀.၀၀၀၀၀၀၀၀... ဝဝ၁% ကို အသုံးပြုကာ “မြေကမ္ဘာပေါက်ကွဲမှုကြယ်တာရာ” မှော်အတတ်ကို အသုံးပြုလိုက်တော့သည်။

​နောက်ထပ်တစ်စက္ကန့်တွင်... သာမန်မျက်စိဖြင့် မမြင်နိုင်လုနီးပါးဖြစ်သော အနက်ရောင်စွမ်းအင်လုံးလေးတစ်ခုသည် ခြင်၏ဘေးတွင် ချက်ချင်း စုစည်းသွားခဲ့သည်။ ထို့နောက် မြေပြင်ပေါ်ရှိ ကျောက်ခဲစများမှာ ဆွဲငင်ခြင်းခံရပြီး ထိုအနက်ရောင်စွမ်းအင်လုံးလေးဆီသို့ စဉ်ဆက်မပြတ် ကပ်ငြိသွားခဲ့တော့သည်။

​ခဏမျှ အချိန်အတွင်းမှာပင် ထိုအနက်ရောင်စွမ်းအင်လုံးလေးသည် သစ်သားစည်ပိုင်းတစ်ခု အရွယ်အစားရှိသော မာကျောသည့် ကျောက်တုံးလုံးကြီးတစ်ခုအဖြစ် စုစည်းသွားခဲ့ပြီး ၎င်း၏ ဘေးတွင်ရှိသော ခြင်ကို ဖိနှိပ်ပိတ်လှောင်ပစ်လိုက်တော့သည်။

​ဤ “မြေကမ္ဘာပေါက်ကွဲမှုကြယ်တာရာ” မှော်အတတ်သည် အနည်းငယ် စွမ်းအားကြီးပုံရသည်။ သူသည် ကျင့်ကြံခြင်းစွမ်းအင် အနည်းငယ်မျှကိုသာ အသုံးပြုခဲ့သော်လည်း ဤမျှလောက် ကြီးမားသော မာကျောသည့် ကျောက်တုံးလုံးကြီးကို ဖန်တီးနိုင်ခဲ့သည်။ အကယ်၍ နောင်ကျရင် သူ၏ ကျွမ်းကျင်မှုအဆင့် မြင့်တက်လာပြီး မိမိ၏ ကျင့်ကြံခြင်းစွမ်းအင်အားလုံးကို အသုံးပြုကာ ထုတ်ဖော်လိုက်မည်ဆိုပါက... သူသည် လမင်းကြီးတစ်ခုကို ချက်ချင်း ဖန်တီးနိုင်မည် မဟုတ်ပါလား။

​ဤအချက်ကို တွေးမိသောအခါ ချန်အန်သည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရသည်။ ၎င်းသည် တကယ့်ကို အတိတ်ခေတ်က တားမြစ်မှော်အတတ်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရသည်နှင့် ထိုက်တန်လှပေသည်။ တကယ်ကို စွမ်းအားကြီးလှပေသည်။

​“ယောကျာ်း...နဲ့ တိုင်ပင်စရာ ကိစ္စတစ်ခု ရှိလို့ပါ။”

​ချန်အန်သည် ပျော်ရွှင်မှုအတွင်း၌ နစ်မြောနေဆဲဖြစ်သော်လည်း သူ့နောက်မှ ရှန်ချင်းယီ၏ အသံ ထွက်ပေါ်လာခဲ့သည်။

​သူသည် လှည့်ကြည့်ကာ သူ၏ သူရဲကောင်းမလေး ဇနီးငယ်ကို ကြည့်ပြီး နုညံ့စွာ မေးလိုက်သည်။ “ဘာကိစ္စလဲ။”

​“အဲဒါက... သမီး ထျန်းသီဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမကို ဝင်ချင်လို့ပါ။”

​ရှန်ချင်းယီ၏ စကားလုံးများတွင် ယုံကြည်ချက် ကင်းမဲ့နေခဲ့သည်။ သူမသည် လင်ယောက်ျားဖြစ်သူက သဘောမတူဘဲ မိမိအား အိမ်တွင်သာ ငှက်ကလေးတစ်ကောင်ကဲ့သို့ အေးအေးဆေးဆေး နေထိုင်ခိုင်းမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမကို အံ့အားသင့်စေသည်မှာ ချန်အန်သည် သူမအား မိမိအရှေ့သို့ ဆွဲခေါ်လိုက်ပြီး နုညံ့စွာ စိုက်ကြည့်လိုက်ခြင်းပင်။

​“ချင်းယီ... မင်း ကိုယ့်ကို လက်ထပ်ပြီးကတည်းက၊ ကိုယ်က တည်ငြိမ်အေးချမ်းမှုကို အကြောင်းပြပြီး မင်းရဲ့ ဗီဇသဘာဝတွေကို ဖိနှိပ်ထားခဲ့မိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး မင်းအတွက် ပင်ပန်းခဲ့ရပါပြီ။”

“အခု တို့မိသားစုက ထျန်းသီဂိုဏ်းကို ပြောင်းရွှေ့လာခဲ့ပြီဆိုတော့... တို့ရဲ့ ဘဝတွေက အရင်တုန်းကလို အန္တရာယ်မများတော့ဘူး မင်း လုပ်ချင်တဲ့အရာမှန်သမျှကို ကိုယ်က အမြဲတမ်း ပံ့ပိုးကူညီပေးမှာပါ။”

​“ယောကျာ်းရယ်... မပင်ပန်းပါဘူး ရှင့်ကို လက်ထပ်ခွင့်ရတာကိုတင် သမီးက အလွန်ပျော်ရွှင်နေရတာပါ။”

​ရှန်ချင်းယီ၏ လေသံတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေခဲ့သည်။

​ချန်အန်သည် သူမ၏ ပါးပြင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။ “ခဏနေရင် ကိုယ် ထျန်းသီဂိုဏ်းနဲ့ အနည်းငယ် ပိုပြီး ရင်းနှီးသွားတဲ့အခါ... ကိုယ့်ရဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီး မင်း စည်းကမ်းထိန်းသိမ်းရေးခန်းမကို ဝင်ခွင့်ရဖို့အတွက် ဝိုင်းကူညီမေးမြန်းပေးပါ့မယ်။”

​“ကျေးဇူးတင်ပါတယ်... ယောကျာ်းရယ်”

​ရှန်ချင်းယီက ဝမ်းသာအားရ ဆိုလိုက်သည်။

​ချန်အန်သည် သူမ၏ ခါးတွင် ပတ်ထားသော ခါးပတ်လေးကို လှမ်းကိုင်လိုက်ပြီး ပြုံးလျက် “ပါးစပ်က ကျေးဇူးတင်ရုံတင်ဆိုရင်တော့ မရဘူးနော်။ ကိုယ်က တကယ့် လက်တွေ့ကျတဲ့ ဆုလာဘ်အချို့ကို လိုချင်တာ” ဟု ဆိုလိုက်သည်။

​ရှန်ချင်းယီသည် သူမ၏ နှုတ်ခမ်းပါးလေးကို စေ့ပိတ်လိုက်ပြီး သတ္တိမွေးကာ... မိမိခါးတွင်ရှိသော ခါးပတ်ကို ကိုယ်တိုင် ဆွဲဖြုတ်လိုက်တော့သည်။ သူမသည် ချန်အန်ကို ချစ်မြတ်နိုးစွာဖြင့် စိုက်ကြည့်ရင်း “ခင်ဗျားက ဆောင်ဟွာယင်းအပေါ် လုပ်ဆောင်ခဲ့တဲ့ အရာအားလုံးကို သမီးနဲ့လည်း လုပ်ဆောင်ချင်နေတာ မဟုတ်ဘူးလား။ အခု လုပ်ဆောင်လို့ရပါပြီ...” ဟု တိုးတိုးလေး ဆိုလိုက်သည်။

​ချန်အန်သည် ခဏမျှ မှင်သက်သွားခဲ့ရသည်။ ခဏမျှ သူသည် မိမိနားကြားမှားလေသလားဟု ထင်မှတ်ခဲ့သော်လည်း နားကြားမမှားကြောင်း အတည်ပြုပြီးသည့်နောက်... သူသည် အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားခဲ့ရတော့သည်။ ယနေ့တွင် သူသည် သူ၏ သူရဲကောင်းမလေး ဇနီးငယ်၏ အရာအားလုံးကို အပိုင်သိမ်းပိုက်နိုင်တော့မည် မဟုတ်ပါလား။

............................................................

All Chapters