အခန်း ၂၃၀
Vol. 22 Ch. 230
အခန်း ၂၃၀ - နှစ်ထပ်ကွမ်း ပျော်ရွှင်မှု
[သံလျက်အတတ်ပညာ +၅၊ လင်းလက်သောရွှေဓာတ်စွမ်းအင်အမြုတေ ပါရမီ +၅] times ၉၈
[သင်နှင့် ဇနီးသည်တို့၏ ဆက်ဆံရေးသည် အချိန်နှင့်အမျှ ပိုမိုတိုးတက်လာခဲ့ပြီ ဖြစ်သည်။ သင်သည် အရာအားလုံးကို အကြွင်းမဲ့သိရှိသွားချင်နေခဲ့သည်။ လင်မယားဆက်ဆံရေး +၁+၃+၁+၄+၅+၂+၀…]
ချန်အန်သည် မိမိအရှေ့ရှိ အသိပေးချက်ကို ကြည့်ပြီး အနည်းငယ် ဝေခွဲမရဖြစ်သွားခဲ့သည်။ လင်မယားကြား ဆက်ဆံရေးအဆင့်က အမြင့်ဆုံး ၅ စတားအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ... ဘာဖြစ်လို့ ဆက်ဆံရေးအဆင့် တိုးတက်လာသေးကြောင်း ဖော်ပြနေရသနည်း။ နောင်ကျရင် ဤအဆင့်အတန်းက အထက်အကန့်အသတ်ကို ကျော်လွန်ပြီး ၆ စတားအဆင့်အထိ ထိုးဖောက်သွားနိုင်သည့် အခွင့်အရေးများ ရှိနေသလားမသိချေ။
အင်း... ဖြစ်နိုင်ခြေတော့ ရှိတာပဲ... ချန်အန်က စိတ်ထဲကနေ တွေးလိုက်မိသည်။
ထိုစဉ်မှာပင် ဘေးတွင်ရှိသော ရှန်ချင်းယီသည် ဘေးစောင်းအိပ်နေရာမှ ပက်လက်အနေအထားသို့ ပြောင်းလဲလိုက်ရာ... သူမ၏ လှပသော မျက်ခုံးအစုံထက်တွင် နာကျင်မှုအရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့သည်။
“ချင်းယီ... နေလို့မကောင်းလို့လားဟင်။”
ချန်အန်က သူ၏ သူရဲကောင်းမလေး ဇနီးငယ်ကို ကြည့်ကာ ကြင်နာယုယစွာ မေးလိုက်သည်။
“အင်း... နည်းနည်းပေါ့။” ရှန်ချင်းယီက ဤသို့ပြောပြီးနောက် အလွန်ပင် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။ “ယောကျာ်းရယ်... ဆောင်ဟွာယင်းက အတိတ်တုန်းက သာမန်လူတစ်ဦးပဲ ရှိသေးတာ ရှင့်လို လူမျိုးနဲ့ဆိုရင် သူမက ဘယ်လိုလုပ် ခံနိုင်ရည်ရှိခဲ့တာလဲဟင်။”
သူမက ခံနိုင်ရည်ရှိခဲ့တာလား... တကယ်တော့ သူမလည်း မခံနိုင်ရှာပါဘူး... ချန်အန်က စိတ်ထဲကနေ ကျိတ်၍တွေးလိုက်ရင်း... “လင်မယားကြားမှာ မေတ္တာတရားရှိပြီး ဆက်ဆံရေးကသာ အလွန်နက်ရှိုင်းနေမယ်ဆိုရင်... မခံစားနိုင်တဲ့အရာရယ်လို့ မရှိပါဘူးကွယ်” ဟု ချော့မော့ပြောဆိုလိုက်သည်။
ရှန်ချင်းယီက ထိုစကားကို ယုံကြည်သွားသော်လည်း အပြည့်အဝတော့ မဟုတ်ချေ။ လင်မယားကြားမှာ မည်မျှပင် မေတ္တာတရားကြီးမားပါစေ၊ ဆက်ဆံရေးက မည်မျှပင် ကောင်းမွန်နေပါစေ... ၎င်းက တကယ့်ကို နာကျင်ရသည် မဟုတ်ပါလား။
တဖြည်းဖြည်းနှင့် အရုဏ်ဦးအချိန်သို့ ရောက်ရှိလာခဲ့သည်။ အချိန်တန်ပြီဖြစ်ကြောင်း မြင်သောအခါ ချန်အန်သည် အဝတ်အစားများ ဝတ်ဆင်ကာ ကုတင်ပေါ်မှဆင်း၍ အခန်းထဲမှ ထွက်ခွာခဲ့တော့သည်။ သူသည် ဇနီးများနှင့် သမီးများကို အသိပေးပြီးနောက် ဆေးဖော်စပ်ခြင်းခန်းမသို့ တာဝန်ထမ်းဆောင်ရန်အတွက် ထွက်ခွာခဲ့သည်။
ဆေးဖော်စပ်ခြင်းခန်းမ... အကြီးအကဲ၏ ရုံးခန်းအတွင်း။
ချန်အန် ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက်... အသစ်ဝင်ရောက်လာသော ဒိကွန်လေးဦးသည် အကြီးအကဲလီအား ဝိုင်းဝန်းမြှောက်ပင့်ပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရသည်။ အကြီးအကဲလီသည် ပုံမှန်အားဖြင့် တည်ကြည်အိန္ဒြေရသူ ဖြစ်သော်လည်း... သူတစ်ပါး၏ မြှောက်ပင့်ခြင်းကိုမူ မမျှော်လင့်ဘဲ အလွန်သဘောကျနှစ်ခြိုက်နေခဲ့သည်။
ချန်အန်ကမူ သူ့အား မြှောက်ပင့်ရန် စိတ်ကူးမရှိချေ။ သူသည် လူမသိသူမသိ အေးအေးဆေးဆေးသာ နေထိုင်ချင်နေခဲ့ခြင်း ဖြစ်သည်။
“လာပါ... ဒိကွန်ချန်၊ ဒီမှာ ထိုင်ပါ။”
အကြီးအကဲလီက အရှေ့ဘက်ရှိ လွတ်နေသော ခုံတစ်ခုကို လှမ်း၍ ညွှန်ပြလိုက်သည်။
ချန်အန်က အကြီးအကဲလီအား ကျေးဇူးတင်စကားဆိုကာ ထိုနေရာတွင် ဝင်ရောက်ထိုင်လိုက်တော့သည်။ လူစုံပြီဖြစ်ကြောင်း မြင်သောအခါ အကြီးအကဲလီသည် အချိန်ဆွဲမနေတော့ဘဲ... တိုက်ရိုက်ပင် ဆေးဖော်စပ်ခြင်းခန်းမ၏ ဒိကွန်များ ရရှိမည့် အခွင့်အရေးများနှင့် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားတော့သည်။
အခွင့်အရေးများမှာ - ကျမ်းစာတိုက်အတွင်းရှိ ဆေးဖော်စပ်ခြင်းဆိုင်ရာ ကျမ်းစာအားလုံးကို အခမဲ့ ဖတ်ရှုခွင့် ရရှိမည်ဖြစ်သည်။ နှစ်စဉ် ဆေးဖော်စပ်ခြင်းဆိုင်ရာ ပစ္စည်းအချို့ကို အခမဲ့ ပံ့ပိုးပေးမည်ဖြစ်ပြီး ဆေးဖော်စပ်ခြင်းခန်းမမှ ရရှိသော အမြတ်အစွန်းများကိုလည်း ခွဲဝေခံစားခွင့် ရရှိမည် ဖြစ်သည်။
တာဝန်ဝတ္တရားများမှာ - နှစ်စဉ် သတ်မှတ်ထားသော ဆေးဖော်စပ်ခြင်း တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ရမည်ဖြစ်ပြီး၊ ဆေးဖော်စပ်ခြင်းခန်းမအတွင်းရှိ တပည့်များနှင့် အလုပ်သင်များကို မိမိ၏ ဆေးဖော်စပ်ခြင်း အတွေ့အကြုံများကို သင်ကြားပြသပေးရမည် ဖြစ်သည်။
ဒိကွန်များ၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အနည်းငယ် ရှင်းလင်းပြောကြားပြီးနောက်... အကြီးအကဲလီသည် အသစ်ဝင်ရောက်လာသော ဒိကွန်ငါးဦးကို ဆေးဖော်စပ်ခန်းဆီသို့ လိုက်လံပြသရန် ခေါ်ဆောင်သွားခဲ့သည်။
ဤအချိန်တွင် နေမင်းကြီးမှာ စတင်ထွက်ပြူရုံသာ ရှိသေးသည်။ သို့သော်လည်း ဆေးဖော်စပ်ခန်းအတွင်း၌မူ လူများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ သူ မြင်တွေ့ရသမျှ လူအားလုံးမှာ ဆေးဖော်စပ်သူ များသာ ဖြစ်ကြသည်။
ထိုဆေးဖော်စပ်သူအများစုမှာ ဆေးလုံးများ ဖော်စပ်ရန်အတွက် ဝိုင်းဖွဲ့နေကြပြီး... အလယ်တွင်မူ အကြီးတန်း ဆေးဖော်စပ်သူတစ်ဦးက သူတို့အား လမ်းညွှန်ပြသပေးလျက် မလျော်ကန်သော လုပ်ဆောင်ချက်များကို ထောက်ပြပြင်ဆင်ပေးနေခဲ့သည်။ ချန်အန်ကမူ ၎င်းမှာ ဆေးဖော်စပ်ခြင်းခန်းမမှ ဒိကွန်အချို့သည် တပည့်များနှင့် အလုပ်သင်များကို ဆေးလုံးဖော်စပ်နည်း သင်ကြားပေးရန်ဟူသော တာဝန်ဝတ္တရားဟောင်းနှင့် အသစ်များကို ထမ်းဆောင်နေကြခြင်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
ထို့အပြင်... ဒိကွန်အချို့မှာလည်း စုပေါင်းကာ ဆေးဖော်စပ်ခြင်းအတတ်ပညာကို သုတေသနပြု လေ့လာနေကြသည်။ ချန်အန်သည် ထိုဒိကွန်များ မည်သည့်အရာကို သုတေသနပြုနေကြသည်ကို စူးစမ်းလိုသဖြင့် မိမိ၏ အာရုံခံစားမှုကို ဖြန့်ကျက်၍ လှမ်းမေးနားထောင်လိုက်တော့သည်။
နောက်ဆုံးတွင်... ထိုဒိကွန်များသည် အမျိုးသမီးများကို ပိုမိုလှပစေနိုင်မည့် ဆေးလုံးများကို သုတေသနပြု ဖော်စပ်နေကြခြင်းဖြစ်ကြောင်း သူ သိလိုက်ရတော့သည်။ သူတို့၏ ရည်ရွယ်ချက်မှာ ထင်ရှားလှပေသည်။ ဂိုဏ်းချုပ်နှင့် သန့်စင်သော အမျိုးသမီးငယ် (Holy Maiden) တို့၏ မျက်နှာသာပေးမှုကို ရယူရန် ကြိုးပမ်းနေကြခြင်းပင်။
တစ်နာရီခန့် ကြာပြီးနောက်...
“ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ နောက်ကျရင် ခင်ဗျားတို့ လုပ်ဆောင်ရမယ့်အရာကတော့ ဒိကွန်တစ်ယောက်ရဲ့ တာဝန်ဝတ္တရား နှစ်ခုကို ထမ်းဆောင်ဖို့ပါပဲ။”
“ပထမအချက်ကတော့... လူဟောင်းက လူသစ်ကို လမ်းညွှန်ပေးရမယ်။ ခင်ဗျားတို့ဘာသာ တပည့်တွေကို အစပျိုး လက်ခံနိုင်သလို၊ ဆေးဖော်စပ်ခြင်းခန်းမကနေ ခွဲဝေပေးမယ့် တပည့်သစ်တွေကိုလည်း လက်ခံဖို့ ရွေးချယ်နိုင်ပါတယ်။”
“ဒုတိယအချက်ကတော့... နှစ်စဉ် သတ်မှတ်ထားတဲ့ ဆေးလုံးဖော်စပ်မှု အရေအတွက်ကို ပြည့်မီအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။”
“ကျုပ် ပြောစရာရှိတာကတော့ ဒါပါပဲ နောက်ကျရင် ကျုပ် လုပ်စရာ ကိစ္စအချို့ ရှိသေးတာမို့... အရင်ဆုံး ခွင့်ပြုပါဦး.ခင်ဗျားတို့လည်း ဒီနေ့ ကျန်တဲ့အချိန်တွေကို စိတ်ကြိုက် လွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်ဗျာ။”
အကြီးအကဲလီသည် အသစ်ဝင်ရောက်လာသော ဒိကွန်ငါးဦးကို အကျဉ်းချုပ် ရှင်းလင်းပြောကြားပြီးနောက်... သူ၏ သံလျက်ကို စီးနင်းကာ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
ကျန်ရှိနေခဲ့သော ဒိကွန်အသစ်များအနက်... ဒိကွန်လင်းက ချန်အန်ကို ကြည့်ကာ “ဒိကွန်ချန်... တပည့်လက်ခံဖို့အတွက် အစီအစဉ်အချို့ ရှိလားဗျာ” ဟု လှမ်းမေးလိုက်သည်။
ချန်အန် - “လောလောဆယ်တော့ မရှိသေးပါဘူး။”
ဒိကွန်လင်းသည် ထိုစကားကို ကြားသောအခါ မျက်ဝန်းများ ဝင်းပသွားခဲ့ပြီး... “တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကျုပ်ရဲ့ မိသားစုထဲမှာ မီးဓာတ်စွမ်းအင်အမြုတေရှိတဲ့ ဇနီးသည်အချို့ ရှိတယ်ဗျ။ ဒိကွန်ချန် အဆင်ပြေမယ်ဆိုရင်... သူတို့ကို ခင်ဗျားရဲ့ အလုပ်သင်တပည့်တွေအဖြစ် အပ်နှံပါရစေ။ ဘယ်လိုလဲဗျာ” ဟု ဆိုလိုက်သည်။
ချန်အန် - “နောက်မှပဲ ကြည့်ကြတာပေါ့ဗျာ။”
ဒိကွန်ဟယ်က ဝင်ရောက်စနောက်လိုက်သည်။ “ဒိကွန်လင်း... ခင်ဗျားရဲ့ ဇနီးသည်တွေကို ခင်ဗျားဘာသာ စောင့်ရှောက်ရမှာကို၊ ဘာဖြစ်လို့ ဒိကွန်ချန်ကို လာပြီး စောင့်ရှောက်ခိုင်းနေရတာလဲဗျ။ ခင်ဗျားမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေရှိပြီး ဒိကွန်ချန်ကို အလှပြကွက်နဲ့ မြှူဆွယ်ချင်နေတာ ထင်ပါရဲ့။”
ဒိကွန်လင်းသည်လည်း စနောက်သည်ကို ခံနိုင်ရည်ရှိသူတစ်ဦးဖြစ်ရာ... သူက တဟဲဟဲ ရယ်မောရင်း “မဟုတ်ပါဘူးဗျာ။ ကျုပ်က အိမ်က ဇနီးသည်တွေကို ဆော့ကစားရတာ ငြီးငွေ့လာလို့... အပြင်က အမျိုးသမီးကျင့်ကြံသူ အသစ်အချို့နဲ့ သိကျွမ်းချင်လို့ပါ” ဟု ဆိုလိုက်သည်။
ဘေးတွင်ရှိသော ဒိကွန်ကျန်းကလည်း ပြုံးလျက် “ဒိကွန်လင်းက တကယ့်ကို ရိုးသားတာပဲ။ အမှန်အတိုင်း ပြောရရင်... ကျုပ်လည်း အဲဒီလို အတွေးမျိုး ရှိတယ်ဗျ” ဟု ဆိုလိုက်သည်။
ဒိကွန်ဟွမ်ကလည်း “အားလုံးမှာ ဒီလိုအတွေးမျိုး ရှိနေကြမှတော့... တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဇနီးသည်တွေကို အပြန်အလှန် လဲလှယ်ပြီး တပည့်အဖြစ် လက်ခံကြရင်ရောဗျာ။ ဖခင်တွေ ဖြစ်မလာသရွေ့ပေါ့” ဟု ဆိုလိုက်ပြန်သည်။
ဒိကွန်ဟယ် - “ဒီအကြံကို မထောက်ခံဖို့က တကယ်ကို ခက်ခဲလိမ့်မယ်။”
ချန်အန်သည် ထိုလူများ၏ အတွေးအခေါ်များမှာ အလွန်လော်လည်ပြီး ကောင်းကင်ယံ၏ စည်းကမ်းချက်များကို ဆန့်ကျင်နေသည်ဟု ခံစားရသဖြင့်... သူတို့နှင့် ဝေးဝေးနေရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် နှုတ်ဆက်စကားဆိုပြီးနောက်... မြေလျှိုးမှော်အတတ်ကို အသုံးပြုကာ ဆေးဖော်စပ်ခန်းအတွင်းမှ လျင်မြန်စွာ ထွက်ခွာခဲ့ပြီး၊ သူ၏ သံလျက်ကို စီးနင်းကာ ကောင်းကင်ယံထက်သို့ ပျံတက်၍ အိမ်ရှိရာဘက်သို့ ပျံသန်းခဲ့တော့သည်။
သူ ဂူဗိမာန်သို့ ပြန်ရောက်သောအခါ တံခါးအပြင်ဘက်တွင် ကလေးအမြောက်အမြား ဆော့ကစားနေကြသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့အားလုံးသည် အခြားသော ဒိကွန်အသစ်လေးဦး၏ သားသမီး မြေးမြစ်များ ဖြစ်ကြသည်။
ထိုကလေးများကို စောင့်ရှောက်ရန် တာဝန်ယူထားရသော အိမ်နီးနားချင်း မိသားစုမှ အမျိုးသမီးငယ်လေးသည် ချန်အန်၏ အကြည့်ကို မြင်သောအခါ မျက်နှာလေး နီမြန်းသွားခဲ့ရပြီး အလွန်အရှက်သည်းနေခဲ့သည်။ သို့သော်လည်း တစ်ဖက်ကလည်း... သူမသည် ချန်အန်နှင့် ရင်းနှီးကျွမ်းဝင်ရမည့် အခြေအနေများကို မနေနိုင်ဘဲ စိတ်ကူးယဉ်မိနေခဲ့ရာ၊ တွေးမိလေလေ သူမ၏ မျက်နှာလေးက ပိုမိုနီမြန်းလာလေလေ ဖြစ်သည်။
ချန်အန်သည် ထိုအိမ်နီးနားချင်း မိသားစုမှ အမျိုးသမီးငယ်လေးမှာ မိမိ၏ ဆွဲဆောင်မှုကြောင့် စိတ်ဝိညာဉ် ညှို့ယူခြင်းခံနေရသည်ကို သိသော်လည်း... သူသည် အလွန်အမင်း ဂရုမစိုက်တော့ဘဲ သူ၏ ဂူဗိမာန်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ခဲ့တော့သည်။
“အမေ... သမီးကို အပြင်မှာ သွားဆော့ခွင့်ပြုပါဦးနော်။”
............................................................