← Chapters

အခန်း ၃၇၂

Vol. 31 Ch. 372

အခန်း ၃၇၂

Vol. 31 Ch. 372

အခန်း (၃၇၂) နောက်ဆုံး ပြင်ဆင်မှုများနှင့် နီးကပ်လာသော ကမောက်ကမဖြစ်ရပ်ကြီး

"လုံးဝကို မဆိုးဘူးပဲ"

အလင်းမျက်နှာပြင်ပေါ်ရှိ အကဲဖြတ် အချက်အလက်များကို ဖတ်ရှုပြီးနောက် ရဲချီယန်က မှန်ထဲတွင် သန့်စင်သော ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားသည့် ကြယ်ပုံစံ အမှတ်အသားများကို ငေးကြည့်လိုက်ကာ လွင့်မျောကြယ် သန့်စင်သော အမှတ်အသား၏ စွမ်းအားသစ်ကို ခံစားရင်း ခေါင်းတစ်ချက် ညိတ်လိုက်လေ၏။

အခြားအရာများကို ထည့်မပြောလျှင်တောင် သူ၏ စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအား ကန့်သတ်ချက်ကို အမှတ်နှစ်ဆယ်အထိ တိုးမြှင့်ပေးလိုက်ခြင်းကပင် သူ့အတွက် အလွန်အရေးပါနေချေပြီ။

လွင့်မျောကြယ် သန့်စင်သော အမှတ်အသား ကိုယ်တိုင်၏ စွမ်းရည်များ မြင့်တက်လာခြင်းနှင့် အသစ်ပေါ်ထွက်လာသော စွမ်းရည်နှစ်ခုကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။

"ငါ့မှာ ကြောက်ရွံ့စိတ် မရှိသရွေ့ ငါခံရမယ့် အမြင့်ဆုံး ထိခိုက်မှုက သုံးပုံတစ်ပုံပဲလား... တစ်နည်းအားဖြင့် အစွမ်းထက်မြက်တဲ့ မကောင်းဆိုးဝါး ဒါမှမဟုတ် နတ်ဘုရားဆိုရင်တောင် ငါ့ကို သတ်ချင်ရင် အနည်းဆုံး သုံးကြိမ်တော့ တိုက်ခိုက်ရမယ်ပေါ့လေ"

အကယ်၍ သူသာ ထိုအဆင့်ရှိ မကောင်းဆိုးဝါးမျိုးနှင့် တကယ်တမ်း ရင်ဆိုင်ရမည်ဆိုပါက လွင့်မျောကြယ် သန့်စင်သော အမှတ်အသား၏ ရဲစွမ်းသတ္တိ၊ 【ဘဝအဆုံးသတ် သဘောတူညီချက်】 နှင့် အကန့်အသတ်ကျော်လွန်သူ၏ 【သေဆုံးခြင်းကို ငြင်းဆန်မှု】 တို့ ပေါင်းစပ်ထားသော ဤထပ်တူအကာအကွယ် သုံးခုအောက်တွင် မည်သို့ပင်ဖြစ်စေ နေရာရွှေ့ပြောင်းအမှတ်အသားကို အသုံးပြုကာ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်မည်သာ ဖြစ်ပေသည်။

သို့မဟုတ် နေရာရွှေ့ပြောင်းအမှတ်အသား၏ ပြည်နှင်ဒဏ်ပေးခြင်းကို အပြီးသတ်နိုင်ပေလိမ့်မည်။

【ကိုယ်ခံစွမ်းအား - ၂၂၀】 【စိတ်စွမ်းအား - ၂၆၀】

"သုံးစွဲလိုက်တဲ့ ကိုယ်ခံစွမ်းအားနဲ့ စိတ်စွမ်းအားတွေကိုတောင် ပြန်လည်ဖြည့်တင်းပေးတာလား... ရွှေရောင်မျိုးနွယ်စုဆီက ပစ္စည်းတွေက တကယ်ကို မဆိုးဘူးပဲ"

ရဲချီယန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လွင့်မျောကြယ် သန့်စင်သော အမှတ်အသားဖြင့် အဆင့်မြှင့်တင်ထားသည့် စွမ်းရည်များကို အသုံးပြုရန် ကြိုးစားလိုက်လေ၏။

မူလက ခြောက်ခုသာရှိသော လွင့်မျောကြယ်များမှာ ယခုအခါ ခြောက်ဆအထိ တိုးလာခဲ့ပြီး ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားရော ကာကွယ်ရေးစွမ်းအားပါ သိသိသာသာ မြင့်တက်လာခဲ့ပေသည်။

ထို့ပြင် ကန့်သတ်ချက် အခြေအနေ၌ဆိုလျှင် လွင့်မျောကြယ် သန့်စင်သော အမှတ်အသားသည် ရဲချီယန်ကို ဗဟိုပြု၍ အချင်း ခုနစ်ဆယ့်ခုနစ်မီတာ ကျယ်ဝန်းသော စက်ဝိုင်းပုံစံ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနိုင်ပြီး ၎င်း၏ ကာကွယ်ရေးမှာလည်း အနည်းငယ်မျှပင် အားနည်းသွားမည် မဟုတ်ချေ။

သူက အင်္ကျီကို ပြန်ဝတ်လိုက်သည်။ သို့တိုင်အောင် ရဲချီယန်က ထိုမျှနှင့် ရပ်တန့်မသွားခဲ့ပေ။ သူ့တွင် ထုတ်ယူအသုံးပြုနိုင်သော နောက်ထပ် အကာအကွယ်တစ်ခု ကျန်ရှိနေသေး၏။

【အတုအယောင် · သေဆုံးခြင်းကို ငြင်းဆန်မှု】

၎င်းကို ဖန်တီးမည်ဟု သူ တွေးထားခဲ့သည်မှာ အတန်ကြာပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ပေ။

"ဒါကို ဘယ်လို လုပ်ရမလဲ"

ရဲချီယန်က လုပ်ငန်းစဉ်ခုံရှေ့တွင် ဝင်ထိုင်လိုက်ကာ နက်နက်နဲနဲ စဉ်းစားခန်း ဝင်နေလေတော့သည်။

သူက စစ်တလင်းတွင် လောင်းကြေးထပ်၍ ရရှိလာသော ရထားဒင်္ဂါး ခုနစ်ရာကျော်ပါသည့် အိတ်ကို ထုတ်ယူလိုက်ကာ ၎င်းတို့ထဲမှ တစ်ပြားကို ယူ၍ လက်ထဲတွင် ကစားနေလိုက်၏။

ထိုစဉ် ရုတ်တရက်ပင် သူ သဘောပေါက်သွားလေသည်။

"ဪ... ဒီလိုကိုး"

ရထားဒင်္ဂါး ခုနစ်ရာကျော်ကို လုပ်ငန်းစဉ်ခုံပေါ်သို့ လောင်းချလိုက်ပြီးနောက် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ထားလိုက်လေ၏။

အမှောင်ထုထဲတွင် သေးငယ်သော မီးတောက်လေးတစ်ခုက စဉ်ဆက်မပြတ် တောက်လောင်နေသည့်အလားပင်။

"ဟူး..."

အမည်မသိ တီးတိုးရေရွတ်သံတစ်ခု... တိတ်ဆိတ်သော ခေါ်သံတစ်ခု...

မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင် ရထားဒင်္ဂါး ခုနစ်ရာမှာ ပျောက်ကွယ်သွားချေပြီ။ ကျန်ရစ်နေသော ဒင်္ဂါးများမှာ အစုလိုက်အပုံလိုက် ဖြစ်နေလေသည်။

၎င်းတို့အထက်တွင်မူ မှောင်မိုက်သော ရွှေရောင် ဖောက်ထွင်းမြင်ရသည့် ကျောက်စိမ်းလုံးလေး တစ်လုံးက လွင့်မျောနေကာ ဖြည်းညင်းစွာ လည်ပတ်နေလေ၏။

【အတုအယောင် · သေဆုံးခြင်းကို ငြင်းဆန်မှု (အခြေခံ)】

【အထောက်အပံ့ပေးရန် ကာကွယ်ရေးပစ္စည်းတစ်ခု လိုအပ်သည်】

【အထောက်အပံ့ရရှိပြီးနောက် အကျိုးသက်ရောက်မှု ရှိမည်】

ရဲချီယန်က ထိုအလင်းလုံးလေးကို သူ၏ လက်ကောက်ဝတ်ရှိ 【ဘဝအဆုံးသတ် သဘောတူညီချက်】 ထံသို့ ရွှေ့လိုက်သော်လည်း လမ်းတစ်ဝက်တွင်ပင် လေထဲ၌ ရပ်တန့်လိုက်လေသည်။

ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်... သူက မှောင်ခိုဈေးကွက်ကို ဖွင့်လိုက်ကာ ကာကွယ်ရေးဒိုင်းလွှားတစ်ခုကို ထုတ်လွှတ်ပေးနိုင်သော အဆင့် ၄ ဆွဲကြိုးတစ်ကုံးကို ရထားဒင်္ဂါး ၃၀ ပေး၍ ဝယ်ယူလိုက်၏။

ထို့နောက် အလင်းလုံးလေးကို ထိုဆွဲကြိုးပေါ်သို့ တင်လိုက်လေတော့သည်။

【အတုအယောင် · သေဆုံးခြင်းကို ငြင်းဆန်မှု】

【သေဆုံးခြင်းကို ငြင်းဆန်သည့် အခြေအနေဖြစ်ကာ ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားကို ၇၀ မှတ်အထိ ပြန်လည်ဖြည့်တင်းပေးမည်】

အစစ်အမှန် သေဆုံးခြင်းကို ငြင်းဆန်မှုနှင့် နှိုင်းယှဉ်ပါက ကွာခြားချက်မှာ အတော်လေး ကြီးမားလှ၏။ စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအားကို မှတ် ခုနစ်ဆယ်အထိသာ ပြန်လည်ဖြည့်တင်းပေးနိုင်လေသည်။

သို့သော် သေဆုံးခြင်းကို ငြင်းဆန်မှုဟူသော စွမ်းရည်တစ်ခုတည်းကို အားကိုးရုံဖြင့်ပင် ရထားဒင်္ဂါး ခုနစ်ရာမှာ သုံးရကျိုးနပ်လှပေသည်။

"ရထားဒင်္ဂါး ခုနစ်ရာက ၇၀ မှတ် ပြန်ပြည့်ဖို့ပဲလား... ဒီလောက်ပဲ ဖြစ်သင့်ပေမယ့် ဒါကလည်း အနည်းဆုံး သုံးစွဲမှုပဲလေ"

ဤအလင်းလုံးကို ဖန်တီးရန်အတွက် ရထားဒင်္ဂါးများကို ပို၍ အသုံးပြုနိုင်သော်ငြား ၎င်းက သိပ်ပြီး အဓိပ္ပာယ်ရှိလှမည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ရဲချီယန်က ဤအလင်းလုံးကို သူကိုယ်တိုင် အသုံးပြုရန် ရည်ရွယ်မထားသောကြောင့်ပင်။ ယင်းအစား ၎င်းကို ဤနေရာရှိ ကျောက်လင်အား ငှားရမ်းပေးလိုက်မည်သာ ဖြစ်သည်။

"ပင်ပန်းလိုက်တာ"

ကျောက်လင်က ဖြည်းညင်းစွာ နိုးထလာလေ၏။ သူမက သမ်းဝေလိုက်ကာ အကြောဆန့်လိုက်ရင်း မေးလိုက်သည်။

"ဟား... ဘယ်အချိန်ရှိပြီလဲ"

"ည ကိုးနာရီ"

"ဟင်"

ရုတ်တရက် ထွက်ပေါ်လာသော အဖြေစကားကြောင့် ကျောက်လင်မှာ တောင့်တင်းသွားလေတော့သည်။ သူမက ခေါင်းကို တုန်ရီစွာ လှည့်လိုက်ကာ အသံလာရာဆီသို့ လှမ်းကြည့်လိုက်၏။

ရဲချီယန်က သက်တောင့်သက်သာ ဟန်ပန်ဖြင့် သစ်သီးစားနေပြီး သူ၏ဘေးရှိ လှပသော အစေခံကောင်မလေးက သူ့အတွက် စပျစ်သီးများကို အခွံနွှာပေးနေသည်ကို သူမ မြင်တွေ့လိုက်ရလေသည်။

"ချီ... ချီ... ချီ... ချီယန်... အစ်ကိုချီယန်... ငါက ဘာလို့ ဒီကိုရောက်နေတာလဲ... အာ... မဟုတ်ဘူး... အစ်ကိုက ဘာလို့ ဒီကိုရောက်နေတာလဲ"

သူမ သတိမလစ်မီက မှတ်ဉာဏ်များမှာ ဒီရေလှိုင်းများအလား ပြန်လည်စီးဝင်လာခဲ့ချေပြီ။ သူမ ဘာလုပ်ခဲ့သည်ကို ပြန်လည်အမှတ်ရသွားလေ၏။

【"အစ်ကိုချီယန်က ငါ့ဘေးမှာ အချိန်တစ်လျှောက်လုံး စောင့်ကြည့်ပေးနေခဲ့တာများလား"】

"အာ"

ရဲချီယန်က မတ်တတ်ရပ်ကာ သူမထံသို့ လျှောက်လာသောကြောင့် သူမ၏ မျက်နှာလေးမှာ နီရဲသွားလေတော့သည်။

"ဟင်"

ရဲချီယန်က အနည်းငယ် တွေဝေသွားသော်လည်း ကျောက်လင် တစ်ယောက် အပြည့်အဝ နိုးထလာခြင်း မရှိသေးဟုသာ ယူဆလိုက်သည်။

သူက လက်လှမ်းလိုက်ကာ 【အတုအယောင် · သေဆုံးခြင်းကို ငြင်းဆန်မှု】 ပါဝင်သော ဆွဲကြိုးကို ကျောက်လင်၏ ရှေ့သို့ ပစ်ပေးလိုက်လေ၏။

"ဒါ... ဒါက ငါ့အတွက်လား... ငါ... ငါ လက်မခံနိုင်..."

"မင်း တွေးလွန်နေပြီ"

ရဲချီယန်က အခြားလက်တစ်ဖက်ရှိ ငွေအိတ်ကို လက်ညှိုးထိုးပြလိုက်ရင်း နှုတ်ခမ်းထောင့်များ မြင့်တက်သွားလေသည်။

"ဒီထဲမှာ မင်း ဟိုကတ်ပြား အစီအစဉ်နဲ့ လဲလှယ်ချင်ခဲ့တဲ့ ရထားဒင်္ဂါးတွေ ရှိတယ်... အဲ့ဒီဆွဲကြိုးက ဒီငွေတွေနဲ့ လဲလှယ်ထားတာပဲ... ငါတို့ ဒီကောင်းကင်ယံဥယျာဉ်ကနေ ထွက်ခွာသွားပြီးတဲ့နောက် ဆွဲကြိုးက အသုံးမဝင်တော့ဘူးဆိုရင် ငါ့ကို ပြန်ပေး... ပြီးရင် ဒီငွေရဲ့ တစ်ဝက်ကို မင်းဆီ ပြန်ပေးမယ်"

"အာ... ဒါပေမယ့်... ငါက လိုချင်သေး..."

"ဒါပေမယ့်တွေ မလိုဘူး"

ရဲချီယန်က လက်ဖျောက်တစ်ချက် တီးလိုက်လေ၏။

သူပိုင်ဆိုင်နေဆဲဖြစ်သော လောင်းကစား ကတ်ပြား · နှလုံးသား သော့ခတ်ပန်းမှာ ကျောက်လင်၏ ဘေးမှနေ၍ သူ၏ လက်ထဲသို့ ပျံသန်းလာကာ ထို့နောက် သူမ၏ ရှေ့သို့ တည့်မတ်စွာ ပစ်ချပေးလိုက်လေတော့သည်။

"ဒီကတ်က မင်း ငါ့ကို ကူညီပေးခဲ့တဲ့အတွက် ဆုလာဘ်ပဲ"

ကျောက်လင်က သူမရှေ့ရှိ ဆွဲကြိုးနှင့် လောင်းကစား ကတ်ပြားကို ငေးကြောင်စွာ စိုက်ကြည့်နေမိသည်။ သူမက မျက်လုံးများကို ပင့်ကြည့်လိုက်သော်လည်း ရဲချီယန်၏ ကျောပြင်ကိုသာ မြင်တွေ့လိုက်ရလေ၏။

သူမ၏ မျက်လုံးများမှာ နီရဲလာကာ ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုချီယန်... ငွေတွေကို ကျွန်မဆီ ပြန်ပေးစရာ မလိုပါဘူး... ဒီဆွဲကြိုးက ဘာကြီးလဲဆိုတာ ကျွန်မမသိပေမယ့်... ဒါက ကျွန်မကို ကာကွယ်ပေးဖို့အတွက် ဟုတ်တယ်မလား"

ရဲချီယန်က တိကျသော အဖြေတစ်ခုကို မပေးခဲ့ပေ။ သူမက ငွေများကို မလိုချင်တော့ဘူးဆိုလျှင်လည်း အဆင်ပြေလှပါသည်။

သူက ကျောက်လင်၏ ငွေအိတ်ကို အကြိမ်အနည်းငယ်မျှ ချိန်ဆကြည့်လိုက်၏။ အတွင်းရှိ ရထားဒင်္ဂါး ခုနစ်ရာ့ခြောက်ဆယ့်ခြောက်ပြားမှာ အတုအယောင် · သေဆုံးခြင်းကို ငြင်းဆန်မှု တစ်ခုကို အလကားရလိုက်သည်နှင့် တူညီနေပေသည်။

အကယ်၍ ကျောက်လင်သာ အဆုံးသတ်တွင် အသက်ရှင်နေသေးပါက ထိုရထားဒင်္ဂါး ခုနစ်ရာကျော်ကို အလကားရလိုက်သည်နှင့် ညီမျှပေလိမ့်မည်။

သို့သော်... ရဲချီယန်က လက်ရှိတွင် ကျောက်လင်အပေါ် ရစ်ပတ်နှောင်ဖွဲ့နေသော အမည်းရောင် နိမိတ်မကောင်းမှုကြီးကို တိတ်ဆိတ်စွာ အကဲခတ်ကြည့်လိုက်လေ၏။

ဒီလောက်အဆင့်ဆိုရင်... အတုအယောင် · သေဆုံးခြင်းကို ငြင်းဆန်မှု ရှိနေရင်တောင်... သူမ တကယ်ပဲ ခံတောင့်ခံနိုင်ပါ့မလား...

လူလုပ်နိုင်တာ အကုန်လုပ်ပြီး ကျန်တာကိုတော့ ကံကြမ္မာရဲ့ လက်ထဲ အပ်ထားလိုက်ရုံပင်။ ကျောက်လင်၏ ကံကောင်းခြင်းများကို သူက အသုံးပြုပစ်လိုက်ပြီဖြစ်ရာ ဤကံဆိုးခြင်းများကလည်း သူ့အတွက် ဝေစုတစ်ခု ပါဝင်နေမည်သာ ဖြစ်ပေသည်။

ထိုသို့ဖြစ်နေမှတော့ ရဲချီယန်ကလည်း ထွက်ပြေးမည် မဟုတ်ချေ။

"ဒီကောင်းကင်ယံဥယျာဉ်မှာ တကယ်တမ်း ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

အချိန် - 【၂၁:၃၆:၂၃】

ကောင်းကင်ယံဥယျာဉ်၊ သတ္တမမြောက် ရပ်ကွက်၏ အနက်ရှိုင်းဆုံးအလွှာ။

အရပ်ပုပုနှင့် လူနှင့် ယင်း၏ဘေးရှိ အရပ်ရှည်ရှည် လူပုံစံ သတ္တဝါများက သူတို့၏ မျက်နှာများကို ဖုံးကွယ်ထားသော ခေါင်းစွပ်များကို ချွတ်ချလိုက်ကြလေ၏။

ရုပ်ဆိုးအကျည်းတန်လှသော မကောင်းဆိုးဝါး မျက်နှာများ ပေါ်လွင်လာခဲ့သည်။

သူတို့၏ ရှေ့တွင် မရေမတွက်နိုင်သော စက်သွားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ဧရာမ လျှို့ဝှက်ဆန်းကြယ် ဖန်တီးမှုကြီးတစ်ခု ရှိနေပေသည်။

ထိုဖန်တီးမှုကြီးကို မောင်းနှင်ပေးနေသည့် အရာမှာ ခုန်လှုပ်နေသော နတ်ဘုရား အမြုတေတစ်ခုပင်တည်း။

၎င်း၏ မျက်နှာပေါ်တွင် လောဘရမ္မက်များ ပေါ်လွင်လာခဲ့၏။

"အဆင့် B နတ်ဘုရားတစ်ပါးရဲ့ အမြုတေပဲ..."

သို့သော် ၎င်း၏ လောဘရမ္မက်မှာ ကြာရှည်မခံခဲ့ပေ။

၎င်း၏ ရှေ့တွင် ရွံရှာမုန်းတီးဟန် အပြည့်ပါသော အသံတစ်သံက လွင့်ပျံလာခဲ့လေသည်။

"ဂေါ်ဘလင် နတ်ဘုရား... မင်းက အဆင့် C နတ်ဘုရားတွေကြားမှာတောင် အနိမ့်ဆုံး အဆင့်လို့ သတ်မှတ်ခံထားရတာပဲ... မင်းက ဂေါ်ဘလင်တစ်ကောင်နဲ့ တော်တော်လေး တူနေတာ သိသာပေမယ့် တစ်ယောက်က အဆင့် A ဖြစ်ပြီး နောက်တစ်ယောက်ကကျတော့ အဆင့် C တဲ့လား... ဟားဟားဟားဟား"

All Chapters