← Chapters

အခန်း ၃၇၃

Vol. 31 Ch. 373

အခန်း ၃၇၃

Vol. 31 Ch. 373

အခန်း (၃၇၃) လူသားများနှင့် ကုန်သွယ်မှုပြုနေသော ဂေါ်ဘလင် နတ်ဘုရား

ဘယ်ဘက်မျက်လုံးတွင် ပင်လယ်ဓားပြ မျက်လုံးဖုံးကို တပ်ဆင်ထားသော အမျိုးသားတစ်ယောက်က ဘေ့စ်ဘောရိုက်တုတ်ကို ပခုံးထက်တွင် တင်ထားလေ၏။ သူက သမ်းဝေရင်း စက်သွားကိရိယာဘေးရှိ ဟင်းလင်းပြင်တံခါးမှ လျှောက်ထွက်လာခဲ့သည်။

"ဂိုဏ်းချုပ်က ဘာလို့ မင်းတို့လို အကောင်တွေနဲ့များ ကုန်သွယ်ချင်နေရတာလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး"

ဂေါ်ဘလင် နတ်ဘုရား၏ မျက်လုံးများထဲတွင် ဒေါသမီးတောက်များ ပြည့်နှက်သွားလေတော့သည်။

"လူသား... ငါက နတ်ဘုရားတစ်ပါးကွ... မင်းက သေချင်နေတာပဲ"

၎င်း၏ဘေးရှိ လူပုံစံ သတ္တဝါများကလည်း ခေါင်းစွပ်များကို ချွတ်ချလိုက်ကြရာ စက်ယန္တရား သံချပ်ကာများအတွင်းမှ ဂေါ်ဘလင် မျက်နှာများ ပေါ်လွင်လာခဲ့ပေသည်။

အမျိုးသားက ထိုခြိမ်းခြောက်မှုကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ပြုံးဖြဲဖြဲလုပ်လိုက်၏။

"မင်းက ဒီနေရာမှာ ငါ့ကို လက်ဖျားနဲ့တောင် ထိရဲလို့လား"

"မကြာသေးခင်တုန်းက ဥယျာဉ်ကြယ်မှာ အဆင့် B ကို တက်လှမ်းဖို့ နီးစပ်နေတဲ့ နတ်ဘုရားတစ်ပါးဟာ ထိပ်တန်းအဆင့် ရထားမောင်းနှင်သူတစ်ယောက်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတယ်... အဘိုးကြီးပုလေး... အခု ကောင်းကင်ယံဥယျာဉ်မှာ ထိပ်တန်းအဆင့် ရထားမောင်းနှင်သူ ဘယ်နှယောက်လောက် ရှိနေမယ်လို့ မင်း ထင်နေလဲ"

"အလွန်အမင်း အားနည်းလှတဲ့ နတ်ဘုရားတစ်ပါး ဒီကိုရောက်နေမှန်းသာ သူတို့ သိသွားခဲ့ရင် မင်းရဲ့ ခန္ဓာကိုယ်ထဲက အမြုတေကို လိုချင်လို့ မင်းကို သတ်ပစ်ကြမယ် မထင်ဘူးလား"

ဂေါ်ဘလင် နတ်ဘုရား၏ မျက်နှာအမူအရာမှာ အလွန်တရာ ရုပ်ဆိုးအကျည်းတန်သွားချေပြီ။ ယင်းက သစ်သားတုတ်တစ်ချောင်းကို လက်သည်းများဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ပြီး ခေတ္တမျှ ကြာသောအခါ အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

"ပစ္စည်းက ဘယ်မှာလဲ"

ဘေ့စ်ဘောရိုက်တုတ်နှင့် အမျိုးသားက ပီကေတစ်တောင့်ကို ပါးစပ်ထဲပစ်သွင်းကာ ဝါးနေလိုက်၏။ သူက သားရေလက်ဆွဲသေတ္တာတစ်လုံးကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ရာ အတွင်း၌ လှဲလျောင်းနေသော အနက်ရောင် စက်သွားတစ်ခု ပေါ်လာလေသည်။

"ချောက်နက် စက်ယန္တရား နတ်ဘုရားရဲ့ စက်သွား... အဆင့် ၁၀ စက်ယန္တရား ကုန်ကြမ်း... ရထားဒင်္ဂါး နှစ်ထောင်ပေး"

"တစ်ထောင့်ငါးရာလို့ သဘောတူထားတာ မဟုတ်ဘူးလား... မင်းက ငါ့ကို ဓားပြတိုက်နေတာပဲ"

"ငါက ဓားပြတိုက်နေတော့ရော ဘာဖြစ်လဲ... မင်းမှာ စွမ်းဆောင်နိုင်ရည်ရှိရင် မဝယ်နဲ့လေ... နတ်ဘုရားတစ်ပါးဖြစ်နေပြီး ငါတို့ဆီကနေ အမြဲတမ်း ပစ္စည်းလာဝယ်နေရတာကို ဝန်ခံရမှာ မရှက်ဘူးလား... ပြီးတော့ မင်းမှာ သေသေချာချာ သုံးစားလို့ရတဲ့ တမန်တော်တစ်ယောက်တောင် မရှိဘူး... အကြိမ်တိုင်း ကိုယ်တိုင်ကိုယ်ကျ လာနေရတယ်... ငါသာဆိုရင် မင်းရဲ့ဆွေမျိုး ဂေါ်ဘလင် နတ်ဘုရားကြီးဆီကို သွားရှာလိုက်ပြီ... သူတို့က အဆင့် A နတ်ဘုရားတွေပဲလေ... သူတို့ ပစ်ကျွေးလိုက်တဲ့ အရာလေးတွေနဲ့တင် မင်း ဝမ်းဝနေဖို့ လုံလောက်နေပြီ... ဟားဟားဟားဟား"

"လူသား"

ဂေါ်ဘလင် နတ်ဘုရားမှာ အနာကို အဆွခံလိုက်ရသည့်အလား ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဘေးနားရှိ စက်ယန္တရားများကို ထိန်းချုပ်ထားသော ဂေါ်ဘလင် တမန်တော်များကလည်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြလေ၏။

"ယိုး ယိုး ယိုး... စိတ်တိုသွားတာလား"

ဘေ့စ်ဘောရိုက်တုတ်နှင့် အမျိုးသားက ရိုက်တုတ်ကို ဝှေ့ယမ်းကာ လေထဲတွင် အချက်အနည်းငယ်မျှ ခေါက်လိုက်လေသည်။ ထိုအခါ သူ၏ဘေးရှိ စက်သွားများဖြင့် ဖွဲ့စည်းထားသော စက်ယန္တရားများက ချက်ချင်းပင် စတင်လည်ပတ်လာခဲ့၏။ ၎င်းတို့အောက်ရှိ နတ်ဘုရား အမြုတေထံမှ စွမ်းအားများ စဉ်ဆက်မပြတ် စုပ်ယူခံလိုက်ရကာ လေလယ်တွင် အမည်းရောင် စွမ်းအင်ဘောလုံးကြီးတစ်ခုအဖြစ် စုစည်းသွားလေတော့သည်။

"ငါက မင်းကို မနိုင်ဘူးဆိုရင်တောင် မင်းဒီမှာရှိနေတယ်ဆိုတာကို ဖော်ထုတ်ပစ်လိုက်ရုံနဲ့တင်... ဟွန့်"

"မင်းတို့ဂိုဏ်းက ငါတို့လို နတ်ဘုရားတွေနဲ့ ကုန်သွယ်မှု လုပ်နေတယ်ဆိုတာကိုသာ အဲ့ဒီလူတွေ သိသွားရင် မင်းတို့လည်း အေးဆေးနေရမှာ မဟုတ်ဘူး"

"အို... ကိစ္စမရှိပါဘူး... ငါတို့က တခြားမြို့တော်ကို ပြောင်းသွားလိုက်ရုံပဲလေ"

နှစ်ဖက်စလုံးမှာ အပြန်အလှန် ရန်စွယ်ငြိုးကာ တကယ်တမ်း တိုက်ပွဲစတင်တော့မည့် အသွင်ရှိနေချေပြီ။ ထိုအချိန်တွင် တံခါးပေါက်အတွင်းမှ နောက်ထပ် ပုံရိပ်တစ်ခု လျှောက်ထွက်လာခဲ့၏။

"ရှင်တို့ ဘာလုပ်နေကြတာလဲ"

ဤအသံလေး ထွက်ပေါ်လာမှုနှင့်အတူ တင်းမာနေသော လေထုမှာ သိသိသာသာ လျော့ကျသွားလေတော့သည်။ အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ လိုလီလေးပုံစံ ကောင်မလေးတစ်ယောက်က နှစ်ဖက်စလုံးကို စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။

"နန်ချင်ယီ... ဂိုဏ်းချုပ်က ရှင့်ကို ဒီကို ကုန်သွယ်မှုလုပ်ဖို့ လွှတ်လိုက်တာလေ... ပြဿနာရှာဖို့ မဟုတ်ဘူး"

ဘေ့စ်ဘောရိုက်တုတ်နှင့် အမျိုးသား သို့မဟုတ် နန်ချင်ယီက နှုတ်ခမ်းကို တွန့်လိမ်လိုက်ကာ တေးသီချင်းတစ်ပုဒ်ကို လေချွန်ရင်း တံခါးပေါက်ဆီသို့ ပြန်လှည့်သွားလေသည်။

"ကျစ်... ကိုယ့်ဘူတာရုံကမ္ဘာမှာကိုယ် ကောင်းကောင်းမနေဘဲ ငါတို့ဆီကို အတင်း ပြေးလာချင်နေတဲ့ ဘူတာရုံသခင်... တော်တော်လေး ပျင်းစရာကောင်းတာပဲ... မင်း ဒီရောက်နေမှတော့ ဒီကိစ္စကို မင်းဆီမှာပဲ အပ်ခဲ့တော့မယ်... ငါက ဒီမကောင်းဆိုးဝါးတွေနဲ့ စကားပြောရတာကို တော်တော်လေး ပျင်းလွန်းလို့"

လိုလီလေးပုံစံ ကောင်မလေးသာ ကျန်ရစ်ခဲ့တော့၏။ သူမက ရှေ့ရှိ ဂေါ်ဘလင် နတ်ဘုရားကို အလွန်အမင်း တည်ငြိမ်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်လေသည်။

"ရထားဒင်္ဂါး နှစ်ထောင်... ဝယ်ချင်စိတ် မရှိဘူးဆိုရင်လည်း ထားလိုက်တော့"

"..."

ဂေါ်ဘလင် နတ်ဘုရားမှာ ယင်ကောင်ကို မျိုချလိုက်ရသည့်အလား မျက်နှာပျက်သွားကာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။

ဘေးနားရှိ တမန်တော်များက ရထားဒင်္ဂါး နှစ်ထောင်ပါဝင်သော သေတ္တာတစ်လုံးကို ထုတ်ယူကာ သူမ၏ ရှေ့တွင် ချထားပေးလိုက်ကြ၏။ ငွေနှင့် ပစ္စည်း လဲလှယ်မှု ပြီးမြောက်သွားချေပြီ။

စက်သွားကို ရရှိသွားပြီးနောက် ဂေါ်ဘလင် နတ်ဘုရား၏ မျက်လုံးများထဲတွင် ရက်စက်ယုတ်မာမှုတစ်ခု ဖြတ်ပြေးသွားလေသည်။

"ကျစ်... တခြားနတ်ဘုရားတွေကလည်း ငါ့ကို အထင်သေးကြတယ်... ဒီလူသားတွေကလည်း ငါ့ကို အထင်သေးရဲတယ်ပေါ့လေ... မင်းတို့ စောင့်ကြည့်နေလိုက်... ငါ့ရဲ့ ချောက်နက် စက်ယန္တရား ဖန်တီးမှုကြီး ပြီးဆုံးသွားတဲ့အချိန်... ငါ အဆင့် B နတ်ဘုရားတစ်ပါး ဖြစ်လာတဲ့အချိန်ကျရင် လူသားအားလုံးကို သေချာပေါက် သတ်ပစ်မယ်"

ကျယ်ပြောလှသော ဟင်းလင်းပြင်ထဲတွင် ကောင်မလေး တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့၏။ အတိအကျဆိုရလျှင် ဖုန်းလီဒါ ပင်ဖြစ်သည်။ သို့တည်းမဟုတ် သူမကို ခေါ်ဆိုရန် ပို၍ကောင်းမွန်သော အမည်တစ်ခုဖြစ်သည့် ဖုန်းဖုန်း ပင်တည်း။

သူမက ရထားဒင်္ဂါးများ ပါဝင်သော သေတ္တာကို ကောက်ယူလိုက်ပြီး ဘေးနားတွင် ပျင်းရိပျင်းတွဲ ဝင်ထိုင်လိုက်လေသည်။

"ဟူး... ဂိုဏ်းချုပ်က ဘာလို့ ဒီကောင်တွေနဲ့ ကုန်သွယ်မှု လုပ်ချင်နေရတာလဲ... ဒါပေမယ့် သူတို့ဆီကနေ ရတဲ့ ရထားဒင်္ဂါး ပမာဏကတော့ တကယ်ပဲ ပိုများတာ အမှန်ပဲ"

စောစောက စက်သွားသာ ရထားမောင်းနှင်သူ တစ်ယောက်၏ အဆင့်မြှင့်တင်ရေး ရွေးချယ်စရာများထဲတွင် ပေါ်လာမည်ဆိုပါက ရထားဒင်္ဂါး တစ်ရာနှင့် ငါးရာ ကြားသာ တန်ဖိုးရှိပေလိမ့်မည်။ ၎င်းမှာ အဆင့်မမြှင့်တင်မီ ထိုရွေးချယ်စရာကို ဖွင့်လှစ်ခဲ့သော ရထားမောင်းနှင်သူ၏ အတွေ့အကြုံနှင့် တိုးတက်မှု အကျိုးအမြတ်များအပေါ် မူတည်၍ သတ်မှတ်ထားခြင်း ဖြစ်ပေသည်။

မှောင်ခိုဈေးကွက်တွင် ရောင်းချမည်ဆိုပါက အများဆုံး ရထားဒင်္ဂါး ခုနစ်ရာ သို့မဟုတ် ရှစ်ရာခန့်သာ ရရှိနိုင်မည်သာ။ သို့သော် မကောင်းဆိုးဝါးများထံ ပြန်လည်ရောင်းချပါက ဒင်္ဂါး နှစ်ထောင်အထိ ရရှိပေသည်။ ထိုပမာဏကိုပင် ဖုန်းဖုန်းက နည်းလွန်းသေးသည်ဟု ခံစားနေရ၏။

"အင်း... မနက်ဖြန် မနက်ကျရင် ဘာစားရမလဲ... ထားလိုက်ပါတော့... ဂိုဏ်းချုပ်ဆီ သွားမေးလိုက်တာ ပိုကောင်းမယ်... ဘာပဲဖြစ်ဖြစ် အခု ငါက သူ့နေရာမှာ နေနေရတာဆိုတော့ သူမက ငါ့ကို ကျွေးကိုကျွေးရမှာပဲ"

သူမက စနစ် အလင်းမျက်နှာပြင်ကို ပေါ့ပေါ့ပါးပါး ဆွဲဖွင့်လိုက်ကာ သူမ၏ သူငယ်ချင်းစာရင်းကို ဝင်ကြည့်လိုက်လေ၏။ ထိုစဉ် ရုတ်တရက် အမည်တစ်ခုကို မြင်လိုက်ရသည်။

"ဟင်... ရဲချီယန်"

ဖုန်းဖုန်းမှာ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်မိပြီး သူမ၏ မျက်လုံးများထဲတွင် တောက်ပသော ပျော်ရွှင်မှုများ ပြည့်နှက်သွားလေတော့သည်။

"ဝါး... သူက တကယ်ကြီး ကောင်းကင်ယံဥယျာဉ်ကို ရောက်လာတာလား... သူက ဥယျာဉ်ပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့ ရောက်လာတာများလား"

"ဒါပေမယ့် ဘာလို့ သူရောက်နေတာတောင် ငါ့ကို မဆက်သွယ်ရတာလဲ"

"အို... ဟုတ်သားပဲ... ငါ မေ့လုနီးပါး ဖြစ်သွားတယ်... အရင်တုန်းက ရထားကို အဆင့်မြှင့်တင်လိုက်တုန်းက သူငယ်ချင်းစာရင်းမှာ ကိုယ်ပျောက်နေနိုင်တဲ့ ခွင့်ပြုချက်တစ်ခု ငါ ရထားခဲ့တာပဲ... အဲ့ဒါက အဆင့်မြင့် ပလက်ဖောင်းတွေရဲ့ အပြင်ရော အတွင်းမှာပါ ငါ့နာမည်ကို အဖြူရောင် စာသားလေးနဲ့ အောက်ဆုံးမှာ သွားထားပေးတာပဲ"

ဖုန်းဖုန်းက သူမ၏ နဖူးကို ရိုက်လိုက်ကာ ထိုခွင့်ပြုချက်ကို ချက်ချင်းပင် ပိတ်ပစ်လိုက်လေ၏။ ထို့နောက် ရဲချီယန်ထံသို့ စာတစ်စောင် ပေးပို့လိုက်သည်။

【အစ်ကိုကြီး... မတွေ့ရတာ ကြာပြီနော်... အစ်ကိုလည်း ကောင်းကင်ယံဥယျာဉ်ကို လာတာလား】

ထိုအချိန်၌ပင်။

ယီရှီ ကိုလာ ဘူတာရုံတွင် ရဲချီယန်က သူ၏ရှေ့၌ ရက်ပေါင်းများစွာ ထမင်းကောင်းကောင်း မစားခဲ့ရသည့်အလား အငမ်းမရ စားသောက်နေသော ကျောက်လင်ကို ကြည့်ရင်း သူ၏ မျက်ခွံများက အကြိမ်အနည်းငယ်မျှ လှုပ်ရွသွားလေ၏။

"ငါပြောမယ်... မင်းက ထမင်းမစားရတာ ကြာနေပြီလား... ဒီလောက်တောင် ဆာလောင်နေစရာ လိုလို့လား"

ကျောက်လင်က အကင်တစ်လုတ်ကို မျိုချလိုက်ပြီး ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။

"ပြီးခဲ့တဲ့ မှတ်တိုင်မှာ ကျွန်မကံက နည်းနည်းလေး ဆိုးသွားတယ်... လမ်းပျောက်ပြီး ရထားကိုတောင် မရှာနိုင်တော့လုနီးပါး ဖြစ်သွားတာ... ကံကောင်းလို့ နောက်ဆုံးကျမှ ကျွန်မရဲ့ ကံဆိုးခြင်းတွေ ကုန်ခမ်းသွားလို့ပေါ့... မဟုတ်ရင် အဲ့ဒီထဲမှာ တကယ်ကြီး ငတ်သေသွားနိုင်တယ်... ပြီးတော့လေ ဟီးဟီး... ကျွန်မရထားပေါ်က အစားအစာတွေကလည်း မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ဖျက်ဆီးမှုကြောင့် ပုပ်သိုးသွားတော့ လုံးဝစားလို့ မရတော့ဘူး... အဲ့ဒါကြောင့် ဒီကိုလာပြီး ရိက္ခာတချို့ လာဖြည့်တင်းမလို့ စဉ်းစားထားတာ"

"တော်တော်လေး သနားစရာကောင်းတာပဲ"

ရဲချီယန်က သူ၏ စနစ် အလင်းမျက်နှာပြင်ကို ဆွဲဖွင့်လိုက်လေ၏။ သူငယ်ချင်းစာရင်းထဲရှိ အမည်တစ်ခုက သူ့အား ရင်းနှီးကျွမ်းဝင်မှုနှင့် သူစိမ်းဆန်မှုတို့ ရောယှက်နေသော ခံစားချက်မျိုးကို ဖြစ်ပေါ်စေခဲ့သည်။

"ဖုန်းဖုန်း... သူမက ဘာလို့ ဒီရောက်နေတာလဲ"

ဖုန်းဖုန်း ကုန်တိုက်၏ ဘူတာရုံသခင်မလေး။ တခြားသော ဘူတာရုံကမ္ဘာများဆီသို့ ရထားစီး၍ သွားရောက်နိုင်သော်လည်း သူမ၏ ကိုယ်ပိုင်ကမ္ဘာဆီသို့ အမြဲတမ်း ပြန်လည်ရောက်ရှိနိုင်သော ထူးခြားသည့် တည်ရှိမှုတစ်ခုပင် ဖြစ်သည်။

ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ရဲချီယန်က အလွန်တိုတောင်းစွာ ပြန်စာပို့လိုက်လေ၏။

【မင်းက ဘာလို့ ဒီရောက်နေတာလဲ】

【ဟီးဟီး... အရင်တုန်းက အစ်ကို ထွက်သွားပြီးတဲ့နောက် ကျွန်မ ဒီကို ရောက်လာတာလေ... ကျွန်မက အစ်ကို့ကို သေသေချာချာတောင် ကျေးဇူးမတင်ရသေးဘူး... ဒါကြောင့် ကျွန်မက အစ်ကို့ကို ညစာဒကာခံမယ်... သွားစားကြမလား... အို... ဟုတ်သားပဲ... တကယ်လို့ အစ်ကိုက ဥယျာဉ်ပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့ ရောက်လာတာဆိုရင် ကျွန်မဝင်ထားတဲ့ ဂိုဏ်းက လုံခြုံရေးအလုပ်တချို့ကို တာဝန်ယူထားရတာမို့ ပွဲကြည့်ဖို့အတွက် အတွင်းစည်း လက်မှတ်နည်းနည်းလောက် ရအောင် လုပ်ပေးနိုင်တယ်နော်】

All Chapters