အခန်း ၃၇၇
Vol. 31 Ch. 377
အခန်း (၃၇၇) အဘိုကာဒို၊ ပါရမီ ပြောင်းပြန်လှန်ခြင်း
ရဲချီယန်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ချက်ချင်း မတ်တတ်ထရပ်လိုက်လေ၏။
သို့သော်လည်း ထိုအခိုက်အတန့်၌ပင် စင်မြင့်ထက်ရှိ အဲလစ် အမည်ရသော စူပါစတားက ရုတ်တရက် စကားဆိုလာခဲ့သည်။
"အားလုံးပဲ မတွေ့ရတာ ကြာပြီနော်"
အသံချဲ့စက်များ မရှိသော်ငြား မည်သည့်နေရာတွင် ရောက်နေပါစေ သူမ၏ အသံကို လူတိုင်းက ရှင်းလင်းပြတ်သားစွာ ကြားနိုင်ပေသည်။
စခရင် မျက်နှာပြင်များ မရှိသော်လည်း အနောက်ဆုံးတန်းမှ ပရိသတ်များပင် သူမ၏ ပုံပန်းသဏ္ဌာန်ကို အထင်အရှား မြင်တွေ့နိုင်လေ၏။
လူအုပ်ကြီးထံမှ မိုးခြိမ်းသံအလား အားပေးအော်ဟစ်သံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ရဲချီယန်၏ ဘေးနားရှိ ကျောက်လင်ပင်လျှင် ဤရူးသွပ်လုမတတ် စိတ်ခံစားမှုကြီး၏ ကူးစက်ခြင်းကို ခံလိုက်ရပုံရပေ၏။
【အခြေအနေ - နှလုံးသားကို ပျော်ရွှင်စေသော တေးသွား】
သူ၏ ကိုယ်ရေးအချက်အလက်ပေါ်တွင် အသစ်ပေါ်လာသော အမည်မသိ အခြေအနေကို ကြည့်ရင်း ရဲချီယန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိလေသည်။
အကြောင်းပြချက်မရှိဘဲ သူ အနည်းငယ် ပျို့အန်ချင်သလို ခံစားလိုက်ရကာ တစ်စုံတစ်ခုက သူ၏ ဦးနှောက်ထဲသို့ တိုးဝင်ရန် ကြိုးစားနေသကဲ့သို့ ပျို့အန်ချင်စိတ်မျိုး ဖြစ်ပေသည်။
(အမှန်နှင့် အတုအယောင်ကို မျက်မြင်တွေ့ရှိခြင်း)
ရုတ်တရက် သူ၏ မျက်လုံးများထဲတွင် မီးခိုးဖြူရောင် အလင်းတစ်ချက် လင်းလက်သွားချေပြီ။ ယခုအခိုက်အတန့်၌ ရဲချီယန်က အကြည့်ကိုမော့ကာ ကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်လေ၏။
လင်းလက်နေသော မီးရောင်များမှလွဲ၍ မူလက ဟာလာဟင်းလင်းဖြစ်နေသော အတုအယောင် ကောင်းကင်ယံအောက်တွင် ကောင်းကင်ထက်၌ ခွေရစ်နေသော ဧရာမ နဂါးကြီးတစ်ကောင်က သူနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။
စင်မြင့်ထက်ရှိ အဲလစ်ကလည်း ထိုအချိန်၌ပင် ရဲချီယန်၏ မျက်နှာဆီသို့ အကြည့်ရောက်ရှိလာကာ အနည်းငယ် ပြုံးပြလိုက်လေ၏။ တေးဂီတသံများ ထွက်ပေါ်လာပြီးနောက် သူမက သီချင်းစတင် သီဆိုလေတော့သည်။
"အာ..."
သာယာနာပျော်ဖွယ်ကောင်းလှသော သီချင်းသံက လူကို ယစ်မူးသွားစေနိုင်စွမ်း ရှိပေသည်။
"စိတ်စွမ်းအားတွေ ပြန်ပြည့်လာနေတာလား"
လက်ရှိတွင် သူ၏ စိတ်စွမ်းအားများ အပြည့်အဝ ရှိနေသော်ငြား ဤသီချင်းသံမှ ဆောင်ကြဉ်းပေးသော စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းမှု အကျိုးသက်ရောက်ချက်ကို ရဲချီယန် ခံစားနေရဆဲပင်။ ဤအမြန်နှုန်းက ဗိုက်စင်သီးတစ်လုံးထက်ပင် ပိုမိုမြန်ဆန်နေချေပြီ။
"ပြီးတော့..."
【နှလုံးသားကို ပျော်ရွှင်စေသော တေးသွား (စဉ်ဆက်မပြတ် အသက်ဝင်နေသည်)】
【အသက်ဝင်နေချိန်အတွင်း စိတ်နှလုံးကို တည်ငြိမ်အေးချမ်းစေပြီး အတွင်းစိတ် ရူးသွပ်မှုနှင့် မည်သည့် အဆိုးမြင် စိတ်လှုပ်ရှားမှုများကိုမဆို လျှော့ချပေးမည်】
လုံးဝကို အကောင်းဘက်ချည်း သက်ရောက်မှုသက်သက်သာ ဖြစ်၏။ ဤသည်က ရှာယာပြောသော အန္တရာယ်များ ဖြစ်နိုင်မည်လော။
မဟုတ်ပေ။ ဤအရာ လုံးဝ မဖြစ်နိုင်ချေ။ သို့ဆိုလျှင် မည်သည့်အရာ ဖြစ်နိုင်ပါမည်နည်း။
"ရွှီး"
ရုတ်တရက် ကောင်းကင်ယံတွင် ပုန်းကွယ်နေသော ဧရာမ နဂါးကြီးက အော်ဟစ်ညည်းတွားလိုက်လေသည်။ ထိုအချိန်၌ပင် ကောင်းကင်ယံအထက်တွင် ဧရာမ ကင်းခြေများကောင်ကြီး တစ်ကောင်က နဂါးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ တွယ်တက်သွားကာ လည်ပင်းကို တင်းကျပ်စွာ ညှပ်ထားလိုက်လေ၏။
ဧရာမ နဂါးကြီး၏ ပုံရိပ်မှာ စတင်မှေးမှိန်သွားတော့သည်။ အဲလစ်၏ သီချင်းသံမှာလည်း ဤအခိုက်အတန့်တွင် ရုတ်တရက် ရပ်တန့်သွားချေပြီ။
【နှလုံးသားကို ပျော်ရွှင်စေသော တေးသွား (အတင်းအကျပ် ပြောင်းပြန်လှန်ခြင်း)】
【စိတ်စွမ်းအားများ သိသိသာသာ လျော့ကျသွားသည် (အကျုံးမဝင်ပါ)】
【ဝိညာဉ်လွင့်စင် အခြေအနေသို့ ကျရောက်သွားသည် (ကြာချိန် - ဝဝ:၀၃:၀၀)】
"ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ... ခါးသီးတဲ့ သေရေးရှင်ရေးကြားမှာ ရှင်သန်နေရပြီး အချိန်မရွေး သေဆုံးသွားနိုင်တဲ့ ကောင်တွေက ဒီနေရာမှာ မိန်းမတစ်ယောက်ရဲ့ သီချင်းဆိုသံကို အဆက်မပြတ် နားထောင်ရတာ သဘောကျနေကြတယ်တဲ့လား"
"သူမရဲ့ ပါရမီနဲ့ စိတ်စွမ်းအားတွေကို မင်းတို့ရဲ့ ဦးနှောက်ထဲ စီးဝင်ခွင့်ပေးထားတယ်ဆိုတော့ ငါ့အတွက် တကယ်ကို အမြတ်ကြီး စားလိုက်ရတာပဲ"
ကောင်းကင်ယံရှိ ကင်းခြေများကောင်ကြီးအပေါ်တွင် တံစဉ်ကို ကိုင်ဆောင်ထားကာ ခေါင်းတွင် ဦးချိုများရှိပြီး အနက်ရောင် နှုတ်ခမ်းနီများ ဆိုးထားသော အမျိုးသမီးတစ်ယောက်က ယုတ်မာသော အပြုံးဖြင့် ရပ်နေလေ၏။
"အဲလစ်... ငါ နင့်ကို တကယ် ကျေးဇူးတင်ရမယ်... အဘိုကာဒို ရဲ့ သစ္စာဖောက်တစ်ယောက်အနေနဲ့... နင့်ရဲ့ ပါရမီသာ ပြောင်းပြန်လှန်ခံရရင် ဘာဖြစ်သွားမလဲဆိုတာကို နင် မမှတ်မိတော့ဘူးလား"
ပါရမီ ပြောင်းပြန်လှန်ခြင်း ဟုတ်လား။ တကယ်ကြီး အဲဒီလို စွမ်းရည်မျိုး ရှိနေတာလား။
ရဲချီယန်က သူ၏နေရာတွင် ထိုင်နေရင်း ဘေးနားရှိ ကျောက်လင်၏ မှင်သက်မိနေသော အမူအရာကို အတုခိုးလိုက်လေသည်။ ပြီးတော့ အဘိုကာဒို ဟုတ်လား။ ဒီအဖွဲ့အစည်းက အင်ပါယာအမိန့်တော် အဖွဲ့အစည်းလိုပဲ မြို့တော်ကြီးတွေက အလိုရှိ ဖမ်းဝရမ်းထုတ်ထားတဲ့ အဖွဲ့မလား။
"ဘာရယ်လ်... ဒါက ကောင်းကင်ယံဥယျာဉ်ပဲ... အုပ်ချုပ်ရေးဌာနက လူတွေ မကြာခင် ရောက်လာတော့မှာ"
ဘာရယ်လ် အမည်ရသော အမျိုးသမီးက လေထဲတွင် လျှောက်လှမ်းလာကာ မထီမဲ့မြင်ဟန်ဖြင့် ဆင်းသက်လာခဲ့လေ၏။ သူမက အဲလစ်၏ ဘေးသို့ ခုန်ဆင်းသွားကာ မေးစေ့ကို ဆွဲကိုင်၍ မျက်လုံးချင်း စိုက်ကြည့်လိုက်သည်။
"အရူးမ... သစ္စာဖောက်တစ်ယောက်အနေနဲ့ နင် မေ့နေတာလား... အဘိုကာဒိုက အင်ပါယာအမိန့်တော် အဖွဲ့အစည်းထဲက အရူးတွေလို ပြင်ဆင်မှုမရှိဘဲ ဘယ်တော့မှ အလုပ်မလုပ်ဘူးဆိုတာကိုလေ"
"ကောင်းကင်ကို ကြည့်လိုက်စမ်း... နင် သိသင့်တာပေါ့... အဲဒါက လက်တွေ့ဘဝကို ဖုံးကွယ်သော မှော်ပညာလေ... အခုဆိုရင် အပြင်ဘက်က ကြည့်နေတဲ့လူတွေက နင် သီချင်းဆိုနေတုန်းပဲလို့ ထင်နေကြလိမ့်မယ်... ဒီနေ့အတွက် ငါက လနဲ့ချီပြီး ကြိုတင်ပြင်ဆင်ထားခဲ့ရတာ... ပြီးတော့ နင့်ရဲ့ ပျို့အန်ချင်စရာကောင်းတဲ့ ဖျော်ဖြေပွဲတွေကိုလည်း အများကြီး ကြည့်ခဲ့ရတယ်"
"အဓိကအချက်က နင့်ရဲ့ ပါရမီကို ပြောင်းပြန်လှန်ဖို့ လူအများဆုံး အချိန်အထိ စောင့်ဖို့ပဲ... ပြီးတော့..."
ဘာရယ်လ်က နှုတ်ခမ်းကို သပ်လိုက်ကာ သူမလက်ထဲရှိ တံစဉ်ဖြင့် မြေပြင်ကို ပုတ်လိုက်လေ၏။ အနက်ရောင် ဝက်ရုပ် ပိုက်ဆံစုဘူးတစ်ခုက သူမ၏ ခေါင်းပေါ်တွင် ထွက်ပေါ်လာကာ ဆက်တိုက် ကြီးမားလာတော့သည်။
"ဒါက အိမ်ပြန်ချင်သူများ ပေးထားတဲ့ အဆင့်မြင့် ပစ္စည်းလေးပဲ... အဲဒီရဲ့ အကျိုးသက်ရောက်မှုက ဘာလဲဆိုတာ ခန့်မှန်းကြည့်စမ်း"
တံစဉ်ကို ဝှေ့ယမ်းလိုက်သည်။ ဝက်ရုပ် ပိုက်ဆံစုဘူးကြီးမှာ အတိုင်းအတာ တစ်ခုအထိ ကြီးမားလာပြီးနောက် ၎င်း၏ ဗိုက်က ပွင့်ဟသွားလေ၏။ တစ်ချိန်တည်းမှာပင် ပွဲခင်းအတွင်းရှိ ပရိသတ် သုံးသောင်းကျော်ကြားမှ ရထားမောင်းနှင်သူတိုင်း၏ ထံမှ သေးငယ်သော အလင်းမှုန်လေးများက ပိုက်ဆံစုဘူးကြီးဆီသို့ စီးဝင်သွားလေတော့သည်။
"ငါတို့ အဘိုကာဒို က မင်းတို့ရဲ့ စိတ်စွမ်းအား နည်းနည်းလောက်ကို ငှားရမ်းပါရစေဦး"
ဒါက ဘယ်လိုလုပ် အင်ပါယာအမိန့်တော် အဖွဲ့အစည်း ဘက်ကို လှည့်သွားရပြန်တာလဲ။ ရဲချီယန်၏ မျက်လုံးများက အကြိမ်အနည်းငယ်မျှ လှုပ်ရွသွားလေ၏။ ပြီးတော့ ငှားရမ်းတယ် ဟုတ်လား။ သရဲတွေကို သွားပြောလိုက်လေ။
သို့သော်လည်း ဤပိုက်ဆံစုဘူးက သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိပုံရကာ ဘေးနားရှိ လီဆက်သည်လည်း ထိုနည်းတူပင် ဖြစ်လေသည်။ ပထမဆုံး အလင်းမှုန်လေးကို ထိုပိုက်ဆံစုဘူးကြီးက ဝါးမျိုတော့မည့် အခိုက်အတန့်၌ပင်။
"ခွမ်း"
မှန်ကွဲသွားသည့်အလား အသံတစ်ခုက ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့သည်။ အသံလာရာဆီသို့ လှမ်းကြည့်လိုက်လေ၏။ ကောင်းကင်ယံ အထက်တွင် ညဉ့်ယံ ကောင်းကင်တမန် ဟု အမည်ရသော ရထားတစ်စင်း ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ကြရသည်။
"ကောင်းချီးမင်္ဂလာ၊ မြင့်မြတ်သော စစ်ပွဲ"
ရင်းနှီးနေသော အသံတစ်ခုက ရထားအတွင်းမှ ထွက်ပေါ်လာခဲ့၏။ ချက်ချင်းပင် တောင်ပံခြောက်ခုပါ ကောင်းကင်တမန် နှစ်ပါးက ကောင်းကင်ယံမှ ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသည်။ တစ်ပါးက ထက်မြက်သော ဓားနှင့် ဒိုင်းကို ကိုင်ဆောင်ထားကာ ဧရာမ ကင်းခြေများကောင်ကြီးနှင့် တိုက်ခိုက်နေလေ၏။
အခြားတစ်ပါးက စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားကာ စာမျက်နှာကို လှန်လိုက်ရာ ကောင်းကင်တစ်ခွင် အလင်းမိုးများ ရွာကျလာတော့သည်။ အလင်းမိုးများ ရွာကျလာသည့် အခိုက်အတန့်တွင်ပင် ဝိညာဉ်လွင့်စင် အခြေအနေ၏ အချိန်မှတ်ခြင်းမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။
လူများက သတိပြန်လည်လာကြပြီး ထိုအလင်းမှုန်လေးများကလည်း သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ တစ်ခုပြီးတစ်ခု ပြန်လည်ဝင်ရောက်သွားကြသည်။
"ကျစ်... အင်ပါယာအမိန့်တော် အဖွဲ့အစည်းက အရူးတွေ... မင်းတို့ ဦးနှောက် ပျက်နေတာလား... ငါ့ကိစ္စက မင်းတို့နဲ့ ဘာဆိုင်လို့လဲ... ဘာလို့ လာပြီး တားဆီးရတာလဲ"
ဘာရယ်လ်က ကောင်းကင်ယံရှိ ရထားကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ ဤအခိုက်အတန့်တွင် နိုးထလာကြသော လူများကလည်း ဘာဖြစ်နေသည်ကို သဘောပေါက်သွားကြချေပြီ။ အလွန်အမင်း နည်းပါးလှသော အဆင့်မြင့် ရထားမောင်းနှင်သူများမှာ ဒေါသထွက်သွားကြကာ သူတို့၏ လက်နက်များကို ချက်ချင်းထုတ်ယူပြီး ရှေ့သို့ ခုန်တက်၍ ဘာရယ်လ် အပေါ် တိုက်ခိုက်မှု စတင်လိုက်ကြတော့သည်။
"ကျစ်... မင်းတို့ စောင့်ကြည့်နေကြစမ်း"
ဘာရယ်လ်က သွားကို ကျိတ်လိုက်ကာ တံစဉ်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ကောင်းကင်ယံရှိ ဧရာမ ကင်းခြေများကောင်ကြီး၏ အထက်သို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားလေ၏။ အရပ်မျက်နှာ အနှံ့အပြားမှ ပြေးဝင်လာကြသော ဤရထားမောင်းနှင်သူများကို ကြည့်ရင်း သူမက ရက်စက်စွာ ပြုံးလိုက်ကာ အရောင်အသွေးစုံလင်သော ပုလင်း ဒါဇင်ပေါင်းများစွာကို ပစ်ပေါက်လိုက်လေသည်။
"ရည်မှန်းချက်မရှိတဲ့ အမှိုက်ကောင်တွေ... ငါ ပြန်လာခဲ့မယ်"
သူမနှင့် ကင်းခြေများကောင်ကြီးမှာ တစ်ချိန်တည်းမှာပင် ကိုယ်ပျောက်သွားကြကာ ကောင်းကင်ယံဥယျာဉ်၏ အတုအယောင် ကောင်းကင်ကို ဖြတ်သန်း၍ ပျောက်ကွယ်သွားတော့သည်။
ရှာယာက ဤအရာများထဲမှ တစ်ခုကိုမျှ တားဆီးခြင်း မပြုခဲ့ချေ။ ရဲချီယန်ကို မြင်တွေ့လိုက်ရပြီးနောက် ရထားအတွင်းရှိ သူမက ကောင်းကင်တမန် နှစ်ပါးကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ရထားကို မောင်းနှင်၍ ပျောက်ကွယ်သွားလေ၏။ ထိုပုလင်းများ ပေါက်ကွဲထွက်သွားကာ ပွဲခင်းတစ်ခုလုံး ဤအဆိပ်မြူများဖြင့် လွှမ်းခြုံခံလိုက်ရတော့သည်။
"ကျွန်မ... ကျွန်မ လုပ်မယ်"
ဖျော်ဖြေပွဲ၏ နောက်ကွယ်တွင် မကြာမီကမှ နိုးထလာခဲ့သော ဖုန်းဖုန်းကလည်း သူမ၏ ပင်ကိုယ်အသွင်ကို ချက်ချင်း ပြန်လည်ရယူလိုက်လေ၏။ ကြမ်းတမ်းလှသော လေဆင်နှာမောင်းကြီးက ဤအဆိပ်မြူများကို သိမ်းဆည်းလိုက်ကာ မုန်တိုင်း အကာအကွယ်အတွင်း ရစ်ပတ်ထားလိုက်ပြီး စဉ်ဆက်မပြတ် ဖိသိပ်ပစ်လိုက်လေသည်။
"ကျစ်... သူမကို လွတ်သွားစေလိုက်တယ်... ဟင်"
ဤအခိုက်အတန့်တွင် လေထုမှာ အနည်းငယ် ထူးဆန်းနေချေပြီ။ အဘယ်ကြောင့်ဆိုသော် ထိုအဆိပ်မြူများ ပျောက်ကွယ်သွားသောအခါ လူများက ဘာရယ်လ်သည် ထိုနေရာရွှေ့ပြောင်းမှုဖြင့် လွတ်မြောက်သွားပြီဟု ထင်မှတ်ခဲ့ကြသောကြောင့်ပင်။ သို့သော်လည်း ထိုနေရာ၌ပင် မူလက ထွက်ခွာသွားခဲ့သော ဘာရယ်လ်သည် တွေဝေရှုပ်ထွေးနေသော အမူအရာဖြင့် ရပ်နေလေ၏။
"???"
ရှေ့ဆုံးတန်းတွင် ထိုင်နေသော ရဲချီယန်မှာမူ လက်ရှိတွင် ဗိုက်စင်သီး တစ်လုံးကို သက်တောင့်သက်သာ စားသုံးနေရင်း စင်မြင့်ပေါ်တွင် ဖြစ်ပျက်နေသော ဤမြင်ကွင်းကို ကြည့်နေလေသည်။
သူ ရယ်ချင်စိတ်ပေါက်သွားတော့သည်။