← Chapters

အခန်း ၃၇၈

Vol. 31 Ch. 378

အခန်း ၃၇၈

Vol. 31 Ch. 378

အခန်း (၃၇၈) အချိန်ကြာမြင့်စွာ မတွေ့ရသော ဆံပင်ရွှေရောင် သီလရှင်

ဘာရယ်လ်က သူမ ဘာကြောင့် ဤနေရာသို့ ရုတ်တရက် ပြန်လည်ရောက်ရှိလာရသည်ကို လုံးဝ နားမလည်နိုင်ဖြစ်နေလေ၏။ သူမက ဤနေရာမှ ထွက်ခွာသွားခဲ့ပြီးပြီဖြစ်ကြောင်း ရှင်းလင်းစွာ မှတ်မိနေခဲ့သည်။

"ကျစ်... ဘယ်သူလဲ"

တစ်ယောက်ယောက်က သူမကို အတင်းအကျပ် ပြန်ဆွဲခေါ်လိုက်တာလား။

သို့သော် ဤသည်က မည်သို့လုပ် ဖြစ်နိုင်မည်နည်း။ မည်သို့ပင်ဆိုစေ သူမက အဆင့် ၄၆ ရထားတစ်စင်းကို ပိုင်ဆိုင်ထားသော အဆင့်မြင့် ရထားမောင်းနှင်သူ တစ်ယောက်ဖြစ်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူမအား ဤကဲ့သို့ တကယ်တမ်း လုပ်ဆောင်ခဲ့သည်ဆိုလျှင်တောင် တုံ့ပြန်ရန် စက္ကန့်ပိုင်းလေးမျှပင် အချိန်မရလိုက်သည်က ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။

ဘာရယ်လ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ ထိုကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နိုင်မည့်သူအား စဉ်ဆက်မပြတ် ရှာဖွေနေလိုက်၏။ သို့သော် မည်သို့ပင်ဖြစ်စေ သူမ စဉ်းစားနိုင်သော တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ တစ်ခုတည်းသာ ရှိလေသည်။

"ဟို ကောင်းကင်တမန် လား"

သူမက ယခင်လှည့်ကွက်ဟောင်းကို ထပ်မံအသုံးပြုကာ နောက်တစ်ကြိမ် ထွက်ပြေးရန် ကြိုးစားလိုက်လေ၏။ သို့သော် ဤနေရာရှိ ရထားမောင်းနှင်သူများမှာ ထိပ်တန်းအဆင့်တွင် မရှိကြသော်ငြား အချည်းနှီး ထိုင်နေကြမည့်သူများ မဟုတ်ချေ။

လူအများအပြား၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုအောက်တွင် ထွက်ပြေးရန်သာ ဆန္ဒရှိနေသော ဘာရယ်လ်မှာ အလွန်အမင်း ဖရိုဖရဲ ဖြစ်သွားလေတော့သည်။ သူမက တားဆီးခံလိုက်ရချေပြီ။

ထိုသို့ တားဆီးခံလိုက်ရသည်နှင့် တစ်ပြိုင်နက်။ ဘာရယ်လ်ကို စောင့်ကြိုနေသည်ကား။ အုပ်ချုပ်ရေးဌာန၏ ရောက်ရှိလာမှုပင်တည်း။

မည်သို့ပင်ဆိုစေ ဤအရာက ရဲချီယန်နှင့် ဘာမျှ မသက်ဆိုင်တော့ချေ။ သူက လုံလောက်သည်ထက်ပင် လုပ်ဆောင်ပေးခဲ့ပြီးပြီ ဖြစ်သည်။ ဘာရယ်လ် အမည်ရသော ထိုအမျိုးသမီး မထွက်ပြေးမီကတည်းက။ ရဲချီယန်က သူမ၏အပေါ်တွင် တရားသူကြီး၏ တရားမျှတမှု အမှတ်အသား ကို ချန်ရစ်ထားခဲ့ပြီးနောက် 【ဖမ်းဆီးခြင်း】 စွမ်းရည်ကို အသုံးပြုကာ သူမကို စင်မြင့်ထက်သို့ ပြန်လည်ဆွဲခေါ်ခဲ့ခြင်းပင်။

ယခုအခိုက်အတန့်တွင် သူက ပွဲခင်း၏ နောက်ကွယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ကာ ဖုန်းဖုန်းကလည်း သူ့အား အဆက်မပြတ် တောင်းပန်နေလေ၏။

"တောင်းပန်ပါတယ် အစ်ကိုကြီး... တောင်းပန်ပါတယ်... ဒီလိုမျိုး ဖြစ်လာမယ်ဆိုတာ ကျွန်မ တကယ်ကို မသိခဲ့ပါဘူး... အဘိုကာဒိုက လူတစ်ယောက် ခိုးဝင်လာလိမ့်မယ်လို့ ကျွန်မ တကယ်ကို မထင်ထားခဲ့ဘူး"

ဖုန်းဖုန်း၏ နှလုံးသားထဲတွင် အပြစ်ရှိသလို ခံစားချက်များဖြင့် ပြည့်နှက်နေလေသည်။ စောစောက အခြေအနေတွင် အကယ်၍ ရှာယာသာ ရောက်မလာခဲ့ပါက ထိုအမျိုးသမီးသည် ကျန်ရှိနေသော အချိန်များအတွင်း တစ်စုံတစ်ခုကို လုံးဝ လုပ်ဆောင်နိုင်စွမ်း ရှိနေခဲ့ပေသည်။

"အဲဒီ အဘိုကာဒိုက ဘာလုပ်တဲ့အဖွဲ့လဲ"

ရဲချီယန် သိထားသည်မှာ အဘိုကာဒို ကလည်း အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်ဟူ၍သာ ဖြစ်သော်ငြား လူအများအပြားက အင်ပါယာအမိန့်တော် အဖွဲ့အစည်း ၏ အဓိပ္ပာယ်ကို မသိကြသကဲ့သို့ပင်။ ဤ အဘိုကာဒို ၏ တည်ရှိမှုက မည်သည့်အရာအတွက် ဖြစ်သည်ကို သူလည်း မသိရှိခဲ့ချေ။

"အဘိုကာဒို ဆိုတာ လွင်တီးခေါင်ပြင်ရဲ့ စိုးမိုးသူ တွေ ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေကြတဲ့ အဆင့်မြင့် ရထားမောင်းနှင်သူ တစ်စုပါပဲ... ဒါကြောင့် သူတို့က အစီအစဉ်တကျဖြစ်မှုကို ကိုယ်စားပြုတဲ့ ရထားမြို့တော်ကို ဆန့်ကျင်ဖို့အတွက် အတူတကွ စုစည်းခဲ့ကြတာပါ"

ဖုန်းဖုန်း၏ ကိုယ်စား အားနည်းနွမ်းနယ်နေသော အသံတစ်သံက ဖြေကြားလာခဲ့လေ၏။ ဤလွင်တီးခေါင်ပြင် ကမ္ဘာကြီးထဲတွင် စူပါစတားတစ်ယောက်ဟု ခေါ်ဆိုနိုင်သော အဲလစ် ပင်ဖြစ်သည်။

အခြားသူများ ဝိညာဉ်လွင့်စင်နေချိန်တွင် ဘာရယ်လ်က သူမအား အဘိုကာဒို ၏ သစ္စာဖောက်တစ်ယောက်ဟု ပြောဆိုခဲ့သည်ကို ရဲချီယန်က ရှင်းလင်းစွာ မှတ်မိနေခဲ့သည်။

"တောင်းပန်ပါတယ်... ကျွန်မရဲ့ ဖျော်ဖြေပွဲမှာ ဒီလိုမျိုး ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး... ရှင်... ကျွန်မတို့ စကားနည်းနည်းလောက် ပြောလို့ရမလား"

သူမက တစ်စုံတစ်ခုကို အရိပ်အမြွက်ပြနေသည့်အလား မျက်တောင်လေးများကို ပုတ်ခတ်လိုက်လေ၏။

【"ငါက သူမရဲ့ ပါရမီ လွှမ်းမိုးမှုကို မခံရဘူးဆိုတာကို သူမ ရိပ်မိသွားတာလား"】

"ထားလိုက်ပါတော့... မမအဲလစ်နဲ့ ဘယ်လို အရှုပ်တော်ပုံမျိုးမှာမှ ငါ မပတ်သက်ချင်ဘူး... ဘာပဲဖြစ်ဖြစ် မင်းက တကယ့် စူပါစတားကြီးလေ... ယောကျာ်းတစ်ယောက်နဲ့ အခန်းတစ်ခုထဲမှာ နှစ်ယောက်တည်း ရှိနေတာက သိပ်ပြီး ကောင်းမယ့်ကိစ္စမှ မဟုတ်တာ"

ရဲချီယန်က ရယ်မောရင်း ပြောလိုက်လေသည်။

"ငါ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ သွားလိုက်ပါဦးမယ်"

သူက လှည့်ကာ ထွက်ခွာသွားလေ၏။ အဲလစ်က ရဲချီယန်၏ ကျောပြင်ကို ကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

【"ဒီလူက ငါ့ရဲ့ ပါရမီ လွှမ်းမိုးမှုကို မခံခဲ့ရဘူး... ပါရမီ ပြောင်းပြန်လှန်ခံရတဲ့အချိန်မှာတောင် သူက ဝိညာဉ်လွင့်စင်တဲ့ အခြေအနေထဲကို လုံးဝ မရောက်သွားခဲ့ဘူး... ငါက အဘိုကာဒို ရဲ့ သစ္စာဖောက် ဆိုတဲ့ကိစ္စကို သူ သေချာပေါက် ကြားသွားမှာပဲ"】

【"ငါ ဘယ်လို လုပ်ရမလဲ... သူက တခြားသူတွေကို ပြောပြလိုက်မလား"】

【"တကယ်လို့ ငါက အရင်တုန်းက အဘိုကာဒိုရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာကို တခြားလူတွေ သိသွားရင်... ငါ... သီချင်း ဆက်ဆိုခွင့် ရပါဦးမလား"】

အဲလစ်၏ နှလုံးသားမှာ ရှုပ်ထွေးမှုများနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားလေတော့သည်။

ရဲချီယန်က အပြင်သို့ လျှောက်ထွက်လာခဲ့၏။ ယခုအခိုက်အတန့်၌ စင်မြင့်ထက်တွင်။ ဘာရယ်လ်မှာ လက်ထိတ်ခတ်ခံထားရလေပြီ။ အဖြူရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော တင်းမာခက်ထန်သည့် အမျိုးသားတစ်ယောက်က သူမ၏ လည်ပင်းကို အေးစက်စွာ ဆွဲကိုင်ကာ မြေပြင်မှနေ၍ မြှောက်မလိုက်ပြီးနောက် ပွဲခင်းအတွင်း ကျန်ရှိနေသေးသော ရထားမောင်းနှင်သူများကို အော်ဟစ်ပြောဆိုလိုက်သည်။

"တရားခံကို ဥပဒေအရ ဖမ်းဆီးပြီးပါပြီ... အုပ်ချုပ်ရေးဌာနက ကောင်းကင်ယံဥယျာဉ်မှာရှိတဲ့ ရထားမောင်းနှင်သူ အားလုံးကို ကာကွယ်ပေးသွားမှာပါ... အားလုံးပဲ စိတ်မပူကြပါနဲ့... အုပ်ချုပ်ရေးဌာနရဲ့ ဝန်ကြီး ချိုင်မင် ဖြစ်တဲ့ ကျွန်တော်က ကောင်းကင်ယံဥယျာဉ်ကို နောက်တစ်ကြိမ် ထပ်ပြီး ကျဆုံးခွင့် ပေးမှာ မဟုတ်ပါဘူး"

လူအုပ်ကြီးထံမှ အားပေးအော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ သို့သော် ဤအားပေးအော်ဟစ်သံများ၏ အရင်းအမြစ် အများစုမှာ ရထားမောင်းနှင်သူများထံမှ မဟုတ်ဘဲ ကောင်းကင်ယံဥယျာဉ်အတွင်း နေထိုင်ကြသော ဌာနေလူသားများထံမှ ဖြစ်ပေသည်။

"ဟက်... အဟွတ် အဟွတ်... ဟီးဟီး... ချိုင်မင်... မင်းကိုယ်မင်း အဲဒီလောက်ကြီး အထင်မကြီးစမ်းပါနဲ့"

ချိုင်မင်၏ ဆွဲမခံထားရလျက် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်ကာ ရစရာမရှိအောင် အရိုက်ခံထားရသော ဘာရယ်လ်က သွေးရည်ကြည် တစ်လုတ်ကို ထွေးထုတ်လိုက်လေသည်။ သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။ ရှိနေသည်မှာ ချိုင်မင် ပြောလိုက်သော စကားအပေါ် လှောင်ပြောင် သရော်မှုများသာ ဖြစ်ပေသည်။

"ငါတို့... ငါတို့ အဘိုကာဒို က... သေချာမှုမရှိဘဲ... ဘယ်တော့မှ အလုပ်မလုပ်ဘူး... ငတုံးကောင်... ဒီ ကောင်းကင်ယံဥယျာဉ်ကို လာခဲ့တာ ငါတစ်ယောက်တည်းလို့ မင်းက တကယ်ကြီး ထင်နေတာလား"

ချိုင်မင်၏ မျက်လုံးများထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားကာ သူမ၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်က အားပိုပါလာလေ၏။ ဘာရယ်လ်က ရူးသွပ်စွာ ရုန်းကန်လိုက်သော်ငြား သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်လေးမျှပင် မရှိခဲ့ချေ။

"မင်း ငါ့ကို မသတ်ရဲပါဘူးကွ"

အားက ဆက်လက် ပြင်းထန်လာကာ ဘာရယ်လ်၏ မျက်နှာမှာ ဝက်အသည်းရောင်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ သို့သော် သူမ ချိုင်မင်၏ လည်ပင်းညှစ်သတ်ခြင်းကို ခံရတော့မည့် ဆဲဆဲတွင် ချိုင်မင်က နောက်ဆုံး၌ လွှတ်ပေးလိုက်လေ၏။

"ဟား... ဟားဟားဟားဟား"

ဘာရယ်လ်က ပျို့အန်ချင်စရာကောင်းသော ရယ်မောသံများကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။

"သူမကို အကျဉ်းထောင်ဆီ ခေါ်သွားလိုက်"

ချိုင်မင်က အေးစက်စွာ ပြောလိုက်၏။ အုပ်ချုပ်ရေးဌာန တပ်ဖွဲ့က ပြင်းထန်စွာ ဒဏ်ရာရနေသော ဘာရယ်လ်ကို ချက်ချင်းပင် ခေါ်ဆောင်သွားကြလေတော့သည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ သတိမထားမိလိုက်ကြချေ။ "အကျဉ်းထောင်" ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ဘာရယ်လ်၏ မျက်လုံးများထဲ၌ ဖြတ်ပြေးသွားသော ကောက်ကျစ်စဉ်းလဲမှု အရိပ်အယောင်ကိုပင်တည်း။

အုပ်ချုပ်ရေးဌာနမှ လူများက အလျင်အမြန် ထွက်ခွာသွားကြလေ၏။

ဤဖျော်ဖြေပွဲမှာလည်း အဘိုကာဒို၏ ဘာရယ်လ်ကြောင့် အတင်းအကျပ် အဆုံးသတ်လိုက်ရလေတော့သည်။ ဤဖြစ်ရပ်ကြောင့် ကျောက်လင်အပေါ်ရှိ ကံဆိုးခြင်း များမှာ အနည်းငယ် လျော့ပါးသွားခဲ့ချေပြီ။

ရဲချီယန်က ယီရှီ ကိုလာ ကုမ္ပဏီ သို့ ပြန်မသွားတော့ဘဲ ဖျော်ဖြေပွဲကျင်းပရာ နေရာနှင့် မလှမ်းမကမ်းရှိ လေဟာပြင် ကော်ဖီဆိုင်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာ၌ပင် အနက်ရောင် ဝတ်စုံ၊ မျက်နှာဖုံးနှင့် ဘေ့စ်ဘောဦးထုပ်ကို ဝတ်ဆင်ထားသော ဆံပင်ရွှေရောင် အမျိုးသမီးတစ်ယောက်က သူ့အား အဆက်မပြတ် လက်လှမ်းပြနေလေ၏။

"ဒီမှာ... ဒီမှာ"

သူမ၏ ဘေးနားမှ ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်က ရဲချီယန်ထံသို့ တိုက်ရိုက် ပြေးလာကာ သူ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်လေသည်။

"ဟီးဟီးဟီး... အစိုးရရှေ့နေကြီး... မတွေ့ရတာ ကြာပြီနော်"

ရဲချီယန်က ပြုံးလိုက်ကာ ဗိုက်စင်သီး တစ်လုံးကို ထုတ်ယူ၍ ထိုကောင်မလေး... သို့မဟုတ် တီနာ လေး၏ လက်ထဲသို့ ထည့်ပေးလိုက်လေ၏။

"မတွေ့ရတာ ကြာပြီနော် တီနာလေး"

"ဟီးဟီး... အရသာရှိတဲ့ သစ်သီးလေးပဲ... ကျေးဇူးတင်ပါတယ် အစိုးရရှေ့နေကြီး"

တီနာက ရဲချီယန်ကို ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြီးနောက် သူမ၏ အကြည့်များက သူ၏ နောက်မှ လိုက်ပါလာသော လီဆက်ထံသို့ ဆွဲဆောင်ခံလိုက်ရလေသည်။

"ဟင်... ထူးဆန်းလိုက်တဲ့ မမကြီးပါလား"

ကျောက်လင် ကတော့။ သူမက ဤနေရာတွင် မရှိချေ။ ပွဲခင်းအတွင်းမှ ထွက်ခွာလာပြီးနောက် သူမ၏ စိတ်စွမ်းအား များက အတော်လေး ယိုယွင်းသွားခဲ့သောကြောင့် ကိုယ်ပိုင်ရထားပေါ်တွင် အနားယူရန် ယီရှီ ကိုလာ ကုမ္ပဏီ ပလက်ဖောင်းဆီသို့ ပြန်သွားခဲ့ခြင်းပင်။

"ဟွန့် ဟွန့်... တီနာက နင့်ကို အခုထိ ဒီလောက်တောင် သဘောကျနေတုန်းပဲကိုး... ပြီးတော့ ဟိုဘက်က တစ်ယောက်က... အင်း... အဲဒါက စက်ယန္တရား သက်ရှိ လား... ထူးဆန်းလိုက်တာ... ငါ တစ်ခါမှ မမြင်ဖူးတဲ့ အထူး မော်ဒယ်ပဲ... ပြီးတော့... ငါ အဲဒါကို ဖောက်ထွင်းမမြင်ရပါလား"

ဆံပင်ရွှေရောင် အမျိုးသမီး၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။ သူမက မျက်နှာဖုံးကို ချွတ်ချလိုက်ရာ သပ်ရပ်လှပလှသော ထိုမျက်နှာလေး ပေါ်လွင်လာခဲ့သည်။ ရှာယာ ပင်တည်း။

အင်ပါယာအမိန့်တော် အဖွဲ့အစည်း၏ ကောင်းကင်တမန်လေး။ တစ်ချိန်က အဆင့် ၄ ပလက်ဖောင်းဖြစ်သော မီလင်း မြို့တော် တွင် ပိတ်မိနေခဲ့စဉ် ရဲချီယန်က သူပိုင်ဆိုင်ထားသော သီးသန့် မော်ဂျူးဖြစ်သည့် ကံကြမ္မာ လမ်းဆုံလမ်းခွ ကို အသုံးပြုကာ ထိုနေရာသို့ ဝင်ရောက်လာခဲ့သောကြောင့် သူမ ကယ်တင်ခံခဲ့ရခြင်း ဖြစ်သည်။ လွင်တီးခေါင်ပြင် တစ်ခုလုံးတွင် သူမ၏ စွမ်းအားက ထိပ်တန်းအဆင့် ရထားမောင်းနှင်သူ တစ်ယောက်အဖြစ် သတ်မှတ်ခံရလောက်ပေသည်။

"မတွေ့ရတာ ကြာပြီနော်... အစ်မ ရှာယာ"

ရဲချီယန်က ထိုသို့ ပြောလိုက်သော်ငြား သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှာယာက တိုးညှင်းစွာ နှာခေါင်းရှုံ့လိုက်လေ၏။

"ဟွန့်... မတွေ့ရတာ ကြာပြီဆိုတာ နင် သိနေရဲ့သားနဲ့ ငါ့ကို အရင်စပြီး မဆက်သွယ်ဘူးပေါ့လေ... အဲဒီနေ့တုန်းက ငါသာ ငါ့သူငယ်ချင်းစာရင်းကို သွားမကြည့်မိဘဲ မတော်တဆ အောက်ဆုံးအထိ ဆွဲမချမိလို့ နင့်နာမည်ကို မမြင်လိုက်ရရင် နင် ဒီရောက်နေမှန်းတောင် ငါ သိမှာမဟုတ်ဘူး"

All Chapters