← Chapters

အခန်း ၃၇၉

Vol. 31 Ch. 379

အခန်း ၃၇၉

Vol. 31 Ch. 379

အခန်း (၃၇၉) ဘုရားမဲ့ဝါဒကို ယုံကြည်ကိုးကွယ်ခြင်း

ရှာယာ လိမ်ညာနေခြင်းသာ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူမ၏ သူငယ်ချင်းစာရင်းထဲရှိ လူဦးရေမှာ အောက်သို့ဆွဲချရန် ဘားတန်းလေးပင် မလိုအပ်လောက်အောင် နည်းပါးလွန်းလှသောကြောင့်တည်း။

"ငါ သတိမထားမိလိုက်လို့ပါ... နောက်တစ်ခါကျရင်တော့ သေချာပေါက်ပါ"

"အစ်မက ဒီလိုပဲ ပြောနေကျမလား"

ရှာယာ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီးနောက် ချက်ချင်းပင် တည်ကြည်သွားကာ မေးမြန်းလာခဲ့လေသည်။

"ဒါနဲ့ စကားမစပ် ငါ နင့်ကို မမေးရသေးဘူး... နင်က ဘာကိစ္စနဲ့ ဒီကို ရောက်နေတာလဲ"

"ဟို အဲလစ် ရဲ့ ဖျော်ဖြေပွဲကို ကြည့်ဖို့ သက်သက်ပဲလား... နင်က သူမကို... အဲဒီလောက်တောင် သဘောကျနေလို့လား"

ရဲချီယန်က ခေါင်းယမ်းလိုက်၏။

"လုံးဝ မဟုတ်ရပါဘူး... တခြားတစ်ယောက်ဆီကနေ လက်မှတ်အလကားရလိုက်လို့ မသွားရင် နှမြောစရာကောင်းနေမှာစိုးလို့ သွားကြည့်တာပါ... ဒီကနေ့ ဖြစ်ရပ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့တောင် ထင်မထားခဲ့ဘူး... ဒီမြို့တော်ကို လာရတဲ့ အကြောင်းရင်းကတော့... အင်း... ဒီမှာ ဥယျာဉ်ပွဲတော် ကျင်းပမယ်လို့ ကြားလိုက်တာနဲ့ အပျော်လာကြည့်တာပါ"

"အို..."

ရှာယာက ကော်ဖီတစ်ငုံကို တိတ်ဆိတ်စွာ သောက်လိုက်လေသည်။

သူ့စိတ်ထင်၍သာလားတော့ မပြောတတ်ချေ။ သူမ၏ မျက်နှာထက်ရှိ အပြုံးမှာ အနည်းငယ်မျှ ပို၍ တောက်ပသွားသယောင် ရှိပေသည်။

"အဟမ်း... ဥယျာဉ်ပွဲတော် ဟုတ်လား... အရင်တုန်းကဆိုရင်တော့ ငါ ကိုယ်တိုင် တစ်ကြိမ် ပါဝင်ဆင်နွှဲခဲ့ဖူးတယ်... တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပေမယ့် အခုအချိန်မှာ ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲဆိုတာကိုတော့ ငါလည်း မသိတော့ဘူး"

"ဒါပေမယ့် ဥယျာဉ်ပွဲတော် စတင်ပြီးသွားရင် အဆင့် ၄ အထက် ပစ္စည်းတွေကို ဝယ်ယူနိုင်မယ့် အထူး အရောင်းအဝယ် ခန်းမတစ်ခု ပွင့်လာလိမ့်မယ်... နင့်ဆီမှာ ရထားဒင်္ဂါးတွေ ကျန်နေသေးလား... မှောင်ခိုဈေးကွက်ထက်တော့ စျေးနှုန်းက အတော်လေး ပိုကြီးနေလိမ့်မယ်"

"ဒါပေမယ့် ကိုယ်သဘောကျတဲ့ ပစ္စည်းတွေ ဒါမှမဟုတ် ပုံစံကြမ်းတွေကို ဝယ်နိုင်မယ်ဆိုရင်တော့ ကိုယ့်လက်ထဲမှာ ရထားဒင်္ဂါးတွေကို အလကား အပုပ်ခံထားတာထက်စာရင် အများကြီး ပိုကောင်းတာပေါ့"

ဥယျာဉ်ပွဲတော်တွင် ဤကဲ့သို့သော အရာမျိုးများ တကယ်တမ်း ရှိနေသည်လား။

ရဲချီယန် ခေတ္တမျှ စဉ်းစားခန်း ဝင်သွားလေ၏။

မှောင်ခိုဈေးကွက်က ကောင်းမွန်လှသည် မှန်သော်ငြား အရာခပ်သိမ်းတော့ ရှိမနေခဲ့ချေ။

မည်သို့ပင်ဆိုစေ ရထားမောင်းနှင်သူများ အနေဖြင့် ပလက်ဖောင်း အသီးသီးမှနေ၍ မည်သို့သော ပစ္စည်းမျိုးကို ရရှိလာမည်ဆိုသည်ကို မည်သူကမျှ တပ်အပ်သေချာ မပြောနိုင်ပါလော။

လွင်တီးခေါင်ပြင်မှာ အဆုံးအစမဲ့လှ၏။ အနည်းဆုံးတော့ ယင်း၏ အဆုံးသတ်ကို မမြင်နိုင်သေးချေ။

အဆုံးအစမရှိသော ကမ္ဘာကြီးတစ်ခုတွင် အဆုံးအစမရှိသော ဖြစ်နိုင်ခြေများလည်း ရှိနေပေလိမ့်မည်။ ရထားဒင်္ဂါး မည်မျှပင် ကုန်ကျပါစေ မိမိလိုချင်သော အရာကို ရှာတွေ့နိုင်သရွေ့ ပြဿနာမရှိလှပေ။

ရှာယာက ကော်ဖီသောက်နေရင်း ရဲချီယန်၏ မျက်လုံးများကို စူးရဲစွာ စိုက်ကြည့်လာခဲ့သည်။

"...ဒါနဲ့ စကားမစပ် ဒီ ဥယျာဉ်ပွဲတော်က ချောချောမွေ့မွေ့ ကျင်းပနိုင်ပါ့မလားဆိုတာ ငါလည်း မသေချာဘူး"

"ချောချောမွေ့မွေ့ မကျင်းပနိုင်ဘူး ဟုတ်လား"

"အင်း"

သူမက အနည်းငယ် တုံ့ဆိုင်းနေပုံရလေ၏။

"ထားလိုက်ပါတော့... အခုဆို နင်က အဆင့်မြင့် ပလက်ဖောင်းတွေကိုတောင် ဝင်ရောက်နိုင်နေပြီဆိုတော့ ဒီကိစ္စတွေကို ပြောပြလိုက်လည်း ဘာမှ မထိခိုက်နိုင်ပါဘူးလေ"

ရှာယာက လက်ခုပ်တီးလိုက်သည်။

လီဆက်၏ ပတ်လည်တွင် စပ်စုချင်စိတ်အပြည့်ဖြင့် ဝဲပျံနေသော တီနာလေးက အပြေးအလွှား ရောက်ရှိလာ၏။

သူမ၏ ကျောပိုးအိတ်ငယ်လေးထဲမှ အဖြူရောင် စက်လုံးတစ်လုံးကို ထုတ်ပေးလိုက်လေသည်။

စက်လုံးလေးက ပွင့်ဟသွားကာ မျက်စိဖြင့်မမြင်နိုင်သော ဖောက်ထွင်းမြင်ရသည့် အကာအကွယ်တစ်ခုက အပြင်ဘက်သို့ ပြန့်ကားထွက်လာခဲ့တော့သည်။

အပြင်ဘက်သို့ လွင့်ပျံသွားမည့် အသံများ အားလုံးကို လုံးဝကို ဖြတ်တောက်လိုက်ချေပြီ။

ရှာယာက စကားပြောရန် ဟန်ပြင်လိုက်သော်လည်း အကာအကွယ် ပွင့်သွားသည့် အခိုက်အတန့်တွင် ရဲချီယန်၏ အနောက်၌ နေရာယူပြီးဖြစ်သော လီဆက်ကို သတိပြုမိသွားလေ၏။

"သူမက..."

လီဆက်၏ မျက်နှာထက်တွင် အပြုံးတစ်ခုက ဆော့ကစားသွားကာ ရှာယာကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်ပင် သူမ၏ အနောက်ရှိ အချိန်စက်ယန္တရား လက်နက်ကိရိယာက အသက်ဝင်နေခဲ့ပြီး ဖြစ်သည်။

"သူမက ငါ့ရဲ့ အဖော်ပါ"

"...ဟီးဟီး... စက်ယန္တရား အစေခံကောင်မလေးတဲ့လား... နင်က ကိလေသာရမ္မက်တွေထဲ နစ်မွန်းမသွားသင့်ဘူးနော်"

ရှာယာက စနောက်လိုက်ပြီးနောက် ရဲချီယန် ပိုင်ဆိုင်ထားသော ကတ်ပြား အစီအစဉ်ကို ရုတ်တရက် သတိရသွားကာ ရယ်မောလိုက်လေ၏။

"နင့်ရဲ့ ကတ်ပြား အစီအစဉ်က နတ်ဆိုး ကတ်ပြား ဆိုတာကို ငါ မေ့လုနီးပါး ဖြစ်သွားတယ်... တကယ်ပဲ... အဲဒါက ငါ့ရဲ့ ကောင်းကင်တမန် နဲ့ လုံးဝကို ဆန့်ကျင်ဘက် အမျိုးအစားပဲ... ကြည့်ရတာ နင့်ရဲ့ စိတ်ရင်းက တော်တော်လေး ဆိုးသွမ်းတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပုံရတယ်"

ကောင်းကင်တမန် နှင့် နတ်ဆိုး။

အမှန်တကယ်ပင် သူတို့၏ အမည်များကို ကြည့်ရုံဖြင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သိသာလှ၏။

သို့သော်လည်း ရဲချီယန်က ထိုသို့ မတွေးခဲ့ပေ။

"အဲဒီလို ပြောလို့ မရဘူးလေ... ကတ်ပြား အစီအစဉ်ကို အသုံးပြုနေတဲ့သူက ငါပဲ... အကောင်းလား အဆိုးလား ဆိုတာကို ငါကိုယ်တိုင်ကပဲ ဆုံးဖြတ်သင့်တာ... ငါက ငါလုပ်ချင်တဲ့အရာကိုပဲ လုပ်ချင်တာ... အကောင်းအဆိုးနဲ့ ဘာမှမဆိုင်ဘူး"

ကတ်ပြား အစီအစဉ်များတွင် အကောင်းနှင့် အဆိုးဟူ၍ ခွဲခြားထားခြင်း မရှိချေ။

တခြားသူများ မည်သို့တွေးသည်ဆိုခြင်းက ပို၍ပင် အရေးမပါလှပေ။

"ဒီလောက် မြန်မြန်ဆန်ဆန်ကြီး နင် နားလည်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ငါ့ကို ချိတ်ပိတ်ခံထားရတာကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့တဲ့လူ... ပြီးတော့... ဘုရားစူး ကတ်ပြား ပိုင်ရှင် ပီသပါပေတယ်"

"ကောင်းပြီလေ... အဲဒီအကြောင်းတွေ မပြောကြတော့ဘူး... တကယ်တော့ နင့်ကို ဒီမှာ ပထမဆုံး မြင်လိုက်ရတုန်းက နင့်ကို အမြန်ဆုံး ထွက်သွားခိုင်းဖို့ ငါ စဉ်းစားထားခဲ့တာ... ဒါပေမယ့် အခုကြည့်ရတာတော့ အဲဒီလို လုပ်ဖို့ မလိုတော့ဘူး ထင်တယ်"

"ကျူရှင်းထူဆိုတဲ့ ဟိုလူလိမ်မက လွင်တီးခေါင်ပြင် အချိန်နဲ့ လွန်ခဲ့တဲ့ ငါးရက်တုန်းက ငါ့ကို ပြောခဲ့တယ်... ဥယျာဉ်ပွဲတော် ကျင်းပမယ့်နေ့ကျရင် ဒီ ကောင်းကင်ယံဥယျာဉ် ကြီးက ဥယျာဉ်ကြယ် ပေါ်ကို နောက်တစ်ကြိမ် ထပ်ပြီး ကျဆုံးသွားလိမ့်မယ်တဲ့"

"ပြီးတော့ ဒီတစ်ကြိမ်မှာတော့ ဒီမြို့တော်ထဲမှာ ရှိနေတဲ့ ရထားမောင်းနှင်သူ အားလုံး ဒီနေရာမှာပဲ သေဆုံးကြရလိမ့်မယ်တဲ့လေ"

"အဲဒါကြောင့် ဟိုလူလိမ်မက ငါ့ကို ဒီလာဖို့ ခေါ်လိုက်တာပဲ... အို... မဟုတ်သေးဘူး... ငါတစ်ယောက်တည်း မဟုတ်ဘူး... အင်ပါယာအမိန့်တော် အဖွဲ့အစည်းက နောက်ထပ် နှစ်ယောက်လည်း ရောက်နေကြတယ်... နင် သူတို့ကို သိလောက်မှာ မဟုတ်ဘူး... ငါတို့ သူတို့နဲ့ တွေ့တဲ့အခါကျရင် နင့်ကို ပြောပြမယ်"

ထင်ထားသည့်အတိုင်းပင်။

သူ အစပိုင်းတွင် ခန့်မှန်းထားခဲ့သည်နှင့် ကွက်တိပင် ဖြစ်နေခဲ့၏။

ရှာယာ ဤနေရာသို့ ရောက်ရှိနေရခြင်းမှာ ကျူရှင်းထူ အမည်ရသော ထိုလူလိမ်မ ကြောင့်သာ ဖြစ်ပေသည်။

သို့သော် နောက်တစ်ကြိမ် ထပ်ကျဆုံးမယ် ဟုတ်လား။ အားလုံး သေရမယ်တဲ့လား။

ဤနေရာတွင် ဖြစ်ပျက်လာမည့် အရာက သူ ခန့်မှန်းထားခဲ့သည်ထက်ပင် ပိုမိုဆိုးရွားနေချေပြီ။

"...ဒါဆိုရင် အစ်မက ဒီမှာ ဘာလုပ်ဖို့ စီစဉ်ထားလဲ"

ရှာယာက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်သည်။

"ငါလည်း မသိဘူး... အနည်းဆုံးတော့ အခုလောလောဆယ် မသိသေးဘူး... ဟိုလူလိမ်မက ဘာမှ မပြောပြခဲ့ဘူးလေ... အဲဒီကောင်မက ဒီလိုလုပ်ရတာကို သိပ်သဘောကျတာ... လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေတွေ ဖန်တီးပြီး စကားကို တစ်ဝက်ပဲပြော တစ်ဝက်ကို ချန်ထားခဲ့တာမျိုးပေါ့"

"ဒါပေမယ့်လေ... ဟီးဟီး"

သူမက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ကာ လက်အုပ်ချီပြီး အလွန်အမင်း ကိုင်းရှိုင်းယုံကြည်နေသည့် ပုံစံမျိုး ဖမ်းလိုက်လေ၏။

"နောက်ထပ် ဒီမြို့တော်ထဲမှာ နတ်ဘုရားတွေရဲ့ ခြေရာလက်ရာတွေ ပေါ်ထွက်လာလိမ့်မယ်လို့ သူမက ငါ့ကို ပြောခဲ့တယ်... ပြီးတော့ တစ်ပါးတည်း မဟုတ်ဘူးတဲ့"

"အာ... ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကိစ္စလဲ... ဟီးဟီး... ငါ နတ်ဘုရားတစ်ပါးကို အရမ်း တွေ့ချင်နေပြီ"

သူမ၏ မျက်နှာထက်ရှိ ယုံကြည်ကိုင်းရှိုင်းမှုနှင့် ရောနှောနေသော စိတ်လှုပ်ရှားမှုများကို ကြည့်ရင်း

ရဲချီယန်က သူမ၏ ယုံကြည်မှုက ယုံကြည်ကိုင်းရှိုင်းမှုတစ်ခုနှင့် မတူဘဲ အခြားသော ထူးဆန်းသည့် စိတ်ခံစားချက်တစ်မျိုး ဖြစ်နေသည်ဟု အမြဲတစေ ခံစားနေရလေသည်။

"အစ်မ ရှာယာ... အစ်မက ဘယ်နတ်ဘုရားကို ကိုးကွယ်တာလဲ"

ရှာယာက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရာ သူမ၏ မျက်နှာပေါ်ရှိ အပြုံးမှာ အနည်းငယ် ပို၍ ပျော်ရွှင်လာပုံရလေ၏။

"ငါက ဘုရားမဲ့ဝါဒကို ယုံကြည်ကိုးကွယ်တာ"

"?"

"ဟီးဟီး... ထင်မထားဘူး မလား"

ယုံကြည်ကိုးကွယ်မှု၊ ဘုရားမဲ့ဝါဒ။

ဤစကားလုံး နှစ်လုံးကို တကယ်ကြီး ပေါင်းစပ်၍ ရနိုင်ပါသလား။

"လွင်တီးခေါင်ပြင်ထဲမှာ ဘယ်နတ်ဘုရားမှ မရှိတော့အောင် လုပ်ပစ်ဖို့က... အဲဒါ ငါ့ရဲ့ ယုံကြည်ကိုးကွယ်မှုပဲ"

"အတုအယောင် နတ်ဘုရားများ ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်..."

သူမ၏ မျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။

"ဒါမှမဟုတ်" ဟူသော စကားလုံး နောက်ကွယ်ရှိ အကြောင်းအရာများကို သူမ ဆက်မပြောခဲ့ချေ။

သို့သော် အတုအယောင် နတ်ဘုရားများ ရှိနေမှတော့ အစစ်အမှန် နတ်ဘုရားများ လည်း သေချာပေါက် ရှိနေမည်သာ ဖြစ်ပေသည်။

ယခင်က အတွေ့အကြုံများအရ စဉ်းစားကြည့်မည်ဆိုပါက။

စနစ်က အစစ်အမှန် နတ်ဘုရား တစ်ပါးအဖြစ် သတ်မှတ်ထားသော တည်ရှိမှုတစ်ခုသည် သူနှင့် ရန်သူအခြေအနေ လုံးဝ ဖြစ်လာမည် မဟုတ်ကြောင်း ရဲချီယန် အမြဲတစေ ခံစားမိလေ၏။

"အဟမ်း... ဒီကိစ္စတွေကို ငါ နင့်ကို မပြောပြတော့ဘူး... နင့်အတွက် ဒါတွေကို ကြားဖို့ စောလွန်းနေသေးတယ်... နင့်ရဲ့ ရထားအဆင့်က အဆင့် နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်လောက် ရောက်တဲ့အချိန်အထိ စောင့်ပါဦး... အဲဒီကျမှ နတ်ဘုရားသတ်ဖြတ်ခြင်း အကြောင်းကို စဉ်းစားလည်း နောက်မကျသေးပါဘူး"

"အို... ဟုတ်သားပဲ... နင့်ဆီမှာလည်း ဘုရားစူး ကတ်ပြား တစ်ခု ရှိနေတာပဲ... နင့်ကတ်ပြားရဲ့ စွမ်းရည်က ဘာလဲဆိုတာကို ငါ မသိပေမယ့်... အင်း... အဆင့် ၂၀... နင် အဆင့် ၂၀ ကို ရောက်တဲ့အချိန်ကျရင် နတ်ဘုရားတွေနဲ့ ပတ်သက်ပြီး ငါသိထားသမျှ အရာအားလုံးကို နင့်ကို ပြောပြမယ်"

သူမက အသံလုံ အကာအကွယ်ကို ပြန်လည်ရုပ်သိမ်းလိုက်လေ၏။

အနည်းငယ် ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် လက်နှစ်ဖက်ကို မြှောက်ကာ အကြောဆန့်လိုက်သည်။

"ကောင်းပြီလေ... တော်လောက်ပြီ... အရင်တုန်းက ငါပေးထားတဲ့ ကုသရေး သကြားလုံးချောင်းတွေ နင့်ဆီမှာ ကျန်သေးလား... ထပ်လိုချင်သေးလား... လိုချင်တယ်ဆိုရင် ငါ နင့်ကို နှစ်ခုလောက် ရောင်းပေးနိုင်တယ်"

"အထင်မလွဲနဲ့ဦး... ငါက နင့်ကို အလကား မပေးချင်လို့ မဟုတ်ဘူး... အမြဲတမ်း အလကားပေးနေတာက နင့်ရဲ့ အဆင့်မြှင့်တင်ရေး ရွေးချယ်စရာတွေအတွက် သိပ်မကောင်းလှဘူး... အဲဒါကြောင့်မို့လို့"

【မသေသေးသရွေ့ အသက်ရှင်နိုင်သည်】

ရှာယာ၏ ကုသရေး သကြားလုံးချောင်း၏ ချွတ်ယွင်းချက်တစ်ခုသဖွယ် အစွမ်းထက်မြက်လှသော အကျိုးသက်ရောက်မှုကို ရဲချီယန်က မည်သို့လုပ် မေ့သွားနိုင်မည်နည်း။

"ဘယ်လောက်လဲ"

"အင်း... ဒင်္ဂါး ၁၀ ပြား... မဟုတ်ဘူး... ၁၀၀... တစ်ခုကို ရထားဒင်္ဂါး ၁၀၀... အများဆုံး သုံးခုပဲ ရမယ်"

All Chapters