← Chapters

အခန်း ၁၃၄၀

Vol. 117 Ch. 1340

အခန်း ၁၃၄၀

Vol. 117 Ch. 1340

အခန်း ၁၃၄၀

“ပြဿနာမရှိပါဘူး။ ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ။”

ကျူးဝူက ပြန်ဖြေလိုက်ပြီးနောက် ကြက်သွန်ဖြူဆော့စ်ဖြင့် ချက်ထားသော ဝက်သားမျှင်ကြော်နှင့် စုဆောင်းစက် နှစ်လုံးကို လွှဲပြောင်းရယူလိုက်သည်။

ကျူးဝူသည် စုဆောင်းစက်များကို အရင်ဆုံး လွှတ်တင်လိုက်ပြီးနောက် မနက်စာကို စတင်စားသုံးလိုက်တော့သည်။

ရှောင်းယီမှာ မနက်စာ စားသောက်ပြီးစီးသွားပြီဖြစ်၍ အများသုံး ချန်နယ်ထဲရှိ စကားပြောဆိုမှုများကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။

ဤအချိန်တွင် သတင်းစကားအများစုမှာ ရှောင်းယီအား မှန်များ ထပ်မံတင်သွင်းပေးရန် တောင်းပန်တိုးလျှိုးနေကြသည့် လူများဖြစ်ကြပြီး ရံဖန်ရံခါတွင် ရိက္ခာသေတ္တာထဲမှ ပစ္စည်းကောင်းများ ရရှိသည့် သတင်းအချက်အလက်အချို့နှင့် ရောနှောနေတတ်သည်။

ရှောင်းယီသည် ထိုပစ္စည်းကောင်းများကို အလွန်အမင်း အားကျသောမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ သူ့၌ ပစ္စည်းကောင်းများစွာ ရှိနေပြီး ၎င်းတို့၏ အရည်အသွေးမှာလည်း အခြားလူများထက် သာလွန်သော်လည်း အများစုမှာ စနစ်၏ ဆုလာဘ်များသာ ဖြစ်ကြပြီး ရိက္ခာသေတ္တာထဲမှ ထွက်လာသည့်အရာမှာ အလွန်နည်းပါးလှပေသည်။

“တီ တီ... ပစ်မှတ် ရိက္ခာသေတ္တာကို ဖမ်းယူရမိပါပြီ။”

အာကာသချိတ်ဆွဲဆီမှ အကြောင်းကြားသံ ထွက်ပေါ်လာခဲ့သည်။ ရှောင်းယီသည် ရိက္ခာသေတ္တာများကို ဖွင့်သည့်အလုပ်ကို ခုန်းခုန်း ၂ အား လုပ်ခိုင်းခြင်းမပြုဘဲ ကိုယ်တိုင်သာ ဆက်လက်ကိုင်တွယ်ခဲ့သည်။

သူ ရိက္ခာသေတ္တာကို ဖွင့်ကြည့်လိုက်သည်။

“ရရှိသော ကုန်ကြမ်းပစ္စည်း - အုတ်မြစ်ကျောက် ၈၊ အနက်ရောင်ရွှေ ၄၊ အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ် ၁။”

ပထမဆုံး ပစ္စည်းနှစ်မျိုးကို မြင်လိုက်ရသောအခါ ရှောင်းယီ စိတ်ထဲမှ မညည်းတွားဘဲ မနေနိုင်တော့ချေ။

“အစကတည်းက ပစ္စည်းကောင်းတွေ သိပ်မထွက်တာ...အခုကျတော့ အခြေခံကုန်ကြမ်းတွေရဲ့ အရေအတွက်ကပါ စပြီး လျော့နည်းလာတာလား။”

သို့သော် နောက်ဆုံးပစ္စည်းကို မြင်လိုက်ရသောအခါတွင်မူ ရှောင်းယီသည် ဝမ်းသာအားရဖြင့် အပေါ်သို့ မျောလွင့်သွားခဲ့တော့သည်။

ဒါပေါ့... သူ ဝမ်းသာသည်ဖြစ်စေ၊ မဝမ်းသာသည်ဖြစ်စေ အာကာသထဲမှာမို့ လွင့်ပျံနေမှာပဲ ဖြစ်သည်။

“လေးဆတိုး ရိတ်သိမ်းခွင့်ကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ကုန်ကြမ်းပစ္စည်း - အုတ်မြစ်ကျောက် ၃၂၊ အနက်ရောင်ရွှေ ၁၆၊ အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ် ၄။”

“မဆိုးဘူး။”

ရှောင်းယီသည် ထိုရလဒ်များကို ကြည့်ရင်း လျှာသပ်ကာ မိမိဘာသာ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားခဲ့ရာ ဈေးကွက်ခန်းမ၌ မှန်ကုန်ကြမ်းပစ္စည်း အမြောက်အမြား လဲလှယ်ရောက်ရှိနေသည်ကို မြင်သဖြင့် SSS အဆင့်မှန်များကို ဆက်လက်ထုတ်လုပ်လိုက်သည်။

ယခုတစ်ကြိမ်တွင် သူသည် အချပ်ရေ ၁၀၀၀၀၀ ကျော် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်အကြိမ်နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ လျော့နည်းသွားခဲ့သည်။

ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် နောက်ထပ် မှန်အချပ်ရေ ၁၀၀၀၀၀ ကို ဈေးကွက်ခန်းမတွင် ထပ်မံတင်လိုက်သည်။ ၎င်းတို့ကို တင်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ခဏအတွင်းမှာပင် လုယူခြင်းကို ခံလိုက်ရတော့သည်။

“သေစမ်း... လူတိုင်းက ပထမအဆင့်ကတည်းက ထူးချွန်ပြောင်မြောက်လာတဲ့ လူတွေချည်းပဲ။ ပြီးတော့ အားလုံးက လူပျိုကြီးတွေလည်း မဟုတ်ကြပါဘဲနဲ့။ ဘာဖြစ်လို့ သူတို့ရဲ့ လက်အရှိန်တွေက ဒီလောက်တောင် မြန်နေကြရတာလဲ။”

“အတိအကျပဲ။ ကျွန်တော် ချက်ချင်း တုံ့ပြန်ချိန်တောင် မရလိုက်ဘူး။ မှန်အချပ်ရေ ၁၀၀၀၀၀ က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတာပဲ။”

“တကယ် ဝမ်းနည်းစရာပဲ။ ငါ နှစ်ကြိမ်စလုံး လွဲချော်ခဲ့ရတယ်။ သူဌေးအနေနဲ့ စတုတ္ထအသုတ်ကို ထပ်ပြီး ထုတ်ပေးဦးမလား။”

“ထုတ်ပေးဦးမှာပါ။ နေ့တစ်နေ့က အခုမှ စတာပဲရှိသေးတာ။ သူဌေးဆီကို ကုန်ကြမ်းပစ္စည်းတွေ အများကြီး ထပ်ပြီး ရောက်လာဦးမယ်လို့ ငါယုံကြည်တယ်။”

“သူဌေး... နောက်ထပ် နည်းနည်းလောက် ထပ်ရောင်းပေးပါဦးလို့ တောင်းပန်ပါတယ်။ ကျွန်တော့်ဘက်က အနက်ရောင်တွေကို အဆင်သင့် ပြင်ထားပြီးပါပြီ။”

“ဟုတ်တယ်... ကျွန်တော် အောက်ဆီဂျင်၊ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီတွေကို လုံလုံလောက်လောက် ဝယ်စုထားပြီးပြီ။ ကျွန်တော့်လက်ထဲက အနက်ရောင်ရွှေတွေက ဒီမှန်အတွက် သီးသန့်ပဲ။”

ရှောင်းယီသည် ယခုအချိန်တွင် ထိုလူများ၏ စကားကို အာရုံစိုက်ရန် အချိန်မရှိချေ။ ထိုအစား သူသည် ကျူးဝူနှင့် သီးသန့်စကားပြောဆိုမှုကို စတင်လိုက်သည်။

“ကျူးဝူ... မင်း အချိန်ရလား။ ငါတို့ စကားခဏလောက် ပြောရအောင်။”

ရှောင်းယီက မေးလိုက်သည်။ ထိုစကားကို မြင်လိုက်ရသောအခါ ကျူးဝူ၏ ရင်ထဲ၌ အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။

ခေါင်းဆောင်တစ်ယောက်က သင့်ကို ယခုကဲ့သို့ ရုတ်တရက် လာရောက်ရှာဖွေသည်ကို မြင်လျှင် သင်၏ ပထမဆုံး တုံ့ပြန်မှုက ဘာဖြစ်မလဲ စိတ်ကူးကြည့်လိုက်ပါ။

ငါ အလုပ်ကောင်းကောင်း မလုပ်နိုင်လို့ ငါ့ကို အလုပ်ဖြုတ်ဖို့ ပြင်ဆင်နေတာလား။

ဒါမှမဟုတ် ငါ့ကို ရာထူးရွှေ့ပြောင်းတာ၊ လစာလျှော့တာမျိုး လုပ်တော့မှာလား။

“ရပါတယ်။ တစ်ခုခု ရှိရင် တိုက်ရိုက်သာ မိန့်ကြားလိုက်ပါ သူဌေး။”

ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။

“ငါ မင်းနဲ့ နောင်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ဆွေးနွေးချင်လို့ပါ။”

ရှောင်းယီက ပြောလိုက်သည်။

‘ငါ ထင်တဲ့အတိုင်းပဲ။’

ကျူးဝူ စိတ်ထဲကနေ တွေးလိုက်မိပြီး ချက်ချင်း ပြန်ပြောလိုက်သည်။

“သူဌေး... ကျွန်တော့်ကိုတော့ မစွန့်လွှတ်လိုက်ပါနဲ့။ အကယ်၍ ကျွန်တော့်အပေါ် မကျေနပ်တာမျိုး ရှိရင်လည်း တိုက်ရိုက်ပဲ ပြောပြလိုက်ပါ။ ကျွန်တော် သူဌေးနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကျွန်တော့်ရဲ့ အားနည်းချက်တွေကို ပြုပြင်ပါ့မယ်။ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပါ့မယ်။”

ရှောင်းယီ အနည်းငယ် ကြောင်အမ်းသွားခဲ့၏။ ပြီးမှ ရယ်မောကာ ပြောလိုက်သည်။

“မင်း ဘာတွေ လျှောက်ပြီး ပေါက်ကရတွေ ပြောနေတာလဲ။”

ကျူးဝူသည်လည်း ကြောင်အမ်းသွားခဲ့ရသည်။ သူ စကားထပ်မပြောရသေးမီမှာပင် ရှောင်ယီက နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“မင်း ငါနဲ့အတူတူ ရှေ့ဆက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမယ်ဆိုတာ သေချာလား။”

“သေချာတာပေါ့။ ဒါက လွန်ခဲ့တဲ့အချိန်ကတည်းက ဆုံးဖြတ်ထားပြီးသားပဲ။”

ကျူးဝူက ပျာပျာသလဲ ပြောလိုက်သည်။

“အင်း... မင်းရဲ့ အရင်က လုပ်ဆောင်ချက်တွေအပေါ်မှာလည်း ငါ တော်တော်လေး စိတ်ကျေနပ်မှုရှိတယ်။ ဒါကြောင့် ငါတို့ရဲ့ နောက်ထပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနဲ့ ဦးတည်ချက်ကို မင်းနဲ့ ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်။”

ရှောင်းယီက အနည်းငယ် ခေါင်းညိတ်ရင်း ဆက်ပြောလိုက်သည်။

“အမိန့်ရှိပါ သူဌေး။ ကျွန်တော် နားထောင်နေပါတယ်။ ပြီးတော့ သူဌေူရဲ့ ညွှန်ကြားချက်အတိုင်း လုံးဝ အကောင်အထည်ဖော်ပေးသွားပါ့မယ်။”

ကျူးဝူက ချက်ချင်းပင် သူ၏ သဘောထားကို ထုတ်ဖော်ပြသလိုက်သည်။

ရှောင်းယီ အနည်းငယ် ဆွံ့အသွား၏။ သူက ကူကယ်ရာမဲ့စွာသာ ပြောလိုက်ရသည်။

“ဒါက ဒီလိုရှိတယ်...။ အခု ငါ့လက်ထဲမှာ အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ် အချို့ ရှိနေတယ်။ ဒါကြောင့် မင်းအနေနဲ့ ဒါတွေကို ကျန်းယွင်ထျန်းတို့ဘက်ဆီ ရောက်အောင် ကူညီပြီး သယ်ဆောင်ပေးသွားဖို့ ငါ မျှော်လင့်တယ်။”

“အချို့ ဟုတ်လား။ အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ်တွေလား။”

ကျူးဝူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဟုတ်တယ်။ တစ်ကတ်ထက်မကဘူး။”

ရှောင်းယီက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

“သူဌေးက အရမ်းမိုက်တာပဲ။”

ကျူးဝူ ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။

“စိတ်အေးအေးထားစမ်းပါ။”

ရှောင်းယီက ချက်ချင်း ပြောလိုက်၏။

“ငါ့ရဲ့ အတွေးကတော့ ဒီလို... လောလောဆယ် ဂလက်ဆီတစ်ခုစီမှာ လူတစ်ယောက်ပဲ အဆင့်မြှင့်ဖို့ အစီအစဉ်ဆွဲထားတယ်။ ပြီးရင် အဲဒီဂလက်ဆီထဲမှာ ရှိတဲ့ အဖော်တွေအားလုံးက အဆင့်မြှင့်ထားတဲ့ အာကာသယာဉ်ဆီကို တဖြည်းဖြည်း တိုးကပ်လာကြရမယ်။ ဒီလိုနည်းနဲ့ မင်းအနေနဲ့ နောင်တစ်ချိန်မှာ တခြားဂလက်ဆီတွေထဲကို ဝင်ရောက်နိုင်တဲ့အခါ ငါတို့ရဲ့ အဖော်တွေက အတိုင်းအတာတစ်ခုအထိ အားသာချက်ရှိတဲ့ အနေအထားကို ရရှိထားမှာ သေချာတယ်။”

“ကျွန်တော် သဘောတူပါတယ်။”

ကျူးဝူက ချက်ချင်း ပြောလိုက်သည်။

“ဒါပေမဲ့ မင်းကတော့ လောလောဆယ် အဆင့်မြှင့်လို့ မရသေးဘူး။”

ရှောင်းယီက ဆိုသည်။

“ကျွန်တော် အဆင့်မြှင့်လို့မရတာ မဟုတ်ပါဘူး။ အဆင့်မြှင့်ဖို့ မလိုတာပါ။ ဂလက်ဆီတစ်ခုမှာ လူတစ်ယောက်ပဲ အဆင့်မြှင့်ဖို့ စီစဉ်ထားတာဆိုတော့ ကျွန်တော်တို့ ဂလက်ဆီမှာ သူဌေးက အဆင့်မြှင့်ပြီးသားလေ။ ကျွန်တော် ကြယ်တံခွန်ဆီကနေ ရုန်းထွက်နိုင်တဲ့ အချိန်ကျမှပဲ သူဌေးဆီကို တိုးကပ်လာခဲ့ရင် ရပြီ။”

ကျူးဝူက ပြန်ဖြေလိုက်သည်။

ရှောင်ယီ အနည်းငယ် ကြောင်အသွားပြီးမှ ခေါင်းခါကာ ပြောလိုက်သည်။

“ငါ မင်းအတွက် တစ်ကတ် ချန်ထားပေးမှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ မင်း ကြယ်တံခွန်ပေါ်မှာ အရင်းအမြစ်တွေကို သေချာလေး ဆက်ပြီး စုဆောင်းဖို့ လိုသေးတယ်။”

“အာ...ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။ သူဌေး စိတ်ချပါ... ကျွန်တော် အရင်းအမြစ်တွေကို သေချာပေါက် ကောင်းကောင်း စုဆောင်းသွားပါ့မယ်။”

ကျူးဝူက အံ့ဩဝမ်းသာစွာဖြင့် ပြောလိုက်သည်။

ဘယ်သူက မိမိ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို အာကာသယာဉ်အဖြစ် အဆင့်မမြှင့်ချင်ဘဲ နေမည်နည်း။

“ပြီးတော့ ကျန်းယွင်ထျန်းတို့ ရှိနေတဲ့ ဂလက်ဆီအတွက်လည်း နေရာက တစ်နေရာပဲ ရှိလိမ့်မယ်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ဟုတ်ကဲ့... အဲဒါကို ကျန်းယွင်ထျန်းဆီပဲ ပေးလိုက်ပါ့မယ်။ သူတို့ နှစ်ယောက်က တော်တော်နီးနီးမှာ ရှိကြတာဆိုတော့ နောက်ကျရင် အားကုန်းကို ကျန်းယွင်ထျန်းကို သွားရှာခိုင်းလို့ ရတယ်။”

ကျူးဝူက ချက်ချင်း ပြောလိုက်သည်။

သူသည် မိမိကိုယ်မိမိ အမြဲတမ်း နှိမ့်ချထားပြီး သူဌေး ရှောင်းယီ၏ ခြေသလုံးကို အမိအရ တွယ်ကပ်ထားရန် သဘာဝအတိုင်း မျှော်လင့်နေခဲ့သည်။

“ဒါဆိုရင် ကျေးဇူးပဲ။”

ရှောင်းယီသည် ဤမျက်နှာသာပေးမှုကို သဘာဝအတိုင်း လက်ခံလိုက်၏။

“အဲဒီဂလက်ဆီမှာ သူတို့ နှစ်ယောက်တည်းပဲ ရှိတာဆိုတော့ ကျန်းယွင်ထျန်းကိုပဲ အာကာသယာဉ် မောင်းပြီး လာခိုင်းတာက ပိုပြီး သင့်တော်တယ်။”

“ဟုတ်ပါတယ်။ သူတို့ကို တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့နိုင်ဖို့ ဦးတည်ပြီး ပျံသန်းခိုင်းလိုက်တာပေါ့။”

ကျူးဝူက ပြုံးကာ ပြောလိုက်သည်။

“အင်း... ဒါဆိုရင် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ။ ခဏနေရင် မင်း ဒီဘက်မှာ စုဆောင်းရမိတဲ့ အရင်းအမြစ်တွေ အားလုံးကို ငါ့ဆီ လဲလှယ်ပြီး လွှဲပေးလိုက်။”

ရှောင်းယီက ထိုသို့ပြောလိုက်ပြီးနောက် အရောင်းအဝယ်တစ်ခုကို စတင်လိုက်သည်။

“အုတ်မြစ်ကျောက် ၁၀ သန်း၊ အနက်ရောင်ရွှေ ၁၀ သန်း၊ အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ် ၁ - အခမဲ့ လဲလှယ်ခြင်း။”

ရှောင်းယီ လဲလှယ်ပေးလိုက်သော ပစ္စည်းများကို မြင်သောအခါ ကျူးဝူ၏ မျက်လုံးများမှာ ပြူးထွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ဒါက သူတို့အတွက် လိုအပ်တဲ့ အရင်းအမြစ်ပစ္စည်း အားလုံးကို တိုက်ရိုက် ပြင်ဆင်ပေးလိုက်တာပဲ မဟုတ်ဘူးလား။ သူတို့အနေနဲ့ ဒီအရာတွေကို ယူပြီး အဆင့်မြှင့်တင်ဖို့ပဲ လိုတော့တယ်။

“သူဌေးနဲ့ ပူးပေါင်းရတာက တကယ့်ကို ရှယ်ကြီးပဲ။”

ကျူးဝူ သက်ပြင်းချကာ ရေရွတ်လိုက်မိသော်လည်း မကြာမီမှာပင် သူ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။

ရှောင်းယီသည် သူ့ထံသို့ အနက်ရောင်ရွှေများကို လဲလှယ်ပေးနေခြင်း ဖြစ်ပါလျက် ဘာဖြစ်လို့ သူ စုဆောင်းရရှိထားသော အနက်ရောင်ရွှေများကို ပြန်လည်လဲလှယ်ခိုင်းနေရသနည်း။

သို့သော် ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ချေ။ ဘာပဲဖြစ်ဖြစ် အချိန်အများကြီး ကုန်ဆုံးစေမည်မဟုတ်ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် လုပ်ဆောင်ရုံမျှသာ ဖြစ်သည်။

“အနက်ရောင်ရွှေ ၁.၂ သန်း - အခမဲ့ လဲလှယ်ခြင်း။”

ထိုမျှများပြားသော အနက်ရောင်ရွှေများထဲတွင် ယခင်က လူတိုင်းအတွက် သတင်းစကားများ ပါးပေးခြင်းမှ ရရှိသော အရောင်းအဝယ် အမြတ်အစွန်းများလည်း ပါဝင်သည်။

ရှောင်းယီသည် အရောင်းအဝယ်ကို ချက်ချင်းပင် အတည်ပြုပေးလိုက်ပြီး သူ၏ လက်ထဲတွင် ၎င်းက ၄.၈ သန်း ယူနစ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

အရောင်းအဝယ် အောင်မြင်ပြီးနောက် ကျူးဝူသည် အရောင်းအဝယ်ခန်းမထဲရှိ အရောင်းအဝယ် မှတ်တမ်းများကို ပြန်လည်ကြည့်ရှုလိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ပိုမို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့တော့သည်။

All Chapters