← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂ - ကျားရေခြုံ၍ ခြိမ်းခြောက်ခြင်း။

ကျားနီခန်းမထံသို့ မသွားမီသူတို့အနေဖြင့် မိမိတို့၏ တံခါးဝရှေ့အထိ လာရောက်အပ်နှံမည့် ဝိဉာဥ်ကျောက်တုံးလေးသောင်းကို စောင့်ဆိုင်းရန် လိုအပ်နေသေးသည်။

သူတို့သည် ဟွမ်ထိုင်ဂိုဏ်း၏ ဗဟိုခန်းမဆောင် တံခါးဝတွင် စောင့်ဆိုင်းနေခဲ့ကြရာ မကြာမီမှာပင် လူတစ်ဦး ရောက်ရှိလာပြီး ကျောက်တုံးများကို လာရောက်ပေးအပ်ခဲ့သည်။

ထိုသူ့နောက်တွင်မူ အခြားသော လူများသည်လည်း ကျောက်တုံးများကို ပေးအပ်ရန်အတွက် တစ်ဦးပြီးတစ်ဦး ဆက်တိုက်ဆိုသလို ရောက်ရှိလာခဲ့ကြတော့သည်။

သူတို့အားလုံးမှာ အံ့ဩမှင်တက်နေခဲ့ကြသည်။

"ဟင်... ဘာဖြစ်လို့ ဟွမ်ထိုင်ဂိုဏ်းရဲ့ ဝိညာဉ်ချီတွေက ဒီလောက်အထိ အားနည်းနေရတာလဲ။ ဝိဉာဥ်သွေးကြော ပိတ်ဆို့သွားတာများလား။"

ဝေ့ဝူသည် သဘာဝကျကျပင် သူတို့ကို အမှန်တရားကို ပြောပြလိမ့်မည် မဟုတ်ချေ။

စုစုပေါင်း ကျောက်တုံးလေးသောင်းကို အိတ်ကပ်ထဲသို့ ထည့်သွင်းပြီးနောက်ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့သည် ကစားစရာကားလေးပေါ်သို့ တက်ရောက်ကာ မြောက်ဘက်သို့ ဦးတည်ထွက်ခွာခဲ့ကြတော့သည်။

အတန်ကြာ ပျံသန်းပြီးနောက်သူတို့သည် တောင်တန်းတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့၏ ရှေ့မှောက်ရှိ တောင်ကုန်းအနည်းငယ်မှာ မြူခိုးမြူငွေ့များ ရစ်ဆိုင်းနေခဲ့ပြီး နတ်သက်ကြွေရာ အရပ်တစ်ခုနှင့်ပင် တူလှပေသည်။

သို့သော် အသေအချာ ကြည့်လိုက်သည့်အခါ တောင်ကုန်းများ၏ ဘေးပတ်ပတ်လည်တွင် တိုက်ခိုက်မှုဒဏ်ရာဒဏ်ချက် အမြောက်အမြား ရှိနေသည်ကို သတိပြုမိလိုက်ကြရသည်။

ထို့အပြင် ယခုအချိန်တွင် ဤတောင်ကုန်းများပေါ်၌ အလွန်ပင် ရှုပ်ထွေးပွေလီနေခဲ့ပြီး လူအများအပြားမှာ အော်ဟစ်အော်မြည် နေကြပုံရသည်။

ကျားနီခန်းမအနေဖြင့် ပိုင်ရှန်းချိုင့်ဝှမ်းတွင် ရှုံးနိမ့်သွားခဲ့သည့် သတင်းမှာ ပျံ့နှံ့သွားခဲ့ချေပြီ။ ထိုနေရာရှိ တပည့်များသည် ဘေးဒုက္ခကြီး ထပ်မံကျရောက်တော့မည်ကို သိရှိထားကြသဖြင့် တောင်ပေါ်ရှိ အရင်းအမြစ်မျိုးစုံကို ရူးသွပ်စွာဖြင့် လုယက်ကာ သူတို့၏ သိုလှောင်အိတ်များထဲသို့ ထည့်သွင်းရင်း ထွက်ပြေးရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ထိုနယ်မြေရှိ အခြားသော ကျင့်ကြံသူများသည်လည်း သတင်းကို ကြားသိရသည်နှင့် အမြန်ဆုံး ပြေးဝင်လာကြပြီး အကျိုးအမြတ်အချို့ ခွဲဝေရယူလိုကြသည်။

ထို့ကြောင့် ဤတောင်ကုန်းများမှာ သေဆုံးနေသော တောရိုင်းနွားရိုင်းကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ရေတွက်၍မရနိုင်သော ယင်ကောင်များနှင့် ပိုးကောင်များ၏ ဝါးမြိုခြင်းကို ခံနေရသည့်အလား ဖြစ်နေခဲ့သည်။

ဝေ့ဝူသည် ဤလူများကို မောင်းထုတ်ရန် ရည်ရွယ်ချက်မရှိချေ။

ပထမဦးစွာအနေဖြင့် သူတို့တွင် လူဦးရေ များပြားလှသောကြောင့် ဖြစ်ပြီး ဒုတိယဦးစွာအနေဖြင့်မူ ဤနေရာ၌ ဘာမှ သိပ်မကျန်တော့သောကြောင့် ဖြစ်သည်။

ကျားနီခန်းမကိုယ်တိုင်က ဤနေရာကို လုယူသိမ်းပိုက်ထားခြင်း ဖြစ်ပြီး ယခုအခါ ၎င်းမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ မည်သူမျှ ကာကွယ်ပေးလိမ့်မည် မဟုတ်ချေ။

၎င်းအပြင် သူတို့၏ ပစ်မှတ်မှာ အခြားသူများ လုယူ၍မရနိုင်သော အရာတစ်ခု ဖြစ်နေခဲ့သည်။

တောင်တန်းများအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ဝေ့ဝူသည် လူနှစ်ဦးကို သတိပြုမိလိုက်သည်။

ယခင်က ကျားနီခန်းမတွင် စုစုပေါင်း မန်ရှင်းအဆင့် ၆ကျွမ်းကျင်သူ လေးဦး ရှိခဲ့ရာ နှစ်ဦးမှာ အသတ်ခံခဲ့ရပြီး နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ထွက်ပြေးသွားခဲ့ကြသော လူများမှာ အတိအကျပင် ဤနေရာ၌ ရှိနေကြခြင်း ဖြစ်သည်။

သူတို့သည် ဝေ့ဝူကို မြင်လိုက်ရသည့်အခါ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူဖျော့သွားခဲ့ကြရပြီးကိုယ်ကိုလှည့်ကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။

ဝေ့ဝူသည် နာရူတိုအား တစ်ဦးကို လိုက်လံတိုက်ခိုက်ရန် အမိန့်ပေးလိုက်ပြီး မန်ဒလာအား အခြားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်စေခဲ့သည်။

ထိုလူနှစ်ဦး သေဆုံးသွားခဲ့ပြီးနောက်နာရူတိုသည် သူတို့၏ သိုလှောင်အိတ်များကို ပြန်လည်ယူဆောင်လာခဲ့သည်။

ဝေ့ဝူစစ်ဆေးကြည့်လိုက်ရာ ထိုသိုလှောင်အိတ်နှစ်ခုအတွင်း၌ အမှန်တကယ်ပင် စုစုပေါင်း ကျောက်တုံး နှစ်သောင်း (၂၀,၀၀၀) ပါဝင်နေသည်ကို တွေ့ရှိလိုက်ရသည်။

"ဒီလူနှစ်ယောက်က သူတို့ရဲ့ ကျောက်တုံးတွေကို ပြန်လာယူတာ ဖြစ်ရမယ် အခုတော့ ငါ့အတွက် သက်သက် အကျိုးအမြတ် ဖြစ်သွားတာပေါ့။"

ဤအချက်နှင့်အတူ ဝေ့မိသားစုတွင် ယခုအခါ ကျောက်တုံး တစ်သိန်းငါးသောင်းငါးထောင် (155,000) ရှိနေပြီ ဖြစ်ရာ ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင်ကို ဝယ်ယူရန်အတွက် လုံလောက်ပေလိမ့်မည်။

ဝေ့ဝူအနေဖြင့် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။

ဤလူများသည် မူလက ဘေးဒုက္ခမှ ထွက်ပြေးရန်အတွက် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင်မူ သူတို့၏ အရိုးများကို ဤနေရာ၌ပင် မြေမြှုပ်သွားခဲ့ကြရရှာသည်။

ထို့နောက်တွင် ထိုလူနှစ်ဦးသည် ဗဟိုတောင်ထွတ်၏ နောက်ကွယ်ရှိ တောင်ထွတ်အချို့ထံသို့ ရောက်ရှိလာခဲ့ကြသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဤနေရာများသည် ဂိုဏ်းတစ်ခုမှ ကျင့်ကြံခြင်းအတွက် အသုံးပြုသော နေရာများ ဖြစ်ကြသည်။

အမှန်တကယ်ပင် တောင်ကုန်းတစ်ခုပေါ်တွင် အလွန်ပင် ကြီးမားထည်ဝါလှသော အဆောက်အအုံကြီးတစ်ခု ရှိနေခဲ့ပြီး ၎င်းမှာ ကိုက် ရာဂဏန်းခန့် မြင့်မားကာ မျှော်စင်ကြီးတစ်ခုနှင့် တူလှပေသည်၎င်းကိုကိုးထပ်နဂါးပလ္လင်ဟု ခေါ်ဆိုကြသည်။

ဤအဆောက်အအုံအတွင်းသို့ ဝင်ရောက်လိုက်သည့်အခါအတွင်းရှိ ဝိညာဉ်ချီများမှာ အလွန်ပင် သိပ်သည်းလှပေသည်။ ဗဟိုချက်သို့ ရောက်ရှိသွားသည့်အခါသူတို့သည် ကြီးမားလှသော ဝိညာဉ်စမ်းချောင်းတစ်ခုကို တွေ့ရှိခဲ့ကြရပြီး ၎င်းမှာ ဝိညာဉ်စမ်းချောင်း ပုံသဏ္ဌာန်ရှိသော ဝိညာဉ်မျက်စိတစ်ခု ဖြစ်နေခဲ့သည်။

ဝိညာဉ်စမ်းချောင်းကို ဝိုင်းရံထားသည်မှာ ဆလင်ဒါပုံသဏ္ဌာန်ရှိသော အတွင်းနံရံကဲ့သို့ပင် တရားထိုင်ရန်အတွက် ရေတွက်၍မရနိုင်သော သေးငယ်လှသည့် အခန်းလေးများ ရှိနေကြသည်။

ယခုအချိန်တွင် လူအချို့မှာ ဤနေရာ၌ တင်ပလ္လင်ခွေထိုင်ရင်း အေးအေးလူလူ ကျင့်ကြံနေကြဆဲ ဖြစ်သည်။

"ဒီလို အခြေအနေမျိုးအောက်မှာတောင်မှ အေးအေးဆေးဆေး ကျင့်ကြံနိုင်နေသေးတယ်ဆိုတော့ သူတို့က တကယ့်ကို နှလုံးသား ကြီးမားကြတာပဲ။"

ဝေ့ဝူသည် ရုပ်သေးရုပ်တစ်ရုပ်အား ဤလူများကို မောင်းထုတ်ရန် အမိန့်ပေးလိုက်ပြီး ထိုနယ်မြေကို ပိတ်ဆို့လိုက်သည်။ ထို့နောက်တွင် သူသည် မိမိ၏ ဘဏ်ကတ်ကို ဝိညာဉ်စမ်းချောင်းအတွင်းသို့ ပစ်ထည့်လိုက်ပြီး ဘိုးဘေး ဝေ့ချွမ်ဟဲသည်လည်း ထိုနည်းအတိုင်းပင် လုပ်ဆောင်ခဲ့သည်။

နောက်တစ်ဆင့်အနေဖြင့် သူတို့သည် ထိုနယ်မြေကို စောင့်ကြပ်ရင်း မိမိတို့၏ ဘဏ်ကတ်များကို အသက်သွင်းလိုက်ကြတော့သည်။

ဘိုးဘေး ဝေ့ချွမ်ဟဲက မျက်မှောင်ကုတ်ရင်းဆိုသည်။

"ဝိဉာဥ်သွေးကြောတစ်ခုကို လုံးဝဥဿုံ ခန်းခြောက်အောင် စုပ်ယူတာက ၎င်းရဲ့ အမြစ်နဲ့ အရင်းအမြစ်ကို ဖျက်ဆီးပစ်တဲ့ လုပ်ရပ်ပဲ။ ဒါက... ကောင်းကင်ဘုံရဲ့ သဟဇာတဖြစ်မှုကို ဆန့်ကျင်နေသလိုပဲ။"

"ဒါက ဘာဆန်းတာမလို့လဲ။ အဖေကိုပဲ အိမ်ရာကျမ်းစာအုပ်ကို လှန်လှောခိုင်းလိုက်ရုံပေါ့ ဒါဆိုရင် ဆုံးရှုံးသွားတဲ့ ကောင်းကင်ဘုံရဲ့ သဟဇာတဖြစ်မှုက ပြန်လည် ပြည့်စုံသွားမှာ မဟုတ်ဘူးလား။"

ဝေ့ဝူက ပြုံးလျက်ဆိုလိုက်သည်။

မကြာမီမှာပင် ထိုလူနှစ်ဦးသည် ဤနေရာရှိ ဝိဉာဥ်သွေးကြောကို လုံးဝဥဿုံ ခန်းခြောက်အောင် စုပ်ယူလိုက်ကြတော့သည်။

ယခုအချိန်တွင် ဤတောင်တန်းများပေါ်၌ လုယက်နေကြသော အခြားသော ကျင့်ကြံသူများသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများမှာ ချက်ချင်းဆိုသလို ခန်းခြောက်သွားသည်ကို ခံစားလိုက်ကြရသဖြင့် အားလုံးမှာ အံ့ဩမှင်တက်သွားခဲ့ကြရသည်။

"လုံထန်ဂိုဏ်းနဲ့ ကျားနီခန်းမတို့ တစ်ခုပြီးတစ်ခု ပျက်စီးသွားတာနဲ့အမျှဒီတောင်တန်းတွေရဲ့ အောက်မှာရှိတဲ့ ဝိဉာဥ်သွေးကြောကလည်း ခန်းခြောက်သွားတာများလား။"

ဤအချိန်တွင်ဝေ့ဝူနှင့် သူ၏ အဘိုးဖြစ်သူတို့သည် ဝိညာဉ်ချီများ ပြည့်လျှံနေသော မိမိတို့၏ ဘဏ်ကတ်များကို သယ်ဆောင်ရင်း ထိုနယ်မြေမှ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။

"တစ်သိန်း တစ်သိန်း"

ဘိုးဘေး ဝေ့ချွမ်ဟဲသည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သဖြင့် ကိုယ့်ကိုယ်ကိုယ်ပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။

ထိုလူနှစ်ဦးစလုံးသည် ဤဝိဉာဥ်သွေးကြောထံမှ ဝိညာဉ်ချီပေါင်း တစ်သိန်း စီကို အသီးသီး စုပ်ယူရရှိခဲ့ကြခြင်း ဖြစ်ပေသည်။

ယခုအခါဟမိမိတို့၏ ဘဏ်ကတ်များအတွင်း၌ ကျောက်တုံး တစ်သိန်းရှစ်သောင်း (180,000) နှင့် ညီမျှသော ဝိညာဉ်ချီ ပမာဏ ရှိနေခဲ့ချေပြီ။ အတူတူ ပေါင်းထည့်လိုက်ပါက သုံးသိန်းခြောက်သောင်း (360,000) ဖြစ်ပေသည်။

"ဒီခရီးစဉ်နဲ့တင် ငါတို့မှာ ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင်ကို ဝယ်ဖို့ ကျောက်တုံးတွေ ရှိသွားပြီ ပြီးတော့ အခြားနေရာတွေမှာ အသုံးပြုဖို့ ဝိညာဉ်ချီတွေလည်း ရှိသွားပြီ။"

ဘိုးဘေးဝေ့ချွမ်ဟဲသည် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။

ကစားစရာကားလေးပေါ်တွင် ထိုင်ရင်းသူတို့သည် မိုင်ပေါင်းဆယ်ဂဏန်းခန့် မြင့်မားသော ကောင်းကင်ယံ၌ ပျံသန်းခဲ့ကြသည်။

ရံဖန်ရံခါတွင် သူတို့သည် အစွမ်းထက်လှသော သားရဲရိုင်းများ ဘေးနားမှ ဖြတ်သန်းသွားသည်ကို မြင်တွေ့ရတတ်ပြီး ကျင့်ကြံသူတစ်ဦးနှင့်ပင် တစ်ကြိမ် ဆုံတွေ့ခဲ့ရသေးသည်။

များပြားလှသော ဝိညာဉ်ချီ ပမာဏကြီး၏ မောင်းနှင်မှုကြောင့် ကစားစရာကားလေးသည် ၎င်း၏ အမြင့်ဆုံးအရှိန်ဖြင့် တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။

မကြာမီမှာပင်သူတို့သည် မိုင်ပေါင်း လေးထောင်ကျော် ဝေးကွာသော အကွာအဝေးကို ဖြတ်ကျော်ကာ ကူယွန်းတောင်တန်းရှိ ချန်ချွမ်တောင်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြတော့သည်။

ကစားစရာကားလေးကို သိမ်းဆည်းလိုက်ပြီးနောက်ထိုလူနှစ်ဦးသည် တဖြည်းဖြည်းနှင့် အောက်သို့ ပျံသန်းဆင်းသက်ခဲ့ကြသည်။

ဝေ့မိသားစု၏ ဗဟိုခန်းမဆောင်အတွင်း၌ဝေ့ကျင်းပေါ်သည် စာအုပ်တစ်အုပ်ကို ဖတ်ရှုနေခဲ့သည်။

သူတို့ကို မြင်လိုက်ရသည့်အခါ သူက မတ်တပ်ရပ်လိုက်ရင်းဆိုသည်။

"ပြန်လာကြပြီလား။ ပိုင်ရှန်းချိုင့်ဝှမ်းမှာ အခြေအနေ ဘယ်လိုလဲ။ ငါတို့ နိုင်ခဲ့လား။ ငါ မင်းတို့ကို ဖုန်းဆက်ပေမဲ့ မင်းတို့က မဖြေကြဘူး။"

ဝေ့ကျင်းပေါ်သည် သူတို့ကို ဖုန်းဆက်ခဲ့သော်လည်း သူတို့သည် အခြားသော ကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေခဲ့ကြသည့်အပြင် သူ့ကို အံ့အားသင့်စရာတစ်ခု ပေးချင်နေခဲ့ကြသဖြင့် တမင်တကာပင် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ကြခြင်း ဖြစ်သည်။

ဝေ့ဝူသည် သူ၏ ဘဏ်ကတ်ကို လှမ်းပစ်ပေးလိုက်သည်။ ဝေ့ကျင်းပေါ်သည် သံသယစိတ်ဖြင့် ဖမ်းယူလိုက်ပြီး တစ်ချက် ကြည့်လိုက်ရာ လုံးဝဥဿုံ အလန့်တကြား ဖြစ်သွားခဲ့ရတော့သည်။

"ဒီဝိညာဉ်ချီတွေက... ဒီဝိညာဉ်ချီတွေက"

ဝေ့ကျင်းပေါ်သည် သူ၏ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ဤမျှလောက် များပြားလှသော ဝိညာဉ်ချီ ပမာဏကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ထိုလူနှစ်ဦး ထိုင်လိုက်ကြပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် ပြောပြလိုက်ကြတော့သည်။

ချိုးချန်ကျွင်း၏ ကတိသစ္စာမရှိမှုနှင့် ပတ်သက်၍ဝေ့ကျင်းပေါ်သည် အနည်းငယ်သာ အံ့ဩခဲ့ပြီး ၎င်းကို အတန်ငယ် ကြိုတင်ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း အဖိုးနှင့် မြေးနှစ်ဦးက ဝိဉာဥ်သွေးကြော နှစ်ခုလုံးကို ခန်းခြောက်အောင် စုပ်ယူခဲ့ကြသည်ကို သိရှိလိုက်ရသည့်အခါတွင်မူ ဝေ့ကျင်းပေါ်၏ အမူအရာမှာ အလွန်ပင် ထူးခြားဆန်းပြား သွားခဲ့ရတော့သည်။

ဝေ့ဝူသည် နောက်ထပ် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းတွင် ကျောက်တုံး တစ်သိန်းငါးသောင်းငါးထောင် (155,000) ပါဝင်နေခဲ့သည်။

"ငါတို့မှာ ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင်အတွက် ကျောက်တုံးတွေ ရှိနေပြီပေါ့။"

ဝေ့ကျင်းပေါ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရင်းသိုလှောင်အိတ်ကို သိမ်းဆည်းထားရန်ဝေ့ဝူကို ပြောလိုက်သည်။

"ဝိညာဉ်ပို့ဆို့ခြင်း အစီအရင်ကို ဝယ်ယူဖို့ ကိစ္စအတွက်ကတော့ အချိန်ကျလာရင် မင်းပဲ ခရီးတစ်ခု ထပ်သွားရလိမ့်မယ်။"

ဝေ့ဝူခေါင်းညိတ်လိုက်ပြီး သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်သည်။

"အခုအချိန်မှာ ငါတို့ရဲ့ ဝေ့မိသားစုမှာ ဘာမှမလိုတော့ဘူးလို့ ပြောလို့ရပေမဲ့..."

ဝေ့ကျင်းပေါ်က မျက်မှောင်ကုတ်လိုက်ရင်း သူ၏ လေသံမှာ အနည်းငယ် လေးနက်သွားခဲ့သည်။

"မကြာသေးခင်က ငါ မကြာခဏဆိုသလို စိုးရိမ်ပူပန်မှုတွေ ဖြစ်နေခဲ့ရတယ် အကြောင်းကတော့ ငါတို့ရဲ့ ဝေ့မိသားစုက အမြဲတမ်း မရေမရာဖြစ်ပြီး အပေါ်ယံ အခြေအနေမှာပဲ ရှိနေလို့ပဲ။"

၎င်းကိုကြားလိုက်ရသည့်အခါဝေ့ဝူနှင့် ဘိုးဘေးဝေ့ချွမ်ဟဲတို့နှစ်ဦးစလုံးမှာ တည်ငြိမ် လေးနက်သော အမူအရာများ ဖြစ်သွားခဲ့ကြရသည်။

"ပေါက်စီတွေ ဖြစ်စေ မျိုးရိုးဗီဇကျမ်းဖြစ်စေ၊ ရုပ်သေးရုပ်တွေ ဖြစ်စေ၊ ဝိညာဉ်အပေါက်တိုးမြှင့်ခြင်း ဖြစ်စေ... ပြီးတော့ အသက် ၁၉ နှစ်တောင် မပြည့်သေးတဲ့မန်ရှင်းအဆင့် ကျင့်ကြံသူဖြစ်တဲ့ ဝူအာ ဖြစ်စေ... ဒါတွေအားလုံးက ငါတို့လို သေးငယ်လှတဲ့ ဝေ့မိသားစု ပိုင်ဆိုင်သင့်တဲ့ အရာတွေမလို့လား။ ဒါမှမဟုတ် အခြားသူတွေရဲ့ မျက်လုံးထဲမှာ ငါတို့က ဒါတွေကို ပိုင်ဆိုင်ဖို့ ထိုက်တန်လို့လား။"

"အကယ်၍ ငါတို့ ဝေ့မိသားစုမှာ မန်ရှင်းအဆင့် မြင့်မားတဲ့ မိသားစုဝင် အများအပြား ရှိနေပြီး ငါတို့ကို စောင့်ကြပ်ပေးနေမယ်ဆိုရင် ငါ လုံးဝ စိုးရိမ်ပူပန်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ လက်ရှိ ဝေ့မိသားစုက ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ သာမန်လူသားတစ်ဦးလိုပဲ။ စွန်အနည်းငယ်ရဲ့ ပံ့ပိုးမှုနဲ့ပဲ ပျံသန်းနေတာ။ မြင့်မားတဲ့ ကောင်းကင်ယံက လေပြင်းတွေက ဓားတစ်စင်းလို ထက်မြက်လှတယ်။ စွန်တွေက အလွန် ခိုင်မာပြီး ဆက်လက် ပျံသန်းနိုင်နေဦးမှာ ဖြစ်ပေမဲ့ ငါတို့ကိုယ်တိုင်ကတော့ အလွန် အားနည်းလွန်းနေတယ်။ လေပြင်းတွေရဲ့ တိုက်ခတ်မှုကြောင့် အောက်သို့ လွင့်စင်သွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်။"

ဤစကားကို ကြားလိုက်ရသည့်အခါဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့၏ အမူအရာများမှာ ပို၍ပင် လေးနက်သွားခဲ့ကြရသည်။ သူတို့နှစ်ဦးစလုံးမှာ ဝေ့ကျင်းပေါ်ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်ကြသည်။

သူ ရည်ညွှန်းလိုက်သည့် စွန်များဆိုသည်မှာ သဘာဝကျကျပင် ရုပ်သေးရုပ်မျိုးစုံကို ဆိုလိုခြင်း ဖြစ်သည်။ ၎င်းတို့က မည်မျှပင် အစွမ်းထက်စေကာမူပြင်ပပစ္စည်းများသာ ဖြစ်ကြဆဲ ဖြစ်သဖြင့် သူတို့ကို အမြဲတမ်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည်။

"ဒါပေမဲ့... ရုပ်သေးရုပ်တွေ ရှိနေတာက မရှိတာထက် ပိုပြီး ဆိုးရွားသွားနိုင်လို့လား။"

"ငါ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ငါတို့မှာ ရုပ်သေးရုပ်တွေ မရှိခင်တုန်းက ငါတို့ ရင်ဆိုင်ရတဲ့ ရန်သူတွေက အားနည်းကြတယ်။ အခု ငါတို့မှာ ရုပ်သေးရုပ်တွေ ရှိလာတဲ့အခါ ပိုပြီး အစွမ်းထက်တဲ့ ရန်သူတွေက ငါတို့ကို လောဘတက်လာကြလိမ့်မယ်။ ဒါပေမဲ့ ငါတို့ကိုယ်တိုင်ကတော့ ပိုပြီး အစွမ်းထက်မလာသေးဘူး။ တစ်နည်းအားဖြင့် ပြောရရင် ငါတို့ရဲ့ အခြေအနေက ပိုပြီးတော့တောင် အန္တရာယ်များလာနိုင်တယ်။"

ထိုအချိန်တွင်ဘိုးဘေး ဝေ့ချွမ်ဟဲက စကားဆိုလာခဲ့သည်။

"ကျင်းပေါ်... မင်းက ဒီကိစ္စကို ဒီလောက်အထိ အသေအချာ စဉ်းစားတွေးခေါ်ထားတယ်ဆိုတော့ မင်းမှာ နည်းလမ်းတစ်ခု ရှိနေမှာ သေချာပါတယ်။ အဲဒါကို မြန်မြန်ပဲ ပြောလိုက်ပါ။"

ဝေ့ကျင့်ပေါ်သည် စားပွဲပေါ်သို့ သူ၏ လက်ညှိုးဖြင့် အသာအယာ တောက်လိုက်သည်။

"ဒါက အဖြေတစ်ခုတော့ အတိအကျ မဟုတ်ပါဘူး အဖြေတစ်ခုဆီကို ဦးတည်သွားမယ့် လမ်းကြောင်းတစ်ခုပဲ။ အပြည့်အဝတော့ မပြည့်စုံသေးပါဘူး။"

ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့သည် စိတ်ဝင်တစားဖြင့် အနီးကပ် နားထောင်ရန်အတွက် ကိုယ်ကို အရှေ့သို့ ကိုင်းညွတ်လိုက်ကြမိသည်။

"ငါတို့တွေ ကျားရေခြုံဖို့ လိုအပ်တယ်။"

ဝေ့ကျင်းပေါ်က ဆိုလိုက်သည်။

"ကျွန်တော်တို့ရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ အင်အားစုကြီးတစ်ခု ရှိနေပါတယ်လို့ လူသိရှင်ကြား ကြေညာတာကို ဆိုလိုတာလား။ ဒါက တကယ်ကို နည်းလမ်းကောင်းတစ်ခုပါပဲ။"

သူသည် ဤနည်းလမ်းကို ပိုင်ရှန်းချိုင့်ဝှမ်းတွင် စမ်းသပ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ ပိုင်ရှန်းချိုင့်ဝှမ်းရှိ အသီးသီးသော အင်အားစုများက ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေသူတို့အားလုံး၏ ရင်ထဲတွင် သံသယအချို့ ရှိနေကြပြီ ဖြစ်သည်။

"အဲဒီလိုပဲ လုပ်မယ်ဆိုရင်တော့ လူတွေကို အပြည့်အဝ ယုံကြည်သွားစေဖို့ ခက်ခဲလိမ့်မယ်။ ငါတို့ လုပ်ရမှာက ကျားရေနှစ်ခုကို ခြုံရမှာ ဖြစ်တယ်။ တစ်ခုက အတုဖြစ်ပြီးအခြားတစ်ခုကတော့ အမှန်တကယ် တည်ရှိနေတဲ့အရာ ဖြစ်ရမယ်။"

"အို..."

ဘိုးဘေး ဝေ့ချွမ်ဟဲက ခေါင်းမော့ကြည့်လိုက်သည်။

"အမှန်တကယ် တည်ရှိနေတဲ့ ကျားရေဆိုတာ ဘယ်သူ့ကို ပြောတာလဲ။"

ဝေ့ကျင်းပေါ်က စကားလုံး နှစ်လုံးကိုသာ ထုတ်ဖော်လိုက်သည်။

"ပိုင်မိသားစု။"

All Chapters