← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆ - စီးပွားရေးခရီးစဉ်။

ယင်ယန်မြို့တော်၏ ဗဟိုချက်တွင် မြို့အတွင်း၌ပင် တောင်တစ်လုံး ရှိနေခဲ့သည်။

ထိုတောင်ပေါ်ရှိ ဗဟိုခန်းမဆောင်ကြီးအတွင်းသို့ ဒုတိယအကြီးအကဲ ပိုင်ယွဲ့ရှင်းသည် ပြင်ပမှ ပြန်လည်ရောက်ရှိလာခဲ့ပြီး ခန်းမအတွင်း၌ လူအနည်းငယ်က သူ့ကို ထိုင်၍ စောင့်ဆိုင်းနေကြသည်။

"ဒုတိယအကြီးအကဲ... အဲဒီရုပ်သေးရုပ်တွေက လက်ရှိမှာ ကျွန်တော်တို့ မိသားစုအတွက် အလွန်အမင်း အရေးကြီးတာဗျ။ ဘာဖြစ်လို့ ကျွန်တော့်ကို သူတို့ကိုသတ်ပြီး ရုပ်သေးရုပ်တွေကို လုယူခွင့် မပေးခဲ့ရတာလဲ။"

ဤသို့ အော်ဟစ်ပြောဆိုလိုက်သူမှာ အခြားသူမဟုတ်ဘဲ ယခင်က ဝေ့ဝူတို့ကို သတ်ဖြတ်ရန် အော်ဟစ်ဆန္ဒပြနေခဲ့သော ၁၉ မြောက် အကြီးအကဲ ပိုင်ထိုက်လျဲပင် ဖြစ်သည်။

ဒုတိယအကြီးအကဲ ပိုင်ယွဲ့ရှင်းသည် သူ၏မျက်လုံးများကို ဝေ့ယမ်းလိုက်ပြီး ၁၉ မြောက် အကြီးအကဲ ပိုင်ထိုက်လျဲ့ကို လျစ်လျူရှုထားလိုက်ရင်းဗဟိုထိုင်ခုံတွင် ထိုင်နေသော ပုဂ္ဂိုလ်ထံသို့သာ လှည့်၍ ဆိုလိုက်သည်။

"ကျွန်တော် အရင်ကတည်းက ပြောသားပဲ... ၁၉ မြောက် အကြီးအကဲ ပိုင်ထိုက်လျဲ့ကို မိသားစုရဲ့ အရေးကြီးကိစ္စတွေမှာ ဝင်ရောက်မပါဝင်ခိုင်းပါနဲ့လို့ သူ့ကို တိုက်ခိုက်ရေးသမားအဖြစ်ပဲ ထားသင့်တာ။ သူက အချိန်ပြည့် သတ်ဖို့ဖြတ်ဖို့ပဲ ပြောနေတာ ငါတို့ ပိုင်မိသားစုဝင်တစ်ယောက်နဲ့ လုံးဝ မတူဘူး။"

"ဒုတိယအကြီးအကဲ ပိုင်ယွဲ့ရှင်း... မင်း..."

"တော်စမ်းးး"

ဗဟိုထိုင်ခုံတွင် ထိုင်နေသော ပုဂ္ဂိုလ်က ဝင်ရောက်ဟန့်တားလိုက်သည်။ ထိုအခါမှသာ ၁၉ မြောက် အကြီးအကဲ ပိုင်ထိုက်လျဲ့သည် နှာခေါင်းရှုံ့လိုက်ရင်း စကားပြောခြင်းကို ရပ်တန့်လိုက်တော့သည်။

ပိုင်မိသားစု၏ ပထမအကြီးအကဲ ပိုင်ဒူခွေ အနေဖြင့်လည်းကောင်း လင်းထိင်ထအဆင့်ရှိသော ဘိုးဘေးဟောင်းကြီး၏ လက်အောက်တွင် နံပါတ်တစ်ပုဂ္ဂိုလ် အဖြစ်လည်းကောင်း သူသည် ဤမျှလောက်အထိ အရှိန်အဝါ အခွင့်အာဏာ ကြီးမားလှပေသည်။

"ဝေ့မိသားစုနဲ့ ကိစ္စက ဘယ်လိုဖြစ်သွားလဲ။"

ပထမ အကြီးအကဲ ပိုင်ဒူခွေက မေးမြန်းလိုက်သည်။

ထို့နောက် ဒုတိယအကြီးအကဲ ပိုင်ယွဲ့ရှင်းက ယခင်က ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာများကို အသေးစိတ် ပြန်လည်ရှင်းလင်းပြလိုက်သည်။

ပထမမြောက် အကြီးအကဲ ပိုင်ဒူခွေ၏ မျက်လုံးများတွင် တွေးတောဆင်ခြင်ဟန် အမူအရာများ ပေါ်ထွက်လာခဲ့ပြီး မိမိဘာသာ ရေရွတ်လိုက်သည်။

"အသက် ၁၉ နှစ်အရွယ်နဲ့ မန်ရှင်းအဆင့် ၂ ရှိပြီး မန်ရှင်းအဆင့် ၉ရုပ်သေးရုပ် သုံးရုပ်ကို ပိုင်ဆိုင်ထားတာဆိုတော့... ဒါက သာမန် အခွင့်အရေးမျိုးနဲ့ ရရှိနိုင်တာမျိုး လုံးဝ မဟုတ်ဘူး။ ဝေ့မိသားစုရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ အင်အားစုကြီးတစ်ခု ရှိနေဖို့က သေချာသလောက်ပဲ။"

အောက်တွင် ထိုင်နေသော လူတစ်ဦးက မေးမြန်းလိုက်သည်။

"ကျောက်စိမ်းပေါ်က အက်ကြောင်းတွေက တကယ်ပဲ စာလုံးပုံသဏ္ဌာန် ပေါ်လာတာလား။"

ဒုတိယအကြီးအကဲ ပိုင်ယွဲ့ရှင်းသည် ထိုကျောက်စိမ်းတုံးကို လှမ်း၍ ပစ်ပေးလိုက်သည်။

ထိုသူသည် ၎င်းမှာ ဝိညာဉ်ပိတ်ပင်ခြင်း ကျောက်စိမ်းဖြင့် ပြုလုပ်ထားကြောင်း မြင်လိုက်ရသည့်အခါမှသာ အတိုင်းအတာတစ်ခုအထိ ယုံကြည်သွားခဲ့ရသည်။ အကြောင်းမှာ ၎င်းအပေါ်တွင် လက်လှည့်ကွက်သုံးရန် အလွန် ခက်ခဲလှသောကြောင့် ဖြစ်သည်။

၎င်းပြင်ဝေ့မိသားစုအနေဖြင့် ဤအရာဖြင့် ပိုင်မိသားစုကို လှည့်စားရန် အကြောင်းမရှိချေ။ မဟုတ်ပါက သူတို့သည် ပိုမို၍ ဆိုးရွားစွာ သေဆုံးသွားရုံသာ ရှိပေလိမ့်မည်။

"နောက်ထပ် ငါးရက်အကြာမှာ ငါတို့ ပိုင်မိသားစုက လက်ရှိ အကြပ်အတည်းကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းကို ရရှိနိုင်လိမ့်မယ်ပေါ့ ဟုတ်လား။"

"ဒါက ဝေ့မိသားစု ပြောသွားတဲ့ အချက်ပါပဲ။"

ဒုတိယအကြီးအကဲ ပိုင်ယွဲ့ရှင်းကဆိုလိုက်သည်။

ပထမမြောက် အကြီးအကဲ ပိုင်ဒူခွေ၏ အကြည့်မှာ ပိုမို၍ နက်ရှိုင်းသွားခဲ့သည်။

"အကယ်၍ ဒီကိစ္စက အမှန်တကယ် ဖြစ်လာမယ်ဆိုရင်အနာဂတ်ကို ကြိုတင်မျှော်မြင်နိုင်တဲ့ ဒီလိုမျိုး စွမ်းရည်က လုံးဝ မရိုးရှင်းဘူး။ ဒီလိုမျိုး နည်းလမ်းကို အသုံးပြုနိုင်တဲ့ အင်အားစုဆိုတာ ချင်းလုံဂိုဏ်းရဲ့ လက်အောက်မှာ ရှိနေမယ့် အင်အားစုမျိုး မဟုတ်ဘူး။"

အောက်တွင် ရှိနေကြသော လူအနည်းငယ်မှာ ငြိမ်သက်သွားခဲ့ကြရသည်။

"ကောင်းပြီ ဒါက ငါးရက်ပဲ ကြာမှာဆိုတော့... ငါတို့တွေ စောင့်ကြည့်ကြတာပေါ့ သေးငယ်လှတဲ့ ဝေ့မိသားစုက ငါတို့ရဲ့ အကြပ်အတည်းကို ဖြေရှင်းပေးနိုင်မယ့် လမ်းစကို တကယ်ပဲ ယူဆောင်လာပေးနိုင်မလားဆိုတာကိုပေါ့။"

ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲ*တို့ ချန်ချွမ်တောင်သို့ ပြန်လည်ရောက်ရှိလာကြသည့်အခါ အချိန်မှာ ညနက်ပိုင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဝေ့ကျင်းပေါ်က ဗဟိုခန်းမဆောင်အတွင်း၌ သူတို့ကို စောင့်ဆိုင်းနေခဲ့သည်။

လမ်းခရီးတွင် ဝေ့ကျင်းပေါ်က သူတို့ထံသို့ မိုဘိုင်းဖုန်းမှတစ်ဆင့် ဝိညာဉ်ပိတ်လှောင်ခြင်း အစီအရင်ကို နောက်ထပ် သုံးရက်အကြာတွင် လေလံတင်ရောင်းချတော့မည် ဖြစ်ကြောင်း ၎င်းကျင်းပမည့်နေရာမှာ ရှန်ထုမိသားစု၏ နယ်မြေအတွင်းရှိ ချွီရွှေမြို့တော်တွင် ဖြစ်ကြောင်း အကြောင်းကြားထားခဲ့ပြီး ဖြစ်သည်။

ရှန်ထုမိသားစုမှာ လင်းထိုင်အဆင့်ရှိသော အင်အားစုကြီး ဖြစ်ပြီး ပိုင်မိသားစုနှင့် အတော်လေး ဝေးကွာလှပေသည်။

ဝေ့ဝူအနေဖြင့် ဤအချက်ကို အလွန်ပင် သဘောကျလှပေသည်။ အကြောင်းမှာ အကွာအဝေး ပိုမိုဝေးကွာလေလေသူတို့၏ အထောက်အထား ပေါ်ပေါက်သွားနိုင်ခြေ ပိုမိုနည်းပါးလေလေ ဖြစ်သောကြောင့် ဖြစ်သည်။

၎င်းပြင်ဗီဒီယိုဖိုင်နှင့် ပတ်သက်၍လည်းဝေ့ဝူသည် ရှန်ထုမိသားစုနှင့် နီးကပ်လှသော ချီရွှမ်မဟာမိတ်အဖွဲ့ ထံသို့ ခရီးတစ်ခု သွားရောက်ရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

ချီရွှမ်မဟာမိတ်အဖွဲ့ဟူသည် အစွမ်းထက်သော အင်အားစု ခုနစ်ခုက ပူးတွဲအုပ်ချုပ်သော နယ်မြေတစ်ခု ဖြစ်ပြီး၎င်းအတွင်း၌ အိပ်မက်အရိပ်မျှော်စင်၏ ဒုတိယအဆင့် ဗဟိုမျှော်စင် တည်ရှိနေခဲ့သည်။

အိပ်မက်အရိပ်မျှော်စင်ဟူသည် ချင်းလုံဂိုဏ်းထက်ပင် ပိုမို၍ အင်အားကြီးမားလှသော သတ္တဝါကြီးတစ်ကောင် ဖြစ်ပြီး၎င်းသည် ရုပ်ပုံမှတ်တမ်းတင် ကျောက်စိမ်းမျာ ဖြစ်ကြသော - မန္တန်သရုပ်ပြချက်များ၊ ဆေးဖော်စပ်နည်း လမ်းညွှန်ချက်များ၊ အစီအရင် လမ်းညွှန်ချက်များ၊ ဖျော်ဖြေရေး ဗီဒီယိုများ၊ ရုပ်ပုံမြေပုံများနှင့် အခြားသော အရာမျိုးစုံကို ထုတ်လုပ်ရောင်းချခြင်းတွင် အထူးပြုသော အဖွဲ့အစည်း ဖြစ်သည်။

၎င်း၏ သြဇာလွှမ်းမိုးမှု နယ်ပယ်မှာ အနီးနားရှိ ကြီးမားလှသော ပြည်နယ်ကြီးများ ဖြစ်ကြသည့် ချူပြည်နယ်၊ ဖန်ပြည်နယ် နှင့် မင်ပြည်နယ်တို့အထိ ကျယ်ပြန့်လှပြီး ၎င်းတို့အားလုံးတွင် ဌာနခွဲများ ရှိကြသည်။

အိပ်မက်အရိပ်မျှော်စင်၏ ဌာနချုပ်ကြီးမှာ မင်ပြည်နယ်တွင် တည်ရှိပြီး ၎င်းကို အထွေထွေ ဗဟိုမျှော်စင်ကြီးဟု ခေါ်ဆိုကြသည်။

ချူပြည်နယ်ရှိ ဌာနချုပ်မှာမူ မိုယာတောင် နယ်မြေတွင် တည်ရှိပြီး ၎င်းကို ပထမအဆင့် ဗဟိုမျှော်စင်ဟု ခေါ်ဆိုကြသည်။

ချင်းလုံဂိုဏ်းနယ်မြေအတွင်းရှိ ဗဟိုမျှော်စင်မှာမူ ချီရွှမ်မဟာမိတ်အဖွဲ့အတွင်း၌ တည်ရှိပြီး ၎င်းကို ဒုတိယအဆင့် ဗဟိုမျှော်စင်ဟု သတ်မှတ်ထားသည်။

အိပ်မက်အရိပ်မျှော်စင်သည်သာ ထုံယွမ်ဂိုဏ်း သွေးမြစ်ဂိုဏ်းနှင့် ကျိုးမိသားစုတို့၏ မုန်းတီးမှုကို ခံရမည့်အန္တရာယ်ကို စွန့်စားပြီး ယွီချန့်ယန်၏ ဗီဒီယိုဖိုင်ကို ရောင်းချရဲသည့် တစ်ခုတည်းသော အင်အားစု ဖြစ်ပေသည်။

အကယ်၍ အခြားသော အင်အားစုတစ်ခုခုသာ ဆိုပါကသူတို့သည် ဤကဲ့သို့သော စီးပွားရေးမျိုးကို လုံးဝ လုပ်ဆောင်ရဲကြမည် မဟုတ်ချေ။

"ကျွန်တော် အခုချက်ချင်းပဲ ရှန်ထုမိသားစုဆီကို ထွက်ခွာတော့မယ်။"

ဝေ့ဝူကဆိုလိုက်သည်။

"ဒီလောက်အထိ အရေးကြီးနေတာလား။ အရင်ဆုံး အနားမယူတော့ဘူးလား။"

"မလိုပါဘူး ခရီးက အတော်လေး ဝေးတာမို့လို့ ကြိုတင်ပြီး ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ စောစောရောက်အောင် သွားရမယ်။"

"ဒါနဲ့... ကျွန်တော် ထွက်သွားတာကို ဘယ်သူ့ကိုမှ အသိမပေးပါနဲ့။ အကယ်၍ တစ်စုံတစ်ယောက်က မေးမြန်းလာခဲ့ရင် ကျွန်တော် တံခါးပိတ်ကျင့်ကြံခြင်းဝင်နေတယ်လို့ပဲ ပြောလိုက်ပါ။"

"စိတ်ချပါ။"

ဝေ့ကျင်းပေါ်သည် ဝေ့ဝူ၏ စိုးရိမ်ပူပန်မှုများကို နားလည်သဖြင့် ခေါင်းညိတ်လိုက်ရင်း ဆိုလိုက်သည်။

ဝေ့ဝူသည် ည၏မှောင်မိုက်မှုကို အခွင့်ကောင်းယူကာ၊ကောင်းကင်ဘုံကို လှည့်စားခြင်း ၏ ဖုံးကွယ်မှုအာနိသင်ကို ထပ်မံအသုံးပြုလိုက်ရင်း ကိုက်ပေါင်း သောင်းချီ၍ မြင့်မားလှသော ကောင်းကင်ယံထက်သို့ ပျံတက်သွားခဲ့သည်။

ထိုအချိန်ကျမှသာ သူသည် သူ၏ ကစားစရာကားလေးကို ထုတ်ယူလိုက်ပြီး မြောက်ဘက် အရှေ့ဘက်သို့ ဦးတည်၍ မောင်းနှင်သွားခဲ့တော့သည်။

ယခုအခါ သူ၏ ငွေကတ်အတွင်း၌ ဝိညာဉ်စွမ်းအင်များအမြောက်အမြား ရှိနေခဲ့ပြီ ဖြစ်ရာ ကစားစရာကားလေးကို အရှိန်အကုန်မြှင့်၍ မောင်းနှင်ရန် မကြောက်တော့ချေ။ သူ၏ အရှိန်မှာ လျှပ်စီးလက်သကဲ့သို့ပင် မြန်ဆန်လှပေသည်။

သူ ထိုနေရာသို့ သွားရောက်ရခြင်းတွင် အကြောင်းရင်း နှစ်ရပ် ရှိသည်။ ဝိညာဉ်ပိတ်လှောင်ခြင်း အစီအရင်ကို လေလံဆွဲရန်နှင့် ဗီဒီယိုဖိုင်ကို သွားရောက်ရောင်းချရန် ဖြစ်သည်။

ဤကိစ္စရပ် နှစ်ခုစလုံးမှာ အလွန်ပင် အရေးကြီးလှပေသည်။ ၎င်းတို့ အောင်မြင်သွားခဲ့မည်ဆိုပါက ဝေ့မိသားစုအနေဖြင့် အတော်လေး တည်ငြိမ်လှသော ဖွံ့ဖြိုးတိုးတက်မှု ကာလတစ်ခုကို ဆီးကြိုနိုင်မည် ဖြစ်သည်။

သုံးနာရီ ကြာပြီးနောက်။

သူသည် ကျိုးမိသားစု၏ နယ်မြေကောင်းကင်ယံထက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မျက်နှာဖုံးတစ်ခုကို စွန့်ပစ်လိုက်ရင်း ကောင်းကင်ယံမှ အောက်သို့ ဆင်းသက်လိုက်သည်။

ဤမျက်နှာဖုံးမှာ မန်ရှင်းအဆင့်အောက်ရှိ ကျင့်ကြံသူများ၏ စူးစမ်းမှုကိုသာ ခုခံတားဆီးပေးနိုင်သော အရာ ဖြစ်သည်။

အရုဏ်တက်ချိန်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာဝေ့ဝူသည် မြို့တော်တစ်ခုအတွင်းသို့ ဆင်းသက်လိုက်ပြီးနောက် ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ဝိညာဉ်ကျောက်တုံး ငါးရာကို အသုံးပြု၍ ရုပ်ပုံမှတ်တမ်းတင် ကျောက်စိမ်းငါးတုံးကို ဝယ်ယူလိုက်သည်။

"ဒါဆိုရင် လုံလောက်ပါပြီ။"

သူသည် မြို့ပြင်ရှိ ဆိတ်ငြိမ်လှသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ပြီးနောက် မျက်နှာဖုံးကို ချွတ်လိုက်ရင်း ကောင်းကင်ယံထက်သို့ ထပ်မံ ပျံတက်သွားခဲ့ပြန်သည်။

လမ်းခရီးတွင် သူသည် သူ၏ မိုဘိုင်းဖုန်းအတွင်းရှိ ဗီဒီယိုဖိုင်ကို ထိုရုပ်ပုံမှတ်တမ်းတင် ကျောက်စိမ်းတုံးများအတွင်းသို့ ကူးယူလိုက်သည်။

ယခုတစ်ခေါက်တွင်မူ သူသည် ကစားစရာကားလေးပေါ်တွင် ဆယ်နာရီအပြည့် ထိုင်လိုက်ရပြီးမှသာ ရှန်ထုမိသားစု၏ နယ်မြေအတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့တော့သည်။

သူ ချွီရွှေမြို့တော်၏ အနီးသို့ ရောက်ရှိသွားသည့်အခါ အချိန်မှာ သန်းခေါင်ယံအချိန်သို့ ထပ်မံ ရောက်ရှိနေခဲ့ပြန်ပြီ ဖြစ်သည်။

ဝိညာဉ်ပိတ်လှောင်ခြင်း အစီအရင်၏ လေလံပွဲမှာ နောက်ထပ် နှစ်ရက်အကြာတွင် ကျင်းပမည် ဖြစ်ပြီး ၎င်းကျင်းပမည့်နေရာမှာ ချွီရွှေမြို့တော် မြောက်ဘက်ရှိ ယန်ကျင်းကုန်သွယ်ရေးအဖွဲ့အစည်းတွင် ဖြစ်သည်။

သူသည် ချွီရွှေမြို့တော်အတွင်းသို့ ဝင်ရောက်ခြင်း မရှိခဲ့ဘဲ မြို့ပြင်ရှိ တောင်တန်းများအတွင်းမှ မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို ရှာဖွေလိုက်ကာ သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်လိုက်ရင်း ကျင့်ကြံခြင်းအခြေအနေ အတွင်းသို့ ဝင်ရောက်လိုက်တော့သည်။

အကြောင်းမှာ ကောင်းကင်ဘုံကို လှည့်စားခြင်းသည် လက်ရှိတွင် သူ့အား ချောင်ချောင်၏ ပုံသဏ္ဌာန်သို့သာ ပြောင်းလဲပေးနိုင်သောကြောင့် ဖြစ်ရာ သူသည် ထိုအသွင်အပြင်ကို အသုံးမပြုရဲချေ။ မဟုတ်ပါက ဆုကြေးငွေဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။

သို့သော် သူသည် သူ၏ အစစ်အမှန် မျက်နှာကိုလည်း လူအများအား မမြင်စေချေ။

ဤနေရာတွင် သူ့ကို သိရှိသူ မည်သူမျှ မရှိနိုင်သော်လည်း ဤကိစ္စမှာ အလွန်အမင်း အရေးကြီးလှသဖြင့် သူသည် ကုဋေတစ်သန်းတွင် တစ်ခုခန့်သာ ရှိနိုင်သော အခွင့်အရေးမျိုးကိုပင် ကြိုတင်ကာကွယ်ထားရမည် ဖြစ်သည်။

အကယ်၍ သာမန်လူသားတစ်ဦးက မြင်တွေ့သွားခဲ့မည်ဆိုပါက ကိစ္စမရှိသော်လည်း ပြဿနာမှာ ကျင့်ကြံသူများ၏ လှုပ်ရှားသွားလာနိုင်စွမ်းမှာ အလွန် မြင့်မားလှပြီး သူတို့၏ လှုပ်ရှားမှုနယ်ပယ်မှာ ကျယ်ပြန့်လှသဖြင့် မတော်တဆမှုတစ်ခုခု ဖြစ်ပေါ်လာမည်ကို မည်သူက ကြိုတင်သိရှိနိုင်ပါမည်နည်း။

သူ့ထံတွင် သူ၏ မျက်နှာကို ထုတ်မပြဘဲ ရှောင်လွှဲနိုင်မည့် အစီအစဉ်တစ်ခု ရှိနေခဲ့သည်။ သို့သော် သူသည် လူတစ်ယောက်ကို ရှာဖွေရန် လိုအပ်နေခဲ့သည်။ ထိုသူမှာ အကြောင်းပြချက်တစ်ခုခုကြောင့် မိမိ၏ အသက်ကိုပင် စွန့်လွှတ်ရန် အသင့်ရှိနေသောသူမျိုး ဖြစ်ရမည်။

တစ်နာရီကျော်ခန့် ကြာပြီးနောက် ကောင်းကင်ကြီးမှာ လင်းပွင့်လာခဲ့ပြီ ဖြစ်သည်။

ဤတောအုပ်ကြီးမှာ တောင်နက်ပိုင်းအတွင်း၌ တည်ရှိပြီး ၎င်းနေရာတွင် မိစ္ဆာသားရဲများ မကြာခဏ ပေါ်ထွက်လာလေ့ရှိသလို တစ်ချိန်တည်းမှာပင် တန်ဖိုးကြီးမားလှသော ဝိညာဉ်ဆေးဝါးများစွာလည်း ဖုံးကွယ်နေခဲ့သည်။

ဝေ့ဝူသည် ကောင်းကင်ဘုံကို လှည့်စားခြင်း ကို အသုံးပြုလိုက်ရင်း ကိုက် ဆယ်ဂဏန်းမှ ရာဂဏန်းအထိ မြင့်မားလှသော သစ်ပင်ထိပ်ဖျားများအကြားတွင် ဟိုဟိုဒီဒီ လှုပ်ရှားသွားလာလိုက်ကာ သူ အလိုရှိသော လူကို လိုက်လံရှာဖွေနေခဲ့သည်။

တစ်နာရီ ကြာပြီးနောက် ဘာမှ ရှာမတွေ့ခဲ့ချေ။

နှစ်နာရီ ကြာပြီးနောက် ဘာမှ ရှာမတွေ့ခဲ့ပြန်ချေ။

လေးနာရီ ကြာပြီးနောက်လည်း ဘာမှ ရှာမတွေ့ခဲ့ချေ။

တစ်နေ့တာလုံး ကုန်ဆုံးသွားခဲ့ပြီးနောက်တွင်လည်းဘာမှ ရှာမတွေ့သေးချေ။

ဤတစ်နေ့တာအတွင်း၌ သူသည် အချို့သော မန်ရှင်းအဆင့်ကျင့်ကြံသူများက မိစ္ဆာသားရဲများကို လိုက်လံမုဆိုးလုပ်နေကြပြီး ဝိညာဉ်ဆေးဝါးများနှင့် ထူးဆန်းသော ရတနာများကို သိမ်းပိုက်နေကြသည်ကိုသာ မြင်တွေ့ခဲ့ရသည်။ သူသည် မိမိကိုယ်ကို ထုတ်မပြခဲ့ချေ။

ဒုတိယမြောက်နေ့တွင် သူသည် ဆက်လက်၍ ရှာဖွေခဲ့ပြန်သည်။

ပထမ ခြောက်နာရီအတွင်း၌ ဘာမှ ထူးခြားမှု မရှိသေးချေ။

"လေလံပွဲက မနက်ဖြန် စတော့မှာ။ အကယ်၍ ဘယ်သူ့ကိုမှ ရှာမတွေ့ဘူးဆိုရင် ကိုယ်တိုင်ပဲ သွားရတော့မယ်။"

ဝေ့ဝူသည် အောက်ဘက်တွင် လူတစ်ဦး ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဤသူသည် အလွန် ဂရုတစိုက် ရှိလှပြီး မြေပြင်ပေါ်တွင် ပြေးလွှားနေခဲ့သည်။ သူ၏ ခြေထောက်တွင် အရှိန်မြှင့် မန္တန်စက္ကူတစ်ခုကို ကပ်ထားသည်မှာ ထင်ရှားလှပေသည်။

"မင်းဆိုရင် ရပြီ။"

ဝေ့ဝူသည် အထက်မှနေ၍ လိုက်ပါသွားခဲ့ပြီးထိုသူသည် တောအုပ်အတွင်း၌ ရူးသွပ်စွာ ပြေးလွှားနေခဲ့ကာ မြင့်မားလှသော တောင်တစ်လုံးပေါ်သို့ တက်ရောက်လိုက်ပြီးနောက် သတ်မှတ်ထားသော နေရာတစ်ခုတွင် ရပ်တန့်သွားခဲ့သည်ကို စောင့်ကြည့်နေခဲ့သည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးတွင် သူသည် ဝေ့ဝူ၏ တည်ရှိမှုကို လုံးဝ သတိမပြုမိခဲ့ချေ။ အကြောင်းမှာ ဤသူသည် ချီသန့်စင်ခြင်းအဆင့်မျှသာ ရှိသောကြောင့် ဖြစ်သည်။

ထိုသူသည် ချုံပုတ်များအတွင်း၌ ပုန်းကွယ်လိုက်ရင်းဝေးကွာလှသော နေရာရှိ ဂူတစ်ခုကို လှမ်း၍ စိုက်ကြည့်နေခဲ့သည်။

အကွာအဝေးတစ်ခုမှ ဖြစ်သော်လည်း ထိုဂူအတွင်းမှ အားကောင်းလှသော အရှိန်အဝါတစ်ခု ပျံ့လွင့်ထွက်ပေါ်နေခဲ့သည် ဖြစ်ရာ ၎င်းမှာ မိစ္ဆာသားရဲတစ်ကောင် အတွင်း၌ အနားယူနေကြောင်း ညွှန်ပြနေခဲ့သည်။

ဤသူသည် တိတ်ဆိတ်စွာ ပုန်းကွယ်နေခဲ့ပြီး ဂူအတွင်းရှိ မိစ္ဆာသားရဲ အပြင်သို့ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေပုံရသည်။

"အထဲမှာ မင်း အလိုရှိတဲ့အရာတစ်ခုခု ရှိနေတာလား။"

ဝေ့ဝူသည် ထိုသူ၏ နောက်ကွယ်၌ တစ္ဆေတစ်ကောင်ကဲ့သို့ ရုတ်တရက် ပေါ်လာခဲ့ပြီး စကားဆိုလိုက်သည်။

ထိုသူမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ချက်ချင်းပင် လှည့်ကြည့်လိုက်ရင်း သူ၏ ဝိညာဉ်ဓားကို သူ၏ရှေ့မှောက်၌ ကာဆီးထားလိုက်သည်။

ဤသူမှာ အလတ်စား အရပ်အမောင်းရှိသော အမျိုးသားတစ်ဦး ဖြစ်ပြီး အသားအရေမှာ အနည်းငယ် ညိုမှောင်ကာ မျက်နှာမှာ အတော်လေး နွမ်းနယ်နေခဲ့သည်။

ဝေ့ဝူကို မြင်လိုက်ရသည့်အခါ သူသည် မည်သို့သော ခုခံလိုစိတ်မျှ ချက်ချင်းပင် ပျောက်ဆုံးသွားခဲ့ရပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ရင်းဆိုလိုက်သည်။

"ဒီဂျူနီယာအနေနဲ့ စီနီယာ ကို ဘယ်လိုမျိုး စော်ကားမိလဲဆိုတာ မသိရပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အသက်ကို ချမ်းသာပေးပါ။"

"မင်းရဲ့အမည်က ဘာလဲ။"

"ဒီဂျူနီယာရဲ့အမည်က ဝမ်မင်းပါခင်ဗျာ။"

"မင်း ဘာဖြစ်လို့ ဒီနေရာကို လာရတာလဲ။"

"ဒီဂျူနီယာရဲ့ ကျင့်ကြံဖော်က ပြင်းထန်စွာ ဒဏ်ရာရရှိထားလို့သူမရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ဆီးနှင်းဝိညာဉ် မှိုတစ်ခုကို အသည်းအသန် လိုအပ်နေလို့ပါခင်ဗျာ။"

ဝေ့ဝူသည် ထိုဂူကို လှမ်း၍ တစ်ချက်ကြည့်လိုက်ရင်းမေးလိုက်သည်။

"အဲဒီဂူထဲမှာ ဆီးနှင်းဝိညာဉ် မှို ရှိနေတာလား။"

ဝမ်မင်းက ခေါင်းညိတ်လိုက်တော့သည်။

All Chapters