← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇- အောင်မြင်ခြင်း။

"အထဲက ဝိညာဉ်ဆေးဝါးကိုမိစ္ဆာသားရဲတစ်ကောင်က စောင့်ကြပ်နေတာ။ မင်းတစ်ယောက်တည်းနဲ့ အဲဒီသားရဲကို အနိုင်တိုက်ပြီး ဝိညာဉ်ဆေးဝါးကို ရအောင်ယူနိုင်မယ်လို့ ထင်လို့လား။"

ဝေ့ဝူက တည်ငြိမ်အေးဆေးစွာဖြင့်ဆိုလိုက်သည်။

ဝမ်မင်းက စိတ်ပျက်အားလျော့စွာဖြင့်ပြန်ပြောသည်။

"မယူနိုင်ပါဘူးခင်ဗျာ။"

"ဒါဆိုရင် ဘာဖြစ်လို့ မင်းရဲ့အသက်ကို အလဟဿလာပြီး အဆုံးစီရင်ဖို့ လုပ်နေရတာလဲ။"

သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦးဖြစ်သည့် ဝမ်မင်းသည် သူ၏မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာခဲ့ရသည်။

"ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံဖော်ဟာ နှစ်ပေါင်း သုံးဆယ်ကျော်တိုင်အောင် အတူတူသိကျွမ်းခဲ့ကြပြီး သေအတူရှင်အမျှ ဖြတ်သန်းခဲ့ကြတာပါ။ အကယ်၍ သူမ သေဆုံးသွားခဲ့ရင် ကျွန်တော် ဆက်ပြီးအသက်ရှင်နေဖို့လည်း အဓိပ္ပာယ်မရှိတော့ပါဘူး။ ဒါကြောင့် သူမအတွက် မျှော်လင့်ချက်အလင်းရောင်လေး တစ်ခုလောက်ပဲဖြစ်ဖြစ် ရရှိနိုင်ဖို့ ကျွန်တော့်ရဲ့အသက်ကို စွန့်စားလိုက်တာကမှ တန်ပါသေးတယ်။"

သူ၏ စစ်မှန်လှသော သံယောဇဉ်စိတ်ခံစားမှုကို မြင်လိုက်ရသည့်အခါ ဝေ့ဝူသည် ခေါင်းညိတ်လိုက်မိတော့သည်။

"ဝမ်မင်း..."

"မင်းအတွက် အဲဒီ ဆီးနှင်းဝိညာဉ်မှိုကို ငါ ယူပေးနိုင်တယ်။ ဒါပေမဲ့ မင်း ငါ့အတွက် ကိစ္စတစ်ခု လုပ်ပေးရမယ်။ ဒီတာဝန်က အသက်အန္တရာယ် အလွန်ကြီးမားပြီး အဲဒီမိစ္ဆာသားရဲနဲ့ တိုက်ခိုက်ရတာထက်မနည်း အန္တရာယ်များလိမ့်မယ်။"

"အကယ်၍ ကျွန်တော် အဲဒီမိစ္ဆာသားရဲနဲ့ အသက်စွန့်တိုက်ခိုက်ရင်တောင်မှ ကျွန်တော် သေသွားခဲ့ရင် ဝိညာဉ်ဆေးဝါးကို ရချင်မှရမှာပါ။ ဒါပေမဲ့ စီနီယာကတော့ ဝိညာဉ်ဆေးဝါးကို သေချာပေါက် ရယူပေးနိုင်ပြီး ကျွန်တော့်ရဲ့ ကျင့်ကြံဖော်ကို ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဂျူနီယာအနေနဲ့ ကျွန်တော့်ရဲ့အသက်ကို ကျင့်ကြံဖော်ရဲ့ အသက်နဲ့ လဲလှယ်ဖို့ အဆင့်သင့်ပါပဲ။"

ဝေ့ဝူသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။

အချိန်အတန်ကြာပြီးနောက်ဝေ့ဝူ၏ လက်ထဲတွင် အပြာရောင် ဝိညာဉ်ဆေးဝါးတစ်ခု ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဂူအတွင်းရှိ မိစ္ဆာသားရဲမှာ အဆင့် ၁ သာ ရှိသေးသဖြင့်သူသည် ၎င်းကို မျက်စိတစ်မှိတ်အတွင်းမှာပင် အပြတ်ရှင်းပစ်လိုက်နိုင်ခဲ့သည်။

"ငါမှာလိုက်တဲ့ စကားတွေကို မှတ်မိရဲ့လား။"

"မှတ်မိပါတယ်ခင်ဗျာ။ ဒီဂျူနီယာအနေနဲ့ စီနီယာအပ်နှံလိုက်တဲ့ တာဝန်ကို သေချာပေါက် အောင်မြင်အောင် လုပ်ဆောင်သွားပါ့မယ်။"

ဝေ့ဝူက ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် မင်းရဲ့ ကျင့်ကြံဖော်လည်း အသက်ရှင်နိုင်တော့မှာပါ။ မင်း အရင်ဆုံး ပြန်သွားလိုက်တော့ ပြီးမှ မနက်ဖြန်ကျမှ ဒီနေရာကို ပြန်လာခဲ့။"

ဝမ်မင်းထွက်ခွာသွားပြီးနောက်ဝေ့ဝူသည် သူ၏ မျက်နှာဖုံးကို ချွတ်လိုက်သည်။

သူ ဘာဖြစ်လို့ မျက်နှာဖုံးစွပ်ထားရသလဲဆိုလျှင် ဝေ့ဝူကိုယ်တိုင်ကမူ ဤသူ့ကို အသက်ချမ်းသာပေးချင်သော်လည်းဝမ်မင်းသေခြင်းရှင်ခြင်း ဆိုသည်မှာ သူ့အပေါ်တွင်သာမက အခြားသောသူများအပေါ်တွင်လည်း မူတည်နေသောကြောင့် ဖြစ်သည်။

သူသည် တောင်တန်းများအတွင်း၌ ဆက်လက်၍ ကျင့်ကြံခြင်းကို ပြုလုပ်နေခဲ့သည်။

ညဥ့်ဦးယံအချိန်မှာ မည်သည့် ထူးခြားမှုမျှမရှိဘဲ ကုန်ဆုံးသွားခဲ့သည်။

နောက်တစ်နေ့တွင်ဝေ့ဝူသည် သစ်ပင်တစ်ပင်ပေါ်တွင် မွန်းလွဲပိုင်းအထိ ဆက်လက်ကျင့်ကြံနေခဲ့သည်။

ဤအချိန်တွင်မူ ချွီရွှေမြို့တော်အတွင်းရှိ အခန်းတစ်ခန်းထဲ၌ ဝမ်မင်းသည် ခုတင်ဘေးတွင် ထိုင်နေခဲ့သည်။ ခုတင်ပေါ်တွင်မူ အသားအရေ ဖြူဖျော့ကာ သတိမေ့မြောနေသော်လည်း အလွန်လှပသော အမျိုးသမီးတစ်ဦး လဲလျောင်းနေခဲ့သည်။

သူ၏ ကျင့်ကြံဖော်၏ အသက်ကို ကယ်တင်ရန်အတွက် သူသည် လွန်ခဲ့သော တစ်လကတည်းက ဆီးနှင်းဝိညာဉ်မှို ရှိနိုင်မည့်နေရာကို စုံစမ်းခဲ့ပြီး ချွီရွှေမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဤကာလအတွင်း၌ဘသူသည် ကူညီပေးနိုင်မည့် မန်ရှင်းအဆင့်ကျင့်ကြံသူတစ်ဦးကို ရှာဖွေခဲ့သော်လည်း ကုန်ကျစရိတ်ကို မတတ်နိုင်ခဲ့ချေ။ ထို့ကြောင့် အခြားရွေးချယ်စရာမရှိဘဲ မိမိ၏ အသက်ကိုသာ စွန့်စားရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။

သူသည် အကယ်၍ မိမိ ပြန်မလာခဲ့ပါက သူ၏ကျင့်ကြံဖော်၏ ဈာပနကိစ္စများကို ကူညီလုပ်ဆောင်ပေးရန်အတွက်ပင် ကြိုတင်စီစဉ်ထားခဲ့သေးသည်။

ဝမ်မင်းသည် အမျိုးသမီး၏ အေးစက်နေသော လက်ကလေးကို ဆုပ်ကိုင်လိုက်ရင်းဆိုလိုက်သည်။

"ရှောင်ဝေ**... ငါ သွားတော့မယ်နော်။ မင်း သေချာပေါက် အသက်ရှင်နေရမယ်။"

ထို့နောက် သူသည် အပြင်သို့ ထွက်ခွာခဲ့တော့သည်။ သူသည် မြို့ပြင်သို့ ရောက်ရှိလာခဲ့ပြီး တောင်နက်ပိုင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဝေ့ဝူက ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့သည်။ ဝမ်မင်း ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အခါ သူသည် သိုလှောင်အိတ် တစ်ခုကို ကမ်းပေးလိုက်သည်။

"ဒီအထဲမှာ ဝိညာဉ်ကျောက်တုံး ၁၅၅,၀၀၀ ရှိတယ်။"

ဝမ်မင်း၏ အမူအရာမှာ မပြောင်းလဲဘဲ ၎င်းကို တည်ငြိမ်စွာဖြင့် လှမ်းယူလိုက်သည်။

ဝေ့ဝူသည် မချီးကျူးဘဲ မနေနိုင်ဘဲ ခေါင်းညိတ်လိုက်မိသည်။

ဝမ်မင်းထွက်ခွာသွားပြီးနောက်ဝေ့ဝူသည် ကောင်းကင်ဘုံကို လှည့်စားခြင်းကို အသုံးပြု၍ အကွာအဝေးတစ်ခုမှနေ၍ နောက်ကွယ်က လိုက်ပါသွားခဲ့သည်။

ဝမ်မင်းချွီရွှေမြို့တော်အတွင်းသို့ ဘေးကင်းစွာ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည့်အခါမှသာ သူ၏စိတ်မှာ သက်သာရာရသွားခဲ့တော့သည်။

ဤသူသည် သူ၏ကျင့်ကြံဖော်အတွက် အသက်ကိုပင် စွန့်လွှတ်နိုင်သူ ဖြစ်သော်လည်း ဤမျှလောက်များပြားလှသော ဝိညာဉ်ကျောက်တုံးများ၏ ရှေ့မှောက်တွင် မတော်တဆမှုတစ်ခုခု ဖြစ်ပေါ်မလာနိုင်ဟု လုံးဝ အာမမခံနိုင်ချေ။

ဝေ့ဝူသည် မြို့ပြင်တောင်တန်းများအတွင်း၌ သူ၏မျက်နှာဖုံးကို ချွတ်လိုက်ပြီးနောက် ချွီရွှေမြို့တော်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ဤအချိန်တွင် နေဝင်ရိုးရီအချိန်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဝမ်မင်း၏ ပြောပြချက်အရ သူသည် မြို့အနောက်ဘက်ရှိ ယွဲ့မာလမ်းမပေါ်တွင် တည်ရှိသော တည်းခိုခန်းတစ်ခုကို မြင်တွေ့လိုက်ရသည် ၎င်းမှာ ချွမ်းလိုင်တည်းခိုခန်းပင် ဖြစ်သည်။

ဝေ့ဝူသည် တည်းခိုခန်း၏ မျက်နှာချင်းဆိုင်ရှိ စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ရောက်လိုက်ပြီး ပြတင်းပေါက်နားက ခုံတစ်ခုတွင် ထိုင်လိုက်ရင်း တည်းခိုခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။

တည်းခိုခန်း၏ တတိယထပ်ရှိ အခန်းတစ်ခန်းတွင် ပြတင်းပေါက်ကို ဖွင့်လှစ်ထားခဲ့ပြီး ၎င်းအတွင်းရှိ စားပွဲပေါ်တွင် သစ်သားသေတ္တာတစ်ခု တင်ထားသည်ကို လှမ်း၍ မြင်တွေ့နေရသည်။

သူသည် ဟင်းပွဲအချို့ကို မှာယူလိုက်ပြီး ဤနေရာ၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန်တွင် ချွီရွှေမြို့တော်ရှိ ယန်ကျင်းကုန်သွယ်ရေးအဖွဲ့၏ လေလံခန်းမဆောင်ကြီးအတွင်း၌ ကျင့်ကြံသူ ရာပေါင်းများစွာ စုဝေးရောက်ရှိနေခဲ့ကြပြီး ၎င်းတို့အထဲတွင် မန်ရှင်းအဆင့်၏ အထက်ပိုင်း အဆင့်သုံးဆင့်အတွင်းရှိ ကျင့်ကြံသူအချို့ပင် ပါဝင်နေခဲ့ကြသည်။

ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခန်းအတွင်း၌ဝမ်မင်းသည် စင်မြင့်ထက်က လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။ ဤအချိန်တွင် ပဉ္စမမြောက် ပစ္စည်းကို လေလံတင်ရောင်းချနေခဲ့ပြီ ဖြစ်သည်။

အချိန်များ ကုန်ဆုံးသွားခဲ့သော်လည်းဝမ်မင်း*းသည် သူ၏စိတ်ကို တင်းကြပ်စွာ ထားရှိဆဲဖြစ်ပြီး အနည်းငယ်မျှပင် လျော့ရဲမခံရဲချေ။

နောက်ဆုံးတွင် ဝိညာဉ်ပိတ်လှောင်ခြင်း အစီအရင်ပေါ်ထွက်လာခဲ့ချေပြီ။

အဆင့် ၃ ရှိသော ဝိညာဉ်ပိတ်လှောင်ခြင်း အစီအရင်ကို ယေဘုယျအားဖြင့် ဂိုဏ်းများနှင့် မိသားစုများက ဝိညာဉ်သွေးကြောများပေါ်တွင် အသုံးပြုရန်အတွက် လိုအပ်ကြသည်။

ဝိညာဉ်သွေးကြောများမှာ မြေအောက်တွင် တည်ရှိပြီး ဝိညာဉ်စွမ်းအင်များကို နယ်မြေတစ်ခုလုံး၏ နေရာအနှံ့အပြားသို့ ပျံ့လွင့်စေခြင်း ဖြစ်သည်။

သို့သော်လည်း လူသူမရှိသောနေရာများနှင့် ဝိညာဉ်ဆေးဝါး သို့မဟုတ် အပင်များ မစိုက်ပျိုးထားသော နေရာများစွာတွင် ဤဝိညာဉ်စွမ်းအင်များမှာ မိမိဘာသာ ပျောက်ကွယ်သွားတတ်သဖြင့် ၎င်းမှာ ဖြုန်းတီးမှုတစ်ခု ဖြစ်ပေသည်။

ဝိညာဉ်ပိတ်လှောင်ခြင်း အစီအရင်သည် ဝိညာဉ်စွမ်းအင်များ ပျံ့လွင့်မှုကို သတ်မှတ်ထားသော နယ်ပယ်အတွင်း၌သာ တည်ရှိစေရန် ထိန်းချုပ်ပေးသဖြင့် ဝိညာဉ်သွေးကြော၏ အသုံးချမှုနှုန်းကို အလွန်အမင်း မြင့်မားစေနိုင်သည်။

သဘာဝကျကျပင်အချို့သောသူများကမူ ဝိညာဉ်စွမ်းအင်များကို လွတ်လပ်စွာ ပျံ့လွင့်စေခြင်းက ထိုနယ်မြေအတွင်းရှိ သက်ရှိအားလုံးကို အကျိုးခံစားခွင့်ရရှိစေသဖြင့်၎င်းမှာ သဘာဝတရား၏ နိယာမနှင့် ကိုက်ညီပြီး ဂိုဏ်းတစ်ခု၏ ကံကြမ္မာကိုလည်း မသိမသာ မြင့်မားစေနိုင်သည်ဟု ဆိုကြကာ လူသားတို့၏ ပိတ်ပင်မှုကို မပြုလုပ်သင့်ကြောင်း ယူဆကြသည်။ ကြီးမားလှသော အင်အားစုများစွာကပင် ဤကဲ့သို့ လုပ်ဆောင်ကြသည်။

ဤသီအိုရီမှာမူ လူတစ်ဦးချင်းစီ၏ အမြင်အပေါ်တွင်သာ မူတည်ပြီး လူတိုင်းတွင် ကိုယ်ပိုင်ရပ်တည်ချက် ရှိကြသည်။

လေလံတင်သူက ၎င်းကို မိတ်ဆက်ပေးလိုက်ပြီးနောက် စတင်ဈေးနှုန်းကို ဝိညာဉ်ကျောက်တုံး ၁၂၀,၀၀၀ဟု ကြေညာလိုက်ရင်း လေလံပွဲကို စတင်လိုက်တော့သည်။

"၁၂၂,၀၀၀။"

"၁၂၅,၀၀၀။"

"၁၂၇,၀၀၀။"

ဈေးနှုန်းမှာ ဆက်တိုက် မြင့်တက်လာခဲ့ပြီး မကြာမီမှာပင် ၁၄၀,၀၀၀သို့ ရောက်ရှိသွားခဲ့သည်။

ဤအချိန်တွင် လေလံဆွဲသူ အရေအတွက်မှာ အလွန်နည်းပါးသွားခဲ့ပြီ ဖြစ်ပြီး အသံအနည်းငယ်သာ ကျန်ရှိတော့သည်။

ဤလူများအားလုံးမှာ ကြီးမားလှသော အင်အားစုများမှ လာကြသူများ ဖြစ်ကြသည် ဘာပဲဖြစ်ဖြစ် ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်ကို သုံးစွဲနိုင်သူများမှာ လုံးဝ မရိုးရှင်းလှဘဲ အနည်းဆုံးတော့ မန်ရှင်းအဆင့် အထက်ပိုင်း အဆင့်သုံးဆင့်ရှိသော ကျင့်ကြံသူတစ်ဦးက ဦးဆောင်နေခြင်း ဖြစ်ပေသည်။

သူတို့အချင်းချင်းလည်း အများစုမှာ သိကြသဖြင့် လေလံဆွဲရင်းနှင့်ပင် နှုတ်ဆက်စကားများ ဆိုနေကြသေးသည်။

သို့သော်လည်းထူးဆန်းသောအသံတစ်ခုက ကြားဖြတ်ဝင်ရောက်လာခဲ့သည်။

"၁၄၅,၀၀၀။"

ဝမ်မင်းသည် နောက်ဆုံးတွင် စတင်၍ လေလံဆွဲလိုက်ပြီ ဖြစ်သည်။

ဈေးနှုန်းမှာ ယခုအချိန်တွင် အလွန်မြင့်မားနေခဲ့ပြီ ဖြစ်ရာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ချေပြီ။

တစ်စုံတစ်ယောက်က အံ့ဩသံလေး တစ်ချက်ပြုလုပ်လိုက်ပြီးနောက် ခဏအကြာတွင် ၁၄၆,၀၀၀ ဟု ဆိုလိုက်သည်။

ဝမ်မင်းသည် အချိန်ကို အနည်းငယ် စောင့်ဆိုင်းလိုက်ပြီးမှ ၁၄၇,၀၀၀ဟု ဆိုလိုက်သည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်ထိုသူသည် လက်လျှော့သွားပုံရသည်။

သို့သော် အခြားသောအသံတစ်ခုက ၁၄၈,၀၀၀ဟု ထပ်မံဆိုလာပြန်သည်။

ဝမ်မင်း "၁၄၉,၀၀၀။"

ဤဈေးနှုန်းများကို ခေါ်ဆိုနေစဉ်အတွင်း သူ၏ စိတ်ထဲတွင် ဤမျှလောက်ကြီးမားလှသော ကိန်းဂဏန်းများအပေါ် မည်သို့သော အယူအဆမျှ မရှိချေ။ ၎င်းမှာ အလွန်အမင်း များပြားလှသောအရာ ဖြစ်ကြောင်းသာ သူ သိရှိပေသည်။

နောက်ထပ် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်။

"၁၅၀,၀၀၀။"

ဝမ်မင်း"၁၅၁,၀၀၀။"

ဤအချိန်တွင် သူ၏ နှလုံးသားမှာ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေခဲ့သည်။ အကယ်၍ ဝိညာဉ်ကျောက်တုံးများသာ မလောက်ငခဲ့လျှင် သူ၏ ကျင့်ကြံဖော်၏ အသက်မှာ...

ကံကောင်းစွာဖြင့်မည်သူမျှ ထပ်မံ၍ ဈေးမခေါ်ကြတော့ချေ။

လေလံတင်သူက လေလံပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာလိုက်တော့သည်။

ဝမ်မင်းသည် သီးသန့်အခန်း၏ နောက်ကွယ်ရှိ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ယန်ကျင်းကုန်သွယ်ရေးအဖွဲ့၏ နောက်ကွယ်ရှိ အခန်းတစ်ခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။

သူသည် ဝိညာဉ်ကျောက်တုံးများကို ပေးချေလိုက်ပြီး ဝိညာဉ်ပိတ်လှောင်ခြင်း အစီအရင်ကို လှမ်းယူလိုက်ကာ ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။

သို့သော် သူ လေလံခန်းမဆောင်အပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် တစ်ပြိုင်နက် မှောင်ရိပ်ခိုနေကြသော လူအနည်းငယ်က သူ့ကို စိုက်ကြည့်လိုက်ကြသည်။

"ဟေး... သူက ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာလား။"

သူတို့အားလုံး အံ့ဩသွားခဲ့ကြရသည်။

ဝမ်မင်းသည်လည်း မိမိကိုယ်ကို စောင့်ကြည့်ခြင်းခံနေရသည်ကို သိရှိပေသည်။ သူ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်နေသော်လည်း မျက်နှာပြင်ထက်တွင်မူ တည်ငြိမ်စွာဖြင့် လမ်းမအတိုင်း လျှောက်လှမ်းသွားခဲ့သည်။

ချွီရွှေမြို့တော်ကို ဤနေရာရှိ မိသားစုကြီးတစ်ခုဖြစ်သော ချင်မိသားစု က အုပ်ချုပ်ခြင်း ဖြစ်ပြီး မြို့အတွင်း၌ တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။

ဝမ်မင်းသည် လူအများအပြား ရှိလှသော လမ်းမများကို ရွေးချယ်၍ နှေးကွေးစွာ လျှောက်လှမ်းခဲ့သည်။

ပထမဦးစွာသူသည် စားသောက်ဆိုင်တစ်ဆိုင်တွင် အရက်သောက်ပြီး အစားအစာ စားသောက်ခဲ့ကာ ထို့နောက် ဆိုင်အနည်းငယ်တွင် ပစ္စည်းအချို့ကို ဝယ်ယူခဲ့သည်။

ထို့နောက်မှသာ သူသည် ချွမ်းလိုင်တည်းခိုခန်းသို့ ရောက်ရှိလာခဲ့သည်။

မှောင်ရိပ်ခို၍ လိုက်ပါလာကြသော လူများမှာ ထိုနယ်မြေကို အလျင်အမြန်ပင် ဝိုင်းရံလိုက်ကြတော့သည်။

သူတို့သည် တစ်ဖွဲ့တည်း မဟုတ်ကြသော်လည်း သူတို့အချင်းချင်းအကြားတွင် တိတ်ဆိတ်လှသော သဘောတူညီချက်တစ်ခု ရှိကြသည်။ ဝမ်မင်းကို အရင်ဆုံး ရှင်းပစ်ပြီးမှသာ မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်အပေါ် မူတည်၍ လုယူကြရန် ဖြစ်သည်။

မျက်နှာချင်းဆိုင်တွင်ဝေ့ဝူသည် စားသောက်ဆိုင် ပြတင်းပေါက်နားတွင် ထိုင်နေခဲ့ပြီး ဝမ်မင်းတည်းခိုခန်းအတွင်းသို့ ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

မကြာမီမှာပင် သူသည် တတိယထပ်ရှိ ထိုအခန်းအတွင်းသို့ ဝင်ရောက်သွားပြီး အပြင်ဘက်သို့ အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်ကာ ပြတင်းပေါက်ကို ပိတ်လိုက်သည်ကို မြင်လိုက်ရသည်။

ဝေ့ဝူသည် ရိပ်မိသွားမည်ကို မကြောက်ချေ။ အကြောင်းမှာ ဝမ်မင်းအနေဖြင့်ဝေ့ဝူ၏ မျက်နှာကို မသိရှိသလို ဝေ့ဝူမည်သည့်နေရာတွင် ရှိနေသည်ကိုလည်း မသိရှိသောကြောင့် ဖြစ်သည်။

မကြာမီမှာပင်ဝမ်မင်းသည် တည်းခိုခန်းအပြင်ဘက်သို့ ထပ်မံထွက်ခွာလာခဲ့ပြီး လမ်းမအတိုင်း ဆက်လက်လျှောက်လှမ်းသွားခဲ့ပြန်သည်။

နောက်ကွယ်က လိုက်ပါလာကြသော လူများမှာ အလွန်ပင် ဇဝေဇဝါ ဖြစ်သွားခဲ့ကြရသည်။ သူတို့က ဝမ်မင်းအနေဖြင့် ယနေ့ည ဤနေရာ၌ တည်းခိုနေထိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

သူတို့သည် အလျင်အမြန်ပင် နောက်ကွယ်က ဆက်လက်လိုက်ပါသွားကြတော့သည်။

စားသောက်ဆိုင်အတွင်း၌မူ ဝေ့ဝူသည် ပြုံးလိုက်မိတော့သည်။

လက်ရှိတွင် ပြတင်းပေါက်ကို ပိတ်ထားခဲ့သော်လည်း စားပွဲပေါ်က သစ်သားသေတ္တာမှာမူ ရွေ့လျားသွားမည် မဟုတ်ချေ။

သူသည် သူ၏လက်ကို စားပွဲအောက်သို့ လှမ်းသွင်းလိုက်ရင်း သူ၏ဘဏ်ကတ် အတွင်းမှ ဝိညာဉ်စွမ်းအင်များကို ထုတ်ယူလိုက်ကာ အာကာသဆုတ်ဖြဲခြင်း အတတ်ပညာကို လှုံ့ဆော်လိုက်ရာ သူ၏လက်ထဲတွင် အစီအရင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့တော့သည်။

သတ္တုကဲ့သို့သော အထိအတွေ့ကို ခံစားလိုက်ရပြီး ၎င်းမှာ သံဝိုင်းပြားတစ်ခုကဲ့သို့ ဖြစ်နေခဲ့ကာ မည်သည့် ဝိညာဉ်စွမ်းအင်မျှ ထွက်ပေါ်ခြင်း မရှိချေ။

ဝေ့ဝူသည် ၎င်းကို သူ၏သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်ပြီးနောက်ငွေပေးချေကာ စားသောက်ဆိုင်အတွင်းမှ ထွက်ခွာခဲ့တော့သည်။

All Chapters