← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

ဂျင်ဆိုဟွန်း ဂွေကျိုးဌာနခွဲသို့ ရောက်ရှိပြီး နောက်တစ်ရက်တွင် အခြားသိုင်းပညာရှင်များလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

တာအိုကျောင်းမှ သပ်ရပ်စွာ ထွက်ခွာလာခဲ့ကြသော သိုင်းပညာရှင်များမှာ အတော်လေး ပုံပျက်ပန်းပျက် ဖြစ်နေကြသည်။

“ဟူး... နောက်ဆုံးတော့ ရောက်ပြီ”

“ဒီအတိုင်းဆိုရင်တော့ ငါ သေတော့မှာပဲ"

“မြန်မြန်လေး ရေချိုးချင်လိုက်တာ”

မစင်အိတ်များဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရမှုကြောင့် နေ့ရောညပါ ထွက်ပြေးခဲ့ရသလိုဖြစ်နေသော သိုင်းပညာရှင်များသည် ပင်ပန်းနွမ်းနယ်နေသည့် ကိုယ်ခန္ဓာကို သန့်စင်ကာ အဝတ်အစားများ လဲလှယ်လိုက်ကြသည်။ ဌာနခွဲခေါင်းဆောင် ဟုန်အာကလည်း သူတို့အတွက် နွေးထွေးသော အနားယူရာနေရာ၊ ရေနွေးနှင့် အစားအသောက်များကို ပြင်ဆင်ပေးထားသည်။

ဒုတိယမြောက်နေ့တွင် နောက်ဆုံးအဖွဲ့ ရောက်ရှိလာသည်။

“ဟောဟဲ…ဟောဟဲ…..”

စီးယုကို ပိုးလာသော ဂျုံရိုအာမှာ ချွေးပြန်နေပြီး စီးယုမှာလည်း ဆံပင်များ ရှုပ်ပွကာ သတိလစ်မတတ် ဖြစ်နေသည်။

“နောက်ဆုံးတော့... ရောက်ပြီ...”

ဂျုံရိုအာသည် သူတစ်လမ်းလုံးပိုးလာခဲ့သော စီးယုကို ပစ္စည်းတစ်ခုကို ပစ်ချသကဲ့သို့ ချလိုက်သည်။

“ဘုန်း..”

သတိပြန်ဝင်လာသော စီးယုမှာ နာကျင်နေသည့် တင်ပါးကို ပွတ်ရင်း ဂျုံရိုအာကို စူးရဲစွာ ကြည့်လိုက်သည်။

“ဘာလဲ”

“ကျွန်မတို့ တစ်ရက်လောက်တော့ အတူတူ သေရွာပြန်ခဲ့ရတာလေ အဲဒီလို ဆက်ဆံရလား”

“သေရွာပြန်ခဲ့ရတာ ဟုတ်လား”

ဂျုံရိုအာသည် သည်းမခံနိုင်တော့ဘဲ စိတ်ထဲရှိသည်များကို ဖွင့်ချလိုက်သည်။

“ငါးရက်လုံးလုံး မင်းလုပ်ခဲ့တာက ငါ့ဆံပင်တွေကို ဆွဲတာရယ်၊မစင်တွေ ပစ်ပေါက်နေတယ်လို့ အော်နေတာရယ်ပဲ”

“ရှင်သာ မရှိရင် ကျွန်မ မစင်တွေ ပေကုန်မှာနော် လူကြီးမင်း”

“လူကြီးမင်း ဒီမိန်းကလေး”

“ကျွန်မနာမည်က စီးယု စီးယု”

လွန်ခဲ့သည့်ရက်အနည်းငယ်က ဂျုံရိုအာသည် စီးယုကို ဘာမျှ လုပ်၍ မရကြောင်း သဘောပေါက်သွားခဲ့သည်။

ထို့ကြောင့်ပင် စီးယုသည်လည်း ဂျုံနမ်ဂိုဏ်းမှ သိုင်းသမားကို ပြန်လည်ရင်ဆိုင်ရန် သတ္တိများ ရရှိလာသည်။

“ဒါ...”

ဂျုံရိုအာက စူးရဲစွာ ကြည့်လိုက်သည့်အခါ စီးယုကလည်း မျက်လုံးချင်း စိန်ခေါ်လိုက်သည်။ ထိုနှစ်ယောက် ရန်ဖြစ်နေစဉ် အရောင်ဖျော့သွားသော ယူအူဆွန်းက အသက်ရှူရခက်စွာဖြင့် ပြောသည်။

“အခုတော့... အတွင်းထဲဝင်ပြီး... နားကြရအောင်"

တကယ်တမ်းတွင်လည်း တိုက်ခိုက်ရန် ခွန်အားမရှိတော့သော ထိုနှစ်ယောက်မှာ စကားမပြောတော့ဘဲ အတွင်းသို့ ဝင်သွားကြသည်။

ငါးရက်အတွင်း ပထမဆုံးအကြိမ် ရေချိုးပြီး အဝတ်အစားလဲလိုက်ရသော စီးယုမှာ ကြာမြင့်စွာ ခွဲခွာခဲ့ရသည့် သခင်ဖြစ်သူ ဂျင်ဆိုဟွန်းဆီသို့ ပြေးသွားကာ ငိုယိုလိုက်သည်။

“သခင်လေး”

“အော် စီးယုပါလား"

“သခင်လေးရဲ့ တစ်ဦးတည်းသော သစ္စာရှိပြီး လှပတဲ့ အစေခံမလေးက သေဘေးကနေ လွတ်မြောက်ပြီး ရောက်လာတာ အဲလောက်ပဲ တုံ့ပြန်တာလား”

“အသံကျယ်ကျယ် မအော်ပါနဲ့"

“သခင်လေးက တကယ်ကို ရက်စက်တာပဲ”

အပြောအဆို ခပ်အေးအေး ဖြစ်သော်လည်း ဂျင်ဆိုဟွန်းက သူ့လက်မောင်းထဲ ရောက်လာသော စီးယု၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

ထိုအချိန်တွင် ရေချိုးပြီး အဝတ်အစားသစ်များ လဲထားသော ဂျုံရိုအာက အံကြိတ်ကာ ပေါ်လာသည်။

“ဒီမိန်းကလေးကြောင့် ငါ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့လဲ သိလား”

“ငါ ဘယ်လိုလုပ် သိမှာလဲ”

ဂျင်ဆိုဟွန်း၏ အေးဆေးတည်ငြိမ်သော အမူအရာကြောင့် ဂျုံရိုအာ၏ ဒေါသမှာ ထိပ်ဆုံးသို့ ရောက်သွားသည်။

သို့သော် ဂျုံရိုအာပင် ဖြစ်စေကာမူ စီးယုကို ငါးရက်လုံးလုံး ပိုး၍ အနားမယူဘဲ ပြေးခဲ့ရသည်မှာ မလွယ်ကူလှပေ။ သူ ထပ်၍ အငြင်းမပွားနိုင်တော့ဘဲ အိပ်ရာရှိသည့် တဲထဲသို့ တွားသွားဝင်ကာ သတိလစ်သကဲ့သို့ အိပ်ပျော်သွားသည်။

“သခင်မလေးစီးယု"

“အာ အစ်မမူရုံ”

“ဘေးကင်းစွာ ပြန်ရောက်လာတာ ဝမ်းသာပါတယ်ရှင်"

“ဟီးဟီး...”

မူရုံဆူဆူကို ဝမ်းသာအားရ နှုတ်ဆက်ပြီးနောက် စီးယုသည် ချွန်ယဲရန်းကို တွေ့သောအခါ လက်ပြရန် ပြင်လိုက်သည်။

သို့သော် သူမဘေးမှ ချွန်ဂါဆောင်ကို မြင်လိုက်ရသဖြင့် ခေါင်းကိုသာ အောက်သို့ ငုံ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် လက်မြှောက်ရန် ပြင်နေသော ချွန်ယဲရန်းမှာလည်း လက်ကို ပြန်ချလိုက်ရသည်။

နောက်ဆုံးတွင် သိုင်းပညာရှင်များ အားလုံး စုဝေးမိကြသောအခါ ဌာနခွဲခေါင်းဆောင် ဟုန်အာက သူတို့ကို ခေါ်လိုက်သည်။

“ပြောခဲ့တဲ့အတိုင်းပဲ အပြာရောင်နဂါး တာအိုကျောင်းရဲ့ လူငယ်သိုင်းပညာရှင်တွေ အားလုံး စုမိပြီဆိုတော့ တာဝန်ကို ပြန်စဖို့ အချိန်တန်ပြီ"

“ဟုတ်ကဲ့"

သိုင်းပညာရှင်များက စိတ်အားထက်သန်စွာ ဖြေလိုက်ကြသော်လည်း ဂျုံရိုအာမှာမူ မဟုတ်ပေ။

“မ….မနက်ဖြန် ထွက်ခွာမှာလား”

“ဟုတ်တယ်"

“ဒ….ကျွန်တော်တို့အဖွဲ့က ဒီနေ့မှ ရောက်တာလေ"

“သိပါတယ်"

“နည်းနည်းလောက် ထပ်နားလို့ မရဘူးလား”

“နားလို့ ရပါတယ်"

“အာ"

ဂျုံရိုအာ သက်ပြင်းချလိုက်သည်နှင့် ဟုန်အာက ဆက်ပြောသည်။

“ဒါပေမဲ့ ရပ်တန့်နေတဲ့ အချိန်တွေက မနက်ဖြန်ကစပြီး ပြန်ရွေ့တော့မှာပါ။ ရှင်တို့ ဒီကို ရောက်ဖို့ ငါးရက်ကြာခဲ့တယ်... ဒါဆိုရင် ရှင်တို့မှာ နှစ်ရက်ပဲ ကျန်တော့တယ်"

ဟုန်အာ၏ စကားကြောင့် ဂျုံရိုအာ စိတ်ပျက်သွားသည်။ နှစ်ရက်အတွင်း တောအုပ်ကို ဖြတ်ကျော်ပြီး ဆော့ချွန်ရှိ တာအိုကျောင်းသို့ ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

“သေစမ်း အဲဒီမိန်းကလေးသာ မရှိရင်...”

ဂျုံရိုအာက စီးယုကို စူးစိုက်ကြည့်လိုက်သည့်အခါ ဘေးတွင်ထိုင်နေသော ဂျင်ဆိုဟွန်းနှင့် မူရုံဆူဆူကလည်း တစ်ပြိုင်တည်း သူ့ကို စိုက်ကြည့်လိုက်သည်။

ထို့နောက် စီးယုပါ ပါဝင်လာသဖြင့် သုံးယောက်လုံး၏ အကြည့်ကို ခံလိုက်ရသောအခါ ဂျုံရိုအာ ဆက်၍ မကြည့်ဝံ့တော့ပေ။

“သောက်ကျိုးနည်း…..”

ကျိန်ဆဲလိုက်ခြင်းမှလွဲ၍ သူ ဘာမျှ မတတ်နိုင်တော့ပေ။ ထိုစဉ် ဟုန်အာက အစီအစဉ်သစ်တစ်ခုကို ကြေညာလိုက်သည်။

“အခုကစပြီး အဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းမယ်"

“ဘာ”

“အဖွဲ့တွေကို ပြန်ဖွဲ့မယ်”

အံ့အားသင့်နေသော သိုင်းပညာရှင်များကြားတွင် လူနှစ်ဦးမှာ ဝမ်းသာအားရ ထခုန်ကြသည်။

“ဟုတ်ပြီ”

“ကောင်းကင်ဘုံက ငါ့ကို မစွန့်ပစ်ဘူးပဲ”

ထိုသူနှစ်ဦးမှာ စီးယုနှင့် ဂျုံရိုအာ ဖြစ်သည်။ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်သည်။

“ငါ့ကြောင့် ဒီလောက်ထိ ရောက်လာတာကိုမှ ရှက်ဖို့ကောင်းလိုက်တာ။ ဒီမိန်းကလေး"

“ဟွန်း ရှင်သာ မရှိရင် ကျွန်မ မစင်တွေ ပေကုန်မှာ"

အခုတော့ သူတို့မှာ အဖွဲ့မတူတော့သဖြင့် စီးယုမှာလည်း ဘာမျှ အားနာစရာ မလိုတော့ပေ။

“ပြီးတော့ ရှင့်ခေါင်းက မစင်အနံ့တွေ နံနေတာပဲ လူကြီးမင်း။ ကျွန်မကို ပိုးလာရတာ ဘယ်လောက်တောင် ခက်ခဲလဲ သိလား”

“ဒီမိန်းကလေးကတော့”

“ရပ်”

ဟုန်အာက ကြားဝင်တားလိုက်မှသာ နှစ်ယောက်လုံး ဒေါသထွက်လျက် နေရာတွင် ပြန်ထိုင်လိုက်ကြသည်။

ဂျင်ဆိုဟွန်းလည်း သူ၏ အဖွဲ့ဝင်သစ်ကို တွေ့လိုက်ရသည်။

“ဟယ်လို"

“ဟုတ်ကဲ့"

ဘယ်သူမဆို ဖြစ်ပါစေတော့။

ဂျင်ဆိုဟွန်းနှင့် အဖွဲ့ကျသွားသော အိုဆောဟွာမှာ နာမည်မိတ်ဆက်ရန်ပင် စိတ်မဝင်စားပေ။ သို့သော် အလွန်ညံ့ဖျင်းသည်ဟု နာမည်ဆိုးရှိသော ဂျင်ဆိုဟွန်းနှင့် အဖွဲ့ကျရသည်ကို သူ ကျေနပ်ခြင်း မရှိပေ။

ဒီလို ပျင်းရိတဲ့လူနဲ့ဆိုရင် တာအိုကျောင်းကို အချိန်မီ ရောက်ပါ့မလား။

အိုဆောဟွာသည် သူ့ဘေးတွင် ရပ်နေသော ဂျင်ဆိုဟွန်း၏ မျက်နှာကို ကြည့်လိုက်သည်။

အင်း... ချောတော့ ချောပါတယ်။ ဒါပေမဲ့ အဲဒါပဲ ရှိတာလေ။

သူမသည် ဂျင်ဆိုဟွန်းကို ငေးကြည့်နေမိသည့် အကြည့်ကို ခက်ခက်ခဲခဲပင် လွှဲဖယ်လိုက်သည်။ ထိုစဉ် တခြားတစ်နေရာတွင်မူ မယုံနိုင်စရာ ရလဒ်ကြောင့် စိတ်ပျက်နေသူတစ်ဦး ရှိနေသည်။

“ဒါ ငရဲပဲ တစ်ခုခုတော့ မှားနေပြီ”

“မှန်တယ်”

ဂျုံရိုအာသည် သူ့နှင့် နံပါတ်တူ အဖွဲ့ကျသွားသော စီးယုကို မယုံကြည်နိုင်သော မျက်နှာဖြင့် ကြည့်ကာ ဟုန်အာထံ လျှောက်သွားသည်။ ဟုန်အာက နှစ်ယောက်လုံးကို ကြည့်၍ ပြုံးလိုက်သည်။

“နှစ်ယောက်လုံး ရင်းနှီးသွားကြပြီလား”

“ဌာနခွဲခေါင်းဆောင် ကျွန်တော် ဒီမိန်းကလေးနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာ... မဟုတ်ဘူး... ဒီလူက အရမ်းကို ညံ့ဖျင်းတဲ့ ကောင်”

“မှန်တယ် ကျွန်မလည်း ဒီမစင်နံ့တွေ နံတဲ့ လူကြီးနဲ့ အဖွဲ့တူနေတာပဲ”

“အော် ကောင်းတာပေါ့။ အဖွဲ့တူဖူးကြပြီးသားဆိုတော့ ပြဿနာ မရှိတော့ဘူးပေါ့ မဟုတ်ဘူးလား”

“အဲဒါ ပြဿနာမဟုတ်ဘူး”

“ရလဒ်ကို ပြောင်းလဲလို့ မရဘူး။ ဒါကို ကံတရားလို့ သဘောထားလိုက်ပါ။ အရေးအကြီးဆုံးကတော့ ရှင်တို့နှစ်ယောက်မှာ နှစ်ရက်ပဲ ကျန်တော့တယ် မဟုတ်လား”

“ဘုန်း…”

ကောင်းကင်ဘုံက ဂျုံရိုအာကို စွန့်ပစ်လိုက်ခြင်းပင်။

“ဌာနခွဲခေါင်းဆောင်"

ယခုတစ်ကြိမ်တွင်လည်း လက်မြှောက်လိုက်သူမှာ ဇူဂယ်မင်း ဖြစ်သည်။ သူသည် လူတိုင်း သိချင်နေသည့် မေးခွန်းကို မေးလိုက်သည်။

“အဖွဲ့တွေ ပြောင်းသွားတာက ပြဿနာမရှိပေမဲ့ ကျန်တဲ့အချိန်က တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလေ။ အဲဒါကို ဘယ်လို ခွဲခြားသတ်မှတ်မှာလဲ”

“ကျန်ရှိတဲ့ အချိန်ကို ရှင်တို့ရထားတဲ့ တိုကင်ပေါ်မှာ ရေးသားထားပါတယ်။ အဲဒါနဲ့ပဲ တစ်ဦးချင်းစီရဲ့ အောင်မြင်မှုကို ခွဲခြားမှာပါ။ ဒါပေမဲ့ သတိထားရမှာက အဖွဲ့ဝင်တွေနဲ့အတူ တာအိုကျောင်းကို မပြန်နိုင်ရင် တစ်ဦးချင်းစီ ဘယ်လောက်ပဲ အောင်မြင်ပါစေ တာဝန်ပျက်ကွက်တယ်လို့ သတ်မှတ်မှာပါ"

ဟုန်အာ၏ ရှင်းပြချက်ကြောင့် ဇူဂယ်မင်းသည် ဤတာဝန်၏ စစ်မှန်သော ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။

အဖွဲ့ချင်း အတူတူ ဖြစ်နေရင်တောင် ကျန်တဲ့အချိန်က တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးတာပဲ ဖြစ်ရမယ်။

ကျန်ရှိသော အချိန် မတူညီသည့် အဖွဲ့ဝင်များသည် တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းကာ အချိန်ကို တွက်ချက်ပြီး တာအိုကျောင်းသို့ အတူတူ ပြန်ရမည်ပင်။

နောက်ဆုံးတွင် အောင်မြင်မှုသည် သူတို့ တစ်ဦးနှင့်တစ်ဦး မည်မျှ ပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုသည့်အပေါ် မူတည်နေသည်။

“ကျွန်မမှာ သုံးရက် ကျန်သေးတယ်"

“ကျွန်တော်လည်း အတူတူပါပဲ"

“ငါတို့အဖွဲ့ကတော့ ကံကြမ္မာတူ အသိုက်အမြုံလေးပါပဲ"

အချိန်ကျန်ရှိမှု တူညီနေသည့်အတွက် ပျော်ရွှင်နေသော အဖွဲ့များ ရှိသကဲ့သို့...

“ကျွန်တော့်မှာ... နှစ်ရက်ပဲ... ကျန်တော့တယ်"

“ပြီးတော့ကော”

“ဘာလဲ ဒ….ဒါဆို ကျွန်တော် အမြန်ဆုံး သွားရမှာပေါ့...”

“ငါက ဘာလို့ အမြန်သွားရမှာလဲ”

လေးရက်တိတိ ကျန်ရှိနေသေးသော ချွန်ဂါဆောင်နှင့် တွဲမိလိုက်သည့် ယူအူဆွန်းမှာ အတော်လေး ဒုက္ခရောက်နေသည်။

“ဒါပေမဲ့ ကျွန်တော်တို့ အတူတူ ပြန်ရမှာလေ...”

ချွန်ဂါဆောင်က ယူအူဆွန်း၏ တိုးတိုးလေး ပြောနေသော စကားကို နားမထောင်တော့ပေ။ ယူအူဆွန်းမှာ ဝမ်းနည်းသော မျက်နှာဖြင့် ကျန်ရစ်ခဲ့စဉ် ဌာနခွဲရှိ တစ်နေ့တာမှာ မြန်ဆန်စွာ ကုန်ဆုံးသွားသည်။

နောက်တစ်နေ့ နံနက်တွင် အနားယူပြီးနောက် ထွက်လာသော အိုဆောဟွာသည် ပြင်ဆင်ပြီး ဌာနခွဲမှ ထွက်ခွာသွားကြမည့် သိုင်းပညာရှင်များကို တွေ့လိုက်ရသည်။

နောက်ကျလို့ မဖြစ်ဘူး အထူးသဖြင့် အဲဒီမိန်းကလေးထက် နောက်မကျနိုင်ဘူး

မူရုံဆူဆူ၏ ပုံရိပ်ကို အိုဆောဟွာ မြင်လိုက်ရသည်။

“ကျွန်မကို ဂရုစိုက်ပေးပါရှင်”

“ကျွန်တော်လည်း ဂရုစိုက်ပေးပါ့မယ် သူရဲကောင်းအွန်း”

ညင်သာစွာ ပြုံးပြနေသော မူရုံဆူဆူ၏ လှပသော အသွင်အပြင်ကြောင့် ဂေါင်တုန်းးဂိုဏ်းမှ တပည့် အွန်းဘန်မှာ ချက်ချင်းပင် မျက်နှာနီရဲသွားသည်။

ယေဘုယျအားဖြင့် တာအိုကျောင်းများတွင် အမျိုးသမီးများကို တွေ့ရခဲသည်။ သူ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေပြီး မူရုံဆူဆူနှင့် အနီးစပ်ဆုံးတွင် ရပ်နေရုံနှင့်ပင် မျက်နှာတစ်ခုလုံး နီမြန်းလာသည်။

“ဒါဆို ကျွန်တော်တို့ ထွက်ခွာကြရအောင်လား”

“ဟုတ်ကဲ့ ကျွန်မ ရှေ့က ဦးဆောင်သွားမယ်"

“ကျေးဇူးတင်ပါတယ်"

“မ….မဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး”

မူရုံဆူဆူထွက်ခွာသွားသည်ကို မနှစ်မြို့စွာ ကြည့်နေသော အိုဆောဟွာမှာ နှုတ်ခမ်းဆူလိုက်သည်။

မြေခွေးမလေး... တကယ်တော့ ဒီကောင်က ဘာလို့ ထွက်မလာတာလဲ။

ဂျင်ဆိုဟွန်းကို စောင့်နေသည်မှာ ကြာပြီဖြစ်သော အိုဆောဟွာသည် သိုင်းပညာရှင်များ ထွက်ခွာသွားသည်ကို မကြည့်နိုင်တော့ဘဲ အမျိုးသားသိုင်းပညာရှင်များ အနားယူနေသည့် တဲသို့ သွားလိုက်သည်။

“အစ်ကိုကြီး"

“သခင်မလေးအို ဘာကိစ္စ ရှိလို့လဲ”

ဟျော့အူဂွန်း၏ မေးခွန်းကြောင့် အိုဆောဟွာသည် သူမ၏ အခြေအနေကို ညည်းညူလိုက်သည်။

“ကျွန်မကို အဲဒီ ပျင်းရိတဲ့လူနဲ့ တွဲထားတယ်။ သုံးရက်အတွင်း တာအိုကျောင်းကို ပြန်ရမှာ ဘာလုပ်ရမလဲ”

“ဂျင်ဆိုဟွန်းနဲ့ သခင်မလေးချွန်က လေးရက်မြောက်နေ့မှာ ရောက်လာတယ်လို့ ကြားတယ်။ သူက ရွေ့လျားမှုနည်းပညာနည်းနည်း ပါးပါးတော့ သိပုံပဲ စိတ်မပူပါနဲ့"

“ဟုတ်ကဲ့... ဒါပေမဲ့ ဂျင်ဆိုဟွန်း အတွင်းထဲမှာ ရှိလား”

“အိပ်ပျော်နေပုံပဲ"

“ဘာ”

အံ့အားသင့်သွားသော အိုဆောဟွာသည် ဂျင်ဆိုဟွန်း အိပ်နေသည့် တဲသို့ ပြေးသွားကာ သူ၏နာမည်ကို ခေါ်လိုက်သည်။

“သူရဲကောင်းဂျင် အထဲမှာ ရှိလား သူရဲကောင်းဂျင်”

ခေါ်လိုက်သဖြင့် ဂျင်ဆိုဟွန်းမှာ ချီတုံချတုံနှင့် ပေါ်လာသည်။

စောင်ခြုံထားလျက် ပေါ်လာသော ဂျင်ဆိုဟွန်းမှာ အိပ်ချင်မူးတူးဖြစ်နေသော မျက်နှာဖြင့် အိုဆောဟွာကို ကြည့်လိုက်သည်။

“သခင်မလေးအို ဘာဖြစ်လို့လဲ”

“ဘာဖြစ်လို့လဲ ဟုတ်လား နောက်မကျခင် ထွက်ခွာရမှာလေ”

“ဟားးး”

စိတ်ခံစားချက်ကို မသိဘဲသမ်းဝေနေသော ဂျင်ဆိုဟွန်း၏ မေးကို ထိုးချင်စိတ်ပေါက်သွားသော အိုဆောဟွာမှာ စိတ်တိုသွားသည်။

“မြန်မြန်လုပ်”

“ဟုတ်ကဲ့...”

ထို့နောက်ပိုင်းတွင်လည်း ဂျင်ဆိုဟွန်းမှာ လေးလံသော လှုပ်ရှားမှုများနှင့် ပေါ်လာသည်။ မျက်လုံးကို သေချာပင် မဖွင့်နိုင်သေးသော သူ့ကို မြင်ရသဖြင့် အိုဆောဟွာ၏ ရင်ထဲတွင် ဒေါသများ ဆူပွက်လာသည်။

ဒီကောင်... တကယ်ပဲ ရွေ့လျားမှုနည်းပညာကို သုံးနိုင်မှာလား

ရင်ထဲ စိုးရိမ်လာသဖြင့် အိုဆောဟွာသည် ဂျင်ဆိုဟွန်း၏ လက်ကို ဆွဲ၍ ခေါ်ထုတ်သွားသည်။

“သွားကြမယ်”

ဂျင်ဆိုဟွန်းကို ဆွဲထုတ်နိုင်ခဲ့ပြီးနောက် အိုဆောဟွာသည် မြေပုံကို ဖွင့်ကာ တာအိုကျောင်းသို့ ပြန်ရန် အတိုဆုံးလမ်းကို တွက်ချက်လိုက်သည်။

ဒီလမ်းအတိုင်း တောင်သုံးလုံးကျော်ရင် ခုံချုံပဲ။ အနားမယူဘဲ ပြေးရင် ဒီညတောင် ခုံချုံကို ရောက်နိုင်တယ်။

တွက်ချက်ပြီးနောက် အိုဆောဟွာသည် အားကုန်သုံး၍ ပြေးလိုက်သည်။

မူရုံဆူဆူကို မရှုံးနိုင်ဘူး

“သွားကြမယ်”

စိတ်အားထက်သန်နေသော အိုဆောဟွာနောက်တွင် ဂျင်ဆိုဟွန်းမှာ ခြေလှမ်းနှေးကွေးစွာဖြင့် လိုက်ပါလာသည်။

“ကျွန်တော် အိပ်ရေး မဝသေးဘူး"

“မဟာတပ်မှူး အပြာရောင်နဂါး တာအိုကျောင်းရဲ့ သိုင်းပညာရှင်တွေ ဌာနခွဲကနေ ထွက်ခွာပြီး တာအိုကျောင်းဆီ ပြန်လာကြပါပြီ"

ထိုင်ခုံတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသော အသက်လတ်ပိုင်း အမျိုးသားသည် ခေါင်းမော့လိုက်သည်။ သူသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး စနစ်တကျ ပြုပြင်ထားသော မုတ်ဆိတ်မွေးနှင့် ခိုင်မာသော အမူသိုင်းပညာရှင်သည်။

သူ၏ ခါးပတ်တွင်လည်း အဖြူရောင်ဓားတစ်ချောင်း စိုက်ထားသည်။

“မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ လှုပ်ရှားမှုကကော”

“သူတောင်းစားဂိုဏ်းရဲ့ သတင်းပေးချက်အရ မိစ္ဆာဂိုဏ်းဝင် သိုင်းသမား အများအပြား လှုပ်ရှားနေပါတယ်။ သူတို့အရေအတွက်က... ခုနစ်ရာလောက် ရှိမယ်လို့ ပြောပါတယ်"

“တော်တော်များတာပဲ။ သိုင်းလောက မဟာမိတ်အဖွဲ့က ပို့လိုက်တဲ့ သိုင်းသမား အရေအတွက်ကကော”

“နှစ်ရာပါ။ အရေအတွက် နည်းပေမဲ့ အားလုံးက ပထမတန်းစား သိုင်းပညာရှင်တွေလို့ ပြောပါတယ်"

“ဟုတ်လား”

အမျိုးသားသည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။

“ကျွန်တော်တို့ မကြာခင် လှုပ်ရှားကြမလား”

“မလှုပ်ရှားဘူး"

“ဘာ ဒါပေမဲ့...”

“ဒုတပ်မှူး"

“ဟုတ်ကဲ့ မဟာတပ်မှူး"

အဖြူရောင်လနန်းတော်မှ အထူးတပ်ဖွဲ့ အဖြူရောင်ဓားတပ်ဖွဲ့၏ တပ်မှူး ဆိုဝီဂျွန်းသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြောသည်။

“ဒါက နန်းတော်သခင်ရဲ့ အမိန့်ပဲ။ အဖြူရောင်ဓားတပ်ဖွဲ့က လှုပ်ရှားမှာ မဟုတ်ဘူး"

“ဟုတ်ကဲ့"

နန်းတော်သခင်၏ အမိန့်မှာ လွန်စွာ အရေးကြီးသည်။ အစာအဖြစ် အသုံးပြုခံခဲ့ရသော တာအိုကျောင်း သိုင်းပညာရှင်များကို ကာကွယ်ရန် စေလွှတ်ထားသော အဖြူရောင်ဓားတပ်ဖွဲ့မှာ ဓားကို ချထားလိုက်ပြီး အသက်ရှူသံကိုပင် တိတ်ဆိတ်စေလိုက်သည်။

သူတောင်းစားဂိုဏ်းမှ သူတို့သည် ချွေးများ စိုရွှဲလျက် တောင်ပေါ်တွင် အပြေးအလွှား လှုပ်ရှားနေကြသည်။

“ရှစ်ရာအထိ တိုးသွားပြီ မိစ္ဆာမဟာမိတ်အဖွဲ့က အပြီးသတ်ဖို့ ဆုံးဖြတ်ထားပုံပဲ”

“သိုင်းလောက မဟာမိတ်အဖွဲ့က စေလွှတ်ထားတဲ့ သိုင်းပညာရှင်တွေကကော”

“သူတို့ နေရာမှာ စောင့်နေကြတယ်"

“အဖြူရောင်ဓားတပ်ဖွဲ့ကကော”

အဖြူရောင်ဓားတပ်ဖွဲ့ကို တာဝန်ယူထားသည့် သူတောင်းစားဂိုဏ်းဝင်တစ်ဦးမှာ မျက်နှာဖျော့တော့စွာဖြင့် ပြေးလာသည်။ သူ၏ အသက်ရှူသံကြောင့် ဤတာဝန်ကို ညှိနှိုင်းပေးနေသည့် ပိုင်အန်းဂီက အရေးပေါ် မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

“ပြဿနာ ရှိနေတယ်"

“ဘာပြဿနာလဲ”

“အဖြူရောင်ဓားတပ်ဖွဲ့... ပျောက်သွားပြီ"

“ဘာ ဒါ ငရဲပဲ အဖြူရောင်ဓားတပ်ဖွဲ့ ပျောက်သွားတယ်ဆိုတာ ဘာကို ပြောတာလဲ”

“ကျွန်တော် ပြောတဲ့အတိုင်းပါပဲ အဖြူရောင်ဓားတပ်ဖွဲ့က ကတိပေးထားတဲ့ နေရာမှာ မရှိဘူး"

ပိုင်အန်းဂီသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဆံပင်များကို ဆွဲဖွလိုက်သည်။

အဖြူရောင်ဓားတပ်ဖွဲ့ ပျောက်သွားတယ်။

တာအိုကျောင်း သိုင်းပညာရှင်များကို သတ်ရန် မိစ္ဆာဂိုဏ်းဝင် ရှစ်ရာ လှုပ်ရှားနေချိန်တွင် တာဝန်ကို ဦးဆောင်ပြီး ပူးပေါင်းပါဝင်ရန် ကတိပေးထားသော အဖြူရောင်ဓားတပ်ဖွဲ့ ပျောက်ဆုံးသွားခြင်းမှာ အကြီးအကျယ် ပြဿနာပင်။

သစ္စာဖောက်တာလား ဘာလို့ အဖြူရောင်လနန်းတော်က လုပ်ရတာလဲ

ပိုင်အန်းဂီ၏ ဦးခေါင်းမှာ မူးဝေလာသည်။ သို့သော် ယခုအချိန်တွင် အကြောင်းအရင်းကို စဉ်းစားနေ၍ မရတော့ပေ။

“အခုတော့ စီချွမ်က ဂိုဏ်းကိုးဂိုဏ်း မိသားစုငါးခုကို ဆက်သွယ်ရမယ်”

“မရတော့ဘူး... အချိန်မရှိတော့ဘူး။ သူတောင်းစားတွေကို အကုန်ခေါ် တာအိုကျောင်းကို ပြန်နေတဲ့ သိုင်းပညာရှင်အားလုံးကို ဂွေကျိုးကို ပြန်ခေါ်ရမယ် ဘာလုပ်နေတာလဲ ခြေထောက်ကို မီးလောင်နေသလို မြန်မြန်ပြေးကြ”

အစီအစဉ် မှားယွင်းသွားမှန်း သိလိုက်သော ပိုင်အန်းဂီနှင့် သူတောင်းစားဂိုဏ်းသားများက နေရာအနှံ့သို့ ပြေးလွှားသွားကြသည်။

ထိုအတောအတွင်း သားကောင်များ ဌာနခွဲမှ ထွက်ခွာသွားပြီဟု သတင်းကြားလိုက်သော မိစ္ဆာဂိုဏ်းဝင် သိုင်းသမားများသည် ဝှက်ထားသော လက်နက်များကို ထုတ်ယူလိုက်ကြသည်။

“သွားကြစို့ ကောင်လေးတို့။ အမဲလိုက်ဖို့ အချိန်တန်ပြီ"

All Chapters