← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) တစ်ယောက်တည်းဖြင့် လူတစ်ထောင်ကို ရင်ဆိုင်ခြင်း နှင့် ချန်ပေ့ရွှမ်၏ သေဆုံးခြင်း

မကြာမီ ချန်ပေ့ရွှမ်၏ ဦးဆောင်မှုအောက်တွင် သူ၏ အသင်းဖော်များကလည်း အသံကို ညီညာစွာ ထပ်တူပြုလိုက်ကြသည်။

ထိုနေရာရှိ လူအများစုမှာ ကျိုးဟန်ကို ပစ်မှတ်ထားလာကြပြီး စကားများဖြင့် ဝိုင်းဝန်း ထိုးနှက်ကာ ကျိုးဟန်ကို အလျော့ပေးစေရန် ဖိအားပေးနေကြသည်။

သာမန်အချိန်များတွင် ကျိုးဟန်ကို တွေ့ပါက ဤကဲ့သို့ လုပ်ရဲဲသော သတ္တိမျိုး သူတို့တွင် သေချာပေါက် ရှိမည်မဟုတ်ပေ။

သို့သော် ယခု အခြေအနေကတော့ ကွာခြားလှသည်။

ပထမအချက်အနေဖြင့် ကျိုးဟန်သည် ကမ္ဘာ့ဘော့စ်နှင့် တိုက်ခိုက်ပြီးခါစဖြစ်၍ အခြေအနေ သိပ်ကောင်းမည်မဟုတ်ဘဲ အလွန် ဆိုးရွားနေနိုင်သည်ဟု သူတို့က ထင်မြင်နေကြသည်။

ဒုတိယအချက်အနေဖြင့် ထိုနေရာတွင် လူထောင်ပေါင်းများစွာ ရှိနေသည်။ ဤမျှများပြားသော လူများက ဖိအားပေးနေပါက ကျိုးဟန်၏ စွမ်းအား မည်မျှပင် ကြီးမားနေပါစေ တစ်ယောက်တည်းဖြင့် လူထောင်ပေါင်းများစွာကို အနိုင်တိုက်နိုင်မည်မဟုတ်ဟု ယူဆထားကြသည်။

ဤကဲ့သို့ တွက်ချက်မှုများက ကစားသမားများကို ယုံကြည်မှု အပြည့်ဖြစ်စေပြီး ကျိုးဟန်ကို ရန်စဝံ့သည့် သတ္တိကို ရရှိစေခဲ့သည်။

ဆူညံပွက်လောရိုက်နေသော မြင်ကွင်းကို ကြည့်ကာ ချန်ပေ့ရွှမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး အောင်ပွဲကို သေချာပေါက် ရရှိထားသည့်အလား ယုံကြည်နေသည်။

ချန်ပေ့ရွှမ်၏ အလွန် ကျေနပ်နေသော အကြည့်ကို ကျိုးဟန်လည်း သတိထားမိလိုက်သည်။

'ဒီကောင်က တကယ်ကို ယုတ်မာတာပဲ...'

'သူက ကစားသမားတွေကို သွေးထိုးလှုံ့ဆော်လိုက်လို့ အခုလို အခြေအနေမျိုး ဖြစ်သွားရတာ...'

'ဒါပေမဲ့ အကြွင်းမဲ့ စွမ်းအားရှေ့မှာတော့ ဘယ်လို လှည့်ကွက်မျိုးကမှ အသုံးမဝင်ပါဘူး...'

ဤကဲ့သို့သော လူရွှင်တော်မျိုးကို နောက်မှ ရှင်းလင်းမည်ဖြစ်ပြီး ယခု လတ်တလော ပြဿနာကို အရင် ဖြေရှင်းရမည် ဖြစ်သည်။

"ကောင်းပြီ... မင်းတို့ အားလုံးက ငါ့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို လိုချင်နေကြတယ်ပေါ့..."

ကျိုးဟန်က အေးစက်စက် မျက်နှာထားဖြင့် ညာဘက်ရှိ မြေကွက်လပ်ကို လက်ညှိုးထိုးပြကာ ဆက်ပြောလိုက်သည်။

"ငါ့ရှေ့မှာ မြေကွက်လပ်တစ်ခု ရှိတယ်... ငါ့ပစ္စည်းတွေကို လိုချင်တဲ့သူတိုင်း အဲဒီဘက်ကို သွားရပ်ကြ..."

"ရွေးချယ်မှု မလုပ်ခင်မှာ စိတ်လိုက်မာပါ မလုပ်ကြနဲ့ဦး... သေချာ စဉ်းစားပါ... ငါ မင်းတို့ကို တစ်မိနစ် အချိန်ပေးမယ်..."

ကျိုးဟန်က လေသံကို ပိုမို ပြင်းထန်အောင် ပြောလိုက်ပြီးနောက် မျက်လုံးများကို မှိတ်ထားလိုက်သည်။

သူ ဘာကြောင့် ဤသို့ လုပ်ရသလဲဆိုလျှင် သူ့အပေါ် လောဘတက်နေသူများ အားလုံးကို တစ်ပြိုင်နက်တည်း ရှင်းလင်းပစ်ရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။

ထိုစကားကို ကြားပြီးနောက် လူတိုင်း၏ မျက်နှာများမှာ ပြောင်းလဲသွားကြသည်။

'ဒါက အရှုံးပေးလိုက်တာလား...'

'ဒါမှမဟုတ် ကြောက်သွားတာလား...'

လူအများစု၏ စိတ်ထဲတွင် ဝမ်းသာသွားကြသည်။ ကျိုးဟန် တစ်ယောက်တည်းဖြင့် လူထောင်ပေါင်းများစွာကို ရင်ဆိုင်ရမည်ဖြစ်၍ ကြောက်ရွံ့သွားပြီဟု ထင်လိုက်ကြသည်။

ငွေအရည်အသွေး ပစ္စည်းများကို မကြာမီ ရရှိတော့မည်ကို တွေးမိသည်နှင့် လူတိုင်း၏ စိတ်ထဲတွင် လောဘမီးများ တောက်လောင်လာကြသည်။

အားလုံးက လျင်မြန်စွာပင် စုဝေးရောက်ရှိလာကြသည်။

"အားလုံး ရွေးချယ်ပြီးပြီလား... ဒါဆို မင်းတို့ သွားသေလို့ရပြီ..."

တစ်မိနစ် ကုန်လွန်သွားပြီးနောက် ကျိုးဟန် မျက်လုံးများကို ဖွင့်လိုက်ရာ မြေကွက်လပ်ပေါ်တွင် လူအများအပြား ရပ်နေသည်ကို တွေ့လိုက်ရသည်။

အတိအကျ မည်မျှရှိသည်ကို မရေတွက်နိုင်သော်လည်း တစ်ထောင်အောက်တော့ မနည်းနိုင်ပေ။

သေလမ်းကို ရွေးချယ်မည့်သူ ဤမျှ များပြားလိမ့်မည်ဟု ကျိုးဟန် တကယ်ပင် မထင်ထားခဲ့ပေ။

တကယ်ကို အသိဉာဏ်မဲ့သော အုပ်စုတစ်စုပင် ဖြစ်ပြီး စွမ်းအား ကွာဟချက်ကို လုံးဝ နားမလည်ကြပေ။

လက်ရှိ ကျိုးဟန်မှာ ထိုနေရာတွင် မတ်တပ်ရပ်နေပြီး သူတို့ကို တိုက်ခိုက်ခိုင်းမည်ဆိုလျှင်တောင် အကာအကွယ်ကို ဖောက်နိုင်မည် မဟုတ်ပေ။

လောဘဆိုသည်မှာ လူသားတို့၏ မွေးရာပါ စရိုက်တစ်ခုပင် ဖြစ်သည်မှာ သေချာလှသည်။

ငွေအတွက် လူသေရပြီး အစာအတွက် ငှက်သေရသည် ဆိုသော စကားမှာ အလကားပြောထားခြင်း မဟုတ်ပေ။

ကျိုးဟန်၏ စကားကို ကြားလိုက်ရချိန်တွင် ထိုလူများ၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။

"လေလုံးကတော့ ကြီးလိုက်တာ... ဒီမှာ လူဘယ်လောက် ရှိလဲဆိုတာ မင်း မကြည့်ဘူးလား..."

"ညီအစ်ကိုတို့ တက်ကြ... သူ့ကို ပညာလေး နည်းနည်း ပေးလိုက်ကြ..."

"ဒီလောက်တောင် ရောင့်တက်နေတာလား... မင်း တစ်ယောက်တည်းနဲ့ လူတစ်ထောင်ကို တကယ်ပဲ အနိုင်တိုက်နိုင်မယ်လို့ ထင်နေတာလား..."

"လက်နက်တွေ ထုတ်ပြီး ချကြ... ပစ္စည်းတွေ ရရင် ငါတို့အတွက်ပဲ..."

လူတစ်ထောင်ကျော်က ကျိုးဟန်ကို တိုက်ရိုက် ဝိုင်းရံလိုက်ကြသည်။

တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးများ ထွက်ပေါ်လာပြီး လက်နက်မျိုးစုံဖြင့် ကျိုးဟန်ကို ဝင်ရောက် တိုက်ခိုက်ကြတော့သည်။

သို့သော် မကြာမီ သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပေါ်လာခဲ့သည်။

''-၀''

''လွဲချော်သည်''

''-၀''

''-၀''

"ဘာအခြေအနေကြီးလဲ... သူက ဘာလို့ သွေးမလျော့တာလဲ..."

"သူက ရှောင်တောင် ရှောင်နိုင်သေးတယ်... သူ့ရဲ့ အကာအကွယ်ကိုတောင် ငါတို့ မဖောက်နိုင်ဘူးလား..."

"ဒါကို ဘယ်လို တိုက်ရမှာလဲ... အရမ်း ကြောက်စရာကောင်းလွန်းတယ်... ဒါက လုံးဝ ဘော့စ် တစ်ကောင်ပဲ..."

"သေစမ်း... မြန်မြန် ဆုတ်ကြ... သူ့ကို ငါတို့ မယှဉ်နိုင်ဘူး..."

လူအုပ်ကြီးမှာ ချက်ချင်းပင် လန့်ဖြန့်သွားကြသည်။ သူတို့ရှေ့ရှိ ကျိုးဟန်မှာ သူတို့အတွက် လုံးဝ အနိုင်မယူနိုင်သော ပြိုင်ဘက်ကြီး ဖြစ်နေသည်။

ကျိုးဟန်၏ စွမ်းအားက သူတို့၏ တွေးခေါ်နိုင်စွမ်းထက် ကျော်လွန်နေသည်။

ကျိုးဟန် မည်မျှပင် အစွမ်းထက်နေပါစေ သူတို့ထက် အဆအနည်းငယ်မျှသာ ပိုမို အစွမ်းထက်မည်ဟု မူလက ထင်ထားခဲ့ကြသည်။ လူတစ်ထောင်၏ ဝိုင်းရံထားမှုအောက်တွင် လုံးဝ အသက်ရှင်နိုင်မည် မဟုတ်ဟု ယုံကြည်ထားခဲ့ကြသည်။

သို့သော် သူတို့ မှားသွားခဲ့သည်။ လူတစ်ထောင် မဆိုထားနှင့် လူတစ်သောင်းဆိုလျှင်တောင် ကျိုးဟန်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ဤအချက်ကို တွေးမိသည်နှင့် အားလုံးက လူမိုက်များ မဟုတ်ကြသဖြင့် ချက်ချင်း အသိစိတ်ဝင်လာကာ စိတ်ထဲရှိ လောဘများမှာ အကြောက်တရားဖြင့် အစားထိုးသွားတော့သည်။

ထို့နောက် အားလုံးက ဖိနပ်မပါဘဲ အရပ်မျက်နှာ အသီးသီးသို့ လွတ်ရာလွတ်ကြောင်း ထွက်ပြေးကြတော့သည်။

"ထွက်ပြေးချင်တယ် ဟုတ်လား... မှားယွင်းတဲ့ ရွေးချယ်မှု လုပ်ခဲ့ရင် ထိုက်တန်တဲ့ အပြစ်ပေးမှုကို ခံယူရမှာပေါ့..."

ကျိုးဟန်၏ မျက်လုံးများက အေးစက်သွားပြီး လက်ထဲရှိ သံမဏိဓားက နေရောင်အောက်တွင် သွေးဆာနေသော အေးစက်သည့် အလင်းရောင်များ တောက်ပနေသည်။

မိမိကို သတ်ဖြတ်ချင်နေသော လူများအပေါ် သူက သေချာပေါက် သက်ညှာနေမည် မဟုတ်ပေ။

ကျိုးဟန်က လူအများဆုံး စုဝေးနေသည့် နေရာဆီသို့ လေခွင်းဓား စွမ်းရည်ကို ဦးစွာ ထုတ်လွှတ်လိုက်ရာ ချက်ချင်းပင် လူတစ်ရာကျော် မြေပြင်ပေါ်သို့ လဲကျသွားသည်။

"အား... မြန်မြန်ပြေး..."

"လူသတ်နေပြီဟေ့..."

"အရမ်း ကြောက်စရာကောင်းတာပဲ..."

ထိုလူများက ကျိုးဟန်၏ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်ကို မြင်တွေ့လိုက်ရချိန်တွင် အလွန် ကြောက်လန့်တကြားဖြစ်ကာ ကြက်ပျံငှက်ပျံ အော်ဟစ် ထွက်ပြေးကြတော့သည်။

"အသုံးမကျတဲ့ ကောင်တွေ... တကယ့် စွမ်းအားက ဘယ်လိုလဲဆိုတာ မင်းတို့ကို ပြရသေးတာပေါ့..."

အမြန်နှုန်း အားသာချက်ကို အသုံးချ၍ ကျိုးဟန်သည် လူသတ်နတ်ဆိုး တစ်ပါးကဲ့သို့ လူများကို အဆက်မပြတ် သတ်ဖြတ်နေသည်။ သူ၏ မျက်နှာထားက အေးစက်နေပြီး မျက်လုံးများထဲတွင် မည်သည့် သနားညှာတာမှုမှ မရှိပေ။

ဤကစားသမားများမှာ ခုခံနိုင်စွမ်း လုံးဝ မရှိကြဘဲ ကြက်ကလေး ငှက်ကလေးများကဲ့သို့ လွယ်ကူစွာ အသတ်ခံနေရသည်။

ယခုအချိန်တွင် ထိုနေရာတစ်ခုလုံး ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်နေပြီး စူးစူးဝါးဝါး အော်ဟစ်သံများဖြင့် ဖရိုဖရဲ ဖြစ်နေတော့သည်။

"ဘာ... ဒါ မဖြစ်နိုင်ဘူး... သူက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ..."

ချန်ပေ့ရွှမ် တစ်ယောက် လုံးဝ ကြောက်လန့်သွားရသည်။ ဤသည်မှာ လူတစ်ယောက်တည်းဖြင့် လူတစ်ထောင်ကို ရင်ဆိုင်နေခြင်း ဖြစ်သည်။

ကျိုးဟန်တွင် ဤမျှ အစွမ်းထက်သော စွမ်းအားမျိုး မည်သည့်အချိန်က ရှိနေခဲ့သနည်း။

မိမိကိုယ်မိမိ ပါရမီရှင်ဟု ထင်ထားခဲ့သော်လည်း ကျိုးဟန်၏ ရှေ့တွင်တော့ အသုံးမကျသော ကောင်လေး တစ်ယောက်မျှသာ ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ တစ်ဖက်လူက လက်ညှိုးတစ်ချောင်းတည်းဖြင့် သူ့ကို ဖိသတ်နိုင်စွမ်း ရှိသည်။

"မင်း အလှည့် ရောက်ပြီ..."

ကစားသမားအားလုံးကို သတ်ဖြတ်ပြီးနောက် ကျိုးဟန်သည် တစ်ကိုယ်လုံး သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ချန်ပေ့ရွှမ်ကို လှမ်းကြည့်လိုက်သည်။

"ဟင့်အင်း... မလုပ်ပါနဲ့... ကျွန်တော်..."

ကျိုးဟန်၏ အေးစက်သော အကြည့်နှင့် ဆုံလိုက်ရချိန်တွင် သူ၏ အသိစိတ်များ လွင့်ထွက်သွားပြီး စိတ်ထဲတွင် အလွန် ကြောက်ရွံ့တုန်လှုပ်သွားရသည်။

နတ်ဘုရားနှင့်မိစ္ဆာကမ္ဘာသို့ အတူတူ ဝင်ရောက်လာသော ကစားသမားများ ဖြစ်ပါလျက် စွမ်းအား ကွာဟချက်က အဘယ်ကြောင့် ဤမျှ ကြီးမားနေရသနည်း။

ဤမေးခွန်းကို ချန်ပေ့ရွှမ် တစ်ယောက် နောင်တွင် စဉ်းစားခွင့် ရတော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဓားအလင်းတန်းတစ်ခု ဝင်ရောက်လာပြီး သူ့ကို နှစ်ပိုင်း ပိုင်းဖြတ်သွားသောကြောင့် ဖြစ်သည်။

အစအဆုံးတိုင်အောင် ပြဿနာရှာသွားသောသူမှာ ချန်ပေ့ရွှမ် ဖြစ်မှန်း ကျိုးဟန် မသိလိုက်ပေ။

မည်သို့ပင်ဖြစ်စေ လူရွှင်တော် တစ်ယောက်သာ ဖြစ်ပြီး သိနေရန်လည်း မလိုအပ်ပေ။

"ငါ့ရဲ့ ပစ္စည်းတွေကို လိုချင်တဲ့သူ ဘယ်သူ ရှိသေးလဲ..."

ကျိုးဟန်က တည်ငြိမ်သော အကြည့်ဖြင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။

အကြည့်ရောက်သွားသည့် နေရာတိုင်းတွင် မည်သူမျှ ပြန်မကြည့်ရဲဘဲ အားလုံးက ခေါင်းငုံ့ထားကြကာ အသက်ပြင်းပြင်းတောင် မရှူရဲကြပေ။

'နောက်နေတာလား...'

'အသက် မလိုချင်တော့လို့လား...'

လူတစ်ထောင်ကျော်ကို မိနစ်အနည်းငယ်အတွင်း ပြောင်သလင်းခါအောင် သတ်ဖြတ်ပစ်ခဲ့သည်။

တကယ်ကို လူသတ်နတ်ဆိုး တစ်ပါးပင် ဖြစ်သည်။

ဤကြောက်မက်ဖွယ်ကောင်းပြီး အံ့သြတုန်လှုပ်ဖွယ် မြင်ကွင်းက သူတို့၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားတော့မည် ဖြစ်သည်။

ခဏကြာသည်အထိ မည်သူမျှ အသံမထွက်လာသည်ကို မြင်သောအခါ ကျိုးဟန် အနည်းငယ် ပျင်းရိသွားသည်။

"မရှိဘူးဆိုရင်လည်း ထွက်သွားကြတော့..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်ရှိနေသော လူအုပ်ကြီးမှာ နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားကြသည်။

အားလုံးက ခြေကုန်သုတ်၍ ပြေးကြပြီး ပြဿနာရှိသော ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားကြတော့သည်။

'ဘာလို့ အဆင့် ၁၀ ရောက်သွားတဲ့ ကြေညာချက် မပေါ်လာတာလဲ...'

ကျိုးဟန် အနည်းငယ် ထူးဆန်းသွားပြီး အချက်အလက် ဖန်သားပြင်ကို ဖွင့်ကြည့်လိုက်ရာ အတွေ့အကြုံမှတ်က အဆင့် ၉ ၏ ၉၉.၂ ရာခိုင်နှုန်းသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

မြင်လိုက်ရချိန်တွင် ကျိုးဟန် တစ်ယောက် ဆွံ့အသွားရသည်။ နည်းနည်းလေးမှ လိုနေသေးသည် မဟုတ်ပါလား။

ဟန်ချင်ရွှဲ့ ညီအစ်မနှစ်ယောက်မှာလည်း ရောက်မလာသေးပေ။

ကျိုးဟန်က စောင့်ဆိုင်းနေရင်း ရရှိထားသော ငွေအရည်အသွေး ပစ္စည်းများကို စတင် စစ်ဆေးကြည့်လိုက်သည်။

စုစုပေါင်း ငွေအရည်အသွေး ပစ္စည်း ၅ ခု ရှိသည်။

ကျိုးဟန် ကြည့်လိုက်သည်။

လျှို့ဝှက်ငွေရောင် ဓားရှည်၊ ငန်းမွေး ဦးထုပ်၊ မြပတ္တမြား လက်စွပ်၊ ခရမ်းရောင်ပတ္တမြား လည်ဆွဲ၊ လေခွင်း ဦးထုပ်။

လက်နက် တစ်ခု၊ ဦးထုပ် နှစ်ခုနှင့် အလှဆင်ပစ္စည်း နှစ်ခု ဖြစ်သည်။

All Chapters