← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း (၂၂) မိန်းကလေး နှစ်ယောက်ကြား ညှပ်နေခြင်း

"အဟမ်း... နင့် မျက်နှာက တကယ် အထူကြီးပဲ..."

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေလိုက်တာ..."

ကျိုးဟန်၏ စကားကို ကြားလိုက်ရသည့်အခါ ညီအစ်မနှစ်ယောက်လုံး မျက်နှာများ နီရဲသွားကြသည်။ မိမိတို့၏ အမူအရာပျက်သွားမှုကို သေချာပေါက် ဝန်မခံနိုင်ကြသဖြင့် အလျင်အမြန် ငြင်းဆိုလိုက်ကြသည်။

'ဟက်... မိန်းမတွေ... ပါးစပ်ကသာ ငြင်းနေတာ...'

"ဒါဆို သွားကြစို့... ဒီက သားရဲတွေက အရမ်း အားနည်းတော့ အဆင့်တက်တာ အရမ်းနှေးတယ်..."

မြူခိုးတောအုပ်အတွင်းရှိ အမြင့်ဆုံး သားရဲများမှာ အဆင့် ၁၀ သာရှိပြီး ပစ္စည်းကောင်းများလည်း မကျနိုင်ပေ။

အတွေ့အကြုံမှတ်ကလည်း နည်းပါးသဖြင့် ကျိုးဟန်၏ နောက်ထပ် အဆင့်တက်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျိုးဟန်က အဆင့်ပိုမြင့်သော မြေပုံများသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။

"ဟေး... ခဏနေဦး... ဟိုမှာ တစ်ခုခု လင်းနေတယ်..."

ဟန်ချင်ရွှဲ့က သူမ၏ ပင်ကိုစွမ်းရည်ဖြစ်သော အမြင်အာရုံကို အသုံးပြု၍ ထူးခြားသော အခြေအနေတစ်ခုကို ထပ်မံ ရှာဖွေတွေ့ရှိသွားသည်။

သူမ လက်ညှိုးထိုးပြရာသို့ ကျိုးဟန် လျှောက်သွားပြီး သေချာကြည့်လိုက်ရာ ချန်ပေ့ရွှမ်၏ အလောင်းဘေးတွင် ဖြစ်နေသည်။

ရွှေရောင် အလင်းဖျော့ဖျော့လေး တောက်ပနေသည့် မြေပုံတစ်ခု ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ဖြင့် တစ်ဝက်ကျော် ဖိမိနေခြင်း ဖြစ်သည်။

ဤမျှ မြင်ရခက်သော ထောင့်ချိုးတစ်ခုကို ရှာတွေ့သွားသော ဟန်ချင်ရွှဲ့၏ အလွန် ကောင်းမွန်လှသည့် အမြင်အာရုံကို ကျိုးဟန် တစ်ယောက် လေးစားသွားမိသည်။

မြေပုံကို ကောက်ယူလိုက်ချိန်တွင် စနစ်၏ သတိပေးသံ ထွက်ပေါ်လာသည်။

"စနစ် သတိပေးချက်... သင်သည် ရတနာမြေပုံ (မြူခိုးတောအုပ်) ကို ရရှိပါသည်... ရတနာရှာဖွေရေး လမ်းကြောင်းကို ဖွင့်လိုပါသလား..."

'သောက်ကျိုးနည်း... ရတနာမြေပုံကြီး ပါလား...'

'ဒီကောင့် ကံက တော်တော်ကောင်းတာပဲ... နှမြောစရာကောင်းတာက ငါ့လက်ချက်နဲ့ သေသွားရတာ...'

ကျိုးဟန်က စိတ်ထဲတွင် ညည်းတွားလိုက်ပြီးနောက် ဖွင့်ရန် ရွေးချယ်လိုက်သည်။

"စနစ် သတိပေးချက်... အောင်မြင်စွာ ဖွင့်လိုက်ပါပြီ... လမ်းကြောင်းများ ထွက်ပေါ်လာပါပြီ... ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ..."

မကြာမီ ကျိုးဟန်က မြေပုံ အချက်အလက်များကို ဖွင့်လိုက်ရာ ရတနာရှိရာ တည်နေရာကို တွေ့လိုက်ရသည်။

မိမိ လက်ရှိ နေရာမှ ရတနာရှိရာသို့ ဝင်္ကပါကဲ့သို့ ကွေ့ကောက်နေသော လမ်းကြောင်းတစ်ခု ရှိနေသည်။

"ဘာ... ဒါက ရတနာမြေပုံလို့ နင်ပြောတာလား... ငါက ရတနာရှာတဲ့ ကစားနည်းတွေကို အကြိုက်ဆုံးပဲ..."

ဤသတင်းကို ကြားလိုက်ရပြီးနောက် ညီအစ်မနှစ်ယောက်မှာ အလွန် စိတ်လှုပ်ရှားသွားကြသည်။

"ဘယ်လို ရတနာမျိုးတွေက ငါတို့ကို စောင့်နေမလဲ မသိဘူးနော်..."

"ဒါဆို သွားကြစို့လေ... ဘာစောင့်နေဦးမှာလဲ..."

ကျိုးဟန်လည်း အလွန် မျှော်လင့်နေမိပြီး သုံးယောက်သား ချက်ချင်း ထွက်ခွာလာခဲ့ကြသည်။

ကွေ့ကောက်နေသော လမ်းကြောင်းများအတိုင်း ဖြတ်သန်းလာပြီးနောက် ဂူတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။ မြေပုံပေါ်တွင် ပြသထားသည်မှာ ဤနေရာက ရတနာရှိရာ နေရာပင် ဖြစ်သည်။

"အထဲက မှောင်မည်းနေတာပဲ... အရမ်း ကြောက်စရာကောင်းတယ်နော်..."

ဟန်ရှန်နင်က အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ကြည့်ရတာ အရမ်း အန္တရာယ်များမယ့် နေရာမျိုးပဲ..."

ဟန်ချင်ရွှဲ့လည်း အနည်းငယ် ထိတ်လန့်နေမိသည်။

သူတို့ရှေ့ရှိ ဂူကြီးမှာ တကယ်ကို မှောင်မည်းနေပြီး အလင်းရောင် အလွန် အားနည်းကာ နှစ်မီတာ သုံးမီတာခန့်သာ မြင်ရသည်။

မိန်းကလေးများပီပီ သတ္တိနည်းသည်မှာ ပုံမှန်သာ ဖြစ်သည်။ နတ်ဘုရားနှင့်မိစ္ဆာကမ္ဘာ သို့ ရောက်ရှိလာသည်မှာ တစ်ရက်ပင် မပြည့်သေးရာ ချက်ချင်းကြီး ပြောင်းလဲသွားရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။

"ဒါမှမဟုတ် မင်းတို့ နှစ်ယောက် အပြင်မှာပဲ စောင့်နေကြမလား..."

သူတို့ ကြောက်ရွံ့နေသည်ကို မြင်သောအခါ ကျိုးဟန်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

"မရဘူး... ရောက်မှတော့ ရောက်လာပြီပဲ... ဘယ်လိုပဲဖြစ်ဖြစ် အထဲဝင်ကြည့်ရမှာပေါ့..."

ဟန်ရှန်နင်က ချက်ချင်း ငြင်းဆိုလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဟုတ်တယ်... ငါတို့လည်း ကိုယ့်စွမ်းအားကို ကိုယ် လေ့ကျင့်ရမှာပေါ့... နင့်အတွက် အမြဲတမ်း ဝန်ထုပ်ဝန်ပိုးကြီးတော့ အဖြစ်မခံနိုင်ဘူး..."

ဟန်ချင်ရွှဲ့ကလည်း သူမ၏ သဘောထားကို ဖော်ပြလိုက်သည်။

"ကြည့်ရတာ မင်းတို့ နှစ်ယောက်လုံးက ငါ့ရဲ့ အိမ်ထောင်ရှင်မကောင်းလေးတွေ ဖြစ်ချင်နေကြတာပဲ... ကောင်းပြီ... အခုပဲ ထွက်ကြမယ်..."

မိန်းကလေး နှစ်ယောက်လုံးက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လိုစိတ် ရှိသည်ကို မြင်သောအခါ ကျိုးဟန် အလွန် ဝမ်းသာသွားသည်။

ဤသို့ဆိုလျှင် နောက်ပိုင်း၌ သူ့အတွက် အများကြီး သက်သာသွားမည် ဖြစ်သည်။ ကျိုးဟန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဂူထဲသို့ ဦးဆောင် ဝင်သွားတော့သည်။

"အိမ်ထောင်ရှင်မ ဟုတ်လား... လူဆိုး ကျိုးဟန်... ငါတို့ကို အခွင့်အရေး ယူပြန်ပြီ..."

ဟန်ရှန်နင်က ကျိုးဟန်၏ ကျောပြင်ကို ကြည့်ကာ ပါးစပ်မှသာ ရန်လုပ်နေသော်လည်း မျက်နှာပေါ်တွင်တော့ အပြုံးများ ထွက်ပေါ်နေသည်။

ဂူထဲတွင် ရှည်လျားသော လျှောက်လမ်းတစ်ခု ရှိနေပြီး သူတို့ သုံးယောက် အတန်ကြာ လျှောက်လာခဲ့ကြသည်။

အမှောင်ထုမှလွဲ၍ မည်သည့် အန္တရာယ်မျှ မတွေ့ရပေ။ နောက်ဆုံးတွင် လျှောက်လမ်း၏ အဆုံး၌ ကြီးမားသော သေတ္တာကြီးတစ်ခုကို တွေ့လိုက်ရသည်။

ကျိုးဟန် ရှေ့သို့ လျှောက်သွားရန် ပြင်လိုက်ချိန်တွင် သေတ္တာဘေး၌ အနက်ရောင် အရိပ်တစ်ခု လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။

'ဟင်... ဒါက သေတ္တာကို စောင့်နေတဲ့ အစောင့်လား...'

ပုံမှန် ဂိမ်းများ၏ ထုံးစံအရဆိုလျှင် ရတနာကို ရယူရန် သေတ္တာကို စောင့်နေသော ဘော့စ်ကို အနိုင်ယူရမည် ဖြစ်သည်။ ထို့ကြောင့် ထိုအရိပ်မှာ သေတ္တာအစောင့်ဖြစ်မည်ဟု ကျိုးဟန် ခန့်မှန်းလိုက်သည်။

ထင်သည့်အတိုင်းပင် လူဝင်လာသည်ကို မြင်သည်နှင့် ထိုအရိပ်က ကျိုးဟန်ဆီသို့ တိုက်ရိုက် တိုက်ခိုက်လာတော့သည်။

သွေးအရိပ် ပိုးမိစ္ဆာ

အရည်အသွေး - ငွေ

အဆင့် - ၂၀

သွေးပမာဏ - ၃၂၀၀

တိုက်ခိုက်မှု - ၄၁၃

အကာအကွယ် - ၂၁၇

စွမ်းရည် ၁ - ပိုးမွှားဆင့်ခေါ်ခြင်း (အကောင်ရေ အမြောက်အမြားရှိသော ပိုးမွှားများကို ဆင့်ခေါ်ကာ ပစ်မှတ်ကို ဝိုင်းရံတိုက်ခိုက်စေမည်)

စွမ်းရည် ၂ - ကာကွယ်ခြင်း (အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုများကို ၂၀% သော ဖြစ်နိုင်ချေဖြင့် ကာကွယ်နိုင်မည်)

ဖော်ပြချက် - ပိုးမွှား အမြောက်အမြားကို ဆင့်ခေါ်နိုင်ပြီး အလွန် အနှောင့်အယှက် ပေးနိုင်ပါသည်... အားနည်းချက် - မီးစွမ်းအင်ဖြင့် တိုက်ခိုက်မှုများ

သွေးအရိပ် ပိုးမိစ္ဆာ ၏ သွေးပမာဏက ၃၂၀၀ သာ ရှိသည်ကို မြင်လိုက်ရသည့်အခါ ကျိုးဟန်အတွက် လုံးဝ ဖိအားမရှိဟု ခံစားလိုက်ရပြီး စွမ်းရည် နှစ်ကြိမ် သုံးလိုက်ရုံဖြင့် ပြီးသွားမည် ဖြစ်သည်။

စွမ်းရည် နှစ်ခုစလုံးက ထူးဆန်းလှသည်။

တစ်ခုက ပိုးမွှားများကို ဆင့်ခေါ်၍ အုပ်စုဖွဲ့ တိုက်ခိုက်သည့် နည်းဗျူဟာကို အသုံးပြုခြင်း ဖြစ်သည်။

နောက်တစ်ခုက ကာကွယ်ခြင်း စွမ်းရည်ဖြစ်ပြီး ၂၀% သာ ဖြစ်နိုင်ချေရှိရာ သိပ်မများလှပေ။ အကဲဖြတ်ခြင်း ၏ ရလဒ်များတွင် အသေးစိတ် ရှင်းလင်းချက်များ မပါဝင်ပေ။

ကျိုးဟန်လည်း အချိန်ဆွဲမနေတော့ဘဲ ဓားကို မြှောက်ကာ ကြက်ခြေခတ် ဓားချက် ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ပြင်းထန်လှသော ဓားစွမ်းအင်များက အကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး နက်ရှိုင်းသော ဒဏ်ရာများ ရရှိသွားစေသည်။

ထို့အပြင် ကံကောင်းစွာဖြင့် နောက်ဆုတ်သွားစေသည့် အကျိုးသက်ရောက်မှုပါ အလုပ်လုပ်သွားသည်။ သွေးအရိပ် ပိုးမိစ္ဆာ မှာ ချက်ချင်းပင် နောက်သို့ လွင့်စဉ်သွားပြီး ကျောက်နံရံနှင့် သွားတိုက်မိတော့သည်။

"ရှဲ..."

၎င်းမှာ အလွန် ဒေါသထွက်သွားပုံရပြီး ချက်ချင်းပင် ပိုးမွှားဆင့်ခေါ်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်သည်။

ပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် မြေအောက်မှ ပိုးကောင် အမြောက်အမြား ထွက်ပေါ်လာပြီး ကျိုးဟန်တို့ဆီသို့ ဝိုင်းရံလာကြသည်။

"အား... ပိုးကောင်တွေ အများကြီးပဲ..."

"အရမ်း ရွံစရာကောင်းတာပဲ... ငါ့ဆီကို လာနေကြပြီ..."

ပိုးကောင်များစွာ ပြည့်နှက်နေသည်ကို ကြည့်ရသည်မှာ ကြက်သီးထစရာပင်။ အကယ်၍ အကောင်လေးတွေ အများကြီးကို ကြောက်တတ်သူများဆိုလျှင် ချက်ချင်းပင် သတိလစ်သွားနိုင်လောက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ညီအစ်မနှစ်ယောက်လုံး ချက်ချင်း လန့်ဖြန့်သွားကြသည်။ သူမတို့မှာ ချက်ချင်း ပြာယာခတ်သွားကြပြီး ကျိုးဟန်ကို မြင်သည်နှင့် သူ၏ ရင်ခွင်ထဲသို့ အတင်း တိုးဝင်လာကြသည်။

'ဒီလောက်တောင် သတ္တိနည်းရလား...'

ကျိုးဟန် အနည်းငယ် ဆွံ့အသွားရသည်။ ဘယ်ဘက်ရော ညာဘက်ပါ မိန်းကလေး နှစ်ယောက်ကြား ညှပ်နေပြီး မတူညီသော မွှေးပျံ့သည့် ရနံ့နှစ်ခုက သူ၏ စိတ်နှလုံးကို လွှမ်းမိုးသွားရာ တကယ်ကို သက်သောင့်သက်သာ ရှိလှသည်ဟု ခံစားလိုက်ရသည်။

သို့သော် ယခုအချိန်က ပေါက်ကရ တွေးနေရမည့် အချိန်မဟုတ်ဘဲ မျက်စိရှေ့က အန္တရာယ် ကို အရင် ရှင်းလင်းရမည် ဖြစ်သည်။

"ဟေး... မင်းတို့ နှစ်ယောက် နည်းနည်းလောက် တည်ငြိမ်အောင် နေကြပါဦး..."

သူမတို့ ယခုလို လုပ်နေသဖြင့် သူ့အနေဖြင့် စွမ်းရည်များကို လုံးဝ အသုံးပြု၍ မရတော့ပေ။

"ပိုးကောင်တွေလေ... ငါ အရမ်း ကြောက်တယ်... တစ်ချက်ကြည့်လိုက်တာနဲ့တင် ရင်ဘတ်ထဲက အောင့်လာတယ်..."

ဟန်ရှန်နင်က မသက်မသာဖြင့် ပြောလိုက်သည်။ ကြည့်ရသည်မှာ အကောင်လေးတွေ အများကြီးကို ကြောက်တတ်သည့် ရောဂါ ရှိပုံရသည်။

ဘေးနားရှိ ဟန်ချင်ရွှဲ့ကတော့ ချက်ချင်း သတိဝင်လာခဲ့သည်။

သူမ၏ ရင်ဘတ်က ကျိုးဟန်၏ ကိုယ်ပေါ်တွင် ကပ်နေသေးသည်ကို သတိထားမိလိုက်သည့်အခါ ချက်ချင်း မျက်နှာလေး နီရဲသွားတော့သည်။ သူမက အလျင်အမြန် ခွာလိုက်ပြီး ခေါင်းငုံ့ကာ ဘာတွေ တွေးနေမှန်း မသိပေ။

အခြားတစ်ဖက်ရှိ ဟန်ရှန်နင်ကတော့ အသေအလဲ ဖက်ထားပြီး လွှတ်မပေးသေးပေ။ ကျိုးဟန်လည်း လွှတ်ထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ လက်တစ်ဖက်တည်းဖြင့်လည်း ရင်ဆိုင်နိုင်သည်။

"ရန်သူတွေကို အစ်ကို ဘယ်လို ရှင်းပစ်မလဲဆိုတာသာ ကြည့်နေ..."

ကျိုးဟန်က ဟန်ရှန်နင်ကို လက်တစ်ဖက်ဖြင့် ပြန်ဖက်ထားလိုက်ပြီး လေခွင်းဓား ကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။

ဓားစွမ်းအင် သုံးခု ထွက်ပေါ်လာပြီး သွေးအရိပ် ပိုးမိစ္ဆာ ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

''လွဲချော်သည်''

''လွဲချော်သည်''

ရှောင်တိမ်းမှု နှစ်ကြိမ် ဆက်တိုက် အလုပ်လုပ်သွားရာ ကံတရားက တကယ်ကို ဆိုးရွားလှသည်။ သို့သော် တတိယမြောက် ဓားစွမ်းအင်ကတော့ အကောင်ကြီးကို ထိုးဖောက်သွားခဲ့သည်။

"စနစ် သတိပေးချက်... သင်သည် သွေးအရိပ် ပိုးမိစ္ဆာ ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပါသဖြင့် ရွှေရောင် သေတ္တာသော့ ၁ ချောင်းကို ရရှိပါသည်..."

ကျောပိုးအိတ်ထဲတွင် ရွှေရောင် သော့တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။

ရွှေရောင် သေတ္တာသော့

ဖော်ပြချက် - ရွှေအရည်အသွေးအောက်ရှိ မည်သည့် သေတ္တာကိုမဆို ဖွင့်နိုင်ပြီး တစ်ခါသုံး ပစ္စည်းဖြစ်ကာ အသုံးပြုပြီးပါက အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်ပါသည်

နတ်ဘုရားနှင့်မိစ္ဆာကမ္ဘာ ရှိ သေတ္တာများကို နှစ်မျိုး ခွဲခြားထားသည်။ တစ်မျိုးမှာ စနစ်မှ ဆုကြေးအဖြစ် ပေးသော သေတ္တာများဖြစ်ပြီး သော့မလိုဘဲ ဖွင့်နိုင်သည်။ နောက်တစ်မျိုးမှာ မြေပုံ၏ နေရာအနှံ့အပြားတွင် ရှိနေသော သေတ္တာများဖြစ်ပြီး ဖွင့်ရန် သော့လိုအပ်သည်။ သေတ္တာအစောင့်များကို သတ်ဖြတ်ပါက သော့ကျလာနိုင်ချေ ၉၀% ရှိသည်။

All Chapters