← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) လုပ်ဆောင်ချက်အသစ် မြေအိုးဖွင့်ခြင်း

ခဏကြာ အိပ်ပျော်သွားစဉ် အိပ်ချင်မူးတူးဖြင့် ဘေးအခန်းမှ ရေကျသံကို ကြားလိုက်ရသည်။

'ဟင်... ဘာလို့ အပူရှိန်တွေတောင် ပါလာတာလဲ...'

ဘေးခန်းမှ ညီအစ်မနှစ်ယောက်၏ ရယ်မောသံများကို ဝေဝေဝါးဝါး ကြားနေရသည်။ ကျိုးဟန် အနည်းငယ် ဆွံ့အသွားရသည်။ ဤမျှ ညနက်နေပြီကို မအိပ်ကြသေးဘဲ ဘာတွေလုပ်နေကြသနည်း။

ဘေးခန်းတွင်တော့ ရေနွေးငွေ့များ ဖုံးလွှမ်းနေပြီး ညီအစ်မနှစ်ယောက် ရေချိုးသန့်စင်နေကြသည်။

"ကျိုးဟန်က ချောင်းကြည့်နေမလား မသိဘူး... ဒီပြတင်းပေါက်တွေက စက္ကူတွေနဲ့ ကပ်ထားတာဆိုတော့..."

ဟန်ရှန်နင်က ပြတင်းပေါက်ဘက်ကို သတိထားကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။

"ကျိုးဟန်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး... သူက ပါးစပ်ကသာ ငါတို့ကို စနောက်နေတာ... တကယ်တော့ သူ့စိတ်က အရမ်းရိုးသားပါတယ်..."

တစ်နေ့တာလုံး အတူရှိခဲ့ခြင်းကြောင့် ရင့်ကျက်သော ဟန်ချင်ရွှဲ့က ကျိုးဟန်၏ စရိုက်ကို အကဲခတ်မိနေပြီ ဖြစ်သည်။

"ဟွန့်... ကျိုးဟန်က အစ်မပြောသလို တကယ်ပဲ အဲဒီလောက်တောင် ကောင်းနေလို့လား... အစ်မလည်း သူ့ကို သဘောကျနေတာ မဟုတ်လား..."

ဟန်ရှန်နင်က နှုတ်ခမ်းလေးစူကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။

"မဟုတ်ပါဘူး... နင် လျှောက်မပြောနဲ့..."

ဟန်ချင်ရွှဲ့ မျက်နှာလေး နီရဲသွားကာ အလျင်အမြန် ငြင်းဆိုလိုက်သည်။

"တကယ်ပဲ မဟုတ်ဘူးလား..."

ဟန်ရှန်နင်က မယုံကြည်သလို ကြည့်ရင်း သူမ၏လက်က ဟန်ချင်ရွှဲ့၏ ရင်ဘတ်ဆီသို့ မရိုးမရွ ရောက်သွားသည်။

"ဘာတွေ လျှောက်လုပ်နေတာလဲ..."

ဟန်ချင်ရွှဲ့က ညီမဖြစ်သူ၏ လက်ကို ချက်ချင်း ပုတ်ထုတ်လိုက်သည်။

"အစ်မ... အစ်မက ဘယ်လိုလုပ် အဲဒီလောက်တောင် ဖွံ့ဖြိုးနေရတာလဲ..."

ဟန်ရှန်နင်က အားကျသလို ပြောလိုက်သည်။ တကယ်တော့ သူမ၏ အရွယ်အစားကလည်း သေးလှသည်မဟုတ်သော်လည်း ဟန်ချင်ရွှဲ့နှင့် ယှဉ်လိုက်ပါက အဆင့်တစ်ခုခန့် ကွာခြားနေသည်။

"နင့်ခေါင်းထဲမှာ တစ်နေကုန် ဘာတွေလျှောက်တွေးနေတာလဲ..."

ဟန်ချင်ရွှဲ့က ညီမဖြစ်သူ၏ ခေါင်းကို ခေါက်လိုက်သည်။

"အစ်မ... ဟိုထောင့်မှာက ဘာလဲ... တစ်ခုခု ရှိနေသလိုပဲ..."

"ဘာရှိလို့လဲ... ဒါက... အား... မြွေကြီး..."

ဟန်ချင်ရွှဲ့ လှည့်ကြည့်လိုက်ရာ သူမ၏ အမြင်အာရုံက အလွန်ကောင်းသဖြင့် မြွေတစ်ကောင်ဖြစ်ကြောင်း ချက်ချင်း မြင်လိုက်ရကာ ထိတ်လန့်တကြား ခုန်ထလိုက်မိသည်။ မြွေငယ်လေးက သူတို့ဆီသို့ တရွေ့ရွေ့ လာနေသည်ကို မြင်သောအခါ ဟန်ရှန်နင်လည်း စူးစူးဝါးဝါး အော်ဟစ်ကာ ရေချိုးကန်ထဲမှ ပြေးထွက်လာတော့သည်။

ကျိုးဟန်က စူးစူးဝါးဝါး အော်သံ နှစ်သံကို ကြားလိုက်ရသည်။ အသံက ဘေးခန်းမှ ထွက်လာခြင်း ဖြစ်သည်။ ချက်ချင်းပင် သူ၏မျက်နှာထား တည်တင်းသွားသည်။ ညီအစ်မနှစ်ယောက် တစ်ခုခု အန္တရာယ်ဖြစ်နေပြီလား။

ဤနေရာသည် ကမ္ဘာမြေမဟုတ်ဘဲ အန္တရာယ်များဖြင့် ပြည့်နှက်နေသော နေရာဖြစ်ကြောင်း သူ သိထားသည်။ ချန်းလဲ့မြို့တော်အတွင်းရှိ လုံခြုံရေးမှာလည်း အတော်အသင့်သာရှိပြီး မြို့ထဲတွင် အစွမ်းထက်သော ပန်းခိုးသူ များစွာ ရှိကြောင်း သူ ကြားဖူးထားသည်။

ကျိုးဟန် အများကြီး မစဉ်းစားတော့ဘဲ ဘေးခန်းသို့ ချက်ချင်း ပြေးဝင်သွားလိုက်သည်။

"ဘာဖြစ်လို့လဲ..."

ကျိုးဟန် မေးရန် ပြင်လိုက်သော်လည်း သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် သွေးတွေဆူဝေ သွားကာ တစ်ခဏချင်း မှင်သက်သွားပြီး ကျန်ရှိသော စကားများပင် အပြင်သို့ ထွက်မလာတော့ပေ။

ညီအစ်မနှစ်ယောက်မှာ အလွန် ထိတ်လန့်နေကြပြီး သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို ကျိုးဟန်က အဝတ်အစားမပါဘဲ အထင်းသား မြင်နေရသည်။ ကျိုးဟန်သည် လူပျိုသိုး တစ်ယောက်ပီပီ ဤကဲ့သို့ မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် နှာခေါင်းသွေးများပင် ပန်းထွက်လာတော့သည်။

"မြွေရှိတယ်... မြန်မြန် သတ်ပေးပါဦး..."

သူတို့၏ စကားကို ကြားမှ ကျိုးဟန် သက်ပြင်းချနိုင်တော့သည်။ ပြီးမှ မြွေငယ်လေးကို မြင်လိုက်ရကာ သူက တစ်ခုခု အန္တရာယ်ဖြစ်နေပြီဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သူက ဓားဖြင့် တစ်ချက်တည်း ပိုင်းဖြတ်လိုက်ရာ မြွေငယ်လေးမှာ ချက်ချင်းပင် သေဆုံးသွားတော့သည်။

"အား... မင်း... လူယုတ်မာ..."

"ထွက်သွား... အခုချက်ချင်း ထွက်သွား..."

စိတ်လှုပ်ရှားမှုများ လျော့ကျသွားမှ ညီအစ်မနှစ်ယောက်မှာ သူတို့၏ လက်ရှိအခြေအနေကို သတိပြုမိသွားကြသည်။ သူတို့က ဖုံးကွယ်စရာ တစ်ခုခုကို အလျင်အမြန် ရှာရင်း ကျိုးဟန်ကို အော်ဟစ် မောင်းထုတ်ကြတော့သည်။ သူတို့၏ မျက်လုံးများထဲတွင် ရှက်စိတ်နှင့် ဒေါသစိတ်များ ရောပြွမ်းနေကာ အလွန် ဝမ်းနည်းနေကြသည်။

"အာ... အော်... ငါ အခုပဲ သွားပါပြီ..."

ညီအစ်မနှစ်ယောက်၏ တုံ့ပြန်မှုကြောင့် ကျိုးဟန် ချက်ချင်း သတိဝင်လာသည်။ ပြီးနောက် အမြန်ဆုံး လစ်ထွက်လာခဲ့ရသည်။ မဟုတ်ပါက ထိုမိန်းကလေးနှစ်ယောက်၏ အကြည့်များဖြင့်တင် သူ အပိုင်းပိုင်း ပြတ်သွားနိုင်သည်။

'ဘာလဲဟ... ဒါက လုံးဝကို ကျေးဇူးကန်းတာပဲ...'

'ဒီလောက်အကူအညီပေးတာကို ကျေးဇူးမတင်တဲ့အပြင် ငါ့ကိုတောင် မောင်းထုတ်ကြသေးတယ်...'

ကုတင်ပေါ်တွင် လှဲနေသော်လည်း ခုနက မြင်ကွင်းက ဦးနှောက်ထဲတွင် အဆက်မပြတ် ပေါ်လာသည်။ ၎င်းက ကျိုးဟန်ကို ဟိုဘက်လှည့် ဒီဘက်လှည့်ဖြင့် အိပ်မပျော်နိုင်အောင် ဖြစ်စေသည်။

'အချိန်ဆိုတာ ရွှေထက်တန်ဖိုးရှိပေမဲ့ ခုနက မြင်ကွင်းမျိုးကိုတော့ ရွှေနဲ့ဝယ်လို့ မရနိုင်ဘူး...'

'ညီအစ်မနှစ်ယောက်လုံးက ဘာလို့ အဝတ်အစားမပါဘဲ ဗလာကျင်းနေကြတာလဲ...'

'ဒါက မျိုးရိုးလိုက်တာလား...'

"အား... ရှက်စရာကြီး... ကျိုးဟန်က အကုန်မြင်သွားပြီ... နောက်ကျရင် ငါ သူ့မျက်နှာကို ဘယ်လိုကြည့်ရတော့မလဲ..."

ဟန်ရှန်နင်က စောင်ဖြင့် မျက်နှာကို အုပ်ထားရင်း သူမ၏မျက်နှာမှာ ရဲရဲနီကာ ပူထူနေသည်။ ခုနက အဖြစ်အပျက်ကို တွေးမိတိုင်း မြေကြီးထဲသာ တိုးဝင်သွားချင်တော့သည်။

"နင်ကမှ တော်သေးတယ်... နင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သဘောကျနေကြတာပဲ... ငါကမှ တကယ့်အရှုံးသမားပဲ... ငါကိုယ်တိုင်တောင် ဘာမှမပြောရသေးဘူး... နင်က အရင် အော်နေတာလား..."

ဟန်ချင်ရွှဲ့က ပြောရင်းနှင့် ကျိုးဟန်၏ မျက်နှာပျက်သွားသော ပုံစံကို တွေးမိကာ ရုတ်တရက် ရယ်မောလိုက်သည်။

"အစ်မက ရယ်နိုင်သေးတယ်ပေါ့..."

"ဖြစ်ပြီးသွားတာပဲလေ... ဘယ်လိုလုပ်မှာလဲ... နင်က သူ့ကို ပြန်ကြည့်မလို့လား..."

"အစ်မကတော့ အရမ်းဆိုးတာပဲ..."

"ကဲ... အိပ်ကြတော့..."

နောက်တစ်နေ့ မနက်တွင် ကျိုးဟန်က လန်းဆန်းစွာ နိုးထလာခဲ့သည်။ ညီအစ်မနှစ်ယောက်ကို သွားခေါ်ရန် ပြင်လိုက်သော်လည်း သူတို့က အပြင်သို့ ထွက်သွားကြပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူတို့က စာတိုလေးတစ်စောင် ထားခဲ့ပြီး သူတို့ဘာသာ သားရဲသွားသတ်မည်ဖြစ်၍ ကျိုးဟန် စိတ်မပူရန် ရေးထားသည်။

'ဟက်... စောစောစီးစီး ထွက်သွားကြတာပဲ...'

'ကြည့်ရတာ ရှက်နေကြလို့ ငါ့မျက်နှာကို မကြည့်ရဲကြသေးဘူးထင်တယ်...'

တွေးမိရင်း ကျိုးဟန် အနည်းငယ် ရယ်ချင်သွားသည်။ တည်းခိုခန်းတွင် မနက်စာ စားပြီးနောက် ကျိုးဟန်လည်း ယနေ့အတွက် သူ၏ ရည်မှန်းချက်ကို စတင်ရတော့မည်။

'အဆင့် ၂၀ ရောက်ဖို့ကို ပထမဆုံး ရည်မှန်းချက်အဖြစ် သတ်မှတ်လိုက်မယ်...'

"ဒေသတွင်း ကြေညာချက်... နတ်ဘုရားနှင့်မိစ္ဆာကမ္ဘာ၏ ဒုတိယမြောက်နေ့တွင် သေဆုံးသူ ကစားသမား ၁၆၃၅၉ ဦး... ကျန်ရှိသူ ၈၃၆၄၁ ဦး..."

"လုပ်ဆောင်ချက်အသစ် မြေအိုးဖွင့်ခြင်း ပွင့်သွားပါပြီ... တည်နေရာကို မြေပုံတွင် မှတ်သားထားပြီးဖြစ်ရာ ကစားသမားများ ကိုယ်တိုင် စစ်ဆေးနိုင်ပါသည်..."

'မြေအိုးဖွင့်ခြင်း ဟုတ်လား...'

'ဒါက ကမ္ဘာမြေက ဂိမ်းတစ်ခုနဲ့တောင် တူနေသလိုပဲ...'

ကျိုးဟန်က စနစ်ထံမှ သက်ဆိုင်ရာ အချက်အလက်များကို ချက်ချင်း မေးမြန်းလိုက်သည်။ မကြာမီ အကြောင်းအရာ အချို့ကို သူ နားလည်သွားသည်။

ကစားသမားတိုင်းသည် နေ့စဉ် မနက် ၆ နာရီတွင် အိုးကုန်သည်ထံမှ မြေအိုးတစ်လုံးကို အခမဲ့ ရယူနိုင်သည်။ မြေအိုးထဲတွင် အရာအားလုံး ရှိနိုင်ပြီး ဘာရမလဲဆိုသည်မှာ ကံတရားအပေါ်၌သာ မူတည်သည်။

ကျိုးဟန် ၎င်းကို အတော်လေး စိတ်ဝင်စားသွားသည်။ အလကားပေးသည့် အိုးဖြစ်သဖြင့် သွားကြည့်ရုံဖြင့် ဘာမှမဖြစ်ပေ။

မြေပုံ၏ ညွှန်ကြားချက်အတိုင်း အိုးကုန်သည်ရှိရာသို့ သူ ရောက်လာခဲ့သည်။ ထိုနေရာတွင် ကစားသမားများစွာ စုပြုံနေကြပြီး အားလုံးက စိတ်လှုပ်ရှားနေကြသည်။

"လူငယ်... ဒါက မင်းအတွက် ဒီနေ့ရဲ့ မြေအိုးပဲ... သေချာယူထားနော်... မလောက်သေးဘူးဆိုရင်လည်း ငါ့ဆီမှာ ဝယ်လို့ရတယ်... တစ်လုံးကို ရွှေဒင်္ဂါး ၁၀ ပြားပဲ... ပစ္စည်းကောင်းပြီး ဈေးလည်း တန်ပါတယ်..."

တော်သေးသည်မှာ ဤအိုးကုန်သည်၏ အာရုံခံနိုင်စွမ်းက အလွန်ကောင်းလှသည်။ ကျိုးဟန် လှမ်းလာသည်ကို ၁၀ မီတာ အကွာအဝေးမှပင် သူ မြင်လိုက်ရကာ ကျိုးဟန်ကို လှမ်းပြောသဖြင့် လူအုပ်ထဲသို့ တိုးဝင်ရန် မလိုတော့ပေ။

"သင်သည် သာမန် မြေအိုး ၁ လုံးကို ရရှိပါသည်..."

သာမန် မြေအိုး

အဆင့် - သာမန်အဆင့်

အမျိုးအစား - ကံစမ်းခြင်း အမျိုးအစား ပစ္စည်း

ဖော်ပြချက် - အလွန်နည်းပါးသော ဖြစ်နိုင်ချေဖြင့် အရည်အသွေးမြင့် ပစ္စည်းများ ထွက်လာနိုင်သည်

ကျိုးဟန်က စိတ်ထဲမှ ဖွင့်ရန် ညွှန်ကြားလိုက်သည်။

"သင်သည် သာမန် မြေအိုးကို ဖွင့်လိုက်ပါသည်..."

"သင်သည် ရွှေဒင်္ဂါး ၁ ပြားကို ရရှိပါသည်..."

ထင်သည့်အတိုင်းပင် သာမန်အဆင့်သာ ဖြစ်သည်။ ကျိုးဟန်လည်း ပစ္စည်းကောင်း ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ကံတရားဆိုသည်မှာ အတက်အကျ ရှိတတ်သည် မဟုတ်ပါလား။

"သေစမ်း... ငါ့ကံက တော်တော်ဆိုးတာပဲ... အိုးသုံးလုံးဖွင့်တာ ရွှေဒင်္ဂါး ၅ ပြားပဲ ရတယ်... အကြီးအကျယ် ရှုံးတာပဲ..."

"ဘာလို့ ဒီလောက်တောင် ဈေးကြီးရတာလဲ... အိုးတစ်လုံးကို ရွှေဒင်္ဂါး ၁၀ ပြားတဲ့... ငါတို့လို ဆင်းရဲသားတွေကတော့ မကစားနိုင်ဘူး..."

"ကံကြမ္မာကို ပြောင်းလဲဖို့က အရမ်းခက်တာပဲ... ဖြစ်နိုင်ချေက တော်တော်နည်းတာပဲ... သွားပြီ... သားရဲသွားသတ်တာကမှ ပိုပြီးသေချာဦးမယ်..."

"ငါ့ရဲ့ကံက အခုချက်ချင်း ကောင်းလာပါစေလို့ ဆုတောင်းရမယ်... ကံကြမ္မာ ပြောင်းဖို့က ဒီနေ့ပဲ..."

"ဝိုး... ငါ ရွှေအဆင့်ရှိတဲ့ မှော်တုတ်တံတစ်ခု ရသွားပြီဟေ့..."

"တကယ် ကံကောင်းတာပဲ... မနာလိုလိုက်တာ..."

ကစားသမားများစွာ ထိုနေရာတွင် မြေအိုးဖွင့်နေကြပြီး ဘာမှမရသူများက ကျိန်ဆဲနေကြသလို ပစ္စည်းကောင်းရသူများကတော့ အပျော်လွန်နေကြသည်။

All Chapters