← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း (၃၂) မင်းမှာ ဒီလို အကျင့်ဆိုးမျိုး ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး

ထန်ယွီရို၏ စကားများကို ကြားလိုက်ရသော်လည်း ကျိုးဟန် ဒေါသမထွက်ဘဲ အနည်းငယ်ပင် ဆွံ့အသွားမိသည်။

'ဒီကောင်မလေးက အပိုတွေ တော်တော် လုပ်လွန်းတာပဲ...'

"ဟုတ်လား... ဒါပေမဲ့ ဒီလောက်ပါပဲလေ... အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ..."

ကျိုးဟန်က အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ကြည့်ရတာ နင်က... ဘာ..."

ထန်ယွီရိုက သရော်ရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် သူမ၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။

သူမ လုံးဝ ထင်မထားခဲ့သော ရလဒ်မျိုး ထွက်ပေါ်လာသဖြင့် အလွန် အံ့အားသင့်သွားကာ စကားပင် မပြောနိုင်တော့ပေ။

ယခုအချိန်တွင် ကြီးမားလှသော ရေခဲ ဓားကြီးမှာ မီတာ ဆယ်ဂဏန်းခန့် အဝေးသို့ လွင့်စင်သွားပြီး တိုက်ပွဲမြေပြင်သို့ ပြန်ရောက်ရန် အချိန်အတော်ကြာ ယူရမည် ဖြစ်သည်။

ဘာတွေ ဖြစ်ပျက်သွားမှန်း ထန်ယွီရို မသိလိုက်ခင်မှာပင် တိုက်ပွဲအခြေအနေက ချက်ချင်း ပြောင်းပြန်လန်သွားတော့သည်။

ကျိုးဟန်ကတော့ အကြောင်းရင်း အားလုံးကို ရှင်းရှင်းလင်းလင်း သိနေသည်။ အဘယ်ကြောင့်ဆိုသော် ကြက်ခြေခတ် ဓားချက် က နောက်သို့ဆုတ်သွားစေသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သောကြောင့်ပင်။

ယခုတစ်ကြိမ်တွင်တော့ ကျိုးဟန်၏ အရှေ့၌ မည်သည့် အတားအဆီးမျှ မရှိတော့ပေ။ သူကလည်း ဤကဲ့သို့သော တိုက်ပွဲ အခွင့်အရေးမျိုးကို လက်လွတ်ခံမည် မဟုတ်ပေ။

ခုန်ပျံခြင်း စွမ်းရည်ကို အသုံးပြု၍ ထန်ယွီရို၏ အရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

ထန်ယွီရိုမှာ ချက်ချင်း လန့်ဖြန့်သွားပြီး ဖြူဖွေးသော မျက်နှာလေးမှာ အကြောက်တရားကြောင့် သွေးဆုတ်သွားတော့သည်။ ကပျာကယာဖြင့် ရေဘောလုံး တစ်ခုကို စုစည်းကာ ကျိုးဟန်ဆီသို့ ပစ်လွှတ်လိုက်ပြီး နောက်ဆုံး အနေဖြင့် အသေအလဲ ရုန်းကန်ရန် ကြိုးစားလိုက်သည်။

"ဖြန်း..."

အပြည့်အဝ မစုစည်းရသေးသော ရေဘောလုံးလေးမှာ ကျိုးဟန်၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ချက်ချင်း ကြေမွသွားတော့သည်။

နောက်ဆုံး တန်ပြန်တိုက်ခိုက်မှုက အချည်းနှီး ဖြစ်သွားပြီး အနိုင်အရှုံးက သိသာ ထင်ရှားသွားပြီ ဖြစ်သည်။

"ဘုရားရေ... ဒီစွမ်းအားက အရမ်းကို အစွမ်းထက်လွန်းနေပြီ..."

"ကစားသမား အချင်းချင်းတောင်မှ ငါနဲ့ သူက ကမ္ဘာခြားနေသလိုပဲ..."

ဘေးနားရှိ ချင်မုန့်ယောင်မှာ အစပိုင်းက စိုးရိမ်နေခဲ့သော်လည်း ကျိုးဟန် အသာစီးရသွားချိန်တွင် ဝမ်းသာသွားပြီး စက္ကန့်အနည်းငယ်အတွင်း ပြိုင်ဘက်ကို အနိုင်ယူလိုက်နိုင်သဖြင့် နောက်ဆုံးတွင် အလွန် အံ့အားသင့်သွားရသည်။

သူမ၏ မျက်လုံးအစုံက ကျိုးဟန်ကို ကြည့်ရင်း ရင်ခုန်လှိုင်းများ ထနေကာ ရှက်ရွံ့ဝမ်းသာ ဖြစ်နေမိသည်။

"ဘယ်လိုလဲ... ဆက်ပြီး ခုခံချင်သေးလား... မင်းရဲ့ ခပ်ညံ့ညံ့ စွမ်းအားလေးနဲ့ဆိုရင် အိမ်ပြန်ပြီး နောက်ထပ် နှစ်အနည်းငယ်လောက် သွားကျင့်လိုက်ဦး..."

ထန်ယွီရို၏ ဖြူဖွေးနုနယ်သော လည်ပင်းထက်သို့ ကျိုးဟန်၏ ဓားသွားက အေးစက်စွာ ထောက်ထားလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အလွန် ဂုဏ်ယူဝင့်ကြွားသည့် အမူအရာများ ပေါ်လွင်နေသည်။ ဤကောင်မလေးက ခုနက အလွန် မာနကြီးနေသည် မဟုတ်ပါလား။

ထန်ယွီရို၏ စိတ်ထဲတွင် ဒေါသမီးများ တောက်လောင်နေသော်လည်း ယခု ဓားက သူမ၏ လည်ပင်းပေါ်သို့ ရောက်နေပြီ ဖြစ်သည်။ သူမ အတင်းအကျပ် မလုပ်ရဲတော့ပေ။

အပြင်ပန်းတွင် အရှုံးမပေးသည့်ဟန် ဖမ်းနေသော်လည်း တကယ်တမ်း သူမ၏ စိတ်ထဲတွင်တော့ ကြောက်ရွံ့နေပြီ ဖြစ်သည်။

"သွားမယ်... အခု ငါနဲ့ လိုက်ခဲ့..."

ကျိုးဟန်က အပိုစကားများ မပြောတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ အတွေ့အကြုံမှတ် တိုးမြှင့်ပေးသည့် အချိန်က သိပ်မကျန်တော့ပေ။

"ငါ့ကို ပြန်ခေါ်သွားချင်ရင် အိပ်မက်သာ မက်နေလိုက်... ငါကတော့ မလိုက်နိုင်ဘူး..."

ထန်ယွီရိုက သူမ၏ ခေါင်းမာသော အကျင့်အတိုင်း ခေါင်းကို လွှဲကာ ကျိုးဟန်ကို လုံးဝ ဂရုမစိုက်ဘဲ နေလိုက်သည်။

တကယ်တော့ ကျိုးဟန်သာ ချိုသာစွာ ရှင်းပြပြီး သူမကို မျက်နှာပန်းလှအောင် အခွင့်အရေးပေးလိုက်ပါက သူမ ငြင်းဆန်မည် မဟုတ်ပေ။ သို့သော် ယခု ကျိုးဟန်၏ ဓားက သူမကို ချိန်ရွယ်ထားရာ ဤသည်မှာ အကျပ်ကိုင်နေခြင်းသာ ဖြစ်သည်။

ယခု သူမ အလွန် မျက်နှာပျက်ရသည်ဟု ခံစားနေရပြီး ဤသည်မှာ သုံ့ပန်းတစ်ယောက်လို ဖြစ်နေသည် မဟုတ်ပါလား။ စိတ်ထဲရှိ မာနကြောင့် သူမ ပြတ်ပြတ်သားသား အရှုံးမပေးခြင်း ဖြစ်သည်။

"မလိုက်ဘူးပေါ့လေ... ငါ မင်းကို သတ်ပစ်မယ် ဆိုတာ မယုံဘူးလား..."

ကျိုးဟန်၏ မျက်နှာက အေးစက်သွားပြီး သူမကို ခြောက်လှန့်ရန် မျှော်လင့်ချက်ဖြင့် ရက်စက်ကြမ်းကြုတ်သော ဟန်ပန်ကို ဖမ်းလိုက်သည်။

"ကောင်းပြီလေ... သတ်ချင်သတ် ဖြတ်ချင်ဖြတ်... ကြိုက်သလိုသာ လုပ်..."

ထန်ယွီရိုက အနည်းငယ်မျှ ကြောက်ရွံ့သည့်ပုံ မပေါ်ဘဲ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။

ကျိုးဟန် အနည်းငယ် ဆွံ့အသွားပြီး သူမကို ဘာမှလုပ်၍ မရတော့ပေ။ တကယ်ကြီး သူမကို သတ်ပစ်၍တော့ မရနိုင်ပေ။

ကျိုးဟန် အခက်တွေ့နေသည့် ပုံစံကို မြင်လိုက်ရသည့်အခါ ထန်ယွီရို၏ မျက်နှာပေါ်တွင် ဂုဏ်ယူနေသည့် အရောင်အဝါများ တောက်ပလာသည်။

'ဟွန့်... နင်က ခုနက အရမ်း ကြမ်းတမ်းနေတာ မဟုတ်ဘူးလား... အခုကျတော့လည်း ငါ့ကို ဘာမှ လုပ်မရဘူး မဟုတ်လား... နင် ဘာတတ်နိုင်သေးလဲ ကြည့်ရသေးတာပေါ့...'

"ကောင်းပြီလေ... မင်းက ငါ့ကို အတင်းလုပ်ခိုင်းနေတာပဲ... ငါ ယုတ်မာတဲ့ နည်းလမ်းတွေ သုံးလာရင် ငါ့ကို လာအပြစ်မတင်နဲ့နော်..."

ကျိုးဟန်က နောက်ဆုံးတွင် အကြံတစ်ခု ရသွားပြီး သူ၏ မျက်နှာပေါ်တွင် မရိုးသားသည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"နင်... နင် ဘာလုပ်ချင်လို့လဲ..."

ထန်ယွီရိုက ကျိုးဟန်၏ မျက်လုံးများထဲရှိ မရိုးသားသော အပြုံးကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။

'သူက အဲဒီလို ကိစ္စမျိုးကို လုပ်ချင်နေတာတော့ မဟုတ်ပါဘူးနော်... ငါက အပျိုစင်လေး တစ်ယောက်ပါ...'

တွေးနေစဉ်မှာပင် သူမ အစိုးရိမ်ဆုံး ကိစ္စက တကယ် ဖြစ်လာခဲ့သည်။

"အား... နင်... နင်..."

ထန်ယွီရိုက သူမ၏ ရင်ဘတ်ကို ကျိုးဟန်က ဓားရှည်ဖြင့် တစ်ချက် ဖွဖွလေး ထိုးလိုက်သည်ကို ခံစားလိုက်ရသည်။

ထိခိုက်ဒဏ်ရာ မရရှိသော်လည်း ထိုအထိအတွေ့ကြောင့် သူမ တစ်ကိုယ်လုံး ကျဉ်တက်သွားရသည်။ ချက်ချင်းပင် ရှက်စိတ်နှင့် ဒေါသစိတ်များ ရောပြွမ်းသွားပြီး ကြည်လင်နေသော မျက်လုံးအစုံတွင် မျက်ရည်များ ဝဲတက်လာတော့သည်။

"အဲဒါက... ငါ မတော်တဆ ဖြစ်သွားတာလို့ ပြောရင် မင်း ယုံမလား..."

ကျိုးဟန်လည်း အနည်းငယ် အနေခက်စွာဖြင့် ဓားရှည်ကို နောက်ဆုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။

သူက မူလက ဓားရှည်ကို အသုံးပြု၍ သူမ၏ ရင်ဘတ်ရှိ ကြယ်သီးတစ်လုံးကို ဖြတ်ချကာ သူမကို ခြောက်လှန့်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘာကြောင့်မှန်း မသိဘဲ လက်က အနည်းငယ် တုန်သွားခဲ့သည်။

သစ္စာဆိုရလျှင် ကျိုးဟန် တကယ်ကို တမင်တကာ လုပ်ခဲ့ခြင်း မဟုတ်ပေ။ ထိုကဲ့သို့ တိရစ္ဆာန်ဆန်သော လုပ်ရပ်မျိုးကို သူ လုံးဝ လုပ်မည် မဟုတ်ပေ။

ဘေးနားတွင် ရပ်နေသော ချင်မုန့်ယောင် ပင်လျှင် ရင်ဘတ်ထဲတွင် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

'ဘုရားရေ... ဒါက ထက်မြက်တဲ့ လက်နက်ကြီးလေ... တကယ်သာ ထိုးမိသွားရင် ဘယ်လောက်တောင် နာကျင်လိုက်မလဲ...'

ချက်ချင်းပင် ကျိုးဟန်ကို ကြည့်သည့် သူမ၏ မျက်လုံးများက ထူးဆန်းသွားပြီး တစ်ဖက်လူတွင် အထူးတလည် အကျင့်ဆိုးများ ရှိနေမလားဟု တွေးမိသွားသည်။

သူမ၏ ခြေလှမ်းများက အလိုအလျောက် ကျိုးဟန်နှင့် ဝေးရာသို့ ဆုတ်ခွာသွားပြီး စိတ်ထဲတွင် အနည်းငယ် ကြောက်လန့်နေမိသည်။ အရင်က အသက်ကယ်တင်ပေးခဲ့မှုကြောင့် ဖြစ်ပေါ်လာသော ကျေးဇူးတင်စိတ်နှင့် သဘောကျမှုများ အားလုံး ချက်ချင်း လွင့်စင်သွားတော့သည်။

ယခု သူမ၏ စိတ်ထဲတွင် ကျိုးဟန်နှင့် ဝေးရာသို့ ထွက်ပြေးရန် ဟူသော အတွေးတစ်ခုသာ ရှိတော့သည်။

"တော်ပြီ... မြန်မြန် လိုက်ခဲ့တော့... မဟုတ်ရင် ခဏနေ ငါ့ဆီမှာ ပိုကြမ်းတဲ့ နည်းလမ်းတွေ ရှိသေးတယ်..."

ရှင်းပြ၍ မရမှန်း သိလိုက်သဖြင့် ကျိုးဟန်လည်း ဆက်မရှင်းပြတော့ဘဲ ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိ တာဝန်ကသာ အရေးအကြီးဆုံး ဖြစ်သည်။ လူဆိုးတစ်ယောက် သို့မဟုတ် ထူးဆန်းသူ တစ်ယောက် အဖြစ် အမြင်ခံရလျှင်လည်း ဘာကိစ္စ ရှိမည်နည်း။ စွမ်းအား မြှင့်တင်ရေးကသာ အရေးအကြီးဆုံး ဖြစ်သည်။

ဤအဖြစ်အပျက်လေး အပြီးတွင်တော့ ထန်ယွီရို မှာ သိသိသာသာ လန့်သွားပြီး အများကြီး လိမ္မာသွားတော့သည်။ ကျိုးဟန်၏ နောက်မှလိုက်ကာ ဝိညာဉ်တစ္ဆေ ချောက်ကမ်းပါး ၏ ထွက်ပေါက်ဆီသို့ လျှောက်သွားတော့သည်။

"အဲဒါဆိုရင် ကျိုးဟန်... ငါ... ငါ အရင် သွားတော့မယ်နော်..."

မရဏ စိမ့်မြေတော မှ ထွက်လာပြီးနောက် ချင်မုန့်ယောင် က ကျိုးဟန်နှင့် လေးငါးမီတာခန့် အကွာအဝေးမှနေ၍ စကားပြောလာသည်။

သူမ၏ မျက်နှာပေါ်တွင် အနည်းငယ် ကြောက်ရွံ့နေသည့်ပုံ ပေါက်နေပြီး သနားစရာကောင်းလှသည်။ သူမက ကျိုးဟန် ပြန်မလွှတ်ပေးမည်ကို အလွန် ကြောက်ရွံ့နေမိပြီး ဘေးနားတွင် ခေါ်ထားကာ နေ့စဉ်နေ့တိုင်း ရူးသွပ်သော ကိစ္စများ လုပ်ခိုင်းမည်ဆိုပါက တကယ်ကို ဒုက္ခရောက်ပေမည်။

သို့သော် သူမ လွန်ကဲစွာ တွေးနေခြင်းသာ ဖြစ်သည်။ ကျိုးဟန်က လုံးဝ တားဆီးရန် ရည်ရွယ်ချက် မရှိပေ။

"သွားတော့... သွားတော့..."

ကျိုးဟန်က လက်ဝှေ့ယမ်းပြလိုက်ပြီး အနည်းငယ်မျှ တွယ်တာခြင်း မရှိပေ။

ချင်မုန့်ယောင် သက်ပြင်းချနိုင်သွားပြီး ကျိုးဟန်၏ ဂရုမစိုက်သော အမူအရာကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် အလွန် ဝမ်းသာသွားသော်လည်း အနည်းငယ် စိတ်ပျက်သွားသည့် ခံစားချက်လည်း ပါဝင်နေသည်။

လမ်းတစ်လျှောက်လုံးတွင် နှစ်ယောက်သား စကားမပြောဖြစ်ကြပေ။

ထန်ယွီရို မှာ စိတ်ထဲရှိ ကြောက်ရွံ့မှုနှင့် ဒေါသကြောင့် ကျိုးဟန်ကို စကားမပြောချင်ပေ။

ကျိုးဟန်ကလည်း အေးအေးဆေးဆေး နေရသဖြင့် သဘောကျနေသည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက NPC တစ်ယောက်သာ ဖြစ်ပြီး အလှပဂေး တစ်ယောက် ဖြစ်လျှင်တောင် သူက သူမနှင့် နက်ရှိုင်းစွာ ဆက်သွယ်ရန် ရည်ရွယ်ချက် မရှိပေ။

မကြာမီ တိတ်ဆိတ်မှုများကြားတွင် ထွက်ပေါက်ရှိ နယ်မြေကူးဂိတ် ကို ဖြတ်သန်းလာခဲ့ကြသည်။

"ရှောင်ရိုရေ... မြေးလေး နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့... အဘိုးကတော့ အရမ်းစိတ်ပူနေခဲ့တာ..."

နယ်မြေကူးဂိတ် ၏ အလင်းရောင်များ တောက်ပသွားသည်ကို မြင်လိုက်ရသည့်အခါ အဘိုးအို၏ မျက်နှာက စိတ်လှုပ်ရှားသွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"အဘိုး... သမီး မှားသွားပါတယ်... ဒီလောက်ထိ ဆော့ဖို့ မကောင်းပါဘူး..."

ထန်ယွီရို က ခေါင်းငုံ့ကာ လိမ္မာစွာဖြင့် ပြောလိုက်ပြီး ယခင်ကလို ခေါင်းမာပြီး ဆိုးသွမ်းသော အကျင့်များ မရှိတော့ပေ။

"လူငယ်လေး... တကယ်ကို ကျေးဇူးတင်ပါတယ်ကွယ်... အရွယ်နဲ့မလိုက်အောင် တကယ်ကို စွမ်းဆောင်နိုင်တဲ့ သူရဲကောင်းလေးပဲ..."

အဘိုးအိုက ကျိုးဟန်ကို ကျေးဇူးတင်စွာဖြင့် ဦးညွှတ်ပြီးနောက် ချီးကျူးလိုက်သည်။

"အဘိုးက ကျွန်တော့်ကို မြှောက်ပြောလွန်းနေပါပြီ... ဒါက သာမန် ကိစ္စလေးတစ်ခုပါပဲ... အဘိုး အားနာစရာ မလိုပါဘူး..."

ကျိုးဟန်က အလျင်အမြန် ပြန်ပြောလိုက်သည်။

သို့သော် သူ၏ စိတ်ထဲတွင် အနည်းငယ် သံသယ ဖြစ်သွားသည်။ ထန်ယွီရို ကို ပြန်ခေါ်လာခဲ့ပြီးပြီ ဖြစ်သော်လည်း ဘာကြောင့် စနစ်က တာဝန်ပြီးမြောက်ပြီဟု သတိမပေးရသနည်း။ ချို့ယွင်းချက် ဖြစ်သွားတာလား။

"စနစ်... မင်း ရှိသေးလား... ချို့ယွင်းချက် ဖြစ်သွားတာလား..."

"စနစ် သတိပေးချက်... နတ်ဘုရားနှင့်မိစ္ဆာကမ္ဘာ ၏ အထောက်အကူပြု စနစ်တွင် ချို့ယွင်းချက် လုံးဝ မဖြစ်ပေါ်နိုင်ပါ... ကျေးဇူးပြု၍ တာဝန် ဖော်ပြချက်ကို သေချာစွာ ဖတ်ရှုပါ..."

တာဝန် ဖော်ပြချက် - ရှောင်ရိုကို ကယ်တင်ပြီး သူမ၏ အဘိုးထံသို့ ခေါ်ဆောင်သွားပေးပါ

ကျိုးဟန် ချက်ချင်း စတင် သုံးသပ်ကြည့်လိုက်သည်။

အပိုင်း နှစ်ပိုင်း ခွဲခြားထားသည်။ ပထမအပိုင်းက ရှောင်ရို ကို ကယ်တင်ရန် ဖြစ်ပြီး ဒုတိယ အပိုင်းက သူမ၏ အဘိုးထံသို့ ခေါ်ဆောင်သွားရန် ဖြစ်သည်။

All Chapters