အခန်း ၃၈
Vol. 4 Ch. 38
အခန်း (၃၈) ကုသသူ... မိစ္ဆာမျိုးနွယ်များ၏ ပစ်မှတ်ထားခံရခြင်း
"စနစ် သတိပေးချက်... ဟန်ရှန်နင်မှ အရောင်းအဝယ် ပြုလုပ်ရန် တောင်းဆိုလာပါသည်... လက်ခံပါမည်လား..."
ကျိုးဟန်က လက်ခံလိုက်ပြီးနောက် မကြာမီ ရွှေ သေတ္တာကို ရရှိသွားပြီး တွေဝေမနေဘဲ တိုက်ရိုက် ဖွင့်လိုက်သည်။
"စနစ် သတိပေးချက်... သင်သည် ချင်းယွင် ဓားရှည်ကို ရရှိပါသည်... ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ..."
'အိုး... ကံကောင်းတာပဲ... ပလက်တီနမ်အဆင့် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး... ရွှေ သေတ္တာကနေ ပလက်တီနမ်အဆင့် ပစ္စည်း ထွက်လာတာဆိုတော့ တကယ်ကို ကံထူးသွားတာပဲ...'
ချင်းယွင် ဓားရှည်
အရည်အသွေး - ပလက်တီနမ်အဆင့်
အချက်အလက် - တိုက်ခိုက်မှု +၁၅၀၀ အပြင်းအထန် တိုက်ခိုက်နိုင်စွမ်း +၅၀%
အထူးစွမ်းရည် ၁ - ရုပ်ပိုင်းဆိုင်ရာ သွေးစုပ်ခြင်း အကျိုးသက်ရောက်မှု ၃၀% တိုးစေမည်
အထူးစွမ်းရည် ၂ - တိုက်ခိုက်ရေး အခြေအနေတွင် တိုက်ခိုက်မှုစွမ်းအား ၆ ဆ တိုးလာမည်ဖြစ်ပြီး တိုက်ခိုက်မှုမှ ၅ စက္ကန့် ကင်းကွာသွားပါက အကျိုးသက်ရောက်မှု ပျောက်ကွယ်သွားမည်
အထူးစွမ်းရည် ၃ - တိုက်ခိုက်ခံရသော ပစ်မှတ်၏ အကာအကွယ်ကို ၄၀% လျော့ကျစေမည်
ပလက်တီနမ်အဆင့် လက်နက်ဆိုသည့်အတိုင်းပင် တိုက်ခိုက်မှုက တိုက်ရိုက် ၁၅၀၀ တိုးသွားပြီး အပြင်းအထန် တိုက်ခိုက်နိုင်စွမ်းကလည်း ၅၀% အထိ ရောက်ရှိသွားသည်။
ဆိုလိုသည်မှာ ပျမ်းမျှအားဖြင့် ၂ ကြိမ် တိုက်ခိုက်တိုင်း ၁ ကြိမ် အပြင်းအထန် တိုက်ခိုက်နိုင်စွမ်း ထွက်ပေါ်လာမည် ဖြစ်သည်။
အထူးစွမ်းရည် ၁ က သွေးစုပ်ခြင်း အကျိုးသက်ရောက်မှု ပါဝင်ပြီး အထူးစွမ်းရည် ၂ က တိုက်ခိုက်မှု အဆပေါင်း မြောက်မြားစွာ တိုးမြှင့်ပေးနိုင်သည်။
အထူးစွမ်းရည် ၃ က အကာအကွယ် ဖျက်ဆီးနိုင်ရာ တကယ်ကို ကြောက်စရာကောင်းသော တိုက်ခိုက်ရေး လက်နက်တစ်ခုပင် ဖြစ်သည်။
ဝတ်ဆင်ပြီးနောက် ကျိုးဟန်က ကျောပိုးအိတ်ထဲမှ ယခင်က ဖြုတ်ထားခဲ့သော အသုံးအဆောင်များနှင့် လက်နက်များ အားလုံးကို ညီအစ်မနှစ်ယောက်ထံသို့ ထုပ်ပိုး၍ ပေးလိုက်သည်။
ထို့နောက် အဆင့်သတ်မှတ်ချက် စာရင်းကို တစ်ချက် ကြည့်လိုက်သည်။
အဆင့်သတ်မှတ်ချက် စာရင်း
၁ ကျိုးဟန် အဆင့် ၂၀ (၈၄.၆%)
၂ ဟန်ရှန်နင် အဆင့် ၁၀ (၁၁.၉%)
၃ ဟန်ချင်ရွှဲ့ အဆင့် ၁၀ (၁၀.၅%)
၄ အိုးဟွမ် အဆင့် ၉ (၀.၃%)
၅ ကျားဖေးချိုး အဆင့် ၈ (၉၆.၂%)
၆ ကုံထို အဆင့် ၈ (၈၆.၄%)
၇ မေအောက်ရွှယ် အဆင့် ၈ (၆၃.၀%)
၈ လင်းဖန် အဆင့် ၇ (၉၃.၃%)
၉ ကျန်းတယ်ရွှိုက် အဆင့် ၇ (၉၀.၀%)
'မဆိုးဘူးပဲ... ဒီသုံးယောက်က တကယ်ကို ပျံတက်နေတာပဲ...'
ကျိုးဟန် ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားသည်။
မနက်က မြေအိုးဖွင့်ရာတွင် ကံကောင်းသွားခဲ့သော လူအနည်းငယ်က တိုက်ရိုက်ပင် အဆင့်သတ်မှတ်ချက် စာရင်းကို နေရာယူသွားပြီး ထိပ်ဆုံး ၁၀ ယောက်စာရင်းထဲသို့ ရောက်ရှိလာကြသည်။
မနက်ဖြန်ဆိုလျှင် သူတို့လည်း အလုပ်အကိုင် ပြောင်းလဲနိုင်တော့မည် ဖြစ်သည်။
တစ်ချက်တည်းနှင့် ကံကြမ္မာကို ပြောင်းလဲသွားနိုင်သည်ဟု ဆိုရမည်။
ကျိုးဟန်၏ စိတ်ထဲတွင် ရုတ်တရက် အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။
နေ့တိုင်း ဤကဲ့သို့ ကံကောင်းလွန်းသော သူများသာ ထွက်ပေါ်နေမည်ဆိုပါက သူ၏ နံပါတ်တစ် နေရာကို အလွန် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်။
နတ်ဘုရားနှင့်မိစ္ဆာကမ္ဘာ ထဲသို့ ကစားသမား သန်း ၁၀၀ ဝင်ရောက်လာသည်ကို သိထားရမည် ဖြစ်သည်။
ကံကောင်းလွန်းသော လူအချို့တော့ သေချာပေါက် ရှိလာမည်သာ ဖြစ်သည်။
'မဖြစ်ဘူး... ငါ ပေါ့လျော့နေလို့ မရဘူး... အခွင့်အရေးကို အသုံးချပြီး ကွာဟချက်ကို ပိုကြီးအောင် လုပ်ရမယ်...'
ကျိုးဟန်က သူ့ကိုယ်သူ သတိပေးလိုက်သည်။
နေကလည်း ဝင်တော့မည်ဖြစ်ရာ သားရဲသွားသတ်ရန် မဖြစ်နိုင်တော့ပေ။
ညဘက် မြို့ပြင်တွင် နေ၍မရသည်ကတော့ သေချာလှသည်။
နေ့ခင်းက ကျိုးဟန် အရိပ်မိစ္ဆာ ကို တွေ့ခဲ့ရသည်။
ထို့အပြင် ချန်းလဲ့မြို့မှ ခေါင်းဆောင်၏ စကားများအရ လက်ရှိ အခြေအနေက အလွန် ဆိုးရွားနေပြီး မိစ္ဆာမျိုးနွယ်များက အပြည့်အဝ စိမ့်ဝင်နေပြီဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိနိုင်ပေသည်။
ကျိုးဟန် ထွက်ခွာသွားသော နေရာနှင့် မနီးမဝေးရှိ အရိပ်ထဲတွင် ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။
သူတို့၏ တစ်ကိုယ်လုံးကို အနက်ရောင် မြူခိုးများဖြင့် ဖုံးလွှမ်းထားပြီး အတိအကျ ပုံစံကို မမြင်ရပေ။
သူတို့ ထွက်ပေါ်လာသည်နှင့်အတူ ပတ်ဝန်းကျင် တစ်ခုလုံးက ချက်ချင်းပင် မှောင်မည်းပြီး ထူးဆန်းသွားတော့သည်။
"အရိပ်မိစ္ဆာ ဘက်မှာ ဘာတွေ ဖြစ်နေတာလဲ... ဘာလို့ ဆက်သွယ်လို့ မရတာလဲ..."
ခေါင်းဆောင်ဖြစ်သူ၏ အသံက အက်ကွဲပြီး ရက်စက်ကာ ဒေါသများ ပြည့်နှက်နေသည်။
"ခေါင်းဆောင်... အရိပ်မိစ္ဆာ ကို တစ်ယောက်ယောက် တွေ့သွားပြီး ချက်ချင်း သတ်ပစ်လိုက်ပြီ..."
ထိုအထဲမှ နောက်လိုက်တစ်ယောက်က သတိထားကာ ပြန်ဖြေလိုက်သည်။
"အသတ်ခံလိုက်ရတယ် ဟုတ်လား... လေဟုန်တပ်ဖွဲ့ က ကောင်တွေပဲ ဖြစ်ရမယ်..."
ခေါင်းဆောင်က ဘေးရှိ သစ်ပင်ကြီးကို လက်ဝါးဖြင့် ရိုက်ချိုးလိုက်ပြီး သူ၏ မကျေနပ်မှုများကို ဖောက်ခွဲလိုက်သည်။
"ဒါက လေဟုန်တပ်ဖွဲ့ လုပ်တာ မဟုတ်ဘူး... လူငယ် တစ်ယောက် လုပ်သွားတာ... စွမ်းအားက အလွန် ကြောက်စရာကောင်းတယ်... ငါ ချန်းလဲ့မြို့မှာ ပုန်းအောင်းနေတာ နှစ်အတော်ကြာပြီ... ဒီလို လူငယ်မျိုးဆိုရင် သေချာပေါက် နာမည်ကြီးနေရမှာ... ဒါပေမဲ့ သူက ရုတ်တရက်ကြီး ပေါ်လာတာပဲ..."
အခြား နောက်လိုက်တစ်ယောက်က သူ၏ စိတ်ထဲရှိ သံသယကို ချက်ချင်း ဝင်ပြောလိုက်သည်။
"ဟွန့်... ငါက ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး... ငါတို့ မိစ္ဆာမျိုးနွယ်ကို ဆန့်ကျင်ရဲတဲ့သူတိုင်း အရိုးတောင် ရှာမရအောင် သေရမယ်..."
ခေါင်းဆောင်က ချက်ချင်း အမိန့်ပေးလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အပြုံးများ ပြည့်နှက်နေသည်။
"ခေါင်းဆောင် စိတ်ချပါ... ငါ ဆက်ပြီး ပုန်းအောင်းနေပြီး သူ့ရဲ့ သတင်းကို စုံစမ်းလိုက်မယ်... ဟီးဟီး... အချိန်ကျရင် အရိပ်မိစ္ဆာ အတွက် ကလဲ့စားချေပေးမယ်..."
နောက်လိုက် တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
"အင်း... မင်း အလုပ်လုပ်တာ ကောင်းတယ်... မင်းရဲ့ လုပ်ရပ်ကို ငါ မှတ်ထားပေးမယ်..."
"ပြီးတော့ ဟို လူသားကောင်မလေးကိုလည်း ဖမ်းလာဖို့ နည်းလမ်း ရှာရမယ်... ဒါက အထက်က အမိန့်ပဲ... နားလည်လား..."
ခေါင်းဆောင်က အခြား နောက်လိုက်တစ်ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"အချိန်နည်းနည်းလောက် ထပ်ပေးပါဦး... အခု အရိပ်မိစ္ဆာ ပေါ်လာတော့ လေဟုန်တပ်ဖွဲ့ က သတိထားမိသွားပြီ... မြို့ထဲမှာ လှုပ်ရှားဖို့ဆိုတာ မလွယ်တော့ဘူး..."
"ကောင်းပြီ... မင်းရဲ့ စွမ်းရည်ကို ငါ ယုံကြည်တယ်... ဒီနေ့တော့ ဒီလောက်ပဲ..."
စကားသံ အဆုံးတွင် ထိုသုံးယောက်၏ ပုံရိပ်များက အရိပ်ထဲသို့ ပြန်လည် ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားတော့သည်။
...
ယခုအချိန်တွင် ကျိုးဟန်က မြို့ထဲသို့ ပြန်ရောက်နေပြီဖြစ်ပြီး ဟန်ချင်ရွှဲ့ ညီအစ်မနှစ်ယောက်နှင့် ပြန်ဆုံနေပြီ ဖြစ်သည်။
မနေ့ညက ဖြစ်ခဲ့သည့် မတော်တဆမှုကို တွေးမိသွားသဖြင့် ညီအစ်မနှစ်ယောက်လုံးက ကျိုးဟန်ကို မြင်သည်နှင့် မျက်နှာလေးများ နီရဲသွားကာ အနည်းငယ် အနေရခက်နေကြသည်။
ညီအစ်မနှစ်ယောက်လုံး ဤမျှ ရှက်ရွံ့နေသည်ကို မြင်သောအခါ ကျိုးဟန်ကလည်း မနေ့ညက ကိစ္စကို သေချာပေါက် ပြန်ဖော်မည် မဟုတ်ပေ။
ကိုယ့်ဒုက္ခ ကိုယ်ရှာနေစရာ မလိုဘူး မဟုတ်ပါလား။
"မင်းတို့ နှစ်ယောက် စဉ်းစားပြီးပြီလား... ဘယ်အလုပ်အကိုင်ကို ရွေးမလဲ..."
ကျိုးဟန်က စကားစပြောင်းရန် ချက်ချင်း မေးလိုက်သည်။
"ငါကတော့ ကုသသူ ကိုပဲ ရွေးတော့မယ်... အေးအေးဆေးဆေးပဲ အထောက်အကူပြု လုပ်ပေးတော့မယ်..."
ဟန်ချင်ရွှဲ့က အရင်ဆုံး စပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ ရှေ့ထွက်၍ တိုက်ခိုက်ရမည့် အလုပ်ကို သူမ မလုပ်နိုင်ပေ။
တိုက်ခိုက်လိုစိတ်နှင့် တိုက်ခိုက်ရေး ကျွမ်းကျင်မှုများက အလွန် အားနည်းလွန်းပြီး ၎င်းမှာလည်း ပင်ကိုစွမ်းရည် လိုအပ်သည် မဟုတ်ပါလား။
ကုသသူ က အသင်းဖော်များကို စွမ်းအားများ မြှင့်တင်ပေးနိုင်သလို သွေးပြန်တက်အောင်လည်း လုပ်ပေးနိုင်ကြောင်း သူမ သိထားပြီး အကျိုးသက်ရောက်မှု အတော်လေး ကောင်းမွန်သည်ဟု ခံစားရသည်။
ကုသသူ ထဲတွင် အလုပ်အကိုင် အခွဲများစွာ ရှိပြီး တိုက်ခိုက်ရေး လမ်းကြောင်းကို ရွေးချယ်သူများလည်း ရှိသည်။
သို့သော် ဟန်ချင်ရွှဲ့၏ စကားများကို နားထောင်ပြီးနောက် ကျိုးဟန် အကြမ်းဖျင်း နားလည်လိုက်သည်။
သူမက သွေးပြန်ဖြည့်ပေးမည့် သူအဖြစ်သာ ရွေးချယ်မည် ဖြစ်သည်။
သူမ၏ ရင်ဘတ်က လှိုင်းလုံးများကဲ့သို့ ဖွံ့ဖြိုးနေသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ သွေးပြန်ဖြည့်နိုင်စွမ်းက သေချာပေါက် အလွန် အားကောင်းမည်မှာ အသေအချာပင်။
"ကုသသူ က ကောင်းပါတယ်... အသက်ရှင်ဖို့ အခွင့်အရေး ပိုများတာပေါ့... ရှန်နင်... နင်ကရော ဘယ်လို ရွေးမလို့လဲ..."
"ငါ... ငါ တကယ်တော့ ကုသသူ ကို ရွေးချယ်ချင်တာ... ဒါပေမဲ့ အစ်မက ရွေးလိုက်ပြီဆိုတော့ ငါ မှော်ဆရာ ကိုပဲ ရွေးလိုက်တော့မယ်..."
ဟန်ရှန်နင်က အနည်းငယ် တွေဝေစွာဖြင့် ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမလည်း သက်တောင့်သက်သာ နေချင်သည် မဟုတ်ပါလား။
သို့သော် အလုပ်အကိုင် နှစ်ခု ထပ်နေပါက အဓိပ္ပာယ် မရှိသည့်အပြင် အားနည်းချက်များစွာလည်း ရှိနိုင်သည်။
မှော်ဆရာ ကလည်း အဝေးမှ တိုက်ခိုက်ရသော အလုပ်အကိုင်ဖြစ်ပြီး ကိုယ်တိုင် စွမ်းရည်များသာ သုံးရန် လိုအပ်သဖြင့် သက်တောင့်သက်သာ ရှိကာ ကိုင်တွယ်ရ လွယ်ကူသည်။
ထို့နောက် သူတို့ သုံးယောက် ထပ်မံ ဆွေးနွေးပြီးနောက် နောက်ဆုံးတော့ သေချာ ဆုံးဖြတ်လိုက်ကာ အလုပ်အကိုင် ပြောင်းလဲခြင်းကို စတင်လိုက်သည်။
ညဘက်တွင်လည်း အေးချမ်းစွာ ကုန်ဆုံးသွားပြီး မနေ့ကလို အခြေအနေမျိုး ထပ်မဖြစ်တော့ပေ။
နောက်တစ်နေ့ မနက်တွင် သူတို့ သုံးယောက် အိုးကုန်သည် ရှိရာသို့ ရောက်လာပြီး နေ့စဉ် အခမဲ့ မြေအိုးကို ယူရန် ပြင်လိုက်ကြသည်။
"စနစ် သတိပေးချက်... သင်၏ အခမဲ့ မြေအိုးကို ပေးပို့လိုက်ပါပြီ... ကျေးဇူးပြု၍ စစ်ဆေးပါ..."
"မြေအိုး ၁ ကို ဖွင့်မယ်..."
"စနစ် သတိပေးချက်... သင်သည် သိုင်းကျမ်းကို ရရှိပါသည်... ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ..."
'အိုး... တစ်ခါတည်းနဲ့ ကံထူးသွားတာလား…’
မဆိုးဘူးဟု တွေးလိုက်ပြီး…
‘ သိုင်းကျမ်း တစ်အုပ်တောင် ရသွားတယ်... ဘယ်လို အရည်အသွေးအဆင့် ဖြစ်မလဲ မသိဘူး... ဘာပဲဖြစ်ဖြစ် ကြယ်ရောင်အဆင့် အထက်တော့ လုံးဝ မဖြစ်နိုင်ဘူး... ဘာလို့လဲဆိုတော့ ဒေသတွင်း ကြေညာချက် ထွက်မလာလို့ပဲ...'
အာရုံခံခြင်း (သာမန်အဆင့်)
ဖော်ပြချက် - ၂ မီတာအတွင်းရှိ အန္တရာယ်များကို အာရုံခံနိုင်စွမ်း ရှိသည်
ကျိုးဟန် ကြည့်ရှုပြီးနောက် အနည်းငယ် စိတ်ပျက်သွားသည်။
သာမန်အဆင့် သိုင်းကျမ်း တစ်အုပ်သာ ဖြစ်နေသည်။
ထို့အပြင် အကျိုးသက်ရောက်မှုကလည်း သိပ်မကောင်းပေ။ ၂ မီတာ အတွင်းရှိ အန္တရာယ်များကိုသာ အာရုံခံနိုင်သည်။
ဤသည်မှာ လုံးဝကို အသုံးမဝင်လှပေ။
ကျွမ်းကျင်သူ တစ်ယောက်က မိမိ၏ ၂ မီတာ အတွင်းသို့ ဝင်ရောက်လာသည်နှင့် အန္တရာယ်ကို အာရုံခံမိလျှင်တောင်မှ မည်သို့မျှ တုံ့ပြန်ရန် အချိန်ရမည် မဟုတ်တော့ပေ။
နှစ်ကြိမ် အဆင့်မြှင့်ပြီးနောက် အကျိုးသက်ရောက်မှုမှာလည်း သာမန်သာ ရှိသည်။
အာရုံခံခြင်း
ဖော်ပြချက် - ၄ မီတာအတွင်းရှိ အန္တရာယ်များကို အာရုံခံနိုင်စွမ်း ရှိသည်
၄ မီတာ အကွာအဝေးဆိုသည်မှာလည်း မလုံလောက်သေးပေ။
'ဒီ အာရုံခံခြင်း ကို အကဲဖြတ်ခြင်း နဲ့ ပေါင်းစပ်လိုက်ရင် ဘယ်လို အကျိုးသက်ရောက်မှုမျိုး ထွက်လာမလဲ မသိဘူး...'