← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း (၅၀) မင်းရဲ့ မိန်းမ လုပ်ပါရစေ

"အစ်မ... ဘာအကြံအစည်လဲ... မြန်မြန် ပြောပြပါဦး..."

"သောက်ကျိုးနည်း... ဒီအကွက်က တကယ် မိုက်တာပဲ... အစ်မက တကယ် တော်တာပဲ..."

ကောမေ့ က လော်တာ၏ နားထဲသို့ အကြံအစည်များ တိုးတိုးလေး ပြောပြလိုက်ပြီးနောက် လော်တာ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာသည်။

ကောမေ့ တွင် ကြီးမားလှသော ရင်သားများ ရှိနေရုံသာမက ဉာဏ်လည်း ဤမျှ ကောင်းလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ဤကဲ့သို့ အကြံအစည်မျိုးက သေချာပေါက် အမှားအယွင်း မရှိနိုင်ပေ။ တစ်ဖက်လူကို သတ်ဖြတ်ပြီးနောက် သူ၏ အခွင့်အရေးများနှင့် ပစ္စည်းများကို ရရှိမည်ဟု တွေးလိုက်မိသည်နှင့် သူ အလွန် စိတ်လှုပ်ရှားကာ တုန်ရီလာတော့သည်။

"ကိစ္စ ပြီးသွားရင် သူ့ကို ချက်ချင်း မသတ်နဲ့ဦး... ငါ အရင် အရသာခံလိုက်ဦးမယ်..."

ကောမေ့ က နှုတ်ခမ်းကို သပ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ကိလေသာ ရမ္မက်များ ပြည့်နှက်နေသည်။ ကျိုးဟန် ၏ ချောမောသော ရုပ်ရည်ကို မြင်လိုက်ရချိန်တွင် သူမ၏ နှလုံးသားများ တုန်ခါသွားပြီး ပိုင်ဆိုင်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

"ကျွန်တော်က အစ်မကို မကျေနပ်စေနိုင်လို့လား... အစ်မက တခြားသူကိုတောင် ရှာနေသေးတယ်..."

လော်တာ က မကျေနပ်သည့် လေသံဖြင့် ပြောလိုက်ပြီး သူမ၏ ရင်ဘတ်ဆီသို့ လက်တစ်ဖက် လှမ်းလိုက်သည်။ နောက်လက်တစ်ဖက်က သူမ၏ အောက်ပိုင်းဆီသို့ စမ်းသပ်သွားသည်။

"တော်စမ်းပါ... အခုက အဲဒီလို ကိစ္စတွေ လုပ်နေရမယ့် အချိန် မဟုတ်ဘူး... မြန်မြန် ပြင်ဆင်စရာရှိတာ ပြင်... အချိန်လုရမယ်..."

ကောမေ့ က သူ၏ ရမ်းကားနေသော လက်ကို ပုတ်ထုတ်လိုက်ပြီး မျက်စောင်းထိုးလိုက်သည်။ ထို့နောက် သူတို့ နှစ်ယောက်က အကြံအစည်အတွက် စတင် ပြင်ဆင်ကြတော့သည်။

ဓားစွမ်းအင်များ ဖြတ်သန်းသွားပြီးနောက် ပလက်တီနမ် အဆင့်ရှိ ရွှေရောင် ချပ်ဝတ် ရူးသွပ်ခြင်္သေ့ တစ်ကောင် မြေပြင်ပေါ်သို့ လဲကျသွားသည်။

'အိုး... ပလက်တီနမ် အဆင့် ပစ္စည်း ကျလာတာပဲ...'

အဖြူရောင် အလင်းတန်း တစ်ခု တောက်ပသွားသည်ကို မြင်လိုက်ရသည်။ လေထဲမှ ပစ္စည်းတစ်ခု ပြုတ်ကျလာခဲ့သည်။

ကျိုးဟန် က သားရဲ အမြောက်အမြားကို သတ်ဖြတ်ခဲ့ပြီး ရွှေအဆင့် ပစ္စည်း ဆယ်ခုကျော် ရရှိခဲ့သည်။ ပလက်တီနမ် အဆင့်ကိုတော့ တစ်ခုမှ မတွေ့ခဲ့ရပေ။ ယခု နောက်ဆုံးတွင်တော့ တစ်ခု ကျလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ သေချာပေါက် အလွန် ဝမ်းသာနေသည်။

"စနစ် သတိပေးချက်... သင်သည် ပလက်တီနမ် အဆင့် ပစ္စည်းကို ရရှိပါသည် စစ်ဆေးကြည့်ရှုမည်လား..."

ကျိုးဟန် က စစ်ဆေးရန် ပြင်လိုက်ချိန်တွင် မလှမ်းမကမ်းမှ ကယ်ကြပါဦး ဟူသော အော်သံများကို ကြားလိုက်ရသည်။ အသံက အလွန် အရေးတကြီး နိုင်လှပြီး သနားစရာ ကောင်းလွန်းလှကာ အဆက်မပြတ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

'ဟင်... ဒေသခံ ဇာတ်ကောင်တွေများ ရောက်လာတာလား...'

ကျိုးဟန် က စိတ်ထဲမှ တွေးလိုက်ပြီး ခြေလှမ်းများကို မရပ်တန့်ဘဲ အသံလာရာဆီသို့ ပြေးသွားလိုက်သည်။

ဤကဲ့သို့ တောရိုင်းထဲတွင် ဒေသခံ ဇာတ်ကောင်များနှင့် တွေ့ဆုံရပါက လျှို့ဝှက် တာဝန်များ ရရှိနိုင်ခြေ အလွန် များပြားသည်။ တာဝန် ပြီးမြောက်ပါက ဆုကြေးအနေဖြင့် အတွေ့အကြုံမှတ် အမြောက်အမြား ရရှိနိုင်ရုံသာမက ပစ္စည်းများနှင့် အခြား အသုံးအဆောင်များကိုပါ ရရှိနိုင်သည်။ ထို့ကြောင့် ကျိုးဟန် က သေချာပေါက် အလွန် စိတ်ဝင်စားသွားခြင်း ဖြစ်သည်။

အနားသို့ ရောက်သွားချိန်တွင် မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ယောကျ်ား တစ်ယောက်နှင့် မိန်းမ တစ်ယောက် ဖြစ်ကြသည်။ ယောကျ်ားဖြစ်သူက သွေးအိုင်ထဲတွင် လဲကျနေပြီး အသက်ရှူသံများ ပြတ်လုနီးပါး ဖြစ်နေသည်။ မိန်းမဖြစ်သူကတော့ သူ့ကို ဖက်ကာ အဆက်မပြတ် ငိုယိုအော်ဟစ်နေသဖြင့် သူမ၏ ရင်သားများက အထက်အောက် တုန်ခါနေသည်။ ရုပ်ရည်က အလွန် လှပသော်လည်း အသက် အနည်းငယ် ကြီးပုံရသဖြင့် ကျိုးဟန် သဘောကျသော ပုံစံမျိုးတော့ မဟုတ်ပေ။

'ဒဏ်ရာရထားတာကိုး... သားရဲတွေ တိုက်ခိုက်လို့ သေဘေးကနေ လွတ်လာတဲ့ပုံပဲ...'

ကျိုးဟန် က သူတို့ နှစ်ယောက်၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။ ကျိုးဟန် က အနားသို့ ကပ်သွားပြီး မေးလိုက်သည်။

"ဘာဖြစ်တာလဲ... ငါ ဘာကူညီပေးရမလဲ..."

"လူလေး... ငါ့မောင်လေးကို ကယ်ပါဦး... သူက အရိပ်ဝိညာဉ် ကြောင် အကိုက်ခံလိုက်ရတာ... ငါက ဆေးပညာ နားမလည်တော့ မင်းများ ကူညီပေးလို့ ရမလား..."

ကောမေ့ က စိုးရိမ်တကြီးဖြင့် တောင်းပန်နေပြီး သနားစရာကောင်းသော အမူအရာကို ဟန်ဆောင် ပြသလိုက်သည်။

"ကောင်းပြီ... မစိုးရိမ်နဲ့... သူ့ဒဏ်ရာ ဘယ်လောက် ပြင်းထန်လဲဆိုတာ ငါ အရင် ကြည့်လိုက်မယ်..."

အရိပ်ဝိညာဉ် ကြောင် က အဆိပ်ဖြင့် တိုက်ခိုက်တတ်သဖြင့် အဆိပ်မိနေခြင်း ဖြစ်နိုင်ခြေ များသည်။ ကျိုးဟန် က အဆိပ်ဖြေ ဆေးလုံး ကို ထုတ်ယူလိုက်သည်။

သို့သော် သူ အနည်းငယ် သံသယ ဖြစ်သွားသည်။ ဒေသခံ ဇာတ်ကောင်၏ တောင်းဆိုမှုကို သူ လက်ခံလိုက်သော်လည်း တာဝန် ရရှိကြောင်း သတိပေးချက် ထွက်မလာခဲ့ပေ။ ထို့ကြောင့် တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသည်။ သို့သော် ရှေ့မှ လူက တကယ်ပင် အသက်ငင်နေသဖြင့် လူတစ်သက် ကယ်တင်ရန်က အရေးကြီးသည်။

မိစ္ဆာမျိုးနွယ် များ ချောင်းမြောင်း ကြည့်ရှုနေနိုင်သည်ကို တွေးမိသဖြင့် သူက သတိထားကာ ချီအာရုံခံခြင်း စွမ်းရည်ကို ဖွင့်လိုက်သည်။ ကျိုးဟန် က ထိုင်ချရန် ပြင်လိုက်ချိန်တွင် သတ်ဖြတ်ချင်သည့် ရည်ရွယ်ချက်များကို ခံစားလိုက်ရသည်။

'ဟင်... မဟုတ်သေးဘူး... သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်တွေ...'

မြေပြင်ပေါ်တွင် လဲကျနေသူထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များကို သူ ခံစားလိုက်ရခြင်း ဖြစ်သည်။

သူ၏ မျက်နှာ ပြောင်းလဲသွားပြီး ဤသည်မှာ သူ့ကို ပစ်မှတ်ထားသော ထောင်ချောက် ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ကျိုးဟန် ထိုင်ချတော့မည်ကို မြင်သောအခါ ကောမေ့ က လော်တာ တိုက်ခိုက်တော့မည်ကို သိလိုက်သည်။ တစ်ဖက်လူကို ဖမ်းမိပြီးပါက သူမ အနေဖြင့် ကောင်းကောင်းကြီး အရသာခံနိုင်ပြီ ဖြစ်သည်။ ဤသို့ တွေးမိလိုက်သည်နှင့် သူမ၏ ပေါင်တံများပင် မစေ့နိုင်တော့လောက်အောင် စိတ်လှုပ်ရှားလာတော့သည်။

ကျိုးဟန် က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ဓားရှည်ကို ဆွဲထုတ်ကာ ခုတ်ချလိုက်သည်။ မြေပြင်ပေါ်မှ လော်တာ က ကျိုးဟန် ထိုင်မချဘဲ ရုတ်တရက် အရင် တိုက်ခိုက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိတ်လန့်တကြားဖြင့် သူက စွမ်းရည်ကို ထုတ်သုံးကာ ပြန်လည် ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် သူက ကျိုးဟန် ၏ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

ကြီးမားလှသော အားအင်ကြီး တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရဘဲ လွင့်စင်ထွက်သွားတော့သည်။ လော်တာ ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ တစ်ချက်တည်းဖြင့်ပင် သူ၏ အသက်သွေး များစွာ လျော့ကျသွားခဲ့သည်။

အကြောက်တရား ဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူက ဒေသတွင်း ထိပ်ဆုံး ငါးယောက်ထဲတွင် ပါဝင်သူ တစ်ယောက် ဖြစ်သည်။ ကွာဟချက် ရှိလျှင်တောင်မှ ဤမျှလောက် ကြီးမားမည် မဟုတ်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ကြည့်ရသည်မှာ တစ်ဖက်လူ၏ စွမ်းအားက တွေးကြည့်၍ပင် မရနိုင်အောင် အစွမ်းထက်လွန်းနေသည်။

ဤအရာများ အားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ နောက်မှ ကောမေ့ ကလည်း ယခုမှပင် စိတ်ကူးယဉ်ကမ္ဘာထဲမှ သတိဝင်လာခဲ့သည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အံ့သြ ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ သူက ဟာကွက်ကို ဘယ်လိုများ မြင်သွားတာလဲ ဟု သူမ တွေးမိလိုက်သည်။

သူမ၏ အကြံအစည်က အလွန် ပြီးပြည့်စုံလွန်းလှသည်။ ပထမဆုံး အနေဖြင့် ဒေသခံ ဇာတ်ကောင် အဖြစ် ဟန်ဆောင်ကာ ကျိုးဟန် ကို လှည့်စားခေါ်ယူသည်။ ထို့နောက် မိန်းမလှလေး၏ မြှူဆွယ်မှုကို သုံးကာ တစ်ဖက်လူကို သတိလက်လွတ် ဖြစ်စေသည်။ နောက်ဆုံးမှ လော်တာ က လုပ်ကြံခြင်း ဖြစ်သည်။ အစီအစဉ် တစ်ခုလုံးက ရေစီးကြောင်းလို ချောမွေ့နေခဲ့သော်လည်း နောက်ဆုံးတွင်တော့ သဲထဲရေသွန် ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။

"သစ်နွယ် ရစ်ပတ်ခြင်း..."

တစ်ဖက်လူက အကြံအစည်ကို သိသွားမှတော့ သူတို့ကို လွှတ်ပေးမည် မဟုတ်ကြောင်း သူမ သိလိုက်သည်။ ထို့ကြောင့် တုံ့ဆိုင်းမနေဘဲ သစ်သား စွမ်းအင် ကို အသုံးပြုလိုက်သည်။ စွမ်းရည်ကို အသုံးပြုပြီးသည်နှင့် နောက်သို့ပင် လှည့်မကြည့်ဘဲ ထွက်ပြေးတော့သည်။

ဤစွမ်းရည်က ကျိုးဟန် ကို ထိခိုက်စေနိုင်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။ လော်တာ ပင်လျှင် တစ်ဖက်လူ၏ ရှေ့တွင် ပြန်လည် မခုခံနိုင်ခဲ့ရာ သူမ ဆိုလျှင် ပို၍ပင် ဆိုးရွားမည် ဖြစ်သည်။

တစ်ဖက်လူကို အချိန် အနည်းငယ်မျှ ဖမ်းချုပ်ထားနိုင်ပြီး သူမ ထွက်ပြေးရန် အချိန်ရရန်သာ ဆုတောင်းနေမိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်နွယ်ပင် များစွာက ကျိုးဟန် ဆီသို့ ရစ်ပတ်လာကြသည်။ ဤသစ်နွယ်ပင်များက အသက်ဝင်နေသကဲ့သို့ သူ့ကို အမိအရ ဖမ်းဆုပ်ရန် ကြိုးစားနေကြသည်။

"ဟွန့်... ကလေးကလား အကွက်တွေ... ပျက်စမ်း..."

စကားသံ အဆုံးတွင် သူ၏ ခန္ဓာကိုယ်ထဲမှ ဓားစွမ်းအင် အချို့ ပျံသန်းထွက်ပေါ်လာသည်။ ထို ဓားစွမ်းအင် များက သစ်နွယ်ပင် များကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။ ကောမေ့ က နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ ဝိညာဉ်ပင် လွင့်ထွက်မတတ် ထိတ်လန့်သွားတော့သည်။

ပုံမှန်ဆိုလျှင် အမြဲတမ်း အလုပ်ဖြစ်ခဲ့သော သစ်နွယ် ရစ်ပတ်ခြင်း စွမ်းရည်က ကျိုးဟန် ၏ ရှေ့တွင်တော့ အလွယ်တကူ ကျိုးပဲ့သွားခဲ့သည်။ သုံးစက္ကန့်ပင် မတောင့်ခံနိုင်ခဲ့ပေ။ ထိုအချိန်တွင် ကျိုးဟန် က လေပြင်း တစ်ခုလို ပြေးလိုက်လာခဲ့ပြီ ဖြစ်သည်။

"အား... ငါ့ကို မသတ်ပါနဲ့... ငါ့ကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်... ဘာခိုင်းခိုင်း အကုန် လုပ်ပေးပါ့မယ်..."

"ငါလည်း အတင်းအကျပ် ခိုင်းစေခံရတာပါ... လော်တာ က ငါ့ကို ခြိမ်းခြောက်ထားလို့ သူ့အမိန့်ကို မလွန်ဆန်ရဲတာပါ..."

လွတ်အောင် မပြေးနိုင်တော့မှန်း သိလိုက်သဖြင့် ကောမေ့ က ချက်ချင်းပင် အသနားခံတော့သည်။ သူမ၏ အမူအရာက သနားစရာ ကောင်းနေပြီး ဆွဲဆောင်မှု အပြည့် ရှိနေသည်။

"မင်းတို့တွေက ဘယ်သူတွေလဲ... ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ..."

ကျိုးဟန် က တစ်ဖက်လူ၏ သနားစရာ အမူအရာကို လျစ်လျူရှုလိုက်ပြီး သူ၏ မျက်နှာက ပြောင်းလဲမသွားဘဲ မျက်လုံးများထဲတွင် အေးစက်မှုများသာ ပြည့်နှက်နေသည်။

"ငါတို့က ခရိုင် ၁၂၃ က ကစားသမားတွေပါ... ဒီနေရာကို အဆင့် လာတင်တာပါ..."

"လော်တာ က မင်းရဲ့ ပစ္စည်းတွေ ကောင်းတာကို မြင်ပြီး လောဘတက်သွားတာပါ... ငါ အကြိမ်ကြိမ် တားပေမဲ့ မရခဲ့ပါဘူး..."

"ဒါတင် မကသေးဘူး... မင်းကို လုပ်ကြံဖို့ အစီအစဉ်ဆွဲတဲ့အထဲမှာလည်း ငါ့ကို အတင်းအကျပ် ပါဝင်ခိုင်းတာပါ..."

ကောမေ့ က အကုန်လုံး ပြောပြလိုက်ပြီး တာဝန် အားလုံးကို လော်တာ ၏ ခေါင်းပေါ်သို့ ပုံချလိုက်သည်။ သူမကိုယ်သူမ အပြစ်ကင်းစင်သူ တစ်ယောက်လို ပြောဆိုနေပြီး လုံးဝ သားကောင် တစ်ယောက်လို ဟန်ဆောင်နေသည်။

"ဒါပဲလား... ဒါဆိုရင် မင်း သေလို့ ရပြီ..."

ကျိုးဟန် က သူမ၏ လိမ်ညာမှုများကို သေချာပေါက် ယုံကြည်မည် မဟုတ်ပေ။ ဤမိန်းမက ကြည့်ရုံဖြင့် အလွယ်တကူ ကိုင်တွယ်လို့ ရမည့်သူ မဟုတ်မှန်း သိသာသည်။ သူ့ကို သတ်ရန် ကြံစည်သူတိုင်းအပေါ် ကျိုးဟန် က လုံးဝ သနားညှာတာမည် မဟုတ်ပေ။

"ငါ့ကို မသတ်ပါနဲ့... ငါ မင်းရဲ့ မိန်းမ လုပ်ပေးပါ့မယ်..."

"ငါ့ရဲ့ အဲဒီဘက် အစွမ်းအစတွေက အရမ်း ကောင်းတာနော်... မင်းကို သေချာပေါက် ကောင်းကောင်း ပြုစုပေးပါ့မယ်..."

တစ်ဖက်လူက သူမကို လွှတ်ပေးမည့် အစီအစဉ် မရှိသည်ကို မြင်သောအခါ ကောမေ့ က စိုးရိမ်လာတော့သည်။ သူမက ချက်ချင်းပင် အဝတ်အစားများကို ချွတ်ချလိုက်ပြီး နောက်ဆုံး လက်နက်ကို ထုတ်သုံးလိုက်သည်။ ကြွေထည်လို ဖြူဖွေးနေသော ခန္ဓာကိုယ် အလှက အထင်းသား ပေါ်လွင်လာသည်။

ကြီးမား ထွားကျိုင်းသော ရင်သားများ နှင့် ဖြောင့်တန်းသော ပေါင်တံများက အလွန် ဆွဲဆောင်မှု ရှိနေသည်။ အနည်းငယ် ဟဟလေး ဖြစ်နေသဖြင့် ထူးခြားသော ရှုခင်းများကို မြင်တွေ့နေရသည်။ ရင့်ကျက်သော အလှတရားများက အဆုံးမရှိသော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏ လက်ရှိ ပုံစံကို မည်သည့် ယောကျ်ားမှ ဆန့်ကျင်နိုင်မည် မဟုတ်ဟု သူမ ယုံကြည်နေသည်။

"ငါ့ကို မသတ်ပါနဲ့နော်... ငါတို့ အခုပဲ ပျော်ပါးကြရအောင်... ငါ မင်းရဲ့ မိန်းမ ဖြစ်ချင်လို့ပါ... ငါ..."

ကောမေ့ က ရှက်သွေးဖြာနေသော အမူအရာဖြင့် ငြင်းဆန်ချင်ယောင် ဆောင်ကာ ညင်သာစွာ ပြောလိုက်သည်။ ထို့အပြင် ရှေ့မှ ယောကျ်ားက ချောမောပြီး အစွမ်းထက်လွန်းလှသည်။ သူ၏ မိန်းမ ဖြစ်ရသည်က သေချာပေါက် ကြီးမားသော ကံကောင်းမှု တစ်ခုပင် ဖြစ်သည်။ ထိုအချိန်တွင် သူမ၏ စိတ်ထဲ၌ ကြောက်ရွံ့မှုများအပြင် စိတ်လှုပ်ရှားမှုများပါ ပြည့်နှက်နေသည်။

သို့သော် သူမ စကားပင် ဆုံးအောင် မပြောလိုက်ရဘဲ ထက်မြက်လှသော ဓားအလင်းတန်း တစ်ခုက သူမဆီသို့ ဝင်ရောက်လာတော့သည်။ အသံကလည်း ချက်ချင်း ရပ်တန့်သွားသည်။ မသေဆုံးမီလေးတွင် သူမ၏ မျက်လုံးများထဲ၌ မယုံကြည်နိုင်မှုများ အပြည့်အဝ ထွက်ပေါ်နေခဲ့သည်။ သူမ၏ ဆွဲဆောင်မှုကို လျစ်လျူရှုနိုင်သော ယောကျ်ားမျိုး တကယ် ရှိနေသည်တဲ့လား ဟု သူမ တွေးသွားမိသည်။

All Chapters