အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) ဒီလိုနေရာမျိုးမှာ ရေချိုးတယ်ပေါ့... တကယ်ကို သတိလက်လွတ်နိုင်လွန်းတာပဲ
"နယ်မြေအတွင်းက အဆင့် ၁၀ အထက် ကျွမ်းကျင်သူတွေ အားလုံး ငါ့ဆီကို လာစုကြ... တည်နေရာက XXX ပဲ..."
လော်ပါးတောက် က စကားပြောချန်နယ် တွင် စာပို့လိုက်သည်။
"မိုက်တယ်ဟေ့... အစ်ကိုပါးတောက် က တကယ် အရှိန်အဝါ ရှိတာပဲ... ဒါက စတင် လှုပ်ရှားတော့မယ့် အနေအထားပဲ... ကျိုးဟန် တော့ သောက်ကျိုးနည်းတော့မယ်..."
"အစ်ကိုပါးတောက်... ကျွန်တော် ဆယ်မိနစ်အတွင်း ရောက်အောင် လာခဲ့မယ်... အခုလေးတင် ရွှေအဆင့် ပစ္စည်းတစ်ခု ကျလာလို့... အတော်ပဲ သုံးလို့ရပြီ..."
"လာပြီ လာပြီ... ကျိုးဟန် ကို အစွမ်းကုန် တိုက်ထုတ်ကြမယ်... ငါတို့ နယ်မြေ ၁၂၃ ကို လာစော်ကားတဲ့အတွက်... ပြင်းထန်တဲ့ တန်ဖိုးကို ပေးဆပ်စေရမယ်..."
"အစ်ကိုပါးတောက် ထွက်လာပြီဆိုရင် အကုန် ပြောင်သလင်းခါသွားမှာပဲ... ငါတို့ နယ်မြေ ၁၂၃ အစွမ်းပြမယ့် အချိန်ပဲ... နောက်ဆို ဘယ်သူက မျက်စိမပါဘဲ လာစော်ကားရဲသေးလဲ ကြည့်ရသေးတာပေါ့..."
ယခုအချိန်တွင် လူစုသည့်နေရာ၌ လော်ပါးတောက် မှာ ကျောဘက်တွင် ဓားကြီးတစ်လက်ကို လွယ်ထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ခန့်ညားထည်ဝါစွာ ရပ်နေသည်။
သူ၏ မျက်လုံးများထဲတွင် အောင်နိုင်စိတ်များ ပြည့်နှက်နေသည်။
"ကောင်းပြီ... ကျွမ်းကျင်သူတွေ အားလုံး စုံပြီပဲ... ကျိုးဟန်... မင်း ဒီနေ့ အတောင်ပံ ပါရင်တောင် လွတ်မှာ မဟုတ်ဘူး..."
လော်ပါးတောက် အပြင် အခြား ၆ ယောက် ရောက်ရှိလာပြီး အားလုံးမှာ အဆင့် ၁၀ အထက်များ ဖြစ်ကြကာ ဝိညာဉ်တစ္ဆေ ချောက်ကမ်းပါး အတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သူများ ဖြစ်ကြသည်။
သူတို့သည် နယ်မြေ ၁၂၃ ၏ အစွမ်းထက်ဆုံး တိုက်ခိုက်ရေး အင်အားစုများ ဖြစ်နေပြီ ဖြစ်သည်။
ဤတစ်ကြိမ် တိုက်ခိုက်မှုအတွက် အားလုံးက သေချာပေါက် အနိုင်ရမည်ဟု ယုံကြည်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် ရွှင်လန်းသော အပြုံးများ ထွက်ပေါ်နေသည်။
"သွားကြစို့... အချိန်က တစ်နာရီပဲ ရတာဆိုတော့ ငါတို့ အမြန်သွားမှ ရမယ်..."
လော်ပါးတောက် က နေရာရှာဖွေရေး ကတ် ကို အသုံးပြု၍ ကျိုးဟန် ၏ တည်နေရာကို ကြည့်ရှုပြီးပြီ ဖြစ်သည်။
သူက ရှေ့ဆုံးမှ ဦးဆောင်၍ ထွက်ခွာသွားတော့သည်။
အနောက်မှ လူများကလည်း သတ်ဖြတ်လိုသော အငွေ့အသက်များ အပြည့်ဖြင့် သူ၏ ခြေလှမ်းများနောက်သို့ လိုက်ပါသွားကြသည်။
ယခုအချိန်တွင် ကျိုးဟန် ကမူ သူ့ကို ပစ်မှတ်ထားနေပြီ ဖြစ်ကြောင်း လုံးဝ မသိရှိသေးပေ။
သူက ရရှိထားသော ပစ္စည်းများကို စစ်ဆေးရေတွက်နေဆဲ ဖြစ်သည်။
လော်တာ ၏ ကိုယ်ပေါ်မှ ငွေအဆင့် ပစ္စည်း နှစ်ခုနှင့် ကတ် တစ်ကတ် ထွက်ကျလာခဲ့သည်။
တစ်ဖက်လူ၏ ကိုယ်ဖျောက်ခြင်း စွမ်းရည် ထွက်မလာခဲ့သဖြင့် ကျိုးဟန် အနည်းငယ် စိတ်ပျက်သွားရသည်။
ငွေအဆင့် ပစ္စည်းများကိုတော့ ကျိုးဟန် က တစ်ချက်ပင် လှည့်မကြည့်ချင်တော့ပေ။
ထို့ကြောင့် သူက ကတ်ကိုသာ စတင် စစ်ဆေးကြည့်လိုက်သည်။
လျှို့ဝှက်နယ်မြေ ဝင်ခွင့်ကတ်
ဖော်ပြချက် - ဤကတ်ကို ကိုင်ဆောင်ထားသူသည် လျှို့ဝှက်နယ်မြေအတွင်းသို့ တစ်ယောက်တည်း တစ်ကြိမ် ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး အောင်မြင်စွာ ဖြတ်ကျော်ပြီးပါက ၃၀ ရာခိုင်နှုန်းသော ဖြစ်နိုင်ချေဖြင့် ပလက်တီနမ်အဆင့် ပစ္စည်းများ ကျလာနိုင်သည်
ကြည့်ရှုပြီးနောက် ကျိုးဟန် အနည်းငယ် အံ့အားသင့်သွားသည်။
ဝင်ခွင့်ကတ် တစ်ကတ် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်ပြီး ပစ္စည်းများ ရယူနိုင်သေးသည် မဟုတ်ပါလား။
'တကယ့် ပစ္စည်းကောင်းပဲ...'
'ပြီးတော့ ပလက်တီနမ်အဆင့် ပစ္စည်းတောင် ရနိုင်သေးတာပဲ...'
ယခုအချိန်တွင် ကစားသမားများ၏ ၉၀ ရာခိုင်နှုန်းမှာ ရွှေအဆင့် ပစ္စည်းပင် မရှိသေးရာ ပလက်တီနမ်အဆင့် ဆိုသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။
၃၀ ရာခိုင်နှုန်းသော ဖြစ်နိုင်ချေက မမြင့်မားသော်လည်း သူ့တွင် အဆင့်မြှင့်တင်ခြင်း စွမ်းရည် ရှိနေသည် မဟုတ်ပါလား။
ဒါတွေ အားလုံးက သူ့အတွက် ပြဿနာ မဟုတ်ပေ။
တစ်ကြိမ် အဆင့်မြှင့်လိုက်သည်။
ကျလာနိုင်ချေက ၅၀ ရာခိုင်နှုန်းသို့ ပြောင်းလဲသွားသည်။
နှစ်ကြိမ် အဆင့်မြှင့်လိုက်သည်။
သုံးကြိမ်။
ဤကဲ့သို့သော ပစ္စည်းများတွင် အရည်အသွေးအဆင့် သတ်မှတ်ချက် မရှိသဖြင့် အဆင့်မြှင့်တင်နိုင်စွမ်း အကန့်အသတ်က မည်မျှအထိ ရှိသည်ကို သူ မသိပေ။
ထို့ကြောင့် တစ်ကြိမ်ပြီး တစ်ကြိမ် ဆက်တိုက် အဆင့်မြှင့်လိုက်သည်။
"စနစ် သတိပေးချက်... သင်သည် ၆ ကြိမ် အောင်မြင်စွာ အဆင့်မြှင့်တင်လိုက်ပါပြီ... ဤပစ္စည်း၏ အကန့်အသတ်သို့ ရောက်ရှိသွားပါပြီ..."
စနစ်၏ သတိပေးချက်ကို ကြားလိုက်ရချိန်တွင် ၆ ကြိမ်အထိ အဆင့်မြှင့်၍ ရသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့သြသွားသည်။
မကြာမီ အကျိုးသက်ရောက်မှုများ ထွက်ပေါ်လာပြီးနောက် ကျိုးဟန် အလွန် ဝမ်းသာသွားတော့သည်။
လျှို့ဝှက်နယ်မြေ ဝင်ခွင့်ကတ် (၆ ကြိမ်မြှင့်)
ဖော်ပြချက် - ဤကတ်ကို ကိုင်ဆောင်ထားပါက လူလေးယောက် ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လျှို့ဝှက်နယ်မြေအတွင်းသို့ တစ်ကြိမ် ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး အောင်မြင်စွာ ဖြတ်ကျော်ပြီးပါက ၉၀ ရာခိုင်နှုန်းသော ဖြစ်နိုင်ချေဖြင့် ကြယ်တာရာအဆင့် နှင့် အထက် ပစ္စည်းများ ကျလာနိုင်သည်
၆ ကြိမ် အဆင့်မြှင့်ပြီးနောက် အကျိုးသက်ရောက်မှုက မိုးနှင့်မြေလို ကွာခြားသွားခဲ့သည်။
ပထမဆုံး အနေဖြင့် တစ်ယောက်တည်း ဝင်ရောက်ရမည့် အစား လူလေးယောက် အဖွဲ့ဖြင့် ဝင်ရောက်ခွင့် ရရှိသွားသည်။
ထိုအချိန်ကျလျှင် ဟန်ချင်ရွှဲ့ ညီအစ်မနှစ်ယောက်ထံမှ ပစ္စည်းကောင်းများ ကျလာခဲ့လျှင်တောင် အားလုံးက သူ၏ အိတ်ကပ်ထဲ ရောက်လာမည် မဟုတ်ပါလား။
ယခု ၉၀ ရာခိုင်နှုန်းသော ကျလာနိုင်ချေဖြင့် လုံးဝကို ကံဆိုးမိုးမှောင်ကျနေသူ မဟုတ်ပါက သေချာပေါက် ပစ္စည်း ထွက်လာမည်မှာ အသေအချာပင်။
ကြယ်တာရာအဆင့် နှင့် အထက် ပစ္စည်းများကိုပင် ရရှိနိုင်သေးသည်။
ပလက်တီနမ်အဆင့် ပြီးလျှင် စိန်အဆင့်... ထို့နောက်မှ ကြယ်တာရာအဆင့် ဖြစ်ရာ အဆင့် နှစ်ဆင့်တိတိ ခုန်တက်သွားခြင်း ဖြစ်သည်။
ဘုရင်အဆင့် ပစ္စည်းများပင် ကျလာနိုင်ချေ ရှိသေးသည်။
ထိုသို့ဆိုလျှင်တော့ တကယ်ကို မိုက်လွန်းသွားပြီ ဖြစ်သည်။
ဘုရင်အဆင့် ပစ္စည်းများက ၉ ကြိမ်အထိ အဆင့်မြှင့်နိုင်သည်။
အကျိုးသက်ရောက်မှုက မည်မျှ အစွမ်းထက်မည်ကိုတော့ ပြောနေစရာပင် မလိုတော့ပေ။
ဤအချက်ကို တွေးမိသည်နှင့် ကျိုးဟန် ၏ စိတ်ထဲတွင် အလွန် လှုပ်ရှားသွားမိသည်။
သူက တကယ့် ရတနာကြီး တစ်ခုကို ကောက်ရလိုက်ခြင်းပင် ဖြစ်ပြီး တကယ်ကို ကျေနပ်စရာ ကောင်းလွန်းလှသည်။
"စနစ်... လျှို့ဝှက်နယ်မြေ က ဘယ်နေရာမှာ ရှိတာလဲ..."
ကျိုးဟန် က မြေပုံကို ဖွင့်ကြည့်လိုက်သော်လည်း လျှို့ဝှက်နယ်မြေ ဝင်ပေါက်ကို မတွေ့ရသဖြင့် သံသယဖြင့် မေးလိုက်သည်။
"စနစ် သတိပေးချက်... လျှို့ဝှက်နယ်မြေ ကို ပဉ္စမမြောက်နေ့တွင်မှ ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကျေးဇူးပြု၍ စိတ်ရှည်စွာ စောင့်ဆိုင်းပေးပါ..."
'သောက်ကျိုးနည်း...'
'ပဉ္စမမြောက်နေ့မှ စတင်မယ် ဟုတ်လား...'
'ဒါဆို သန်ဘက်ခါမှပေါ့...'
'ဒါကြောင့် ဟိုကောင်က ဒီဝင်ခွင့်ကတ်ကို မသုံးရသေးတာကိုး... အခုထိ မပွင့်သေးလို့ ဖြစ်ရမယ်...'
ထိုသို့ဖြင့် သူ့ကို သတ်ဖြတ်ပြီးနောက် ဤကတ်က ပြုတ်ကျလာခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် နှစ်ရက်သာ စောင့်ရမည် ဖြစ်သဖြင့် ကျိုးဟန် လည်း ပြဿနာ မရှိဟု သတ်မှတ်လိုက်သည်။
ကျောပိုးအိတ်ထဲမှ ခုလေးတင် ရရှိထားသော ပလက်တီနမ်အဆင့် ပစ္စည်းကို ထုတ်ယူကာ ကြည့်ရှုလိုက်သည်။
အလှဆင်ပစ္စည်း အမျိုးအစား ဖြစ်ပြီး အချက်အလက်များကလည်း အတော်လေး ကောင်းမွန်ကြောင်း တွေ့လိုက်ရသည်။
ယခု ကျိုးဟန် တွင် အဆင့်မြှင့်ပွိုင့်များ လုံလောက်စွာ ရှိနေသဖြင့် လောက်ငမှု ရှိမရှိ စိတ်ပူစရာ မလိုတော့ဘဲ တိုက်ရိုက် ၆ ကြိမ် အဆင့်မြှင့်လိုက်သည်။
ထို့နောက် အချက်အလက်များကို ဖွင့်၍ စစ်ဆေးကြည့်လိုက်သည်။
လရောင် နားကပ် (၆ ကြိမ်မြှင့်)
အဆင့် - ပလက်တီနမ်အဆင့်
အခြေခံအချက်အလက် - တိုက်ခိုက်မှု +၁၅၀၀ အကာအကွယ် +၃၀၀
အထူးစွမ်းရည် ၁ - စွမ်းရည်အားလုံးအပေါ် ခံနိုင်ရည် ၃၀ ရာခိုင်နှုန်း တိုးစေမည်
အထူးစွမ်းရည် ၂ - အပြင်းအထန် တိုက်ခိုက်နိုင်စွမ်း ၅၀ ရာခိုင်နှုန်း တိုးစေမည်
အထူးစွမ်းရည် ၃ - နူးညံ့သော လရောင်၏ စောင့်ရှောက်မှု ပါဝင်သဖြင့် ၁၀ မီတာ ပတ်လည်အတွင်းရှိ မဟာမိတ် အားလုံးကို တစ်စက္ကန့်လျှင် သွေးပမာဏ ၁ ရာခိုင်နှုန်း ပြန်လည် ပြည့်ဝစေမည်
ဖော်ပြချက် - တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း ပေါင်းစပ်ထားရုံသာမက အထောက်အကူပြု စွမ်းရည်လည်း ပါဝင်သော ဘက်စုံသုံး အလှဆင်ပစ္စည်း ဖြစ်ပါသည်။
'တကယ်ပဲ ဘက်စုံသုံး ဖြစ်နေတာပဲ... တိုက်ခိုက်မှု အကာအကွယ် နဲ့ အပြင်းအထန် တိုက်ခိုက်နိုင်စွမ်း တွေ အကုန် ပါတဲ့အပြင် အသင်းဖော်တွေကိုပါ သွေးပြန်ဖြည့်ပေးနိုင်သေးတယ်...'
အချက်အလက်များကို ကြည့်ရှုပြီးနောက် ကျိုးဟန် အနည်းငယ် သက်ပြင်းချလိုက်မိသည်။
စည်းကမ်းချက်များအရ အလှဆင်ပစ္စည်း တစ်ခုသာ ဝတ်ဆင်ခွင့် ရှိသောကြောင့် ဖြစ်သည်။
အလှဆင်ပစ္စည်း အများအပြား ဝတ်ဆင်လိုပါက ဖွင့်လှစ်ရန် အထူးပစ္စည်းအချို့ လိုအပ်သည်။
ယခု ကျိုးဟန် တွင် ထိုအရာများ မရှိသေးပေ။
ထို့ကြောင့် စစ်မှန်သော ဝိညာဉ် လက်စွပ် ကိုသာ ချွတ်၍ လဲလှယ်လိုက်ရသည်။
နားကပ်ကို ဝတ်ဆင်လိုက်ပြီးနောက် အချက်အလက်များက တကယ်ကို ကောင်းမွန်လာခဲ့သည်။
သို့သော် ကျိုးဟန် အနည်းငယ်တော့ နေရခက်သလို ခံစားနေရသည်။
'သောက်ကျိုးနည်း... မိန်းမလျာလေး တစ်ယောက်လို ဖြစ်နေပြီ... ငါ့ရဲ့ ယောကျ်ားပီသတဲ့ အသွင်အပြင်နဲ့ လုံးဝကို မလိုက်ဖက်ဘူး...'
အချက်အလက်များ ကောင်းမွန်နေသဖြင့် သူ မတတ်နိုင်ပေ။
ပိုကောင်းသည့် ပစ္စည်း ရလာသည့် အချိန်ကျမှသာ ထပ်မံ လဲလှယ်ရတော့မည်။
ကျိုးဟန် လည်း မတတ်သာဘဲ စိတ်ထဲမှ ငြင်းဆန်မှုကို လျစ်လျူရှုလိုက်ရတော့သည်။
ပစ္စည်းများ အားလုံးကို စစ်ဆေးရေတွက်ပြီးသွားပြီ ဖြစ်သည်။
ကျလာသော ရွှေအဆင့် ပစ္စည်းများကို ကျိုးဟန် က ဟန်ချင်ရွှဲ့ ထံသို့ အကုန် ပေး၍ ဆိုင်တွင် တင်ရောင်းခိုင်းရန် ပြင်ဆင်လိုက်သည်။
'ဟင်... သူတို့ ဘယ်ရောက်သွားကြတာလဲ...'
ခုနက တိုက်ပွဲဖြစ်နေချိန်နှင့် ပစ္စည်းများ စစ်ဆေးနေချိန်တွင် သူတို့၏ ခြေရာကို သူ သတိမထားမိခဲ့ပေ။
ကျိုးဟန် လည်း သိချင်စိတ်ဖြင့် တောအုပ်ကို ဖြတ်၍ လျှောက်လာခဲ့သည်။
ထိုစဉ် ကြည်လင်နေသော မြစ်ရေပြင်ထဲမှ မိန်းကလေး နှစ်ယောက်၏ ရွှင်မြူးနေသော အသံများကို ကြားလိုက်ရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျိုးဟန် စကားပင် မပြောနိုင်တော့ပေ။
'ဒီမိန်းမတွေကတော့ တကယ်ကို လက်ဖျားခါလောက်တယ်... ဒီလိုနေရာမျိုးမှာ လာပြီး ရေချိုးနေကြတယ်ပေါ့...'
မီးတိမ် တောင်တန်း တွင် မိန်းကလေး နှစ်ယောက် ချွေးအလွန်ထွက်ခဲ့ပြီး တစ်ကိုယ်လုံး စေးကပ်နေကြောင်းကို သူ သိသည်။
ရေချိုးချင်သည်ကိုလည်း နားလည်ပေး၍ ရသည်။
သို့သော် ဤနေရာက နတ်ဘုရားနှင့်မိစ္ဆာကမ္ဘာ ဖြစ်သည် မဟုတ်ပါလား။
မည်သည့် အန္တရာယ်မဆို ဖြစ်ပေါ်လာနိုင်ပြီး ဤကဲ့သို့ တောရိုင်းထဲတွင် ရေချိုးနေခြင်းမှာ တကယ်ကို သတိလက်လွတ်နိုင်လွန်းလှသည်။
ကံကောင်းထောက်မစွာဖြင့် မြစ်ထဲတွင် သားရဲများ မရှိသဖြင့် မည်သည့် အန္တရာယ်မှ မဖြစ်ပေါ်ခဲ့ပေ။
ထို့အပြင် ဤနေရာတွင် တောအုပ်တစ်ခု ရှိနေပြီး နေရာက အလွန် ကွယ်ဝှက်နေကာ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
အလှလေး နှစ်ယောက်က မြစ်ထဲတွင် ရေကူးနေကြပြီး ကိုယ်ပေါ်တွင် အဝတ်အစား တစ်ဝက်တစ်ပျက်မျှပင် မရှိကြပေ။
ကြည်လင်နေသော မြစ်ရေကြောင့် လှပသော ရှုခင်း အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
'တကယ်ကို မျက်စိပသာဒ ဖြစ်တာပဲ... ငါ့ဟာက ခိုးကြည့်တာလို့ သတ်မှတ်လို့ မရပါဘူး... မျက်နှာပြောင်တိုက်ပြီး ပေါ်တင် ကြည့်နေတာလေ...'
ကျိုးဟန် က စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် အကြောင်းပြချက် ပေးကာ နှစ်သိမ့်လိုက်သည်။
ထို့နောက် မိန်းကလေး နှစ်ယောက်၏ ရေကူးနေသော ဟန်ပန်ကို အရသာခံ ကြည့်ရှုနေလိုက်သည်။
သို့သော် ကောင်းသော အချိန်များက ကြာရှည်မခံပေ။ ကျိုးဟန် သစ်ပင်ကြီး တစ်ပင်ပေါ်တွင် ထိုင်နေစဉ် အဝေးမှ လူ ၇ ယောက် သူရှိရာဘက်သို့ လာနေသည်ကို တွေ့လိုက်ရသည်။
တစ်ယောက်ချင်းစီတိုင်းက ဒေါသတကြီး ဖြစ်နေကြပြီး အကြံဆိုးဖြင့် လာနေကြသည်မှာ သိသာလှသည်။
သူ၏ တည်နေရာကို အတိအကျ သိနေသည့်အလား ပုံပေါက်နေသည်။
ကျိုးဟန် ၏ မျက်လုံးများထဲတွင် သံသယအချို့ ဖြစ်ပေါ်လာသော်လည်း လုံးဝ အထိတ်တလန့် ဖြစ်မသွားပေ။
"ဟေ့... မင်းတို့ နှစ်ယောက် မြန်မြန် လုပ်ကြ... လူတွေ လာနေပြီ... အင်္ကျီ အမြန် ဝတ်ကြတော့..."
ဟန်ရှန်နင် တို့၏ ဤကဲ့သို့သော ပုံစံမျိုးကို အခြားသူများ မြင်သွားမည်ကို သူ လုံးဝ မလိုလားပေ။
ထို့ကြောင့် သူ ကိုယ်တိုင် ပေါ်သွားမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တိုက်ရိုက် အလျင်စလို တိုက်တွန်းလိုက်သည်။
"အာ... ကျိုးဟန်... နင်... နင် ဘယ်တုန်းက ရောက်နေတာလဲ..."
"မြန်မြန် ဟိုဘက် လှည့်နေစမ်း... နင်က အဲဒီလို ကြည့်နေရင် ငါတို့ ဘယ်လို ကုန်းပေါ် တက်ရမှာလဲ..."
ညီအစ်မ နှစ်ယောက်မှာ ချက်ချင်းပင် ထိတ်လန့်တကြား ဖြစ်သွားကြပြီး မျက်နှာများ နီရဲသွားကာ ရှက်စိတ်နှင့် ဒေါသစိတ်များ ရောပြွမ်းသွားကြသည်။
သူမတို့မှာ ကျိုးဟန် ၏ ကြည့်ခြင်းကို နောက်တစ်ခါ ထပ်ခံလိုက်ရပြန်ပြီ ဖြစ်သည်။
ကျိုးဟန် က ဤမျှများပြားသော သားရဲများကို ဤမျှ မြန်ဆန်စွာ ရှင်းလင်းပြီးသွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။