← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း (၅၆) မေအောက်ရွှယ်ကို နောက်ပြောင်ခြင်းနှင့် တောင်ကိုရီးယားကစားသမားများ အဖွဲ့ထဲ ဝင်လာခြင်း

အတင်းအကျပ် ဆွဲသွင်းနိုင်သည် ဟုတ်လား။

သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အဖွဲ့ခေါင်းဆောင်က နာမည်ခေါ်လိုက်သည်နှင့် အဖွဲ့ထဲသို့ ဝင်လာရမည်။

ထို့အပြင် ရွှေဒင်္ဂါး ၁၀၀၀ ကိုပါ အလိုအလျောက် ဖြတ်တောက်ခံရမည်။

တကယ်ကို မိုက်လွန်းလှသည်။ အလွယ်တကူ ရွှေဒင်္ဂါး ၂ သိန်း ရနိုင်သည် မဟုတ်ပါလား။

ဒုတိယ လက်နက် ဖွင့်လှစ်ရေးကတ် ဝယ်ယူရန် လိုအပ်သော ရွှေဒင်္ဂါး ၃ သိန်း ဆိုသည်က ရောက်လာပြီ မဟုတ်ပါလား။

တွေးမိသည်နှင့် ကျိုးဟန် က တုံ့ဆိုင်းမနေဘဲ အဖွဲ့ ဖွဲ့စည်းရေးကတ် ကို ချက်ချင်း အသုံးပြုလိုက်သည်။

"စနစ် သတိပေးချက်... သင်သည် အဖွဲ့ ဖွဲ့စည်းရေးကတ် ကို အသုံးပြုလိုက်ပါသည်..."

"စနစ် သတိပေးချက်... သင်သည် အဖွဲ့ တစ်ခုကို အောင်မြင်စွာ ဖန်တီးလိုက်ပါပြီ... ကျေးဇူးပြု၍ အဖွဲ့အမည် ပေးပါ..."

'သောက်ကျိုးနည်း... နာမည် ပေးရပြန်ပြီ...'

နာမည်ပေးရမည်ဆိုလျှင် အခက်တွေ့တတ်သော ကျိုးဟန် မှာ မတတ်သာဘဲ ရူးကြောင်ကြောင် နာမည်တစ်ခုကို ဖြစ်သလို ပေးလိုက်ရသည်။

"နတ်ဘုရားသတ် ကျောင်းတော် လို့ပဲ ပေးလိုက်မယ်..."

"စနစ် သတိပေးချက်... အမည်ပေးခြင်း အောင်မြင်ပါသည်... အဖွဲ့ကို ဖန်တီးပြီးပါပြီ... ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ..."

ကျိုးဟန် နှိပ်၍ ဝင်ကြည့်လိုက်သည်။

စနစ်ဖန်သားပြင်တွင် အချက်အလက်များ ထွက်ပေါ်လာသည်။

နတ်ဘုရားသတ် ကျောင်းတော်

အဖွဲ့အဆင့် - ၁

အဖွဲ့ခေါင်းဆောင် - ကျိုးဟန်

အဖွဲ့ခေါင်းဆောင်၏ ကိုယ်စားလှယ် - မရှိသေးပါ

အဖွဲ့ဝင် အရေအတွက် - ၀/၂၀၀

လုပ်ဆောင်ချက် - မပွင့်သေးပါ (အဖွဲ့ဝင် ၁၀၀ ကျော်ပါက ပွင့်လာမည် ဖြစ်သည်)

မှတ်ချက် - အဖွဲ့ဝင်များ၏ စွမ်းအား အဆင့်နှင့် လှုပ်ရှားမှုများက အဖွဲ့အဆင့်အပေါ် သက်ရောက်မှု ရှိမည် ဖြစ်သည်

အဖွဲ့အဆင့် မြင့်လေလေ ဖွင့်လှစ်နိုင်သော လုပ်ဆောင်ချက်များ ပိုမို များပြားလာလေလေ ဖြစ်သည်

ထို့နောက် အချက်အလက်များ၏ ညာဘက်တွင် Messenger ကဲ့သို့ စကားပြောနိုင်သော နေရာတစ်ခု ရှိနေသည်။

စာရင်းတွင် ကျိုးဟန် တစ်ယောက်တည်းသာ ရှိနေပြီး အဖွဲ့ခေါင်းဆောင် ဆိုသည့် ဂုဏ်ပုဒ်ကို ပြသထားသည်။

"အလုပ် ဖြစ်မဖြစ် အရင် စမ်းကြည့်ရမယ်..."

ယခုအချိန်တွင် ကျိုးဟန် က ရွှေဒင်္ဂါးများ အလွန် လိုအပ်နေသည်။

ထို့ကြောင့် ဆောရီးပဲ... တစ်သုတ်လောက်တော့ အရင် ရိတ်သိမ်းရတော့မည်။

"ဘယ်သူ့ကို အရင် ဆွဲသွင်းရမလဲ..."

သူ ပထမဆုံး စဉ်းစားမိသည်မှာ မေအောက်ရွှယ် ကို ဆွဲသွင်းရန် ဖြစ်သည်။

သူမကို အရင် ဆွဲသွင်းပြီး စမ်းသပ်ကြည့်မည်။

မည်သို့ပင်ဖြစ်စေ ယခင်က သူမက သူ့ကို တစ်ခါ ခေါင်းပုံဖြတ်သွားခဲ့ဖူးသည် မဟုတ်ပါလား။

ယခုတစ်ကြိမ်တော့ သူမကို ရွှေဒင်္ဂါး ၁၀၀၀ အရှုံးပေါ်အောင် သေချာပေါက် လုပ်ရမည်။

"မေအောက်ရွှယ် ကို နတ်ဘုရားသတ် ကျောင်းတော် ထဲ ဆွဲသွင်းမယ်..."

"စနစ် သတိပေးချက်... သင်သည် ရွှေဒင်္ဂါး ၁၀၀၀ ကို ရရှိပါသည်..."

"စနစ် သတိပေးချက်... ကစားသမား မေအောက်ရွှယ် သည် နတ်ဘုရားသတ် ကျောင်းတော် သို့ အောင်မြင်စွာ ဝင်ရောက်လာပါသည်..."

ထိုအချိန်တွင် မေအောက်ရွှယ် က သားရဲများ သတ်ဖြတ်နေဆဲ ဖြစ်သည်။

သူမ၏ ခေါင်းထဲတွင် သတိပေးသံများ ရုတ်တရက် ဆက်တိုက် ထွက်ပေါ်လာသည်။

ပထမဆုံး အနေဖြင့် သူမ၏ ရွှေဒင်္ဂါး ၁၀၀၀ ကို ဖြတ်တောက်ခံလိုက်ရသည်။

ထို့နောက် ဘာအကြောင်းမှန်းမသိဘဲ နတ်ဘုရားသတ် ကျောင်းတော် ဆိုသည့် နေရာသို့ ရောက်ရှိသွားသည်။

'နတ်ဘုရားသတ် ကျောင်းတော် ဟုတ်လား... ဒီလောက် ခမ်းနားတဲ့ နာမည်ကြီး ဆိုတော့... လျှို့ဝှက် အဖွဲ့အစည်း တစ်ခုခုများ ဖြစ်နေမလား...'

ထိုသို့ တွေးမိသည်နှင့် သူမ၏ စိတ်ထဲတွင် ဝမ်းသာသွားသည်။

သူမက လျှို့ဝှက် ဇာတ်လမ်းသွား တစ်ခုခုကို ဖွင့်လှစ်နိုင်ခဲ့ပြီဟု ထင်သွားခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နတ်ဘုရားနှင့်မိစ္ဆာကမ္ဘာ က အလွန် နက်နဲဆန်းကြယ်လှသည် မဟုတ်ပါလား။

မည်ကဲ့သို့သော အခွင့်အရေးမျိုးနှင့်မဆို ကြုံတွေ့ရနိုင်သည်။

ဘာအကြောင်းမှန်းမသိဘဲ ရွှေဒင်္ဂါး ၁၀၀၀ ဖြတ်တောက်ခံလိုက်ရသော်လည်း သူမ အနည်းငယ်မျှပင် ဒေါသမထွက်ပေ။

'ရှေးဟောင်းက အစွမ်းထက်တဲ့ အမွေအနှစ် တစ်ခုခုများ ရလာနိုင်မလား မသိဘူး...'

မည်သို့ပင်ဖြစ်စေ နတ်ဘုရားသတ် ကျောင်းတော် ဆိုသည်မှာ လူတိုင်း သွားခွင့်ရှိသည့် နေရာမျိုး မဟုတ်သည်မှာ သေချာလှသည်။

သူမ၏ စိတ်ထဲတွင် ချက်ချင်းပင် မျှော်လင့်ချက်များနှင့် ပြည့်နှက်သွားတော့သည်။

စနစ်၏ သတိပေးချက်ကို ကြားပြီးနောက် ကျိုးဟန် ကလည်း စာတစ်စောင် ရိုက်ပို့လိုက်သည်။

ကျိုးဟန် - မေအောက်ရွှယ်... လူသစ်လေး ဓာတ်ပုံ ပို့ပေးပါဦး...

အဖွဲ့ဝင်သစ်များကို နောက်ပြောင်သည့် ပုံမှန် စကားပြောနည်းမျိုး ဖြစ်သည်။

မေအောက်ရွှယ် - ???

ကျိုးဟန် - ဓာတ်ပုံ မပို့ရင် မင်းကို အဖွဲ့ထဲက ထုတ်ပစ်မယ်...

စာပို့ပြီးနောက် ကျိုးဟန် က ရုတ်တရက် အကြံတစ်ခု ရသွားသည်။

သူမကို အဖွဲ့ထဲမှ ထုတ်ပြီးနောက် ပြန်ဆွဲသွင်း၍ ရမရ စမ်းသပ်ကြည့်မည်။

ထိုသို့ဆိုလျှင် နောက်ထပ် ရွှေဒင်္ဂါး ၁၀၀၀ ထပ်ရမည် မဟုတ်ပါလား။

သူမ၏ ရွှေဒင်္ဂါးများ ကုန်ခန်းသွားသည်အထိ အဆက်မပြတ် ရိတ်သိမ်းမည်။

"မေအောက်ရွှယ် ကို နတ်ဘုရားသတ် ကျောင်းတော် ကနေ ထုတ်ပစ်မယ်..."

တွေးမိသည်နှင့် ချက်ချင်း လက်တွေ့ လုပ်ဆောင်လိုက်သည်။

"စနစ် သတိပေးချက်... အသစ် ဝင်ရောက်လာသော အဖွဲ့ဝင်များကို ၃ ရက် အတွင်း အဖွဲ့မှ ထုတ်ပယ်၍ မရပါ..."

"ဟာ... ဟာကွက် ရှာလို့ မရဘူးပဲ..."

စနစ်၏ သတိပေးချက်ကို ကြားလိုက်ရချိန်တွင် ကျိုးဟန် အနည်းငယ် စိတ်ပျက်သွားသည်။

မေအောက်ရွှယ် - ဘာတွေ ဖြစ်နေတာလဲ... နင်က ကျိုးဟန် လား... ငါ ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ...

သူမ၏ မျက်နှာက ပိုမို အေးစက်သွားသည်။ မူလက အခွင့်အရေး ရပြီဟု ထင်နေခဲ့သော်လည်း ယခု ကြည့်ရသည်မှာ ကျိုးဟန် ၏ နောက်ပြောင်မှုသာ ဖြစ်နေပုံရသည်။

သူမက ချက်ချင်း မေးမြန်းလိုက်သော်လည်း ကျိုးဟန် က ဆက်လက် အဖတ်မလုပ်တော့ပေ။

"အလုပ်ဖြစ်တာ သေချာတယ်... ဒါဆို ဆက်ပြီး လူဆွဲသွင်းလိုက်ကြစို့..."

မေအောက်ရွှယ် ၏ ဝင်ရောက်လာမှုက အတင်းအကျပ် ဆွဲသွင်းနိုင်ကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။

တစ်ယောက်ချင်းစီ ဆွဲသွင်းနေရသည်မှာ အလွန် အလုပ်ရှုပ်လှသည်။

"ဒီနယ်မြေက ထိပ်ဆုံး အယောက် ၂၀၀ ကို အဖွဲ့ထဲ အကုန် ဆွဲသွင်းမယ်..."

"စနစ် သတိပေးချက်... ကစားသမား ဟန်ရှန်နင် တွင် ရွှေဒင်္ဂါး ၁၀၀၀ မပြည့်သဖြင့် ဝင်ရောက်ခွင့် မရရှိပါ..."

"စနစ် သတိပေးချက်... ကစားသမား ဟန်ချင်ရွှဲ့ တွင် ရွှေဒင်္ဂါး ၁၀၀၀ မပြည့်သဖြင့် ဝင်ရောက်ခွင့် မရရှိပါ..."

"စနစ် သတိပေးချက်..."

"စနစ် သတိပေးချက်... ကစားသမားများ အားလုံးကို ဆွဲသွင်းပြီးပါပြီ..."

"စနစ် သတိပေးချက်... အောင်မြင်စွာ ဝင်ရောက်လာသော ကစားသမား အရေအတွက်မှာ ၁၀၃ ယောက် ဖြစ်ပါသည်..."

လူများက ဤမျှ ဆင်းရဲနေကြလိမ့်မည်ဟု ကျိုးဟန် လုံးဝ ထင်မထားခဲ့ပေ။

ဟန်ရှန်နင် နှင့် ဟန်ချင်ရွှဲ့ တို့ နှစ်ယောက်၏ ရွှေဒင်္ဂါးများက ကျိုးဟန် ၏ လက်ထဲတွင် ရှိနေသဖြင့် ဤသည်မှာ နားလည်ပေး၍ ရသည်။

သို့သော် ထိပ်ဆုံး အယောက် ၂၀၀ စာရင်းဝင်များပင် ရွှေဒင်္ဂါး ၁၀၀၀ မပြည့်ကြသည်မှာ ဆိုးလွန်းလှသည်။

၁၀၃ ယောက်သာ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

တကယ်ကို အခြေအနေ ဆိုးရွားလွန်းလှသည်။

မကြာမီ အဖွဲ့ထဲသို့ ရောက်ရှိလာသူများမှာ အားလုံး ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

အိုးဟွမ် - ဘာအခြေအနေကြီးလဲ... ကျိုးဟန် ထွက်လာပြီး အားလုံးကို ရှင်းပြပါဦး...

ကောက်ထျို - ကျိုးဟန်... မင်းက နည်းနည်း လွန်လာပြီနော်... ငါ့ရဲ့ ရွှေဒင်္ဂါး ၁၀၀၀ ကို ဖြတ်သွားတယ်...

ကျာဖေးချိုး - သောက်ကျိုးနည်း... ငါကများ အခွင့်အရေး ရပြီလို့ ထင်နေတာ... ဒါက ဘာသရဲလဲ...

လင်းဖန် - ကျိုးဟန်... နံပါတ်တစ် နေရာ ရနေတိုင်း ငါတို့ကို အနိုင်ကျင့်လို့ ရတယ် မထင်နဲ့နော်...

လျိုပို - ငါ အဖွဲ့ထဲက ထွက်ချင်တာတောင် ထွက်လို့ မရဘူး... တံခါးကို အသေပိတ်ထားတာလား...

တိုင်ရှောင်မေ့ - ကျိုးဟန် ငါ နင့်ကို ချစ်တယ်... နောက်ဆုံးတော့ နင်နဲ့ အနီးကပ် နေခွင့် ရပြီ... နင် ငါ့ကို ချစ်သေးတယ် မဟုတ်လား...

ယန်မီ - ကျိုးဟန်... ငါ နင့်ကို သူငယ်ချင်း လာအပ်တာ ဘာလို့ ငြင်းလိုက်တာလဲ... ငါ အရမ်း ဝမ်းနည်းတာပဲ...

...

မကြာမီ ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲမှ လူများ အားလုံး ရန်ဖြစ်ကုန်ကြပြီး သူတို့၏ မကျေနပ်မှုများကို ဖွင့်ထုတ်နေကြသည်။

ထို့အပြင် ပရိသတ် မိန်းကလေး အချို့ကလည်း သူတို့၏ အချစ်များကို အရူးအမူး ဖော်ပြနေကြသည်။

ကျိုးဟန် တစ်ယောက် ဆွံ့အသွားရသည်။

'ဟူး... ငါက အရမ်း တော်လွန်းနေတော့လည်း ပြဿနာတွေ အများကြီး ရှိတာပဲ...'

"၃ ရက်ပြည့်ရင် ဒီကောင်တွေကို အကုန် ထုတ်ပစ်မယ်... အရမ်း ဆူညံလွန်းတယ်..."

ယခု လူအရေအတွက်က မပြည့်သေးသဖြင့် ကျိုးဟန် ဆက်လက် လူဆွဲသွင်းရမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရွှေဒင်္ဂါး ၃ သိန်း ပြည့်ရန် အများကြီး လိုနေသေးသည် မဟုတ်ပါလား။

ဒီနေ့ ဒုတိယ လက်နက် ဖွင့်လှစ်ရေးကတ် ကို ရအောင် ယူမည်ဟု သူ စိတ်ကူးထားသည်။

"နယ်မြေ ၁၀၀၀ က ထိပ်ဆုံး အယောက် ၁၀၀ ကို နတ်ဘုရားသတ် ကျောင်းတော် ထဲ ဆွဲသွင်းမယ်..."

ကျိုးဟန် အများကြီး မစဉ်းစားတော့ဘဲ ကျပန်း နယ်မြေတစ်ခုကို ရွေးချယ်လိုက်သည်။

"စနစ် သတိပေးချက်... နယ်မြေ ၁၀၀၀ မှ ကစားသမားများကို ဆွဲသွင်းပြီးပါပြီ..."

"စနစ် သတိပေးချက်... အောင်မြင်စွာ ဝင်ရောက်လာသော ကစားသမား အရေအတွက်မှာ ၉၅ ယောက် ဖြစ်ပါသည်..."

"နောက်ဆုံးတော့ ပြီးသွားပြီ... အကုန် ပြည့်သွားပြီ..."

ကျောပိုးအိတ်ထဲရှိ ရွှေဒင်္ဂါးများကို ကြည့်လိုက်ရာ ၂ သိန်း ၅ သောင်း ၂ ထောင် ရှိနေသည်။

ဤသို့ဆိုလျှင် ၅ သောင်းပင် မလိုတော့ပေ။

ရွှေဒင်္ဂါးများ ရှာရန် ပိုမို လွယ်ကူသွားပြီ ဖြစ်သည်။

ပတ်ဒါချန်း - အာရှီးဘား... ဘာလို့ ငါ ဒီနေရာကို ရောက်လာရတာလဲ... ရှင်းပြချက် တစ်ခု လိုချင်တယ်...

ဂျောင်ဂျယ်ပတ် - ကျိုးဟန် ထွက်ခဲ့စမ်း... ငါ့ရဲ့ ရွှေဒင်္ဂါး ၁၀၀၀ ကို ပြန်အန်ထုတ်ပေး...

လီဂျီယွန် - ငါ့ရဲ့ အိုပါး ကို နင့်ကို သတ်ခိုင်းမယ်...

ကင်ဒါဂန် - နင် စောင့်နေလိုက်... ခဏနေ ငါတို့ ရောက်လာပြီး နယ်မြေ ၆၆၆ ကို သိမ်းပိုက်မယ်... နင်တို့ရဲ့ နေရာက ငါတို့ တောင်ကိုရီးယား နိုင်ငံရဲ့ နေရာ ဖြစ်လာလိမ့်မယ်...

ချွဲဒါဂီ - ငါတို့ တောင်ကိုရီးယား လူမျိုးတွေက ပြိုင်ဘက်ကင်းတယ်... နင်က မရှုပ်သင့်တဲ့သူကို လာရှုပ်တာပဲ...

...

'သောက်ကျိုးနည်း...'

"တောင်ကိုရီးယား က လူတွေကိုတောင် ဆွဲသွင်းမိသွားတာလား..."

နယ်မြေ ၁၀၀၀ က တောင်ကိုရီးယား ကစားသမားများ ဖြစ်နေမည်ဟု ကျိုးဟန် လုံးဝ ထင်မထားခဲ့ပေ။

ထို့အပြင် ဤအဖွဲ့က သူတို့၏ စကားများကို အလိုအလျောက် ဘာသာပြန်ပေးနိုင်စွမ်း ရှိနေသည်။

သူတို့ ပြောနေသည့် ရူးကြောင်ကြောင် စကားများကို မြင်လိုက်ရသည့်အခါ အလွန် ရွံရှာသွားမိသည်။

ချက်ချင်းပင် သူတို့ကို အဖတ်မလုပ်ချင်တော့ပေ။

ဒီလိုလူမျိုးများနှင့် စကားပြောခြင်းက အဆင့်အတန်း ကျသည် မဟုတ်ပါလား။

အိုးဟွမ် - တောက်... တကယ် ကံဆိုးတာပဲ... တောင်ကိုရီးယား က ကောင်တွေ ဖြစ်နေတာကိုး... ငါ အဖွဲ့ထဲက ထွက်ချင်တယ်...

လင်းဖန် - သူတို့က နယ်မြေ ၁၀၀၀ က ဖြစ်ရမယ်... အခု Server ကျော်ပြီး လာလို့ ရနေပြီလား...

လျိုပို - ဒါ ဘာသရဲလဲ... ကျိုးဟန် မြန်မြန် တောင်ကိုရီးယား က ကောင်တွေကို အကုန် ထုတ်ပစ်စမ်း...

ကောက်ထျို - တောင်ကိုရီးယား က ကောင်တွေ... အရမ်း မောက်မာမနေနဲ့... ဒီနေရာက နယ်မြေ ၆၆၆ ရဲ့ နေရာကွ...

...

အားလုံးက ပြင်ပရန်သူကို တညီတညွတ်တည်း ဆန့်ကျင်နေကြသည်ကို မြင်သောအခါ ကျိုးဟန် ၏ စိတ်ထဲတွင် အလွန် ဝမ်းသာသွားသည်။

"စနစ် သတိပေးချက်... သင်၏ နတ်ဘုရားသတ် ကျောင်းတော် အဖွဲ့ဝင် အရေအတွက် ၁၀၀ ကျော်သွားသည်ကို ထောက်လှမ်းသိရှိရပါသည်..."

"စနစ် သတိပေးချက်... လုပ်ဆောင်ချက်များ ပွင့်လာပါပြီ... ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ..."

'ဟင်... လုပ်ဆောင်ချက်တွေထဲမှာ ဘာတွေ ပါလဲ မသိဘူး...'

ကျိုးဟန် က သံသယဖြင့် လုပ်ဆောင်ချက်များကို နှိပ်၍ ကြည့်လိုက်သည်။

လုပ်ဆောင်ချက် ၁ - အသံပိတ်ခြင်း... ဖုံးကွယ်ခြင်း... အဖွဲ့မှ ထုတ်ပယ်ခြင်း

လုပ်ဆောင်ချက် ၂ - စွမ်းအား မြှင့်တင်ခြင်း

လုပ်ဆောင်ချက် ၃ - မပွင့်သေးပါ

လုပ်ဆောင်ချက် ၁ က သာမန် လုပ်ဆောင်ချက်များသာ ဖြစ်ပြီး ကျိုးဟန် အတွက် မထူးဆန်းပေ။

သို့သော် လုပ်ဆောင်ချက် ၂ တွင် စွမ်းအား မြှင့်တင်ခြင်း ဟု ပါလာသည်။

All Chapters