အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) ဓားနတ်ဘုရား ၏ ဝိညာဉ်ပုံရိပ်... တံဆိပ်ခတ် နတ်ဘုရားကျောက်တိုင်
ထိုအချိန်တွင် ခေါင်းထဲမှ တာဝန် သတိပေးချက်များ ထွက်ပေါ်လာသည်။
'လက်ခံမယ်...'
ကျိုးဟန် က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။
"စနစ် သတိပေးချက်... တာဝန်ကို အောင်မြင်စွာ လက်ခံပြီးပါပြီ..."
နိုးထခြင်း တာဝန် ၂
ဖော်ပြချက် - သိမြင်ခြင်း ကျောင်းတော် အတွင်း၌ ရွှေအဆင့်နှင့် အထက် သိုင်းကျမ်း တစ်ခုကို အောင်မြင်စွာ နားလည် သဘောပေါက်အောင် လုပ်ဆောင်ပါ
မကြာမီ နိုးထခြင်း တာဝန် ၏ ဒုတိယ အဆင့်ကိုလည်း စနစ်ဖန်သားပြင်တွင် ပြသလာသည်။
ကျိုးဟန် ဝင်သွားသည်ကို မြင်ပြီးနောက် နျဲ့ထျန်ချန် က တင်ပျဉ်ခွေ ထိုင်ကာ ဝင်လေထွက်လေ မှတ်နေလိုက်သည်။ မိနစ်အနည်းငယ် အတွင်း ကျိုးဟန် ပြန်ထွက်လာမည်ဟု သူ ယုံကြည်နေသည်။
ကျိုးဟန် ထွက်လာပြီးနောက် မှာစရာ အချို့ ရှိသေးသဖြင့် သူ ထွက်မသွားသေးခြင်း ဖြစ်သည်။
ဓားသမား အလုပ်အကိုင် ၏ နိုးထခြင်း လမ်းညွှန်သူ အနေဖြင့် ယခု ကျိုးဟန် က သူ၏ တပည့် တစ်ဝက် ဖြစ်နေပြီ ဖြစ်ရာ သေချာပေါက် ဂရုစိုက်ပေးရမည် ဖြစ်သည်။
"ဟေး... ကိုနျဲ့... လူသစ်လေး ထပ်ခေါ်လာပြန်ပြီလား... ကြည့်ရတာ ဒီတစ်ခါတော့ တကယ့် ပါရမီရှင်ကြီး တစ်ယောက်ကို ခေါ်လာတာနဲ့ တူတယ်... ဟားဟား..."
နျဲ့ထျန်ချန် ၏ နားထဲသို့ ခနဲ့တဲ့တဲ့ လေသံတစ်ခု ဝင်ရောက်လာသည်။ နောက်ပြောင် လှောင်ပြောင်လိုသော အဓိပ္ပာယ်များ ပြည့်နှက်နေသည်။
"ကျန်းရှုံး... စကားပြောတာ ဆင်ခြင်နော်... မဟုတ်ရင် ငါ ရက်စက်တယ်လို့ အပြစ်မတင်နဲ့..."
နျဲ့ထျန်ချန် ၏ မျက်နှာထားက အနည်းငယ် အေးစက်သွားပြီး မျက်မှောင်ကြုတ်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ရောက်လာသူ၏ အမည်မှာ ကျန်းရှုံး ဖြစ်ပြီး ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနှင့် တစ်ကိုယ်လုံးမှ သွေးဆာနေသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
သူက လော့ရင်မြို့ ၏ လမ်းညွှန်သူ ဖြစ်ပြီး နျဲ့ထျန်ချန် နှင့် အတော်လေး အဆင်မပြေ ဖြစ်နေသူ ဖြစ်သည်။
"ဘယ်လိုလဲ... ငါက မင်း တကယ့် ပါရမီရှင်ကို ရှာတွေ့တဲ့အတွက် ကြိုပြီး ဂုဏ်ပြုပေးတာလေ... မင်းက ဒေါသထွက်နေရသေးတယ်လို့... ဟဲဟဲ..."
ချန်းလဲ့မြို့ တွင် အောင်မြင်စွာ နိုးထနိုင်သော ဓားသမား မပေါ်ထွက်လာသည်မှာ ၃ လ နီးပါး ရှိနေပြီ ဖြစ်သည်။ အချိန်တန်လျှင် နျဲ့ထျန်ချန် ရရှိမည့် အရင်းအမြစ်များ လျော့နည်းသွားမည့်အပြင် အထက်လူကြီးများ၏ အပြစ်ပေးခြင်းကိုပါ ခံရမည် ဖြစ်သည်။
ယခု ကျန်းရှုံး က ဤကဲ့သို့ စကားမျိုး လာပြောနေခြင်းက မီးလောင်ရာ လေပင့်သလို အနာပေါ် ဆားသိပ်နေခြင်းပင် ဖြစ်သည်။
"သေချင်နေတာလား..."
နျဲ့ထျန်ချန် က မြေပြင်မှ ရုတ်တရက် ခုန်ထလိုက်ပြီး ကျန်းရှုံး ဆီသို့ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် လျှောက်သွားလိုက်သည်။
"ဟေ့... ဟေ့... မလုပ်နဲ့နော်... ဒီနေရာက ဓားနတ်ဘုရား ကျောင်းတော် လေ... မင်း ထစ်ခနဲဆို ရန်ဖြစ်ရင် နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းနိုင်မှာမို့လို့လား..."
ကျန်းရှုံး လည်း သူ၏ အရှိန်အဝါကြောင့် ချက်ချင်း လန့်သွားပြီး ဓားနတ်ဘုရား ကျောင်းတော် ၏ စည်းကမ်းများကို အလျင်အမြန် ထုတ်ပြောလိုက်ရသည်။
ဓားနတ်ဘုရား ကျောင်းတော် အတွင်း၌ ကိုယ်ရေးကိုယ်တာ ရန်ငြိုးဖြင့် တိုက်ခိုက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသည်။
ထင်သည့်အတိုင်းပင် နျဲ့ထျန်ချန် က ထိုစကားကို ကြားပြီးနောက် မျက်နှာ အနည်းငယ် ပျက်သွားပြီး နောက်ဆုံးတွင် သည်းခံလိုက်ရသည်။
"ဒီတစ်ခါ ငါ ခေါ်လာတဲ့ လူသစ်လေးက တကယ့် ပါရမီရှင် အစစ် မဟုတ်ဘူးလို့ မင်း သေချာပေါက် ပြောရဲလား..."
"ဟွန့်... ပါရမီရှင် ဆိုတာ လမ်းဘေးက ဟင်းသီးဟင်းရွက်တွေများ မှတ်နေလား... မင်းတို့ရဲ့ ချန်းလဲ့မြို့ လို ခေါင်ဖျားတဲ့ နေရာမျိုးကနေ ပေါ်လာမယ်လို့များ... မင်း မကျေနပ်ရင် ငါတို့ လောင်းကြေးထပ်ကြမလား..."
ကျန်းရှုံး ၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အလင်းတန်း တစ်ခု ဖြတ်သန်းသွားသည်။ ဤသည်မှာ တစ်ဖက်လူကို လောင်းကြေးထပ်ရန် တမင်တကာ သွေးထိုးလိုက်ခြင်း ဖြစ်သည်။
"ဘယ်လို လောင်းကြေးမျိုးလဲ... မင်း ပြောကြည့်..."
"ငါ့ဘေးက ကောင်လေးကို မြင်တယ် မဟုတ်လား... သူလည်း ဒီနေ့ နိုးထ ဖို့ လာတာပဲ... ငါတို့ နှစ်ယောက်ထဲက ဘယ်သူ ခေါ်လာတဲ့လူက အရင်ဆုံး နိုးထ နိုင်မလဲဆိုတာ လောင်းကြမလား..."
ကျန်းရှုံး က ပြောလိုက်သည်။
"ရိချွမ်ဂန်းပန်... မင်း ထွက်ခဲ့စမ်း..."
"ဟုတ်ကဲ့..."
ကျန်းရှုံး ၏ ဘေးရှိ ခေါ်ခံရသော အမျိုးသားမှာ အင်္ကျီလက်တိုနှင့် သစ်သားဖိနပ် ကို ဝတ်ဆင်ထားသည်။ သူ ထွက်လာချိန်တွင် မျက်နှာပေါ်၌ အနည်းငယ် မောက်မာသော အမူအရာ ရှိနေသည်။
သူက နယ်မြေ ၄၇၊ လော့ရင်မြို့ မှ ကစားသမား တစ်ယောက် ဖြစ်ပြီး S အဆင့် ပင်ကိုစွမ်းရည် ကို နိုးထထားသူ ဖြစ်သည်။ မူလက သူ၏ အဆင့်မြှင့်တင်မှု အမြန်နှုန်းက ဤမျှ မမြန်ဆန်ခဲ့ပေ။ သို့သော် သူ ကံကောင်းစွာဖြင့် လျှို့ဝှက်တာဝန် တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီး အစွမ်းထက်သော လျှို့ဝှက်ဇာတ်ကောင်ကြီး တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
ထိုသူက သူ့ကို တိုက်ရိုက် အဆင့်မြှင့်တင်ပေးခဲ့သဖြင့် အတွေ့အကြုံမှတ် အမြောက်အမြား ရရှိခဲ့ပြီး တတိယနေ့မှာပင် အဆင့် ၂၅ သို့ ရောက်ရှိကာ နိုးထခြင်း လုပ်ရန် အဆင့်မီသွားခဲ့ခြင်း ဖြစ်သည်။
နယ်မြေ ၄၇ တွင် သူက အငြင်းပွားဖွယ် မရှိသော နံပါတ်တစ် ဖြစ်သဖြင့် ဤမျှ မောက်မာနေခြင်း ဖြစ်သည်။
နျဲ့ထျန်ချန် က ရိချွမ်ဂန်းပန် ကို တစ်ချက် ကြည့်လိုက်သော်လည်း သူ၏ နာမည်က အနည်းငယ် ထူးဆန်းနေသည်မှလွဲ၍ အခြား ထူးခြားမှု ဘာမှ မရှိကြောင်း တွေ့လိုက်ရသည်။
"ငါ့ကို အရူးများ မှတ်နေလား... မလောင်းဘူး... သွားစမ်း..."
နျဲ့ထျန်ချန် က တိုက်ရိုက်ပင် ငြင်းဆန်လိုက်သည်။
ကျိုးဟန် က နားလည် သဘောပေါက်ခြင်း လုပ်ငန်းစဉ်တွင် ကျရှုံးသွားမည်ကို သူ စိုးရိမ်နေသည်။ ထိုသို့ဆိုလျှင် ၃ ရက် နေမှ ပြန်လုပ်ရမည် ဖြစ်ရာ သူ သေချာပေါက် နိုင်မည် မဟုတ်ပေ။ သူက လူမိုက် တစ်ယောက် မဟုတ်ပေ။
"ဒီလိုလုပ်... ငါ့ရဲ့ တစ်နှစ် တစ်ကြိမ် ရတဲ့ အခွင့်အရေးကို သုံးပေးမယ်... အကယ်၍ မင်းရဲ့ တပည့်က နားလည် သဘောပေါက်ဖို့ ကျရှုံးသွားရင်... ကျန်တဲ့ နှစ်ကြိမ်ကို ဆက်တိုက် လုပ်ခွင့် ပေးမယ်..."
ကျန်းရှုံး က နျဲ့ထျန်ချန် ၏ စိုးရိမ်မှုများ အားလုံးကို တိုက်ရိုက် ဖြေရှင်းပေးလိုက်သည်။
သူ၏ ရည်ရွယ်ချက်က အလွန် ရှင်းလင်းလှပြီး လောင်းကြေးထပ်ရန်ပင် ဖြစ်သည်။
"ကောင်းပြီလေ... ငါ လောင်းမယ်... ဘာကြေး ထပ်မလဲ... မင်း ပြော..."
နျဲ့ထျန်ချန် က ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်း သဘောတူလိုက်သည်။
ပထမ တစ်ကြိမ်၊ နှစ်ကြိမ်တွင် ကျိုးဟန် က အောင်မြင်စွာ နားလည် သဘောပေါက်နိုင်မည် မဟုတ်သော်လည်း တတိယအကြိမ်တွင်တော့ ကျိုးဟန် ပြဿနာ မရှိနိုင်ကြောင်း သူ ယုံကြည်သည်။ ဤမျှလောက် အကဲခတ်နိုင်စွမ်းတော့ သူ့တွင် ရှိသည်။
"ငါက နဂါးသွေး ဆေးလုံး တစ်လုံး ထုတ်မယ်... မင်းက မင်းရဲ့ တောင်နှင့်ပင်လယ် တံဆိပ်တုံး ကို ထုတ်..."
ကျန်းရှုံး က သူ၏ မျက်လုံးများထဲမှ အကြံဆိုးများကို ဖုံးကွယ်ထားပြီး အကြံအစည် အောင်မြင်သွားသည့်ပုံ ပေါက်နေသည်။
နျဲ့ထျန်ချန် ထံတွင် မှော်ပစ္စည်း အများအပြား ရှိပြီး ဘုရင်အဆင့် အရည်အသွေးရှိသော တောင်နှင့်ပင်လယ် တံဆိပ်တုံး မှာ တတိယ အစွမ်းအထက်ဆုံး ဖြစ်သည်။
သို့သော် ၎င်းက အလွန် အစွမ်းထက်ပြီး ကျန်းရှုံး က ဤအရာကို လိုချင်နေသည်မှာ ကြာပြီ ဖြစ်သည်။ ယခု အခွင့်ကောင်းယူ၍ ဤအရာကို ရအောင် ယူမည် ဖြစ်သည်။
သူက နျဲ့ထျန်ချန် ၏ အကောင်းဆုံး မှော်ပစ္စည်း ကို လောင်းကြေး မထပ်ခိုင်းခဲ့ပေ။ ထိုသို့လုပ်ပါက နျဲ့ထျန်ချန် က လုံးဝ သဘောတူမည် မဟုတ်ဘဲ သူလည်း တောင်နှင့်ပင်လယ် တံဆိပ်တုံး ကို ရနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူက ဒုတိယ အကောင်းဆုံးကိုသာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် သူက အလွန် စေတနာကောင်းစွာဖြင့် နဂါးသွေး ဆေးလုံး ကို ထုတ်ပေးခဲ့သည်။ ၎င်းတွင် နဂါးသွေး ၏ စွမ်းအားများ ပါဝင်နေပြီး ပမာဏ နည်းပါးသော်လည်း စုပ်ယူပြီးနောက် ရရှိမည့် အကျိုးကျေးဇူးက အလွန် ကြီးမားလှသည်။
"ဘာပဲဖြစ်ဖြစ် ငါ ရှုံးမှာ မဟုတ်ဘူး... ထုတ်လိုက်ရလည်း ကိစ္စ မရှိပါဘူး..."
နဂါးသွေး ဆေးလုံး က အလွန် တန်ဖိုးကြီးသော်လည်း သူ ရှုံးမည်မဟုတ်ကြောင်း ကျန်းရှုံး ယုံကြည်နေသည်။
ညှိနှိုင်းပြီးနောက် သူတို့၏ လောင်းကြေးက အသက်ဝင်သွားပြီ ဖြစ်သည်။
အထက်လူကြီးများက ကြီးကြပ်ပေးမည် ဖြစ်သဖြင့် လိမ်ညာမည်ကိုလည်း စိုးရိမ်စရာ မလိုပေ။
"ရိချွမ်ဂန်းပန်... မင်း အခု ဝင်သွားလိုက်တော့... ငါ ပြောပြထားတဲ့ နည်းလမ်းတွေကို မှတ်ထားနော်..."
ကျန်းရှုံး က ခေါင်းညိတ်လိုက်ပြီး နိုင်ဖို့ သေချာနေသည့်ပုံ ပေါက်နေသည်။
"ဟုတ်ကဲ့... ဆရာကျန်း စိတ်ချပါ... ကျွန်တော် အကောင်းဆုံး လုပ်ခဲ့ပါ့မယ်..."
ရိချွမ်ဂန်းပန် က တည်ငြိမ်သော မျက်နှာထားဖြင့် သေချာပေါက် နိုင်မည်ဟု ယုံကြည်နေသည်။
ရိချွမ်ဂန်းပန် က သိမြင်ခြင်း ကျောင်းတော် အတွင်းသို့ ဝင်သွားသည်ကို မြင်ပြီးနောက် ကျန်းရှုံး ၏ မျက်နှာပေါ်ရှိ အပြုံးကို လုံးဝ ဖုံးကွယ်၍ မရတော့ဘဲ အလွန် မောက်မာနေသည်။
"မကြာခင် မင်းရဲ့ တောင်နှင့်ပင်လယ် တံဆိပ်တုံး က ငါ့ဟာ ဖြစ်လာတော့မယ်... မင်း တော်တော်လေး နာကျင်ရတော့မယ်..."
"ဟွန့်... မင်းက ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား... နောက်မှ ကိုယ့်ပါးစပ် ကိုယ် ပြန်ရိုက်ရတာမျိုး မဖြစ်စေနဲ့..."
"စောင့်ကြည့်လိုက်ပေါ့..."
ထိုအချိန်တွင် ကျိုးဟန် က အပြင်ဘက်၌ မိမိအတွက် လောင်းကြေး တစ်ခု ရှိနေကြောင်း လုံးဝ မသိရှိပေ။
သိမြင်ခြင်း ကျောင်းတော် မှာ လွတ်ဟာနေသော နေရာတစ်ခုတွင် ရှိနေပြီး အတွင်း၌ ရူးသွပ်ကြမ်းတမ်းသော ဓားစွမ်းအင်များ ပြည့်နှက်နေကာ လေထုက ပွတ်တိုက်သံများ ထွက်ပေါ်နေသည်။
ကျိုးဟန် ဝင်သွားသည်နှင့် ကြီးမားလှသော အရှိန်အဝါ တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
ခန္ဓာကိုယ်က ချက်ချင်း အဆများစွာ လေးလံသွားပြီး လှုပ်ရှားရန်ပင် အလွန် ခက်ခဲသွားသည်။
ဓားစွမ်းအင်များကလည်း ကျိုးဟန် ၏ အရေပြားကို အဆက်မပြတ် ခုတ်ထစ်နေသော်လည်း သူ၏ အကာအကွယ်က အစွမ်းထက်လွန်းသဖြင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။
ရုတ်တရက် ကြီးမားလှသော ဝိညာဉ်ပုံရိပ်ကြီး တစ်ခု လေထဲတွင် ပေါ်လာပြီး ကျောင်းတော် အတွင်းရှိ ဓားစွမ်းအင်များ ချက်ချင်း ခဲသွားသည်။
မကြာမီ နက်နဲပြီး အိုမင်းနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"သိမြင်ခြင်း ကျောင်းတော် ထဲကို ရောက်လာတဲ့ မျိုးဆက်သစ်လေး... ငါရဲ့ အမွေအနှစ် တစ်ချို့ကို တံဆိပ်ခတ် နတ်ဘုရားကျောက်တိုင် ထဲမှာ ရေးထိုးထားတယ်..."
"အဲဒီပေါ်က စာလုံးတွေကို ကြည့်ပြီး အမွေအနှစ်ကို ရယူနိုင်တယ်..."
"ဘယ်လောက် ရနိုင်မလဲ ဆိုတာကတော့ မင်းရဲ့ ကံကြမ္မာ အပေါ်မှာပဲ မူတည်တယ်..."
"နည်းနည်း သတိပေးရရင်... တံဆိပ်ခတ် နတ်ဘုရားကျောက်တိုင် နဲ့ နီးလေလေ နားလည် သဘောပေါက်နိုင်စွမ်း ပိုကောင်းလေလေပဲ..."
ပြောပြီးနောက် ထိုဝိညာဉ်ပုံရိပ်က လေထဲတွင် ပျောက်ကွယ်သွားပြန်သည်။
'ဒါက လူသစ်တွေကို နိုးထ ဖို့ လမ်းညွှန်ပေးဖို့ ဖန်တီးထားတဲ့ ဓားနတ်ဘုရား ရဲ့ ဝိညာဉ်ပုံရိပ် ဖြစ်ရမယ်...'
ကျိုးဟန် က စိတ်ထဲတွင် ခန့်မှန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျောင်းတော် အတွင်း၌ ကြီးမားသော ကျောက်တိုင်ကြီး တစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။
ရှေးဟောင်းနှင့် နက်နဲသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
တံဆိပ်ခတ် နတ်ဘုရားကျောက်တိုင်
ဖော်ပြချက် - မူလတောင် ၏ ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ဓားနတ်ဘုရား ၏ အမွေအနှစ် အချို့ကို မှတ်တမ်းတင်ထားပါသည်။