← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အခန်း (၆၄) ငါဂန်းပန် မှသာ တကယ့် ပါရမီရှင်

ကျိုးဟန် က စိတ်လှုပ်ရှားမှုများကြား နစ်မျောနေဆဲတွင် ပုံရိပ်များက ပြောင်းလဲသွားသည်။ မျက်စိရှေ့တွင် ကွဲပြားခြားနားသော ကမ္ဘာတစ်ခု ထွက်ပေါ်လာသည်။

အဖြူရောင် ဝတ်စုံနှင့် ဆံပင်အဖြူရောင် အမျိုးသားက ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားဆဲ ဖြစ်ပြီး မျက်နှာချင်းဆိုင်တွင်တော့ ချောက်နက်ထဲမှ နတ်ဆိုးများက မရေမတွက်နိုင်အောင် ရှိနေသည်။

တစ်ကောင်ချင်းစီတိုင်းက ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များကို လွှတ်ထုတ်နေကြသည်။ ပုံရိပ်များကို ကြည့်ရုံဖြင့် ထိုအထဲရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ကျိုးဟန် ခံစားမိနေသည်။

သို့သော်လည်း ဆံပင်အဖြူရောင် အမျိုးသား ၏ မျက်လုံးများက တည်ငြိမ်နေပြီး ရေကန်တစ်ခုလို ငြိမ်သက်နေသည်။

ဓားတစ်ချက်တည်းနှင့် ရယ်မောပြောဆိုနေရင်းပင် နတ်ဆိုးအုပ်ကြီးက ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

"ငါ့ရဲ့ ဓားက ခေတ်အဆက်ဆက်ကို ဖြတ်တောက်နိုင်တယ်... ငါ့ရဲ့ ခန္ဓာကိုယ်က ထာဝရ တည်တံ့မယ်... ငါ့ရဲ့ စိတ်ဆန္ဒက နတ်ဆိုး အားလုံးကို ဖျက်ဆီးနိုင်တယ်..."

မောက်မာလွန်းလှသော အသံက ကျိုးဟန် ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ဤမျှ ဩဇာအာဏာ အပြည့်ပါသော စကားမျိုးကို ပြောနိုင်ရန် မည်မျှအထိ အစွမ်းထက်နေရမည်မှာ တွေးကြည့်ရုံဖြင့် သိနိုင်သည်။

ကျိုးဟန် က ချက်ချင်းပင် အားကျသွားမိသည်။ ဤသည်ကမှ အစွမ်းအထက်ဆုံး အဆင့်ပင်။

သူကတော့ အများကြီး လိုနေသေးသည်။

'တစ်နေ့ကျရင် ငါလည်း ဒီအဆင့်အထိ ရောက်အောင် လုပ်ပြီး အထာကျကျ နေပြမယ်...'

"စနစ် သတိပေးချက်... စွမ်းရည် နားလည် သဘောပေါက်မှု အောင်မြင်ပါသည်..."

ပုံရိပ်များ တဖြည်းဖြည်း ဝေဝါးသွားသည်နှင့်အမျှ စနစ်၏ သတိပေးသံက ထွက်ပေါ်လာသည်။

"စနစ် သတိပေးချက်... သင်သည် နတ်ဘုရားအဆင့် သိုင်းကျမ်း ထာဝရ ဓားခန္ဓာကိုယ် ကို နားလည် သဘောပေါက်သွားပါပြီ..."

'သောက်ကျိုးနည်း...'

'နတ်ဘုရားအဆင့် သိုင်းကျမ်း...'

'ထာဝရ ဓားခန္ဓာကိုယ် လား...'

'ဒါက ဓားနတ်ဘုရား ပြောခဲ့တဲ့ ငါ့ရဲ့ ခန္ဓာကိုယ်က ထာဝရ တည်တံ့မယ် ဆိုတာများလား...'

'ဟူး...'

'ဒါက တိုက်ရိုက်ကို ပျံတက်သွားမယ့် အခြေအနေပဲ...'

"သင်ယူမယ်..."

ကျိုးဟန် က လုံးဝ တုံ့ဆိုင်းမနေဘဲ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"စနစ် သတိပေးချက်... နတ်ဘုရားအဆင့် သိုင်းကျမ်း ကို သင်ယူနေပါသည်... လက်ရှိ သင်ယူမှု လုပ်ငန်းစဉ် ၁ ရာခိုင်နှုန်း..."

"စနစ် သတိပေးချက်... နတ်ဘုရားအဆင့် သိုင်းကျမ်း ကို သင်ယူနေပါသည်... လက်ရှိ သင်ယူမှု လုပ်ငန်းစဉ် ၂ ရာခိုင်နှုန်း..."

သဘောတူပြီးနောက် စနစ်၏ သတိပေးချက်များ ထွက်ပေါ်လာသော်လည်း ချက်ချင်း သင်ယူပြီးကြောင်း မပြသဘဲ ရာခိုင်နှုန်း အနည်းငယ်စီသာ တိုးလာနေသည်။

'အင်း... ဒီ လုပ်ငန်းစဉ်က နည်းနည်း နှေးနေတယ်... နှစ်မိနစ် သုံးမိနစ်လောက်မှ တစ်ရာခိုင်နှုန်း တက်တာ...'

အကုန်သင်ယူပြီးရန် လေးနာရီကျော် အချိန်ယူရမည်ဟု ခန့်မှန်းရသည်။

နတ်ဘုရားအဆင့် သိုင်းကျမ်း ဖြစ်သဖြင့် မှတ်ဉာဏ်ပမာဏ ကြီးမားမည်မှာ သေချာသည်။

ဤသည်မှာ ပြီးပြည့်စုံသော နတ်ဘုရားအဆင့် သိုင်းကျမ်း ဖြစ်သည်။

ယခင်က ကျိုးဟန် သင်ယူခဲ့သော ရှေးဟောင်း မူလကျမ်း မှာ အပိုင်းအစသာ ဖြစ်ပြီး ၎င်းပေါ်တွင် စွမ်းရည် တစ်ခုသာ ပါဝင်သည်။

သို့သော် ကောင်းသောအရာကို ရရန် စောင့်ဆိုင်းရမည် ဖြစ်သည်။

နတ်ဘုရားအဆင့် သိုင်းကျမ်း အတွက် ဘယ်လောက်ကြာကြာ စောင့်ရစောင့်ရ တန်သည်ဟု ကျိုးဟန် ထင်သည်။

ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ကာ မျက်လုံးမှိတ်ပြီး အနားယူနေလိုက်သည်။

...

သိမြင်ခြင်း ကျောင်းတော် အပြင်ဘက်တွင် နျဲ့ထျန်ချန် နှင့် ကျန်းရှုံး တို့ နှစ်ယောက်က တည်ငြိမ်စွာ စောင့်ဆိုင်းနေကြသည်။

လူနှစ်ယောက်က မူလကတည်းက ပြဿနာ ရှိနေကြသဖြင့် စကားပြောရန် စိတ်ကူး မရှိကြပေ။

"ဟင်... တစ်ယောက် ထွက်လာပြီ..."

အဖြူရောင် အလင်းတန်း တစ်ချက် တောက်ပသွားသည်ကို မြင်လိုက်ရသဖြင့် သိမြင်ခြင်း ကျောင်းတော် အတွင်းမှ တစ်ယောက်ယောက် ထွက်လာကြောင်း ထင်ရှားနေသည်။

"ရိချွမ်ဂန်းပန် လား..."

နျဲ့ထျန်ချန် က မျက်မှောင်ကြုတ်လိုက်သည်။

"ဒေါက်... ဒေါက်... ဒေါက်..."

အဖြူရောင် အလင်းတန်း အောက်တွင် ထွက်လာသူ၏ ပုံရိပ်ကို နောက်ဆုံးတော့ ရှင်းလင်းစွာ မြင်လိုက်ရသည်။

လမ်းလျှောက်လာသည့် အသံက သစ်သားဖိနပ် ၏ ထူးခြားသော အသံဖြစ်သဖြင့် ထွက်လာသူမှာ မည်သူဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်းနိုင်သည်။

"ရိချွမ်ဂန်းပန်... ဘယ်လိုလဲ... ဘာတွေ နားလည် သဘောပေါက်ခဲ့လဲ..."

ကျန်းရှုံး က ထွက်လာသူမှာ မည်သူဖြစ်ကြောင်း သိလိုက်သဖြင့် အလျင်အမြန် ရှေ့တိုးသွားကာ ဂရုတစိုက် မေးလိုက်သည်။

"ဆရာ... ကျွန်တော် ဆရာ့ကို စိတ်ပျက်အောင် လုပ်မိပြီ... ပထမအကြိမ် နားလည် သဘောပေါက်မှုက ကျရှုံးသွားပါတယ်..."

မာနကြီးသော သူပင်လျှင် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

သူက ပထမအကြိမ်နှင့် ဖြတ်ကျော်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ ကျရှုံးသွားခဲ့သည်။ အမြဲတမ်း ပါရမီရှင် ဟု ခံယူထားသော သူ့အတွက် အနည်းငယ် စိတ်ပျက်စရာ ကောင်းနေသည်။

"ဟဲဟဲ... အေးဆေး လုပ်ပါ... တစ်ခါ ကျရှုံးတာ ဘာမှ မဖြစ်ပါဘူး... ဒုတိယအကြိမ် ကြိုးစားရင် ရနိုင်ပါတယ်... မင်းကို ဆရာ ယုံတယ်..."

ကျန်းရှုံး က ထိုစကားကို ကြားပြီးနောက် ရိချွမ်ဂန်းပန် ၏ ပခုံးကို ပုတ်ကာ ပြုံးပြီး အားပေးလိုက်သည်။

သူ၏ စိတ်ထဲတွင်တော့ လုံးဝ ဂရုမစိုက်ပေ။ ပထမအကြိမ် ကျရှုံးသွားသည်မှာ ပုံမှန် မဟုတ်ပါလား။

အကယ်၍ ပထမအကြိမ်နှင့် တိုက်ရိုက် အောင်မြင်သွားပါကသာ ပုံမှန် မဟုတ်ပေ။

ဓားနတ်ဘုရား ကျောင်းတော် က ကမ္ဘာမြေပေါ်တွင် မရေမတွက်နိုင်သော နှစ်များစွာ ရပ်တည်နေခဲ့ပြီး ပါရမီရှင်များ အများအပြား ပေါ်ထွက်ခဲ့သည်။

သို့သော် ပထမအကြိမ်နှင့် နားလည် သဘောပေါက်နိုင်သူမှာ လက်ချိုးရေ၍ ရသည်။ ပါရမီရှင် များပင်လျှင် ရှုံးနိမ့်သွားတတ်ကြသည်။

"ရော့... ဒီ ဆေးလုံး ကို စားလိုက်... ဒုတိယအကြိမ် နားလည် သဘောပေါက်ဖို့ အဆင်သင့် ပြင်ထား..."

ကျန်းရှုံး က ကျောပိုးအိတ်ထဲမှ အဆင့်မြင့် အားဖြည့် ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ရိချွမ်ဂန်းပန် ကို ပေးလိုက်သည်။

"ဆရာ စိတ်ချပါ... ကျွန်တော် ဆရာ့အတွက် လောင်းကြေး နိုင်အောင် သေချာပေါက် လုပ်ပေးပါ့မယ်..."

ရိချွမ်ဂန်းပန် ၏ မျက်လုံးများထဲတွင် ပြတ်သားမှုများ ထွက်ပေါ်လာပြီး ယုံကြည်မှုများ ပြန်လည် ရရှိသွားသည်။ ဆေးလုံးကို စားပြီးနောက် ထိုင်ကာ စွမ်းအင် ပြန်လည် ဖြည့်တင်းနေလိုက်သည်။

သိမြင်ခြင်း ကျောင်းတော် အတွင်း၌ သူ အတော်လေး ဒဏ်ရာရခဲ့သော်လည်း ဤ ဆေးလုံး ၏ အစွမ်းဖြင့် ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ ပျော်ဝင်သွားပြီး ပြန်လည် ကောင်းမွန်လာစေခဲ့သည်။

သူ၏ တစ်ကြိမ် အထူးအခွင့်အရေး ကို ကျိုးဟန် အတွက် ချန်ထားရမည် ဖြစ်သဖြင့် ကျန်းရှုံး က မိတ်ဆွေ တစ်ယောက်ထံ သွားကာ အထူးအခွင့်အရေး တစ်ကြိမ် ငှားရမ်းခဲ့ရသည်။

ဤသို့ဖြင့် ရိချွမ်ဂန်းပန် က ၃ ရက် စောင့်ဆိုင်းရန် မလိုတော့ဘဲ ယခု ဒုတိယအကြိမ် နားလည် သဘောပေါက်မှု ကို အသုံးပြု၍ သိမြင်ခြင်း ကျောင်းတော် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်နိုင်မည် ဖြစ်သည်။

သို့သော် အခြားတစ်ဖက်တွင်တော့ နျဲ့ထျန်ချန် ၏ တည်ငြိမ်သော မျက်နှာထားအောက်တွင် အနည်းငယ် စိုးရိမ်မှုများ ရှိနေသည်။

'ဒီလောက် အကြာကြီး ဝင်သွားတာတောင် ပြန်မထွက်လာသေးဘူး... အန္တရာယ် တစ်ခုခုနဲ့များ ကြုံနေရတာလား...'

အရင်က အတွေ့အကြုံများအရ အချိန်တွက်ကြည့်လျှင် ကျိုးဟန် ပြန်ထွက်လာရမည့် အချိန် ရောက်နေပြီ ဖြစ်သည်။

သို့သော် ယခု အချိန်က အနည်းငယ် ကြာလွန်းနေပြီ ဖြစ်သည်။

ရိချွမ်ဂန်းပန် ၏ အနားယူချိန်များပါ ထည့်ပေါင်းလိုက်ပြီးနောက် သူက သိမြင်ခြင်း ကျောင်းတော် အတွင်းသို့ ဒုတိယအကြိမ် ဝင်ရောက်သွားသည်အထိ နျဲ့ထျန်ချန် က ကျိုးဟန် ၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးပေ။

"ဘယ်လိုလဲ... ကြောက်သွားပြီလား... ဒီတစ်ခါတော့ မင်းကို အရှုံးကြီး ရှုံးသွားအောင် လုပ်ပြမယ်..."

ကျန်းရှုံး က အခြေအနေ မမှန်သည်ကို သတိထားမိလိုက်ပြီး ရန်စသော လေသံဖြင့် ပြောလိုက်သည်။

"ဟွန့်... အရာအားလုံး မဆုံးဖြတ်ရသေးခင် အစောကြီး ဝမ်းသာမနေနဲ့ဦး..."

နျဲ့ထျန်ချန် က ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်သော်လည်း ယခင်ကလောက် အရှိန်အဝါ မပြင်းထန်တော့ဘဲ ယုံကြည်မှု အနည်းငယ် ပျောက်ဆုံးနေပုံရသည်။

"ဟဲဟဲ... အခု အချိန်ရှိတုန်း မင်းရဲ့ တောင်နှင့်ပင်လယ် တံဆိပ်တုံး ကို သေချာ ကြည့်ထား... မကြာခင် မင်း အဲဒါကို ဆုံးရှုံးရတော့မှာ..."

ကျန်းရှုံး ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ဖြတ်သန်းသွားသည်။ သူက နိုင်ဖို့ သေချာနေပြီ ဖြစ်သည်။

သိမြင်ခြင်း ကျောင်းတော် အတွင်း သေဆုံးသွားသည့် ကိစ္စများမှာ အဆန်း မဟုတ်ပေ။

ထို့ကြောင့် ကျိုးဟန် သေမသွားလျှင်တောင် အခြေအနေ အလွန် ဆိုးရွားနေပြီဟု သူ ရဲရဲဝံ့ဝံ့ ခန့်မှန်းနိုင်သည်။

ချက်ချင်းပင် သူက အလွန် ပျော်ရွှင်သွားမိသည်။

...

"စနစ် သတိပေးချက်... နတ်ဘုရားအဆင့် သိုင်းကျမ်း ကို သင်ယူနေပါသည်... လက်ရှိ သင်ယူမှု လုပ်ငန်းစဉ် ၅၁ ရာခိုင်နှုန်း..."

ထိုအချိန်တွင် သင်ယူမှု လုပ်ငန်းစဉ်က ထက်ဝက်ကျော်သွားပြီ ဖြစ်သည်။ စောင့်ဆိုင်းရမည့် အချိန်က ကြာရှည်သော်လည်း ပျင်းစရာတော့ မကောင်းပေ။

အဘယ်ကြောင့်ဆိုသော် ယခု သူက ညီအစ်မ နှစ်ယောက်နှင့် စကားပြောနေပြီး သူတို့ကို နောက်ပြောင်နေခြင်းက အတော်လေး ပျော်စရာ ကောင်းနေသောကြောင့် ဖြစ်သည်။

"ဟန်ရှန်နင် - ကျိုးဟန်... ဒီလောက်တောင် ညဉ့်နက်နေပြီ... နင် ဘာလို့ ပြန်မလာသေးတာလဲ..."

"ကျိုးဟန် - ဘယ်လိုလဲ... အချစ်ရေးတောင် မသေချာသေးဘူး... ငါ့ကို ဒီလို လာထိန်းချုပ်နေပြီလား..."

"ဟန်ရှန်နင် - စိတ်ပျက်စရာ ကောင်းလိုက်တာ... တကယ် ပြောနေတာနော်... မြန်မြန် ပြောပြစမ်းပါ..."

"ကျိုးဟန် - ငါ ပြောပြစေချင်ရင် နင် ငါ့ကို ချစ်တယ် လို့ အရင် ပြောလေ..."

"ဟန်ရှန်နင် - ..."

"ဟန်ချင်ရွှဲ့ - ကျိုးဟန်... ညဘက်ဆို အန္တရာယ် များတယ်... စောစော ပြန်လာခဲ့နော်..."

"ကျိုးဟန် - ငါ့ကို လွမ်းနေပြီ မဟုတ်လား... ခွဲရတာ နာရီပိုင်းလေးပဲ ရှိသေးတာကို..."

"ဟန်ချင်ရွှဲ့ - အင်း... နည်းနည်းတော့ လွမ်းတယ်..."

"ကျိုးဟန် - ..."

ကျိုးဟန် က ညီအစ်မ နှစ်ယောက်နှင့် အဆက်မပြတ် နောက်ပြောင် စကားပြောနေပြီး နတ်ဘုရားသတ် ကျောင်းတော် ထဲရှိ သတင်းစကားများကို ဖတ်ရင်း အချိန်ဖြုန်းနေသဖြင့် အချိန်ကုန်တာ အတော်လေး မြန်ဆန်ပြီး ပျင်းစရာ မကောင်းပေ။

...

အခြားတစ်ဖက်တွင်တော့ ရိချွမ်ဂန်းပန် မှာ သွေးကြောများ ထောင်ထလာပြီး အရေပြားပေါ်တွင် သွေးစက်များပင် စိမ့်ထွက်နေသည်။

သူက သိမြင်ခြင်း ကျောင်းတော် အတွင်းရှိ ဖိအားများကို ခုခံရန် အစွမ်းကုန် ကြိုးစားနေသည်။

'ခွန်အားတွေ မွေးထား... ဂန်းပန်... မင်း လုပ်နိုင်တယ်... မင်းက အစွမ်းအထက်ဆုံး ပါရမီရှင်ပဲ... မင်း လုံးဝ မရှုံးရဘူး...'

ရိချွမ်ဂန်းပန် က စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် အားပေးနေသည်။

ဤတစ်ကြိမ် ကျန်းရှုံး အတွက် လောင်းကြေး နိုင်အောင် လုပ်ပေးပြီးပါက တစ်ဖက်လူက သူ့ကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးမည် ဖြစ်သည်။

ထိုအချိန်ရောက်ပါက သူ မပျံတက်ချင်လျှင်တောင် ပျံတက်ရတော့မည် ဖြစ်သည်။ ထိုသို့ တွေးမိသည်နှင့် ဂန်းပန် ချက်ချင်း အားတက်သွားသည်။

နာရီဝက်ခန့် ခက်ခက်ခဲခဲ တောင့်ခံပြီးနောက် သူ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားသည်။

"ကောင်းပြီဟေ့... ပလက်တီနမ်အဆင့် သိုင်းကျမ်း..."

"နောက်ဆုံးတော့ ငါ ပလက်တီနမ်အဆင့် သိုင်းကျမ်း ကို နားလည် သဘောပေါက် သွားပြီ... ငါ အောင်မြင်သွားပြီ... ဟားဟားဟား..."

"ငါ ဂန်းပန် က တကယ့်ကို ပါရမီရှင်ပဲ... ဒုတိယအကြိမ်နဲ့တင် ပလက်တီနမ်အဆင့် သိုင်းကျမ်း ကို နားလည် သဘောပေါက် သွားတာပဲ..."

All Chapters