← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း (၆၅) လွှမ်းမိုးသော သွေးစွမ်းအင်... ၅၀ ရာခိုင်နှုန်း တန်ပြန် ထိခိုက်မှု

ရိချွမ်ဂန်းပန် ၏ မျက်နှာပေါ်တွင် အလွန် ဝမ်းသာနေသည့် အမူအရာများ ထွက်ပေါ်နေသည်။ လူအများစုမှာ ရွှေအဆင့် သိုင်းကျမ်း ကိုသာ နားလည် သဘောပေါက်နိုင်ကြောင်း သူ ကြားခဲ့ဖူးသည်။

ယခု သူကတော့ တစ်ဆင့် ပိုမြင့်သော ပလက်တီနမ်အဆင့် သိုင်းကျမ်း ကို နားလည် သဘောပေါက်ခဲ့ရာ သူ၏ အစွမ်းထက်မှုကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။

'ဆရာက သေချာပေါက် အရမ်း ဝမ်းသာမှာပဲ... ငါလည်း အကျိုးကျေးဇူးတွေ အများကြီး ရမှာ...'

တွေးမိသည်နှင့် သူက အပြင်သို့ အလျင်အမြန် ထွက်သွားလိုက်သည်။

"ဟင်... တစ်ယောက် ထွက်လာပြန်ပြီ... ဒီတစ်ခါတော့ ကျိုးဟန် ဖြစ်ရမယ်..."

နျဲ့ထျန်ချန် ၏ မျက်နှာပေါ်တွင် ဝမ်းသာသွားပြီး အလျင်အမြန် ထကာ ရှေ့သို့ သွားလိုက်သည်။

သို့သော် သစ်သားဖိနပ် ၏ ထူးခြားသော လမ်းလျှောက်သံကို ကြားလိုက်ရချိန်တွင် သူ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး စိတ်ထဲတွင်လည်း လုံးဝ စိတ်ပျက်သွားသည်။

"ဂန်းပန်... ဘယ်လိုလဲ... အောင်မြင်သွားပြီလား..."

ကျန်းရှုံး က အလျင်အမြန် မေးလိုက်သည်။ ရိချွမ်ဂန်းပန် ၏ အရည်အချင်းအပေါ် သူက ယုံကြည်မှု ရှိပြီးသား ဖြစ်သည်။ ဒုတိယအကြိမ် ဆိုတော့ သေချာပေါက် အောင်မြင်မည်ဟု သူ ယုံကြည်ထားသည်။

"ဆရာ... ကျွန်တော် အောင်မြင်သွားပါပြီ..."

ရိချွမ်ဂန်းပန် ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခု ထွက်ပေါ်နေသည်။

"အို... ဘယ်အဆင့် သိုင်းကျမ်း လဲ..."

"ကျွန်တော် အရည်အချင်း မရှိလို့ ပလက်တီနမ်အဆင့် သိုင်းကျမ်း ကိုပဲ နားလည် သဘောပေါက်ခဲ့တယ်... တကယ်ကို ရှက်ဖို့ကောင်းပါတယ်... ဆရာ့ရဲ့ သင်ကြားမှုတွေကို အားနာမိတယ်..."

ရိချွမ်ဂန်းပန် က အလွန် နှိမ့်ချသော ပုံစံဖြင့် ချက်ချင်း ပြောလိုက်သည်။ သို့သော် သူ၏ မျက်လုံးများထဲရှိ မောက်မာမှုများကတော့ အနည်းငယ်မျှ ရှက်ရွံ့နေသည့်ပုံ မပေါ်ပေ။

"ကောင်းတယ်... အရမ်း ကောင်းတယ်... ပလက်တီနမ်အဆင့်... မင်း ငါ့ကို တကယ် မျက်နှာပန်း လှစေတာပဲ..."

ကျန်းရှုံး က ထိုစကားကို ကြားပြီးနောက် အလွန် ဝမ်းသာသွားပြီး မျက်လုံးများထဲတွင် အံ့သြမှုများ ထွက်ပေါ်လာသည်။

တစ်ဖက်လူ၏ အရည်အချင်းမှာ အကောင်းဆုံး မဟုတ်သော်လည်း ပထမတန်းစား အဆင့်တွင် ရှိနေပြီး ပြုစုပျိုးထောင်ပေးရန် အလွန် တန်ဖိုးရှိကြောင်း ပြသနေသည်။

"နျဲ့ထျန်ချန်... ဘယ်လိုလဲ... အခု မင်း စိတ်ထဲမှာ အရမ်း စိုးရိမ်နေပြီ မဟုတ်လား..."

ကျန်းရှုံး က သူ့ကို လှောင်ပြောင်ရန် ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို လွတ်ခံမည် မဟုတ်ပေ။

"ကျွန်တော် ရိုးရိုးသားသားပဲ ပြောပါရစေ... ကျိုးဟန် က အခုလောက်ဆို သိမြင်ခြင်း ကျောင်းတော် ထဲမှာ သေနေလောက်ပြီ..."

ရိချွမ်ဂန်းပန် လည်း ရှေ့သို့ ထွက်လာကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ မျက်လုံးများထဲရှိ ဝမ်းသာနေမှုများကို လုံးဝ ဖုံးကွယ်၍ မရပေ။

သူက သိမြင်ခြင်း ကျောင်းတော် အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေများကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသဖြင့် ဤကဲ့သို့ ပြောရဲခြင်း ဖြစ်သည်။ သူကိုယ်တိုင်ပင် အချိန်အကြာကြီး မတောင့်ခံနိုင်ခဲ့ရာ အခြားသူများကို ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

နျဲ့ထျန်ချန် ၏ မျက်နှာထားက ရေပြင်လို တည်ငြိမ်နေပြီး ပြန်လည် ချေပချင်သော်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သူ၏ စိတ်ထဲတွင်လည်း သံသယ ဝင်လာပြီ ဖြစ်သည်။

ကျိုးဟန် ဝင်သွားသည်မှာ ၃ နာရီကျော် ရှိနေပြီ ဖြစ်သည်။ ဤအချိန်က တကယ်ကို ကြာလွန်းလှသည်။

"ဘယ်လိုလဲ... အခု အထက်လူကြီးတွေဆီ သွားပြီး အစီရင်ခံစာ တင်မလား... ပြီးရင် အထဲဝင်ပြီး အခြေအနေကို စစ်ဆေးကြည့်ကြမလား..."

သိမြင်ခြင်း ကျောင်းတော် သို့ နိုးထခြင်း မအောင်မြင်သေးသူများသာ ဝင်ရောက်ခွင့် ရှိသည်။ အကယ်၍ အရေးပေါ် အခြေအနေ ရှိလာပါက အထက်လူကြီးများထံ အစီရင်ခံစာ တင်ပြီး ခွင့်ပြုချက် ရမှသာ ဝင်ရောက်နိုင်မည် ဖြစ်သည်။

"နည်းနည်း ထပ်စောင့်ကြည့်ရအောင်... နာရီဝက် ထပ်စောင့်မယ်... နာရီဝက် နေလို့မှ ပြန်မထွက်လာရင် အစီရင်ခံစာ တင်ကြတာပေါ့..."

နျဲ့ထျန်ချန် လည်း ဘာမှ မတတ်နိုင်တော့ပေ။ ဤကဲ့သို့ အမြဲတမ်း စောင့်နေ၍ မဖြစ်သဖြင့် နောက်ဆုံး အချိန်အကန့်အသတ်ကို ပေးလိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီ... နာရီဝက်လောက် ထပ်စောင့်တာလည်း ကိစ္စ မရှိပါဘူး... မင်းကို လုံးဝ လက်မြှောက် အရှုံးပေးသွားအောင် လုပ်ပြမယ်..."

ကျန်းရှုံး ၏ မျက်နှာပေါ်ရှိ အပြုံးက ပို၍ မောက်မာလာသည်။ နာရီဝက် ဆိုသည်မှာ ဘာမှ မဟုတ်ပေ။ နောက်ဆုံး အောင်ပွဲက သူ့အတွက်သာ ဖြစ်သည်။

အချိန်တွေ တစ်မိနစ်ပြီး တစ်မိနစ် ကုန်လွန်သွားပြီး နျဲ့ထျန်ချန် မှာ အလွန် ညှဉ်းပန်းနှိပ်စက်ခံနေရသလို ခံစားနေရသည်။

...

"စနစ် သတိပေးချက်... နတ်ဘုရားအဆင့် သိုင်းကျမ်း ကို သင်ယူနေပါသည်... လက်ရှိ သင်ယူမှု လုပ်ငန်းစဉ် ၉၉ ရာခိုင်နှုန်း..."

'ဟူး... နောက်ဆုံးတော့ ပြီးတော့မှာလား...'

"စနစ် သတိပေးချက်... သင်သည် နတ်ဘုရားအဆင့် သိုင်းကျမ်း ကို အောင်မြင်စွာ သင်ယူပြီးပါပြီ..."

စနစ်၏ အသံက အလွန် နားထောင်လို့ ကောင်းနေသည်။ ကျိုးဟန် ချက်ချင်း ဝင်ရောက် စစ်ဆေးကြည့်လိုက်သည်။

ထာဝရ ဓားခန္ဓာကိုယ်

အဆင့် - နတ်ဘုရားအဆင့်

ဖော်ပြချက် - ခန္ဓာကိုယ် ကျင့်စဉ်တစ်ခု ဖြစ်ပြီး အပြစ်ကင်းစင် ဓားခန္ဓာကိုယ် ၏ အဆင့်မြင့် အမျိုးအစား ဖြစ်သည် အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်နိုင်ပါက ခန္ဓာကိုယ်သည် ထာဝရ မသေနိုင်ဘဲ ကောင်းကင်ကိုပင် ချိုးဖျက်နိုင်စွမ်း ရှိသည်

စွမ်းရည် ၁ - လွှမ်းမိုးသော သွေးစွမ်းအင် (တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များကို လှုံ့ဆော်ပေးပြီး ၅ စက္ကန့် ကြာအောင် လွှမ်းမိုးသော အခြေအနေသို့ ရောက်ရှိသွားကာ ခံရသော ထိခိုက်မှု ၉၀ ရာခိုင်နှုန်း လျော့ကျသွားမည်)

စွမ်းရည် ၂ - သွေးစုပ် လက်ဝါး (စွမ်းရည် ၁ ၏ ကျွမ်းကျင်မှု အဆင့် တစ်ခုသို့ ရောက်ရှိမှသာ ဖွင့်လှစ်နိုင်မည်)

စွမ်းရည် ၃ - မပွင့်သေးပါ

ကျိုးဟန် ကြည့်ပြီးနောက် မှင်တက်သွားသည်။

နတ်ဘုရားအဆင့် သိုင်းကျမ်း ဆိုသည့်အတိုင်း ၄ နာရီကျော် အလကား စောင့်ခဲ့ရသည် မဟုတ်ပေ။

လွှမ်းမိုးသော သွေးစွမ်းအင် က လွှမ်းမိုးသော အခြေအနေ အကျိုးသက်ရောက်မှု ရှိရုံသာမက ထိခိုက်မှု ၉၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။

ဆိုလိုသည်မှာ ၅ စက္ကန့် ကြာအောင် လုံးဝ ထိခိုက်မှုမရှိသော အခြေအနေသို့ ရောက်ရှိသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။

ကျိုးဟန် က တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် ၁၀ ကြိမ် အဆင့်မြှင့်လိုက်သည်။ နတ်ဘုရားအဆင့် သိုင်းကျမ်း များကို အကြိမ်အရေအတွက် ပိုများများ အဆင့်မြှင့်နိုင်သည်။

သို့သော် ကျိုးဟန် ၏ အဆင့်မြှင့်တင်ခြင်း အမှတ်များ မလုံလောက်တော့သဖြင့် လောလောဆယ် ၁၀ ကြိမ်သာ အဆင့်မြှင့်လိုက်ခြင်း ဖြစ်သည်။

လွှမ်းမိုးသော သွေးစွမ်းအင် (၁၀ ကြိမ်မြှင့်)

ဖော်ပြချက် - တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များကို လှုံ့ဆော်ပေးပြီး ၁၀ မိနစ် ကြာအောင် လွှမ်းမိုးသော အခြေအနေသို့ ရောက်ရှိသွားကာ ခံရသော ထိခိုက်မှု ၉၀ ရာခိုင်နှုန်း လျော့ကျသွားမည်

အကျိုးသက်ရောက်မှု - ရန်သူ၏ တိုက်ခိုက်မှု ၅၀ ရာခိုင်နှုန်းကို တန်ပြန် ထိခိုက်စေမည် (အကွာအဝေးပေါ် မူတည်၍ တန်ပြန် ထိခိုက်မှု လျော့ကျနိုင်ပြီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ရှိမည်)

'မိုက်တယ်...'

ထိခိုက်မှု လျှော့ချပေးရုံသာမက တန်ပြန် ထိခိုက်မှုလည်း ရှိနေသေးသည်။ ထို့အပြင် ဤနှစ်ခုက အချင်းချင်း ပွတ်တိုက်မှု မရှိပေ။

ဥပမာအားဖြင့် ရန်သူ၏ စွမ်းရည် တိုက်ခိုက်မှုက ၁၀၀ ဆိုပါစို့။ သူက ဤစွမ်းရည်ဖြင့် ကျိုးဟန် ကို တိုက်ခိုက်လိုက်သည်နှင့်...

သူကိုယ်တိုင်လည်း ၃၀ မှ ၅၀ ကြား တန်ပြန် ထိခိုက်မှုကို ခံရမည် ဖြစ်သည်။

အကယ်၍ တစ်ဖက်လူက လူသတ်သမား သို့မဟုတ် လေးသမား ကဲ့သို့သော တိုက်ခိုက်မှု မြင့်မားပြီး သွေးနည်းသည့် အလုပ်အကိုင်မျိုး ဖြစ်နေပါက...

ကျိုးဟန် ကို တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအရသာက သေချာပေါက် အလွန် အံ့မခန်း ဖြစ်သွားမည် ဖြစ်သည်။

'ဒုတိယမြောက် သိုင်းကျမ်း ကိုရော နားလည် သဘောပေါက်နိုင်မလား မသိဘူး...'

ကျိုးဟန် က စိတ်ထဲတွင် တွေးလိုက်ပြီး တံဆိပ်ခတ် နတ်ဘုရားကျောက်တိုင် ကို အာရုံစူးစိုက်၍ ကြည့်လိုက်သည်။

"စနစ် သတိပေးချက်... သင်သည် နိုးထခြင်း တာဝန် ၂ ၏ စည်းကမ်းချက်များနှင့် ပြည့်စုံသွားပြီဖြစ်ကြောင်း ထောက်လှမ်းသိရှိရပါသည်... အပြင်သို့ ချက်ချင်း ထွက်ခွာပါ... မဟုတ်ပါက နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူရမည် .."

ရုတ်တရက် ခေါင်းထဲမှ စနစ်၏ သတိပေးသံ ထွက်ပေါ်လာသည်။

ကျိုးဟန် လည်း အလျင်အမြန်ပင် အာရုံပြန်လွှဲလိုက်သည်။ စနစ်က ဤကဲ့သို့ ပြောနေမှတော့ မည်သို့သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာမည်ကို သူ အလွယ်တကူ စမ်းသပ်မကြည့်ရဲပေ။

ဟာကွက် ရှာ၍ မရတော့သဖြင့် ဤနေရာတွင် ဆက်နေလည်း ဘာမှ အဓိပ္ပာယ် မရှိတော့ပေ။

ထို့ကြောင့် ကျိုးဟန် က သိမြင်ခြင်း အမိန့်ပြား ကို အသက်သွင်းကာ အပြင်သို့ ထွက်သွားလိုက်သည်။

ကျိုးဟန် ထွက်သွားချိန်တွင်...

မှောင်မိုက်နေသော နေရာမှ ဝိညာဉ်ပုံရိပ် တစ်ခု ထပ်မံ ထွက်ပေါ်လာပြီး အသိဉာဏ် ရှိနေသည့်အလား ကျိုးဟန် ထွက်သွားသော နေရာကို ကြည့်ကာ တစ်ခုခုကို တွေးတောနေပုံရသည်။

"မဆိုးဘူးပဲ... ဒီကောင်လေးက ငါ့ရဲ့ အမွေအနှစ် အစစ်အမှန်ကို ရသွားတာလား..."

"နှစ်သောင်းနဲ့ချီ ကြာပြီးမှ ဒါ ပထမဆုံးအကြိမ်ပဲ..."

"စိတ်ဝင်စားစရာပဲ... မင်းနဲ့ ဆုံရမယ့် နေ့ကို တကယ် မျှော်လင့်နေမိတယ်... ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့..."

ပြောပြီးနောက် ထို ဝိညာဉ်ပုံရိပ် က ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

...

"အချိန်စေ့ပြီ... နျဲ့ထျန်ချန်... မင်း လက်မလျှော့ချင်သေးဘူးလား... ကျိုးဟန် က သေသွားပြီ... မင်းရဲ့ တောင်နှင့်ပင်လယ် တံဆိပ်တုံး က ငါ့ဟာ ဖြစ်သွားပြီ..."

"စီနီယာ... လက်လျှော့လိုက်ပါတော့... ကျိုးဟန် ရဲ့ အရည်အချင်းက အရမ်း ညံ့လွန်းပါတယ်... ကျွန်တော်နဲ့ ယှဉ်လို့ မရပါဘူး... စီနီယာ ကျွန်တော့်ဆရာကို ရှုံးသွားပါပြီ..."

ကျန်းရှုံး နှင့် ရိချွမ်ဂန်းပန် တို့က တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး နျဲ့ထျန်ချန် ကို စကားပြန်မပြောနိုင်အောင် လုပ်နေကြသည်။

"ဟုတ်တယ်... ငါ ရှုံးသွားပြီ... ငါတို့ သွားပြီး အစီရင်ခံစာ တင်ကြရအောင်..."

သူ ဝန်မခံချင်သော်လည်း အဖြစ်အမှန်က မျက်စိရှေ့တွင် ရှိနေသည်။ လေးနာရီကျော် ကြာသွားပြီ ဖြစ်ရာ ဓားနတ်ဘုရား ကျောင်းတော် တစ်ခုလုံးတွင် နိုးထ ခဲ့သူများထဲ၌...

ဤမျှ ကြာရှည်ခဲ့သူ တစ်ယောက်မှ မရှိခဲ့ပေ။ ယေဘုယျအားဖြင့် ဝင်သွားပြီး နှစ်နာရီအတွင်း ပြန်မထွက်လာပါက...

သေချာပေါက် သေဆုံးသွားပြီ ဖြစ်သည်။ ဤသည်မှာ နျဲ့ထျန်ချန် က လျှောက်ပြောနေခြင်း မဟုတ်ပေ။

ဒေတာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီးမှ သိလာရခြင်း ဖြစ်သည်။

"ကဲ... ကျိုးဟန် အတွက် အသုဘ အခမ်းအနားကို သေချာ ပြင်ဆင်လိုက်ပါဦး..."

ကျန်းရှုံး က ရယ်ချင်စိတ်ကို အတင်းအောင့်ထားပြီး လေးနက်သည့် ဟန်ဆောင်ကာ နျဲ့ထျန်ချန် ၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။

ရုတ်တရက် အဖြူရောင် အလင်းတန်း တစ်ချက် တောက်ပသွားပြီး ကျိုးဟန် ၏ ပုံရိပ်က ထွက်ပေါ်လာသည်။

"ဘယ်သူက ငါ သေပြီလို့ ပြောနေတာလဲ..."

ကျိုးဟန် ၏ မျက်နှာထားက အနည်းငယ် ဆိုးရွားနေပြီး အဖြူရောင် အလင်းတန်းထဲမှ ထွက်လာသည်။ သူက အတွင်းတွင် လောင်းကြေး ကိစ္စကို လုံးဝ မသိခဲ့ပေ။

အပြင်သို့ ရောက်ရောက်ချင်း သူ သေပြီဟု ပြောနေသည်ကို ကြားလိုက်ရသဖြင့်...

ဒါက လုံးဝ ကောလာဟလ ဖြန့်နေခြင်းပင် ဖြစ်သည်။

"မင်း... မင်း အသက်ရှင်လျက် ပြန်ထွက်လာတာလား..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သိမြင်ခြင်း ကျောင်းတော် ထဲမှာ ၂ နာရီ ထက် ပိုကြာအောင် နေပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး..."

"ဒါ ယုတ္တိမတန်ဘူး... မင်း ဘယ်လို လုပ်လိုက်တာလဲ..."

ကျန်းရှုံး ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး ချက်ချင်းပင် သူ၏ မျက်နှာက မည်းမှောင်သွားသည်။

ကျိုးဟန် မသေသေးသဖြင့် သူက လောင်းကြေးကို နိုင်ပြီဟု ချက်ချင်း သတ်မှတ်၍ မရတော့ပေ။

All Chapters