အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆) သလင်းကျောက် ပေါက်ကွဲခြင်း... အကြီးအကဲလင်း ထွက်ပေါ်လာခြင်း
"ဟားဟားဟား... ကျန်းရှုံး... ငါ ပြောသားပဲ မင်း အစောကြီး ဝမ်းသာမနေနဲ့လို့... အရာအားလုံး မဆုံးဖြတ်ရသေးခင် သိပ်ပြီး မမောက်မာနဲ့ဦး..."
နျဲ့ထျန်ချန် က မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး အလျင်အမြန် ပြေးလာကာ ကျိုးဟန် ၏ လက်ကို ဆွဲ၍ အလွန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင်လည်း တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေသည်။
ကံကောင်းစွာဖြင့် သူက နောက်တစ်ဆင့် ဆက်မသွားဘဲ ကျန်းရှုံး ၏ မောက်မာနေသော အရှိန်အဝါကို ချက်ချင်း ရိုက်ချိုးလိုက်သည်။
"အသက်ရှင်လျက် ပြန်ထွက်လာတော့ရော ဘာဖြစ်လဲ... သိုင်းကျမ်း ကို နားလည် သဘောပေါက်ခဲ့တာ ဟုတ်မဟုတ် ဘယ်သူ သိမှာလဲ..."
ကျန်းရှုံး က သေချာပေါက် အရှုံးမပေးဘဲ အသံကျယ်ကျယ်ဖြင့် ပြန်လည် ချေပလိုက်သည်။
"ကျိုးဟန်... အသက်ရှင်လျက် ပြန်ထွက်လာတာ ကောင်းတယ်... မင်း သေချာ အနားယူလိုက်ပါဦး... ပြီးရင် ဒုတိယအကြိမ် သိမြင်ခြင်း ကျောင်းတော် ထဲကို ဝင်ပြီး ရွှေအဆင့်နဲ့ အထက် သိုင်းကျမ်း ကို နားလည် သဘောပေါက်အောင် ကြိုးစားကြည့်..."
နျဲ့ထျန်ချန် က ကျိုးဟန် အတွင်း၌ အချိန်အကြာကြီး နေခဲ့ရသည့် အကြောင်းရင်းကို မမေးတော့ပေ။
ဒုတိယအကြိမ် နားလည် သဘောပေါက်မှုကို ပြုလုပ်နိုင်ရန်အတွက် အခြေအနေ ပြန်လည် ကောင်းမွန်လာစေရန် ကျိုးဟန် ကို တိုက်ရိုက် ထိုင်ခိုင်းလိုက်သည်။
ကျိုးဟန် က တစ်ကြိမ်တည်းနှင့် နားလည် သဘောပေါက်သွားမည်ဟု သူ လုံးဝ မထင်ထားခဲ့သလို ထိုဘက်သို့လည်း တွေးပင် မတွေးကြည့်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သော ပါရမီရှင် မျိုးက အလွန် ရှားပါးလွန်းလှရာ မိမိကိုယ်တိုင် ထိုကဲ့သို့ ပါရမီရှင်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ရဲပေ။
"ဒုတိယအကြိမ် ဝင်ရမယ်... မလိုတော့ဘူး ထင်တယ်... ကျွန်တော်က..."
ကျိုးဟန် က အမှန်အတိုင်း ပြောပြရန် ပြင်လိုက်ချိန်တွင် ကြားဖြတ် ပြောဆိုလာသော အသံတစ်ခုကြောင့် ရပ်တန့်သွားသည်။
"ကြည့်ရတာ မင်းက ကြောက်နေပုံပဲ... အထဲမှာ အချိန်အကြာကြီး နေခဲ့ရလို့ စိတ်ဒဏ်ရာ ရသွားပြီး ပြန်မဝင်ရဲတော့ဘူး မဟုတ်လား..."
ကျိုးဟန် ထွက်လာချိန်မှစ၍ ရိချွမ်ဂန်းပန် က အကဲခတ်နေခဲ့သည်။
ထို့နောက် ကျိုးဟန် မှာ သာမန်လူ မဟုတ်ဘဲ ကစားသမား တစ်ယောက် ဖြစ်ကြောင်း အလွန် လျင်မြန်စွာ သတိထားမိလိုက်သည်။
သူ၏ အဆင့်မြှင့်တင်မှု အမြန်နှုန်းက ဤမျှ မြန်ဆန်နေသည်ကိုပင် သူ့ထက် ပိုမြန်သူ ရှိနေသေးကြောင်း တွေ့လိုက်ရသဖြင့် ဤအချက်က သူ့ကို အနည်းငယ် မကျေမနပ် ဖြစ်စေခဲ့သည်။ သူ လုံးဝ လက်မခံနိုင်သော အမှန်တရားပင် ဖြစ်သည်။
ထို့ကြောင့် ယခု ကျိုးဟန် ကို နှိမ့်ချနိုင်မည့် အခွင့်အရေး ရလာသဖြင့် သေချာပေါက် လက်လွတ်ခံမည် မဟုတ်ပေ။
'ဟင်... ဂျပန်နိုင်ငံ က လူလား...'
အသံကို ကြားပြီးနောက် ကျိုးဟန် က မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူ၏ အဝတ်အစားကို မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများထဲ၌ အေးစက်သော အလင်းတန်း တစ်ခု ဖြတ်သန်းသွားသည်။
တစ်ဖက်လူ၏ လက်ရှိ လှောင်ပြောင်မှုများကြောင့် ဖြစ်စေ သမိုင်းကြောင်း အချို့ကြောင့် ဖြစ်စေ...
ကျိုးဟန် က အလွန် မကျေမနပ် ဖြစ်နေမိသည်။ ဤနေရာသာ ဓားနတ်ဘုရား ကျောင်းတော် မဟုတ်ပါက သူ ချက်ချင်းပင် တစ်ဖက်လူကို ဓားတစ်ချက်တည်းနှင့် သတ်ပစ်လိုက်မည် ဖြစ်သည်။
"ငါ နားလည် သဘောပေါက် ပြီးသွားပြီ... ထပ်ဝင်စရာ မလိုတော့ဘူး... နိုးထခြင်း ရဲ့ ဒုတိယ အဆင့်ကို ငါ အောင်မြင်စွာ ဖြတ်ကျော်ပြီးပြီ..."
လူရွှင်တော် တစ်ယောက်လို စိန်ခေါ်နေသော ရိချွမ်ဂန်းပန် ကို ကျိုးဟန် က ဂရုမစိုက်ဘဲ အလွန် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ဘာ... မင်း ဘာပြောတယ်... ဖြတ်ကျော်ပြီးပြီ ဟုတ်လား..."
"ငါ နားကြား မမှားဘူး မဟုတ်လား... မင်း ကြောက်နေလို့ တမင် ဆင်ခြေပေးနေတာ မဟုတ်လား..."
ကျန်းရှုံး နှင့် ရိချွမ်ဂန်းပန် တို့ နှစ်ယောက်က လုံးဝ မယုံကြည်ကြဘဲ တစ်ယောက်တစ်ပေါက် ဝင်ပြောလိုက်ကြသည်။
"တော်ကြတော့ မင်းတို့ နှစ်ယောက်... အောင်မြင်လား မအောင်မြင်ဘူးလား ဆိုတာ စမ်းသပ်ကြည့်ရင် သိရမှာပဲ... ဒီနေရာမှာ အပိုစကားတွေ ပြောနေစရာ မလိုဘူး..."
နျဲ့ထျန်ချန် ၏ စိတ်ထဲတွင်လည်း အနည်းငယ် တုန်လှုပ်သွားသော်လည်း သူက ကျိုးဟန် ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။
ထို့အပြင် နိုးထမည့် သူတိုင်းက နားလည် သဘောပေါက်ပြီးနောက် စမ်းသပ်မှု လုပ်ရမည် ဖြစ်သည်။ မင်းပါးစပ်က ပြောတိုင်း ဖြစ်လာမည် မဟုတ်ပေ။
စမ်းသပ်သည့် စက်ကသာ အဆုံးအဖြတ် ပေးမည် ဖြစ်သည်။
"သွားမယ်... ဒီနေ့ ငါတော့ ဒီလောက်တောင် ထူးဆန်းနေတာ မယုံနိုင်ဘူး..."
ကျန်းရှုံး က ရှေ့မှ ဦးဆောင်၍ စမ်းသပ်ရာ နေရာသို့ အလျင်အမြန် သွားလိုက်သည်။
စမ်းသပ်ရာ နေရာက သိမြင်ခြင်း ကျောင်းတော် နှင့် အလွန် နီးကပ်သဖြင့် ခြေလှမ်း အနည်းငယ် လျှောက်ရုံဖြင့် ရောက်ရှိသွားသည်။
"အို... ကိုနျဲ့ နဲ့ ကိုကျန်း... ဒီနေ့ ဘယ်လို ဖြစ်လို့ တိုက်ဆိုင်နေရတာလဲ... လူသစ်တွေ ခေါ်လာကြတာလား..."
စမ်းသပ်ရာ နေရာတွင် ထိုင်နေသော အသက်လတ်ပိုင်း အမျိုးသား တစ်ဦးက ပြောလိုက်သည်။ သူက စမ်းသပ်မှု လုပ်ငန်းစဉ်များကို တာဝန်ယူရသူ ဖြစ်သည်။
နျဲ့ထျန်ချန် နှင့် ကျန်းရှုံး တို့ကြားမှ ရန်ငြိုးကို ဓားနတ်ဘုရား ကျောင်းတော် တွင် မသိသူ မရှိသလောက်ပင်။
ထို့ကြောင့် ထိုလူက ဤကဲ့သို့ နောက်ပြောင် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ပွဲကောင်း ကြည့်ရတော့မည်ဟု ထင်နေသည်။
"တစ်ယောက်ယောက်က ပထမဆုံးအကြိမ် ဝင်ရုံနဲ့ အောင်မြင်သွားပြီလို့ လေလုံးထွားနေလို့လေ..."
ကျန်းရှုံး က လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
"ဟင်... ဒီလို ကိစ္စမျိုး ရှိတယ်လား... ဒါဆို တကယ့် ပါရမီရှင်ကြီး ဖြစ်ရမယ်..."
"ဟွန့်... ဟိုကောင်လေးလေ... မင်း ကြည့်ကြည့်လိုက်... တကယ့် ပါရမီရှင်ကြီး နဲ့ တူရဲ့လားလို့..."
ကျန်းရှုံး က ကျိုးဟန် ကို လက်ညှိုးထိုးပြလိုက်ရာ စမ်းသပ်သူ အသက်လတ်ပိုင်း အမျိုးသားကလည်း လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ကျိုးဟန် က မျက်နှာထား တည်ငြိမ်နေပြီး လက်နှစ်ဖက် ယှက်ကာ ရပ်နေပြီး သူ၏ အရှိန်အဝါကလည်း အလွန် တည်ငြိမ်နေသည်။
"ဒါက... ပြောရခက်တယ်... ကြည့်ရတာ အကဲဖြတ်ရ ခက်တယ်..."
ကျန်းရှုံး ၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက် အသက်လတ်ပိုင်း အမျိုးသားက ထိုကဲ့သို့ စကားမျိုးကို ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူက စမ်းသပ်သူ တစ်ယောက် ဖြစ်ရာ ပရော်ဖက်ရှင်နယ် ကိရိယာများ ရှိသော်လည်း သူ၏ အကဲခတ်နိုင်စွမ်းကလည်း သာမန် မဟုတ်ပေ။
ကျန်းရှုံး ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
'ဒီကောင်လေးက တကယ်ပဲ အစွမ်းထက်နေတာလား...'
"မင်း အရင် လာခဲ့... လက်ကို ဒီပေါ် တင်လိုက်..."
အသက်လတ်ပိုင်း အမျိုးသား ၏ အရှေ့တွင် ကြီးမားသော သလင်းကျောက် တစ်ခု ရှိနေပြီး သူက ရိချွမ်ဂန်းပန် ကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။
အသိဉာဏ် သလင်းကျောက်
ဖော်ပြချက် - သိမြင်ခြင်း ကျောင်းတော် တွင် ရရှိခဲ့သော သိုင်းကျမ်း ကို အာရုံခံနိုင်စွမ်း ရှိသည် တန်ဖိုးအားဖြင့် ဝိညာဉ်ကျောက်တုံး ၁ သိန်း တန်ကြေးရှိသည်
"ဝှစ်..."
ရွှေရောင်နှင့် အဖြူရောင် ရောယှက်နေသော အလင်းတန်း တစ်ခု တောက်ပသွားသည်။
"ပလက်တီနမ်အဆင့် သိုင်းကျမ်း... မဆိုးဘူးပဲ... မင်း အောင်မြင်တယ်..."
အောင်မြင်ကြောင်း ကြားလိုက်ရပြီးနောက် ရိချွမ်ဂန်းပန် က ခါးဆန့်လိုက်ပြီး မျက်နှာပေါ်တွင် ယုံကြည်မှု အပြည့်ရှိသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ကျိုးဟန်... မင်း အလှည့်ရောက်ပြီ..."
ခေါ်သံကို ကြားသည်နှင့် ကျိုးဟန် လည်း တုံ့ဆိုင်းမနေဘဲ လက်ကို တင်လိုက်သည်။
"ဂျွတ်..."
"ဘုန်း..."
လက်ကို သလင်းကျောက် ပေါ် တင်လိုက်ချိန်တွင် ကျိုးဟန် က လွှမ်းမိုးသော သွေးစွမ်းအင် အလိုအလျောက် အလုပ်လုပ်သွားသည်ကို ခံစားလိုက်ရသည်။
ထို့နောက် ကြီးမားလှသော စွမ်းအင်များက သလင်းကျောက် ထဲသို့ ဝင်ရောက်သွားသည်။
ထို့နောက် မာကျောလှသော သလင်းကျောက် ကြီးက တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။
ကျိုးဟန် လည်း ဤကဲ့သို့ ရလဒ်မျိုး ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။ သူက မိမိ၏ စွမ်းအားကို အနည်းငယ် ဖုံးကွယ်ထားရန် ပြင်ဆင်ထားသော်လည်း အသိဉာဏ် သလင်းကျောက် က လုံးဝ အခွင့်အရေး မပေးဘဲ စွမ်းအားများ အကုန်လုံး ပေါက်ကွဲထွက်သွားခြင်း ဖြစ်သည်။
'ငါ့ကို လျော်ခိုင်းမှာတော့ မဟုတ်ပါဘူးနော်... ဒါက ဝိညာဉ်ကျောက်တုံး ၁ သိန်း တောင် တန်တာလေ...'
ယခု သူ့တွင် စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၁၀၀၀ သာ ရှိသည်။
"ဘာ... ဒါ..."
"ဘယ်လို ဖြစ်တာလဲ... သလင်းကျောက် ကြီး ပေါက်ကွဲသွားတာလား..."
"ဒါ... ဒါ ဒီလိုမျိုး ဖြစ်တာ ပထမဆုံးအကြိမ်ပဲ..."
"အသိဉာဏ် သလင်းကျောက် က ကြယ်ရောင်အဆင့် သိုင်းကျမ်း တွေကိုတောင် စမ်းသပ်နိုင်တာလေ... ဘယ်လိုလုပ် အလွယ်တကူ ပေါက်ကွဲသွားရတာလဲ..."
"ဒီကောင်လေးရဲ့ သိုင်းကျမ်း က ကြယ်ရောင်အဆင့် ထက်တောင် ကျော်လွန်နေတာများလား... ဒါက အရင်က တစ်ခါမှ မရှိဖူးတဲ့ အောင်မြင်မှုပဲ..."
ထိုနေရာရှိ လူအားလုံး အံ့အားသင့်သွားကြသည်။
အသိဉာဏ် သလင်းကျောက် က ချို့ယွင်းသွားခြင်းများလား။ မဟုတ်ပါက ဤကဲ့သို့ မမျှော်လင့်ထားသော ကိစ္စမျိုး ဘယ်လိုလုပ် ဖြစ်လာနိုင်မည်နည်း။
တာဝန်ခံ စမ်းသပ်သူ အသက်လတ်ပိုင်း အမျိုးသား က ကျိုးဟန် ကို အံ့အားသင့်စွာဖြင့် ကြည့်နေသည်။
"ဒီကိစ္စကို အထက်လူကြီးတွေဆီ အစီရင်ခံစာ တင်မှ ရမယ်... ဒါက ငါ ဖြေရှင်းနိုင်တဲ့ ကိစ္စ မဟုတ်တော့ဘူး..."
စိတ်ကူးများ လျင်မြန်စွာ ဖြတ်သန်းသွားပြီး စက္ကန့်အနည်းငယ် အတွင်းမှာပင် စိတ်ထဲ၌ ဆုံးဖြတ်ချက် တစ်ခုကို လျင်မြန်စွာ ချလိုက်သည်။
"မဖြစ်နိုင်ဘူး... ကျိုးဟန်... မင်း ယုတ်မာတဲ့ နည်းလမ်း တစ်ခုခု သုံးလိုက်တာ သေချာတယ်..."
"မင်း ငါ့ကို ကျော်တက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
ရိချွမ်ဂန်းပန် က ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားပြီး ခုန်ထွက်လာကာ စွပ်စွဲလိုက်သည်။
အကယ်၍ ကျိုးဟန် က တကယ့် ပါရမီရှင်ကြီး ဖြစ်နေပါက သူက ကျိုးဟန် နှင့်အတူ စမ်းသပ်ခံခဲ့ရသူ ဖြစ်သဖြင့် ကြီးမားသော ဟာသကြီး တစ်ခု ဖြစ်သွားမည် မဟုတ်ပါလား။
ဤသည်ကို သူ လုံးဝ လက်မခံနိုင်ပေ။ သူ ဂန်းပန် က အခြားသူများအတွက် အရန်လူ လုံးဝ မဖြစ်နိုင်ပေ။
"ကျိုးဟန်... အမှန်အတိုင်း ပြောစမ်း... ဒီနေရာက ဓားနတ်ဘုရား ကျောင်းတော် နော်... လှည့်ကွက်တွေ လာမသုံးနဲ့..."
"မင်း လိမ်ညာပြီး ကျော်ဖြတ်သွားလို့ ရမယ် မထင်နဲ့... သေလမ်း မရှာနဲ့..."
ကျန်းရှုံး ကလည်း ခုန်ထွက်လာပြီး အပြစ်တင်ကာ အလွန် ကြမ်းတမ်းသော လေသံဖြင့် ပြောလိုက်သည်။
"တော်ကြတော့... ကျန်းရှုံး... မင်း ပိုပိုပြီး မောက်မာလာပြီနော်... မင်းရဲ့ တစ်နှစ်စာ အရင်းအမြစ်တွေကို ဖြတ်ပစ်လိုက်မယ်..."
အနောက်ဘက်မှ ဩဇာအာဏာ အပြည့်ပါသော အသံတစ်ခု ထွက်ပေါ်လာပြီး လုံးဝ ငြင်းဆန်၍ မရသော အရှိန်အဝါများ ပါဝင်နေသည်။
ကျန်းရှုံး ကို ကြည့်လိုက်သည့် မျက်လုံးများထဲတွင်လည်း အဆုံးမဲ့ ဒေါသများ ပြည့်နှက်နေသည်။ သူက သတင်းကို ကြားသည်နှင့် ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။
သလင်းကျောက် ကို ပေါက်ကွဲစေနိုင်သည့် နိုးထသူ မှာ သေချာပေါက် စွမ်းအား အချို့ ရှိပေမည်။ မည်သို့ပင်ဖြစ်စေ ကျန်းရှုံး ကို အရင်ဆုံး ဖိနှိပ်ထားရမည်။ သူက အရေးမကြီးပေ။
အကယ်၍ ဤ ကျိုးဟန် ဆိုသူက တကယ့် ပါရမီရှင်ကြီး ဖြစ်နေပါက ဤကဲ့သို့ လုပ်ခြင်းအားဖြင့် ဓားနတ်ဘုရား ကျောင်းတော် အပေါ် အထင်အမြင် ပိုကောင်းသွားစေနိုင်မည် ဖြစ်သည်။
ထို့ကြောင့် သူက ကျန်းရှုံး ကို တိုက်ရိုက် ဖိနှိပ်ရန် လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။
"အကြီးအကဲလင်း... ကျွန်တော်... ကျွန်တော်..."
ထိုအသံကို ကြားလိုက်ရချိန်တွင် ကျန်းရှုံး က အလွန် ကြောက်ရွံ့သွားပြီး အလျင်အမြန် ဆင်ခြေပေးရန် ပြင်လိုက်သော်လည်း အဘိုးအို၏ တင်းမာသော မျက်လုံးများကို မြင်လိုက်ရချိန်တွင် ချက်ချင်း ကြောက်ရွံ့သွားပြီး ဘာမှ ဆက်မပြောရဲတော့ပေ။
"မင်း ကိစ္စ နောက်မှ ရှင်းမယ်..."
ထို့နောက် အကြီးအကဲလင်း က ကျိုးဟန် ဘက်သို့ လှည့်ကာ လျှောက်လာခဲ့သည်။