အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁) ဒီကောင်မလေးက တကယ်ကို လိမ္မာတာပဲ
"လွှမ်းမိုးသော သွေးစွမ်းအင်... တစ်ကိုယ်လုံးက သွေးကြောစွမ်းအားတွေကို စုစည်းလိုက်..."
ကျိုးဟန် က လုံးဝ တုံ့ဆိုင်းမနေဘဲ နတ်ဘုရားအဆင့် သိုင်းကျမ်း ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
အဓိက ရည်ရွယ်ချက်က နတ်ဘုရားအဆင့် သိုင်းကျမ်း ၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်၍ ဖြစ်သည်။
စကားသံ အဆုံးတွင် ခန္ဓာကိုယ်ထဲမှ အဆုံးမရှိသော သွေးနီရောင် စွမ်းအင်များ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် အပြင်ဘက်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားကာ အလင်းတန်း ဒိုင်းကာ တစ်ခု အဖြစ် ပြောင်းလဲသွားသည်။
ကြီးမားလှသော စွမ်းအားများက ၎င်းအပေါ်တွင် အဆက်မပြတ် လည်ပတ်နေပြီး ကျိုးဟန်၏ အရှိန်အဝါကလည်း ပြောင်းလဲသွားသည်။ ရူးသွပ်ကြမ်းတမ်းသော သွေးစွမ်းအင်များ အောက်တွင် သူ၏ မျက်လုံးများက နီရဲလာပြီး နိုးထလာသော နတ်ဆိုး တစ်ကောင်နှင့် တူနေသည်။
လူအများ၏ အံ့အားသင့်နေသော အကြည့်များကြားတွင် ကျိုးဟန် က ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားပြီး ခရမ်းရောင် နဂါးခေါင်း နှင့် တိုက်ရိုက် ဝင်တိုက်လိုက်သည်။
"ဘာ... သူ သေချင်နေတာလား... ခရမ်းရောင် နဂါး ဝိညာဉ်ဖြတ် ဓားချက် ကို ကိုယ်ခန္ဓာ သက်သက်နဲ့ သွားတိုက်တာလား..."
"အဲဒီ ကြီးမားတဲ့ နဂါးခေါင်း ထဲမှာ နဂါး အငွေ့အသက် အနည်းငယ် ပါဝင်နေတာ... အရမ်းကို ပြင်းထန်ပြီး ကြမ်းတမ်းတယ်..."
"ပုံမှန်ဆိုရင် ကျိုးဟန် က နံပါတ်တစ် ပါရမီရှင် အနေနဲ့ ဒီလောက် တဇွတ်ထိုး မလုပ်လောက်ဘူး... သူ့မှာ တခြား နည်းလမ်း တစ်ခုခု ရှိနေသေးတာလား..."
"အပြင်ပန်းပဲ ကောင်းနေတာ ဖြစ်မယ်... ကျိုးဟန် ရဲ့ စွမ်းအားက ဘယ်လောက်ရှိလဲ ငါ မသိပေမဲ့ မိန်းကလေး တွေကို ဖြားယောင်းတဲ့ နေရာမှာတော့ တော်တော် တော်တယ်လို့ ထင်တယ်..."
"ငါလည်း အကောင်း မမြင်ဘူး... ဒီတစ်ချက်နဲ့တင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတော့မှာ..."
လူအများစုမှာ ကျိုးဟန် ၏ လုပ်ရပ်ကြောင့် သိသိသာသာ လန့်သွားကြပြီး အားလုံးက အံ့သြ သံသယ ဖြစ်နေကြသည်။
ဤကဲ့သို့သော လုပ်ရပ်က ကိုယ့်သေတွင်း ကိုယ်တူးခြင်းနှင့် အတူတူပင် ဖြစ်သည်။
"ဂါး..."
ခရမ်းရောင် နဂါးခေါင်း ကြီးက သွေးစွန်းနေသော ပါးစပ်ကြီးကို ဟကာ မျိုချရန် ဝင်ရောက်လာသော်လည်း ကျိုးဟန် ၏ မျက်နှာထားက အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိဘဲ ယခင်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သည်။
"ဘုန်း..."
ကြီးမားလှသော တိုက်မိသံကြီး ထွက်ပေါ်လာပြီး နဂါးခေါင်း က ကျိုးဟန် ၏ ခန္ဓာကိုယ်ပေါ်သို့ ဝင်တိုက်သွားကြောင်း သိသာထင်ရှားသည်။ လေထုကပင် တုန်ခါသံများ ထွက်ပေါ်လာပြီး ရေလှိုင်းများအလား ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားသည်။
ထို့နောက် ထိုမျှ ကြီးမားသော စွမ်းအားအောက်တွင် ကျိုးဟန် က လွင့်စင်ထွက်သွားခြင်း မရှိသလို လဲကျသွားခြင်းလည်း မရှိဘဲ ခန္ဓာကိုယ် တစ်ခုလုံး မယိမ်းမယိုင် ရပ်နေသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
ဤသည်က သူတို့ကို အလွန် အံ့အားသင့်သွားစေသည်။
လွှမ်းမိုးသော သွေးစွမ်းအင် ၏ လွှမ်းမိုးသော အခြေအနေ အကျိုးသက်ရောက်မှုက အလုပ်လုပ်သွားခြင်း ပင်။ ထိခိုက်မှု ၉၀ ရာခိုင်နှုန်း လျှော့ချပေးမှု အောက်တွင် ဤမျှလောက် ထိခိုက်မှုက ကျိုးဟန် အတွက် မိုးဖွဲလေး တစ်ခုမျှသာ ဖြစ်သည်။
"ဟေ့ ကြည့်ကြဦး... အဆိုးမလေး က ဘာလို့ သွေးတွေ အန်နေတာလဲ... ဒဏ်ရာ တော်တော် ပြင်းထန်ပုံပဲ..."
"ဘယ်သူမှလည်း သူ့ကို မတိုက်ခိုက်ဘဲနဲ့ ဘာလို့ ဒဏ်ရာ ရသွားတာလဲ... နည်းနည်း ထူးဆန်းတယ်..."
"ဒါ ကျိုးဟန် လက်ချက်များလား... ဒါပေမဲ့ ကျိုးဟန် က ဘာမှ မလုပ်ရသေးဘူးလေ... ဒါက လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါ များလား... အမြင့်ဆုံး အဆင့်အထိ ကျင့်ကြံထားတဲ့ ကျွမ်းကျင်သူ တွေက တစ်ကိုယ်လုံးက ထွက်ပေါ်လာတဲ့ အရှိန်အဝါနဲ့တင် လူတွေကို မမြင်ရတဲ့ နေရာကနေ ဒဏ်ရာရအောင် လုပ်နိုင်တယ်လို့ ကြားဖူးတယ်..."
"သောက်ကျိုးနည်း... ဒီလို တွေးကြည့်ရင် အရမ်း ကြောက်စရာ ကောင်းလွန်းတယ်..."
"ဒီလို ရှင်းပြတာကပဲ အဓိပ္ပာယ် အရှိဆုံးပဲ... နံပါတ်တစ် ပါရမီရှင် နဲ့ တကယ်ကို လိုက်ဖက်တယ်..."
"အစကတော့ အင်အား မျှတတဲ့ တိုက်ပွဲ တစ်ခု လို့ ထင်ထားခဲ့တာ... အခုတော့ တစ်ဖက်သတ် အနိုင်ကျင့်နေတာပဲ..."
လွှမ်းမိုးသော သွေးစွမ်းအင် တွင် ၅၀ ရာခိုင်နှုန်း တန်ပြန် ထိခိုက်မှု အကျိုးသက်ရောက်မှု ပါဝင်နေသေးသည်။
ခရမ်းရောင် နဂါး ဝိညာဉ်ဖြတ် ဓားချက် ၏ စွမ်းအားက ပြင်းထန်လွန်းသဖြင့် တစ်ဝက် လျော့ကျသွားသည့် တိုင်အောင် တန်ပြန် ထိခိုက်မှုက အလွန် ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။
တစ်ချက် ထိပ်တိုက် တွေ့ရုံဖြင့် ဝမ်ယွိဟယ် မှာ ကိုယ်ပြုသည့် ကံ ကိုယ်ပြန်ခံရပြီး မိမိ၏ သိုင်းကျမ်း ဖြင့် မိမိကိုယ်တိုင် ပြန်လည် ဒဏ်ရာရသွားခဲ့သည်။
ဤကဲ့သို့သော အခြေအနေကြောင့် လူအများအပြား ခန့်မှန်း ပြောဆိုနေကြခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ နတ်ဘုရားအဆင့် သိုင်းကျမ်း ဖြစ်ရာ သူတို့ တစ်ခါမှ မမြင်ဖူးခဲ့သလို တန်ပြန် ထိခိုက်မှု ဆိုသည့် သဘောတရားကိုလည်း လုံးဝ သိရှိထားခြင်း မရှိပေ။
သူတို့၏ ရှုပ်ယှက်ခတ်နေသော ခန့်မှန်းချက်များကို ကြားလိုက်ရချိန်တွင် ကျိုးဟန် လည်း အနည်းငယ် ရယ်ချင်သွားမိသည်။ သူက အရှိန်အဝါ သက်သက်ဖြင့် လူသတ်နိုင်သော အဆင့်နှင့် အများကြီး ကွာဝေးနေသေးသည်။
"နင်... နင် ဒါ ဘာနည်းလမ်း သုံးလိုက်တာလဲ..."
ယခု ဝမ်ယွိဟယ် ၏ လှပသော မျက်နှာလေးမှာ ဖြူရော်နေပြီး လန့်သွား၍လား သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရသွား၍လား မသိရပေ။ သူမ၏ မျက်လုံးများထဲတွင် အနည်းငယ် ကြောက်ရွံ့မှုများ ပါဝင်နေပြီး သံသယဖြင့် မေးလိုက်သည်။
သူမက အခြားသူများလို ရမ်းသန်း ခန့်မှန်းခြင်း မပြုပေ။ မည်သို့ပင်ဖြစ်စေ အရှိန်အဝါဖြင့် လူကို ဒဏ်ရာရစေခြင်း ဟူသော အဆင့်မျိုးကို သူမ၏ မိခင် ဖြစ်သူ ဓားဧကရာဇ် ပင် မရောက်ရှိသေးပေ။
သူမ၏ အမြင်က ကျယ်ပြန့်သဖြင့် ကျိုးဟန် တွင် အထူး နည်းလမ်း တစ်ခုခု ရှိနေကြောင်း သိရှိထားသည်။
"မင်း သိချင်လို့လား..."
"အဆိုးမလေး... မင်းလို လူကို ငါက ဘာလို့ ပြောပြရမှာလဲ..."
ကျိုးဟန် ၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုများ ဖြတ်သန်းသွားသည်။
"နင်..."
"ကောင်းပြီလေ... နင် စောင့်ကြည့်နေလိုက်..."
ယခု ဝမ်ယွိဟယ် မှာ အလွန် ဒေါသထွက်နေသော်လည်း ကျိုးဟန် ကို တိုက်ခိုက်၍ မနိုင်သလို စကားပြောရာတွင်လည်း မယှဉ်နိုင်ပေ။
ထိုမျှမက တစ်ဖက်လူက နံပါတ်တစ် ပါရမီရှင် ဖြစ်နေသေးရာ သူမက ဓားဧကရာဇ် ၏ သမီး ဟူသော ဂုဏ်ပုဒ်ဖြင့် အနိုင်ကျင့်ရန် ကြိုးစားလျှင်လည်း အလုပ်ဖြစ်မည် မဟုတ်ပေ။
ဤသည်မှာ သူမ ပထမဆုံးအကြိမ် အကူအညီမဲ့ သလို ခံစားလိုက်ရခြင်း ဖြစ်သည်။
ဘယ်လို လုပ်ရမလဲ။
နောက်မှသာ မျက်နှာ ပြန်ဆယ်ဖို့ နည်းလမ်း ရှာရတော့မည်။
မိမိကိုယ်တိုင် ပြဿနာ စရှာခဲ့ပြီး တစ်ဖက်လူ၏ ပညာပေးခြင်းကို ခံလိုက်ရပြီ ဖြစ်ရာ ဤနေရာတွင် ဆက်နေပါက ပို၍ ကြီးမားသော အရှက်ကွဲမှုများကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။
ထိုအချက်ကို နားလည်သွားပြီးနောက် သူမက ထွက်သွားရန် ပြင်လိုက်သည်။
မထွက်သွားခင်မှာတော့ သေချာပေါက် ခြိမ်းခြောက်စကား ပြောရဦးမည်။
"ဟွန့်... ဒီနေ့တော့ နင့်ကို အလွတ်ပေးလိုက်မယ်... ရက်အနည်းငယ် နေရင် နင့်ကို ပြန်လာရှင်းမယ်..."
ပြောပြီးနောက် ဝမ်ယွိဟယ် က လှည့်ထွက်သွားရန် ပြင်လိုက်သည်။
"ရပ်လိုက်စမ်း... မင်းကို သွားလို့ ရပြီလို့ ငါ ပြောဖူးလို့လား..."
ကျိုးဟန် ထံမှ ပျင်းရိနေပုံရသော အသံတစ်ခု ထွက်ပေါ်လာသော်လည်း လွှမ်းမိုးနိုင်စွမ်း အပြည့် ပါဝင်နေသည်။
ဤစကားက ဝမ်ယွိဟယ် ယခင်က သူ့ကို ပြောခဲ့သော စကားဖြစ်ပြီး ယခု သူက မူလအတိုင်း တစ်ဖက်လူကို ပြန်ပေးလိုက်ခြင်း ဖြစ်သည်။
"ကျိုးဟန်... တကယ်ကို မိုက်တာပဲ... ဒီ အဆိုးမလေး ကို ငြိမ်ကျသွားအောင် လုပ်နိုင်တယ်..."
"ကြမ်းတယ်ဟေ့... နောက်ဆုံးတော့ သူလည်း အကြမ်းစား တစ်ယောက်နဲ့ တွေ့သွားပြီ... အခုတော့ ကြောင်လေး တစ်ကောင်လို ကြောက်နေတာ မြင်လား..."
"တကယ်ကို လေးစားသွားပြီ... ကျိုးဟန် က ငါတို့ ယောကျ်ားတွေရဲ့ စံပြပဲ..."
"အားလုံး မတ်တတ်ရပ်ပြီး ဆရာကြီး ကို လက်ခုပ်တီးပေးကြ..."
ကျိုးဟန် ၏ လွှမ်းမိုးနိုင်စွမ်း အပြည့်ပါသော စကားကို ကြားလိုက်ရသဖြင့် လူအုပ်ကြီး တစ်ခုလုံး ဆူညံသွားပြီး သူတို့၏ မျက်လုံးများထဲတွင် အားကျမှုများ ထွက်ပေါ်နေသည်။
ဆူးပါသော နှင်းဆီပန်း တစ်ပွင့်ကို အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့သည် မဟုတ်ပါလား။
"နင် ဘာလုပ်ချင်တာလဲ..."
"နင့်ကို ပြောထားမယ်... အရမ်း မလွန်ကျွံစေနဲ့... ဒီနေရာက ဓားနတ်ဘုရား ကျောင်းတော် နော်..."
ကျိုးဟန် ရမ်းကားမည် မဟုတ်ကြောင်း သိသော်လည်း သူမ၏ အရှိန်အဝါက အနည်းငယ် အားနည်းနေဆဲ ဖြစ်သည်။
"ငါ ဘာမှ မလုပ်ချင်ပါဘူး... မင်းဆီက ပစ္စည်းတစ်ခုလောက် ငှားချင်လို့ပါ..."
တစ်ဖက်လူက သူ့ကို အရင် စတင် တိုက်ခိုက်ခဲ့ပြီ ဖြစ်ရာ ကျိုးဟန် က သေချာပေါက် အတိုး နည်းနည်း ပြန်ယူရမည် မဟုတ်ပါလား။ မဟုတ်ပါက အရမ်း နစ်နာသွားမည်။
"ကံကြမ္မာ လုယူခြင်း ကို အသုံးပြုမယ်..."
မည်သို့ပင်ဖြစ်စေ အသုံးပြုရန် တစ်ကြိမ် ကျန်သေးသဖြင့် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကိစ္စ မရှိပေ။
ယနေ့ အသုံးမပြုပါကလည်း အကြိမ်အရေအတွက်က စုဆောင်းထား၍ မရဘဲ နေ့စဉ် ပြန်လည် စတင်မည် ဖြစ်သည်။
ကျိုးဟန် ၏ စကားကို ကြားပြီးနောက် ဝမ်ယွိဟယ် ၏ လှပသော မျက်နှာလေးပေါ်တွင် သံသယဖြစ်နေသော အမူအရာများ ထွက်ပေါ်လာသည်။
သို့သော် ချက်ချင်းပင် သူမ၏ မျက်နှာထားက အကြီးအကျယ် ပြောင်းလဲသွားပြီး ရင်ဘတ်တွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
ချုပ်နှောင်မှု တစ်ခုခုကနေ လွတ်မြောက်သွားသကဲ့သို့ ခန္ဓာကိုယ် အပေါ်ပိုင်း အတွင်းမှ အဝတ်အစားက အကြောင်းပြချက် မရှိဘဲ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ထိုအရာက သူမ၏ မျက်နှာကို နီရဲသွားစေပြီး စိတ်ထဲတွင် ရှက်လည်းရှက် ကြောက်လည်း ကြောက်သွားမိသည်။
သို့သော် ကျိုးဟန် ၏ လက်ထဲတွင် ကိုင်ထားသော အဝတ်အစား တစ်ခုကို မြင်လိုက်ရချိန်တွင် အလွန် ရင်းနှီးနေသလို ခံစားရသည်။
ဒါက သူမရဲ့ အတွင်းခံ မဟုတ်ဘူးလား။
ချက်ချင်းပင် ဒေါသများ ပေါက်ကွဲထွက်လာပြီး ပေါက်ကွဲချင်သော်လည်း အခြားသူများ သိသွားမည်ကို ကြောက်နေရသည်။
"စနစ် သတိပေးချက်... လုယူမှု အောင်မြင်ပါသည်... သင်သည် ဖီးနစ် အမွေးအတောင် အတွင်းခံ ကို ရရှိပါသည်..."
စနစ်၏ အသံက ထွက်ပေါ်လာပြီး ကျိုးဟန် ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ထွက်ပေါ်လာသည်။ ကံကောင်းပြီး တစ်ချက်တည်းနှင့် အောင်မြင်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"နာမည်ကို နားထောင်ကြည့်ရတာ ပစ္စည်း တစ်ခု ဖြစ်ရမယ်... အင်း... တော်တော်လေး မွှေးတာပဲ..."
ကျိုးဟန် က နှာခေါင်းနား ကပ်၍ နမ်းကြည့်လိုက်ရာ နို့နံ့လေး သင်းနေသည်။
၎င်းပေါ်တွင် ဖီးနစ်ငှက် တစ်ကောင်ကို ပန်းထိုးထားပြီး အစက အလွန် ချောမွေ့နေသည်။
ဖီးနစ် အမွေးအတောင် အတွင်းခံ
ဖော်ပြချက် - ရင်သားများကို ကောင်းကောင်း ထိန်းသိမ်းပေးနိုင်သော အတွင်းခံ တစ်ထည် ဖြစ်သည်
"သောက်ကျိုးနည်း... ဒါက..."
ကျိုးဟန် က ယခင်က အတွင်းခံ ဟူသော အဓိပ္ပာယ်ကို သတိမထားမိခဲ့ဘဲ ပစ္စည်း ၏ နာမည် သက်သက်သာ ဖြစ်မည်ဟု ထင်ထားခဲ့သည်။
သို့သော် ဖော်ပြချက်ကို မြင်လိုက်ရချိန်တွင် ကျိုးဟန် အလွန် လန့်သွားပြီး ထိုကဲ့သို့သော အဝတ်အစား ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
"ဒီ လုယူခြင်း က တကယ်ကို လူကို ဒုက္ခပေးတာပဲ... နောက်ဆို သတိထားပြီး သုံးမှ ရမယ်..."
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ယောကျ်ားလေး ပါရမီရှင် တစ်ယောက်ကို လုယူမိပြီး တစ်ဖက်လူ၏ ဘောင်းဘီတို ကို လုယူမိသွားပါက တွေးကြည့်ရုံဖြင့် အလွန် ရွံစရာ ကောင်းနေပြီ ဖြစ်သည်။
အကယ်၍ အခြားသူများ သိသွားပါက သူ၏ တစ်သက်တာ နာမည်ကောင်းများ အားလုံး ပျက်စီးသွားမည် မဟုတ်ပါလား။
"ကျိုးဟန်... နင့်ကို သတ်ပစ်မယ်..."
ကျိုးဟန် က ၎င်းကို ကိုင်ကာ အကြိမ်ကြိမ် နမ်းနေသည်ကို ဝမ်ယွိဟယ် မြင်လိုက်ရချိန်တွင် လုံးဝ သည်းမခံနိုင်တော့ဘဲ ဓားရှည်ကို ကိုင်ကာ တိုက်ရိုက် ပြေးဝင်လာတော့သည်။
အတွင်းခံ ၏ ချုပ်နှောင်မှု မရှိတော့သဖြင့် သူမ လှုပ်ရှားလိုက်တိုင်း လှိုင်းလုံးကြီးများအလား တုန်ခါနေပြီး ကျိုးဟန် ၏ မျက်စိပင် ပြာသွားစေသည်။
"ဒီကောင်မလေးက တကယ်ကို အာဟာရ ပြည့်ဝတာပဲ... အရှေ့ပိုင်းကို ဒီလောက်တောင် ကောင်းကောင်း ပြုစုပျိုးထောင်ထားတာ..."