အခန်း ၈၀
Vol. 8 Ch. 80
အခန်း (၈၀) မင်းတို့ကို အမြစ်ဖြတ် ရှင်းလင်းမယ်
ဖန့်ဟူ ရောက်လာချိန်တွင် လက်ရှိ အခြေအနေကို အတိအကျ မြင်တွေ့လိုက်ရသည်။
အပြာရောင်နဂါး စွန့်စားသူအဖွဲ့ က အာဏာပြပြီး အနိုင်ကျင့်နေမှန်း ချက်ချင်း နားလည်လိုက်သည်။
ယန်ချင်းလုံ ၏ လွှမ်းမိုးနိုင်စွမ်းကို ရင်ဆိုင်နေရသော်လည်း...
သူ၏ ရှေ့မှ ကျိုးဟန် က သူနှင့် မရင်းနှီးသူ တစ်ယောက် ဖြစ်သော်လည်း...
မွေးရာပါ တရားမျှတမှု ရှိသော သူက မတွေမဝေဘဲ ထွက်ရပ်လိုက်သည်။
ယခု ဖန့်ဟူ ၏ မျက်နှာပေါ်တွင် အနည်းငယ် ကြောက်ရွံ့နေပြီး ယန်ချင်းလုံ ကို ခေါင်းငုံ့ကာ တောင်းပန်နေသည်။
အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူ တစ်ချက်တော့ ကြိုးစားကြည့်ရမည် မဟုတ်ပါလား။
ဖန့်ဟူ ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ကျိုးဟန် လည်း အနည်းငယ် စကားပြောစရာမဲ့ သွားမိသည်။
"ဒီလူက တကယ်ကို အပို အလုပ်တွေ လုပ်နေတာပဲ... မင်းက ဇာတ်လိုက်လည်း မဟုတ်ဘဲနဲ့ သေချင်နေတာလား..."
ဇာတ်လိုက် ၏ ကံကြမ္မာ မပါလာဘဲ ဇာတ်လိုက် ၏ ရောဂါကို ရနေသည် မဟုတ်ပါလား။
ကျိုးဟန် က တရားမျှတမှု အပြည့်ရှိသော လူစားမျိုး မဟုတ်သော်လည်း တရားမျှတမှု အတွက် ရပ်တည်သူများကိုတော့ လေးစားမိသည်။
သူ ထင်ထားသည့်အတိုင်း ယန်ချင်းလုံ ၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုများ ထွက်ပေါ်လာသည်။
"ဖန့်ဟူ... မင်းက ငါနဲ့ ဈေးဆစ်ဖို့ အရည်အချင်း ရှိတယ်လို့ ထင်နေတာလား..."
"မင်းက ဘာကောင်မို့လို့လဲ... ဖန့်ဟူ တဲ့လား... မင်းနာမည်ကတော့ တော်တော်လေး အရှိန်အဝါ ကြီးတယ်... ဘာလို့ ကြောင်ဝဖြိုး လို့ မပေးလိုက်တာလဲ..."
ယန်ချင်းလုံ ၏ မျက်နှာထားက အလွန် မကျေမနပ် ဖြစ်သွားပြီး မျက်နှာသာ နည်းနည်းလေးမှ မပေးဘဲ ပြောလိုက်သည်။
ဤသည်မှာ နံပါတ်တစ် စွန့်စားသူအဖွဲ့ ခေါင်းဆောင် ၏ ယုံကြည်မှု ပင် ဖြစ်သည်။
"ဟားဟားဟား... အခုတော့ သနားစရာ ကြောင်လေး တစ်ကောင် လိုပဲ..."
"ဟားဟား... ရူးသွပ်သော သွေး စွန့်စားသူအဖွဲ့ လို လက်ဝါးလောက် ရှိတဲ့ အဖွဲ့လေးကများ..."
"အခြေအနေမှန်ကို မသိတဲ့ကောင်... ငါတို့ အစ်ကိုနဂါး ကိုများ လာပြီး စည်းကမ်းချက် လာပြောနေသေးတယ်..."
အပြာရောင်နဂါး စွန့်စားသူအဖွဲ့ က လူများ၏ အဆုံးမရှိသော လှောင်ပြောင်မှုများကို ရင်ဆိုင်နေရသော်လည်း...
ရူးသွပ်သော သွေး စွန့်စားသူအဖွဲ့ မှ အဖွဲ့ဝင်များက ရင်ထဲတွင် မွန်းကျပ်နေသော်လည်း ဒေါသ မထွက်ရဲကြပေ။
တစ်ဖက်လူ၏ လက်သီးက ပိုကြီးနေသည်ကို ဘာလုပ်၍ ရမည်နည်း။
သူက လက်နှစ်ဖက်ကို ပိုက်ကာ ကျိုးဟန် ကို လှောင်ပြောင်စွာ ကြည့်လိုက်သည်။
"ဘယ်လိုလဲ... စဉ်းစားလို့ ပြီးပြီလား... ငါ့အချိန်တွေက အကန့်အသတ် ရှိတယ်နော်... အခု ချက်ချင်း ဒူးထောက်ပြီး ခေါင်းခေါက်စမ်း..."
ယန်ချင်းလုံ က သူ၏ ပြောင်နေသော ခေါင်းကို ပွတ်သပ်ကာ သူ၏ မောက်မာ ရိုင်းစိုင်းမှုကို အပြည့်အဝ ပြသလိုက်သည်။
"သေချာပေါက် စဉ်းစားပြီးပြီပေါ့..."
ကျိုးဟန် ၏ တည်ငြိမ်သော အသံအောက်တွင် အဆုံးမရှိသော ဒေါသများ ဖုံးကွယ်နေသည်။
ယခုလိုမျိုး ဖန့်ဟူ အရှက်ခွဲခံရတာကို မြင်လိုက်ရတော့...
မည်သို့ပင်ဖြစ်စေ သူက ကိုယ့်အတွက် ဝင်ပြောပေးခဲ့ခြင်း ဖြစ်သည်။ မိမိက မလိုအပ်သော်လည်း...
ကျိုးဟန် ၏ ရင်ထဲတွင် ကောင်းကင်သို့ ထိုးတက်နေသော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်တော့မည် ဖြစ်သည်။
"မင်း အခြေအနေမှန်ကို သိတာပဲ... နောက်ဆိုရင် မျက်လုံးကို ဖွင့်ထား... ဘယ်သူ့ကိုမှ ရမ်းသန်းပြီး ရန်မစနဲ့..."
ယန်ချင်းလုံ က သူ ထင်ထားသည့်အတိုင်း ဖြစ်လာသဖြင့် ပြုံးလိုက်သည်။
ဤနည်းလမ်းကို သူ အကြိမ်ကြိမ် အသုံးပြုခဲ့ပြီး အမြဲတမ်း အောင်မြင်ခဲ့သည်။ ဤသည်မှာ ကြီးမားသော စွမ်းအားက ယူဆောင်လာပေးသည့် လွှမ်းမိုးနိုင်စွမ်း ပင် ဖြစ်သည်။
ဖန့်ဟူ က ကျိုးဟန် ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ဖြတ်သန်းသွားသည်။
ဤလူငယ်လေးက မကြာမီ လက်တစ်ဖက် ပြတ်သွားပြီး အသုံးမကျသူ တစ်ယောက် ဖြစ်သွားတော့မည်။
သို့သော် သူ ဘာမှ မကူညီနိုင်ခဲ့ပေ။ အကြောင်းမှာ ယန်ချင်းလုံ က အရမ်း အစွမ်းထက်လွန်းပြီး...
ချန်းလဲ့မြို့ ရှိ အဖွဲ့အစည်း အသီးသီးနှင့်လည်း ရှုပ်ထွေးသော ဆက်ဆံရေး ရှိနေသောကြောင့် ဖြစ်သည်။
ယခု လက်ရှိ သူ့တွင် ရင်ဆိုင်နိုင်စွမ်း မရှိသည်ကို မဆိုထားနှင့်...
စွမ်းအား ရှိသော သူများပင်လျှင် ယန်ချင်းလုံ ကို ရန်စရန် အကြိမ်ကြိမ် စဉ်းစားရမည် ဖြစ်သည်။
"ငါ စဉ်းစားပြီးပြီ... ဒီနေ့ မင်းတို့ကို အမြစ်ဖြတ် ရှင်းလင်းမယ်..."
"ဒီနေ့ကစပြီး ချန်းလဲ့မြို့ မှာ အပြာရောင်နဂါး စွန့်စားသူအဖွဲ့ ဆိုတာ မရှိစေရဘူး..."
ကျိုးဟန် က မျက်နှာထား တည်ငြိမ်စွာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်ရာ...
လေထုထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြန့်နှံ့သွားသည်။
"အရမ်း ကောင်းတယ်... မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့..."
ယန်ချင်းလုံ ၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး ဒေါသထွက်ကာ ရယ်မောလိုက်သည်။ ထို့နောက် အနောက်ရှိ အဖွဲ့ဝင်များကို လှည့်ပြောလိုက်သည်။
"ညီအစ်ကိုတို့ ကြားလား... ဒီကောင်က ငါတို့ အပြာရောင်နဂါး စွန့်စားသူအဖွဲ့ ကို ဖျက်ဆီးပစ်မယ်တဲ့..."
သိသာထင်ရှားစွာပင် ကျိုးဟန် ၏ စကားကို သူ လုံးဝ အရေးမစိုက်ခဲ့ပေ။
"ဟားဟားဟား... ငါ အသက် ၄၀ အတွင်းမှာ ကြားဖူးသမျှ အကောင်းဆုံး ဟာသပဲ..."
"ဒါကြောင့် ပြောတာ ဒီကောင်က ကောင်းကင်ဘယ်လောက် မြင့်တယ်ဆိုတာ မသိဘူးလို့... မဟုတ်ရင် ငါတို့ကို ရန်စပါ့မလား..."
ကျိုးဟန် ၏ အေးစက်သော စကားကို ကြားပြီးနောက် လူအုပ်ကြီးမှာ အူတက်မတတ် ရယ်မောနေကြသည်။
ကျိုးဟန် တစ်ယောက်တည်းဖြင့် သူတို့ အားလုံးကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ လုံးဝ မယုံကြည်ကြပေ။
လူငယ်လေး တစ်ယောက်တည်းဖြင့် ဘယ်လောက်တောင် အစွမ်းထက်နိုင်မည်နည်း။
သူတို့ အဖွဲ့ဝင်များက တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသည် မဟုတ်ပါလား။
ပို၍ အစွမ်းထက်သော ယန်ချင်းလုံ ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
"ရယ်လိုက်ကြ... ငရဲကျမှ အားရပါးရ ရယ်ကြ..."
ကျိုးဟန် က ရွှေမြွေဓား ကို ဆွဲထုတ်လိုက်ရာ ဓားသွားက ထက်မြက်ပြီး အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေကာ...
ဓားချီများက မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များကို လွင့်စင်သွားစေသည်။
ဤ သေလူ များနှင့် ဆက်ပြီး အချိန်မဖြုန်းချင်တော့ပေ။
လင်း မိသားစု ဓားသိုင်း ၏ ဒုတိယ စွမ်းရည် ဖြစ်သော ဓားလေဆင်နှာမောင်း ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
"လေပြင်းတိုက်... မိုးကြိုးပစ်..."
တစ်ခဏအတွင်းမှာပင် လေပြင်းများ တိုက်ခတ်ပြီး မိုးကြိုးများ ပစ်ချလာသည်။
အပြာရောင်နဂါး စွန့်စားသူအဖွဲ့ မှ လူအားလုံးကို လွှမ်းခြုံသွားသည်။
ဤစွမ်းရည်၏ ထိခိုက်မှုက သိပ်မများသော်လည်း...
ထိန်းချုပ်နိုင်စွမ်းက အလွန် ကောင်းမွန်သည်။
၉၀ ရာခိုင်နှုန်း မြန်နှုန်း လျှော့ချသည့် အကျိုးသက်ရောက်မှုက အလွန် ရွံစရာ ကောင်းလှသည်။
ယခု ကျိုးဟန် အသုံးပြုလိုက်ခြင်းက သူတို့ အားလုံးကို တစ်ခါတည်း သုတ်သင်ရန် ဖြစ်သည်။
"ဟွန့်... အားလုံး သေရမယ်... တစ်ယောက်မှ ထွက်မပြေးစေရဘူး..."
ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို မြင်လိုက်ရသဖြင့် အားလုံး၏ မျက်နှာပေါ်တွင် အံ့သြသွားကြပြီး...
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ချက်ချင်း ခံစားလိုက်ရသည်။
မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အစားထိုး ဝင်ရောက်လာသည်က ထိတ်လန့်မှုများ ဖြစ်သည်။
"သောက်ကျိုးနည်း... ဒါ ဘာစွမ်းရည်လဲ... ငါ ဘာလို့ လျှောက်လို့ မရတော့တာလဲ... မြန်နှုန်း တွေက ဘာလို့ ဒီလောက်တောင် နှေးသွားတာလဲ..."
"ဘုရားရေ... ဒီလျှပ်စီး တွေက ဘာလို့ ဒီလောက်တောင် ပြင်းရတာလဲ... တစ်ချက်တည်းနဲ့ ငါ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေတယ်..."
"ဒီစွမ်းရည်က ဓားလေဆင်နှာမောင်း မှန်း ငါ သိတယ်... ဒါပေမဲ့ မြန်နှုန်း လျှော့ချတာနဲ့ ထိခိုက်မှု ပမာဏက လုံးဝ မတူဘူး..."
"အခု ဒီအကွာအဝေး ထဲမှာ လှုပ်ရှားဖို့ အရမ်း ခက်ခဲနေပြီ... ငါတို့ လုပ်နိုင်တာက ခုခံဖို့နဲ့ အရိုက်ခံဖို့ပဲ ရှိတော့တယ်... မြန်မြန် အကာအကွယ် ဒိုင်း လုပ်ပေးကြဦး..."
...
စက္ကန့် အနည်းငယ် အတွင်းမှာပင် ကျိုးဟန် ၏ အားအနည်းဆုံး စွမ်းရည်ဖြင့်...
လူအချို့ကို တိုက်ရိုက် သတ်ဖြတ်နိုင်ခဲ့သည်။ သူတို့ကို လုံးဝ ဖရိုဖရဲ ဖြစ်သွားစေသည်။
သို့သော် နံပါတ်တစ် စွန့်စားသူအဖွဲ့ ဖြစ်သည့် အားလျော်စွာ အထောက်အကူပြု အလုပ်အကိုင် အချို့ ပါဝင်လာကြပြီး...
အကာအကွယ် ဒိုင်း၊ သွေးပမာဏ နှင့် ထိခိုက်မှု လျှော့ချခြင်း များကို လုပ်ဆောင်ပေးနိုင်သည်။
အားလုံးက သွေးနည်းနေပြီ ဖြစ်သော်လည်း မသေဆုံးသေးပေ။
မကြာမီ အဆင့်မြှင့်ထားသော ဓားလေဆင်နှာမောင်း ၏ အကျိုးသက်ရောက်မှုက ထွက်ပေါ်လာသည်။
၉၀ ရာခိုင်နှုန်း မြန်နှုန်း လျှော့ချခြင်းက သူတို့ကို အလွန် နာကျင်စေပြီး...
ထွက်ပြေးရန် မဖြစ်နိုင်တော့ဘဲ ခုခံခြင်းနှင့် တိုက်ခိုက်ခြင်းများကိုသာ လုပ်ဆောင်နိုင်တော့သည်။
"ဟင်... မင်းက တော်တော်လေး စွမ်းတာပဲ... ငါ အထင်သေးမိသွားတယ်... ဒါကြောင့်များ လေလုံးထွားရဲတာကိုး..."
ယန်ချင်းလုံ ၏ မျက်နှာပေါ်ရှိ အံ့သြမှုများက လျင်မြန်စွာ ဖြတ်သန်းသွားပြီး ယခင်က အထင်သေးမှုများကို ဖယ်ရှားလိုက်သည်။
"ဒါပေမဲ့ စိတ်မကောင်းစရာပဲ... ဒါတွေက လောက်လောက်လားလား မရှိသေးဘူး..."
"မင်းက အရမ်း အားနည်းသေးတယ်..."
သိသာထင်ရှားစွာပင် ဓားလေဆင်နှာမောင်း က သူ့ကို ကြီးမားသော ထိခိုက်မှု မပေးစွမ်းနိုင်ခဲ့ပေ။
ထို့ကြောင့် သူက ဤကဲ့သို့ စကားမျိုး ပြောဆိုနိုင်ခြင်း ဖြစ်သည်။
စကားပြောပြီးနောက် ယန်ချင်းလုံ က အနက်ရောင် လက်သည်းတု နှစ်ခုကို ထုတ်ယူကာ လက်တွင် တပ်ဆင်လိုက်သည်။
အရှိန်အဝါက ချက်ချင်း ကြမ်းတမ်းလာပြီး လက်သည်းများပေါ်တွင် အေးစက်သော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
သူက အရှိန်မြှင့်တင်လိုက်ပြီး အရိပ်များ ကျန်ရစ်ခဲ့ကာ ကျိုးဟန် ရှိရာသို့ လျင်မြန်စွာ ပြေးဝင်လာသည်။
"ဟင်... မြန်နှုန်း လျှော့ချတာက အလုပ်မဖြစ်ဘူးလား..."
ကျိုးဟန် အနည်းငယ် အံ့သြသွားသော်လည်း ထိုမျှသာ ဖြစ်သည်။
ထို့နောက် သူက တစ်ဖက်လူ၏ အချက်အလက်နှင့် ပစ္စည်းများကို လျင်မြန်စွာ စစ်ဆေးကြည့်လိုက်သည်။
ရူးသွပ်သော ယန်မို စစ်သည် ယန်ချင်းလုံ
အဆင့် - ၆၈
သွေးပမာဏ - ၂၃၆၀၀
တိုက်ခိုက်မှု - ၅၁၀၀
အကာအကွယ် - ၂၆၅၀
လက်နက် - ရူးသွပ်သော ယန်မို လက်သည်း
ဝတ်စုံ - စစ်သည် ဝိညာဉ် ဝတ်စုံ
အဆင်တန်ဆာ - ဘေးကင်းခြင်း အဆောင်
သိုင်းကျမ်း - မီးတောက် လွှမ်းမိုးသော စစ်သည် သိုင်း