← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း (၈၆) အရှုံးမပေးသော စစ်သည် ဝိညာဉ်... အဆင့်တက်နိုင်သော စွမ်းရည်

အရှုံးမပေးသော စစ်သည် ဝိညာဉ်

အရည်အသွေး - ပလက်တီနမ်အဆင့်

အမျိုးအစား - အဆင့်တက်နိုင်သော စွမ်းရည်

အဆင့်တက်မှု - စုစုပေါင်း ထိခိုက်မှု ၁ သန်း ခံရပါက ပိုမို မြင့်မားသော အရည်အသွေးသို့ အဆင့်တက်နိုင်ပြီး အမြင့်ဆုံး ကြယ်ရောင်အဆင့် အထိ တက်လှမ်းနိုင်သည်

ဖော်ပြချက် - စစ်သည် ဝိညာဉ် ဝင်ရောက် ပူးကပ်ပြီး အရှုံးမပေးသော စိတ်ဓာတ် ကို ပိုင်ဆိုင်နိုင်သည်

အကျိုးသက်ရောက်မှု - တိုက်ခိုက်မှု ၄၀ ရာခိုင်နှုန်း နှင့် အကာအကွယ် ၆၀ ရာခိုင်နှုန်း တိုးလာမည်

'ဟင်... အဆင့်တက်နိုင်တဲ့ စွမ်းရည် တစ်ခု ပါလား...'

ဤကဲ့သို့သော အမျိုးအစား စွမ်းရည်ကို ကျိုးဟန် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

ထိခိုက်မှု ခံရရုံဖြင့် ပိုမို မြင့်မားသော အရည်အသွေးသို့ အဆင့်တက်နိုင်ပြီး...

ကြယ်ရောင်အဆင့် အထိ တက်လှမ်းနိုင်သည် ဆိုသည်မှာ အလွန် အစွမ်းထက်လှသည်။

သို့သော် ယခု လက်ရှိ အကျိုးသက်ရောက်မှု ကတော့ အနည်းငယ် သနားစရာ ကောင်းနေပြီး...

တိုက်ခိုက်မှု ၄၀ ရာခိုင်နှုန်း နှင့် အကာအကွယ် ၆၀ ရာခိုင်နှုန်း သာ တိုးလာသဖြင့်...

တကယ်ကို နည်းပါးလွန်းလှသည်။

သို့သော် တစ်ချိန်တည်းမှာပင် အကာအကွယ်နှင့် တိုက်ခိုက်မှု နှစ်မျိုးလုံးကို တိုးမြှင့်ပေးသော စွမ်းရည်များမှာ သိပ်မများလှပေ။

အကယ်၍ ကြယ်ရောင်အဆင့် သို့ တက်လှမ်းသွားပါက အကျိုးသက်ရောက်မှု ပိုမို အစွမ်းထက်လာမည်မှာ သေချာသည်။

ကျိုးဟန် လည်း အများကြီး စဉ်းစားမနေတော့ဘဲ တိုက်ရိုက် အဆင့်မြှင့်တင်လိုက်သည်။

"၆ ကြိမ် အဆင့်မြှင့်မယ်..."

"စနစ် သတိပေးချက်... သင်သည် ၆ ကြိမ် အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်..."

"စနစ် သတိပေးချက်... အချက်အလက်သစ်များ ထွက်ပေါ်လာပါပြီ... ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ..."

နှိပ်ကြည့်လိုက်ရာ အချက်အလက်များက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

အရှုံးမပေးသော စစ်သည် ဝိညာဉ် (၆ ကြိမ်မြှင့်)

အရည်အသွေး - ပလက်တီနမ်အဆင့်

အမျိုးအစား - အဆင့်တက်နိုင်သော စွမ်းရည်

အဆင့်တက်မှု - စုစုပေါင်း ထိခိုက်မှု ၁ ဘီလီယံ ခံရပါက ပိုမို မြင့်မားသော အရည်အသွေးသို့ အဆင့်တက်နိုင်ပြီး အမြင့်ဆုံး ဘုရင်အဆင့် အထိ တက်လှမ်းနိုင်သည် (၀/၁ ဘီလီယံ)

ဖော်ပြချက် - စစ်သည် ဝိညာဉ် ဝင်ရောက် ပူးကပ်ပြီး ဝိညာဉ်ကို ပိုမို အစွမ်းထက်စေကာ အရှုံးမပေးသော ယုံကြည်မှုနှင့် စိတ်ဓာတ်ကို ပိုင်ဆိုင်နိုင်သည်

အကျိုးသက်ရောက်မှု - တိုက်ခိုက်မှု ၂၀၀ ရာခိုင်နှုန်း နှင့် အကာအကွယ် ၃၀၀ ရာခိုင်နှုန်း တိုးလာမည်

ဖတ်ရှုပြီးနောက် ကျိုးဟန် လည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဝိညာဉ် စိတ်ဓာတ်ကို ပိုမို ခိုင်မာစေရုံသာမက အကျိုးသက်ရောက်မှု မြင့်တက်လာခြင်းကလည်း အလွန် သိသာထင်ရှားလှသည်။

တိုက်ခိုက်မှု က ၂ ဆ တိုးလာပြီး အကာအကွယ် က ၃ ဆ တိုးလာသဖြင့်...

ယခု ကျိုးဟန် က ပိုမို ကြောက်မက်ဖွယ် ကောင်းလာမည် ဖြစ်သည်။

အဆင့်တက်နိုင်သော စွမ်းရည် ဖြစ်သဖြင့် ဘုရင်အဆင့် အရည်အသွေး အထိ တက်လှမ်းနိုင်သော်လည်း...

စုစုပေါင်း ထိခိုက်မှု ၁ ဘီလီယံ ခံရမည် ဆိုသော အချက်ကတော့...

ကိန်းဂဏန်း အရ အနည်းငယ် ကြောက်စရာ ကောင်းနေသည်။

တကယ်တော့ ဖြတ်လမ်းနည်း လည်း ရှိသည်။ အခြားသူများကို မိမိအား လာရောက် တိုက်ခိုက်ရန် ခိုင်းစေခြင်း ဖြစ်သည်။

ထို့အပြင် တိုက်ခိုက်ရေး စွမ်းအား မြင့်မားသော သူများကို ရှာဖွေရမည် ဖြစ်ပြီး...

ထိုသို့ လုပ်ဆောင်ရန် ငွေအများအပြား ကုန်ကျမည် ဖြစ်ကာ... တစ်ဖက်လူကလည်း ဤကဲ့သို့သော အလုပ်မျိုးကို အချိန်ပေး လုပ်ချင်မှ လုပ်မည် ဖြစ်သည်။

"ဖြစ်လာမှပဲ ကြည့်ရတော့မယ်... ဘယ်လိုပဲဖြစ်ဖြစ် အခု စွမ်းရည် အဆင့်တက်ဖို့က သိပ်မလောသေးပါဘူး..."

ထိုအကြံကို ကျိုးဟန် မှတ်သားထားလိုက်ပြီး...

ဓားနတ်ဘုရား ကျောင်းတော် သို့ ပြန်ရောက်သည့်အခါ ဓားဘုရင် နျဲ့ထျန်ချန် ကို သွားရှာကာ...

သူ့ဆီမှာ နည်းလမ်း တစ်ခုခု ရှိမလား မေးကြည့်ရမည်။

သို့သော် ယခု အချိန်တွင် ထိုကိစ္စများကို ဘေးဖယ်ထားရမည် ဖြစ်ပြီး...

ယခု အရိုး ဂူ ၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိနေပြီ ဖြစ်ရာ...

မြေပုံပေါ်ရှိ အမှတ်အသား အရ တစ္ဆေ ဓားသမား မှာ ဤနေရာတွင် ရှိနေသင့်သည်။

သို့သော် တစ်ဖက်လူက လုံးဝ ထွက်ပေါ်မလာသေးပေ။

စောစောက သူနှင့် အရိုး ဘုရင် တို့၏ တိုက်ပွဲက အလွန် ကြီးမားလှရာ...

တစ်ဖက်လူ အနေဖြင့် မသိဘဲ နေမည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။ တစ်ဖက်လူက ပုန်းအောင်းနေခြင်း ပင်။

တွေးပြီးသည်နှင့် ကျိုးဟန် က ချီခံစားခြင်း စွမ်းရည်ကို အသုံးပြု၍...

တစ်ဖက်လူ၏ အသက်ရှူသံကို ရှာဖွေရန် ပြင်လိုက်သည်။

ထိုအချိန်တွင် လေထုထဲတွင် လှုပ်ခတ်မှု တစ်ခု ဖြစ်ပေါ်လာသည်။

အေးစက်သော ဓားချီ တစ်ခုက အဆိပ်ပြင်း မြွေ တစ်ကောင် သေမင်းတမန် တိုက်ခိုက်မှု ပြုလုပ်လိုက်သကဲ့သို့...

အသံတိတ် တိတ်ဆိတ်စွာဖြင့် သူ့ထံသို့ ဝင်ရောက်လာသည်ကို ကျိုးဟန် ခံစားလိုက်ရသည်။

အရှိန်အဝါ သိပ်မပြင်းထန်သော်လည်း စွမ်းအားကတော့ မသေးငယ်ပေ။

ဤတိုက်ကွက် တစ်ချက်တည်းဖြင့်ပင် တစ်ဖက်လူ၏ ဓားသိုင်း ကျွမ်းကျင်မှုကို မြင်တွေ့နိုင်ပြီး...

တစ်ဖက်လူ မည်သူ ဖြစ်သည် ဆိုသည်မှာ အထူးတလည် ပြောနေစရာပင် မလိုတော့ပေ...

အကဲဖြတ်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်ပြီးနောက် ထွက်ပေါ်လာသော အချက်အလက်များက...

ကျိုးဟန် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။

တစ္ဆေ ဓားသမား

အဆင့် - ၇၅

သွေးပမာဏ - ၃၆၆၀၀

တိုက်ခိုက်မှု - ၇၂၀၀

အကာအကွယ် - ၂၉၅၀

လက်နက် - တစ္ဆေ ဓား

ဝတ်စုံ - အရိပ် ဝတ်စုံ

အဆင်တန်ဆာ - ပုန်းကွယ်ခြင်း လက်စွပ်

သိုင်းကျမ်း - မိစ္ဆာဝိညာဉ် ဓားသိုင်း

တစ္ဆေ ဓားသမား ၏ အဆင့်က ၇၅ သို့ ရောက်ရှိနေပြီး အချက်အလက်များ အားလုံးကလည်း အတော်လေး အစွမ်းထက်လှသည်။

နောက်ဆုံးအထိ ကြည့်ပြီးနောက် ကျိုးဟန် လည်း နားလည်သွားတော့သည်။

တစ်ဖက်လူတွင် အရိပ် ဝတ်စုံ နှင့် ပုန်းကွယ်ခြင်း လက်စွပ် ရှိနေပြီး...

ထိုပစ္စည်း နှစ်ခုလုံးက ပုန်းကွယ်ခြင်းနှင့် တိတ်တဆိတ် သွားလာခြင်း အကျိုးသက်ရောက်မှုများ ပါဝင်သည်။

ဓားနတ်ဘုရား ကျောင်းတော် မှ သစ္စာဖောက် ထွက်ပြေးလာပြီး ဤနှစ်ပေါင်းများစွာ ကြာသည်အထိ အဖမ်းမခံရခြင်းမှာ...

သူ့တွင် ထူးခြားသော စွမ်းရည်များ ရှိနေသောကြောင့် ဖြစ်သည်မှာ သေချာလှသည်။

"သိုင်းကျင့်စဉ် မပါဘဲနဲ့ ငါ့ကိုတောင် ချောင်းမြောင်း တိုက်ခိုက်ရဲတယ်ပေါ့လေ..."

တစ်ဖက်လူ၏ အချက်အလက်များက အစွမ်းထက်သော်လည်း ကျိုးဟန် နှင့် ယှဉ်လျှင်တော့ ကွာဟချက် ရှိနေသေးသည်။

ထို့အပြင် တစ်ဖက်လူ၏ စွမ်းရည် ထိခိုက်မှုများက ကျိုးဟန် နှင့် လုံးဝ အဆင့်တူ မဟုတ်ပေ။

ထို့ကြောင့် ဤအရာက ကျိုးဟန် အတွက် အနည်းငယ်မျှ ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။

"ဒီနေ့ ငါက ဓားနတ်ဘုရား ကျောင်းတော် ကိုယ်စား မင်းရဲ့ ခေါင်းကို လာယူတာပဲ..."

အကြွင်းမဲ့ စွမ်းအား ရှေ့တွင် မည်သို့သော နတ်ဆိုး သရဲတစ္ဆေများ ဖြစ်စေ တိမ်တိုက်များ အလား လွင့်စင်သွားမည်သာ ဖြစ်သည်။

ကျိုးဟန် ၏ မျက်နှာထား ပြောင်းလဲသွားခြင်း မရှိဘဲ ရွှေမြွေဓား ကို ဆွဲထုတ်လိုက်ရာ...

ရွှေရောင် ဓားချီများ ကောင်းကင်သို့ ထိုးတက်သွားပြီး တစ်ဖက်လူ၏ စွမ်းရည်ကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်သည်။

"ဟဲဟဲ... မင်းက တကယ်ကို ဓားနတ်ဘုရား ကျောင်းတော် က လွှတ်လိုက်တဲ့ သူပဲ..."

"အဲဒီ အဖိုးကြီးတွေက တကယ်ကို လက်မလျှော့ကြသေးဘူးပဲ... ငါ့ကို မသေမချင်း သတ်ဖို့ လုပ်နေကြတာ..."

တစ္ဆေ ဓားသမား ၏ အက်ကွဲနေသော အသံ ထွက်ပေါ်လာပြီး မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ကျိုးဟန် ၏ စကားကို ကြားပြီးနောက် ကျိုးဟန် က ဓားနတ်ဘုရား ကျောင်းတော် မှ လာသူ ဖြစ်ကြောင်း လျင်မြန်စွာ ခန့်မှန်းမိလိုက်ပြီး...

တစ်ဖက်လူ၏ ရည်ရွယ်ချက်ကိုလည်း ရိပ်မိသွားသည်။

"လူငယ်လေး တစ်ယောက်ကို ငါ့ကို သတ်ဖို့ လွှတ်လိုက်တယ် ဟုတ်လား... အဲဒီ အဖိုးကြီးတွေ တကယ်ကို စိတ်ကူးယဉ် ဆန်လွန်းတယ်..."

"ငါ တစ်လောကလုံးကို လွှမ်းမိုးခဲ့တဲ့ အချိန်က မင်းက နို့သောက်နေရတုန်းပဲ ရှိဦးမယ်..."

"ငါ့ရဲ့ မိစ္ဆာဝိညာဉ် ဓားသိုင်း ကို မြည်းစမ်းကြည့်ပြီး သေလိုက်တော့..."

တစ္ဆေ ဓားသမား က ပါးစပ်မှ ထိုသို့ ပြောနေသော်လည်း မျက်လုံးထဲတွင်တော့ လေးနက်မှု အချို့ ဖြတ်သန်းသွားသည်။

စောစောက ကျိုးဟန် က အရိုး ဘုရင် ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

ထိုသို့ ပြတ်ပြတ်သားသား သူ မလုပ်နိုင်သော်လည်း သူနှင့် အများကြီး မကွာခြားလှဟု ယုံကြည်ထားသည်။

ထို့ကြောင့် သူက ချောင်းမြောင်း တိုက်ခိုက်သည့် နည်းလမ်းကို အသုံးပြုကာ ကျိုးဟန် ကို ပြင်းထန်စွာ ဒဏ်ရာရစေရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် သူက အသာစီး ရမည် ဖြစ်သည်။

သို့သော် တစ်ဖက်လူ၏ စွမ်းအားက သူ ထင်ထားသည်ထက် အများကြီး ပိုမို အစွမ်းထက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထို့ကြောင့် သူက ပါးစပ်မှ မောက်မာသော စကားများ ဆက်တိုက် ပြောနေရင်း တစ်ဖက်တွင်တော့ ထွက်ပြေးရန် နည်းလမ်း ရှာနေသည်။

တစ္ဆေ ဓားသမား ၏ စွမ်းရည် ထွက်ပေါ်လာသည်နှင့် အမျှ...

အနက်ရောင် ဓားချီများ ကြားတွင် မှိန်ဖျော့ဖျော့ မိစ္ဆာဝိညာဉ် တစ်ခု ဖြစ်ပေါ်လာသည်။

၎င်းက အေးစက်သော မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ချက်ချင်းပင် ဝိညာဉ် ကြိုးများ အများအပြား ထွက်ပေါ်လာပြီး...

ကျိုးဟန် ၏ ဝိညာဉ်ကို ရစ်ပတ်ကာ ဝိညာဉ် စွမ်းအားများကို စုပ်ယူရန် ကြိုးစားတော့သည်။

"ဟက်... မိစ္ဆာဝိညာဉ် ဟုတ်လား... ငါ့ရဲ့ ဝိညာဉ်ရိပ် ထိုးနှက်ချက် ကို စမ်းကြည့်ပါဦး..."

ဝိညာဉ်ဆူး ၃ ချောင်း က ချက်ချင်း ပြေးထွက်သွားသည်။

မိစ္ဆာဝိညာဉ် မှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ တိုက်ရိုက် ထိုးဖောက်ခံလိုက်ရသည်။

"အား... အား..."

စူးရှသော အော်ဟစ်သံများက ဟာလာဟင်းလင်း ဖြစ်နေသော ဂူကြီး ထဲတွင် ပဲ့တင်ထပ်သွားပြီး အရိုးထိအောင် နာကျင်နေပုံ ရသည်။

မူလက မှိန်ဖျော့ဖျော့ ဖြစ်နေသော မိစ္ဆာဝိညာဉ် မှာ ချက်ချင်း ပိုမို ပွင့်လင်းမြင်သာ ဖြစ်သွားပြီး...

လေထုထဲတွင် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့် ပုံပင်။

"အား... အရမ်း နာတယ်..."

မိစ္ဆာဝိညာဉ် က တစ္ဆေ ဓားသမား နှင့် ဆက်စပ်နေပုံ ရပြီး သူလည်း ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။

ထိုအချိန်တွင် ကျိုးဟန် ၏ ရွှေရောင် ဓားချီများက ထပ်မံ လှိမ့်ဝင်လာပြန်သည်။

-၃၁၅၆၉

တစ္ဆေ ဓားသမား ၏ ခန္ဓာကိုယ်ကြီး တိုက်ရိုက် လွင့်စင်သွားပြီး ကျောက်နံရံ တွင် မြုပ်ဝင်သွားကာ...

သွေးပမာဏ ၅ ထောင် ကျော်သာ ကျန်ရှိတော့သည်။

ယခုအချိန်တွင် သူ လုံးဝ မလှုပ်ရဲတော့ဘဲ အသက်ရှူသံနှင့် နှလုံးခုန်သံများပါ ရပ်တန့်သွားသည်။

လုံးဝ မလှုပ်ရှားတော့ဘဲ အသေဟန်ဆောင် နေတော့သည်။

"ဟဲဟဲ... အသေဟန်ဆောင် နေတုန်းပဲလား..."

"ငါက မင်းရဲ့ ခေါင်းကို ယူရမှာလေ... အသေဟန်ဆောင် နေလည်း အပိုပဲ..."

တစ်ဖက်လူ၏ ဤလှည့်ကွက်ကို ကျိုးဟန် က တစ်ချက်တည်းဖြင့် ဖောက်ထွင်း သိမြင်သွားသည်။

ပထမအချက် အနေဖြင့် ကျိုးဟန် က တစ်ဖက်လူ၏ သွေးပမာဏ ကို မြင်တွေ့နေရခြင်းကို မဆိုထားနှင့်...

အကယ်၍ တစ်ဖက်လူ တကယ် သေသွားလျှင်တောင် သူက ခေါင်းကို ဖြတ်ယူရမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နိုးထခြင်း တာဝန် (၅) ၏ တောင်းဆိုချက်က ထိုသို့ ဖြစ်နေသောကြောင့် ဖြစ်သည်။

"မင်း တကယ်ပဲ အမြစ်ဖြတ် ရှင်းလင်းပစ်ချင်နေတာလား..."

"မင်း ဓားနတ်ဘုရား ကျောင်းတော် ရဲ့ လျှို့ဝှက်ချက် တွေကို မသိချင်ဘူးလား... ပြီးတော့ သူတို့ ငါ့ကို ဘာလို့ လိုက်သတ်နေတာလဲ ဆိုတာကော..."

မိမိ၏ လှည့်ကွက်ကို သိသွားကြောင်း မြင်လိုက်ရသဖြင့် တစ္ဆေ ဓားသမား ၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားပြီး...

စိတ်ကို လျင်မြန်စွာ လည်ပတ်ကာ ချက်ချင်း ပြောလိုက်သည်။

ကျိုးဟန် ၏ အာရုံကို လွှဲပြောင်းရန် ကြိုးစားပြီး...

ထွက်ပြေးရန် အခွင့်အရေးကို ရှာဖွေနေခြင်း ဖြစ်သည်။

All Chapters