အခန်း ၈၇
Vol. 9 Ch. 87
အခန်း (၈၇) လေကိုစီး၍ ပျံသန်းခြင်း... စွမ်းရည်သစ်
'အာရုံလွှဲဖို့ မကြိုးစားနဲ့... ဒီနေ့ မင်း သေချာပေါက် သေရမယ်... ဒါ ငါပြောတာပဲ...'
ဤသည်က မိမိ၏ နိုးထခြင်း တာဝန်နှင့် သက်ဆိုင်နေသည်။
ထို့အပြင် ထိုလျှို့ဝှက်ချက် ဆိုသည်များကိုလည်း သူ လုံးဝ စိတ်မဝင်စားပေ။
ပြီးတော့ တစ်ဖက်လူက ရမ်းသန်း လိမ်ညာနေခြင်း လား ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။
ကျိုးဟန် အနေဖြင့် အချိန်မဖြုန်းချင်တော့ပေ။ ဝတ္ထုဖတ်သည်ဖြစ်စေ၊ ဇာတ်လမ်းတွဲ ကြည့်သည်ဖြစ်စေ...
လူဆိုးများက စကားများ၍ သေရသည် ဆိုသော အချက်ကို သူ အမြဲတမ်း မှတ်ထားသည်။
ထို့ကြောင့် လူဆိုးများကဲ့သို့ အပိုစကားများ ပြောနေပြီး...
ရန်သူကို အခွင့်အရေး ပေးမည် မဟုတ်ပေ။
ထင်သည့်အတိုင်းပင် တစ္ဆေ ဓားသမား က ကျိုးဟန် ၏ လှည့်ကွက်ထဲ မဝင်သွားသည်ကို မြင်လိုက်ရသဖြင့်...
ရင်ထဲတွင် ချက်ချင်း မျှော်လင့်ချက်မဲ့သွားသည်။
ဤလူငယ်လေးက သာမန် လူငယ်တစ်ယောက် ရှိသင့်သည့် စိတ်နေစိတ်ထားမျိုး လုံးဝ မရှိပေ။
"တစ္ဆေရိပ် ပုန်းကွယ်ခြင်း နည်းလမ်း..."
စကားသံ အဆုံးတွင် သူက မှိန်ဖျော့ဖျော့ အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားပြီး...
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော မြန်နှုန်းကို ရရှိကာ...
အရိပ် တစ်ခု အဖြစ် ဂူအပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
သိသာထင်ရှားစွာပင် တစ္ဆေ ဓားသမား က ဤအတိုင်း အဖမ်းခံရန် မရည်ရွယ်ထားပေ။
သူ အကျွမ်းကျင်ဆုံး ထွက်ပြေးသည့် နည်းလမ်းကို တိုက်ရိုက် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
မူလက ကျိုးဟန် အာရုံလွှဲသွားချိန်တွင် ဤနည်းလမ်းကို အသုံးပြုရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး ပိုများမည် ဖြစ်သည်။
သို့သော် ယခု အခြား ရွေးချယ်စရာ မရှိတော့သဖြင့် အတင်းအဓမ္မ အသုံးပြုလိုက်ရခြင်း ဖြစ်သည်။
"ငါနဲ့ အမြန်နှုန်း လာယှဉ်တာလား... မင်း အရည်အချင်း မမီသေးပါဘူး..."
ပေါ့ပါးခြင်း လက်စွပ် ၏ မြန်နှုန်း အားဖြည့်မှု အပြင် ကြာနီ ဝတ်စုံ ၏ မြန်နှုန်း တိုးမြှင့်မှု များကြောင့်...
ယခုအချိန်အထိ အမြန်နှုန်းပိုင်းတွင် ကျိုးဟန် ကို ယှဉ်နိုင်သူ မရှိသေးပေ။
ကျိုးဟန် ၏ ခြေထောက်များက အားယူကာ အလျင်အမြန် လိုက်လံ ဖမ်းဆီးတော့သည်။
"ဒီ ပုန်းကွယ်ခြင်း နည်းလမ်း က တကယ်ကို မဆိုးဘူး... ချက်ချင်း ၃ ဆ လောက် မြန်နှုန်း တက်သွားပြီး အချိန်ကြာလာတာနဲ့ အမျှ တဖြည်းဖြည်း လျော့ကျသွားတာပဲ..."
တစ္ဆေ ဓားသမား ပုန်းကွယ်ခြင်း နည်းလမ်းကို စတင် အသုံးပြုလိုက်သည့် တစ်ခဏတွင်...
ကျိုးဟန် ပင် အမီမလိုက်နိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ကျိုးဟန် တွင် အမြန်နှုန်း တိုးမြှင့်ပေးသော စွမ်းရည် မရှိသေးပေ။
သို့သော် ဤနည်းလမ်းက အချိန် ကြာရှည်စွာ မခံနိုင်သဖြင့်...
မကြာမီ ကျိုးဟန် က အမီလိုက်နိုင်ခဲ့ပြီး ဓားတစ်ချက်တည်းဖြင့် သူ့ကို အဆုံးစီရင်လိုက်သည်။
တစ္ဆေ ဓားသမား သေဆုံးခါနီး အချိန်အထိ သူ၏ မျက်လုံးများထဲတွင် အံ့သြမှုများ ကျန်ရစ်နေဆဲ ဖြစ်သည်။
ဤကဲ့သို့သော အမြန်နှုန်း က သူ့ကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့သည်။ ဓားနတ်ဘုရား ကျောင်းတော် တွင် ဤမျှလောက် ထူးချွန်သော ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သူ တကယ်ကို ကံဆိုးလွန်းလှသည်။
ဤနှစ်ပေါင်းများစွာ ထွက်ပြေး ပုန်းရှောင်နေခဲ့သော်လည်း နောက်ဆုံးတွင် ဘေးအန္တရာယ်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
အချိန်များစွာ မဖြုန်းတော့ဘဲ ကျိုးဟန် က တစ္ဆေ ဓားသမား ၏ ခေါင်းကို ဖြတ်ယူလိုက်သည်။
ဤသည်မှာ နိုးထခြင်း တာဝန် (၅) ကို ပြီးမြောက်ရန် လိုအပ်သော အရာ ဖြစ်သည်။
"ဟင်... ပစ္စည်း ၃ ခု ကျလာတယ်... ဘယ် အရည်အသွေး တွေလဲ မသိဘူး..."
ကျိုးဟန် က လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော စွမ်းအင်များက...
ထိုပစ္စည်းများကို လိပ်ယူကာ ကျိုးဟန် ၏ လက်ထဲသို့ ပို့ဆောင်ပေးလိုက်သည်။
ပထမ ပစ္စည်းမှာ စိန်အဆင့် အရည်အသွေး ရှိသော ကောင်းကင် ဆေးလုံး ဖြစ်သည်။
အဆင့်မြှင့်ပြီးနောက် အချက်အလက်များ ထွက်ပေါ်လာသည်။
ကောင်းကင် ဆေးလုံး (၇ ကြိမ်မြှင့်)
အရည်အသွေး - စိန်အဆင့်
ဖော်ပြချက် - ကောင်းကင်နှင့် မြေကြီး ၏ ဆီနှစ်များကို စုဆောင်း ဖော်စပ်ထားပြီး ကြီးမားသော စွမ်းအားများ ပါဝင်သည်
အကျိုးသက်ရောက်မှု - တိုက်ခိုက်မှု ၁၀၀၀ တိုးလာမည်ဖြစ်ပြီး ဝိညာဉ် စွမ်းအားကို ပိုမို ခိုင်မာစေသည်
ရှင်းလင်းချက် - ၅ လုံးသာ သောက်သုံးနိုင်ပြီး ထပ်မံ သောက်သုံးပါက အကျိုးသက်ရောက်မှု မရှိတော့ပါ
တိုက်ခိုက်မှုကို တိုးမြှင့်ပေးပြီး ဝိညာဉ်ကိုလည်း အားဖြည့်ပေးသဖြင့်...
ကျိုးဟန် လည်း တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် မျိုချလိုက်သည်။
ခရမ်းရောင် အငွေ့အသက် တစ်ခုက ခန္ဓာကိုယ်ထဲတွင် စက္ကန့်အနည်းငယ်ခန့် လှည့်ပတ်သွားသည်။
လေပူ တစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် တိုက်ခိုက်ရေး စွမ်းအား သိသိသာသာ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
ဆက်လက်၍ ဒုတိယ ပစ္စည်းကို ကြည့်လိုက်သည်။
ကြယ်တာရာ ယပ်တောင်
အရည်အသွေး - ကြယ်ရောင်အဆင့်
အချက်အလက် - တိုက်ခိုက်မှု ၈၀၀ နှင့် သာမန် တိုက်ခိုက်မှုတွင် မူးဝေစေရန် ၁၀ ရာခိုင်နှုန်း တိုးလာမည်
အကျိုးသက်ရောက်မှု - ကြယ်တာရာ အလင်းတန်းများကို ဆင့်ခေါ်ကာ ၃၀ မီတာ အတွင်းရှိ ရန်သူ အားလုံးကို တိုက်ခိုက်သည်
ဖော်ပြချက် - ကြယ်တာရာ များ၏ လျှို့ဝှက်ချက်များ ပါဝင်ပြီး မူးဝေစေသော အကျိုးသက်ရောက်မှု ပါဝင်ကာ တိုက်ခိုက်မှုနှင့် ထိန်းချုပ်မှု နှစ်မျိုးလုံး ပါဝင်သဖြင့် အလွန် အစွမ်းထက်သည်
ရှင်းလင်းချက် - ကြယ်တာရာ မှော်ဆရာ နှင့် နတ်ဆိုး မှော်ဆရာ အလုပ်အကိုင် များသာ အသုံးပြုနိုင်သည်
ကြယ်ရောင်အဆင့် လက်နက် တစ်ခု ဖြစ်ပြီး မူးဝေစေသော အကျိုးသက်ရောက်မှု ပါဝင်သဖြင့် တကယ်ကို အစွမ်းထက်လှသည်။
သို့သော် ကျိုးဟန် က ဓားဝိညာဉ် အလုပ်အကိုင် ဖြစ်သဖြင့် အသုံးပြု၍ မရပေ။
ခေါင်းခါကာ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီး...
ကျိုးဟန် က နောက်ဆုံး ပစ္စည်းကို ကြည့်လိုက်ရာ စွမ်းရည် စာအုပ် တစ်အုပ် ဖြစ်နေသည်။
"တစ္ဆေရိပ် ပုန်းကွယ်ခြင်း နည်းလမ်း များ ဖြစ်နေမလား..."
သူ၏ မျက်လုံးများ အရောင်လက်သွားပြီး အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်လာသည်။
အကယ်၍ ဤစွမ်းရည်မျိုး ရရှိပါက ကျိုးဟန် အတွက် ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ဖြစ်မည်မှာ သေချာသည်။
သူ့ကိုယ်တိုင်၏ အမြန်နှုန်း က အလွန် မြန်ဆန်နေပြီ ဖြစ်ရာ ဤစွမ်းရည်ကိုပါ အသုံးပြုလိုက်ပါက မည်မျှ မြန်ဆန်သွားမည်ကို တွေးကြည့်၍ပင် မရနိုင်တော့ပေ။
တွေးမိသည်နှင့် ကျိုးဟန် လည်း အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
စွမ်းရည် စာအုပ် ပေါ်တွင် လေဟုန်စီး ခြေလှမ်း ဟူသော စာလုံး ၄ လုံးကို ရေးသားထားသည်။
"ဟင်... တစ္ဆေရိပ် ပုန်းကွယ်ခြင်း နည်းလမ်း မဟုတ်ဘူးပဲ... အလကား ပျော်သွားတာပဲ..."
ကျိုးဟန် လည်း ချက်ချင်း စိတ်ပျက်သွားမိသည်။
သို့သော်လည်း စိတ်ရှည်ရှည်ဖြင့် ဆက်လက် ဖတ်ရှုလိုက်သည်။
လေဟုန်စီး ခြေလှမ်း
အရည်အသွေး - စိန်အဆင့်
အမျိုးအစား - လှုပ်ရှားမှု စွမ်းရည်
ဖော်ပြချက် - လေ၏ စွမ်းအားကို အသုံးပြု၍ ပုံစံမျိုးစုံဖြင့် လှုပ်ရှား သွားလာနိုင်သည်
အကျိုးသက်ရောက်မှု - ရှောင်တိမ်းနိုင်စွမ်း ၁၀ ရာခိုင်နှုန်း နှင့် မြန်နှုန်း ၅ ရာခိုင်နှုန်း တိုးလာမည်
ဖတ်ရှုပြီးနောက် ဤသည်မှာ လှုပ်ရှားမှု စွမ်းရည် တစ်ခု ဖြစ်ပြီး...
လေ၏ စွမ်းအားကို အသုံးပြုကာ လျင်မြန်စွာ လှုပ်ရှား၍ ရန်သူ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် ဖြစ်ကြောင်း နားလည်သွားသည်။
"သိပ် အသုံးဝင်မယ့် ပုံ မပေါ်ဘူး... တိုက်ရိုက် ပေါင်းစပ်လိုက်တာပဲ ကောင်းမယ်..."
လှုပ်ရှားမှု စွမ်းရည်များကို ကျိုးဟန် လုံးဝ မလိုအပ်ပေ။
သူ့တွင် ပြန်လည် ထိခိုက်စေသော နတ်ဘုရားအဆင့် သိုင်းကျမ်း ရှိနေပြီ ဖြစ်ရာ...
ရှောင်တိမ်း နေရန် မလိုအပ်ပေ။
အသုံးမဝင်သဖြင့် စမ်းသပ် ပေါင်းစပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ပေါင်းစပ်ပြီးနောက် ရရှိလာမည့် စွမ်းရည်က ကျပန်း ဖြစ်သော်လည်း...
အနည်းဆုံး အရည်အသွေး တစ်ဆင့် တက်သွားပြီး ကြယ်ရောင်အဆင့် သို့ ရောက်ရှိသွားမည် ဖြစ်ရာ...
အကျိုးသက်ရောက်မှု လည်း ပိုမို အစွမ်းထက်လာမည်မှာ သေချာသည်။
ကျိုးဟန် က လေပေါ်ပျံသန်းခြင်း၊ လေမိုးကြိုးအက နှင့် လေဟုန်စီး ခြေလှမ်း တို့ကို ပေါင်းစပ်လိုက်သည်။
"စနစ် သတိပေးချက်... ပေါင်းစပ်မှု အောင်မြင်ပါသည်... စွမ်းရည်သစ် ထွက်ပေါ်လာပါပြီ... ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ..."
'စွမ်းအားပြည့်တဲ့ စွမ်းရည် တစ်ခု ရပါစေလို့ ဆုတောင်းပါတယ်...'
လေမိုးကြိုး ပြေးလွှားခြင်း
အရည်အသွေး - ကြယ်ရောင်အဆင့်
အမျိုးအစား - အထွေထွေ
ဖော်ပြချက် - လေဓာတ် နှင့် မိုးကြိုးဓာတ် ကို အသုံးပြု၍ ရန်သူကို တိုက်ခိုက်သည်
အကျိုးသက်ရောက်မှု - မြန်နှုန်း ၁၅ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပြီး ၆ ဆ ထိခိုက်မှု ပေးစွမ်းမည်
အကျိုးသက်ရောက်မှု က မဆိုးပေ။ မြန်နှုန်း ကို တိုးမြှင့်ပေးနိုင်သလို တိုက်ခိုက်မှု လည်း ပေးစွမ်းနိုင်သည်။
အဆင့်မြှင့်ပြီးပါက အကျိုးသက်ရောက်မှု ပိုမို အစွမ်းထက်လာမည်မှာ သေချာသည်။
ထိုသို့ တွေးမိသည်နှင့် ကျိုးဟန် က တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် အဆင့်မြှင့်လိုက်သည်။
"၈ ကြိမ် အဆင့်မြှင့်မယ်..."
"စနစ် သတိပေးချက်... အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်... အချက်အလက်များကို စစ်ဆေးကြည့်ပါ..."
နှိပ်ကြည့်လိုက်ရာ အချက်အလက်သစ်များ ထွက်ပေါ်လာသည်။
လေမိုးကြိုး ပြေးလွှားခြင်း (၈ ကြိမ်မြှင့်)
အရည်အသွေး - ကြယ်ရောင်အဆင့်
အမျိုးအစား - အထွေထွေ
ဖော်ပြချက် - လေဓာတ် နှင့် မိုးကြိုးဓာတ် ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး ရန်သူကို ရင်ဆိုင်ရာတွင် လိုက်လျောညီထွေစွာ အသုံးပြုနိုင်သည်
အကျိုးသက်ရောက်မှု ၁ - လေကိုစီး၍ ပျံသန်းနိုင်ပြီး မိမိ၏ မြန်နှုန်း ၁၀၀ ရာခိုင်နှုန်း တိုးလာကာ ပစ်မှတ်၏ မြန်နှုန်း ၃၀ ရာခိုင်နှုန်း လျော့ကျသွားမည်
အကျိုးသက်ရောက်မှု ၂ - မိုးကြိုးပစ်ချခြင်း ဖြင့် ၁၀ မီတာ အတွင်းရှိ ရန်သူအားလုံးကို မိုးကြိုးဓာတ် ဖြင့် အဆ ၂၀ ထိခိုက်စေသည်
ထင်သည့်အတိုင်းပင် အဆင့်မြှင့်ပြီးနောက် ကြယ်ရောင်အဆင့် စွမ်းရည် များက နတ်ဘုရားအဆင့် စွမ်းရည် များကိုပင် ယှဉ်နိုင်လာသည်။
ယခင်က လေနှင့် မိုးကြိုး ဓာတ်များကို သာမန်မျှသာ အသုံးပြုနိုင်ခဲ့သော်လည်း... ယခု ကျွမ်းကျင်စွာ အသုံးပြုလာနိုင်ပြီး လိုက်လျောညီထွေစွာလည်း အသုံးချနိုင်လာသည်။
စာလုံး အနည်းငယ် ကွာခြားသွားသော်လည်း အဓိပ္ပာယ်ကတော့ ကြီးမားသော ကွာဟချက် ရှိနေသည်။
ဤသည်မှာ အတွေ့အကြုံ မရှိသူ နှင့် ဆရာကြီး တို့၏ ကွာခြားချက် ပင် ဖြစ်သည်။
စိတ်ကို စုစည်းကာ ကျိုးဟန် က ဆက်လက် ဖတ်ရှုလိုက်သည်။
'ဘာ... လေကိုစီးပြီး ပျံသန်းနိုင်တယ် ဟုတ်လား...'
'သောက်ကျိုးနည်း... ငါ တကယ်ကြီး ပျံသန်းလို့ ရပြီလား...'
အကျိုးသက်ရောက်မှု ၂ ကိုပင် ဆက်မဖတ်နိုင်တော့ဘဲ ကျိုးဟန် က ချက်ချင်း စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
စိတ်လှုပ်ရှားနေသော နှလုံးသား နှင့် တုန်ယင်နေသော လက်များ။
ပျံသန်းနိုင်စွမ်း ကို မည်သူ မလိုချင်ဘဲ နေမည်နည်း။ ကျိုးဟန် လည်း ချွင်းချက် မဟုတ်ပေ။
ယခင်က လေပေါ်ပျံသန်းခြင်း စွမ်းရည် ရှိခဲ့သော်လည်း ၁၀ မီတာ အမြင့်တွင်သာ ဝဲပျံနိုင်ခဲ့ပြီး...
ထိုအမြင့်က တကယ်တမ်း ပြောရလျှင် သိပ်မလှုပ်ရှားနိုင်ပေ။
ယခု လေကိုစီး၍ ပျံသန်းခြင်း စွမ်းရည် က ယခင် စွမ်းရည် ထက် ပိုမို အစွမ်းထက်မည်မှာ သေချာသော်လည်း...
မည်မျှ အမြင့် အထိ ပျံသန်းနိုင်မည်ကိုတော့ စမ်းသပ်ကြည့်မှသာ သိနိုင်မည် ဖြစ်သည်။
"စနစ် သတိပေးချက်... စွမ်းရည်သစ် တစ်ခု တွေ့ရှိပါသည်... သင်ယူမည်လား..."
အတည်ပြုလိုက်ပြီးနောက်...
စွမ်းရည် စာအုပ် က အစိမ်းရောင်နှင့် ခရမ်းရောင် ရောစပ်နေသော အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားပြီး...
လေပြင်းများ တိုက်ခတ်လာကာ မိုးကြိုးများ၏ ပြင်းထန်သော အရှိန်အဝါ များနှင့်အတူ...
ကျိုးဟန် ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
မိနစ်အနည်းငယ် အကြာတွင် ကျိုးဟန် လည်း ထိုစွမ်းအားများကို အပြည့်အဝ အသားကျသွားတော့သည်။
ခေါင်းထဲတွင်လည်း လေနှင့် မိုးကြိုး အကြောင်း နားလည်မှု အများအပြား တိုးလာခဲ့သည်။