← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) နိုးထခြင်း စတင်ခြင်း... နိုးထခြင်း ပုတီးစေ့ နှင့် ပေါင်းစပ်ခြင်း

'ဟင်... တစ်ယောက်ယောက်က ငါ့ကို Mention ခေါ်ထားတာလား...'

သတိပေးချက် အချို့ကို ခံစားလိုက်ရသဖြင့် ကျိုးဟန် က မဖတ်ရသေးသော စာတိုများကို ဖွင့်ကြည့်လိုက်ရာ ဖတ်ပြီးနောက် အနည်းငယ် စကားပြောစရာမဲ့ သွားခဲ့သည်။

သူက ဓားနတ်ဘုရား ကျောင်းတော် သို့ အမြန်ဆုံး ရောက်ရှိပြီး နိုးထခြင်းကို အမြန် ပြီးမြောက်ချင်ရုံသာ ဖြစ်သဖြင့် အချိန်အတော်ကြာအောင် သေချာ မစဉ်းစားမိဘဲ ပျံသန်းသည့် နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

'မတော်တဆ ဒီလောက်ကြီး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး...'

'နောက်ဆိုရင်တော့ လူသိမခံဘဲ အေးအေးဆေးဆေးပဲ နေမှ ဖြစ်မယ်... သိပ်ပြီး ကြွားလို့ မဖြစ်ဘူး...'

မည်သို့ပင်ဖြစ်စေ ဤသည်မှာ နတ်ဘုရားနှင့် နတ်ဆိုးများ ရှိသော ကမ္ဘာ ဖြစ်သည်။ ကောင်းကင်ထက်တွင် နတ်ဘုရားများ နေထိုင်ကြပြီး... ချောက်နက် အောက်ခြေတွင်တော့ မရေမတွက်နိုင်သော နတ်ဆိုးများ ရှိနေကြသည်။

အကယ်၍ မိမိက သိပ်ပြီး ထင်ပေါ်နေပါက ထိုအစွမ်းထက်သော တည်ရှိမှုများ၏ သတိထားခြင်းကို ခံရနိုင်သည် မဟုတ်ပါလား။

စာတိုများကို ဖတ်ပြီးနောက် ကျိုးဟန် လည်း ချက်ချင်းပင် မြေပြင်သို့ ဆင်းသက်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဓားနတ်ဘုရား ကျောင်းတော် က မျက်စိရှေ့တွင် ရှိနေပြီ ဖြစ်သည်။

"ဟေ့ ဟိုမှာ ကြည့်... အဲဒါ ကိုဟန် မဟုတ်လား..."

"သူ အခုချိန်မှာ နိုးထခြင်း တာဝန် သွားလုပ်နေရမှာ မဟုတ်ဘူးလား... ဘာလို့ ဒီကို ရောက်နေတာလဲ..."

"ကိုဟန် က မိန်းမဆိုးလေး ကို လာရှာတာ နေမှာပါ..."

"ကိုဟန် ရဲ့ ကောင်မလေးတွေ ကြွေသွားအောင် ဆွဲဆောင်နိုင်စွမ်း ကိုတော့ တကယ်ကို အားကျမိတာ အမှန်ပဲ..."

ကျိုးဟန် ဓားနတ်ဘုရား ကျောင်းတော် ထဲသို့ ဝင်လိုက်သည်နှင့် လူအများ၏ သတိထားခြင်းကို ခံလိုက်ရသည်။ သူက ကျောင်းတော် အတွင်းတွင် ချန်းလဲ့မြို့ ထက်ပင် ပို၍ နာမည်ကြီးနေသူ ဖြစ်သည်။

ကျောင်းတော် ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ရုံသာမက မနေ့ညက ဝမ်ယွိဟယ် ကို ဆုံးမခဲ့သည့် ကိစ္စကလည်း သူ၏ နာမည်ကို တစ်ဟုန်ထိုး မြင့်တက်သွားစေခဲ့သည်။

တွေ့ရသမျှ လူတိုင်းက ကျိုးဟန် ကို လက်မထောင် ပြကြပြီး... ယောကျ်ားချင်း နားလည်သော အပြုံးများဖြင့် ပြုံးပြနေကြသည်။

သို့သော် ကျိုးဟန် ကတော့ သူတို့ကို အဖက်မလုပ်ဘဲ ယခုအချိန်တွင် နိုးထခြင်းကိုသာ အမြန် ပြီးမြောက်ချင်နေသည်။

"ဟင်... ကျိုးဟန်... ဒီနေ့ မင်း တာဝန် သွားမလုပ်ဘူးလား..."

"အခု လာတာ အကူအညီ တစ်ခုခု လိုလို့လား..."

လမ်းတွင် ဓားဘုရင် နျဲ့ထျန်ချန် နှင့် ထိပ်တိုက် တိုးရာ... သူက ကျိုးဟန် ကို မြင်လိုက်ရသဖြင့် အံ့သြစွာ မေးလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော် နိုးထခြင်း တာဝန် ပြီးသွားပြီ ဆရာ... အခု တာဝန် လာအပ်တာ..."

ကျိုးဟန် က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။

"တာဝန် ပြီးပြီ ဟုတ်လား... မဖြစ်နိုင်တာ..."

"နေ့တစ်ဝက်တောင် မရှိသေးဘူးလေ... ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ..."

နျဲ့ထျန်ချန် ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

သူက ကျိုးဟန် ကို မယုံကြည်၍ မဟုတ်ပေ။ ကျိုးဟန် က ဓားနတ်ဘုရား ကျောင်းတော် ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သဖြင့် သူ၏ ပါရမီက ပြိုင်ဘက်ကင်းကြောင်း သိထားသော်လည်း... ပါရမီ ရှိခြင်းက လက်ရှိ စွမ်းအား အစစ်အမှန်ကို ကိုယ်စားမပြုသေးပေ။

မည်သို့ပင်ဖြစ်စေ ကျိုးဟန် က လူငယ်လေး တစ်ယောက်သာ ဖြစ်ပြီး ကြီးထွားရန် အချိန် လိုအပ်နေသေးသည် မဟုတ်ပါလား။

မိုးကြိုး အပျက်အစီး ထဲတွင် ပလက်တီနမ်နှင့် စိန်အရည်အသွေး သားရဲများက အလွန် များပြားလှသည်။ သူ၏ အမြင်အရ တစ္ဆေ ဓားသမား ကို သတ်ဖို့ နေနေသာသာ... အပျက်အစီး ၏ အနက်ရှိုင်းဆုံး နေရာသို့ ဘေးကင်းစွာ ရောက်ရှိရန်ပင် အလွန် ခက်ခဲမည် ဖြစ်သည်။

နျဲ့ထျန်ချန် ၏ စကားကို ကြားပြီးနောက် ကျိုးဟန် က ပြုံးလိုက်ရုံသာ ပြုံးပြီး ဒေါသ မထွက်ခဲ့ပေ။ သူက တစ္ဆေ ဓားသမား ၏ ခေါင်းကို တိုက်ရိုက် ထုတ်ကာ ကမ်းပေးလိုက်သည်။

"ရော့... ဆရာ့ဘာသာပဲ ကြည့်လိုက်တော့..."

"ဟူး... ဒါ... ဒါက..."

"ဘုရားရေ... မင်း တကယ်ပဲ လုပ်နိုင်ခဲ့တာပဲ..."

ဤကဲ့သို့သော တာဝန် ပစ္စည်းကို NPC တစ်ဦး ဖြစ်သော နျဲ့ထျန်ချန် က သေချာပေါက် သိရှိရာ... ယခု အံ့အားသင့်လွန်းသဖြင့် စကားပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားတော့သည်။

"ဆရာနျဲ့... သွားကြစို့... အကြီးအကဲလင်း ဆီ သွားမယ်..."

ကျိုးဟန် က နျဲ့ထျန်ချန် ၏ ပခုံးကို ပုတ်ကာ သူ၏ အံ့သြမှုများမှ သတိဝင်လာအောင် လုပ်လိုက်သည်။

"အို... အို... သွားမယ် သွားမယ်..."

နျဲ့ထျန်ချန် လည်း သတိဝင်လာပြီး ကျိုးဟန် ကို ကြည့်သည့် အကြည့်များက ပိုမို ဝမ်းသာအားရ ဖြစ်လာသည်။ နှမြောစရာ ကောင်းသည်မှာ သူ့တွင် ဘာကြောင့် သမီးလေး တစ်ယောက် မရှိခဲ့ရသနည်း။

အကယ်၍ ဒီည အိမ်ပြန်ရောက်ရင် မိန်းမနဲ့ အချိန်ပိုဆင်းပြီး တစ်ယောက်လောက် ဖန်တီးလိုက်ရမလား။ မည်သို့ပင်ဖြစ်စေ ၁၈ နှစ်လောက်ပဲ စောင့်ရမှာပဲလေ။ သူက ဤအကြံကို ပိုပိုပြီး သဘောကျလာမိသည်။

"ကျိုးဟန် ရေ... မင်းက တကယ်ကို ငါ့ရဲ့ ကျေးဇူးရှင်ပဲ..."

"မင်းကြောင့်ပဲ အခု အထက်လူကြီးတွေက ငါ့ကို အလေးပေးလာကြတယ်... အရင်းအမြစ် တွေလည်း အများကြီး ပိုရလာတယ်..."

နျဲ့ထျန်ချန် က ကျိုးဟန် ၏ ပခုံးကို ဖက်ကာ လမ်းလျှောက်ရင်း စိတ်လှုပ်ရှားစွာ ပြောနေသည်။

"ဆရာနျဲ့ ကလည်း ဘာတွေ ပြောနေတာလဲ... တစ်ယောက်ကို တစ်ယောက် ကူညီကြတာပဲလေ... အားလုံးက ဓားနတ်ဘုရား ကျောင်းတော် ဖွံ့ဖြိုးဖို့ အတွက်ပဲ မဟုတ်လား..."

တစ်ဖက်လူ၏ ရင်းနှီးလွန်းသော အပြုအမူနှင့် အားရပါးရ အကြည့်များကြောင့် ကျိုးဟန် အနည်းငယ် မသက်မသာ ဖြစ်သွားရသဖြင့်... ကြုံသလိုသာ လိမ်ညာ ပြောလိုက်ရသည်။

သူတို့ နှစ်ဦးက စကားစမြည် ပြောဆိုလာကြရာ... ကျိုးဟန် အနေဖြင့် ဓားနတ်ဘုရား ကျောင်းတော် အကြောင်းကိုလည်း ပိုမို သိရှိလာခဲ့သည်။

ဤသည်က ပိုကောင်းသွားသည်။ ၁၀ ကြိမ်မြှင့် လေ့လာခွင့် တံဆိပ်ပြား ရှိနေသော ကျိုးဟန် အနေဖြင့် နေရာတိုင်းသို့ လွတ်လပ်စွာ သွားလာနိုင်ရာ... သေချာ သိရှိထားပါက အနည်းဆုံးတော့ တားမြစ်ထားသော နေရာများသို့ မတော်တဆ ဝင်မသွားစေရန် ကာကွယ်နိုင်မည် ဖြစ်သည်။

မကြာမီ သူတို့ နှစ်ဦးသည် အကြီးအကဲလင်း ကို ရှာတွေ့သွားခဲ့သည်။ သူက နိုးထခြင်း ခန်းမ ထဲတွင် အလုပ်များ လုပ်နေခြင်း ဖြစ်သည်။

ကျိုးဟန် ကို မြင်လိုက်ရချိန်တွင် သူ အနည်းငယ် အံ့သြသွားသော်လည်း... တစ္ဆေ ဓားသမား ၏ ခေါင်းကို မြင်လိုက်ရချိန်တွင်တော့ သူ၏ မျက်လုံးများ ကျုံ့ဝင်သွားသည်။

သိသာထင်ရှားစွာပင် တာဝန် ပြီးမြောက်သွားပြီ ဖြစ်သည်။ သူက ရာထူးကြီးသော သူ ဖြစ်သည့် အားလျော်စွာ ခဏတာ အံ့သြပြီးနောက် လျင်မြန်စွာပင် တည်ငြိမ်သွားခဲ့သည်။

"ကျိုးဟန် ရေ... မင်းက တကယ်ကို ငါ့ကို အံ့သြစရာတွေ အများကြီး ပေးတာပဲ..."

အကြီးအကဲလင်း က ကြင်နာသော အပြုံးများဖြင့် ကျိုးဟန် ၏ လက်ကို ဆွဲကာ ရင်းနှီးစွာ ပြောလိုက်သည်။

သူ၏ ခန့်မှန်းချက်အရ ကျိုးဟန် အနေဖြင့် တာဝန် ပြီးမြောက်ရန် အနည်းဆုံး ၁ ရက်ခွဲ မှ ၂ ရက်ခန့် ကြာမြင့်မည်ဟု ထင်ထားသော်လည်း... ယခု နေ့တစ်ဝက်တည်းဖြင့် ပြီးမြောက်သွားခြင်းက သူ၏ ထင်မှတ်ချက်ကို လုံးဝ ကျော်လွန်သွားခဲ့သည်။

စနစ် သတိပေးချက် - သင်သည် နိုးထခြင်း တာဝန် (၅) ကို အောင်မြင်စွာ ပြီးမြောက်ပါသဖြင့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ရရှိပါသည်...

စနစ် သတိပေးချက် - သင်၏ ထူးချွန်သော စွမ်းဆောင်ရည်ကြောင့် အပိုဆု အဖြစ် ဝိညာဉ်ကျောက်တုံး ၅ သောင်း ထပ်မံ ရရှိပါသည်...

မကြာမီ တာဝန် ပြီးမြောက်ကြောင်း သတိပေးချက် ထွက်ပေါ်လာပြီး... ဝိညာဉ်ကျောက်တုံး ၅ သောင်း ကျော် ထပ်မံ ရရှိသဖြင့် ကျိုးဟန် ကျေနပ်သွားမိသည်။

"အကြီးအကဲလင်း... ဒါဆို နိုးထခြင်း က ဘယ်တော့ စမှာလဲ ခင်ဗျ..."

စနစ်ထံမှ အခြား သတိပေးချက် မရှိသဖြင့် ကျိုးဟန် က မေးလိုက်သည်။

"အခုပဲ စလို့ ရပါပြီ... ဒါက နိုးထခြင်း ပုတီးစေ့ ပဲ... ရော့ ယူထားလိုက်..."

အကြီးအကဲလင်း ၏ လက်ထဲတွင် ခုနစ်ရောင် ခြယ် အလင်းတန်းများ တောက်ပနေသော ဖန်ပုတီးစေ့ တစ်လုံး ရှိနေသည်။ ၎င်းပေါ်တွင် စွမ်းအင် အတက်အကျ အမျိုးမျိုး ရှိနေပြီး အရာရာတိုင်း ပါဝင်နေသကဲ့သို့ ရှိသည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် ကျိုးဟန် ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

နိုးထခြင်း ပုတီးစေ့ (ပထမအကြိမ်) - ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ပြီးနောက် ပြင်းထန်သော ခံစားသိရှိနိုင်စွမ်းကို ပေးစွမ်းနိုင်ပြီး ကျင့်ကြံသူကို အစွမ်းထက်သော အလုပ်အကိုင် တစ်ခု နိုးထလာစေရန် ကူညီပေးမည်... ပထမဆုံးအကြိမ် နိုးထခြင်း အတွက်သာဖြစ်ပြီး ဓားကျင့်ကြံသူ သီးသန့် ဖြစ်သည်

ကျိုးဟန် က လှမ်းယူရန် ပြင်လိုက်ချိန်မှာပင်...

"ထားလိုက်ပါတော့... ဒီလို နိုးထခြင်း ပုတီးစေ့ မျိုးက ဝိညာဉ် စွမ်းအား အရမ်း ကုန်ခမ်းစေတယ်... ငါပဲ မင်းကို ကူညီပြီး ပေါင်းစပ်ပေးပါ့မယ်..."

အကြီးအကဲလင်း က ပြုံး၍ ပြောလိုက်သည်။ ကျောင်းတော် ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်၍သာ သူကိုယ်တိုင် ကူညီ ပေါင်းစပ်ပေးခြင်း ဖြစ်ပြီး... အခြားသူသာ ဆိုလျှင် သူ ဂရုစိုက်နေမည် မဟုတ်ပေ။

"ကျွန်တော်..."

နူးညံ့သော စွမ်းအား တစ်ခုက နိုးထခြင်း ပုတီးစေ့ ကို ဖုံးအုပ်ကာ ကျိုးဟန် ၏ နဖူးထဲသို့ တိုးဝင်သွားသည်။

ကျိုးဟန် က "ကျွန်တော့်ဘာသာပဲ လုပ်ပါ့မယ်" ဟု ငြင်းဆန်ရန် ပြင်သော်လည်း... မြန်နှုန်းက မြန်လွန်းလှသဖြင့် စကားပင် အဆုံးထိ မပြောနိုင်လိုက်ပေ။

'သောက်ကျိုးနည်း... ငါ အဆင့်တောင် မမြှင့်ရသေးဘူးလေ... အကြီးအကဲက ငါ့ကို အတင်း ပေါင်းစပ်ပေးလိုက်တာလား...'

'ဒါက စေတနာက ဝေဒနာ ဖြစ်တာပဲ...'

ကျိုးဟန် ၏ ရင်ထဲတွင် အလွန် မကျေမနပ် ဖြစ်သွားရသည်။

မူလက ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သော်လည်း ယခုတော့ အတောင်ပံ အချိုးခံလိုက်ရသလို ခံစားနေရသည်။ ဝိညာဉ်ကျောက်တုံး ကုဋေပေါင်းများစွာ ဆုံးရှုံးလိုက်ရသလိုပင်။

"ကျိုးဟန်... ခုနက မင်း ဘာပြောမလို့လဲ..."

နိုးထခြင်း ပုတီးစေ့ ပေါင်းစပ်သွားသည်ကို မြင်လိုက်ရသဖြင့် အကြီးအကဲလင်း က ကျေနပ်စွာ ခေါင်းညိတ်ကာ မေးလိုက်သည်။ ကျိုးဟန် တစ်ခုခု ပြောချင်နေသည်ကို သူ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။

ကျိုးဟန် က မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး ယခုအချိန်တွင် စကား မပြောချင်တော့ပေ။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက စေတနာဖြင့် လုပ်ပေးခြင်း ဖြစ်သဖြင့် သူက ပြန်လည် အပြစ်တင်၍ မရနိုင်ပေ။

"ကျိုးဟန်... မင်းရဲ့ မျက်နှာက ဘာလို့ မကောင်းတာလဲ... ပုတီးစေ့ ပေါင်းစပ်တာ ပြဿနာ ရှိလို့လား..."

"မဖြစ်နိုင်ပါဘူး... အကြီးအကဲလင်း ကိုယ်တိုင် လုပ်ပေးတာလေ... ဒါက လူအများကြီး မရနိုင်တဲ့ အခွင့်ထူးကြီး တစ်ခုပဲ..."

နျဲ့ထျန်ချန် က ကျိုးဟန် ၏ မျက်နှာထားကို မြင်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့... ငါရှိနေတာပဲ... ဘာမှ မဖြစ်နိုင်ပါဘူး..."

အကြီးအကဲလင်း ၏ စကားကို ကြားပြီးနောက် နျဲ့ထျန်ချန် လည်း စိတ်အေးသွားခဲ့သည်။ အကြီးအကဲလင်း က ကျိုးဟန် ကို မည်မျှ အလေးထားကြောင်း သူ သိရှိသဖြင့် ကျိုးဟန် နိုးထခြင်း အတွက် သူကိုယ်တိုင် ပါဝင်ပေးခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

ထိုအချိန်တွင် ကျိုးဟန် လည်း သူ၏ စိတ်ခံစားချက်ကို တဖြည်းဖြည်း ပြန်လည် ထိန်းချုပ်လိုက်သည်။ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ရာ နောင်တရနေလည်း အပိုပင် ဖြစ်သည်။

ရုတ်တရက် သူ၏ ခန္ဓာကိုယ် အတွင်းတွင် စွမ်းအင်များ ပေါက်ကွဲလာပြီး... ခန္ဓာကိုယ်၏ ကန့်သတ်ချက်များမှာ အဆက်မပြတ် ကျိုးပျက်သွားကာ... အစွမ်းထက်သော စွမ်းအားများက မရပ်မနား စီးဝင်လာတော့သည်။

"နောက်ဆုံးတော့ နိုးထခြင်း စတင်ပြီ... ဘာ အလုပ်အကိုင် ဖြစ်မလဲ မသိဘူး..."

All Chapters