အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄) ဝိညာဉ်ပြန်ခေါ် ခေါင်းတလား... လက်နက် ပစ္စည်း အပေါက်ဖောက်ခြင်း
အဆုံးမရှိသော ဓားချီများ ဝင်ရောက်လာသည်ကို မြင်လိုက်ရသဖြင့်...
မီးတောက်တစ်သောင်း အလောင်းဘုရင် မှာ ကြွက် တစ်ကောင်အလား အလျင်အမြန် မြေအောက်သို့ တိုးဝင်သွားတော့သည်။
မြေအောက် လေဟာနယ် ထဲတွင် ရှေးဟောင်း ခေါင်းတလား ကြီး တစ်ခု ရှိနေသည်။
သူက လုံးဝ တုံ့ဆိုင်းမနေဘဲ ခေါင်းတလား ထဲသို့ ဝင်လှဲကာ အဖုံးကို ချက်ချင်း ပိတ်လိုက်သည်။
"ဟူး... နောက်ဆုံးတော့ ဘေးကင်းသွားပြီ... ဒါက ဧကရာဇ်အဆင့် အကာအကွယ် မှော်ပစ္စည်း ပဲ... ဘယ်လိုမှ ခွဲနိုင်မှာ မဟုတ်ဘူး..."
"ဒါပေမဲ့ မီးဝိညာဉ် ကျွန်းစု ကို ဘယ်အချိန်ကများ ဒီလောက် အစွမ်းထက်တဲ့ ကောင် ရောက်လာတာလဲ..."
ခေါင်းတလား ထဲတွင် ပုန်းအောင်းနေမှသာ သူ၏ ထိတ်လန့်နေသော စိတ်များ အနည်းငယ် တည်ငြိမ်သွားတော့သည်။
ဤခေါင်းတလား ကြီးက အလွန် မာကျောသဖြင့် သူ အလွန် ယုံကြည်မှု ရှိနေသည်။
ယခင်က ကြယ်ရောင်အဆင့် ကျွမ်းကျင်သူ ၃ ယောက် ပေါင်းကာ နာရီပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း...
နောက်ဆုံးတွင် အားကုန်သွားပြီး ဤခေါင်းတလားကို မခွဲနိုင်ခဲ့ပေ။
ထို့ကြောင့်ပင် မီးတောက်တစ်သောင်း အလောင်းဘုရင် က ဤနှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်ခြင်း ဖြစ်သည်။
စက္ကန့်အနည်းငယ် အတွင်းမှာပင် မြေပြင် ပေါ်တွင် မီတာ ဒါဇင်ပေါင်းများစွာ အကျယ်ရှိသော တွင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။
ကျိုးဟန် လည်း ထိုခေါင်းတလား ကြီးကို မြင်လိုက်ရသဖြင့် အကဲဖြတ်ခြင်း စွမ်းရည်ကို အသုံးပြုကာ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
ဝိညာဉ်ပြန်ခေါ် ခေါင်းတလား
အရည်အသွေး - ဧကရာဇ်အဆင့်
ခံနိုင်ရည် - ၁ သန်း
အကျိုးသက်ရောက်မှု - ထိခိုက်မှု ပမာဏ ၅၀ ရာခိုင်နှုန်း လျှော့ချပေးပြီး ၁ စက္ကန့်လျှင် ခံနိုင်ရည် ၃ ရာခိုင်နှုန်း ပြန်လည် ပြည့်ဝမည်
ဖော်ပြချက် - ကောင်းကင် ကျောက်တုံး များဖြင့် ပြုလုပ်ထားပြီး အစွမ်းထက်သော အကာအကွယ် ကို ပေးစွမ်းနိုင်သည်
"ဟင်... ဧကရာဇ်အဆင့် တောင် ဖြစ်နေတာပဲ... မင်းဆီမှာ ဒီလို ပစ္စည်း ရှိနေလိမ့်မယ်လို့ မထင်ထားဘူး..."
ဖတ်ရှုပြီးနောက် ကျိုးဟန် လည်း အနည်းငယ် အံ့အားသင့်သွားသည်။ တစ်ဖက်လူတွင် ဧကရာဇ်အဆင့် မှော်ပစ္စည်း ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သို့သော် ပြန်တွေးကြည့်လျှင် မည်သို့ပင်ဖြစ်စေ သူက Boss တစ်ကောင် ဖြစ်သည်။
နတ်ဘုရားနှင့် နတ်ဆိုး ကမ္ဘာကြီး ရှိ သက်ရှိများ အားလုံးတွင် ကိုယ်ပိုင် အသိစိတ် ရှိကြသဖြင့်...
သူတို့ကိုယ်တိုင်လည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ပြီး အခြား သားရဲများကို သတ်ဖြတ်ကာ အဆင့်တက်နိုင်ကြသည်။
ထိုသို့ဆိုလျှင် ဧကရာဇ်အဆင့် မှော်ပစ္စည်း ပိုင်ဆိုင်ထားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"ဟားဟားဟား... အလကား အလုပ်တွေ မလုပ်ဖို့ ငါ အကြံပေးချင်တယ်... မြန်မြန် ထွက်သွားလိုက်ပါ... အဲဒါက မင်းအတွက်ရော ငါ့အတွက်ပါ အကောင်းဆုံးပဲ..."
ထိုအချိန်တွင် ကျိုးဟန် ၏ အသံကို ကြားလိုက်ရသဖြင့် မီးတောက်တစ်သောင်း အလောင်းဘုရင် မှာ ထပ်မံ မောက်မာလာပြန်သည်။
ခံနိုင်ရည် ၁ သန်း အပြည့် ရှိပြီး ထိခိုက်မှု ၅၀ ရာခိုင်နှုန်း လျှော့ချသည့် အကျိုးသက်ရောက်မှု ပါဝင်ကာ...
၁ စက္ကန့်လျှင် ခံနိုင်ရည် ၃ ရာခိုင်နှုန်း ပြန်လည် ပြည့်ဝဦးမည် ဖြစ်သည်။
ဆိုလိုသည်မှာ ဤ ဝိညာဉ်ပြန်ခေါ် ခေါင်းတလား ကြီးကို ဖျက်ဆီးရန် ၁ စက္ကန့်လျှင် ထိခိုက်မှု ပမာဏ ၆ သောင်း အထက် ပေးစွမ်းနိုင်မှသာ ရမည် ဖြစ်သည်။
ကျိုးဟန် ဤသို့ လုပ်နိုင်မည်ဟု အလောင်းဘုရင် လုံးဝ မယုံကြည်ပေ။ ကြယ်ရောင်အဆင့် ကျွမ်းကျင်သူ ၃ ယောက် ပေါင်းပြီးတောင် မလုပ်နိုင်ခဲ့ရာ...
လူငယ်လေး တစ်ယောက်က ဘယ်လိုလုပ် လုပ်နိုင်မည်နည်း။
ထို့ကြောင့် သူ ဤသို့ ပြောလိုက်ချိန်တွင် ယုံကြည်မှု အပြည့် ရှိနေခြင်း ဖြစ်သည်။
"အလကား အလုပ်တွေ လား... ကြည့်ရတာ မင်းက အစစ်အမှန် စွမ်းအား ကို ဘာမှန်း မသိသေးဘူး ထင်တယ်..."
ကျိုးဟန် ၏ အကြည့်များက ထက်မြက်သွားပြီး စိတ်ကူးလိုက်သည်နှင့်...
အဆုံးမရှိသော ဓားချီ များက ဝိညာဉ်ပြန်ခေါ် ခေါင်းတလား ထံသို့ တိုက်ရိုက် လှိမ့်ဝင်သွားတော့သည်။
အကယ်၍ ယခင် ဓားတစ်သောင်း မူလသို့ ပြန်လည်ရောက်ရှိခြင်း စွမ်းရည်သာ ဆိုပါက...
ရန်သူများကို သတ်ဖြတ်၍ အချက်အလက်များ မတိုးမြှင့်နိုင်သဖြင့် အနည်းငယ် ခက်ခဲနိုင်သော်လည်း...
အဆင့်မြှင့်ပြီးနောက် အဆုံးစွန် - ဓားတစ်သောင်း မူလသို့ ပြန်လည်ရောက်ရှိခြင်း ကတော့ ကွာခြားသွားပြီ ဖြစ်သည်။
စွမ်းရည်ကို အသုံးပြုလိုက်ရုံဖြင့် အချက်အလက်များ အားလုံး ၆ ဆ တိုးလာမည်ဖြစ်ပြီး...
စွမ်းရည် ၏ ကိုယ်ပိုင် ထိခိုက်မှု အဆပေါင်း များစွာ ပါဝင်သေးသဖြင့်...
ထိခိုက်မှု ပမာဏ သန်းချီ၍ ထွက်ပေါ်လာရန် လွယ်ကူလွန်းလှသည်။
"ချွင်... ချွင်... ချွင်..."
ကြမ်းတမ်းသော ဓားချီများ ထိမှန်သွားချိန်တွင် မီးပွားများ လွင့်စင်လာသည်။
"မြန်မြန် လက်လျှော့လိုက်ပါတော့... ဧကရာဇ်အဆင့် မှော်ပစ္စည်း ကို မင်းက အလွယ်တကူ ခွဲနိုင်မယ် ထင်နေတာလား..."
ဝိညာဉ်ပြန်ခေါ် ခေါင်းတလား ထဲတွင် ပုန်းအောင်းနေသော အလောင်းဘုရင် မှာ အရိုက်ခံရန် သက်သက်သာ ရှိပြီး မလှုပ်ရှားနိုင်ပေ။
မည်သည့် အက်ကွဲကြောင်းမှ မတွေ့ရသဖြင့် သူ၏ စကားသံများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
"ဟဲဟဲ... မင်း... ဘာ..."
"သောက်ကျိုးနည်း..."
ရုတ်တရက် "ခွပ်" ဟူသော အသံတစ်ခုနှင့်အတူ ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ထွက်ပေါ်လာပြီး...
ပင့်ကူအိမ်အလား အဆက်မပြတ် ပြန့်နှံ့သွားကာ ဝိညာဉ်ပြန်ခေါ် ခေါင်းတလား ကြီး တစ်ခုလုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
အလောင်းဘုရင် ၏ မျက်နှာထား ပြောင်းလဲသွားပြီး အပြုံးများ ပျောက်ကွယ်သွားသည်။
မူလက ဖြူရော်နေသော မျက်နှာမှာ ယခု ပို၍ ပွင့်လင်းမြင်သာ ဖြစ်သွားတော့သည်။
"ရပ်... မြန်မြန် ရပ်လိုက်စမ်း... ခွေးကောင်..."
အမှောင်ထုသာ ရှိနေသော ခေါင်းတလား အတွင်းသို့ အလင်းရောင်များ အများအပြား ဝင်ရောက်လာသည်ကို မြင်လိုက်ရသဖြင့်...
အလောင်းဘုရင် မှာ ဤသည်က ခေါင်းတလား ကွဲတော့မည့် လက္ခဏာ မှန်း ချက်ချင်း သိလိုက်ပြီး အသံကုန် အော်ဟစ်လိုက်တော့သည်။
"တောင်းပန်ပါတယ်... ရပ်... မြန်မြန် ရပ်လိုက်ပါတော့..."
ခေါင်းတလား ကွဲသွားပါက အကျိုးဆက် မည်သို့ ရှိမည်ကို သူ အလွန် ရှင်းလင်းစွာ သိရှိထားသည်။
ဒေါသတကြီး အော်ဟစ်နေရာမှ ချက်ချင်းပင် တောင်းပန်သံများ အဖြစ် ပြောင်းလဲသွားတော့သည်။
ကျိုးဟန် ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး အနည်းငယ်မျှ မတုန်လှုပ်ပေ။
ဓားချီများက ပိုမို ထူထပ်လာပြီး ဝိညာဉ်ပြန်ခေါ် ခေါင်းတလား ကြီးတွင် အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်သွားတော့သည်။
"မှတ်ထား... ငါတို့ အလောင်း မျိုးနွယ် က မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး..."
မကောင်းဆိုးဝါး ဆန်သော အသံကြီးက တဖြည်းဖြည်း မှိန်ဖျော့သွားပြီး...
မကြာမီ ကောင်းကင် တစ်ခွင် လွှမ်းမိုးနေသော ဓားအလင်းတန်း များအောက်တွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
စနစ်၏ သတိပေးသံကို ကြားလိုက်ရချိန်တွင် တစ်ဖက်လူ လုံးဝ သေဆုံးသွားပြီ ဖြစ်ကြောင်း ကျိုးဟန် သိလိုက်ရသည်။
"ပစ္စည်းကောင်းလေး ဘာများ ထွက်မလဲ ကြည့်ရအောင်..."
ကျိုးဟန် က လက်ကို ဝှေ့ယမ်းလိုက်ရာ လေပြင်းများက ဖုန်မှုန့်များကို လွင့်စင်သွားစေသည်။
သူ က နှာခေါင်းကို ပိတ်ကာ လျှောက်သွားလိုက်သည်။
ပစ္စည်း ၃ ခု ကျလာသည်။
ပထမဆုံး တစ်ခုက အလောင်း သန့်စင်ခြင်း သိုင်း ဟူသော စွမ်းရည် စာအုပ် ဖြစ်ပြီး...
အလောင်းများကို ထိန်းချုပ် အသုံးပြုရသော စွမ်းရည် ဖြစ်သည်။
စိန်အဆင့် ဖြစ်သော်လည်း ကျိုးဟန် အတွက်တော့ အလွန် ဆိုးယုတ်ပြီး ရွံစရာ ကောင်းနေသည်။
အလောင်းများကို ထိန်းချုပ်ရမည် ဆိုသည်ကို သူ တကယ်ကို မလုပ်နိုင်ပေ။
ထို့ကြောင့် ဤကဲ့သို့သော စွမ်းရည်မျိုးကို သင်ယူရန် မလိုအပ်ပေ။
ဓားသမား တံဆိပ်ပြား ကို ဖွင့်ကာ တိုက်ရိုက် လဲလှယ်လိုက်ရာ ကူညီထောက်ပံ့မှု အမှတ် ၂၀၀ ရရှိလိုက်သည်။
ဒုတိယ ပစ္စည်းက စိန်အဆင့် ရေခဲလ လက်စွပ် ဖြစ်ပြီး ရေခဲဓာတ် ဖြစ်သဖြင့် ကျိုးဟန် နှင့် မကိုက်ညီပေ။
ကျိုးဟန် တွင် ပေါ့ပါးခြင်း လက်စွပ် ရှိပြီးသား ဖြစ်သဖြင့် ထပ်မံ မစဉ်းစားတော့ဘဲ တိုက်ရိုက် လဲလှယ်ပစ်လိုက်သည်။
တတိယ ပစ္စည်းက ဝံပုလွေ ဝိညာဉ် လေး ဖြစ်ပြီး ကျိုးဟန် လုံးဝ အသုံးပြု၍ မရပေ။
"ကံမကောင်းဘူးပဲ... အသုံးဝင်တာ တစ်ခုမှ မပါဘူး..."
ခေါင်းခါကာ လဲလှယ်ပြီးနောက် ကျိုးဟန် က အရည်အသွေးမြင့် မီးကျောက်သလင်း များကို စတင် စုဆောင်းတော့သည်။
စောစောက တွင်းကြီး တစ်ခု ဖြစ်သွားအောင် တိုက်ခိုက်လိုက်သဖြင့်...
ကျောက်သလင်း အများအပြား အပြင်သို့ ထွက်ပေါ်လာရာ တူးဖော်ရန် အချိန် အများကြီး သက်သာသွားသည်။
"စနစ် သတိပေးချက် - အရည်အသွေးမြင့် မီးကျောက်သလင်း များကို တွေ့ရှိပါသည်... စုဆောင်းမည်လား..."
ကျိုးဟန် က လက်လှမ်းကာ ခရမ်းနီရောင် ကျောက်တုံးများ အပေါ်သို့ တင်လိုက်ချိန်တွင်...
စနစ်၏ သတိပေးချက် ထွက်ပေါ်လာပြီး ဖော်ပြချက် လည်း ပေါ်လာသည်။
အရည်အသွေးမြင့် မီးကျောက်သလင်း
အရည်အသွေး - စိန်အဆင့်
အကျိုးသက်ရောက်မှု - မီးဓာတ် စွမ်းရည် များ အဆင့်မြှင့်တင်ရာတွင်၊ လက်နက်များ၌ မီးဓာတ် ထည့်သွင်းရာတွင်၊ ဓာတ်များ လေ့ကျင့်ရာတွင် အဓိက အသုံးပြုသော ပစ္စည်း ဖြစ်သည်
"စုဆောင်းမယ်..."
"စနစ် သတိပေးချက် - သင်သည် အရည်အသွေးမြင့် မီးကျောက်သလင်း ၁ ခု စုဆောင်းရရှိပါသည်"
"စနစ် သတိပေးချက် - သင်သည် အရည်အသွေးမြင့် မီးကျောက်သလင်း ၁ ခု စုဆောင်းရရှိပါသည်"
...
သတိပေးချက်များ အဆက်မပြတ် ထွက်ပေါ်လာပြီး...
အရည်အသွေးမြင့် မီးကျောက်သလင်း ၅၀၀ စုဆောင်းရန် ၁၀ မိနစ်ကျော်သာ ကြာမြင့်ခဲ့သည်။
အားလုံး ပြီးစီးသွားချိန်တွင်...
သွားလာရသော အချိန်နှင့် တိုက်ပွဲဝင်ရသော အချိန်များကို ပါ ပေါင်းထည့်လိုက်ပါက မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့ရာ...
ဤအရှိန်က တကယ်ကို ကြောက်စရာ ကောင်းလှသည်။
"တာဝန် အပ်မယ်..."
တာဝန် ၏ ဖော်ပြချက်တွင် ကျောက်သလင်း များကို စုဆောင်းရန်သာ ပါဝင်ပြီး...
တစ်စုံတစ်ယောက် ထံသို့ သွားရောက် ပေးအပ်ရမည် ဟု မပါဝင်ပေ။
ဤသည်က အတော်လေး အဆင်ပြေပြီး ကျိုးဟန် အတွက် အချိန် အများကြီး သက်သာစေသည်။
"စနစ် သတိပေးချက် - သင်သည် မီးကျောက်သလင်း စုဆောင်းခြင်း တာဝန် ကို ပြီးမြောက်ပါသဖြင့် ကူညီထောက်ပံ့မှု အမှတ် ၅၀၀ ရရှိပါသည်"
"စနစ် သတိပေးချက် - ဓားသမား တံဆိပ်ပြား ၏ အကျိုးသက်ရောက်မှု ကြောင့် ကူညီထောက်ပံ့မှု အမှတ် ၅၀၀ ထပ်မံ ရရှိပါသည်"
ထင်သည့်အတိုင်းပင် နှစ်ဆသော အကျိုးသက်ရောက်မှု အလုပ်လုပ်သွားပြီး...
တစ်ခဏအတွင်းမှာပင် ကူညီထောက်ပံ့မှု အမှတ် ၁၀၀၀ ရရှိလိုက်သည်။
"ဒီ အရည်အသွေးမြင့် မီးကျောက်သလင်း တွေ က အောက်ကျိန်း အတွက် အသုံးဝင်မလား မသိဘူး... နည်းနည်း ထပ်စုဆောင်းထားလိုက်မယ်..."
ကျောက်သလင်း တောင် ထဲတွင် အရည်အသွေးမြင့် မီးကျောက်သလင်း အချို့ ကျန်ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့်...
ကျိုးဟန် လည်း အလဟဿ မဖြစ်စေရန် အားလုံးကို စုဆောင်းလိုက်ရာ စုစုပေါင်း အခု ၃၀၊ ၄၀ ခန့် ရရှိလိုက်သည်။
မည်သို့ပင်ဖြစ်စေ အောက်ကျိန်း ကလည်း မီးဓာတ် ဖြစ်ရာ ထူးခြားသော အကျိုးသက်ရောက်မှု အချို့ ရှိလာနိုင်သည် မဟုတ်ပါလား။
အချိန်များစွာ မကြာလိုက်ဘဲ ကျိုးဟန် လည်း အားလုံး ရှင်းလင်း ပြီးစီးသွားသည်။
ဤ မီးတောက် နတ်ဆိုး ကျောက်တိုင်များ ဧရိယာ တွင် တန်ဖိုးရှိသော အရာ ဘာမှ မကျန်တော့ပေ။
"သွားမယ်... နောက်ထပ် တာဝန် ဧရိယာ ကို..."
မီးတောင်ကုန်း ဧရိယာ တစ်လျှောက်လုံး နေရာတိုင်းတွင် စီးဆင်းနေသော ချော်ရည်များကို တွေ့မြင်နိုင်သည်။
မြေပြင်၏ ပူပြင်းသော အပူချိန်ကို ကျိုးဟန် စမ်းသပ်ကြည့်ရာ...
ချော်ရည် များကို အနည်းငယ် ထိမိရုံဖြင့် သွေးပမာဏ များစွာ လျော့ကျသွားသည်။
သွေးလျော့ကျသည့် မြန်နှုန်း က ကျိုးဟန် ၏ သွေးပြန်ပြည့်သည့် မြန်နှုန်း ထက်ပင် ပိုမို မြန်ဆန်နေသဖြင့်...
ကျိုးဟန် ပင် အံ့အားသင့်သွားမိသည်။
"ပျံသန်းနိုင်လို့ တော်သေးတာပေါ့... မဟုတ်ရင် ဒီတာဝန် က တကယ်ကို မလွယ်ဘူး..."
"ဒါတောင် ကူညီထောက်ပံ့မှု အမှတ် ၃၀၀ တည်း ပေးတာ... တာဝန် ပေးတဲ့ ကောင်က တကယ်ကို ကပ်စေးနှဲတာပဲ..."
ကျိုးဟန် က ညည်းတွားလိုက်ပြီးနောက် လေကိုစီး၍ အလျင်အမြန် ပျံသန်းကာ...
ချော်ရည်များ ထဲတွင် လူးလှိမ့်နေသော မီးစပါးအုံးမြွေ များကို အဆက်မပြတ် သတ်ဖြတ်တော့သည်။
အားလုံးက ပလက်တီနမ် မှ စိန်အဆင့် သားရဲများ သာ ဖြစ်ပြီး Boss များနှင့် မကြုံတွေ့ရပေ။
ထို့ကြောင့် ဓားတစ်ချက်တည်းဖြင့်ပင် သတ်ဖြတ်နိုင်ခဲ့ပြီး အနည်းငယ်မျှ ပြန်လည် ခုခံနိုင်စွမ်း မရှိကြပေ။
"စနစ် သတိပေးချက် - မီးစပါးအုံးမြွေ အကြေးခွံ စုဆောင်းခြင်း တာဝန် ပြီးမြောက်ပါသည်..."
သတိပေးချက် ထွက်ပေါ်လာပြီးနောက် ကျိုးဟန် က အချိန်လုကာ နောက်ထပ် တာဝန် ဧရိယာ သို့ ပြေးရပြန်သည်။
လေပြင်းများ တိုက်ခတ်လာပြီး အခိုးအငွေ့များ ပြန့်နှံ့သွားသည်။
ခြောက်သွေ့ လွင်ပြင် တွင် မြက်စားနေကြသော မီးတောက် နွားရိုင်း များက...
မုန်တိုင်း ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသည်။
ထက်မြက်သော လေဓား များက တိုဟူး တုံး များကို လှီးဖြတ်သကဲ့သို့...
သူတို့၏ သန်မာသော ခန္ဓာကိုယ် ကြီးများတွင် ကြီးမားသော ဒဏ်ရာကြီးများကို ဖြစ်ပေါ်သွားစေသည်။
တစ်ကောင်ပြီး တစ်ကောင် အော်ဟစ်သံများနှင့်အတူ လဲကျ သေဆုံးသွားကြတော့သည်။
ပူပြင်းသော လေလှိုင်းများ ကြားတွင် ကျိုးဟန် က မီးတောက် နွားရိုင်း များကို လျင်မြန်စွာ သတ်ဖြတ်နေသည်။
"စနစ် သတိပေးချက် - သင်သည် မီးတောက် နွားရိုင်း ကြိမ်လုံး ၃၀၀ ခု ရရှိပါသည်"
သတိပေးချက် ထွက်ပေါ်လာပြီး ပစ္စည်း စုဆောင်းခြင်း လည်း ပြီးစီးသွားသည်။
ဤတာဝန်ကို ပေးသော သူ၏ အကြိုက်က တကယ်ကို ထူးဆန်းလှသည်။
"ဟူး... နောက်ဆုံးတော့ အားလုံး ပြီးသွားပြီ..."
"မရတော့ဘူး... စွမ်းအင် တွေ နည်းနည်း လျော့လာပြီ... တစ်ခုခု စားမှ ဖြစ်မယ်..."
မီးတောက် နွားရိုင်း များကို သတ်ဖြတ်ပြီးနောက် ဝမ်ယွိဟယ် နှင့်အတူ စမ်းသပ်မည့် တာဝန်မှ လွဲ၍...
မီးဝိညာဉ် ကျွန်းစု တွင် လက်ခံထားသော တာဝန်များ အားလုံး ပြီးစီးသွားပြီ ဖြစ်သည်။
ရရှိလာသော လက်နက်များကို လဲလှယ်လိုက်သည်နှင့် ပါ ပေါင်းထည့်လိုက်ပါက စုစုပေါင်း ကူညီထောက်ပံ့မှု အမှတ် ၃၉၃၀ ရရှိလိုက်သည်။
ယခုအချိန်တွင် ကျိုးဟန် လည်း အနည်းငယ် ပင်ပန်းလာသည်ကို ခံစားလိုက်ရသည်။
၄၅ မိနစ် အတွင်း တာဝန် ၃ ခု ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရသဖြင့် အားအင် အများအပြား ကုန်ဆုံးသွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ပျံသန်းရန် အတွက် စွမ်းအင် လိုအပ်သလို စွမ်းရည်များကို အသုံးပြုရန်လည်း စွမ်းအင် လိုအပ်သည် မဟုတ်ပါလား။
တာဝန်များ အပ်နှံပြီးနောက် ကျိုးဟန် ချက်ချင်း ဗိုက်ဆာလာသည်ကို ခံစားလိုက်ရသည်။
ထို့ကြောင့် ချက်ချင်း ထိုင်ချကာ မီးတောက် နွားရိုင်း ၏ ပေါင်ကို ဖြတ်၍ ကင်စားရန် ပြင်လိုက်သည်။
"စနစ် သတိပေးချက် - သင့်ထံတွင် သူငယ်ချင်း စာတို အသစ်များ ရောက်ရှိနေပါသည်... စစ်ဆေးကြည့်ပါ"
နွားပေါင်ကို အာရုံစိုက် ကင်နေစဉ်မှာပင် ကျိုးဟန် က စနစ်၏ သတိပေးချက်ကို ကြားလိုက်ရသည်။
"ဒီညီအစ်မ နှစ်ယောက် ဘာကိစ္စ ရှိလို့လဲ မသိဘူး..."
ကျိုးဟန် က စာတိုများကို တိုက်ရိုက် ဖွင့်ကြည့်လိုက်သည်။
"ဟန်ရှန်းနင် - အစ်ကိုဟန်... သမီး အဆင့် ၂၅ ရောက်သွားပြီ... နိုးထခြင်း တာဝန် သွားလုပ်ရတော့မှာမို့လို့ ညဘက် နည်းနည်း နောက်ကျမှ ပြန်ရောက်မယ် ထင်တယ်... သမီး အတွက် စိတ်မပူနဲ့နော်..."
"ဟန်ချင်းရွှယ် - ကျိုးဟန်... ငါနဲ့ ရှန်းနင် တို့ နှစ်ယောက်လုံး အဆင့် ၂၅ ရောက်သွားပြီ... ဒီနေ့ ငါ မြင့်မြတ်သော နန်းတော် ကို သွားပြီး နိုးထခြင်း သွားလုပ်ရမယ်..."
ဖတ်ရှုပြီးနောက် ကျိုးဟန် ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဒီလောက် မြန်မြန် အဆင့် ၂၅ ကို ရောက်သွားခြင်းက ယုတ္တိ ရှိလှသည်။
မည်သို့ပင်ဖြစ်စေ ၅ ဆ အတွေ့အကြုံ အကျိုးသက်ရောက်မှု ရှိနေသဖြင့် ဝက် တစ်ကောင် ဆိုလျှင်တောင် ပျံသန်းနိုင်ပြီ ဖြစ်သည်။
ကျိုးဟန် က အဆင့် သတ်မှတ်ချက် ဇယား ကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
နယ်မြေ ၆၆၆ အဆင့် သတ်မှတ်ချက် ဇယား
၁။ ကျိုးဟန် - အဆင့် ၃၃ (၁၇.၇ ရာခိုင်နှုန်း)
၂။ ဟန်ရှန်းနင် - အဆင့် ၂၅ (၁၁.၁ ရာခိုင်နှုန်း)
၃။ ဟန်ချင်းရွှယ် - အဆင့် ၂၅ (၁၀.၈ ရာခိုင်နှုန်း)
၄။ အိုဟွမ် - အဆင့် ၁၈ (၉၉.၃ ရာခိုင်နှုန်း)
၅။ မေအောက်ရွှယ် - အဆင့် ၁၇ (၉၅.၅ ရာခိုင်နှုန်း)
၆။ ခွေးဘုံ - အဆင့် ၁၇ (၈၆.၂ ရာခိုင်နှုန်း)
၇။ ကျာ့ဖေးချို - အဆင့် ၁၇ (၁၆.၄ ရာခိုင်နှုန်း)
၈။ လင်းဖန် - အဆင့် ၁၆ (၉၃.၃ ရာခိုင်နှုန်း)
...
ထင်သည့်အတိုင်းပင် အဆင့် သတ်မှတ်ချက် ဇယား ပေါ်ရှိ ကွာဟချက်များက ပိုမို ကြီးမားလာပြီး...
အနောက်မှ လူများက မှီရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ဤသည်က အစသာ ရှိသေးသည်။ အချိန်ကြာလာသည်နှင့် အမျှ...
၅ ဆ အတွေ့အကြုံ အကျိုးသက်ရောက်မှု ကြောင့် အခြားသူများနှင့် ကွာဟချက်က ပိုမို ကြီးမားလာမည် သာ ဖြစ်သည်။
မူလက မနက်ဖြန်တွင် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ကာ ညီအစ်မ နှစ်ယောက်ကို ခေါ်သွားရန် စီစဉ်ထားသော်လည်း...
ယခုတော့ အစီအစဉ်များ ပြောင်းလဲသွားပြီ ဖြစ်ရာ ကျိုးဟန် အနေဖြင့် သေချာ ပြန်လည် စဉ်းစားရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့က ကျိုးဟန် ကဲ့သို့ တိုက်ခိုက်ရေး စွမ်းအား မမြင့်မားသဖြင့် နိုးထခြင်း တာဝန် ကို တစ်ရက်တည်းဖြင့် ပြီးမြောက်နိုင်မည် မဟုတ်ပေ။
ဖတ်ရှုပြီးနောက် ကျိုးဟန် လည်း စာပြန်လိုက်သည်။
"ကျိုးဟန် - အရမ်း တော်တယ်... နိုးထခြင်း လုပ်တဲ့ အခါ ကိုယ့်ဘာသာ သတိထားကြဦး... တစ်ခုခု အခက်အခဲ ရှိရင် ကိုယ့်ကို အချိန်မီ ဆက်သွယ်လိုက်နော်..."
ကျိုးဟန် က အကျင့်ပါနေသဖြင့် မှာကြားလိုက်သည်။
"ဟန်ရှန်းနင် - အစ်ကိုဟန်... သမီး နည်းနည်း စိတ်လှုပ်ရှားနေတယ်... တကယ်လို့ နိုးထခြင်း မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ ဟင်..."
"ဟန်ချင်းရွှယ် - ကျိုးဟန်... နင် အရင်က နိုးထခြင်း လုပ်ခဲ့တဲ့ အတွေ့အကြုံလေး တွေ နည်းနည်းလောက် မျှဝေပေးပါလား..."
ညီအစ်မ နှစ်ယောက် ၏ အလုပ်အကိုင်က မှော်ဆရာ နှင့် ကုသသူ ဖြစ်သဖြင့်...
နိုးထခြင်း ပြုလုပ်ရမည့် နေရာများက မှော်နတ်ဘုရား ကျောင်းတော် နှင့် မြင့်မြတ်သော နန်းတော် တို့ အသီးသီး ဖြစ်ကြသည်။
အသေးစိတ် အချက်အလက်များကို ကျိုးဟန် လည်း မသိပေ။ ဓားနတ်ဘုရား ကျောင်းတော် နှင့် တူနိုင်သလို ကွာခြားချင်လည်း ကွာခြားနိုင်သည်။
ထို့ကြောင့် သူ တွေ့ကြုံခဲ့ရသော နိုးထခြင်း အတွေ့အကြုံများကို သူတို့ နှစ်ယောက်အား အကြမ်းဖျင်း ရှင်းပြလိုက်သည်။
တကယ်တမ်း ပြောရလျှင် ပြောစရာ သိပ်မရှိပေ။ အတိုချုပ် ပြောရလျှင်...
အဆင့်မြှင့်တင်သည်၊ အဆင့်မြှင့်တင်သည်၊ ထပ်မံ၍ အဆင့်မြှင့်တင်သည်... ထို့နောက် နိုးထခြင်း အောင်မြင်သွားသည်။
"ဟန်ချင်းရွှယ် - ဒါနဲ့ ဆိုင်ရဲ့ ဝယ်ယူရေး ဧရိယာ ထဲမှာ အရေးကြီးတဲ့ အချက်အလက် အချို့ ကို ငါ မှတ်သားထားတယ်... နင့်ဘာသာ ဝင်ကြည့်လိုက်ဦး..."
"ကျိုးဟန် - ကောင်းပါပြီ ချင်းရွှယ်... ပင်ပန်းသွားပြီနော်..."
ခဏလောက် စကားပြောပြီးနောက် ကျိုးဟန် က ဖန်သားပြင်ကို ပိတ်လိုက်သည်။
ထိုအချိန်တွင် နွားပေါင် လည်း ကျက်သွားပြီ ဖြစ်သည်။
"ဝယ်ယူရေး ဧရိယာ ဟုတ်လား... ဘာပစ္စည်းကောင်း တွေ ရထားလဲ မသိဘူး..."
မည်သို့ပင်ဖြစ်စေ ဆိုင်မန်နေဂျာ အဖြစ် ဟန်ချင်းရွှယ် ကို ခန့်အပ်ပြီးကတည်းက...
သူ လုံးဝ ဝင်မကြည့်ဖြစ်တော့ပေ။
တွေးမိသည်နှင့် ကျိုးဟန် လည်း အသားကင် စားရင်း ဆိုင်ကို ဖွင့်ကြည့်လိုက်သည်။
ဆိုင်အမည် - ရတနာတိုက်
ဆိုင်ပိုင်ရှင် - ကျိုးဟန်
ဆိုင်မန်နေဂျာ - ဟန်ချင်းရွှယ်
အရောင်းအဝယ် ပမာဏ - ၁၂၈၈၀၀
ဆိုင်အဆင့် - ၆
ဝင်ရောက် ကြည့်ရှုသူ အရေအတွက် - ၃၂၆၄.၁ သန်း
ရောင်းချရန် တင်ထားသော ပစ္စည်းများ - ရွှေအဆင့် လက်နက် / ပစ္စည်း ၁၀၆ ခု
လေလံတင်ရောင်းချခြင်း - မရှိပါ
ဒေသတွင်း အဆင့် သတ်မှတ်ချက် - ၁
ဝယ်ယူရေး ဧရိယာ - မဖတ်ရသေးသော စာတို ဝ... မှတ်သားထားသော စာတို ၃ ခု
ဟန်ချင်းရွှယ် ၏ စီမံခန့်ခွဲမှု အောက်တွင် ရတနာတိုက် မှာ အဆင့် ၆ သို့ ရောက်ရှိနေပြီ ဖြစ်ပြီး နံပါတ် ၁ နေရာတွင် ခိုင်မာစွာ ရပ်တည်နေသည်။
ထို့နောက် ကျိုးဟန် က ဝယ်ယူရေး ဧရိယာ သို့ ဝင်ရောက်ကြည့်ရှုလိုက်ရာ မှတ်သားထားသော စာတို ၃ ခု ကို တွေ့လိုက်ရသည်။
"၁။ အစ်ကိုဟန်... ကျွန်တော့်ဆီမှာ အဆင့်မြင့် အတွေ့အကြုံ ဆေးရည် ရှိပါတယ်... ရွှေဒင်္ဂါး ၁ သိန်း ဒါမှမဟုတ် ပလက်တီနမ်အဆင့် ဝတ်စုံ တစ်စုံ နဲ့ လဲချင်လို့ပါ..."
ကျိုးဟန် က လုံးဝ မကြည့်ဘဲ တိုက်ရိုက် ကျော်သွားလိုက်သည်။
အဆင့်မြင့် အတွေ့အကြုံ ဆေးရည် က ဘယ်လောက်ပဲ ကောင်းနေပါစေ အချိန်ကန့်သတ်ချက် ရှိသည်။
အကယ်၍ မြစိမ်းရောင် သစ်သီး +၅ ကို မစားရသေးပါက သူ စဉ်းစားကောင်း စဉ်းစားမည် ဖြစ်သော်လည်း...
ယခု လုံးဝ မလိုအပ်တော့ပေ။
ကျိုးဟန် က ပထမ စာတိုကို ပိတ်လိုက်ပြီး ဒုတိယ စာတိုကို ဆက်ကြည့်လိုက်သည်။
"၂။ အစ်ကိုဟန်... ကယ်ပါဦး... ကျွန်တော် ဗိုက်ဆာလွန်းလို့ သေတော့မယ်... ထူးဆန်းတဲ့ အကျိုးသက်ရောက်မှု ရှိတဲ့ မြက်ပင် တစ်ပင် ရထားလို့ ရွှေဒင်္ဂါး နည်းနည်း ပိုပေးပြီး ဝယ်ပေးပါလား ခင်ဗျာ..."
ဤလူက အရမ်း သနားစရာ ကောင်းနေသဖြင့် ကျိုးဟန် လည်း လျင်မြန်စွာ နှိပ်ကြည့်လိုက်ရာ... ပူးတွဲ ပါလာသော ဓာတ်ပုံကို တွေ့လိုက်ရသည်။
မြင်လိုက်သည်နှင့် ကျိုးဟန် ၏ မျက်မှောင်များ ကြုံ့သွားသည်။
"သောက်ကျိုးနည်း... ဒါက ခွေးမြီးကောက် မြက်ပင် မဟုတ်လား... ဒီကောင်က ငါ့ကို လာနောက်နေတာလား..."
သို့သော် ပြန်စဉ်းစားကြည့်လိုက်ရာ မဖြစ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ ဟန်ချင်းရွှယ် ကဲ့သို့ ဂရုတစိုက် ရှိသူ တစ်ယောက် က ဤကဲ့သို့ အမှားမျိုး လုပ်မိမည် မဟုတ်ရာ...
၎င်းက တကယ်ကို အစွမ်းထက်သော ဆေးဖက်ဝင် အပင် တစ်မျိုး ဖြစ်နိုင်ခြေ များသည်။
တွေးမိသည်နှင့် သူက ချက်ချင်းပင် အသေးစိတ် ဖော်ပြချက်ကို စစ်ဆေးကြည့်လိုက်သည်။
နှင်းခဲနှလုံးသား မြက်ပင်
အရည်အသွေး - ရွှေအဆင့်
ဖော်ပြချက် - အလွန် အေးခဲသော ဒေသများတွင် ပေါက်ရောက်ပြီး ရေခဲဓာတ် များကို စုပ်ယူထားသည်
အကျိုးသက်ရောက်မှု - စားသုံးပြီးနောက် ရေခဲဓာတ် ခံနိုင်ရည် ၅ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပြီး ရေခဲဓာတ် ထိန်းချုပ်မှု များကို ၁၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ရှိမည်
ဖတ်ရှုပြီးနောက် ကျိုးဟန် က ခေါင်းညိတ်လိုက်သည်။ ဤအကျိုးသက်ရောက်မှု က အတော်လေး ကောင်းမွန်လှသည်။
အဆင့်မြှင့်တင်ပြီးနောက် အကျိုးသက်ရောက်မှု က ပိုမို သိသာလာမည် ဖြစ်သည်။
သူ့တွင် ထိန်းချုပ်မှု ကင်းလွတ်သည့် အကျိုးသက်ရောက်မှု ရှိသော်လည်း...
၎င်းက စွမ်းရည်ကို အသုံးပြုပြီးမှသာ ရရှိနိုင်ခြင်း ဖြစ်သည်။
သို့သော် ဤမြက်ပင် က ရေခဲဓာတ် ထိန်းချုပ်မှု များကို အလိုအလျောက် ကင်းလွတ်ခွင့် ရှိစေမည် ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့သော အကျိုးသက်ရောက်မှုကို မည်သူကမှ ငြင်းဆန်မည် မဟုတ်ပေ။
"တောင်းတဲ့ ဈေးက အရမ်း မများဘူး ဆိုရင်... ဝယ်ထားလိုက်တာ တကယ်ကို အမြတ်ပဲ..."
တွေးမိသည်နှင့် ကျိုးဟန် လည်း တစ်ဖက်လူနှင့် ချက်ချင်း ဆက်သွယ်လိုက်သည်။
ဖန်သားပြင် ပေါ်တွင် တစ်ဖက်လူ၏ နာမည်ကို ပြသထားပြီး 'ချန်အာ့ကုံး' (ချန်ခွေးနှစ်ကောင်) ဟု ခေါ်သည်။
နှိပ်လိုက်ရုံဖြင့် အလွယ်တကူ ဆက်သွယ် စကားပြောနိုင်သဖြင့် အလွန် အဆင်ပြေလှသည်။
"ကျိုးဟန် - ဒီ နှင်းခဲနှလုံးသား မြက်ပင် ကို ငါ ယူမယ်... မင်း ဈေးသာ ခေါ်လိုက်တော့..."
ကျိုးဟန် က စာတို ပို့လိုက်သော်လည်း စက္ကန့်အနည်းငယ် ကြာသည်အထိ ပြန်စာ မရခဲ့ပေ။
တစ်ဖက်လူ တကယ် ဗိုက်ဆာပြီး သေသွားတာလား... ဒါမှမဟုတ် တစ်ခုခု အလုပ်များနေတာလား မသိပေ။
မည်သို့ပင်ဖြစ်စေ သူတို့က သားရဲများနှင့် တိုက်ပွဲဝင်ရာတွင် အာရုံစူးစိုက်ထားရမည် ဖြစ်ရာ...
ကျိုးဟန် ကဲ့သို့ လွတ်လပ် ပေါ့ပါးနေမည် မဟုတ်ပေ။
ကျိုးဟန် လည်း အလကား စောင့်မနေတော့ဘဲ နောက်ဆုံး စာတိုကို ဆက်ကြည့်လိုက်သည်။
"၃။ အစ်ကိုဟန်... အပို တွေ မပြောတော့ဘူး... ဓာတ်ပုံ တိုက်ရိုက် ပြလိုက်မယ်... သဘောကျရင် တိုက်ရိုက် ဝယ်လိုက်ပါ... ရွှေဒင်္ဂါး ၂ သိန်း တည်းပါ..."
"ဒီကောင့် လေသံ က တော်တော် ကြီးတာပဲ... တိုက်ရိုက် ရွှေဒင်္ဂါး ၂ သိန်း တောင် တောင်းနေတာပဲ..."
သို့သော် ဤကဲ့သို့သော ခေါင်းစဉ်များက ကျိုးဟန် ၏ အာရုံကို ဖမ်းစားနိုင်သဖြင့် ချက်ချင်း ဝင်ကြည့်လိုက်သည်။
လက်နက် အပေါက်ဖောက် ကိရိယာ
ဖော်ပြချက် - အသုံးပြုပြီးနောက် အမျိုးမျိုးသော ဓာတ် ကျောက်မျက်ရတနာ များကို တပ်ဆင်နိုင်ပြီး တိုက်ခိုက်ရေး စွမ်းအားကို ပိုမို အစွမ်းထက်လာစေမည်
အကျိုးသက်ရောက်မှု - ကြယ်ရောင်အဆင့် အောက်ရှိ လက်နက် သို့မဟုတ် အဆင်တန်ဆာ များတွင် အပေါက် ဖောက်နိုင်သည်... ကိရိယာ တစ်ခုလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်
"ဟင်... တကယ်ကို ပစ္စည်းကောင်း တစ်ခုပဲ..."
ကျိုးဟန် ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ထွက်ပေါ်လာသည်။
လက်နက် များတွင် အမျိုးမျိုးသော ဓာတ် ကျောက်မျက်ရတနာ များကို တပ်ဆင်နိုင်ကြောင်း ကျိုးဟန် လည်း သိထားသည်။
သို့သော် တပ်ဆင်ရန် အတွက် အပေါက် ဖောက်ရန် လိုအပ်သည်။
ထို့အပြင် ပလက်တီနမ်အဆင့် အထက် လက်နက်များကိုသာ အပေါက် ဖောက်နိုင်ပြီး...
အရည်အသွေး နိမ့်ကျသော လက်နက်များမှာ အပေါက်ဖောက်သည့် စွမ်းအားကို မခံနိုင်ဘဲ ချက်ချင်း ကွဲကြေသွားတတ်သည်။
ထို့ကြောင့် လက်နက် အပေါက်ဖောက် ကိရိယာ ကို အသုံးပြုရန် လိုအပ်ခြင်း ဖြစ်သည်။
ချန်းလဲ့မြို့ ရှိ ဈေးဆိုင်များတွင်လည်း ရောင်းချသော်လည်း ဈေးနှုန်း က ရွှေဒင်္ဂါး ၄ သိန်း တောင် ရှိသည်။
ဈေးနှုန်း ကြီးမားလွန်းသလို သူ၏ ကိုယ်ပေါ်တွင်လည်း ဓာတ် ကျောက်မျက်ရတနာ များ မရှိသဖြင့်...
သူ သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။
ယခု တစ်ဖက်လူက ရွှေဒင်္ဂါး ၂ သိန်းသာ တောင်းဆိုနေသဖြင့် အလွန် တန်သည်ဟု ဆိုရမည်။
အဘယ်ကြောင့် ဤမျှ ဈေးသက်သာနေသနည်း ဆိုလျှင်... တစ်ဖက်လူက တိုက်ခိုက်ရေး စွမ်းအား နိမ့်ကျသူ တစ်ယောက် ဖြစ်မည်ဟု ကျိုးဟန် ခန့်မှန်းမိသည်။
အပေါက်ဖောက် ကိရိယာ ကို လောလောဆယ် အသုံးပြု၍ မရနိုင်သဖြင့်...
လက်ထဲတွင် အလကား သိမ်းထားမည့် အစား ရောင်းချပြီး ရွှေဒင်္ဂါး များနှင့် တိုးတက်ရေး အရင်းအမြစ်များ ရယူခြင်းက ပိုမို တွက်ခြေကိုက်မည် ဖြစ်သည်။
တွေးမိသည်နှင့် ကျိုးဟန် လည်း လျင်မြန်စွာပင် ဝယ်ယူရန် နှိပ်လိုက်သည်။
"စနစ် သတိပေးချက် - သင်သည် ရွှေဒင်္ဂါး ၂ သိန်း သုံးစွဲလိုက်ပါသည်... သင်သည် လက်နက် အပေါက်ဖောက် ကိရိယာ ၁ ခု ရရှိပါသည်... ကျေးဇူးပြု၍ အချက်အလက်များကို စစ်ဆေးကြည့်ပါ"
အချက်အလက်များကိုတော့ ကြည့်စရာ မလိုတော့ပေ။ စောစောက သူ ကြည့်ပြီးသွားပြီ ဖြစ်သည်။
ကျိုးဟန် က တိုက်ရိုက် အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်ရာ အဖြူရောင် အလင်းတန်း ၆ ခု ဖြတ်သန်းသွားပြီး...
အဆင့်မြှင့်ပြီးနောက် အချက်အလက်သစ်များ ထွက်ပေါ်လာသည်။
လက်နက် အပေါက်ဖောက် ကိရိယာ (၆ ကြိမ်မြှင့်)
ဖော်ပြချက် - အသုံးပြုပြီးနောက် အမျိုးမျိုးသော ဓာတ် ကျောက်မျက်ရတနာ များကို တပ်ဆင်နိုင်ပြီး တိုက်ခိုက်ရေး စွမ်းအားကို ပိုမို အစွမ်းထက်လာစေမည်
အကျိုးသက်ရောက်မှု - ဘုရင်အဆင့် အောက်ရှိ လက်နက် သို့မဟုတ် အဆင်တန်ဆာ များတွင် အပေါက် ဖောက်နိုင်သည်... ကိရိယာ တစ်ခုလျှင် နှစ်ကြိမ် အသုံးပြုနိုင်သည်
အဆင့်မြှင့်ပြီးနောက် တကယ်ကို ပိုမို အစွမ်းထက်လာသည်။
ယခင်က ကြယ်ရောင်အဆင့် သာ ကန့်သတ်ထားသော်လည်း ယခု ဘုရင်အဆင့် အောက် အရည်အသွေးများ အထိ အသုံးပြုနိုင်လာသည်။
အရေးအကြီးဆုံး အချက်မှာ နှစ်ကြိမ် အသုံးပြုနိုင်လာခြင်း ပင်။
ဆိုလိုသည်မှာ အပေါက် နှစ်ပေါက် ဖောက်နိုင်ပြီ ဖြစ်ရာ တကယ်ကို အရမ်း မိုက်လွန်းလှသည်။
စိတ်လှုပ်ရှားမှုများကို ငြိမ်သက်စေပြီးနောက် ကျိုးဟန် က အပေါက်ဖောက် ကိရိယာ ကို ပြန်လည် သိမ်းဆည်းလိုက်သည်။
ယခု လောလောဆယ် ကျောက်မျက်ရတနာ လည်း မရှိ၊ ဘုရင်အဆင့် လက်နက် လည်း မရှိသဖြင့်...
အလောတကြီး အပေါက် ဖောက်လိုက်ပါက အလဟဿ ဖြစ်သွားမည် ဖြစ်သည်။
"စနစ် သတိပေးချက် - သင့်ထံတွင် ကိုယ်ပိုင် စာတို ရောက်ရှိနေပါသည်... စစ်ဆေးကြည့်ပါ"
ချန်အာ့ကုံး ထံမှ စာတို ရောက်လာခြင်း ဖြစ်မည်။ မဟုတ်ပါက ကိုယ်ပိုင် စာတို ဟု သတိပေးမည် မဟုတ်ပေ။
ဖွင့်ကြည့်လိုက်ရာ ထင်သည့်အတိုင်းပင် ဖြစ်သည်။
"ချန်အာ့ကုံး - အစ်ကိုဟန်... နောက်ဆုံးတော့ စာပြန်လာပြီပဲ... ကျွန်တော် ဗိုက်ဆာလွန်းလို့ သေတော့မယ်..."
"ကျိုးဟန် - အပိုတွေ ပြောမနေနဲ့... ဈေးသာ မြန်မြန် ခေါ်... ငါ့မှာ မင်းနဲ့ စကားပြောနေဖို့ အချိန် မရှိဘူး..."
သို့သော် ကျိုးဟန် က ကင်ထားသော နွားပေါင် မှ အသားတုံး ကြီး တစ်တုံး ကို လှီးဖြတ်ကာ တိုက်ရိုက် လွှဲပြောင်းပေးလိုက်သည်။
အစစ်အမှန် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အကယ်၍ တစ်ဖက်လူ တကယ် သေသွားပါက...
အချိန် အများကြီး ပေးပြီး ဘာမှ မရလိုက်လျှင် အရမ်း အရှုံးပေါ်မည် ဖြစ်သည်။
"ချန်အာ့ကုံး - ဝါး... ဒါ အမဲသား ပဲ... ကျွန်တော် ၄ ရက် အတွင်း ပထမဆုံးအကြိမ် အသား စားရတာ... ဝူးဝူးဝူး... အစ်ကိုဟန် က တကယ် သဘောကောင်းတာပဲ..."
ကြည့်ရတာ ဒီကောင် တော်တော်လေး ဒုက္ခရောက်နေပုံ ရသည်။
နယ်မြေ ၆၆၆ တွင် ကျန်ရှိနေသော ကစားသမားများ အားလုံး ချမ်းသာနေမည် မဟုတ်လျှင်တောင်...
အနည်းဆုံးတော့ ဝမ်းဝအောင် စားနိုင်မည်ဟု ကျိုးဟန် ထင်ထားခဲ့သော်လည်း...
သူ ထင်ထားသလောက် မလှပကြောင်း တွေ့ရှိလိုက်ရသည်။
"ချန်အာ့ကုံး - အစ်ကိုဟန်... ဒီ နှင်းခဲနှလုံးသား မြက်ပင် ကို ရွှေဒင်္ဂါး ၁ သောင်း ဆိုရင်ကော ဘယ်လိုလဲ..."
"ကျိုးဟန် - လစ်လိုက်..."
ဒီစာကို မြင်လိုက်ရသဖြင့် ကျိုးဟန် လည်း ချက်ချင်း ဒေါသထွက်သွားသည်။ သူက ချမ်းသာသော်လည်း လူအ တယောက်တော့ မဟုတ်ပေ။
ထို့အပြင် ဤသည်က တောင်းချင်သလောက် တောင်းနေခြင်း ပင်။ မည်သို့ပင်ဖြစ်စေ ရွှေအဆင့် အရည်အသွေးသာ ရှိပြီး...
၅ ကြိမ်သာ အဆင့်မြှင့်နိုင်မည် ဖြစ်ရာ... အဆင့်မြှင့်ပြီးနောက် အကျိုးသက်ရောက်မှု မည်သို့ ရှိမည်ကို ကျိုးဟန် ကိုယ်တိုင်လည်း မသိသေးပေ။
"ချန်အာ့ကုံး - ရွှေဒင်္ဂါး ၈၀၀၀ ကော..."
"ကျိုးဟန် - အများဆုံး ရွှေဒင်္ဂါး ၅၀၀၀ ပဲ ပေးမယ်... မရရင်လည်း နေတော့..."
ဤသည်မှာ ကျိုးဟန် ၏ စိတ်ထဲရှိ အနိမ့်ဆုံး ဈေးနှုန်း ဖြစ်သဖြင့် တိုက်ရိုက် ပြောလိုက်ခြင်း ဖြစ်သည်။
တကယ်တမ်း ပြောရလျှင် ဈေးနှုန်း က အတော်လေး များနေသော်လည်း သူက တကယ် ဝယ်ချင်နေခြင်း ဖြစ်သည်။
"ချန်အာ့ကုံး - ကောင်းပါပြီ... သဘောတူပါတယ်... အစ်ကိုဟန် က တကယ်ကို ရှင်းလင်း ပြတ်သားတာပဲ... နံပါတ် ၁ ဆရာကြီး ပီသတယ်... ဒါပေမဲ့ ကျွန်တော့်ဆီမှာ နောက်ထပ် ပစ္စည်း တစ်ခု ရှိသေးတယ်... အစ်ကိုဟန် သေချာပေါက် စိတ်ဝင်စားမယ် လို့ ယုံကြည်တယ်..."