← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈) ကြွားလုံးထုတ်ရင် ပေးဆပ်ရမယ့် တန်ဖိုး ရှိတယ်

"ဟဲဟဲ... ကျိုးဟန် မင်းက တကယ်ပဲ ထွက်လာရဲတာပဲ... သတ္တိတော့ မသေးဘူး..."

ဦးဆောင်လာသူမှာ ချန်းလဲ့မြို့၏ မိသားစုကြီး လေးခုအနက်မှ နျဲ့ မိသားစု၏ တိုက်ရိုက်မျိုးဆက် နျဲ့ဖေး ပင်ဖြစ်သည်။

ယခုအချိန်တွင် သူ၏ နောက်၌ ကျန်း မိသားစုနှင့် ဟုန် မိသားစု၏ အကိုင်းအခွဲ မျိုးဆက်များ အပါအဝင် နောက်ခံမသေးသော လူတစ်စုက ဝန်းရံထားကြသည်။

သူတို့၏ မျက်နှာပေါ်တွင် ကြောင်က ကြွက်ကို ကစားတော့မည့်ဟန်ဖြင့် မကောင်းဆိုးဝါး အပြုံးများ ထွက်ပေါ်နေပြီး ကျိုးဟန်ကို အန္တရာယ်ပြုလိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

"ဘယ်လိုဖြစ်လို့ ဒီလောက် စည်ကားနေတာလဲ... ဟာ... အဲဒါ နျဲ့ မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် နျဲ့ဖေး ပဲ... သူက ကိုယ်တိုင် ထွက်လာတာ ဆိုတော့ ဘာတွေများ ဖြစ်နေလို့လဲ"

"ဒါကို မင်း မသိသေးဘူး မဟုတ်လား... ဟို ဝိုင်းထားခံရတဲ့ လူကို မြင်လား... သူ့နာမည်က ကျိုးဟန် တဲ့... ရွေးချယ်ပွဲ တုန်းက ပိုင်လင်းလုံ ကို တစ်ကွက်တည်းနဲ့ လွင့်စင်သွားအောင် လုပ်ခဲ့တဲ့သူလေ"

"သြော်... ငါ နားလည်ပြီ... နျဲ့ဖေး က ပိုင်လင်းလုံ ရဲ့ နံပါတ်တစ် ခွေးလေး ဆိုတော့... နတ်သမီးလေး ရဲ့ နှလုံးသားကို အပြီးအပိုင်ရဖို့ အတွက် သူမ ကိုယ်စား လက်စားချေပေးမလို့ နေမှာပေါ့"

"ရှူး... တိုးတိုး ပြောစမ်းပါ... သူ့ကို ကြားသွားရင် မင်း အရေခွံ ခွာခံရလိမ့်မယ်... ခွေးလေး လို့ မခေါ်နဲ့... အရူးအမူး ကြိုက်နေတဲ့သူ လို့ ခေါ်"

"အင်း... ဒါဆို ကျန်း မိသားစု နဲ့ ဟုန် မိသားစု ကရော ဘယ်လိုဖြစ်တာလဲ... ကျိုးဟန် က သူတို့ကိုရော သွားရန်စထားလို့လား"

"ဒါပေါ့... ကျန်းချန် နဲ့ ဟုန်ဖန် တို့ နှစ်ယောက်လုံး က ကျိုးဟန် လက်ထဲမှာ အကြီးအကျယ် ရှုံးနိမ့်ထားတာလေ... ဒီတော့ သူတို့က ဘယ်လိုလုပ် ကျေနပ်နိုင်ပါ့မလဲ"

"ဒီလို ကြည့်ရတာ ဒီ ကျိုးဟန် ကလည်း သာမန်တော့ မဟုတ်ဘူးပဲ... ဒါပေမဲ့ နှမြောစရာ ကောင်းတာက သိုင်းနတ်ဘုရား ကျောင်းတော် ရဲ့ ပါရမီရှင် နျဲ့ဖေး နဲ့ ရင်ဆိုင်ရမှာ ဆိုတော့ လုံးဝ အနိုင်ရနိုင်ခြေ မရှိဘူး"

"ဟက်... ဒါက ယှဉ်လို့ ရနိုင်မလား... ကျိုးဟန် ကို စက္ကန့်ပိုင်း အတွင်း လက်သီး တစ်ချက်တည်းနဲ့ အပြတ်ရှင်းသွားလိမ့်မယ်"

ကြီးမားလှသော လူအုပ်ကြီးက သေချာပေါက် ကြီးမားသော ဆူညံသံများကို ဖြစ်ပေါ်စေသည်။

အထူးသဖြင့် သိုင်းနတ်ဘုရား ကျောင်းတော်၏ ပါရမီရှင် အဖြစ် အသစ် တက်လှမ်းလာသော နျဲ့ဖေး မှာ ပို၍ပင် တောက်ပနေပြီး အရှိန်အဝါ ကြီးမားလှသည်။

ဓားနတ်ဘုရား ကျောင်းတော်၊ သိုင်းနတ်ဘုရား ကျောင်းတော် စသည့် အဖွဲ့အစည်းများမှာ ချန်းလဲ့မြို့ တွင် သာမန်ထက် သာလွန်သော နေရာများ ဖြစ်ကြသည်။

သာမန် လူများ အနေဖြင့် အဝေးမှသာ ငေးကြည့်နိုင်ပြီး ၎င်းတို့ထဲသို့ ဝင်ရောက်ရန်မှာ အလွန် ထူးချွန်သော ပါရမီနှင့် အရည်အချင်းများ လိုအပ်သည်။

ထို့ကြောင့် လမ်းသွားလမ်းလာ များစွာ၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။ အားလုံးက နေကြာစေ့ စားရင်း ပွဲကြည့်ရန် ပြင်နေကြသည်။

နျဲ့ဖေး ၏ နောက်တွင် ရပ်နေသော ဟုန်ဖန်၊ ကျန်းချန် စသည့် သူ၏ လက်အောက်ခံ အရှုံးသမားများကို မြင်လိုက်ရသည်။

ထို့အပြင် လမ်းသွားလမ်းလာများ၏ ပြောဆိုသံများကို ကြားလိုက်ရသဖြင့် သူတို့ ပြဿနာ လာရှာသည့် အကြောင်းရင်းကို ကျိုးဟန် သဘောပေါက်သွားတော့သည်။

"နတ်သမီးလေး ရှေ့မှာ မျက်နှာရဖို့ ဒီလို နည်းလမ်းကို သုံးတယ် ဆိုတာ... ဒါ အရူး မဟုတ်ရင် ဘာလဲ"

ပိုင်လင်းလုံ ကိုယ်တိုင်ပင် ဤကိစ္စကို အရှက်ကွဲသည်ဟု ယူဆထားရာ ယခု နျဲ့ဖေး က ကျိုးဟန်ကို ပြဿနာ လာရှာခြင်းမှာ ပိုင်လင်းလုံ ၏ ဒဏ်ရာကို ဆားသိပ်နေခြင်းနှင့် မတူဘူးလား။

ဒီလို ဉာဏ်ရည်မျိုးနဲ့ နတ်သမီးလေး ကို ရမယ်လို့ တွေးနေတာက တကယ်ကို ရူးသွပ်လွန်းလှသည်။

"မင်းတို့ကို ၁၀ စက္ကန့် အချိန်ပေးမယ်... ငါ့မျက်စိရှေ့ကနေ ပျောက်သွားလိုက်... မင်းတို့ရဲ့ စော်ကားမှု ကို ငါ ခွင့်လွှတ်ပေးမယ်"

ကျိုးဟန် က တည်ငြိမ်စွာပင် ပြောလိုက်သည်။

ဤကဲ့သို့သော အမှိုက်များက သူ၏ စိတ်ကို မလှုပ်ရှားစေနိုင်ပေ။

အကဲဖြတ်ခြင်း စွမ်းရည်ဖြင့် ကျပန်း စစ်ဆေးကြည့်လိုက်ရာ အရမ်း အားနည်းလွန်းသဖြင့် တိုက်ခိုက်ချင်စိတ် ပင် မရှိတော့ပေ။

ရွှေကိုယ်ထည် သိုင်းသမား - နျဲ့ဖေး

အဆင့် - ၅၃

သွေးပမာဏ - ၈၀၀၀

တိုက်ခိုက်မှု - ၃၁၀၀

အကာအကွယ် - ၁၈၀၀

လက်နက် - ကျောက်ခွဲ လက်အိတ်

ဝတ်စုံ - ရွှေကိုယ်ထည် ဝတ်စုံ

အဆင်တန်ဆာ - မြေကမ္ဘာ ဝိညာဉ်ကျောက်တုံး

သိုင်းကျင့်စဉ် - သံမဏိ သိုင်း

သိုင်းသမား အလုပ်အကိုင် တစ်ခု ဖြစ်ပြီး သွေးပမာဏ ၈၀၀၀ သာ ရှိသည်။

သူ၏ သံမဏိ သိုင်း ၏ အလွန် အစွမ်းထက်သော အကာအကွယ် ကို ပေါင်းထည့်လိုက်လျှင်တောင် လောက်လောက်လားလား မရှိပေ။

ကျိုးဟန် က အလွယ်တကူ တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။

ဤကဲ့သို့သော အရူးက သူ့ကို လာရန်စရဲသည် ဆိုတော့ ကြည့်ရတာ ချန်းလဲ့မြို့ တွင် သူ အရမ်း နှိမ့်ချနေခဲ့မိပုံ ရသည်။

"မင်း နာမည် က ကျိုးဟန် ပေါ့လေ... မင်းက တော်တော် မောက်မာတာပဲ"

နျဲ့ဖေး က ကျိုးဟန် ဤမျှ ကြီးမားသော စကားများကို ပြောရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤသည်က သူ၏ ဂုဏ်သိက္ခာကို အနည်းငယ် ထိခိုက်သွားစေသည်။

ပတ်ဝန်းကျင်ရှိ ပွဲကြည့်ပရိသတ်များထဲတွင် သူ့ကို အထင်ကြီးလေးစားစွာ ကြည့်နေကြသော မိန်းမပျိုလေးများ အများအပြား ရှိနေသည် မဟုတ်ပါလား။

ထို့ကြောင့် သူက ပိုမို အာဏာပါပါ ပြုမူရန် လိုအပ်သည်။

"ငါ တစ်ခွန်းပဲ ပြောမယ်... ဒူးထောက်ပြီး ဒီမှာ ရှိတဲ့ လူတိုင်းကို တောင်းပန်လိုက်... ဒါဆို ဒီကိစ္စ ပြီးသွားပြီ"

နျဲ့ဖေး က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး သူ၏ လွှမ်းမိုးနိုင်စွမ်း အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်သည်။

မိန်းမပျိုလေးများ၏ အားပေးသံများက သူ့ကို ပိုမို ဂုဏ်ယူဝင့်ကြွားသွားစေသည်။

"ဟူး... အသက်ရှင်နေရတာ မကောင်းလို့လား... ဘာလို့ သေလမ်း ကို ရွေးချယ်နေရတာလဲ"

"မှတ်ထား... ကြွားလုံးထုတ်ရင် ပေးဆပ်ရမယ့် တန်ဖိုး ရှိတယ်"

ကျိုးဟန် က ခေါင်းခါကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"မင်း သေချင်နေတာပဲ"

ကျိုးဟန် ၏ နှမြောတသ ဖြစ်နေသော မျက်နှာထား နှင့် လှောင်ပြောင်မှု အချို့ကို မြင်လိုက်ရသဖြင့် နျဲ့ဖေး လုံးဝ ဒေါသပေါက်ကွဲသွားတော့သည်။

အမည်မသိ လူငယ်လေး တစ်ယောက် က သိုင်းနတ်ဘုရား ကျောင်းတော်၏ ပါရမီရှင် ဖြစ်သော သူ့ရှေ့တွင် ကြွားလုံးထုတ်ရုံသာမက သူ့ထက်ပင် ပို၍ အဆင့်မြင့်မြင့် ကြွားလုံးထုတ်နေသဖြင့် သူ မည်သို့ သည်းခံနိုင်မည်နည်း။

ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။

ပေါက်ကွဲတော့မည့် အရှိန်အဝါများက သူ၏ ကြီးမားသော လက်သီးပေါ်တွင် စုစည်းသွားသည်။

လက်သီး မှ အလင်းတန်းများ က အစပိုင်းတွင် မှိန်ဖျော့နေရာမှ တဖြည်းဖြည်း နေမင်းကြီး တစ်စင်းအလား ပြိုးပြိုးပြောင်ပြောင် ဖြစ်လာကာ မျက်စိကျိန်းလောက်အောင် တောက်ပလာသည်။

ကြမ်းတမ်းသော အရှိန်အဝါ များက အဆက်မပြတ် မြင့်တက်လာပြီး သူ၏ လက်သီး အလင်းတန်း ကြောင့် လေဟာနယ် ပင်လျှင် အနည်းငယ် ပုံပျက်သွားသည်။

ယခုအချိန်တွင် သူသည် စစ်နတ်ဘုရား တစ်ပါးအလား အဝတ်အစားများ လွင့်လူးနေပြီး ဆံပင်များက လေမတိုက်ဘဲ လွင့်မျောနေသည်။

"ကောင်လေး... မင်း ငါ့ကို အောင်မြင်စွာ ဒေါသထွက်အောင် လုပ်နိုင်ခဲ့ပြီ... သိုင်းနတ်ဘုရား ကျောင်းတော် ရဲ့ ပါရမီရှင် ရဲ့ ဒေါသကို ခံစားဖို့ ပြင်ထားလိုက်တော့"

"ကြမ်းတမ်းသော ရွှေကိုယ်ထည် လက်သီး... မင်း ဒီတစ်ချက်ကို ခံနိုင်မလား ကြည့်ရသေးတာပေါ့"

နျဲ့ဖေး ၏ နှုတ်ခမ်းထောင့်တွင် အန္တရာယ်ရှိသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ကြမ်းတမ်းသော အရှိန်အဝါ များနှင့်အတူ ကျိုးဟန် ထံသို့ ပြေးဝင်သွားတော့သည်။

"ဒါက နျဲ့ဖေး လား... သိုင်းနတ်ဘုရား ကျောင်းတော် ကနေ ရလာတဲ့ အဆုံးစွန် သိုင်းပညာ လို့ ကြားတယ်... ဒီနေ့ တွေ့လိုက်ရတာ တကယ်ကို နာမည် နဲ့ လိုက်ဖက်တာပဲ... ပါရမီရှင် ဆိုတဲ့ နာမည် နဲ့ တကယ် ထိုက်တန်တယ်"

"ငါ ဒီလောက် အဝေးကြီး ကနေတောင် အဲဒီ ထူးခြားတဲ့ အရှိန်အဝါ ကြီးကို ခံစားနေရတယ်... ဘုရားရေ... လေဟာနယ် ကြီး တောင် ဆုတ်ဖြဲခံလိုက်ရပြီ"

"ကျိုးဟန် က ဒီလို သိုင်းဆရာကြီး မျိုး ကို သွားရန်စမိတာပဲ... ဒီလက်သီး တစ်ချက်တည်း နဲ့တင် တစ်ကိုယ်လုံး အသုံးမကျ ဖြစ်သွားတော့မှာပဲ"

"နျဲ့ဖေး က တကယ် မိုက်တာပဲ... နိုင်ငံချစ် ယောကျ်ားကောင်း တစ်ယောက် ပဲ... ထင်ရှားတဲ့ နောက်ခံ ရှိသလို အစွမ်းထက်တဲ့ စွမ်းအား လည်း ရှိတယ်... ဒီလို ယောက်ျား မျိုး ကို လက်ထပ်ချင်လိုက်တာ"

"အရမ်း နှမြောစရာ ကောင်းတာပဲ... ကျိုးဟန် က နျဲ့ဖေး ထက် နည်းနည်း ပိုချောပေမယ့်... ဒီလောက ကြီး က စွမ်းအား ကိုပဲ အဓိက ထားတာလေ"

မိန်းမပျိုလေးများ၏ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် နျဲ့ဖေး က ပိုမို ဂုဏ်ယူဝင့်ကြွားသွားပြီး လက်သီး အလင်းတန်း က ပိုမို ထက်မြက်လာသည်။

ကောင်းကင်ကိုပင် ဆုတ်ဖြဲပစ်နိုင်မည့် အထင်မှားမှု မျိုးကို သူ ခံစားနေရသည်။

ကျိုးဟန် က နေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး မည်သည့် လှုပ်ရှားမှုမှ မရှိသည်ကို မြင်လိုက်ရသဖြင့် နျဲ့ဖေး က ကောင်းကင်သို့ မော့ကြည့်ကာ ရယ်မောလိုက်သည်။

"ကောင်လေး... လန့်သွားပြီ မဟုတ်လား... အခုမှ နောင်တရနေရင်လည်း နောက်ကျသွားပြီ"

လက်သီး အလင်းတန်း က တောက်ပစွာဖြင့် အနားသို့ ရောက်ရှိလာပြီး မကြာမီ ကျိုးဟန် ကို ထိမှန်တော့မည် ဖြစ်သည်။

သို့သော် ဤ လက်တစ်ကမ်း အကွာအဝေး မှာ ကမ္ဘာတစ်ဖက်ဆီ ဝေးကွာနေသကဲ့သို့ အစွမ်းကုန် ကြိုးစား၍ ထိရန် ကြိုးစားသော်လည်း လုံးဝ ထိမှန်နိုင်ခြင်း မရှိပေ။

"ဘာအခြေအနေ လဲ... မင်း... မင်း ဒါက"

နျဲ့ဖေး က ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအားများကို အသုံးပြုလိုက်သဖြင့် မျက်နှာ တစ်ခုလုံး နီရဲနေသော်လည်း ကျိုးဟန် ၏ အနားသို့ လုံးဝ ကပ်သွားနိုင်ခြင်း မရှိပေ။

သူ အံ့အားသင့်သွားပြီး ကျိုးဟန် ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

"နျဲ့ဖေး နဲ့ တကယ် တန်တာပဲ... ဒါက တစ်ဖက်လူကို ကစားချင်လို့ တမင် လုပ်နေတာ သိသာတယ်... အနားရောက်မှ မတိုက်ခိုက်ဘဲ ကစားနေတာ... ဒါက ကျိုးဟန် ကို ဘယ်လောက်တောင် စိတ်ဖိစီးမှု တွေ ပေးလိုက်မလဲ"

"ဒီလို ကြွားလုံးထုတ်တာမျိုး ကို ငါ အမှတ်အပြည့် ပေးတယ်... အစ်ကိုဖေး က တကယ်ကို ကစားတတ်တာပဲ... ကျိုးဟန် တော့ အခု အရမ်း ကြောက်နေလောက်ပြီ"

"ကြောင် က ကြွက် ကို ကစားတဲ့ ကစားကွက် မျိုးက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်... ငါ သဘောကျတယ်... ဟားဟား"

"ကျိုးဟန် တကယ်ကို သနားစရာ ကောင်းတာပဲ... ဒီလို ဆက်ဆံခံနေရတာ... ငါသာ ဆိုရင် ရူးတောင် ရူးသွားလောက်ပြီ"

အခြေအနေ မှန်ကို မသိသော ပွဲကြည့်ပရိသတ်များ က ကျိုးဟန် အတွက် ဝမ်းနည်းနေကြသည်။

တကယ်တမ်းတွင်မူ ယခုအချိန်၌ နျဲ့ဖေး ၏ ရင်ထဲတွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ချွေးပေါက်များမှ ချွေးများ အဆက်မပြတ် စီးကျနေကြောင်း မည်သူမျှ မသိကြပေ။

မိမိ၏ အရှေ့ရှိ အတားအဆီး မှာ မျက်စိဖြင့် မမြင်ရသော လေဓာတ် များဖြင့် ဖွဲ့စည်းထားသည့် လေတံတိုင်း တစ်ခု ဖြစ်ကြောင်း နောက်ဆုံးတွင် သူ သိလိုက်ရသည်။ သို့သော် သူ၏ စွမ်းအားဖြင့် လုံးဝ လှုပ်ခတ်၍ မရနိုင်ပေ။

ထိုသို့ဆိုလျှင် တစ်ဖက်လူ၏ စွမ်းအား မည်မျှ နက်ရှိုင်းမည်ကို တွေးကြည့်၍ ရနိုင်သည်။

"ကျွန်... ကျွန်တော်..."

နျဲ့ဖေး ၏ ခန္ဓာကိုယ် တုန်ယင်နေပြီး အရှုံးပေးစကား ပြောရန် ပြင်လိုက်သည်။

"ဆူညံလိုက်တာ... လစ်စမ်း"

ကျိုးဟန် က လက်ချောင်းလေး တစ်ချက် ခေါက်လိုက်ရာ ကြမ်းတမ်းသော လေပြင်းများ ရိုက်ခတ်သွားပြီး နျဲ့ဖေး ၏ ခန္ဓာကိုယ် တစ်ခုလုံး ချက်ချင်း လွင့်စင်သွားတော့သည်။

တစ်နေရာလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး လူတိုင်း အံ့အားသင့်သွားကြသည်။

တိုက်ပွဲ အခြေအနေ က ချက်ချင်း ပြောင်းပြန် ဖြစ်သွားပြီး အရာအားလုံး က မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်း ဖြစ်ပျက်သွားခဲ့သည်။

"သောက်ကျိုးနည်း... နျဲ့ဖေး တကယ် ပျံသွားပြီဟေ့... မီတာ ရာနဲ့ချီ အဝေးကြီး ကို လွင့်သွားတာပဲ"

"ဒါက အဓိက မဟုတ်ဘူး... အဓိက က နျဲ့ဖေး က တစ်ကွက်တည်း နဲ့ အနိုင်ယူခံလိုက်ရတာပဲ... ဒီနေ့ တိုက်ပွဲ ကြောင့် ကျိုးဟန် က ချန်းလဲ့မြို့ မှာ သေချာပေါက် နာမည်ကြီး သွားတော့မှာပဲ"

"သိုင်းနတ်ဘုရား ကျောင်းတော် ရဲ့ ပါရမီရှင် ကို တစ်ကွက်တည်း နဲ့ အနိုင်ယူလိုက်တယ် ဟုတ်လား... ဒါ ဘယ်လို စွမ်းအား မျိုးလဲ... အရမ်း ကြောက်စရာ ကောင်းလွန်းတယ်"

"ဝါး... ကျိုးဟန် က တကယ် မိုက်တာပဲ... ငါ့အဖေ ကို သူ့အိမ် သွားပြီး စေ့စပ်ခိုင်းရမယ်"

"နင် အရမ်း မျက်နှာပြောင် တိုက်တာပဲ... ခုနကတောင် နျဲ့ဖေး ကိုပဲ လက်ထပ်မယ် ဆို... ကျိုးဟန် က ငါ့အပိုင် ပဲ... ဘယ်သူမှ လာမလုနဲ့"

စောစောက အဖက်လုပ်မခံရသော ကျိုးဟန် မှာ ယခု လူတိုင်း လုယူချင်သော အဖိုးတန် ရတနာ တစ်ခု ဖြစ်သွားတော့သည်။

ဤကဲ့သို့ အစွမ်းထက်သော စွမ်းအားမျိုးကို မည်သူက မိတ်ဆွေ မဖွဲ့ချင်ဘဲ နေမည်နည်း။

သို့သော် ကျိုးဟန် က ဤအရာများကို ဂရုမစိုက်ဘဲ နျဲ့ဖေး နှင့် အတူ လိုက်ပါလာသော လူအုပ်ကြီးကို စူးရဲစွာ ကြည့်လိုက်သည်။

"မင်းတို့ ကလည်း ငါ့ကို ပြဿနာ လာရှာတာလား"

ကျိုးဟန် ၏ မျက်လုံးများထဲတွင် ထက်မြက်မှုများ ပြည့်နှက်နေသဖြင့် လူအုပ်ကြီး မှာ တည့်တည့် မကြည့်ရဲကြပေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်တော်တို့ က အစ်ကိုဟန် နတ်ဆိုး နှိမ်နင်းရေး ဌာန ကို လာပြီး သတင်းပို့တယ် ကြားလို့ အထူး လာပြီး ကြိုဆိုကြတာပါ"

လူတိုင်း ၏ ခန္ဓာကိုယ်များ တုန်ယင်သွားပြီး အားလုံးက ခေါင်းငုံ့နေကြသည်။

ထိုအထဲမှ လူတစ်ယောက် က ဉာဏ်ပြေးစွာဖြင့် အလျင်အမြန် ပြောလိုက်သည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ်... နတ်ဆိုး နှိမ်နင်းရေး ဌာန မှာ အစ်ကိုဟန် လို လူမျိုး ဝင်လာတာ တကယ်ကို ဂုဏ်ကျက်သရေ ရှိလွန်းပါတယ်"

"နတ်ဆိုး နှိမ်နင်းရေး ဌာန အတွက်တော့ အစ်ကိုဟန်ကို ရလိုက်တာ ရေရတဲ့ငါးလိုပါပဲ"

"ကျွန်တော်တို့ က နေ့စောင့် ညစောင့် နဲ့ မျှော်နေခဲ့ရတာ... နောက်ဆုံးတော့ အစ်ကိုဟန် ရောက်လာပြီပဲ"

အခြားသူများ ကလည်း အလျင်အမြန် ထောက်ခံလိုက်ကြသည်။ အကယ်၍ ကျိုးဟန် အပြစ်ရှာမည်ကို သူတို့ အလွန် ကြောက်ရွံ့နေကြသည်။

"အို... မင်းတို့ က လက်ဗလာ နဲ့ လာကြိုကြတာလား... နည်းနည်းလေးမှ စေတနာ မပါသလိုပဲ"

ကျိုးဟန် က မေးစေ့ကို ပွတ်သပ်ရင်း မျက်လုံးထဲတွင် အန္တရာယ်ရှိသော အလင်းတန်းများ တောက်ပလာသည်။

လူတိုင်း ကြောင်အသွားကြသည်။ ဤသည်က ဗြောင်ကျကျ ပိုက်ဆံ တောင်းနေခြင်း ပင်။

သို့သော် ယခုအချိန်တွင် သူတို့က စဉ်းတီတုံးပေါ်က အသားများသာ ဖြစ်နေသည်။ အဓိက မှာ နျဲ့ဖေး အပေါ် အရမ်း ယုံကြည်နေခဲ့ခြင်း ဖြစ်သည်။

ကျိုးဟန် ဤမျှ အစွမ်းထက်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ဘာမှ မတတ်နိုင်တော့ပေ။ ငွေကုန်ကြေးကျ ခံပြီး ဘေးအန္တရာယ် ကို ဖြေရှင်းရတော့မည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်တော်တို့ အားလုံး ပြင်ဆင်ထားပြီးသား ပါ"

"အစ်ကိုဟန်... ကျွန်တော့် ဆီမှာ ရွှေဒင်္ဂါး ၁၀၀၀ ရှိပါတယ်... နည်းနည်းလေးပေမယ့် လက်ခံပေးပါခင်ဗျာ"

"အစ်ကိုဟန်... ကျွန်တော့် ဆီမှာလည်း ရွှေဒင်္ဂါး ၁၀၀၀ ရှိပါတယ်... စောစောကတည်းက ပြင်ဆင်ထားတာပါ... ခုနက ထုတ်ပေးဖို့ မေ့သွားလို့ပါ"

ဤလူများ က နှမြောတသ ဖြင့် ပိုက်ဆံ ထုတ်ပေးရတော့သည်။

ကျိုးဟန် ၏ မျက်လုံးများ တောက်ပသွားသည်။ ဒီလိုမျိုး ပိုက်ဆံ ရှာလို့ ရမှန်း သူ မသိခဲ့ပေ။ နောက်ပိုင်း သူ့ကို ပြဿနာ လာရှာမည့် သူများ များများ လာစေရန် သူ မျှော်လင့်မိသည်။

ထို့အပြင် ဤ အဖွဲ့အစည်းကြီးများမှ လူများ အားလုံး က တော်တော်လေး ချမ်းသာကြပုံ ရသည်။

ထိုသို့ဆိုလျှင် ဤ ရွှေဒင်္ဂါး ၁၀၀၀ က သူတို့၏ အဆုံးစွန် ကန့်သတ်ချက် မဟုတ်သည်မှာ သေချာသည်။ ပိုပြီး ရအောင် ညှစ်ရမည်။

"ဖြန်း"

ကျိုးဟန် က ဤလူများ ကမ်းပေးလာသော ရွှေဒင်္ဂါးများကို မြေပြင်ပေါ်သို့ တိုက်ရိုက် ရိုက်ချလိုက်သည်။

လူတိုင်း ကြောင်အသွားကြသည်။ ဒါက ဘာအခြေအနေလဲ။

အစ်ကိုဟန် က မြင့်မြတ်သော စိတ်ထား ရှိသူ တစ်ယောက် ဖြစ်ပြီး ဤကဲ့သို့သော လောကီ အရာများကို မနှစ်သက်လို့များလား။

သို့သော် နောက်ဆက်တွဲ စကား ကြောင့် သူတို့ တွေးလွန်သွားမှန်း သိလိုက်ရသည်။

"မင်းတို့ က ငါ ကျိုးဟန် ကို အထင်သေးနေတာလား... ဒီလောက် ရွှေဒင်္ဂါး လေး နဲ့... မင်းတို့ရဲ့ စေတနာ ကို ငါ အရမ်း သံသယ ဖြစ်တယ်"

ကျိုးဟန် က ရွှေမြွေဓား ကို တိုက်ရိုက် ဆွဲထုတ်လိုက်ပြီး ဖြည်းညှင်းစွာ သုတ်သင်ရင်း မကျေမနပ် လေသံဖြင့် ပြောလိုက်သည်။

နေရောင်ခြည် အောက်တွင် ထက်မြက်သော ရွှေမြွေဓား က အေးစက်သော အလင်းရောင်များ တောက်ပနေသည်။

လူအုပ်ကြီး မှာ ကြောက်လန့်တကြား ချွေးစေးများ ထွက်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အော်ဟစ် ငိုယိုကြတော့သည်။

"အစ်ကိုဟန်... ကျွန်တော့် ဆီမှာ ရွှေဒင်္ဂါး ၅၀၀၀ ရှိပါတယ်... ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု အားလုံး ပါပဲ"

"ကျွန်တော့် အိမ်မှာ သက်ကြီးရွယ်အို တွေ နဲ့ ကလေး တွေ ရှိပါသေးတယ်... ဒီ ရွှေဒင်္ဂါး ၄၀၀၀ ကို အစ်ကိုဟန် အထင်မသေးပါနဲ့ ခင်ဗျာ"

"အစ်ကိုဟန်... ကျွန်တော်တို့ကို မသတ်ပါနဲ့... ခင်ဗျား ဘယ်လောက် လိုချင်လဲ... ကျွန်တော် ပေးပါ့မယ်"

"အစ်ကိုဟန်... ဓား ကို ပြန်သိမ်းလိုက်ပါလား ခင်ဗျာ... ကျွန်တော့် ရင်ထဲမှာ နည်းနည်း လန့်နေလို့ပါ"

"စနစ် သတိပေးချက် - သင်သည် ရွှေဒင်္ဂါး ၁၂၆၀၀၀ ရရှိပါသည်"

ရွှေဒင်္ဂါးများ ဝင်လာပြီးနောက် ကျိုးဟန် လည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဓားကို သိမ်းကာ နောက်ကျောဘက် တွင် ပြန်ထားလိုက်သည်။

"ရပြီ... မင်းတို့ လစ်လို့ ရပြီ"

လူအုပ်ကြီး မှာ ဝန်ထုပ်ဝန်ပိုး ကြီး ကျသွားသကဲ့သို့ အလျင်အမြန် ထွက်ပြေးကြတော့သည်။

ရင်ထဲတွင်လည်း အလွန် နောင်တရနေကြသည်။ ယနေ့ ပိုက်ဆံများ ဆုံးရှုံးရုံသာမက အသက်ပါ ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့သည်။

"နေဦး... သွားပြီး နျဲ့ဖေး ကို ဒီကို သယ်လာခဲ့"

လူအုပ်ကြီး ၏ ရင်ထဲတွင် ထပ်မံ တုန်လှုပ်သွားပြီး အလျင်အမြန် အမိန့်ကို နာခံရန် သွားကြသည်။

နျဲ့ဖေး ကို သတ်ဖြတ်မိကြောင်း စနစ် အချက်အလက် မတွေ့ရသဖြင့် တစ်ဖက်လူ မသေသေးကြောင်း ကျိုးဟန် ကောက်ချက်ချလိုက်သည်။

နျဲ့ဖေး မှာ မီတာ ရာနှင့်ချီ လွင့်သွားသဖြင့် သယ်လာချိန်တွင် မိနစ်အနည်းငယ် ကြာသွားခဲ့သည်။

"ဘယ်သူ့ ဆီး က ဝါလဲ... သူ့ကို ပန်းပြီး နှိုးလိုက်"

ယခုအချိန်တွင် နျဲ့ဖေး မှာ သတိလစ်နေဆဲ ဖြစ်ရာ ကျိုးဟန် က ဤသို့ ပြောလိုက်သည်။

"ကျွန်တော် စမ်းကြည့်ပါ့မယ်"

"ကျွန်တော် လာမယ်၊ ကျွန်တော် လာမယ်... အခုတလော အပူကန် နေလို့"

အားလုံး က အလုအယက် ဤကိစ္စကို လုပ်ချင်နေကြသည်။

နျဲ့ဖေး ရှုံးနိမ့်သွားခြင်းကြောင့်သာ သူတို့ အကြီးအကျယ် အရှုံးပေါ်ခဲ့ရသဖြင့် သူတို့က ဒေါသများကို နျဲ့ဖေး အပေါ်တွင် ပုံချချင်နေကြသည်။ သို့သော် နျဲ့ဖေး က ပါရမီရှင် တစ်ယောက် ဖြစ်သဖြင့် ဗြောင်ကျကျ မစော်ကားရဲဘဲ တိတ်တဆိတ် ဒုက္ခပေးချင်နေကြသည်။

ထို့ကြောင့် သူတို့က အလုအယက် လုပ်ချင်နေကြခြင်း ဖြစ်သည်။

"လုမနေကြနဲ့... မင်းတို့ အားလုံး အတူတူ လုပ်လိုက်"

အားလုံး က ဤမျှ တက်ကြွနေသည်ကို မြင်လိုက်ရသဖြင့် ကျိုးဟန် ကလည်း သူတို့၏ တွေ့ဆုံလက်ဆောင် များကို ယူထားပြီး ဖြစ်ရာ သူတို့၏ ဆန္ဒလေးကို ဖြည့်ဆည်းပေးလိုက်သည်။

"သောက်ကျိုးနည်း... ဒါက ဘာအနံ့ ကြီးလဲ"

နျဲ့ဖေး ချက်ချင်း လန့်နိုးသွားသော်လည်း ကျိုးဟန် ကို မြင်လိုက်ရချိန်တွင် သူ ပြန်လန့်သွားပြီး အလျင်အမြန် တောင်းပန်တော့သည်။

"အစ်ကိုဟန်... ကျွန်တော် မှားသွားပါပြီ... ကျွန်တော့်ကို တစ်ခါလောက် လွှတ်ပေးပါ ခင်ဗျာ"

"ငါ ပြောခဲ့တယ်လေ... ကြွားလုံးထုတ်ရင် ပေးဆပ်ရမယ့် တန်ဖိုး ရှိတယ် လို့... မင်း ထိုက်တန်တဲ့ ပြစ်ဒဏ် ကို ခံယူရမယ်"

ကျိုးဟန် က လက်နောက်ပစ်ထားပြီး အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"နျဲ့ဖေး ဆီကနေ ကံကြမ္မာ လုယူခြင်း ကို အသုံးပြုမယ်"

ယနေ့အတွက် သုံးကြိမ် လုယူခွင့် အကြိမ်အရေအတွက် ပြန်လည် ပြည့်ဝလာပြီ ဖြစ်သဖြင့် ကျိုးဟန် က စိတ်ထဲတွင် ပြောလိုက်သည်။

"စနစ် သတိပေးချက် - လုယူခြင်း အောင်မြင်ပါသည်... သင်သည် သံမဏိ သိုင်း သိုင်းကျင့်စဉ် ကို ရရှိပါသည်"

ဟင်။ တစ်ခါတည်းနဲ့ ချက်ချင်း အောင်မြင်သွားတာပဲ။ တကယ် မိုက်တာပဲ။

နျဲ့ဖေး က ကျိုးဟန် ကို ကြောက်ရွံ့စွာ ကြည့်နေပြီး တစ်ဖက်လူ က ဘာမှ မလုပ်သေးသည်ကို တွေ့ရသဖြင့် မည်သို့သော ပြစ်ဒဏ် မျိုး ပေးမည်ကို စဉ်းစားမရ ဖြစ်နေသည်။

ရုတ်တရက် ခုခံ၍ မရနိုင်သော စွမ်းအား တစ်ခု က သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာပြီးနောက် သူ ကျွမ်းကျင်စွာ တတ်မြောက်ထားသော 'သံမဏိ သိုင်း' မှာ တဖြည်းဖြည်း မှုန်ဝါးလာပြီး ယခင်က ကျွမ်းကျင်မှုများ မှ ဖြည်းညှင်းစွာ သူစိမ်း ပြင်ပြင် ဖြစ်သွားကြောင်း သူ အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။

"ဘာတွေလဲ... ဘာတွေ ဖြစ်ကုန်တာလဲ"

သူက ထိုနေရာတွင် ထိုင်လျက် အသံကျယ်ကျယ် အော်ဟစ်နေသော်လည်း မည်သူကမျှ သူ့ကို အဖြေ မပေးနိုင်ပေ။ သူ့ခန္ဓာကိုယ် တွင် မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို မည်သူမျှ မသိသောကြောင့် ဖြစ်သည်။

ထိုပြောင်းလဲမှု က ဤနေရာတွင် ရပ်တန့်မသွားပေ။

"အား... ငါ့ရဲ့ သိုင်းကျင့်စဉ်... မလုပ်ပါနဲ့... ဒီလို မလုပ်ပါနဲ့"

သိုင်းကျင့်စဉ် က လုံးဝ ပျောက်ကွယ်သွားပြီး အနည်းငယ်မျှပင် မှတ်မိခြင်း မရှိတော့ကြောင်း သူ ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။

ဆယ်နှစ်စာ ကြိုးစား အားထုတ်မှုများ က သဲထဲရေသွန် ဖြစ်သွားခဲ့ပြီ ဖြစ်ရာ ရင်ထဲတွင် အလွန် နာကျင်နေသည်။ ပြန်လည် လေ့ကျင့်ချင်လျှင်တောင် နှစ်အနည်းငယ် အချိန် မပေးရဘဲ အောင်မြင်မှု ရနိုင်မည် မဟုတ်ပေ။

"ကျိုးဟန် ပဲ... သေချာပေါက် ကျိုးဟန် လုပ်တာပဲ"

သူ၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်သွားပြီး အသိစိတ် လွတ်သွားကာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ကျိုးဟန် ထံသို့ ပြေးဝင်လာပြီး စာရင်းရှင်းရန် ကြိုးစားတော့သည်။

"ငါ့ သိုင်းကျင့်စဉ် ကို ပြန်ပေး... ခွေးကောင်... ငါ မင်းနဲ့ အသေအကြေ တိုက်မယ်"

ကျိုးဟန် ၏ မျက်မှောင်များ ကြုံ့သွားပြီး ဆီးနံ့များ ရလိုက်သည်။ ထို့ကြောင့် ခြေအောက်ရှိ ကျောက်ခဲ တစ်လုံးကို နင်းကာ ကန်ထုတ်လိုက်သည်။

"ဘုန်း"

နျဲ့ဖေး မှာ သေနေသော ခွေးတစ်ကောင် အလား မြေပြင်ပေါ်သို့ လဲကျသွားသည်။ သံမဏိ သိုင်း ၏ အကာအကွယ် မရှိတော့သဖြင့် သူ၏ ခန္ဓာကိုယ် က အလွန် အားနည်းနေပြီး ကျောက်ခဲ သေးသေးလေး တစ်လုံး ကပင် သူ့ကို မြေပြင်ပေါ်သို့ လဲကျသွားစေကာ အချိန်အတော်ကြာသည်အထိ မထနိုင်တော့ပေ။

"တောင်းပန်ပါတယ်... ပြန်ပေးပါ"

"ငါ မှားသွားပါပြီ... ငါ တကယ် မှားမှန်း သိပါပြီ... ငါ့ကို လွှတ်ပေးပါတော့"

ရိုးရှင်းသော တိုက်ခိုက်မှု တစ်ခု က နျဲ့ဖေး ကို သတိဝင်လာစေသည်။ နှစ်ဖက် စွမ်းအား ကွာဟချက် က အရမ်း ကြီးမားလွန်းလှသည်။ ယခု သူက မြေပြင်ပေါ်တွင် ဝပ်တွားကာ နာကျင်စွာ တောင်းပန်နေရုံသာ ရှိတော့သည်။

"တကယ်လို့ ငါသာ ရှုံးသွားခဲ့မယ် ဆိုရင်... မင်း ငါ့ကို လွှတ်ပေးမှာလား... ငါ မင်းကို မသတ်တာက အကြီးမားဆုံး သနားညှာတာ မှု ပဲ... အခွင့်အရေး တွေ ထပ်မတောင်းဆိုနဲ့"

"ပြီးတော့ မင်းကို တစ်ခွန်း ပြောလိုက်မယ်... လွယ်လွယ်ကူကူ ကြွားလုံးမထုတ်နဲ့... ကြွားလုံးထုတ်ရင် ကြီးမားတဲ့ တန်ဖိုး ကို ပေးဆပ်ရလိမ့်မယ်"

ပြောပြီးနောက် ကျိုးဟန် က သူ့ကို ထပ်မံ ဂရုမစိုက်တော့ပေ။

သံမဏိ သိုင်း စွမ်းရည် စာအုပ် ကို စတင် စစ်ဆေးပြီး မည်သည့် စွမ်းရည်များ ပါဝင်သည်ကို ကြည့်ရှုလိုက်သည်။

All Chapters