← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း (၄)အဆင့်(၈)

"သောက်ကျိုးနည်းကောင်"

"သောက်ကျိုးနည်းကောင်"

"သူရဲကောင်းလင်း ဘယ်လိုလုပ်ပြီး သေရတာလဲ"

"ဘာတွေဖြစ်ခဲ့တာလဲ"

ရှောင်ဖူးရှန့်သည် မြေပြင်ပေါ်တွင် အပိုင်းပိုင်းပြတ်ကျနေသော အလောင်းကို ကြည့်ရင်း ဒေါသအမျက်ချောင်းချောင်း ထွက်နေသည်။

သူသည် လဲ့ချွမ်းမြို့၊ ရှောင်မိသားစုတွင် နောက်ဆက်တွဲကိစ္စများကို ရှင်းလင်းရန်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ လင်းဟိုင်ကိုယ်တိုင် ပါဝင်လှုပ်ရှားမည်ဆိုပါက သူ၏ တူတော်မောင်ကို ရှင်းထုတ်ခြင်းမှာ အလွယ်လေးဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုတော့... လင်းဟိုင်မှာ ဤနေရာတွင် အသတ်ခံလိုက်ရသည်တဲ့လား။

စန်းယွမ်ဓားဂိုဏ်း၏ ပြင်ပတပည့် တစ်ယောက်သေဆုံးခြင်းမှာ ကြီးမားသော ပြဿနာ မဟုတ်ပေ။

သို့သော် လင်းဟိုင်မှာ စန်းယွမ်ဓားဂိုဏ်း၏ တပည့်ရင်းတစ်ဦးအတွက် လုပ်ကိုင်ပေးနေသူ ဖြစ်သည်။ ယခု လင်းဟိုင် သေဆုံးသွားပြီဖြစ်ရာ သူ ထိုသူကို မည်သို့ ရှင်းပြရတော့မည်နည်း။

ထိုသူ၏ အရေးပေးမှုကို ရရှိရန်အတွက်ပင် သူသည် မိမိ၏ အရင်းအချာ ညီအစ်ကိုကိုတောင် သတ်ပစ်ခဲ့သည်။ သူ၏ ကြိုးပမ်းအားထုတ်မှုများမှာ ယခုအခါ အချည်းနှီး ဖြစ်သွားတော့မည်လော။

"မိသားစု... မိသားစုအကြီးအကဲ၊ ရှောင်ပီလီက သူရဲကောင်းလင်းကို သတ်လိုက်တာပါ"

တောင်တန်းတွင် လိုက်လံရှာဖွေရာ၌ ပါဝင်ခဲ့သော ရှောင်မိသားစု အစောင့်တစ်ဦးက တိုးတိုးလေး လျှောက်တင်သည်။

ခလွတ်။

စကားပင် မဆုံးလိုက်ရသေးမီ ထိုအစောင့်၏ လည်ပင်းကို စိတ်ဆိုးဒေါသထွက်နေသော ရှောင်ဖူးရှန့်က လိမ်ချိုးပစ်လိုက်သည်။

"သောက်ကျိုးနည်းကောင်"

"သူရဲကောင်းလင်းရဲ့ အလောင်းကို တောင်အောက်ကို သယ်သွားကြ၊ ငါ ကိုယ်တိုင် ချန်ဟဲဂိုဏ်းကို သွားမယ်"

"လျှိုချီ၊ မင်း လူတွေကို ဦးဆောင်ပြီး ဆက်ရှာကြ၊ ရှောင်ပီလီရဲ့ အရိပ်အယောင်တစ်ခုခုကို တွေ့တာနဲ့ မီးရှူးမီးပန်းနဲ့ အချက်ပေးလိုက်"

"ငါ ချန်ဟဲဂိုဏ်းကနေ ပြန်ရောက်တာနဲ့ ချက်ချင်း လိုက်လာမယ်"

လင်းဟိုင်မှာ စန်းယွမ်ဓားဂိုဏ်း၏ ပြင်ပတပည့်သာ မဟုတ်ဘဲ ချန်ဟဲဂိုဏ်း၏ သိုင်းဆရာကြီး လင်းထျန်တုန်၏ မြေးအရင်း ဖြစ်သည်။ သူသည် ချန်ဟဲဂိုဏ်းကို မကြောက်သော်လည်း လင်းထျန်တုန်ကို မထိခိုက်လိုပေ။ ထို့ပြင် ချန်ဟဲဂိုဏ်းမှာလည်း စန်းကျန်းမဟာမိတ်အဖွဲ့၏ ကျောထောက်နောက်ခံ ရှိနေသေးသည်။

ဤကိစ္စအတွက် သိုင်းဆရာကြီးလင်းထံတွင် ရှင်းပြချက်တစ်ခုတော့ လိုအပ်ပေသည်။

...

ထိုအချိန်တွင် နေရောင်ခြည်တောင် အတွင်းပိုင်းရှိ တောအုပ်တစ်ခုထဲ၌။

အရှင်သခင် - ရှောင်ပီလီ

အသက် - ၁၇ နှစ်

ကျင့်ကြံမှု - အဆင့်(၉) အထွတ်ထိပ်

သိုင်းပညာ - ကိုယ်ခန္ဓာ အသွင်ပြောင်း ကျင့်စဉ် (၅/၁၀၀)၊ လေမုန်တိုင်းဓားသိုင်းပညာ (၅၀/၁၀၀)၊ သံအင်္ကျီ (၅၅/၁၀၀)၊ လှိုင်းပြာလက်ဝါးချက် (၁၀/၁၀၀)၊ ကျားနက်လက်သီးသိုင်း (၂၀/၁၀၀)

ကျင့်ကြံမှုအမှတ် - ၁၅၄၀

ရွှေပိုးသားပျော့အင်္ကျီမှာ ထုတ်ယူရန် အသင့်ဖြစ်နေပြီ။

"မျှော်လင့်ထားတဲ့အတိုင်းပဲ ကံဆိုးခြင်းရဲ့နောက်မှာ ကံကောင်းခြင်းတွေ ရှိနေတာပဲ"

"ဒါကတော့ မျှော်လင့်မထားတဲ့ ကံဇာတာပဲ"

ရှောင်ပီလီသည် စနစ်စာရင်းမှ ကျင့်ကြံမှုအမှတ်များကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

လင်းဟိုင်ကို သတ်ဖြတ်လိုက်ခြင်းဖြင့် ကျင့်ကြံမှုအမှတ် ၅၀၀ ရရှိခဲ့သည်။ ထို့ပြင် ရှောင်မိသားစုက ငှားရမ်းထားသည့် အဆင့်ဝင် သိုင်းပညာရှင် ခြောက်ဦး၊ ခုနစ်ဦးနှင့် အခြားသော ငမိုက်သားများကြောင့် ကျင့်ကြံမှုအမှတ်များမှာ အလွန်အမင်း တိုးပွားလာခဲ့သည်။

စာရင်းထဲရှိ သိုင်းပညာများကို ကြည့်လိုက်ရာ လှိုင်းပြာလက်ဝါးချက်နှင့် ကျားနက်လက်သီးသိုင်းတို့ကို ချက်ချင်းပင် ဖယ်ထုတ်လိုက်သည်။

ကျင့်ကြံမှုအမှတ် ရှိနေသော်လည်း ဤလောက၏ ထူးချွန်ထက်မြက်လှသော သိုင်းပညာများ မဟုတ်ပါက စနစ်မှထုတ်ပေးသော သိုင်းပညာများကိုသာ ဦးစားပေး အဆင့်မြှင့်တင်သင့်သည်။ မဟုတ်ပါက ခက်ခက်ခဲခဲ ရှာဖွေထားရသော ကျင့်ကြံမှုအမှတ်များကို အလဟဿ အကုန်ခံမိလိမ့်မည်။

"ရွှေပိုးသားပျော့အင်္ကျီကို ထုတ်ယူမယ်"

ရှောင်ပီလီ စိတ်ထဲမှ ရွတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်သော ပျော့အင်္ကျီတစ်ထည်မှာ သူ၏ လက်ထဲသို့ ပေါ်လာသည်။

ဤရွှေပိုးသားပျော့အင်္ကျီမှာ ရွှေရောင် အပြည့်ဖြင့် လက်မပါသော အတွင်းခံအင်္ကျီ တစ်ထည်နှင့် တူနေသည်။

ရွှေပိုးသားပျော့အင်္ကျီ (အဆင့်(၆)၊ အဆင့်(၆) အောက် လက်နက်များမှာ ၎င်း၏ ခုခံမှုကို မဖောက်ထွက်နိုင်၊ အတွင်းအား ၃၀ ရာခိုင်နှုန်းကို ခုခံနိုင်သည်)

ရွှေပိုးသားပျော့အင်္ကျီ၏ ဖော်ပြချက်ကို ကြည့်လိုက်ရာ ရှောင်ပီလီ၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။

သူသည် သံအင်္ကျီကို အရင်ဆုံး အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ရမလားဟု အစက စဉ်းစားနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ၅၅ ရာခိုင်နှုန်းရှိသော သံအင်္ကျီကျင့်စဉ်ဖြင့် လင်းဟိုင်၏ အသက်အန္တရာယ်ရှိသော ဓားချက်ကို ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု ရွှေပိုးသားပျော့အင်္ကျီ ရှိနေပြီဖြစ်ရာ အခြားသော သိုင်းပညာများကို ဦးစွာ အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက် ရှောင်ပီလီ စိတ်ထဲမှ ရွတ်ဆိုလိုက်သည်။

"ကိုယ်ခန္ဓာ အသွင်ပြောင်း ကျင့်စဉ်ကို အဆင့်မြှင့်ဖို့ ကျင့်ကြံမှုအမှတ် ၁၀၀၀ သုံးမယ်"

ကိုယ်ခန္ဓာ အသွင်ပြောင်း ကျင့်စဉ် (၆/၁၀၀)

ဘုန်း။

ဝိညာဉ်ပင်လယ်ထဲမှ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာကာ သူ၏ လက်ဖျား၊ ခြေဖျားများသို့ စီးဝင်သွားသည်။ ခဏလေးအတွင်းမှာပင် ဆယ့်နှစ်အဓိက အကြောအခြင်များထဲမှ တစ်ခုမှာ ပွင့်သွားပြီး အဆင့်(၈) အစောပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။

သို့သော် ၎င်းမှာ အကုန်မဟုတ်ပေ။

နောက်ထပ် အကြောအခြင်တစ်ခု ပွင့်သွားပြီးနောက် တတိယမြောက်တစ်ခုပါ ပွင့်သွားကာ နွေးထွေးသော စွမ်းအင်များမှာ ဝိညာဉ်ပင်လယ်ထဲသို့ ပြန်လည် စီးဝင်သွားသည်။

ဟူး။

ရှောင်ပီလီမှာ အသက်ရှူရ ကြပ်သွားသည်။

ကျင့်ကြံမှုအမှတ် ၁၀၀၀ မှာ ကိုယ်ခန္ဓာ အသွင်ပြောင်း ကျင့်စဉ်၏ ကျွမ်းကျင်မှုကို တစ်ရာခိုင်နှုန်းသာ တိုးတက်စေသော်လည်း အကြောအခြင် သုံးခုကို ပွင့်သွားစေသည်။

သိုင်းလမ်းစဉ် အဆင့်(၈) မှာ ဆယ့်နှစ်အဓိက အကြောအခြင်များကို ဖွင့်လှစ်သည့် လုပ်ငန်းစဉ် ဖြစ်သည်။ ပွင့်သွားသည့် အကြောအခြင်များ များလေလေ၊ ခန္ဓာကိုယ်က လက်ခံနိုင်သည့် အတွင်းအား ပမာဏ ပိုများလေလေ ဖြစ်ပြီး ဆယ့်နှစ်ခုလုံး ပွင့်သွားသည်အထိ ဖြစ်သည်။

ကိုယ်ခန္ဓာ အသွင်ပြောင်း ကျင့်စဉ် ကျွမ်းကျင်မှု တစ်ရာခိုင်နှုန်းမှာ အကြောအခြင် သုံးခု ဖြစ်လျှင် နောက်ထပ် သုံးကြိမ်မျှသာ လိုအပ်တော့မည် ဖြစ်ရာ အဆင့်(၈) အထွတ်ထိပ်သို့ ရောက်ရှိသွားပေလိမ့်မည်။

ဤအတိုင်း တွက်ချက်ကြည့်လျှင်။

သူသည် အဆင့်(၈) သိုင်းပညာရှင် ခြောက်ဦးကိုသာ သတ်ဖြတ်ရန် လိုအပ်တော့သည်။

ဤနည်းလမ်းဖြင့်ဆိုလျှင် အဆင့်မြှင့်တင်ရန် ဖိအား မရှိတော့ပေ။

"ကျင့်ကြံမှုအမှတ် ၅၄၀ ကျန်သေးတယ်၊ အားလုံးကို လေမုန်တိုင်းဓားသိုင်းပညာ အဆင့်မြှင့်ဖို့ သုံးမယ်"

ရှောင်ပီလီသည် တိုးတိုးလေး ပြောလိုက်သည်။

ရွှေပိုးသားပျော့အင်္ကျီ ရှိနေပြီဖြစ်ရာ သံအင်္ကျီကို အရေးတကြီး အဆင့်မြှင့်ရန် မလိုအပ်တော့ပေ။

ဘုန်း။

လေမုန်တိုင်းဓားသိုင်းပညာကို လေ့ကျင့်ရသည့် အတွေ့အကြုံများစွာမှာ ရှောင်ပီလီ၏ စိတ်ထဲသို့ စီးဝင်လာသည်။ သူ၏ လက်များမှာ ပူနွေးလာပြီး သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သကဲ့သို့ပင် လက်ဖဝါးများတွင် အသားမာများ ဖြစ်ပေါ်လာသည်။

ခဏအကြာတွင်။

အရှင်သခင် - ရှောင်ပီလီ

ကျင့်ကြံမှု - အဆင့်(၈) အစောပိုင်းအဆင့်

သိုင်းပညာ - ကိုယ်ခန္ဓာ အသွင်ပြောင်း ကျင့်စဉ် (၆/၁၀၀)၊ လေမုန်တိုင်းဓားသိုင်းပညာ (၇၅/၁၀၀)၊ သံအင်္ကျီ (၅၅/၁၀၀)၊ လှိုင်းပြာလက်ဝါးချက် (၁၀/၁၀၀)၊ ကျားနက်လက်သီးသိုင်း (၂၀/၁၀၀)

ကျင့်ကြံမှုအမှတ် - ၄၀

လေမုန်တိုင်းဓားသိုင်းပညာ၏ ကျွမ်းကျင်မှုမှာ ၂၅ မှတ် တိုးသွားသည်။

"ခလွတ် ခလွတ် ခလွတ်"

အစင်းရာများ ထင်နေသော အကြိမ်တစ်ရာ သန့်စင်ဓားမှာ အိမ်မှ ထွက်လာသည်။ ဓားရောင်များ လက်ခနဲ ဖြစ်သွားပြီး ဓားအရိပ်များမှာ လေထဲတွင် ပြန့်နှံ့သွားကာ လက်သီးဆုပ်အရွယ်ရှိ သစ်ပင်ငယ် သုံး၊ လေးပင်မှာ အပိုင်းပိုင်း ပြတ်ထွက်ကာ မြေပြင်ပေါ်သို့ ကျသွားသည်။

"ချလိုင်း"

ဓားမှာ အိမ်ထဲသို့ ပြန်ဝင်သွားသည်။

"ဝူး"

ရှောင်ပီလီသည် အသက်ကို ရှည်ရှည် ရှူသွင်းလိုက်ပြီး ညည်းတွားလိုက်သည်။

"ကျန်းဟူလောက၏ ဓားပညာရှင်တစ်ယောက်အနေနဲ့ ဒီဓားသိုင်းပညာနဲ့ ပေါ့ပါးမှု သိုင်းပညာကို အသုံးပြုပြီး ကျွမ်းကျင်သူ ၈၀ ရာခိုင်နှုန်းကို ရင်ဆိုင်နိုင်တာ မဆန်းပါဘူး။ အခု ငါ့ရဲ့ အဆင့်(၈) အစောပိုင်းအဆင့်နဲ့ လေမုန်တိုင်းဓားသိုင်းပညာ ၇၅ ရာခိုင်နှုန်းဆိုရင် လင်းဟိုင်ကို အရင်ကလိုမျိုး တိုက်ခိုက်ရရင်တောင်မှ သုံးကွက်အတွင်းမှာပဲ သူ့အသက်ကို ယူနိုင်လိမ့်မည်"

"ဒီသိုင်းပညာအားလုံးကို အမြင့်ဆုံးအဆင့်ထိ ရောက်အောင် လေ့ကျင့်ရမယ်"

"ဒါပေမဲ့ စန်းယွမ်ဓားဂိုဏ်းရဲ့ ပြင်ပတပည့်တစ်ယောက်ကို သတ်မိပြီးပြီ၊ လင်းဟိုင်ကလည်း တခြားသူရဲ့ အမိန့်နဲ့ ရောက်လာတာ ဖြစ်နိုင်တယ်၊ ဒီနေရာမှာ ကြာကြာမနေတာ အကောင်းဆုံးပဲ"

ထိုသို့ တွေးတောရင်း။

ရှောင်ပီလီသည် အရင်က သိမ်းဆည်းထားသော ပစ္စည်းများကို စစ် ဆေးလိုက်ပြီးနောက် လင်းရွှေမြို့နှင့် ဝေးရာသို့ ဦးတည် ထွက်ခွာသွားတော့သည်။

...

လင်းရွှေမြို့၊ မြစ်ကူးဆိပ်ကမ်းကြီး။

လင်းရွှေမြို့မှာ နေရောင်ခြည်တောင်၏ တောင်ဘက်တွင် တည်ရှိပြီး ရှောင်မိသားစု ရှိရာ လဲ့ချွမ်းမြို့မှာ နေရောင်ခြည်တောင်၏ မြောက်ဘက်တွင် တည်ရှိသည်။

မြို့နှစ်မြို့မှာ နေရောင်ခြည်တောင်ဖြင့် ခြားနားထားပြီး တရားဝင် လမ်းကြောင်းတစ်ခုသာ ဆက်သွယ်ထားသည်။ အကယ်၍ ထိုလမ်းကြောင်းကို မသွားပါက တောင်ကို ဖြတ်ကျော်ရန်သာ ရှိတော့သည်။

သို့သော် နေရောင်ခြည်တောင်မှာ အဆိပ်ရှိသော မြွေများ၊ ကျားများ၊ ကျားသစ်များဖြင့် ပြည့်နှက်နေပြီး အတွေ့အကြုံရှိသော မုဆိုးများသာ တောင်ကို ဖြတ်ကျော်ရန် ရဲဝံ့ကြသည်။

ယခုအချိန်တွင် နေဝင်ရီတရော ဖြစ်နေပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် လူစည်ကားလေ့ရှိသော မြစ်ကူးဆိပ်ကမ်းကြီးမှာ ယခုမူ ဆိပ်ကမ်းတွင် လှေကြီးတစ်စင်းသာ တစ်ကိုယ်တော် ဆိုက်ကပ်ထားသည်။

"လှေဦးစီး၊ အချိန်နှောင်းနေပြီ၊ လူတွေလည်း မရှိတော့ဘူး၊ သွားကြရအောင်"

"ဟုတ်တယ်လေ"

"နောက်ကျရင် မှောင်သွားလိမ့်မယ်၊ မနက်ဖြန် အရှေ့မြစ်မြို့ကို ဘယ်တော့ ရောက်မလဲ မပြောတတ်ဘူး"

"..."

လှေပေါ်ရှိ လူများမှာ နေဝင်တော့မည် ဖြစ်သော်လည်း လှေဦးစီးမှာ ထွက်ခွာရန် ရည်ရွယ်ချက် မရှိသေးသဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြသည်။

လင်းရွှေမြို့မှ အရှေ့မြစ်မြို့သို့ သွားရာတွင် ရေကြောင်းအတိုင်း ဖြစ်သော်လည်း တစ်ရက်ခွဲမျှ ကြာမြင့်သည်။ ယနေ့ လူနည်းပါးသဖြင့် သူတို့မှာ လှေပေါ်တွင် တစ်နာရီကျော်မျှ စောင့်ဆိုင်းနေခဲ့ကြသည်။

"အို"

"လူနည်းလွန်းတယ်၊ ဒီခရီးက အရင်းတောင် ပြန်မရတော့ဘူး"

လှေဦးစီးသည် သက်ပြင်းချလိုက်သည်။

ဆယ့်နှစ်ခံတပ်ကွင်းဆက်နှင့် စန်းကျန်းမဟာမိတ်အဖွဲ့တို့၏ ပဋိပက္ခကြောင့် စီးပွားရေးမှာ ပိုမို ခက်ခဲလာသည်။

"သူတို့ ရောက်လာပြီ၊ သူတို့ ရောက်လာပြီ"

"လူခုနစ်ယောက်၊ ရှစ်ယောက် ရောက်လာတယ်၊ အခု ထွက်လို့ရပြီ မဟုတ်လား"

တစ်စုံတစ်ယောက်မှာ ဆိပ်ကမ်းဘက်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။

လှေဦးစီးသည် ပြုံးလိုက်သည်။ ဤလူခုနစ်ယောက်၊ ရှစ်ယောက်နှင့် သူတို့ပါလာသည့် ပစ္စည်းများကို ထည့်တွက်ပါက အနည်းဆုံးတော့ အမြတ်အနည်းငယ် ရရှိနိုင်လိမ့်မည်။

နောက်ထပ် အချိန်ခဏအကြာတွင် လှေဦးစီးမှာ ထွက်ခွာရန် အဆင်သင့် ဖြစ်နေသည်။

"လှေဦးစီး၊ ခဏစောင့်ဦး"

"ကျွန်တော့်ကို တစ်ခါလောက် တင်ပေးပါဦး"

ထိုအချိန်တွင် အသံနက်ကြီးတစ်ခုမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။

သူတို့သည် အသံရှင်ကို မြင်လိုက်ရသည့်အခါ မျက်မှောင် ကြုတ်သွားကြသည်။

ရောက်လာသူမှာ ဆံပင်များ ရှုပ်ပွနေပြီး အဝတ်အစားများမှာ စုတ်ပြတ်သတ်နေကာ လက်ထဲတွင် အိတ်ကြီးတစ်ခုနှင့် ကျောတွင် ဓားရှည်ကြီးတစ်ချောင်းကို လွယ်ထားသည်။

ဒါ သူတောင်းစား မဟုတ်ဘူးလား။

ရှောင်ပီလီသည် ဆိပ်ကမ်းမှ လှေပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး လှေဦးစီးကို ငွေတစ်ဆယ် ပစ်ပေးလိုက်သည်။

"ဒီလှေက အရှေ့မြစ်မြို့ကို သွားတာ မဟုတ်လား"

"တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်လည်း အရှေ့မြစ်မြို့ကို သွားမလို့"

All Chapters