← Chapters

အမျက်ဒေါသ

Vol. 019 Ch. 946

အမျက်ဒေါသ

Vol. 019 Ch. 946

ထာရှန်၏အသွင်သည် အေးစက်နေသည်။သူက သူ့လက်ကို အသာဝှေ့ယမ်း၏။ထိုအခါ လေပြင်းတစ်ခု ဖြစ်ပေါ်ကာ ဓားစွမ်းအင်များသည် လွင့်စင်ကာ ပျံသန်းလာသည့် ဓားများမှာ ပျက်စီးသွားသည်။ထိုကျင့်ကြံသူနှစ်ယောက်မှာလည်း အံ့မခန်းဖိသိပ်အားကို ခံစားလိုက်ရသည်။

သူတို့နှစ်ယောက်သည် သွေးအန်ကာ လွင့်စင်သွား၏။

နောက်ကနေ ဆက်၍ တိုးဝင်လာကြသည့် သေမျိုးသိုင်းပညာရှင်များသည်လည်း မလွတ်ပေ။ သူတို့သည် နံရံကြီးတစ်ခုနှင့် ဝင်ဆောင့်လိုက်ရသကဲ့သို့ ခံစားရကာ သွေးအန်၍ နောက်သို့ လွင့်ကုန်၏။

မည်သူမျှ မလွတ်သွားပေ။

ထာရှန်သည် မည်သူ့ကိုမျှ မသတ်ခဲ့ပေ။ သူက လက်တစ်ချက်ဝှေ့ယမ်းကာ ကျင့်ကြံသူနှစ်ယောက်နှင့် အခြားသူများကို ဒဏ်ရာသာ ရစေခဲ့၏။

လူငယ်သည် ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ ချက်ခြင်း မင်သက်သွားသည်။သို့သော် သူ့အသွင်က ပိုမို ကြမ်းကြုတ်လာကာ အော်ဟစ်တော့၏။ “ငါက ဝမ်မိသားစုဝင်ပဲ။ မင်းတို့က ငါ့လူတွေကို နာကျင်စေရဲတာလား။ မင်းတို့ သေကိုသေရမယ်…”

ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ လူငယ့်ထံသို့ ပုတ်ချ၏။ သူက ကျင့်ကြံခြင်းကို အသုံးမပြုဘဲ သာမန်သာ ရိုက်ပုတ်လိုက်ခြင်းပင်။တကယ်တော့ လူငယ်သည် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ သေမျိုးတစ်ယောက်သာ ဖြစ်၏။ ဝမ်လင်းအဖို့ မည်သည့်စွမ်းအားမှ မသုံးလျှင်ပင် သူသည် လူငယ်၏ အရိုးအားလုံးကို ချေမွပစ်နိုင်၏။

မည်သို့ပင်ဖြစ်စေ လူငယ်သည် လေထဲသို့ လွင့်စင်သွား၏။သူ့မျက်နှာသည် ရောင်ကိုင်းသွားကာ သူ့သွားများအကုန် ကျိုးကြေကုန်သည်။ ဝမ်လင်း ရိုက်ချသည်က လူငယ်မျှသာ မဟုတ်ဘဲ အနက်ရောင်မြွေ ဖြစ်နေ၏။

အနက်ရောင်မြွေမှာ ထူးဆန်းလှ၏။ ဝမ်လင်း ရိုက်ပုတ်လိုက်သည့်အခါ ၎င်းက ပျောက်ကွယ်သွားသည်။သို့သော် ချက်ခြင်ပင် ပြန်ဖြစ်ပေါ်လာသည်။၎င်းက လူငယ်၏ခန္ဓာကိုယ်ထဲကနေ ထွက်၍ ဝမ်လင်းကို ဝါးမြိုရန် တာဆူသည်။

ထာရှန်နှင့်ခေါင်းကြီးကောင်လေးတို့သာ ၎င်းကို တွေ့မြင်နိုင်ကြ၏။ဝမ်လင်းတို့နောက်ရှိ ကျန်သည့်သူတိုင်းသည် အေးစက်စက်လေပြင်းတစ်ခုကိုသာ ခံစားမိပေလိမ့်မည်။

“ဘယ်သူကများ ငါ့ဝမ်ကလန်ကို မကျေမချမ်းစိတ်ဝိညာဉ်တွေ ဖြစ်စေခဲ့လဲ ငါ တွေ့ချင်မိတယ်…” ဝမ်လင်း၏မျက်လုံးသည် အေးစက်၏။သူက ကြမ်းကြုတ်လာ၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် တစ်ချက်ကြည့်ရုံမျှနှင့် လူငယ်၏ စိတ်ဝိညာဉ်မှာ ဝါးမြိုခြင်း ခံရပြီး ဖြစ်ကာ မကျေမချမ်းစိတ်ဝိညာဉ်က အစားထိုးနေသည်။ ထိုမြွေထိုးထွက်လာသည်နှင့် ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ညွှန်၏။

သူ့ လက်ချောင်းရှေ့ရှိ မြွေ၏ မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ဖြစ်ပေါ်လာကာ ထွက်ပြေးရန် ပြင်သည်။သို့သော် နောက်ကျခဲ့လေပြီ။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ၎င်းမြွေသည် ပေါက်ကွဲထွက်သွားတော့သည်။၎င်းက အနက်ရောင်မြူအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်း၏ ဖမ်းဆုပ်ယူခြင်းကို ခံလိုက်ရ၏။ သူက ၎င်းမြူကို ချေမွပစ်ကာ အနက်ရောင်စာလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲစေသည်။

အနက်ရောင်မြွေ ပျောက်ကွယ်သွားသည့်နောက် လူငယ်၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သွေးအန်ထုတ်ရ၏။ သူ့မျက်နှာထက်၌ ကြမ်းကြုတ်မှု ဆက်မရှိတော့ဘဲ စိတ်ရှုပ်ထွေးမှုသာ အစားထိုး ဝင်ရောက်လာ၏။သူ့စိတ်ဝိညာဉ်သည် ဝါးမြိုခံရပြီး ဖြစ်သည်။ထို့ကြောင့် သူ့မျက်လုံးသည် မှိန်ဖျော့ကာ တောက်ပမှု ကင်းမဲ့နေတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ ငြိမ်သက်နေ၏။ သို့သော် ထိုတိတ်ဆိတ်မှုသည် ဆူညံအော်ဟစ်သံများနှင့် ချက်ခြင်း အစားထိုးသွားသည်။လူအုပ်သည် အကြောက်အလန့်ဖြင့် သည်နေရာကနေ တတ်နိုင်သမျှ အမြန် ထွက်ပြေးကုန်ကြသည်။

ဝမ်လင်း၏မျက်လုံးသည် အေးစက်နေ၏။သူ့ နတ်ဘုရားအာရုံကို ဖြန့်ကျက်သည့်အခါ သူသည် ဘာတစ်ခုမှ မှားနေသည်ကို သတိမပြုမိပေ။သို့သော် သူက သေချာဂရုတစိုက်ကြည့်သည့်အခါ ချက်ခြင်းပင် တစ်စုံတစ်ယောက်သည် ဝမ်မိသားစုဝင်များ၏ အသက်ဓာတ်ကို အသုံးပြုကာ မကျေမချမ်းစိတ်ဝိညာဉ်များ ပြုစုပျိုးထောင်နေသည်ကို သတိပြုမိသွားခဲ့ပေ၏။

ဝမ်လင်းသည် သည်လိုမန္တာန်မျိုးကို အရင်တည်းက ကြားခဲ့ဖူး၏။၎င်းအဖြစ်က ဓားတစ်လက်ကို သန့်စင်ခြင်းနှင့် တူသည်။လူတစ်ယောက်ကို မကျေမချမ်းမှုအား စုပ်ယူသည့် စိတ်ဝိညာဉ်အဖြစ် အသုံးပြုခြင်းပင်။လုံလောက်သော မကျေမချမ်းမှုကို စုပ်ယူပြီးပါက ၎င်း၏စွမ်းအားသည် ရယ်စရာ မဟုတ်တော့ပေ။

မြို့တောက်ကို လွှမ်းခြုံပေါင်းစပ်ထားသည် မွန်းစတားဆန်သည့် မကျေမချမ်းမှုများကြောင့် ဝမ်လင်းသည် တစ်စုံတစ်ယောက်မှာ ထိုအရာများအားလုံးကို ထိန်းချုပ်နေသည်ကို စိတ်ကူးကြည့်နိုင်ပေ၏။မကျေမချမ်းမှု ပိုများပြားလေလေ မကျေမချမ်းစိတ်ဝိညာဉ်သည် ပို၍ အားကောင်းသန်မာလာလေ ဖြစ်သည်။

ဒေါသ။ဝမ်လင်း၏မျက်လုံးသည် ပို၍ပင် အေးစက်လာ၏။ သူက အနက်ရောင်စာလုံးကို ရှေ့သို့ လွှတ်ပစ်ကာ သူ့ဟာသူ ပျံသန်းသွားစေ၏။

ဝမ်လင်းက လက်နောက်ပစ်ကာ ထိုစာလုံးနောက်ကနေ လိုက်ပါသွားသည်။ထာရှန်နှင့်ခေါင်းကြီးကောင်လေးတို့သည် သူ့နောက်ကနေ နီးကပ်စွာ လိုက်ပါလာကြသည်။

မြို့တောက်၌ပင် မင်းသားတစ်ယောက် အသတ်ခံရခြင်းသည် ကိစ္စကြီးတစ်ရပ်ပင်။ သိပ်မကြာခင်တွင်ပင် ဓားစွမ်းအင်တန်းများသည် မြို့တောက်အပေါ်ကနေ တဟုန်ထိုး ရောက်ရှိလာကြသည်။

ထိုလူများမှာ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှ အမျိုးမျိုးသော ကလန်များမှ ကျင့်ကြံသူများ ဖြစ်ကြသည်။သူတို့သည် စကားပင် မဆိုဘဲ သူတို့၏ လက်နက်ရတနာများကိုအသုံးပြုကာ ဝမ်လင်းကို ချက်ခြင်း တိုက်ခိုက်လာကြ၏။

ဝမ်လင်း၏အသွင်က အေးစက်နေသည်။သူက သူ့အင်္ကျီလက်အိုးကို ဝေ့ခါလိုက်သည်။ လက်နက်များအားလုံးသည် အဝေးသို့ လွင့်စင်ကုန်သည်။ ဓားများပေါ်ရှိ ကျင့်ကြံသူများသည် ကြောက်လန့်ကုန်ကာ နောက်သို့ လွင့်စင်ကုန်သည်။မျက်စိတစ်မှိတ်အတွင်းပင် သူတို့သည် ကီလိုမီတာငါးထောင်အကွာသို့ လွင့်စင် ရောက်ရှိသွားကြသည်။

“ဒါ…ဒါက ဘယ်လို မန္တာန်မျိုးလဲ….”

“ဒီလူ့ကို ရင်းနှီးနေသလိုပဲ…”

ကီလိုမီတာငါးထောင်အထိ လွင့်စင်သွားသည့် ကျင့်ကြံသူများ၏ အသွင်သည် ကြီးစွာ ပြောင်းလဲသွားကြသည်။သူတို့သည် ရှေ့သို့ ဆက်မတိုးဝံ့တော့ပေ။သူတို့က ဓားပျံများ စီးနင်းကာ ဆိုင်ရာ ကလန်များသို့ အလျင်အမြန် ပျံသန်းသွားကြတော့သည်။

ဝမ်လင်း၏မျက်လုံးသည် အေးစက်နေသည်။သူက အလွန်ဒေါသထွက်နေ၏။ သူက အင်ပါယာနန်းတော်ရှိရာသို့ လျှောက်လှမ်းလာရင်း စစ်သားမြောက်များစွာသည် သူ့ထံသို့ တိုးဝင်လာနေကြသည်။

သူက အင်ပါယာနန်းတော်နှင့် ပိုနီးကပ်လာသည်။သည်အခိုက်အတန့်၌ ပင်မခန်းမဆောင်တွင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီး တစ်ယောက် ရှိနေ၏။သူ့အသွင်က သုန်မှုန်ကာနေသည်။ သူ့ဘေး၌ တော်ဝင်ဆန်ကာ လှပလွန်းသည့် အမျိုးသမီးတစ်ယောက် ရှိနေသည်။သို့သော် သူမ၏မျက်လုံးထဲ၌ အနက်ရောင်မြူတို့ ရစ်ဆိုင်းနေကာ ကြောက်ရွှံ့မှုတစ်ခုသည် ဖြတ်ပြေးသွားသည်။

တစ်ချိန်တည်းမှာပင် ပိုးသားအင်္ကျီများ ဝတ်ဆင်ထားသည့် ဝမ်မိသားစုဝင်များသည် သုန်မှုန်စွာဖြင့် ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်နေကြသည်။

ခန်းမ၏အပြင်ဘက်ရှိ ရင်ပြင်၌ စစ်သားမြောက်များစွာသည် မဟာရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားကြသည်။ သတ်ဖြတ်ခြင်းအော်ရာသည် သည်ဧရိယာတွင် ပြည့်နေသည်။

သတ်လတ်ပိုင်းလူကြီးက အော်ဟစ်လိုက်သည်။ “ဘယ်လိုလူစားမျိုးက ငါ့တော်ဝင်ဝမ်မျိုးဆက် မြို့တော်မှာ သတ်ဖျက်ရဲ ရတာလဲ။ သူက ဘယ်ကလန်ကလဲ ဆိုတာ မင်းတို့ သိကြပြီလား…”

ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်။ ခဏအကြာတွင် ဆံပင်ဖြူများနှင့် ကျင့်ကြံသူတစ်ယောက်သည် ရှေ့သို့ ထွက်လာကာ စကားဆိုသည်။ “ဒီသုံးယောက်က စွမ်းအားကောင်းလွန်းလှပါတယ်။သူတို့က ကျင့်ကြံမှုအဆင့်မြင့်မားတဲ့ စီနီယာတွေ ဖြစ်နိုင်တယ်။သူတို့ရဲ့ နောက်ခံ ကလန်ကိုတော့ ကျနော်တို့ ရှာနေတုန်းပါ…”

သက်လတ်ပိုင်းလူကြီးက နှာခေါင်းရှုံ့၏။ “ကြည့်ရတာ ငါ့ဝမ်မိသားစုဟာ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ တိတ်ဆိတ်လွန်းနေတာ ဖြစ်ရမယ်။ အမည်မသိလူအချို့ကတောင် ငါတို့ကို အနိုင်ကျင်ဝံ့နေပြီ။ နိုင်ငံ့ဆရာ ဘယ်မှာလဲ…”

ထိုသို့ ပြောပြီးသည့်နောက် ရယ်မောသံတစ်ခုသည် အင်ပါယာနန်းတော်အတွင်း၌ ပဲ့တင်ထပ်လာသည်။

“အရှင်…စိတ်ပူဖို့ မလိုပါဘူး။ငါ့တပည့်တွေက ဒီကိစ္စကို ကိုင်တွယ်နိုင်ပါတယ်…”

ကွင်းပြင်၏ အထက်၌ အနက်ရောင်အခိုးငွေ့အမျှင်တန်းများသည် လေထဲတွင် စုဝေးနေ၏။ ချက်ခြင်းပင် လူသုံးယောက် ထွက်ပေါ်လာသည်။သူတို့သည် အနက်ရောင်အခိုးငွေ့များနှင့် ခြုံလွှမ်းနေသော်လည်း ယောက်ျားသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်မှန်း သိသာသည်။သူတို့သုံးယောက်လုံးမှာ အသက်ကြီးရင့်ကြခြင်း မရှိကြသေးပေ။

သူတို့သုံးယောက် ပေါ်လာသည့်နောက် အင်ပါယာနန်းတော်ကို ကြည့်ပင်မကြည့်ပေ။ သူတို့က အနက်ရောင်အခိုးငွေ့အမျှင်တန်းသုံးခု အဖြစ်သို့ ပြောင်း၍ ထိုးထွက်သွားကြတော့၏။

ဝမ်လင်းသည် လျှောက်လှမ်းလာရင်း သူ့မျက်လုံးက ပိုပိုအေးစက်လာသည်။ သူ့ရှေ့ရှိ စာလုံးမှာ ပို၍ သိပ်သည်းလာနေ၏. သူက အင်ပါယာနန်းတော် ဂိတ်ဝအပြင်သို့ ရောက်ရှိလာသည်။နန်းတော်အတွင်းရှိ စစ်သားများသည် အလေးအနက်အသွင်နှင့် ဝမ်လင်းတို့အုပ်စုကို ကြည့်နေကြသည်။

သည်အခိုက်အတန့်၌ အနက်ရောင်အခိုးငွေ့အမျှင်တန်းသုံးခုသည် ရောက်ရှိလာကာ ဝမ်လင်းရှိရာသို့ တိုးဝင်လာကြ၏။ သူတို့ မရောက်လာခင်မှာပင် ဖိအားတစ်ခု ပေါ်လာကာ တစ္ဆေငြီးသံတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကြား၌ ပျံ့လွင့်လာသည်။

ဝမ်လင်းသည် ထိုကျင့်ကြံသူသုံးယောက်၏ ကျင့်ကြံမှုအဆင့်သည် မြင့်မားခြင်းမရှိကြောင်း ပြောနိုင်၏။ သူတို့သည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တွင်သာ ရှိကြသေး၏။သို့သော် သူတို့၏ တိုက်ခိုက်မှုများမှာ အားကောင်းလွန်းနေကာ အာဏာတက်ခြင်းအဆင့်သို့ပင် ရောက်လုနီးနီး ဖြစ်နေ၏။

သူတို့သုံးယောက်၏ခန္ဓာကိုယ်ထဲ၌ ဝမ်သွေးမျိုးဆက် ရှိမနေကြဘဲ အဆုံးမဲ့မကျေမချမ်းမှုသာ ရှိ၏။ သူတို့က အဆင့်တစ်ခုထိ သန့်စင်မွန်းမံခြင်း ခံထားရသော မကျေမချမ်းစိတ်ဝိညာဉ်များ ဖြစ်ကြောင်း ရှင်းလင်းပေသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတို့ ပြည့်လာသည်။သူက လျှောက်လမ်းနေရင်း ချက်ခြင်း ထိုသုံးယောက်ရှေ့သို့ ရောက်သွား၏။သူ့လက်ချောင်းများဖြင့် ဓားတစ်လက်အသွင် ဖြစ်စေကာ သုံးယောက်ထဲမှ တစ်ယောက်ကို ညွှန်၏။ သူက မြန်ဆန်လွန်းလှသည် သူ့လက်ချောင်းတိုက်ခိုက်မှုမှာ ထိုလူ၏ ပုခုံးပေါ်သို့ ကျရောက်သွား၏။သည်အခိုက်၌ သူ့နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် မူလစွမ်းအင်သည် မြင့်တက်လာကာ ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ တရကြမ်းတိုးဝင်သွားချေသည်။

ထိုလူ၏ခန္ဓာကိုယ်သည် ချက်ခြင်း တုန်ယင်သွားကာ ခုခံနိုင်စွမ်းမရှိ ပျက်စီးသွားသည်။သူက အနက်ရောင်အခိုးငွေ့အဖြစ်သို့ လွတ်မြောက်ရန် ကြံသည်။သို့သော် နောက်ကျသွားခဲ့လေပြီ။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် သူ ဒေါသထွက်လာသည့်အခါ မကျေမချမ်းစိတ်ဝိညာဉ်ကို ဖျက်စီးနိုင်ရုံသာမက ၎င်း၏ ဇာစ်မြစ်ကိုပါ ချေမွပစ်နိုင်ပေသည်။ထွက်ပြေးရန် ပြင်နေသည့် မကျေမချမ်းစိတ်ဝိညာဉ်သည် ချက်ခြင်း ပေါက်ကွဲထွက်ကာ မကျေမချမ်းမှုသည် ဖြည်းဖြည်းချင်း လွင့်ပြယ်သွားသည်။

ထိုအရာများအားလုံးသည် ချက်ခြင်း ဖြစ်ပွားသွားခြင်းပင်။အခြားမကျေမချမ်းစိတ်ဝိညာဉ်များဘက်မှ ကြည့်ပါက ဝမ်လင်းသည် ခြေတစ်လှမ်းသာ လှမ်းကာ လက်မြှောက်လိုက်ရုံဖြင့် သူတို့၏ အပေါင်းအပါသည် အသတ်ခံလိုက်ရခြင်း ဖြစ်နေသည်။ သူတို့က ထိုအဖြစ်ကို မြင်တွေ့သည့်အခါ အထိတ်တလန့် ကြောက်ရွံ့သွားကြ၏။

တစ်ယောက်သတ်ပြီးသည်နှင့် ဝမ်လင်း၏ ဘယ်လက်သည်‌ လေဟာနယ်ထဲသို့ ရိုက်ချကာ အံ့မခန်းတုန်ခါမှုသည် ရုတ်တရက် ပေါက်ကွဲထွက်ကာ မုန်တိုင်းတစ်ခု ဖြစ်လာသည်။ ထိုမုန်တိုင်း ရိုက်ခတ်လာသည်နှင့် နောက်ထပ် မကျေမချမ်းစိတ်ဝိညာဉ်သည် ဆွဲငင်ခြင်း ခံရကာ ၎င်း၏ ခန္ဓာကိုယ်သည် ပျက်စီး၍ ချက်ခြင်း အသတ်ခံလိုက်ရတော့သည်။

နှစ်ယောက်လုံးကို တစ်ဆက်တည်း သတ်ဖြတ်ပြီးသည့်နောက် ဝမ်လင်းက ရုတ်တရက် လှည့်လာသည်။သူ့မျက်လုံးထဲ၌ မိုးကြိုးနှင့် ပြည့်နေ၏။ နောက်ဆုံးကျန်သည့် အမျိုးသမီးသည် တုန်ယင်နေကာ သူမခန္ဓာကိုယ်ထဲ၌ မိုးကြိုး ပေါ်လာပြီး ပေါက်ကွဲထွက်သွားတော့သည်။

ဝမ်လင်းမျက်လုံးက ပို၍ပင် အေးစက်လာ၏။ သူက လေထဲသို့ ခြေလှမ်းကာ အင်ပါယာနန်းတော်ရှိရာသို့ တန်းသွားသည်။

ဝမ်လင်းသည် အင်ပါယာနန်းတော်အတွင်းရှိ တော်ဝင်ခန်းမရှိရာသို့ တိုက်ရိုက် ဦးတည်သွား၏။ သူက ထိုခန်းမအပြင်ဘက်တွင် စစ်သားများစွာ ရှိနေပြီး ခန်းမထဲ၌ ဝမ်မိသားစုမျိုးဆက်များ ရှိကြောင်း တွေ့မြင်ပြီး ဖြစ်သည်။

သည့်အပြင် ကျင့်ကြံသူများစွာလည်း ရှိနေသေးသည်။သူတို့၏မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းတို့ ရှိနေ၏။သို့သော် မည်သူကမျှ စမတိုက်ခိုက်ဝံ့ကြပေ။

သူတို့က ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်ကြပါ။ သို့သော် သူတို့သည် နိုင်ငံ့ဆရာ၏ တပည့်သုံးယောက်သည် လွယ်လင့်တကူ အသတ်ခံရသည်ကို သိလိုက်ကြ၏။ထို့ကြောင့် သူတို့သည် သည်ကျူးကျော်လာသူကို အမှန်ပင် ကြောက်လန့်နေမိပေပြီ။

ဝမ်လင်းက ရင်ပြင်ထက်၌ မားမားရပ်နေ၏။ သူက သူ့အောက်ရှိ လူများကို ကြည့်ကာ အေးစက်စွာ ပြောသည်။ “သိပ်ကောင်းတယ်…မင်းတို့ တကယ်ကောင်းမွန်အောင် လုပ်နိုင်ခဲ့တာပဲ…”

သူက ဝမ်မိသားစုဝင် ရာချီကို တွေ့မြင်ပေ၏။သို့သော် ထိုအရာက ဝမ်မိသားစုဝင်အားလုံးမဟုတ်ပေ။

သည်လူများကြား၌ အများစုသည် သူတို့၏မျက်ခုံးနှစ်ခုကြား၌ အနက်ရောင်အခိုးငွေ့များ ရှိနေကြ၏။ သို့သော် စိတ်ဝင်စားဖို့ ကောင်းသည်က နဂါးဝတ်ရုံနှင့်သက်လတ်ပိုင်းလူ၏ မျက်ခုံးနှစ်ခုကြားတွင် အနက်ရောင်အခိုးငွေ့ ရှိမနေခြင်းပင်။

သူမဘေးရှိ အမျိုးသမီး၏ မျက်လုံးထဲရှိ အနက်ရောင်မြူသည် ပျောက်ကွယ်သွားခဲ့ပြီး ကျင့်ကြံမှုရှိသည် အရိပ်လက္ခဏာ လုံးဝ ရှိမနေပေ။ မည်သို့ပင်ကြည့်ကြည့် သူမသည် သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

ဝမ်လင်း၏အသံသည် ဆောင်းတွင်းလေပြင်းအလား အေးစက်စွာ မည်ဟိန်းသည်။ထိုအသံ ထွက်ပေါ်လာသည်နှင့် လူတိုင်းစိတ်သည် တုန်ယင်သည်။

သက်လတ်ပိုင်းလူကြီးသည် ဝမ်လင်းကို တွေ့မြင်သည့်အခါ သူက မင်သက်သွား၏။သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့ ပြည့်သွားသည်။ သို့သော် သူက ထိုတုန်လှုပ်မှုအစား သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ချက်ခြင်း အစားထိုးလာကာ အမိန့်ပေး အော်ဟစ်သည်။ “ဝမ်မိသားစုအမိန့်အရ…ဒီလူ့ကို သတ်ပစ်ကြ…”

***

All Chapters