အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း (၁၂၇) လီဟော့ ရွှေခန္ဓာ
လက်ထဲရောက်လာသည်နှင့် ကျိုးဟန်က အနည်းငယ် မျှော်လင့်ချက်ဖြင့် အလျင်အမြန် စတင် ကြည့်ရှုလိုက်ရာ ချက်ချင်း မျက်နှာ ပျက်သွားသည်။ ဘုရင်အဆင့် ဓား ဖြစ်နေသည်။
'သောက်ကျိုးနည်း... တခြားသူတွေ စစ်သူကြီး အဆင့်ကို သတ်ရင် ဧကရာဇ်အဆင့် ကျလာနိုင်တယ်ဆို... ငါ့ကျမှ ဘုရင်အဆင့် ဆိုတော့ ကံနည်းနည်း ဆိုးနေတာပဲ။'
သို့သော် ညည်းတွား နေသော်လည်း ပစ္စည်းကိုတော့ အဆင့်မြှင့်ရမည် သာ ဖြစ်သည်။
အဆင့်မြှင့်ပြီးနောက် အချက်အလက် သစ်များ ထွက်ပေါ်လာသည်။
မီးချီလင် ဓား (၉ ကြိမ်မြှင့်)
အရည်အသွေး - ဘုရင်အဆင့်
အချက်အလက် - တိုက်ခိုက်မှု ၇၀၀၀ တိုးလာမည်၊ အကာအကွယ် ဖောက်ထွင်းမှု ၂၅ ရာခိုင်နှုန်း
အကျိုးသက်ရောက်မှု ၁ - စွမ်းရည် ထိခိုက်မှု ၂၀ ရာခိုင်နှုန်း တိုးလာမည်။
အကျိုးသက်ရောက်မှု ၂ - တိုက်ခိုက်ခံရသော ပစ်မှတ်၏ သွေးပြန်ဖြည့်မှု ၇၀ ရာခိုင်နှုန်း လျော့ကျမည်။
အကျိုးသက်ရောက်မှု ၃ - မီးဓာတ် ထိခိုက်မှု ၂၀၀ ရာခိုင်နှုန်း တိုးလာမည်။
ဖော်ပြချက် - ချီလင်၏ အကြေးခွံများဖြင့် ပြုလုပ်ထားပြီး အစွမ်းထက်သော မီးဓာတ် စွမ်းအားများ ပါဝင်သည်။
"မဆိုးပါဘူး... ကံမကောင်းတာက မီးဓာတ် လက်နက် ထပ်ဖြစ်နေတာပဲ"
မည်သို့ပင်ဖြစ်စေ မီးသခင်၏ နယ်မြေထဲတွင် ဖြစ်ရာ မီးဓာတ် လက်နက် ကျလာခြင်းက အလွန် ပုံမှန်ဖြစ်ပြီး အခြား ဓာတ် လက်နက် ကျလာပါက ထူးဆန်းနေမည် ဖြစ်သည်။
ကျိုးဟန်က မီးချီလင် ဓားကို ကိုင်ကာ တစ်ချက် ကြည့်လိုက်ရာ အသွင်အပြင်က အလွန် လှပပြီး ဓားကိုယ်ထည်တွင် ချီလင် တစ်ကောင် ရစ်ပတ်နေကာ အသက်ဝင်နေသည်။
"ရွှစ်"
ကျိုးဟန်က ရှေ့သို့ ဓား တစ်ချက် ခုတ်ပိုင်းလိုက်ရာ မီးတောက် ဓားချီ တစ်ခု ပြေးထွက်သွားပြီး စွမ်းအားက အတော်လေး ကောင်းမွန်သော်လည်း အကျိုးသက်ရောက်မှု ၃ ကိုတော့ ကျိုးဟန် အသုံးပြု၍ မရနိုင်ပေ။
"အစ်ကိုဟန်... ခုနက ရှင် မီးချီလင်ရဲ့ ဗိုက်ထဲ မျိုချခံရတာ ဘယ်လို လွတ်လာတာလဲ"
တိုက်ပွဲ ပြီးဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် စုန့်ယွီဆန်က အလျင်အမြန် ပြေးလာကာ မေးလိုက်သည်။
"ဒီလောက် မီးချီလင် လေးက ငါ့ကို ဘာလုပ်လို့ ရမှာလဲ"
"ငါက နဂါးရဲ့ သွေးမျိုးဆက် လေ"
"နဂါး... မင်း သိတယ် မလား"
ကျိုးဟန်က တည်ငြိမ်စွာ ပြုံးကာ ပေါ့ပေါ့ပါးပါး ဖြင့် ပြောလိုက်သည်။
"ဟွန့်... ရှင် တကယ် ကြွားတာပဲ"
စုန့်ယွီဆန်က ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်ပြီး လုံးဝ မယုံကြည်ပေ။ ကျိုးဟန်က အမြဲတမ်း နောက်ပြောင်တတ်သည်ကို သူမ သိသော်လည်း ဤကဲ့သို့သော စကားပြောဆိုမှု မျိုးကို သူမ အလွန် သဘောကျသည်။
ကျိုးဟန် လည်း ပြုံးလိုက်ပြီး အများကြီး ထပ်မရှင်းပြတော့ပေ။ မည်သို့ပင်ဖြစ်စေ စစ်မှန်သော နတ်နဂါး ဆိုသည်မှာ အလွန် အစွမ်းထက်လွန်းပြီး ဝေးကွာလွန်းသော တည်ရှိမှု ဖြစ်ရာ မယုံကြည်ခြင်းမှာ လည်း ပုံမှန် သာ ဖြစ်သည်။
တကယ်တော့ ခုနက မီးချီလင်၏ ဗိုက်ထဲတွင် အလွန် အန္တရာယ် များလှသည်။ မီးချီလင်က မည်သို့ပင်ဖြစ်စေ ရှေးဟောင်း နတ်သားရဲ ဖြစ်ပြီး စစ်မှန်သော နတ်နဂါး နှင့် တန်းတူ တည်ရှိမှု ဖြစ်ကာ စွမ်းအားကလည်း စစ်မှန်သော နတ်နဂါး ထက် မနိမ့်ကျပေ။
ကျိုးဟန်၏ ခန္ဓာကိုယ် ထဲရှိ စစ်မှန်သော နတ်နဂါး စွမ်းအားက မီးချီလင် နှင့် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် နောက်ဆုံးတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မီးတောက် စစ်သူကြီး ခေါ်ထုတ်လိုက်သော မီးချီလင်၏ အရိပ်က စွမ်းအား သိပ်မကြီးမားသဖြင့် ကျိုးဟန်က အန္တရာယ် ကင်းကင်းဖြင့် လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကျိုးဟန်က မြေပြင်ပေါ်ရှိ စွမ်းရည် စာအုပ်ကို ကောက်ယူကာ တစ်ချက် ကြည့်လိုက်ရာ မီးချီလင် ဓားသိုင်း ဖြစ်နေပြီး အရည်အသွေးက နတ်ဘုရားအဆင့်သို့ ပင် ရောက်ရှိနေသည်။ ဤ ဓားသိုင်းက ပင် သူ့ကို အန္တရာယ် နှင့် ရင်ဆိုင်ရစေပြီး အတော်လေး ထိခိုက်မှု ပေးစွမ်းနိုင်ခဲ့သည်။
ကျိုးဟန်၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ထွက်ပေါ်လာသော်လည်း မကြာမီ မျက်မှောင်ကြုတ် သွားသည်။ အဓိက အကြောင်းရင်းမှာ သူ တွင် မီးဓာတ်ကို ကျွမ်းကျင်မှု မရှိသဖြင့် သင်ယူ၍ မရနိုင်သောကြောင့် ဖြစ်သည်။
'အပြင်ရောက်ရင် လင်း အကြီးအကဲကို မေးကြည့်ရမယ်... ဖြေရှင်းလို့ ရမယ့် နည်းလမ်း ရှိမလားလို့'
ကျိုးဟန်က ရင်ထဲတွင် တွေးလိုက်ပြီး မီးချီလင် ဓားသိုင်းကို အာကာသ ကျောပိုးအိတ် ထဲသို့ ထည့်လိုက်သည်။
"နောက်ထပ်... မီးသခင်ကို စိန်ခေါ်ရတော့မယ်"
ကျိုးဟန်၏ ပေါ့ပါးသော မျက်နှာထား ပျောက်ကွယ်သွားပြီး မျက်လုံးများ ထက်မြက်လာသည်။
"အစ်ကိုဟန်... ရှင် တကယ်ပဲ မီးသခင်ကို စိန်ခေါ်မှာလား"
စုန့်ယွီဆန်က ကျိုးဟန်၏ အင်္ကျီလက်ကို ဆွဲကာ အနည်းငယ် စိုးရိမ်တကြီး ဖြင့် ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ခုနက မီးတောက် စစ်သူကြီး ၁၀ ယောက်က ပင် ကျိုးဟန်ကို အနည်းငယ် အခက်တွေ့စေခဲ့ရာ မီးသခင်က သေချာပေါက် ပိုမို ကြောက်မက်ဖွယ်ကောင်းမည် ဖြစ်သည်။
"သေချာပေါက်ပေါ့... ငါ ဒီကို လာတဲ့ ရည်ရွယ်ချက်က မီးသခင်ကို စိန်ခေါ်ဖို့ပဲလေ"
ကျိုးဟန်က ပြတ်သားစွာ ပြောလိုက်သည်။
"ဒါပေမဲ့..."
"ဘာမှ ဒါပေမဲ့ မနေနဲ့တော့... အစ်ကိုဟန်ကို ယုံကြည်လိုက် သိလား"
ကျိုးဟန်က စုန့်ယွီဆန်၏ ခေါင်းကို ပွတ်သပ်ကာ သူမ၏ စကားကို တားဆီးလိုက်သည်။
မကြာမီ ကျိုးဟန်က လမ်းညွှန်ချက် အတိုင်း နန်းတော်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားပြီး ၅ စက္ကန့် အကြာတွင် ရွှေရောင် ရာဇပလ္လင် ပေါ်ရှိ လောင်ကျွမ်းနေသော မီးတောက်များက တဖြည်းဖြည်း စုစည်းသွားကာ အရိပ် တစ်ခု ထွက်ပေါ်လာပြီး မီးတောက်များ အားလုံး သူ၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သွားသည်။ တစ်ခဏ အတွင်းမှာပင် နန်းတော် တစ်ခုလုံး တုန်ခါသွားပြီး လေထု ထဲရှိ မီးတောက် ဓားချီများက အလွန် ကြမ်းတမ်းလာသည်။
"ရှီး... ဘာတွေ ဖြစ်ကုန်တာလဲ... ဒီ ဓားချီတွေရဲ့ အပူချိန်က ဘာလို့ ဒီလောက် ပြင်းထန်လာရတာလဲ"
"နေရာ တစ်ခုလုံး ဆူပွက်နေပြီ... မြေကြီးတွေ တုန်ခါနေတယ်... ဘာ အပြောင်းအလဲ တွေ ဖြစ်လာတော့မှာလဲ"
"သောက်ကျိုးနည်း... ငါ့ လက်ထဲက ဓား တောင် ထိန်းချုပ်လို့ မရတော့ဘူး... ဒါ ဘာတွေ ဖြစ်နေတာလဲ"
"ဒီ အပြောင်းအလဲက နန်းတော်ရဲ့ အနက်ရှိုင်းဆုံး နေရာကနေ ထွက်လာတာ... ဒါဆို..."
အပြင်ဘက်တွင် ဓားစောင့်ရှောက်သူများကို သတ်ဖြတ်နေသော သူများက ပြင်းထန်သော အပြောင်းအလဲကို ခံစားလိုက်ရသဖြင့် ရင်ထဲတွင် အံ့အားသင့်ကာ ထိတ်လန့်သွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မျက်လုံးထဲရှိ အံ့အားသင့်မှု များကို မြင်တွေ့နေရသည်။
သူတို့က နှစ်ပေါင်းများစွာ ကျောက်ရည်ပူ တောင်တွင် ပစ္စည်း လာရှာသူများ ဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေ မျိုးကို ပထမဆုံး အကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။
"ဒီလောက် ကြီးမားတဲ့ လှုပ်ရှားမှု ဆိုတော့... မီးသခင် နိုးလာတာ သေချာတယ်... တစ်ယောက်ယောက်က မီးသခင်ကို စိန်ခေါ်လိုက်တာ သေချာတယ်"
"ဘာ... မီးသခင်ကို စိန်ခေါ်တယ်... ဘယ်သူက ဒီလောက် သတ္တိ ရှိတာလဲ... သေချင်နေတာလား"
"ခုနက ဝင်သွားတဲ့ လူငယ်လေး ပဲ ဖြစ်ရမယ်... ဒီ ကောင်လေးက တကယ် ကိုယ့်အဆင့် ကိုယ်မသိတာပဲ"
"ဒါက အရမ်း ပုံကြီးချဲ့လွန်းနေပြီ... အဲဒါ မီးသခင် လေ... လေတစ်ချက် မှုတ်လိုက်ရုံနဲ့ ငါတို့ အားလုံးကို သတ်ပစ်နိုင်တဲ့ တည်ရှိမှု မျိုးလေ"
"ငါ သွားကြည့်ချင်တယ်... ဘာတွေ ဖြစ်နေလဲ ဆိုတာ"
"ဟဲဟဲ... ငါကတော့ မသွားဘူး... ငါ အသက်ရှင်လို့ မဝသေးဘူး"
"သွားရင်... ပစ္စည်း အချို့ တောင် လုယူနိုင်လောက်တယ်... အဲဒီ ကောင်လေး ဆီမှာ ပစ္စည်း ကောင်းတွေ အများကြီး ရှိမှာ သေချာတယ်"
"အန္တရာယ် အရမ်း များတယ်... မင်းတို့ သွားချင်လည်း သွားကြ"
မကြာမီ လူအချို့က ပုန်းကွယ်ကာ ထွက်ပြေးသွားကြပြီး အချို့ကတော့ နန်းတော်၏ အတွင်းပိုင်းသို့ လျှောက်သွားကြသည်။ သူတို့ လာရခြင်းမှာ တစ်ချက်က စပ်စုချင်၍ ဖြစ်ပြီး မီးသခင်ကို ကြည့်ချင်သောကြောင့် ဖြစ်ကာ နောက်တစ်ချက်က ကျိုးဟန်၏ ကိုယ်ပေါ်ရှိ ရတနာ များကို လိုချင်သောကြောင့် ဖြစ်သည်။
သူတို့က ကျိုးဟန် မီးသခင်ကို သတ်ဖြတ်နိုင်မည်ဟု လုံးဝ မယုံကြည်ကြဘဲ ပစ္စည်း လုယူရခြင်းက အလွန် သက်သောင့်သက်သာ ရှိပြီး တိုက်ခိုက်ရန် လည်း မလိုပေ။
"မင်းလား... ငါ့ကို ခေါ်လိုက်တာ"
ဝေဝါးပြီး ရှည်လျားသော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး ရွှေရောင် ရာဇပလ္လင် ပေါ်မှ ပုံသဏ္ဌာန် မရှိသော လွှမ်းမိုးမှုက လှိုင်းလုံး ကြီး တစ်ခု အလား ပြေးဝင်လာကာ ကျိုးဟန် နှင့် စုန့်ယွီဆန် တို့ နှစ်ယောက်ကို တိုက်ရိုက် လွှမ်းခြုံသွားပြီး လူများကို ဒူးထောက် အရှုံးပေးစေချင်သော အသိစိတ် တစ်ခု ကျဆင်းလာကာ ဤ အသိစိတ် အောက်တွင် သေချာပေါက် ဒူးထောက် ရမည် ဖြစ်ပြီး မဟုတ်ပါက သေဆုံးရမည် သာ ဖြစ်သည်။
"အား"
"ရှီး... အရမ်း အစွမ်းထက်တာပဲ"
စုန့်ယွီဆန်က အော်ဟစ်လိုက်ပြီး ခြေထောက်များ အနည်းငယ် ပျော့ခွေသွားကာ ခုခံရန် ကြိုးစားသော်လည်း ပကတိ စွမ်းအား ရှေ့တွင် ဘာမှ မတတ်နိုင်ကြောင်း တွေ့လိုက်ရသည်။
"မင်း နည်းနည်း အဝေးကို သွားနေ... မဟုတ်ရင် ငါ့ရဲ့ တိုက်ခိုက်မှုကို ထိခိုက်လိမ့်မယ်"
ကျိုးဟန်က စစ်မှန်သော နတ်နဂါး စွမ်းအား ပါဝင်သော နူးညံ့သော အား တစ်ခု ဖြင့် တွန်းထုတ်လိုက်သည်။ မီးသခင် လောက်ကတော့ ဘာမှ မဟုတ်ပေ။
စုန့်ယွီဆန်က ခန္ဓာကိုယ် ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး ကိုယ်က မီတာ အနည်းငယ် အဝေးသို့ ရောက်သွားသည်။
ကျိုးဟန်၏ စကားကို ကြားလိုက်ရသဖြင့် သူမ အနည်းငယ် ဝမ်းသာသလို ဝမ်းနည်းသလို လည်း ဖြစ်သွားသည်။ ကိုယ်တိုင်က ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေပြီး ကျိုးဟန်ကို အကူအညီ မပေးနိုင်သည့် အပြင် သူ့ကို အမြဲတမ်း ကယ်တင်နေရသည်။
ဤကဲ့သို့သော ခံစားချက်က အလွန် ဆိုးရွားလှသည်။ ချစ်ရသော သူ နှင့် စွမ်းအား အရမ်း ကွာဟလွန်းနေသဖြင့် သူ့အတွက် ဖိအား တစ်ခုခုကို မျှဝေခံစားပေးချင်သော်လည်း လုံးဝ မလုပ်နိုင်ပေ။
အဓိက အားဖြင့် ကျိုးဟန်က အရမ်း အစွမ်းထက်လွန်းသဖြင့် ဖြစ်သည်။ စုန့်ယွီဆန်၏ စွမ်းအားက ရွယ်တူများ ထဲတွင် မဆိုးလှဘဲ ထူးချွန်သည် ဟုပင် ပြောနိုင်သော်လည်း ကျိုးဟန် နှင့် ယှဉ်လိုက်ပါက အမှိုက် လောက် ပင် မရှိပေ။
'အပြင်ရောက်ရင် သေချာ လေ့ကျင့်ရမယ်'
'အသက်ကယ် စွမ်းရည် အချို့ကို ပိုသင်ယူရမယ်... အဲဒီလိုမှ ကျိုးဟန် ငါ့ကို အမြဲတမ်း လာကယ်နေစရာ မလိုတော့မှာ'
စုန့်ယွီဆန်က ရင်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ ချစ်ရသူကို အမြဲတမ်း တောင်းဆိုနေခြင်းက မတရားပေ။
"ကလေးလေး... မင်းက တော်တော်လေး မဆိုးဘူးပဲ"
"အရမ်း ကောင်းတဲ့ ပါရမီ ရှိနေလျက်နဲ့... ဘာလို့ သေလမ်းကို လာရှာရတာလဲ"
မီးသခင် အရိပ်က ကျိုးဟန်ကို သူ၏ သခင်၏ လွှမ်းမိုးမှု အောက်တွင် အနည်းငယ်မျှ မထိခိုက်သည်ကို မြင်လိုက်ရသဖြင့် ချီးကျူးလိုက်ပြီး တစ်ချိန်တည်းမှာပင် နှမြောမှုကိုလည်း ဖော်ပြလိုက်သည်။ သို့သော် သူက အရိပ် သာ ဖြစ်ပြီး သူ၏ တာဝန်မှာ သူ့ကို နိုးထစေသော သူကို သတ်ဖြတ်ရန် ပင် ဖြစ်သည်။
"သေလမ်း လာရှာတယ်... မင်းက ငါ့ကို သတ်နိုင်မယ်လို့ သေချာနေတာလား"
"ဘာလို့ ငါက မင်းကို မသတ်နိုင်ရမှာလဲ"
ကျိုးဟန်က ဓားကို ပိုက်ကာ တည်ငြိမ်စွာ ပြုံးပြီး သူ၏ အချက်အလက်ကို အလျင်အမြန် စစ်ဆေးလိုက်သည်။
မီးသခင် - အရိပ်
အဆင့် - ၁၀၀
သွေးပမာဏ - ၈၀၀၀၀၀၀
တိုက်ခိုက်မှု - ၁၀၀၀၀၀၀
အကာအကွယ် - ၆၀၀၀၀၀
လက်နက် - သခင်၏ မီးတောက် မျိုချခြင်း ဓား
စွမ်းရည် - သခင်၏ လွှမ်းမိုးမှု သုံးထောင် မီးတောက် ဓား လောက ဖျက်ဆီးခြင်း မီးတောက် သခင် ရောက်ရှိခြင်း - လီဟော့ ရွှေခန္ဓာ
ဝတ်စုံ - သခင်၏ ဝတ်စုံ သခင်၏ ကျောက်စိမ်း တံဆိပ် မီးနဂါး လက်စွပ်
အခြေအနေ - အရိပ်
တကယ်ကို အစွမ်းထက်လှသည်။ နတ်ဆိုး ဘုရင် ပိုလန်ဇီ ထက် အများကြီး ပိုမို အစွမ်းထက်ပြီး ပိုလန်ဇီကို လက်တစ်ဖက်တည်း ဖြင့်ပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။ ဤသည်မှာ အရိပ် သာ ဖြစ်ပြီး အကယ်၍ ခန္ဓာကိုယ် အစစ် သာ ဆိုပါက ထို စွမ်းအားက တကယ်ကို စိတ်ကူး ပင် မယဉ်ရဲပေ။
"ဟားဟားဟား... မင်းက ငါ့ကို သတ်မယ် ဟုတ်လား"
မီးသခင် အရိပ်က ကောင်းကင်သို့ မော့ကာ ရယ်မောလိုက်ပြီး လုံးဝ ဂရုမစိုက်ပေ။
"ကလေးလေး... မင်းရဲ့ ပါရမီနဲ့ ဆိုရင်... နောက်ထပ် တစ်နှစ် လောက် လေ့ကျင့်လိုက်ရင် ငါ့ကို သတ်နိုင်ဖို့ မခက်ခဲဘူး"
"ဒါပေမဲ့ အခုတော့..."
"မင်းမှာ အခွင့်အရေး မရှိဘူး"
မီးသခင် အရိပ်က စကားလုံး တစ်လုံးချင်းစီ ပီသစွာ ပြောလိုက်ပြီး သခင်၏ လွှမ်းမိုးမှုက အပြည့်အဝ ထွက်ပေါ်လာကာ ဤသည်မှာ ပြိုင်ဘက်ကင်း အစွမ်းထက်သူ၏ ပြိုင်ဘက်ကင်း ယုံကြည်မှု ပင် ဖြစ်သည်။
"ဟုတ်လို့လား"
"ဒါဆိုရင်လည်း လက်တွေ့ သက်သေပြကြတာပေါ့"
မီးသခင်၏ အချက်အလက် များကို စစ်ဆေးပြီးနောက် ကျိုးဟန် လည်း စကားများ မပြောချင်တော့ဘဲ တိုက်ခိုက်ရန် သာ စဉ်းစားလိုက်သည်။
"ငါ ဒီနေ့ ခြွင်းချက် အနေနဲ့... မင်းကို အရင် စတိုက်ခွင့် ပေးမယ်"
"မင်းရဲ့ စွမ်းအားက ဘယ်လောက် ရှိလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"
မီးသခင်က လှောင်ပြောင်ကာ အထင်သေးစွာ ဖြင့် ပြောလိုက်သည်။ သူက ဤမျှ မောက်မာနေသဖြင့် ကျိုးဟန် လည်း အလိုရှိလှသည်။
မည်သို့ပင်ဖြစ်စေ ဤ မီးသခင်က အလွယ်တကူ တိုက်ခိုက်၍ ရမည် မဟုတ်သဖြင့် ယခု အရင် စတင် တိုက်ခိုက်ခွင့် ရသဖြင့် သူလည်း အားနာမနေတော့ဘဲ ကျိုးဟန်က နေမီးတောက် ကြေးမုံကို တိုက်ရိုက် ထုတ်ယူကာ နေမီးတောက် အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်သည်။
ထို့နောက် သူက အဆုံးစွန် - ဓားတစ်သောင်း ပေါင်းစုံခြင်းကို တိုက်ရိုက် အသုံးပြုလိုက်ပြီး ၎င်းသာမက လေဆင်နှာမောင်း ဓား အဆုံးမဲ့ ဝိညာဉ် ဆူး စသည့် စွမ်းရည် များကိုပါ အားလုံး တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်သည်။
"သောက်ကျိုးနည်း... မင်း..."
မီးသခင် အရိပ်၏ မျက်နှာက ချက်ချင်း တင်းမာသွားပြီး မနေနိုင်ဘဲ ဆဲဆိုလိုက်သည်။ ဤ ကျိုးဟန်က တိုက်ခိုက်မှု ဥပဒေသကို မလိုက်နာဘူးလို့ မထင်ထားခဲ့ပေ။ ပုံမှန် တိုက်ပွဲတွင် အရင်ဆုံး တစ်ကွက် လောက် စမ်းသပ် တိုက်ခိုက်ကြသည် မဟုတ်ပါလား။
ကျိုးဟန်က စွမ်းရည် များကို အလကား ရသကဲ့သို့ အကုန်လုံး ထုတ်သုံးလိုက်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ တကယ်တော့ ကျိုးဟန်က သူ၏ အချက်အလက် များကို မြင်တွေ့နိုင်သဖြင့် အပြန်အလှန် စမ်းသပ်သည့် အဆင့်ကို တိုက်ရိုက် ကျော်သွားခြင်း ဖြစ်ကြောင်း သူ မသိပေ။
"လောက ကြီးရဲ့ မီးတောက်တွေ အားလုံး ငါ့ရဲ့ အမိန့်ကို နာခံစမ်း... သခင် ရောက်ရှိခြင်း - လီဟော့ ရွှေခန္ဓာ"
ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် မီးသခင် အရိပ် လည်း ဆက်လက် ဟန်ဆောင် မနေနိုင်တော့ဘဲ အလျင်အမြန် ကာကွယ်ရေး စွမ်းရည်ကို အသုံးပြုလိုက်ရာ မီတာ တစ်ရာ ပတ်လည် ရှိ မီးတောက်များက တစ်ခဏ အတွင်း သူ၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သွားပြီး သူ၏ ခန္ဓာကိုယ် ပေါ်တွင် အနီရဲရဲ စစ်ဝတ်တန်ဆာ တစ်ခု အဖြစ် ပြောင်းလဲသွားကာ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို အဆက်မပြတ် ခုခံနေသည်။
-၅၆၀၀၀၀၀
-၀
-၀
-၀
'ဟင်... ဒါက မသေနိုင်တဲ့ စွမ်းရည် လား'
လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မည်ဟု ထင်ထားခဲ့သော ကျိုးဟန် လည်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။ မီးသခင်၏ စွမ်းရည်များက အရမ်း များလွန်းသဖြင့် အချိန်တို အတွင်းတွင် သူ အားလုံးကို မကြည့်နိုင်ခဲ့ပေ။
သခင် ရောက်ရှိခြင်း - လီဟော့ ရွှေခန္ဓာ - ၁ မိနစ် အတွင်း အကာအကွယ် ၉၀ ရာခိုင်နှုန်း တိုးလာမည် သွေးပမာဏ ၃၀ ရာခိုင်နှုန်း အောက် ရောက်ရှိချိန်တွင် စက္ကန့် ၃၀ ကြာ မသေနိုင်သော အခြေအနေသို့ ရောက်ရှိမည်။
ယခု ကြည့်လိုက်သည်နှင့် ချက်ချင်း နားလည်သွားသည်။ သွေးပမာဏ ၈၀၀၀၀၀၀ မှ ၂၄၀၀၀၀၀ သာ ကျန်တော့သဖြင့် အတိအကျ ပင် ၃၀ ရာခိုင်နှုန်း အောက်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ အဆုံးစွန် - ဓားတစ်သောင်း ပေါင်းစုံခြင်း၏ သတ်ဖြတ်နိုင်သော သွေးပမာဏက ၂၀ ရာခိုင်နှုန်း အောက်တွင် သာ ဖြစ်ရာ ထို့ကြောင့် ဤ မသေနိုင်သော အကျိုးသက်ရောက်မှုကို ကျိုးဟန် ဖြေရှင်း၍ မရနိုင်ဘဲ ဤ စက္ကန့် ၃၀ ကို ဖြတ်သန်းသွားအောင် သာ စောင့်ဆိုင်းရမည် ဖြစ်သည်။ သို့သော် ဤ စက္ကန့် ၃၀ အတွင်း မီးသခင်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။
"ကလေးလေး... မင်း ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်ပြီ"
"သနားညှာတာမှုကို တောင်းခံလိုက်စမ်း... ငါက မင်းကို ရက်ရက်စက်စက် ငြင်းပယ်ပေးမယ်"
ထင်သည့်အတိုင်းပင် မီးသခင်၏ ခန္ဓာကိုယ်တွင် ကြမ်းတမ်းသော မီးတောက်များ လောင်ကျွမ်းလာပြီး ဒေါသထွက်နေကြောင်း သိသာလှကာ မီးတောက်၏ စွမ်းအားက ပိုမို ကြမ်းတမ်းလာသည်။ အကယ်၍ သူသာ လီဟော့ ရွှေခန္ဓာကို အမြန် မဖွင့်လိုက်ပါက တကယ်ကို ကျိုးဟန်၏ တစ်ချက်တည်း သတ်ဖြတ်ခြင်းကို ခံရမည်မှာ သေချာသည်။
"သုံးထောင် မီးတောက် ဓား"
"လောက ဖျက်ဆီးခြင်း မီးတောက်"
"လောက လောင်ကျွမ်းခြင်း ပေါက်ကွဲ မီးတောက်"
"မီးနဂါး ဟိန်းသံ"
"မီးဒေါသ ရွှေကြာပန်း"
ထင်သည့်အတိုင်းပင် ဒေါသထွက်နေသော မီးသခင်က စွမ်းရည်များကို အဆက်မပြတ် ထုတ်သုံးနေပြီး နေရာ တစ်ခုလုံးကို မီးတောက် ပင်လယ် ကြီးဖြင့် လွှမ်းခြုံထားကာ မီးတောက်များက မရေမတွက်နိုင်သော သားရဲ ကြီးများ အဖြစ် ပြောင်းလဲသွားပြီး သူတို့၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ ကျိုးဟန်ကို ပြာဖြစ်သွားစေရန် ပင် ဖြစ်သည်။
"သောက်ကျိုးနည်း... ဟို အရိပ်က တကယ် မီးသခင် လား... ဒီလောက် အဝေးကြီး ကနေ တောင် ရင်ထဲ ထိတ်လန့်စရာ ကောင်းတဲ့ စွမ်းအားတွေ ခံစားနေရတယ်"
"ဘုရားရေ... ဒါက မီးသခင် ဒေါသထွက်နေတာလား... ဒီနေရာ တစ်ခုလုံး မီးတောက်တွေ ဖုံးလွှမ်းတော့မယ်"
"ရှီး... အား... ကယ်ကြပါဦး... ငါ့ ခန္ဓာကိုယ် ဘာလို့ မီးလောင်နေတာလဲ"
"မင်းရဲ့ စွမ်းအားက အရမ်း အားနည်းလွန်းတယ်... မီးသခင်ရဲ့ မျက်လုံးကို တိုက်ရိုက် မကြည့်နဲ့... မဟုတ်ရင် မင်းရဲ့ ရင်ထဲက မီးတွေ လောင်ကျွမ်းလာလိမ့်မယ်"
"ဒါ... ဒါက အရမ်း ကြောက်စရာ ကောင်းတာပဲ... ငါတို့ ထွက်ပြေးကြရအောင်"
ဤ ပစ္စည်း လုယူရန် ပြင်ဆင်နေသူများက ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် တစ်ကိုယ်လုံး ကြောက်လန့်သွားကြပြီး မီးသခင်၏ ဒေါသကို မည်သူက ခံနိုင်ရည် ရှိမည်နည်း။ သူတို့က လီ တစ်ဝက်ခန့် အကွာအဝေးတွင် ရှိနေသော်လည်း လူအချို့၏ ခန္ဓာကိုယ်များ မီးလောင်နေကြသည်ကို တွေးကြည့်ရုံနှင့်ပင် ကြက်သီးထစရာ ကောင်းလှသည်။
"ဟိုမှာ ကြည့်... ဟို ထွက်ပြေးနေတဲ့ လူက ခုနက ဝင်သွားတဲ့ လူငယ်လေး မဟုတ်လား"
"ဟားဟားဟား... သူက မီးသခင်ကို သွားစော်ကားလို့ နေမှာပေါ့... သိပ်မကြာခင် မီးလောင်သေတော့မှာ သေချာတယ်"
"ဟဲဟဲ... ငါတို့ ခဏလောက် ဆက်စောင့်ကြမယ်... သူ သေသွားရင် မီးသခင်က ပြန်လည် အိပ်စက်သွားလိမ့်မယ်"
"အဲဒီ အချိန်ကျရင်... ငါတို့ ပစ္စည်းတွေ လုယူလို့ ရပြီ... အရမ်း ကောင်းတာပဲ"
"အင်း... ဒီ အကြံက အရမ်း ကောင်းတယ်... ငါတို့ လည်း ဒီ ကောင်လေး မီးသခင် လက်ထဲ ဘယ်လို သေမလဲ ဆိုတာ ကြည့်ကြတာပေါ့"
"ဟက်... ကိုယ့်အဆင့် ကိုယ်မသိဘူး... မီးသခင်ကို စိန်ခေါ်တယ် ဆိုတော့... နောက်ဆုံး ရလဒ်က ကြိုသိနေပြီးသားပဲ"
"သူ ထွက်ပြေးနေတဲ့ ပုံစံကို ကြည့်ရတာ... တကယ်ကို ပျော်စရာ ကောင်းတာပဲ"
ပစ္စည်း လုယူမည့် အဖွဲ့က အားရပါးရ ဆွေးနွေးနေကြပြီး ပွဲကြည့်ချင်သူများ အလား ကျိုးဟန်ကို အမြန်ဆုံး သေစေချင်နေကြသည်။
ယခုအချိန်တွင် ကျိုးဟန် လည်း အလွန် အခက်တွေ့နေပြီး မီးသခင်၏ ကြမ်းတမ်းသော ဒေါသက မျှော်လင့်ထားသည် ထက် ပိုမို ကြောက်စရာ ကောင်းနေသည်။
"နဂါးဟိန်းသံ ရွှေခေါင်းလောင်း အကာအကွယ်"
"ရှေးဟောင်း လွှမ်းမိုးခြင်း သွေး"
သူက လေထုတွင် အလွန် မြန်ဆန်စွာ ပျံသန်းနေပြီး ရှောင်တိမ်းရင်း စွမ်းရည် များကို အသုံးပြုနေသည်။
"ဂျိ"
မကြာမီ မရှောင်တိမ်း နိုင်သော စွမ်းရည် သုံးခုက ဝင်တိုက်လာပြီး ရွှေခေါင်းလောင်း အကာအကွယ်က ချက်ချင်း ပျက်စီးသွားသည်။ ရွှေခေါင်းလောင်း အကာအကွယ်၏ ကာကွယ်မှု မရှိပါက ကျိုးဟန်၏ သွေးပမာဏ ဖြင့် မီးသခင်၏ စွမ်းရည် တစ်ခု သာ ထိမှန်ပါက ချက်ချင်း အသတ်ခံရမည် ဖြစ်သည်။
"ဟားဟားဟား... ဒါက ငါ့ကို ဒေါသထွက်အောင် လုပ်တဲ့ ရလဒ် ပဲ"
"ဘယ်လိုလဲ... အရသာ ရှိလား"
မီးသခင်၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးများ တောက်ပနေပြီး အလွန် မောက်မာနေသည်။
"မီးဒေါသ - မီးတိမ်တိုက် ဓား... သတ်လိုက်စမ်း"
သူက နောက်ထပ် စွမ်းရည် အချို့ကို ထုတ်သုံးလိုက်ပြန်သည်။ ဤအရာများ အားလုံးက အချိန်တို အတွင်းတွင် ပြီးဆုံးသွားခြင်း ဖြစ်ပြီး အချိန်က စက္ကန့် ၂၀ သာ ကြာမြင့်ခဲ့သည်။
"ဟွန့်... နောက်ထပ် ၁၀ စက္ကန့် ပဲ ကျန်တော့တယ်... မင်း ဘယ်လို မောက်မာဦးမလဲ ကြည့်ရသေးတာပေါ့"
ကျိုးဟန်က အေးစက်စွာ ပြုံးပြီး ဆက်လက် ရှောင်တိမ်းနေသည်။
"စနစ် သတိပေးချက် - သင်၏ တော်ဝင် နာမည်ကျော် ဓား၏ အကျိုးသက်ရောက်မှု ထွက်ပေါ်လာပါသည်"
"စနစ် သတိပေးချက် - သင်သည် ၅ စက္ကန့် ကြာ မသေနိုင်သော အချိန်ကို ရရှိပါသည်"
'အရမ်း ကောင်းတယ်... ငါ နောက်ထပ် ၅ စက္ကန့် လောက် တောင့်ခံနိုင်ရင် ရပြီ'
ကျိုးဟန်၏ မျက်နှာပေါ်ရှိ အပြုံးက ပိုမို တောက်ပလာသည်။
"စနစ် သတိပေးချက် - သင်၏ ရှေးဟောင်း လွှမ်းမိုးခြင်း သွေး၏ ကျွမ်းကျင်မှု အပြည့်အဝ ရရှိသွားပါသည်"
"စနစ် သတိပေးချက် - သင်၏ နတ်ဘုရားအဆင့် သိုင်းကျင့်စဉ် ထာဝရ ဓားခန္ဓာကိုယ် မှ စွမ်းရည် သစ် တစ်ခု လော့ခ် ပွင့်သွားပါသည်... ကြည့်ရှုမည်လား"