အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) မကောင်းသော မီးတောက်၏ လွှမ်းမိုးမှု
ကျိုးဟန်၏ ခန္ဓာကိုယ်ကို ကြည့်ရင်း စုန့်ယွီဆန်က တံတွေး မျိုချလိုက်သည်။
သူ၏ ခန္ဓာကိုယ်က သွယ်လျပြီး တောင့်တင်းကာ ပေါက်ကွဲထွက်မတတ် စွမ်းအားများ ပြည့်နှက်နေသော ကြွက်သားများ ရှိပြီး ဗိုက်ကြွက်သား ၈ ကွက်က အလွန် လှပကာ... ကြည့်ရုံနှင့်ပင် ခံနိုင်ရည် စွမ်းအား ကောင်းမည်ကို သိသာလှသည်။
အောက်သို့ ဆက်ကြည့်လိုက်ရာ စုန့်ယွီဆန်၏ မျက်လုံးများက ပိုမို ပူပြင်းလာသည်။
'ဘုရားရေ... ဒါက တကယ်...'
'သူ့ရဲ့ မိန်းမ ဖြစ်ရတာ... သေချာပေါက် အရမ်း ပျော်စရာ ကောင်းမှာပဲ'
စုန့်ယွီဆန်၏ ခေါင်းထဲတွင် အမျိုးမျိုးသော အကန့်အသတ် ရှိသည့် မြင်ကွင်းများကို စိတ်ကူးယဉ် နေပြီး... စိတ်ကူးယဉ် နေသော သူက သေချာပေါက် ကျိုးဟန် ပင် ဖြစ်သည်။ သူမ၏ သွယ်လျ ဖြူဖွေးကာ ဖြောင့်တန်းသော ခြေတံလှလှ လေးများက အလိုအလျောက် ပင် တင်းကျပ်စွာ စုစည်းသွားကြသည်။
"စနစ် သတိပေးချက် - စုပ်ယူနေပါသည်... လက်ရှိ အခြေအနေ ၁၇ ရာခိုင်နှုန်း ဖြစ်ပါသည်"
"စနစ် သတိပေးချက် - စုပ်ယူနေပါသည်... လက်ရှိ အခြေအနေ ၁၈ ရာခိုင်နှုန်း ဖြစ်ပါသည်"
ယခုအချိန်တွင် ကျိုးဟန်က တစ်ကိုယ်လုံး ရှိ ပြင်းထန်သော နာကျင်မှုများကို အံကြိတ်ကာ တောင့်ခံနေရသည်။
ကျိုးဟန် မခံနိုင်တော့မည့် အချိန်တွင် သူ၏ လက်မောင်း ပေါ်ရှိ ရွှေရောင် နဂါး တက်တူးလေးက တုန်ခါသွားပြီး... ရွှေရောင် စစ်မှန်သော နတ်နဂါး စွမ်းအားများ ထွက်ပေါ်လာကာ ကျိုးဟန်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး မီးတောက်၏ စွမ်းအားများကို ခုခံကာကွယ်ပေးရင်း စုပ်ယူမှုကိုလည်း မြန်ဆန်စေသည်။
"စနစ် သတိပေးချက် - စုပ်ယူနေပါသည်... လက်ရှိ အခြေအနေ ၂၉ ရာခိုင်နှုန်း ဖြစ်ပါသည်"
"စနစ် သတိပေးချက် - စုပ်ယူနေပါသည်... လက်ရှိ အခြေအနေ ၃၀ ရာခိုင်နှုန်း ဖြစ်ပါသည်"
"စနစ် သတိပေးချက် - သင်၏ ခန္ဓာကိုယ်က လက်ရှိ အခြေအနေ၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွားပါပြီ"
"စနစ် သတိပေးချက် - အကယ်၍ အတင်းအကျပ် ဆက်လက် စုပ်ယူပါက... ပြာဖြစ်သွားနိုင်ခြေ ရှိပါသည်"
"စနစ် သတိပေးချက် - မီးဝိညာဉ် ပုတီးကို ဆက်လက် စုပ်ယူမည်လား"
'သေချာပေါက် ရပ်ရမှာပေါ့'
သောက်ကျိုးနည်း... နောက်ဆက်တွဲ ဆိုးကျိုးက ဒီလောက် ပြင်းထန်နေတာ... ကျိုးဟန်က ဆက်လုပ်နေရင် အရူးပဲ ဖြစ်သွားမှာပေါ့။
သိရှိရသလောက် မီးဝိညာဉ် ပုတီး ထဲရှိ စွမ်းအင်များကို အားလုံး မစုပ်ယူနိုင်ပါက... အထဲတွင် သိမ်းဆည်းထားနိုင်သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် စွမ်းအား တိုးတက်လာမှ သာ ဆက်လက် စုပ်ယူရုံ သာ ရှိသည်။
အကယ်၍ ကျိုးဟန် တွင် သာ စစ်မှန်သော နတ်နဂါး စွမ်းအား မရှိပါက ၃၀ ရာခိုင်နှုန်း ထိပင် စုပ်ယူနိုင်မည် မဟုတ်ပေ။ သူ့ရဲ့ ခန္ဓာကိုယ်က အားနည်းလွန်းနေသေးသည်။
"စနစ် သတိပေးချက် - စုပ်ယူခြင်း ပြီးဆုံးပါပြီ... သင်၏ ခန္ဓာကိုယ်က မီးတောက်၏ လေ့ကျင့်ပေးမှုကို ခံရပြီး... စွမ်းရည် အားလုံး အများကြီး တိုးတက်သွားပါသည်... အချက်အလက် များကို စစ်ဆေးကြည့်ပါ"
"ငါ့ရဲ့ စွမ်းရည် အားလုံး တိုးတက်သွားတာလား"
"အရမ်း ကောင်းတာပဲ... ဒီ မီးလောင်တဲ့ နာကျင်မှုကို အလကား ခံလိုက်ရတာ မဟုတ်ဘူးပဲ"
ကျိုးဟန်၏ မျက်နှာပေါ်တွင် အပြုံးများ ထွက်ပေါ်လာသည်။ ယခု ခန္ဓာကိုယ်က အနည်းငယ် နာကျင်နေဆဲ ဖြစ်သဖြင့် စွမ်းအား ကြီးမားလာသည်ကို သူ တကယ် မခံစားမိသေးပေ။
စကားပြောနေစဉ် မှာပင် ကျိုးဟန်က အချက်အလက် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
လေပြင်း ဓားနတ်ဆိုး - ကျိုးဟန်
အဆင့် - ၄၄ (၃၁.၃ ရာခိုင်နှုန်း)
သွေးပမာဏ - ၄၅၀၀၀၀ + ၂၁၀၀၀၀
တိုက်ခိုက်မှု - ၂၁၂၀၀၀ + ၁၉၄၀၀၀
အကာအကွယ် - ၂၀၄၀၀၀ + ၁၆၀၀၀
ပါရမီ - အဆုံးမရှိ အဆင့်မြှင့်တင်ခြင်း
ဂုဏ်ပုဒ် - ပထမ ပါရမီရှင်
လက်နက် - မီးချီလင် ဓား
ဒုတိယ လက်နက် - တော်ဝင် နာမည်ကျော် ဓား
လက်စွပ် - ပေါ့ပါးသော လက်စွပ်
လက်ကောက် - ကြယ်နက္ခတ် လက်ကောက်
နားကပ် - ဟိုင်ပေါ်လွန်း နားကပ်
အကူအညီ - သရဖူ မဟုတ်သော သရဖူ
ဝတ်စုံ - ရှေးဟောင်း ဝတ်စုံ
အဖွဲ့အစည်း အားဖြည့်ချက် - သွေးပမာဏ ၈၀၀၀၀
"အရမ်း မိုက်တယ်... တကယ် အရမ်း အားရစရာ ကောင်းတာပဲ"
စစ်မှန်သော နတ်နဂါး စွမ်းအားကို ရရှိပြီးနောက် ယခု ယန်နတ်ဘုရား မီးဝိညာဉ် ပုတီးကို စုပ်ယူပြီး လေ့ကျင့်မှု ခံရသဖြင့်... ကျိုးဟန်၏ စွမ်းရည် အားလုံးက အလွန် တိုးတက်သွားသည်။ သွေးပမာဏ စုစုပေါင်းက ၆ သိန်း ၆ သောင်း ရှိပြီး တိုက်ခိုက်မှုက ၄ သိန်း ကျော် သွားကာ အကာအကွယ်က ၂ သိန်း ၂ သောင်း အထိ ရောက်ရှိသွားသဖြင့်... လုံးဝ ပြိုင်ဘက်ကင်း သွားပြီ ဖြစ်သည်။
ကျိုးဟန်က မီးဓာတ်ကို အနည်းငယ် ထိန်းချုပ်ကြည့်ရာ... တစ်ခဏ အတွင်း လေထု ထဲရှိ လွင့်မျောနေသော မီးဓာတ်များက သူ၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်လာပြီး... စွမ်းအင်များ ဖြည့်တင်းပေးကာ ကိုယ်ပေါ်ရှိ နာကျင်မှုများ တဖြည်းဖြည်း သက်သာလာသည်။
"ဂျွတ် ဂျွတ် ဂျွတ်"
ကျိုးဟန်က ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ အရိုးများ အဆက်မပြတ် မြည်သံ ထွက်ပေါ်လာပြီး... မီးတောက်၏ လေ့ကျင့်ပေးမှု အောက်တွင် ခန္ဓာကိုယ်၏ အညစ်အကြေးများ အားလုံး ဖယ်ရှားခံလိုက်ရပြီး... အရိုးများနှင့် သွေးကြောများက အများကြီး ပိုမို အားကောင်းလာကာ... ကျိုးဟန်က ယခင်က မရှိဖူးသော စွမ်းအား ကြီးမားမှုကို ခံစားလိုက်ရသည်။
ကျန်ရှိနေသော ၇၀ ရာခိုင်နှုန်း စွမ်းအင် ရှိသည့် ယန်နတ်ဘုရား မီးဝိညာဉ် ပုတီးက ကျိုးဟန်၏ ဝမ်းဗိုက် အောက်ပိုင်းသို့ တိုက်ရိုက် ဝင်ရောက်သွားပြီး... တစ်သားတည်း ဖြစ်သွားကာ ပူပြင်းသော အရှိန်အဝါ ချက်ချင်း တစ်ကိုယ်လုံးသို့ ပြန့်နှံ့သွားသည်။
"သောက်ကျိုးနည်း... ဘာလို့ အဲဒီ နေရာကို ရောက်သွားတာလဲ"
ကျိုးဟန်၏ မျက်နှာက တင်းမာသွားပြီး မီးလောင် ပျက်စီးသွားမည်ကို စိုးရိမ်နေသည်။ ခဏ စောင့်ကြည့်ပြီးနောက် မျှော်လင့်ထားသော ဆိုးရွားသည့် အခြေအနေ မျိုး မဖြစ်ပေါ်လာသော်လည်း... ဝမ်းဗိုက် အောက်ပိုင်းတွင် မကောင်းသော မီးတောက် တစ်ခု လောင်ကျွမ်းလာပြီး... ကျိုးဟန်က အဝေးရှိ စုန့်ယွီဆန်ကို ကြည့်လိုက်ရာ ရင်ထဲရှိ တပ်မက်မှုက အလွန် ပြင်းထန်လာပြီး... သူမကို နေရာတင် အပိုင်သိမ်းချင်သော ဆန္ဒ ကြီး တစ်ခုက အဆက်မပြတ် အော်ဟစ်နေသည်။
"ဘာတွေ ဖြစ်နေတာလဲ"
"စနစ် သတိပေးချက် - ဤသည်မှာ မီးဝိညာဉ် ပုတီးကို စုပ်ယူပြီးနောက် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်ပါသည်"
"စနစ် သတိပေးချက် - သင်သည် မကောင်းသော မီးတောက်၏ လွှမ်းမိုးမှုကို ခံရပြီး... ၅ မိနစ် အတွင်း အလျင်အမြန် မီးငြိမ်းသတ် ပါ"
"စနစ် သတိပေးချက် - မဟုတ်ပါက သင်၏ ခန္ဓာကိုယ်က ပေါက်ကွဲပြီး သေဆုံးသွားနိုင်ပါသည်"
"မီးငြိမ်းသတ် ရမယ်... ဘယ်လို ငြိမ်းသတ် ရမလဲ"
ကျိုးဟန် အလျင်အမြန် မေးလိုက်သည်။ ဤကဲ့သို့သော နောက်ဆက်တွဲ ဆိုးကျိုး ရှိမည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
"စနစ် သတိပေးချက် - မကောင်းသော မီးတောက် ဆိုသည်မှာ ယန် ဓာတ် အလွန် များပြားသော အရာ ဖြစ်ရာ ယင် ဓာတ် ဖြင့် အပြန်အလှန် ဖြည့်ဆည်းပြီး ယင် နှင့် ယန် ညီမျှအောင် လုပ်ဆောင်မှ သာ ဖြစ်နိုင်ပါသည်"
"ဒီလိုဆိုတော့..."
ကျိုးဟန်က စိတ်ကူးယဉ် နေဆဲ ဖြစ်သော စုန့်ယွီဆန်ကို ကြည့်ကာ နှုတ်ခမ်းကို သပ်လိုက်ပြီး ရင်ထဲတွင် ပိုမို လှုပ်ရှားလာသည်။
"စနစ် သတိပေးချက် - ဟဲဟဲ... မင်း နားလည်ပါတယ်"
"ဒါပေမဲ့... ငါ ဓားသင်္ချိုင်း ထဲ ဝင်လာတာ တစ်နာရီ ပဲ ရှိတာ... အချိန်ပြည့်ရင် အပြင်ကို ပို့ဆောင်ခံရမှာလေ... ဘယ်လို လုပ်မလဲ"
ကျိုးဟန်က သူ၏ ဆန္ဒကို အားတင်း ဖိနှိပ်ထားသည်။ အကယ်၍ လုပ်နေစဉ်တွင် အပြင်သို့ ပို့ဆောင်ခံရပါက လူအများ၏ ရှေ့တွင် တိုက်ရိုက် ပြသ သကဲ့သို့ ဖြစ်သွားမည် ဖြစ်ရာ... သူ၏ နာမည်ကောင်းက ချက်ချင်း ပျက်စီးသွားမည် ဖြစ်သည်။ ထို့ကြောင့် အလျင်အမြန် သူ၏ စိုးရိမ်မှုကို ပြောပြလိုက်သည်။
"စနစ် သတိပေးချက် - မင်း စိတ်ချပါ... မင်းက ကျောက်ရည်ပူ တောင်ကို ကျော်ဖြတ်ပြီးပြီ ပဲ"
"စနစ် သတိပေးချက် - မင်း ဒီ ဧရိယာ ထဲမှာ ရှိနေသရွေ့... မင်းက ပို့ဆောင်ခြင်း အကျိုးသက်ရောက်မှုကို ခံရမှာ မဟုတ်ဘူး"
"တကယ် လား... ငါ့ကို မလိမ်နဲ့နော်"
ကျိုးဟန်က အရေးကြီးသော ကိစ္စ ဖြစ်သဖြင့် မသေချာစွာ ဖြင့် ထပ်မေးလိုက်သည်။
"စနစ် သတိပေးချက် - ဒီ စနစ်က လုံးဝ လိမ်ညာမှု မရှိပါဘူး"
"စနစ် သတိပေးချက် - မင်း အစွမ်းကုန် သာ ကစားလိုက်ပါ"
ဒီ စနစ်က တကယ် အထာကျတာပဲ။ အများကြီး မစဉ်းစားနိုင်တော့ဘဲ စနစ်၏ အဖြေကို ကြားလိုက်ရပြီးနောက်... ကျိုးဟန်က ပြင်းထန်သော မကောင်းသည့် မီးတောက်ကို ထပ်မံ မထိန်းချုပ်နိုင်တော့ဘဲ စုန့်ယွီဆန် ထံသို့ တိုက်ရိုက် ပြေးသွားတော့သည်။
လက်ဝါး တစ်ချက် ရိုက်လိုက်ရာ မီးတောက်က စုန့်ယွီဆန်၏ ကိုယ်ပေါ်ရှိ အဝတ်အစားများကို လုံးဝ ပြာဖြစ်သွားစေသည်။ ကျိုးဟန်က တိုက်ရိုက် နမ်းရှိုက်လိုက်သည်။
"အား"
"နာတယ်"
...
တိုက်ပွဲ ကြီး တစ်ခု ချက်ချင်း စတင်သွားပြီး ကောင်းကင် နှင့် မြေကြီး ပင် မှောင်မိုက်သွားကာ အချိန် ကြာမြင့်စွာ ပြီးဆုံးခြင်း မရှိပေ။
"စနစ် သတိပေးချက် - သင်၏ မကောင်းသော မီးတောက်ကို ယာယီ ဖယ်ရှားလိုက်ပါပြီ"
"စနစ် သတိပေးချက် - သို့သော် ထပ်မံ ထွက်ပေါ်လာနိုင်ခြေ ရှိသေးသဖြင့် ဆက်လက် စောင့်ကြည့်ရန် လိုအပ်ပါသည်"
'ထပ်ဖြစ်နိုင်သေးတယ် ဟုတ်လား။' ကျိုးဟန် အနည်းငယ် ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ အခမဲ့ နေ့လယ်စာ ဆိုတာ မရှိဘူး ဆိုတာ သေချာတယ်။
သူက မီးဓာတ်ကို အနည်းငယ် မျှ ကျွမ်းကျင်မှု မရှိဘဲ ရုတ်တရက် မီးဓာတ် ဉာဏ်အလင်းကို ရရှိလိုက်သဖြင့်... သေချာပေါက် သင့်တော်သော တန်ဖိုးကို ပေးဆပ်ရမည် ဖြစ်ပြီး... ဤ မကောင်းသော မီးတောက်၏ လွှမ်းမိုးမှုက နောက်ဆက်တွဲ ဆိုးကျိုး ပင် ဖြစ်သည်။
"လူဆိုးကြီး... ရှင်က နည်းနည်းလေး မှ မညင်သာဘူး"
ကျိုးဟန် ဟိုတွေးဒီတွေး လုပ်နေစဉ်တွင် စုန့်ယွီဆန်၏ လက်သီးလေးက ရောက်လာသည်။ သူမ၏ ခန္ဓာကိုယ်က နာကျင်နေသဖြင့် မျက်မှောင်ကြုတ် ထားပြီး အနည်းငယ် ဝမ်းနည်းနေပုံ ရသည်။
သူမက အပျိုစင် တစ်ယောက် ဖြစ်သော်လည်း ကျိုးဟန်က အနည်းငယ် မျှ မညင်သာခဲ့ပေ။
"ယွီဆန်... တောင်းပန်ပါတယ်... ငါ မကောင်းတာပါ"
မြေပြင်ပေါ်ရှိ အနီရဲရဲ သွေးကွက် များက ပန်းပွင့်လေးများ အလား ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကျိုးဟန် အနည်းငယ် အပြစ်မကင်း သလို ပြောလိုက်သည်။ ခုနက သူက မကောင်းသော မီးတောက်၏ လွှမ်းမိုးမှုကို ခံရပြီး အသိစိတ် လုံးဝ လွတ်သွားခဲ့သည်။
ထို့အပြင် ယခု စုန့်ယွီဆန်က ဒဏ်ရာရထားသော သမင်လေး တစ်ကောင် အလား သနားစရာ ကောင်းပြီး မျက်ရည်များ ဖြင့် ပြည့်နှက်နေကာ လူများကို ရင်နာစေပြီး ချစ်ခင်ချင်စိတ် ပေါ်လာစေသည်။
"ကိုကိုကျိုး... ကျွန်မတို့ အခု ဒီလို ဖြစ်သွားပြီ ဆိုတော့..."
"ရှင် တောင်းပန်စရာ မလိုပါဘူး... ဒီလိုဆိုတော့ အရမ်း သူစိမ်း ဆန်သွားတာပေါ့"
စုန့်ယွီဆန်က ကျိုးဟန်၏ ကိုယ်ပေါ်သို့ မှီကာ နူးညံ့စွာ ပြောလိုက်သည်။