အခန်း ၁၃၂
Vol. 14 Ch. 132
အခန်း (၁၃၂) ကိုကိုကျိုး... ကျွန်မ လိုချင်တယ်
"အာ... ဒီ... ဒီ ဘုရင်အဆင့် ဓားကို ကျွန်မကို ပေးမလို့လား"
ကျိုးဟန် ကမ်းပေးလာသော ဓားကို ကြည့်ရင်း စုန့်ယွီဆန် အံ့သြသွားသော်လည်း ရင်ထဲတွင် ပျားရည်အိုး မှောက်ကျသွားသလို ချိုမြိန်သွားသည်။
သူမ၏ ကိုကိုကျိုးက ဒီလောက် ချောမော တော်စွမ်းရုံသာမက သံယောဇဉ်ကိုလည်း အရမ်း တန်ဖိုးထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရင်ထဲရှိ အချစ်များက ဒီရေအလား တက်လာပြီး ဤကဲ့သို့သော ခင်ပွန်းမျိုး ရရှိထားသည်ကို ဘာများ ထပ်လိုချင်ဦးမည်နည်း။
"သေချာပေါက်ပေါ့... မင်းကို မပေးရင် ဘယ်သူ့ကို ပေးရမှာလဲ"
"မင်းက ကိုယ့်ရဲ့ မိန်းမပဲလေ"
သူတို့ နှစ်ယောက်က လင်မယား အရာ မြောက်ခဲ့ပြီး ဖြစ်ရာ ကျိုးဟန် က သေချာပေါက် သူမကို သူစိမ်း တစ်ယောက်လို သဘောမထားတော့ပေ။ ပစ္စည်းကောင်းဆိုလျှင် ဇနီးသည်ကို ပေးသုံးရမည်သာ ဖြစ်သည်။
"ဒါပေမဲ့... ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်"
စုန့်ယွီဆန်က တွန့်ဆုတ်စွာ ဖြင့် ပြောလိုက်သည်။
"ဒါတွေက အပြင်ပန်း အရာတွေပါ... ကိုယ့်ရင်ထဲမှာ မင်းက အရေးကြီးဆုံးပဲ"
"လိမ္မာတယ်... ဒါက ကိုယ်တို့ရဲ့ ချစ်သက်လက်ဆောင်ပဲ"
ကျိုးဟန်က ဓားကို စုန့်ယွီဆန်၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ ၎င်းမှာ ဘုရင်အဆင့် ဓား ချစ်ယွမ် ပင် ဖြစ်ပြီး အဆင့်မြှင့်ပြီးနောက် အကျိုးသက်ရောက်မှုများက အလွန် ကောင်းမွန်လှသည်။
'ချစ်ယွမ် (၉ ကြိမ်မြှင့်)'
'အရည်အသွေး - ဘုရင်အဆင့်'
'အချက်အလက် - တိုက်ခိုက်မှု ၄၀၀၀ တိုးလာမည် အကာအကွယ် ၄၀၀၀ တိုးလာမည်'
'အကျိုးသက်ရောက်မှု ၁ - ချစ်ယွမ် တစ်ကောင်ကို ခေါ်ယူကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်စေပြီး ရှောင်တိမ်းမှု ၃၀ ရာခိုင်နှုန်း တိုးလာမည်။'
'အကျိုးသက်ရောက်မှု ၂ - သွေးပမာဏ ၈၀ ရာခိုင်နှုန်း အောက် ရောက်ရှိချိန်တွင် တစ်စက္ကန့်လျှင် အမြင့်ဆုံး သွေးပမာဏ၏ ၃ ရာခိုင်နှုန်း ပြန်လည် ပြည့်ဝလာမည်။'
'အကျိုးသက်ရောက်မှု ၃ - မီးဓာတ် ထိခိုက်မှု ခံရပါက ၃၀ ရာခိုင်နှုန်း လျော့ကျမည်။'
'ဖော်ပြချက် - အထဲတွင် ချစ်ယွမ် တစ်ကောင်၏ ဝိညာဉ်ကို ချိတ်ပိတ်ထားပြီး အလွန် အစွမ်းထက်သော ကာကွယ်ရေး စွမ်းအား ရှိသည်။'
ဤဓား၏ တိုက်ခိုက်ရေး စွမ်းအားက ဘုရင်အဆင့် အရည်အသွေးများ အထဲတွင် အနိမ့်ဆုံး၌ ရှိသော်လည်း ၎င်း၏ ကာကွယ်ရေး စွမ်းအားကတော့ ပြိုင်ဘက်ကင်းလှသည်။ စုန့်ယွီဆန် အသုံးပြုရန် အလွန် သင့်တော်သဖြင့် ကျိုးဟန် လည်း အတော်လေး စိတ်အေးသွားသည်။
"အင်း အင်း... ကျွန်မ နာခံပါ့မယ်"
"ဒါပေမဲ့... ကျွန်မမှာ ရှင့်ကို ပေးစရာ တန်ဖိုးရှိတဲ့ ချစ်သက်လက်ဆောင် မရှိဘူး"
စုန့်ယွီဆန်က အနည်းငယ် အနေရခက်စွာ ဖြင့် ပြောလိုက်သည်။ သူမ၏ ကိုယ်ပေါ်တွင် အဆင့်မြင့် ပစ္စည်းများ မရှိသဖြင့် ပေးလိုက်ပါက အလွန် ရှက်စရာ ကောင်းပြီး ကျိုးဟန်က သေချာပေါက် သဘောကျမည် မဟုတ်ပေ။
"ကိစ္စမရှိပါဘူး... မင်းက ကိုယ့်အတွက် အကောင်းဆုံး လက်ဆောင်ပဲ"
ကျိုးဟန်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ အလိုလိုက်စွာ ဖြင့် ပြောလိုက်သည်။
"ဒီလို လုပ်လို့ မရဘူးလေ... ဒီ ကျောက်စိမ်း ဆံထိုးလေး ရှင့်ကို ပေးမယ်"
စုန့်ယွီဆန်က ချစ်သက်လက်ဆောင် အပြန်အလှန် ပေးခြင်း ဆိုသည့် ဓလေ့ကို အလွန် အလေးထားသည်။ မိန်းမများ၏ စိတ်က သေချာပေါက် နောင်တ မရချင်ဘဲ ပြီးပြည့်စုံအောင် လုပ်ချင်ကြသည်။ ပြောပြီးနောက် ခေါင်းပေါ်ရှိ ကျောက်စိမ်း ဆံထိုးကို ဆွဲနုတ်လိုက်သည်။ ဤသည်မှာ သူမ၏ မိခင် ထားခဲ့သော တစ်ခုတည်းသော အမွေ ပင် ဖြစ်သည်။
မည်သည့် အရည်အသွေး ရှိမှန်း မသိသော်လည်း အပြင်ပန်း အသွင်အပြင်က သပ်ရပ် လှပပြီး သေးငယ်သော ရောင်စုံ ဖီးနစ် တစ်ကောင်က အသက်ဝင်နေသကဲ့သို့ ရှိသည်။ ဤသည်မှာ သူမ ထုတ်ပေးနိုင်သော အကောင်းဆုံး ပစ္စည်း ပင် ဖြစ်သည်။ မိခင်၏ အမွေကို ချစ်သူအား ပေးလိုက်ခြင်းဖြင့် မိခင် လည်း သမီး၏ ပျော်ရွှင်မှုကို ခံစားရစေရန် ဖြစ်ပြီး ဤသို့ဆိုလျှင် အလွန် ကောင်းမွန်လှသည်။
စုန့်ယွီဆန် မျက်နှာ နီရဲသွားပြီး အနည်းငယ် အားနာစွာ ဖြင့် ကျောက်စိမ်း ဆံထိုးကို ကမ်းပေးလိုက်သည်။
"ကိစ္စမရှိပါဘူး... မင်းရဲ့ စေတနာသာ ဆိုရင် ဘာပဲပေးပေး ကိုယ် သဘောကျပါတယ်"
"ဒါက အရမ်း..."
ကျိုးဟန် ရုတ်တရက် အမူအရာ တင်းမာသွားပြီး သာမန် ဆိုသည့် စကားလုံး နှစ်လုံးကို မျိုချလိုက်ကာ ရပ်တန့်သွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။
"ကိုကိုကျိုး... ဘာဖြစ်လို့လဲ"
"ဒီဟာလေးက နည်းနည်း သာမန် ဖြစ်နေပေမယ့်... ရှင် မရွံပါနဲ့နော်"
"ကိုကိုကျိုး... ဘာလို့ စကားမပြောတာလဲ"
စုန့်ယွီဆန်က ကျိုးဟန် ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရသဖြင့် အစပိုင်းတွင် အနည်းငယ် အားနာသွားသော်လည်း ချက်ချင်းပင် ရင်ထဲတွင် ထိတ်လန့်သွားကာ သူ တကယ် သဘောမကျလို့များလား ဟု တွေးလိုက်မိသည်။
"မင်းရဲ့ နောက်ခံက မရိုးရှင်းဘူးဆိုတာ တကယ် မထင်ထားမိဘူး"
ကျိုးဟန်က ရုတ်တရက် ဤစကားကို တိုးတိုးလေး ပြောလိုက်သည်။
"ခလွမ်"
စုန့်ယွီဆန် လက်တုန်သွားပြီး ချစ်ယွမ် ကို မကိုင်ထားနိုင်ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ရှင်..."
"ရှင် အကုန် သိသွားပြီလား"
သူမ၏ မျက်နှာ ဖြူရော်သွားပြီး နှုတ်ခမ်းများ အနည်းငယ် တုန်ယင်စွာ ဖြင့် ပြောလိုက်သည်။
"ကိုယ် သေချာပေါက် သိတာပေါ့... မင်းက ဒီလို လူမျိုး ဖြစ်နေမယ်လို့ မထင်ထားဘူး"
ကျိုးဟန် အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်ပြီး သူမ ဘာလို့ ဒီလောက် တုံ့ပြန်မှု ကြီးနေရတာလဲ ဆိုပြီး ရင်ထဲတွင် ထူးဆန်းနေသည်။ ကိုးသူတော်စင် မြို့တော်က စုန့် မိသားစုဝင် ဆိုတာ သိရုံလေးနဲ့များ။
ဤ ကျောက်စိမ်း ဆံထိုးက မရိုးရှင်းပေ။ ကျိုးဟန် ကိုင်လိုက်ချိန်တွင် ချက်ချင်း အသက်ဝင်သွားပြီး ကြည့်ရှုလိုက်ရာ ဤ ဖီးနစ် အော်မြည်သံ ဆံထိုး က နတ်ဘုရားအဆင့် ပစ္စည်း ဖြစ်နေမည်ဟု ကျိုးဟန် လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် စုန့်ယွီဆန်၏ နောက်ခံက မရိုးရှင်းကြောင်း သိသာလှသည်။ ဤအထဲတွင် အခြား လျှို့ဝှက်ချက်များ ရှိနေသေးသလား။
"ကျွန်မ... ရှင် ကျွန်မရဲ့ နောက်ခံကို သိသွားပြီဆိုတော့..."
"ကျွန်မ ရှင့်ကို ချဉ်းကပ်တဲ့ ရည်ရွယ်ချက်က မရိုးရှင်းဘူး ဆိုတာကိုလည်း ရှင် သဘာဝကျကျ နားလည်မှာပေါ့"
ပြောရင်း ဆိုရင်း စုန့်ယွီဆန်၏ အသံက တဖြည်းဖြည်း တိုးဝင်သွားပြီး ခေါင်းငုံ့သွားကာ စိတ်ဓာတ်ကျနေပြီး မျက်လုံးများတွင် လုံးဝ မျှော်လင့်ချက် မဲ့နေသည်။
နောက်ထပ် သူ၏ ဒေါသကို ရင်ဆိုင်ရတော့မည် မဟုတ်ပါလား။ ဖြစ်နိုင်သည်မှာ ကိုယ်ချစ်ရသော သူကို မကြာမီ ဆုံးရှုံးရတော့မည်။ မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော လုပ်ရပ်က လူများကို ရင်ထဲတွင် အလွန် စိတ်ပျက်စေပြီး သံယောဇဉ်ကိုလည်း ထိခိုက်စေမည် ဖြစ်သည်။
ကြားလိုက်ရသဖြင့် ကျိုးဟန် ရင်ထဲတွင် အနည်းငယ် ရယ်ချင်သွားသည်။ ဒီ ကိစ္စလေးကိုများ သူက ဘာကြီးများ အရေးကြီးတယ်လို့ ထင်နေတာလဲ။
ကျိုးဟန်က အရူးမှ မဟုတ်တာ။ မနေ့က စုန့်ဝေ့ လာရောက် အဆက်အသွယ် လုပ်ပြီး မိနစ် အနည်းငယ် အကြာမှာ သူ့ညီမ ရောက်လာပြီး တွေ့တွေ့ချင်း ကိုယ်တိုင် လာရောက် ဖက်တွယ်တာ ရည်ရွယ်ချက်က အလွန် ရှင်းလင်းနေပြီပဲ။ ကျိုးဟန်က ချောမောသော်လည်း စုန့်ယွီဆန် ကဲ့သို့သော အလှလေးက ပထမဆုံး အကြိမ် တွေ့ဆုံမှုမှာပင် အစပြု၍ မြှူဆွယ်ခြင်းက သိပ်မသဘာဝကျပေ။ အထူးသဖြင့် ရိုးရာ အစဉ်အလာ ကြီးမားသော နတ်ဘုရားနှင့် နတ်ဆိုး ကမ္ဘာကြီး တွင် ဤကဲ့သို့ ဖြစ်နိုင်ခြေက အလွန် နည်းပါးလှသည်။
"အင်း... မင်း ဘာပြောစရာ ရှိသေးလဲ"
"အခု ဝန်ခံရင် အချိန်မီသေးတယ်"
ကျိုးဟန်က မေးစေ့ကို ပွတ်သပ်ကာ တည်ငြိမ်စွာ ဖြင့် ပြောလိုက်သည်။ သူမတွင် အခြား ရည်ရွယ်ချက်များ ရှိနေနိုင်သေးသည်။
"တကယ်လား"
"ကျွန်မ ပြောပြပါ့မယ်... ရှင် သိချင်တာ မှန်သမျှ ဘာမှ မချန်ဘဲ အကုန် ပြောပြပါ့မယ်"
စုန့်ယွီဆန်၏ မျက်လုံးများက ပြန်လည် တောက်ပလာပြီး နောက်ဆုံး မျှော်လင့်ချက် ကို ဖမ်းဆုပ်လိုက်မိသကဲ့သို့ အလျင်အမြန် ပြောလိုက်သည်။ တကယ်တော့ အချစ်က လူတွေကို မိုက်မဲစေတယ်... အထူးသဖြင့် မိန်းမ တွေကိုပေါ့။
"ဒါဆို မင်း ပြောစရာ ရှိတာတွေ အကုန် ပြောပြလိုက်တော့"
ကျိုးဟန်က အေးအေးဆေးဆေး ပင် ပြောလိုက်သည်။
"ကျွန်မ အစ်ကို စုန့်ဝေ့ က အကာအကွယ် ရဖို့အတွက်... ကျွန်မကို ရှင့်ကို မြှူဆွယ်ခိုင်းခဲ့တာ"
"ကျွန်မ ရင်ထဲမှာလည်း မိဘတွေ အတွက် လက်စားချေချင်စိတ် ရှိနေပြီး... ရှင့်ရဲ့ အင်အားကို အသုံးချနိုင်ဖို့ မျှော်လင့်ချက်နဲ့ သဘောတူလိုက်တာပါ"
"အဲဒီနောက်... ရှင့်ကို မြင်ပြီးတဲ့ နောက်မှာတော့ ရှင့်ရဲ့ အရှိန်အဝါ အောက်မှာ ကျွန်မ အရမ်းကို စွဲလမ်းသွားခဲ့တယ်"
"အဲဒီနောက် ဖြစ်ခဲ့တာတွေကိုတော့ ရှင်လည်း သိတဲ့အတိုင်းပါပဲ"
စုန့်ယွီဆန် ပြောပြီးနောက် ကြောက်ရွံ့စွာ ဖြင့် ကျိုးဟန်ကို စိုးရိမ်တကြီး ကြည့်နေသည်။
"လက်စားချေမယ်"
ကျိုးဟန် သံသယဖြင့် မေးလိုက်သည်။ ဤကိစ္စကို သူ တကယ် မသိခဲ့ပေ။ အကယ်၍ ကျိုးဟန်က ဆက်မမေးပါက စုန့်ယွီဆန် လည်း ဤမျှ လျှို့ဝှက်ချက် များကို ထုတ်ပြောဦးမည် မဟုတ်ကြောင်း သိသာလှရာ... အခုတော့ အနည်းငယ် အကျိုးရှိသွားသည်။
"ဟုတ်တယ်... ပြောရရင် ထူးဆန်းတယ်... ကျွန်မတို့ မိသားစုက ကိုးသူတော်စင် မြို့တော်မှာ အမြဲတမ်း ကြီးစိုးခဲ့ပြီး ပထမ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်ခဲ့တယ်"
"အဖေ့ လက်ထက် ရောက်တော့ ရုတ်တရက် ကျဆင်းသွားပြီး... လွန်ခဲ့တဲ့ ၁၅ နှစ်က အဖေနဲ့ အမေ အသေဆိုးနဲ့ သေခဲ့ရတယ်"
ဤအကြောင်းကို ပြောချိန်တွင် စုန့်ယွီဆန် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်ရည်များ အလိုအလျောက် ကျဆင်းလာကာ အသံ အနည်းငယ် တုန်ယင်စွာ ဖြင့် ဆက်ပြောသည်။
"မသေခင်မှာ သူတို့အတွက် လက်စားမချေဖို့ မှာသွားခဲ့တယ်... ကျွန်မနဲ့ အစ်ကို က လူသတ်သမားက ဘယ်သူလဲ ဆိုတာတောင် မသိဘူး... လက်စားချေချင်ရင်တောင် ဘယ်သူ့ကို ရှာရမှန်း မသိဘူး သဲလွန်စ လေး တစ်ခုတောင် မရှိဘူး"
"ရှင် ပြောကြည့်... အရမ်း ဝမ်းနည်းဖို့ ကောင်းမနေဘူးလား"
ဒီအထိ ပြောပြီးချိန်တွင် စုန့်ယွီဆန် ငိုချလိုက်တော့ရာ... ကျိုးဟန် သူမကို ဖက်ထားလိုက်ရသည်။
"ကိုယ်ချစ်ရတဲ့ ဆန်ဆန်... မငိုပါနဲ့တော့... မင်း ဒီလို ငိုနေရင် ကိုယ် အရမ်း ရင်နာရတယ်"
"နောက်ပိုင်း မင်းရဲ့ ဘဝ တစ်လျှောက်လုံးမှာ ကိုယ် အမြဲတမ်း အတူတူ ရှိနေပေးမှာပါ"
ငိုနေတဲ့ ပုံစံလေးက သနားစရာ ကောင်းလွန်းသဖြင့် ကျိုးဟန် သူမကို ရင်ခွင်ထဲ ထည့်ကာ နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။
"ကိုကိုကျိုး... ရှင်... ရှင် ကျွန်မကို ခွင့်လွှတ်ပေးပြီလား"
ကျိုးဟန်၏ အပြုအမူကို ခံစားလိုက်ရသဖြင့် စုန့်ယွီဆန် ခန္ဓာကိုယ် တုန်ယင်သွားပြီး ခေါင်းမော့ကာ အားနည်းစွာ ဖြင့် မေးလိုက်သည်။
"ကိုယ် မင်းအပေါ် တစ်ခါမှ စိတ်မဆိုးခဲ့ပါဘူး... ခွင့်လွှတ်တယ် ဆိုတာ ဘယ်ကလာမှာလဲ"
"မင်း ကိုယ့်ကို တကယ် ချစ်နေသရွေ့ ဒါတွေက ပြဿနာ မဟုတ်ပါဘူး... မင်း ကိုယ့်ကို တကယ် မချစ်ဘူး ဆိုရင်တော့ တစ်မျိုးပေါ့"
ကျိုးဟန် သူမ၏ ဆံပင်များကို ပွတ်သပ်ကာ ပြုံးပြီး ပြောလိုက်သည်။
"ချစ်တယ်... ကျွန်မ အရူးအမူးကို ချစ်တာ"
"အမုန်းတရားတွေ... နာကျင်မှုတွေ... ကြောက်ရွံ့မှုတွေက အမြဲတမ်း ကျွန်မနဲ့ အတူတူ ရှိနေခဲ့တာ"
"ရှင်က ကျွန်မရဲ့ မီးခိုးရောင် ကမ္ဘာကြီးကို အရောင်တွေ ခြယ်သပေးခဲ့တာပါ... ရှင့်ရဲ့ အကြည့် တစ်ချက်က အတည်ပြုပေးရုံနဲ့ ကျွန်မရဲ့ အချစ်တွေက အဓိပ္ပာယ် ရှိသွားပါပြီ"
စုန့်ယွီဆန်က စိတ်လှုပ်ရှားစွာ ဖြင့် မျက်ရည်များ ကျဆင်းကာ ရိုးသားစွာ ပြောလိုက်သည်။ ယခု ကျိုးဟန်က သူမ၏ ကောင်းကင် ပင် ဖြစ်သည်။
ကျိုးဟန် အလွန် ကြည်နူးသွားပြီး တစ်ချိန်တည်းမှာပင် အလွန် ရင်နာသွားသည်။ ငယ်စဉ်ကတည်းက မိဘများ အသတ်ခံရသည်ကို မျက်မြင် တွေ့ခဲ့ရပြီး ကြောက်ရွံ့မှုနှင့် အားကိုးရာမဲ့မှုများ ကြားတွင် ကြီးပြင်းလာခဲ့ရကာ ရန်သူများ၏ လိုက်လံ သတ်ဖြတ်မှုကိုလည်း ရင်ဆိုင်ရနိုင်ပြီး တစ်ချိန်လုံး ထိတ်လန့်နေရသည်။ နောက်ပိုင်း သူမကို အချစ်တွေ ပိုပေးရမည်။
"ရပါပြီ... လာ မျက်ရည်တွေ သုတ်လိုက်... မငိုနဲ့တော့နော်"
ကျိုးဟန် သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ပေးကာ ကလေးလေး တစ်ယောက်လို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
"ကိုကိုကျိုး... ကျေးဇူးတင်ပါတယ်... ရှင်နဲ့ တွေ့ဆုံရတာ ကျွန်မအတွက် အရမ်း ကံကောင်းတာပဲ... ဒါ ကျွန်မ ဘဝရဲ့ အပျော်ရွှင်ရဆုံး အရာပါပဲ"
"ကျွန်မရဲ့ နှလုံးသား တစ်ခုလုံးက ရှင့်ကို ချစ်ဖို့တောင် မလုံလောက်သေးတာ... တခြား ကိစ္စတွေကို ထပ်မတွေးချင်တော့ပါဘူး"
"ရန်ငြိုးတွေ... အမုန်းတရားတွေ လည်း ကျွန်မ ထပ်မစဉ်းစားတော့ဘူး... ကျွန်မ ရှင်နဲ့ပဲ ရာသက်ပန် အတူတူ နေသွားချင်တော့တယ်"
စုန့်ယွီဆန်က နက်နက်ရှိုင်းရှိုင်း ပြောလိုက်သည်။ ယခု ရန်သူက ဘယ်သူမှန်း သဲလွန်စ လုံးဝ မရှိသလို သဲလွန်စ ရှိရင်တောင် လက်စားချေနိုင်တဲ့ စွမ်းရည် ရှိပါ့မလား။
"အရူးမလေး... မိဘတွေရဲ့ ရန်ငြိုးက ကောင်းကင်နဲ့ မြေကြီးလောက် ကြီးမားတယ်"
"မင်းက ကိုယ့်ရဲ့ မိန်းမလေ... ကိုယ် မင်းကို အမြဲတမ်း နောင်တတွေကြားထဲမှာ အသက်မရှင်စေချင်ဘူး"
ကျိုးဟန်၏ မျက်နှာက လေးနက်သွားပြီး ပြောလိုက်သည်။
"ကိုကိုကျိုး... ကျွန်မ..."
"လက်စားချေမယ့် ကိစ္စ နောက်မှ ပြောကြတာပေါ့... အရင်ဆုံး ဒါလေးကို ကြည့်လိုက်ပါဦး"
ကျိုးဟန်က လက်ထဲရှိ ကျောက်စိမ်း ဆံထိုးကို ပြသလိုက်ရာ ယခု ကျောက်စိမ်း ဆံထိုးက ယခင်ကဲ့သို့ သာမန် ပုံစံ မဟုတ်တော့ဘဲ မှေးမှိန်သော အလင်းတန်းများ ပျံ့နှံ့ကာ ၎င်းကို လွှမ်းခြုံထားသည်။
အပေါ်တွင် ထွင်းထုထားသော ရောင်စုံ ဖီးနစ်က ပိုမို သက်ဝင်လှုပ်ရှားလာပြီး အသက်ရှိ သတ္တဝါ တစ်ကောင် အလား အလင်းတန်းများ လှည့်ပတ်နေကာ အလွန် လျှို့ဝှက်ဆန်းကြယ်လှပြီး သေချာ ကြည့်ပါက ရောင်စုံ ဖီးနစ် ၏ အရိပ် က ထိုအထဲတွင် အတောင်ပံ ခတ်ကာ ပျံသန်းနေသည်ကို မြင်တွေ့နိုင်သည်။
ကြီးမားပြီး နွေးထွေးသော အရှိန်အဝါများ ထွက်ပေါ်လာကာ ရွှေရောင် အလင်းတန်းများက အိမ် တစ်ခုလုံးကို လင်းထိန်သွားစေသည်။
"ဘာ... ဒါ..."
"ဒါက အမေ ကျွန်မအတွက် ထားခဲ့တဲ့ အမွေ တကယ် ဟုတ်သေးရဲ့လား"
စုန့်ယွီဆန် လုံးဝ အံ့အားသင့်သွားပြီး ငိုရန်ပင် မေ့သွားသည်။ မူလက လှပသော အလှဆင် ပစ္စည်း တစ်ခု သက်သက်သာဟု ထင်ထားခဲ့သော်လည်း ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းမျိုး ထွက်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထွက်ပေါ်လာသော စွမ်းအင်များကို ခံစားလိုက်ရပြီး နွေးထွေးကာ စစ်မှန်သဖြင့် သူမ၏ ခန္ဓာကိုယ် ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။
"ကျွန်မရဲ့ စွမ်းအားတွေ..."
စုန့်ယွီဆန်က သူမ၏ စွမ်းအားများ တဖြည်းဖြည်း တိုးတက်လာသည်ကို ခံစားလိုက်ရပြီး အလွန် ထူးဆန်းလှသည်။ ဤ ကျောက်စိမ်း ဆံထိုး၏ အရည်အသွေးက သေချာပေါက် မနိမ့်ကျကြောင်း သိသာလှသည်။
"ကြည့်ရတာ... မင်းတောင် မသိသေးဘူးပဲ... ဒါက သာမန် ပစ္စည်း မဟုတ်ဘူး... နတ်ဘုရားအဆင့် ပစ္စည်းပဲ" ကျိုးဟန်က ပြုံးကာ ပြောလိုက်သည်။
"နတ်... နတ်ဘုရားအဆင့် ပစ္စည်း... ဘုရားရေ"
"ဘာလို့ ကျွန်မ ဒီလောက် နှစ်တွေ အကြာကြီး ပန်ထားခဲ့တာတောင်... သူ့ရဲ့ ထူးခြားမှုကို တစ်ခါမှ မခံစားခဲ့ရတာလဲ"
စုန့်ယွီဆန်က ကျိုးဟန်၏ စကားကို သေချာပေါက် အကြွင်းမဲ့ ယုံကြည်သဖြင့် ရင်ထဲရှိ သံသယကို ချက်ချင်း မေးလိုက်သည်။
"ဘာလို့လဲဆိုတော့... အဲဒါကို အသက်သွင်းဖို့ စစ်မှန်တဲ့ နတ်နဂါး သွေးမျိုးဆက် လိုအပ်လို့လေ"
"ဒါဆို... ကိုကိုကျိုး... ဟိုနေ့က ရှင်ကိုယ်ရှင် နဂါးရဲ့ သွေးမျိုးဆက် လို့ ပြောတာ... နောက်ပြောင်နေတာ မဟုတ်ဘူးပေါ့"
"အဲဒါ အတုဖြစ်နေဦးမလား"
"ဒါကြောင့်ကိုး... ကျွန်မ ရှင့်ကို တစ်ချက် ကြည့်လိုက်ရုံနဲ့ နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်ခံလိုက်ရတာ"
"ဒါက ကျွန်မတို့ နှစ်ယောက်ရဲ့ သွေးမျိုးဆက်တွေကြောင့် ဖြစ်ရတာပေါ့"
စုန့်ယွီဆန် အံ့အားသင့် ဝမ်းသာသွားသည်။ နဂါး ပျံသန်းပြီး ဖီးနစ် ကခုန်ခြင်း ဆိုသည့်အတိုင်း မွေးရာပါ စုံတွဲ ပင်။ ဤသည်မှာ ကံကြမ္မာက သူတို့ နှစ်ယောက်ကို ဆုံဆည်းစေခဲ့ခြင်း ပင်။ မိန်းကလေးတိုင်းက ဤကဲ့သို့သော အခြေအနေမျိုးကို သဘောကျကြပြီး အရာအားလုံး၏ ဖြေရှင်းချက်က ရေစက် ပါလာလို့ ဆုံဆည်းရခြင်း ပင်။ စုန့်ယွီဆန် လည်း ချွင်းချက် မဟုတ်ဘဲ ဤသည်မှာ ရေစက် ပင်။
၎င်းက သူမကို ကျိုးဟန်ကို ပိုမို တင်းကျပ်စွာ ဖက်ထားစေသည်။ ကောင်းကင်ဘုံက ကျိုးဟန်ကို သူမအား ကယ်တင်ရန် စေလွှတ်လိုက်ခြင်း သေချာသည်။ ကောင်းကင်ဘုံက တကယ်ကို မျက်စိ ပါတာပဲ။
လက်ထဲ ယူကြည့်လိုက်ရာ ဆံထိုး၏ အချက်အလက်များ ထွက်ပေါ်လာသည်။
'ဖီးနစ် အော်မြည်သံ ဆံထိုး'
'အရည်အသွေး - နတ်ဘုရားအဆင့်'
'ဖော်ပြချက် - ကိုးသူတော်စင် မြို့တော်ရှိ စုန့် မိသားစု၏ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာသော ရတနာ ဖြစ်ပြီး အထဲတွင် ရောင်စုံ ဖီးနစ် ဝိညာဉ် အိပ်မောကျနေသည်။'
'အကျိုးသက်ရောက်မှု - ဖီးနစ် သွေးမျိုးဆက် ရှိသော အမျိုးသမီးများ အတွက်သာ အကျိုးသက်ရောက်မှု ရှိပြီး စွမ်းအားများကို လျင်မြန်စွာ တိုးတက်စေနိုင်ကာ သွေးမျိုးဆက် ပြင်းအားကို မြင့်မားစေသည်။'
'အခြေအနေ - ချိတ်ပိတ်မှု ၁ ရာခိုင်နှုန်း လော့ခ် ပွင့်သွားပါပြီ။'
'အထူး အကျိုးသက်ရောက်မှု - ချိတ်ပိတ်မှု ၅ ရာခိုင်နှုန်း လော့ခ် ပွင့်လျှင် ဖွင့်နိုင်သည်။'
'ရှင်းလင်းချက် - စစ်မှန်သော နတ်နဂါး သွေးမျိုးဆက် ရှိသူ မှသာ အိပ်မောကျနေသော ရောင်စုံ ဖီးနစ် ဝိညာဉ်ကို နှိုးနိုင်မည် ဖြစ်သည်။'
နတ်ဘုရားအဆင့် ပစ္စည်း ဖြစ်သော်လည်း ကျိုးဟန် အသုံးပြု၍ မရဘဲ ဖီးနစ် သွေးမျိုးဆက် ပါဝင်သော အမျိုးသမီးများသာ အသုံးပြုနိုင်သည်။ ဤသို့ဆိုလျှင် စုန့်ယွီဆန်၏ စွမ်းအားက လျင်မြန်စွာ တိုးတက်လာမည် ဖြစ်ရာ ကျိုးဟန် လည်း ရင်ထဲတွင် အလွန် ဝမ်းသာသွားသော်လည်း သူ ချက်ချင်း အဆင့်မမြှင့်သေးပေ။
အကယ်၍ အဆင့်မြှင့်လိုက်ပြီးနောက် ဖီးနစ် အော်မြည်သံ ဆံထိုး က အရမ်း အစွမ်းထက်သွားပြီး စုန့်ယွီဆန်က ထိုအထဲရှိ ကြမ်းတမ်းသော စွမ်းအားကို မခံနိုင်ဘဲ ခန္ဓာကိုယ်ကို ထိခိုက်သွားပါက စေတနာကနေ ဝေဒနာ ဖြစ်သွားမည် မဟုတ်ပါလား။
သူမ ယခု စွမ်းအား အလွန် အားနည်းသေးရာ စွမ်းအား တိုးတက်မှုက တဖြည်းဖြည်းချင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် ဖြစ်သည်။
"အခုတော့... ဒီ ဖီးနစ် အော်မြည်သံ ဆံထိုးက ပိုင်ရှင် အစစ် ဆီကို ပြန်ရောက်သွားပြီ"
"လာ... ကိုယ် မင်းကို ပန်ပေးမယ်"
ကျိုးဟန်က ဖီးနစ် အော်မြည်သံ ဆံထိုး ကို စုန့်ယွီဆန်၏ ဆံထုံး ပေါ်တွင် ပန်ပေးလိုက်ရာ ပိုမို လှပ ဆွဲဆောင်မှု ရှိလာပြီး မူလကတည်းက ပြိုင်ဘက်ကင်း အလှလေး ဖြစ်ရာ ယခုတော့ ပိုမို မြင့်မြတ်သော အသွင်အပြင် တစ်ခု တိုးလာပြီး ယခင်က ဖြူစင်သော ငန်းဖြူလေး ဆိုလျှင် ယခုတော့ မာနကြီးသော ဖီးနစ် ငှက်မလေး တစ်ကောင် ဖြစ်လာသည်။
အလွန် မြင့်မြတ်ပြီး အဝေးမှသာ ကြည့်ရှုနိုင်ကာ ကျိုးဟန် တစ်ယောက်တည်းသာ သူမ၏ ချိုမြိန်မှုကို မြည်းစမ်းခွင့် ရှိသည်။
"ဖီးနစ် အော်မြည်သံ ဆံထိုး... တကယ်ကို နားထောင်လို့ ကောင်းတဲ့ နာမည်လေးပဲ"
စုန့်ယွီဆန် အံ့အားသင့် ဝမ်းသာသွားပြီး မျက်လုံးများတွင် အချစ်များ ပြည့်နှက်နေကာ ဤအရာ အားလုံးက သူမ ရှေ့ရှိ ဤယောကျ်ား၊ သူမ၏ ချစ်သူ ကြောင့် ပင် ဖြစ်သည်။
"ကိုကိုကျိုး... ကျွန်မ လိုချင်တယ်..."
သူမ ထပ်မံ မထိန်းနိုင်တော့ဘဲ ရှေ့သို့ တိုးကာ ကျိုးဟန်ကို တိုက်ရိုက် နမ်းရှိုက်လိုက်ပြီး အချစ်များ၊ ကျေးဇူးတင်မှုများ၊ နောင်တရမှုများ စသည့် ခံစားချက်များ ရောနှောနေကာ သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် အားလုံးကို ပေးဆပ်ချင်နေပြီး အရာအားလုံးက အလွန် ပူပြင်းလှကာ စကားလုံးများဖြင့် သူမ၏ အချစ်များကို မဖော်ပြနိုင်တော့သဖြင့် စုန့်ယွီဆန် လက်တွေ့ လုပ်ဆောင်မှု များကိုသာ အသုံးပြုလိုက်သည်။
ဖီးနစ် အော်မြည်သံ ဆံထိုး ၏ စစ်မှန်သော စွမ်းအားများ ဖြင့် ကုသပေးမှု အောက်တွင် သူမ၏ ခန္ဓာကိုယ်က နာကျင်မှုများကို ပျောက်ကင်းသွားစေရုံသာမက တက်ကြွမှုများလည်း ပြည့်နှက်လာသည်။
သူမက အဝတ်အစားများကို ဖြည်းဖြည်းချင်း ချွတ်လိုက်ရာ ဖီးနစ် သွေးမျိုးဆက်၏ အစွမ်းထက်မှုက ထပ်မံ ထွက်ပေါ်လာပြီး အရိုးများက ကျောက်စိမ်းကဲ့သို့ ဖြူစင်ကာ အရေပြားက နူးညံ့ ချောမွေ့ပြီး အလွန် ကောင်းမွန်သော ကြွေထည် အလား ချောမွေ့ကာ ရင်ခုန်စရာ ကောင်းသော အလင်းတန်းများ ထွက်ပေါ်နေသဖြင့် အလွန် လှပလွန်းလှရာ ကျိုးဟန် ပင် မျက်စိ မလွှဲနိုင်အောင် ဖြစ်နေသည်။
ခန္ဓာကိုယ် အချိုးအစားက ပိုမို ဆွဲဆောင်မှု ရှိလာသည်။
အချိုးအစား ကျနပြီး ပြည့်ဖြိုး ဆွဲဆောင်မှု ရှိကာ မှည့်နေသော မက်မွန်သီး တစ်လုံး အလား ပြည့်ဖြိုး အရည်ရွှမ်းနေသည်။
ရင်သား အထွားအကျိုင်း။
တင်ပါး အကား။
ခါး အသေး။
ခြေတံများက ဖြောင့်တန်း ရှည်လျားပြီး အလွန် လှပလွန်းလှရာ တကယ်ကို အံ့သြစရာ ကောင်းလှသည်။
"ကိုကိုကျိုး... လှလားဟင်"
စုန့်ယွီဆန်က ကိုယ်လေး ကပ်လာကာ နူးညံ့စွာ မေးလိုက်ပြီး အသံက ဆွဲဆောင်မှု ရှိကာ နားထဲသို့ ဝင်ရောက်လာပြီး ရင်ခုန်စေကာ ကျိုးဟန်၏ ရင်ထဲရှိ လှုပ်ရှားမှုကို ပိုမို ပြင်းထန်လာစေပြီး ကျိုးဟန်၏ စိတ်ဓာတ် ခိုင်မာမှု ကလည်း အနည်းငယ် မခံနိုင်အောင် ဖြစ်လာသည်။
မူလက ယနေ့ ရှေးဟောင်း ဓားသင်္ချိုင်း ထဲသို့ သွားရန် ရည်ရွယ်ထားသော်လည်း ဤပုံစံ အရ ဆိုလျှင်...
"ဆန်ဆန်... မင်း တကယ် အရမ်း လှတာပဲ"
ကျိုးဟန် အလိုအလျောက် ပင် လက်ကို ဆန့်ထုတ်လိုက်မိသည်။
"ကျွန်မရဲ့ အလှအပ က ရှင့် တစ်ယောက်တည်း အတွက်ပဲ ပွင့်လန်းတာပါ"
ချစ်ရသူ၏ ရှေ့တွင် စုန့်ယွီဆန် အနည်းငယ်မျှ မရှက်ရွံ့ဘဲ အပူပြင်းဆုံး တုံ့ပြန်မှုကို ပေးစွမ်းလိုက်သည်။