← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀) ဝိညာဉ် ထိန်းချုပ်ရေး ဧကရာဇ်

"သခင်... သခင် ဘယ်လို စဉ်းစားထားလဲ... ကျေးဇူးပြုပြီး စာချုပ်ကို သေချာပေါက် လက်မှတ် ထိုးပေးပါ"

နတ်ဆိုးမ မေ့ကျီ အနည်းငယ် စိုးရိမ်နေပြီး ဤသည်မှာ သူမ၏ အသက်နှင့် သက်ဆိုင်နေကာ နောက်ဆုံး နည်းလမ်း ဖြစ်ရာ အကယ်၍ ကျိုးဟန်က ငြင်းပယ်လိုက်ပါက သူမ၏ အဆုံးသတ်က မည်သို့ ဖြစ်မည်ကို မှန်းဆကြည့်နိုင်သည်။

"မင်း ငါ့ကို မကောင်းတဲ့ မီးတောက် ဖယ်ရှားဖို့ ကူညီပေးခဲ့တဲ့ အတွက် မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်"

"မင်း သေချာ ကြိုးစားရမယ်... မဟုတ်ရင် ငါ အချိန်မရွေး စိတ်ပြောင်းသွားနိုင်တယ်"

ကျိုးဟန် တည်ငြိမ်စွာ ပြောလိုက်ပြီး ရင်ထဲတွင်တော့ အတော်လေး ဝမ်းသာနေသည်။

လူဆိုသည်မှာ သစ်ပင် ကျောက်တုံး မဟုတ်ရာ သံယောဇဉ် ကင်းမဲ့၍ မရနိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူက မေ့ကျီနှင့် ဤမျှ အဆင့် ထိ ရောက်ခဲ့ပြီး ဖြစ်ရာ သူမကို ကိုယ်တိုင် သတ်ဖြတ်ရန်မှာ အနည်းငယ် မရက်စက်နိုင်ပေ။

ယခုတော့ ကောင်းသွားပြီ၊ နှစ်ဖက်စလုံး အဆင်ပြေသွားပြီ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် သခင်... ကျေးဇူးတင်ပါတယ် သခင်"

"ကျွန်မ သေချာပေါက် သခင်ကို သေချာ ပြုစုပါ့မယ်... လုံးဝ သစ္စာ မဖောက်ပါဘူး"

မေ့ကျီ စိတ်လှုပ်ရှားစွာ ဖြင့် ပြောလိုက်ပြီး သေမင်း၏ အစွန်းတွင် အကြိမ်အနည်းငယ် လှည့်လည် ပြီးနောက် နောက်ဆုံးတွင် အသက်ရှင် လွတ်မြောက်သွားပြီ ဖြစ်သည်။

ပြည့်ဖြိုးသော ခန္ဓာကိုယ်က လှိုင်းလုံးများ အလား လှုပ်ခတ်နေပြီး သူမ၏ ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို မြင်တွေ့နိုင်သည်။

"စာချုပ် စာလိပ်ကို အသုံးပြုလိုက်"

ကျိုးဟန် ရင်ထဲတွင် တီးတိုး ပြောလိုက်သည်။

ရွှေရောင် အလင်းတန်း တစ်ချက် လက်သွားပြီး ကျိုးဟန်နှင့် မေ့ကျီ တို့ကို လွှမ်းခြုံသွားကာ ဝိညာဉ်၏ လှုပ်ရှားမှုများကို ခံစားလိုက်ရပြီး စာလိပ်၏ အောက်တွင် လူ နှစ်ယောက်၏ ဝိညာဉ်များက ထူးဆန်းသော ဆက်သွယ်မှု တစ်ခု တည်ဆောက်လိုက်ကြသည်။

'စနစ် သတိပေးချက် - သင်သည် စာချုပ် စာလိပ်ကို အောင်မြင်စွာ အသုံးပြုလိုက်ပါပြီ'

'စနစ် သတိပေးချက် - နတ်ဆိုးမ မေ့ကျီက သင်၏ အစေခံမလေး ဖြစ်လာရန် တောင်းဆိုနေပါသည်... လက်ခံမည်လား'

"လက်ခံမယ်"

'စနစ် သတိပေးချက် - နတ်ဆိုးမ မေ့ကျီက သင်၏ အစေခံမလေး ဖြစ်လာပါပြီ... ကျေးဇူးပြု၍ သူမကို အလိုရှိသလို ခိုင်းစေပြီး အားရပါးရ အသုံးပြုလိုက်ပါ'

ကျိုးဟန် - "..."

ဒီ စနစ်က ထပ်ပြီး မရိုးမသား ဖြစ်လာပြန်ပြီ။

"ဒီ စာချုပ်က... မမှန်ဘူးလေ"

စာချုပ် လက်မှတ် ထိုးပြီးနောက် မေ့ကျီက ခေါင်းထဲရှိ အချက်အလက်များကို ခံစားလိုက်ရပြီး မျက်နှာ ဖြူရော်သွားကာ သူမ တွေ့ကြုံဖူးသော စာချုပ်၏ အချက်အလက်များ နှင့် လုံးဝ ကွဲပြားခြားနားနေသည်ကို တွေ့လိုက်ရသည်။

သခင်၏ အမိန့်ကို အကြွင်းမဲ့ နာခံရမည် ဖြစ်ပြီး မူလက ၁၀ နှစ် သက်တမ်းက ယခု နှစ် ၁၀၀ အထိ ရောက်ရှိသွားကာ သက်တမ်း တိုးနိုင်သည် ဆိုသော အချက်ကို မေ့ကျီ မသိခဲ့ပေ။

အကယ်၍ သိခဲ့ပါက မည်သို့သော အမူအရာ ဖြစ်သွားမည်ကို မသိနိုင်ပေ။

"အခုချိန်မှာတော့ ဖြစ်ပြီးသား ကိစ္စကို ပြောင်းလဲလို့ မရတော့ဘူး... စိတ်ကို သေချာ ပြင်ဆင်ပြီး ကိုယ့်ကိုယ်ကိုယ် သေချာ ပြသတာက ပိုကောင်းပါတယ်"

မေ့ကျီ၏ စိတ်ပိုင်းဆိုင်ရာ နားလည်မှုက အလွန် မြင့်မားပြီး သူမ ကိုယ်တိုင်ကို ချက်ချင်း ဖြေသိမ့်လိုက်သည်။ သူမ၏ မျက်လုံးများ ဖြင့် သခင်၏ မျက်နှာကို တိတ်တဆိတ် အကဲခတ် လိုက်ပြီး သခင်က သူမ အပေါ် ဤမျှ ရူးသွပ် ကြမ်းတမ်း ခဲ့သည်ကို တွေးမိကာ အကယ်၍ သခင်က နေ့တိုင်း သူမကို ဤကဲ့သို့ ပြုမူမည် ဆိုလျှင် တကယ်တော့ အတော်လေး ကောင်းမွန်သည် မဟုတ်ပါလား။ တွေးရင်း တွေးရင်း အနည်းငယ် ပင် အရူးအမူး ဖြစ်လာသည်။

"မေ့ကျီ"

"ဟေ့... မင်းကို ခေါ်နေတာလေ"

"ဖျန်း"

ကျိုးဟန်က သူမ၏ ပြည့်ဖြိုး အိစက်သော တင်ပါးကို ရိုက်ချလိုက်သည်။

"အား"

မေ့ကျီက အော်ဟစ်လိုက်ပြီး အလျင်အမြန် သတိဝင်လာကာ အလောတကြီး ဖြင့် ပြောလိုက်သည်။

"သခင်... ဘာ အမိန့် ရှိလို့လဲ"

"အခု အဝတ်အစား ဝတ်လိုက်တော့... မင်း ဒီ ပုံစံကြီးက မျက်စိ နောက်တယ်"

အဓိက အားဖြင့် မေ့ကျီ၏ ဤပုံစံက ကျိုးဟန်၏ စိတ်ကို အနည်းငယ် လှုပ်ရှားစေပြီး ကျိုးဟန်က လက်ညှိုး တစ်ချက် ကွေးလိုက်ရုံဖြင့် သူမကို ရနိုင်သော်လည်း ယခု သူ၏ အသိစိတ်က ကြည်လင်နေပြီး ခုနက လိုမျိုး စိတ်လွတ်နေခြင်း မဟုတ်ရာ အန္တရာယ် များသော ပတ်ဝန်းကျင်တွင် ဤကဲ့သို့သော ကိစ္စကို မလုပ်ချင်ပေ။

"သခင်... အခု ကျွန်မ ပုံစံကို မကြိုက်လို့လား"

မေ့ကျီက အနည်းငယ် ရဲတင်းစွာ ကပ်လာပြီး ဤ နေရာတွင် အသားကျလာပုံ ရကာ အခန်းကဏ္ဍ အလိုက် သရုပ်ဆောင်ရန် စတင်လာသည်။

မျက်လုံးများက ဆွဲဆောင်မှု ရှိပြီး မရိုးသားသော လက်များက ကျိုးဟန်၏ ခြေသလုံး ပေါ်သို့ တင်လာကာ လှုပ်ရှားရန် ပြင်လိုက်သည်။

"ဖျန်း"

ကျိုးဟန်က ထပ်မံ ၍ သူမ၏ တင်ပါးကို ရိုက်ချလိုက်သည်။

"ငြိမ်ငြိမ်နေ... လက်ကို လျှောက်မထားနဲ့" ကျိုးဟန်က ချက်ချင်း သတိပေးလိုက်ပြီး သူမ၏ မရိုးသားသော လက်ကို ဖမ်းဆုပ်လိုက်သည်။

"သခင်... ကျွန်မကို နောက်ထပ် အကြိမ် အနည်းငယ် လောက် ရိုက်ပါဦး... အရမ်း သက်သောင့်သက်သာ ရှိတာပဲ"

မေ့ကျီက ကျိုးဟန်၏ ခါးကို ဖက်ကာ ချွဲနွဲ့စွာ ရယ်မောလိုက်ပြီး အမူအရာက အလွန် သာယာနေပုံ ရကာ ဟန်ဆောင်နေခြင်း မဟုတ်ပေ။

သူမက ဒီလို အရသာ မျိုးကို ကြိုက်တာ ကိုး။

ကျိုးဟန် မှာ ထိုကဲ့သို့သော စိတ်ကူး မရှိသဖြင့် တိုက်ရိုက် တင်းကျပ်စွာ အမိန့် ပေးလိုက်ရာ မေ့ကျီ လည်း ငြိမ်သက်သွားပြီး စကားနားထောင်ကာ အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။

ထို့နောက် ကျိုးဟန် တွင် မေးစရာ မေးခွန်းများစွာ ရှိနေပြီး ရှင်းလင်းအောင် မေးရမည် ဖြစ်သည်။

ပထမဆုံး အနေဖြင့် ပိုင်လင်းလုံက တကယ်ကို ကယ်တင်ခြင်း ခံလိုက်ရကြောင်း သေချာသွားပြီ ဖြစ်ပြီး ယခု မေ့ကျီက သေချာပေါက် လိမ်ညာရဲမည် မဟုတ်ပေ။

"မင်းရဲ့ အခြေအနေက ဘယ်လိုလဲ"

ကျိုးဟန်က မြေပြင် ပေါ်ရှိ နီမြန်းသော သွေးကွက်ကို ညွှန်ပြကာ စပ်စုချင်စိတ် ဖြင့် မေးလိုက်သည်။

သူမက အစေခံမလေး သာ ဖြစ်သော်လည်း သူ၏ ရင်ထဲတွင် မေ့ကျီ၏ ဖြူစင်မှုကို အလွန် ဂရုစိုက်ဆဲ ဖြစ်သည်။ ပြီးပြည့်စုံသော ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် အားလုံးက သူ တစ်ယောက်တည်း ပိုင်ဆိုင်ရမည် ဖြစ်သည်။

"သခင် စိတ်ချပါ... သခင်က ကျွန်မရဲ့ ပထမဆုံး ယောကျ်ား ပါ... ကျွန်မရဲ့ ခန္ဓာကိုယ်က လုံးဝ သန့်ရှင်းပါတယ်"

မေ့ကျီ၏ မျက်လုံးများက ကျိုးဟန်ကို ပူပြင်းစွာ ကြည့်နေပြီး အနည်းငယ် မျှ ရှောင်လွှဲခြင်း မရှိဘဲ ဆက်ပြောသည်။

"သခင် အခု အံ့သြနေမှာပဲ... ကျွန်မက ဒီလို သိုင်းကျင့်စဉ် မျိုးကို ကျင့်ကြံပြီး သန့်ရှင်းတဲ့ ခန္ဓာကိုယ်ကို ဘယ်လို ထိန်းသိမ်းထားနိုင်လဲ ဆိုတာ"

"အို... မင်း ပြောပြပါဦး... ဒီမှာ ဘာ ပြဿနာ ရှိလို့လဲ" ကျိုးဟန် ပြုံးကာ မေးလိုက်သည်။

"ကျွန်မ ကျင့်ကြံ တဲ့ ယန် စုပ်ယူခြင်း စွမ်းရည်က အမြင့်ဆုံး အဆင့်ကို ရောက်ဖို့ ဆိုရင် မဖြစ်မနေ သန့်ရှင်းတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားရမှာ"

"အကယ်၍ အမြင့်ဆုံး အဆင့်ကို မရောက်ခင် အပျိုစင် ဘဝ ပျက်စီးသွားရင်... အရင်က ကြိုးစားထားသမျှ အားလုံး အလဟဿ ဖြစ်သွားလိမ့်မယ်"

ပြောရင်း ဆိုရင်း မေ့ကျီ၏ မျက်လုံးများတွင် ဝမ်းနည်းမှုများ ဖြတ်ပြေးသွားပြီး ယခု သူမ၏ စွမ်းအားများ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။

နှစ်ပေါင်းများစွာ ကျင့်ကြံ ခဲ့ရသော ကြိုးစားမှုများ အားလုံး ပျက်စီးသွားပြီ ဖြစ်ရာ စိတ်မပျက်ဘူး ဆိုလျှင် လိမ်ညာခြင်း သာ ဖြစ်မည်။

သေချာသော အဖြေကို ရရှိပြီးနောက် ကျိုးဟန် ပြုံးလိုက်ပြီး မေ့ကျီကို ကြည့်ရသည်မှာလည်း အနည်းငယ် သက်သောင့်သက်သာ ဖြစ်လာသည်။

"ဒါဆို မင်း ရင်ထဲမှာ ငါ့ကို အရမ်း မုန်းနေမှာပေါ့" ကျိုးဟန် အတည်ပေါက် ဖြင့် မေးလိုက်သည်။

"သခင်က ကျွန်မကို အမှန် ပြောစေချင်တာလား အလိမ် ပြောစေချင်တာလား" မေ့ကျီက မဖြေဘဲ ပြန်မေးလိုက်သည်။

"အမှန်တိုင်း ပြော"

"ကျွန်မ သခင်ကို မမုန်းပါဘူး... ယောကျ်ားနဲ့ မိန်းမ ကြားက ကိစ္စတွေ ဒီလောက် ကောင်းတယ် ဆိုတာ သခင် ကြောင့် သိခွင့် ရခဲ့လို့ ကျေးဇူး တောင် တင်ပါသေးတယ်"

"စောစောကသာ သိခဲ့ရင်... ဒီ သိုင်းကျင့်စဉ်ကို ကျင့်ဖို့ တောင် အချိန်ဖြုန်းနေမှာ မဟုတ်ဘူး"

မေ့ကျီ၏ မျက်လုံးများတွင် လွမ်းဆွတ်သော အမူအရာများ ထွက်ပေါ်လာပြီး မျက်လုံးများက ကျိုးဟန်၏ ဘောင်းဘီ ဆီသို့ အကြိမ်အနည်းငယ် ကြည့်လိုက်သည်။

ကျိုးဟန် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ဤ အဖြေကို အတော်လေး ကျေနပ်သွားသည်။

ဤ နတ်ဆိုးမက အလွန် ဉာဏ်ကောင်းသော မိန်းမ တစ်ယောက် ဖြစ်ပြီး လူတွေ၏ စိတ်ကို ဆွဲဆောင်တတ်သည်။

ဒီလို အစေခံမလေး မျိုး ရှိနေတာ... မဆိုးပါဘူး။

"စိတ်ချပါ... မင်းက ငါ့ လူ ဖြစ်သွားပြီ ဆိုတော့... ငါ အချိန်ကျရင် မင်း ဆုံးရှုံးသွားတာ တွေကို အစားထိုးဖို့ အဆင့်မြင့် သိုင်းကျင့်စဉ် တွေ ပြင်ဆင်ပေးပါ့မယ်"

ကျိုးဟန်က ကတိပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ မေ့ကျီက သူ့ လူ ဖြစ်သွားပြီ ဖြစ်ရာ သူမ အကျိုးအမြတ် ရရှိလျှင် သေချာပေါက် သူမကို မေ့ထားမည် မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် သခင်" မေ့ကျီ ဝမ်းသာစွာ ဖြင့် ပြောလိုက်ပြီး ရင်ထဲတွင် သိပ်တော့ အလေးမထားပေ။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး ကျိုးဟန်နှင့် မေ့ကျီ တို့၏ စကားပြောဆိုမှုကို အနှောင့်အယှက် ဖြစ်သွားစေကာ ကောင်းကင်တွင် အဆုံးမဲ့ သွေးရောင်များ ဖုံးလွှမ်းသွားပြီး တစ်ကီလိုမီတာ ပတ်လည်တွင် သွေးရောင် ပင်လယ်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားကာ သွေးဆာပြီး ကြမ်းတမ်းသော အရှိန်အဝါများက ပြင်းထန်စွာ ပြေးဝင်လာသည်။

အစွမ်းထက်သော စွမ်းအားများက ဒီရေ အလား လှုပ်ခတ်နေပြီး မြေပြင် ပေါ်ရှိ အရာအားလုံးကို အဆက်မပြတ် ဖျက်ဆီးပစ်နေသည်။

'စနစ် သတိပေးချက် - သွေးပူဇော်ပွဲ အစီအရင် လုံးဝ အသက်ဝင်သွားပါပြီ... သင်သည် တစ်စက္ကန့်လျှင် သွေးပမာဏ ၅ ရာခိုင်နှုန်း ဆုံးရှုံးပါမည်'

သတိပေးချက် မျက်နှာပြင် ပေါ်တွင် ရွေ့လျားသွားပြီး ကျိုးဟန် မြင်တွေ့လိုက်ရသည်။

"သွေးပူဇော်ပွဲ အစီအရင် ဟုတ်လား"

ကျိုးဟန် နောက်ဆုံးတွင် မှတ်မိသွားသည်။ သူ အရိပ် သစ်တော သို့ ဝင်ရောက်လာစဉ်က အချက်ပေးသံ ထွက်ပေါ်ခဲ့ပြီး ၁ မိနစ် အကြာတွင် ဖွင့်လှစ်မည် ဟု ပြောခဲ့သော်လည်း ကျိုးဟန်၏ သတင်း အချက်အလက် မှတ်တမ်းများကို ကြည့်လိုက်ရာ သတိပေးချက် အချို့ကို တွေ့လိုက်ရသည်။

'စနစ် သတိပေးချက် - သွေးပူဇော်ပွဲ အစီအရင်၏ ပထမ အဆင့်ကို ဖွင့်လှစ် ပြီးစီးပါပြီ... သင်သည် တစ်စက္ကန့်လျှင် သွေးပမာဏ ၀.၁ ရာခိုင်နှုန်း ဆုံးရှုံးပါမည်'

'စနစ် သတိပေးချက် - သွေးပူဇော်ပွဲ အစီအရင်၏ ဒုတိယ အဆင့်ကို ဖွင့်လှစ် ပြီးစီးပါပြီ... သင်သည် တစ်စက္ကန့်လျှင် သွေးပမာဏ ၀.၅ ရာခိုင်နှုန်း ဆုံးရှုံးပါမည်'

'စနစ် သတိပေးချက် - သွေးပူဇော်ပွဲ အစီအရင်၏ တတိယ အဆင့်ကို ဖွင့်လှစ် ပြီးစီးပါပြီ... သင်သည် တစ်စက္ကန့်လျှင် သွေးပမာဏ ၁.၂ ရာခိုင်နှုန်း ဆုံးရှုံးပါမည်'

...

တကယ် ပင် သတိပေးချက်များ ရှိခဲ့သော်လည်း ခုနက ကျိုးဟန်နှင့် မေ့ကျီ တို့ တိုက်ပွဲ ပြင်းထန်နေသဖြင့် သွေးပူဇော်ပွဲ အစီအရင် ပွင့်လာသည်ကို သတိမထားမိခဲ့ခြင်း ဖြစ်ပြီး ဆုံးရှုံးသွားသော သွေးပမာဏ ကလည်း နည်းပါးသဖြင့် ကျိုးဟန် အပေါ် သက်ရောက်မှု မရှိခဲ့ပေ။

သူ၏ ကိုယ်ပေါ်ရှိ ရှေးဟောင်း ဝတ်စုံက သွေးပြန်ဖြည့်ပေးသော အကျိုးသက်ရောက်မှု ရှိပြီး တစ်စက္ကန့်လျှင် အမြင့်ဆုံး သွေးပမာဏ၏ ၄ ရာခိုင်နှုန်း ပြန်လည် ပြည့်ဝစေသည်။

ယခု သွေးပူဇော်ပွဲ အစီအရင်က အပြည့်အဝ အသက်ဝင်သွားပြီး တစ်စက္ကန့်လျှင် ၅ ရာခိုင်နှုန်း ဆုံးရှုံးမည် ဖြစ်ရာ ပြန်လည် ပြည့်ဝသည့် နှုန်း ထက် ကျော်လွန်သွားပြီ ဖြစ်သည်။

သို့သော် သူ၏ ကိုယ်ပေါ်တွင် သွေးပြန်ဖြည့်သော ဆေးလုံးများ နှင့် ဆေးရည်များ ရှိနေသဖြင့် ပြဿနာ သိပ်မကြီးပေ။

ကျိုးဟန် ဘေးရှိ မေ့ကျီကို တစ်ချက် ကြည့်လိုက်ရာ သူမက ပုံမှန် အတိုင်း ပင် ရှိနေပြီး အနည်းငယ် မျှ ထိခိုက်မှု မရှိသည်ကို တွေ့လိုက်ရသည်။

သူမ၏ ကိုယ်ပေါ်ရှိ နတ်ဆိုးမ ဝတ်ရုံကို တစ်ချက် ကြည့်လိုက်ရာ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နတ်ဘုရားအဆင့် လက်နက် ကိရိယာ ဖြစ်နေသည် မဟုတ်ပါလား။

မိန်းကလေးများ သာ ဝတ်ဆင်၍ မရပါက ကျိုးဟန်က သူမ၏ ကိုယ်ပေါ်မှ တိုက်ရိုက် ချွတ်ယူမိမည် ဖြစ်သည်။

"ဒီ သွေးပူဇော်ပွဲ အစီအရင်ကို အရိပ် ဧကရာဇ်က ပြင်ဆင်ထားတာပါ... သွေးတွေ အများကြီး စုပ်ယူပြီးမှ ဧကရာဇ် နန်းတော်ရဲ့ အပျက်အစီးတွေ ပွင့်လာမှာပါ"

ကျိုးဟန် စကားမပြောသည်ကို မြင်လိုက်ရသဖြင့် မေ့ကျီက အလိုအလျောက် ရှင်းပြလိုက်သည်။

"သွေးတွေ စုပ်ယူရမယ် ဟုတ်လား... ဒါဆို နတ်ဆိုး တပ်ကြီး သောင်းချီ ရုတ်တရက် ရောက်လာတာက ကြိုတင် ကြံစည်ထားတာ ဖြစ်မယ်... သတ်ဖြတ်မှုတွေ အများကြီး ဖြစ်အောင် လုပ်ဖို့ ပေါ့" ကျိုးဟန်က ပြောလိုက်သည်။

"ဒီလို သတ်ဖြတ်မှုတွေ လောက်နဲ့ ဧကရာဇ် နန်းတော်ရဲ့ အပျက်အစီးတွေကို ဖွင့်ဖို့ မလုံလောက်ပါဘူး... ဒါကြောင့် ဒီ နတ်ဆိုး တပ်ကြီးက တာဝန် ပြီးဆုံးသွားပြီ ဆိုတော့... အခုချိန်မှာ သွေးပူဇော်ပွဲ အစီအရင်က သူတို့ရဲ့ သွေးတွေကို စုပ်ယူပြီးလောက်ပြီ"

မေ့ကျီက ဆက်ပြောလိုက်ပြီး မျက်လုံးများက တည်ငြိမ်နေကာ ထူးဆန်းခြင်း မရှိပေ။

"ဟင်... အရိပ် ဧကရာဇ်ရဲ့ နည်းလမ်းက ဒီလောက် ရက်စက်တာလား"

ကြားလိုက်ရသဖြင့် ကျိုးဟန် ရင်ထဲ တုန်လှုပ်သွားသည်။ နတ်ဆိုး တပ်ကြီး သောင်းချီ၏ အရေအတွက်က ဤမျှ များပြားသော်လည်း သူ လာရာ လမ်းတစ်လျှောက်လုံးတွင် မည်သည့် ခြေရာကို မျှ မတွေ့ခဲ့ရသည်မှာ မဆန်းတော့ပေ။

"ဒီလို လုပ်ရပ် မျိုးက နတ်ဆိုး မျိုးနွယ် အတွင်းမှာ အရမ်း အတွေ့ရများပါတယ်... အဆင့်နိမ့် နတ်ဆိုး မျိုးနွယ်တွေက အချိန်မရွေး အဆင့်မြင့် နတ်ဆိုး မျိုးနွယ်တွေရဲ့ စတေးခံ ဖြစ်နိုင်ပါတယ်"

"ပြီးတော့ နတ်ဆိုး မျိုးနွယ်ရဲ့ မျိုးပွားနိုင်စွမ်းက အရမ်း မြင့်မားတယ်... ဒါက တခြား မျိုးနွယ်တွေ နတ်ဆိုး မျိုးနွယ်ကို ကြောက်ရတဲ့ အကြောင်းရင်း ပါပဲ" မေ့ကျီက ဆက်လက် ရှင်းပြသည်။

"နတ်ဆိုး မျိုးနွယ်တွေ တကယ်ကို ရက်စက်လွန်းတယ်... အားလုံးကို သတ်ပစ်သင့်တယ်"

တစ်ခဏ မျှ တိတ်ဆိတ်သွားပြီး မေ့ကျီ ကလည်း နတ်ဆိုး မျိုးနွယ် ဖြစ်သော်လည်း သူမ ဘာမှ မပြောရဲပေ။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး ဤ နယ်မြေကို တုန်လှုပ်သွားစေသည်။

ခေါင်းပေါ်ရှိ သွေးပူဇော်ပွဲ အစီအရင်က ပြိုကွဲသွားပြီး သွေးရောင် ပင်လယ်ကြီး အဖြစ် ပြောင်းလဲသွားကာ ထိုအထဲတွင် ကြမ်းတမ်းသော သွေးစွမ်းအင်များ လှုပ်ခတ်နေပြီး ၎င်းတို့က စုစည်းသွားကာ မြေပြင် ပေါ်ရှိ လမ်းကြောင်း တစ်ခုကို ဝင်တိုက်လိုက်ကြသည်။

"သခင်... ဧကရာဇ် နန်းတော်ရဲ့ အပျက်အစီးတွေ လမ်းကြောင်းက မကြာခင် ပွင့်တော့မယ်" မေ့ကျီ မျက်နှာ လေးနက်စွာ ဖြင့် ပြောလိုက်သည်။

"ဧကရာဇ် နန်းတော်ရဲ့ အပျက်အစီးတွေ ဟုတ်လား... မင်း ခုနက ပြောတဲ့ ရတနာက အဲဒီ ထဲမှာ ရှိတာလား" ကျိုးဟန် အလွန် စိတ်ဝင်စားသွားပြီး အလျင်အမြန် မေးလိုက်သည်။

"ကောလာဟလ အရ ဒီနေရာမှာ ရှေးခေတ်ရဲ့ အစွမ်းအထက်ဆုံး သူ ဖြစ်တဲ့ ဝိညာဉ် ထိန်းချုပ်ရေး ဧကရာဇ် နေထိုင်ခဲ့တဲ့ နန်းတော် ရှိတယ်... အဲဒီ ထဲမှာ လျှို့ဝှက် ရတနာတွေ အများကြီး ရှိပြီး သစ်ပင် ပန်းမန်တွေ လည်း မရေမတွက်နိုင်အောင် ရှိတယ်... ပြီးတော့ အစွမ်းထက်တဲ့ ရှေးဟောင်း အမွေအနှစ်တွေ လည်း ရှိတယ်"

"အဲဒီ အမွေအနှစ် တွေထဲက တစ်ခုခုကို ရနိုင်ရင်... လောကကြီးမှာ ပြိုင်ဘက်ကင်း ဖြစ်ဖို့ မသေချာရင်တောင်... နယ်မြေ တစ်ခုကိုတော့ အုပ်စိုးနိုင်လိမ့်မယ်"

မေ့ကျီ ပြောရင်း ဆိုရင်း လည်း မျှော်လင့်ချက်များ ဖြစ်ပေါ်လာပြီး မျက်လုံးများတွင် မျှော်လင့်ချက်များ အပြည့် ဖြစ်နေသည်။

"ဒီ နေရာက ဒီလောက် အံ့သြစရာ ကောင်းနေမှတော့... ဘာလို့ အရိပ် ဧကရာဇ်က ဒီနေ့မှ လှုပ်ရှားရတာလဲ" ကျိုးဟန် သံသယ ဖြင့် မေးလိုက်သည်။

မေ့ကျီ ကြားလိုက်ရသဖြင့် အနည်းငယ် ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ သူမ၏ သခင်က အတွေ့အကြုံ မရှိသူ တစ်ယောက် လို ဖြစ်နေပြီး ဤသည်မှာ အစွမ်းထက်သူများ အားလုံး သိထားသင့်သည့် ကိစ္စ မဟုတ်ပါလား။

သို့သော် သူမ သေချာပေါက် မပြသရဲဘဲ စိတ်ရှည်စွာ ဖြင့် ရှင်းပြလိုက်သည်။

"ဝိညာဉ် ထိန်းချုပ်ရေး ဧကရာဇ်က အိမ်မွေး တိရစ္ဆာန် နှစ်ကောင် မွေးထားတယ်... တစ်ကောင်က အရိပ် ကြောင် ဖြစ်ပြီး နောက်တစ်ကောင်က သွေး ဖားပြုတ် ပဲ"

"အချိန်တွေ အရမ်း ကြာလာတာနဲ့ အမျှ... အရိပ် ကြောင်နဲ့ သွေး ဖားပြုတ်က နတ်ဘုရားအဆင့် ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုတွေ ဖြစ်လာခဲ့တယ်"

"သူတို့ နှစ်ကောင်က ဧကရာဇ် နန်းတော်ရဲ့ လမ်းကြောင်းကို စောင့်ရှောက်နေတာ ဆိုတော့... ဘယ်သူက အလွယ်တကူ ဝင်ရဲမှာလဲ"

နတ်ဘုရားအဆင့်။

ကျိုးဟန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သာမန် အိမ်မွေး တိရစ္ဆာန် နှစ်ကောင်က ဝိညာဉ် ထိန်းချုပ်ရေး ဧကရာဇ်၏ အငွေ့အသက်များ ကြောင့် နတ်ဘုရားအဆင့် သို့ ရောက်ရှိသွားသည် ဆိုတော့ ဤ ဝိညာဉ် ထိန်းချုပ်ရေး ဧကရာဇ် မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို မယုံနိုင်အောင် ဖြစ်နေသည်။

"ဒါဆို... ပြင်ဆင်ထားတဲ့ သွေးပူဇော်ပွဲ အစီအရင် နဲ့ စုဆောင်းထားတဲ့ သွေးရောင် စွမ်းအင်တွေက... သူတို့ကို ဖယ်ထုတ်ဖို့ အတွက်လား" အတွေးများကို ရုပ်သိမ်းလိုက်ပြီး ကျိုးဟန်က ခန့်မှန်းစွာ ဖြင့် ပြောလိုက်သည်။

"သခင်က တကယ် ဉာဏ်ကောင်းတာပဲ... တစ်ချက် ပြောလိုက်တာနဲ့ နားလည်တယ်... ဒါပေမဲ့ သခင် ပြောတာ တစ်ဝက် ပဲ မှန်တယ်"

"အရိပ် ကြောင်က နှစ် တစ်သောင်း နေတိုင်း ဒီနေ့ လို နေ့ မျိုးမှာ အိပ်မောကျ တတ်တယ်"

မေ့ကျီက ခဏ ရပ်လိုက်ပြီး ဆက်ပြောသည်။

"အဲဒီ ကြီးမားတဲ့ သွေးရောင် စွမ်းအင်တွေက သွေး ဖားပြုတ် အကြိုက်ဆုံး ပဲ... သူက လုံလောက်တဲ့ သွေးရောင် စွမ်းအင် တွေကို စုပ်ယူပြီးရင် ဆယ်နာရီ ကြာ အိပ်မောကျ သွားလိမ့်မယ်"

"အခု သခင် သိပြီ မလား... ဒီနေ့ရဲ့ ထူးခြားမှုကို... ဒီ အခွင့်အရေးကို လက်လွတ်ခံလိုက်ရင် နောက်ထပ် အနှစ် တစ်သောင်း စောင့်ရလိမ့်မယ်"

"ပြီးတော့ ကျွန်မတို့ ဧကရာဇ် နန်းတော်ရဲ့ အပျက်အစီးတွေ ထဲ ဝင်သွားရင် ဆယ်နာရီ ပဲ နေလို့ ရမယ်... ဧကရာဇ် နန်းတော် ထဲမှာ အမျိုးမျိုးသော ကန့်သတ်ချက်တွေ ရှိတယ်... ဝိညာဉ် ထိန်းချုပ်ရေး ဧကရာဇ် မျက်လုံး ထဲမှာ သာမန် အရာတွေ ဖြစ်နိုင်ပေမယ့် ကျွန်မတို့ မျက်လုံး ထဲမှာတော့ အသက်အန္တရာယ် ပေးနိုင်တဲ့ တိုက်ကွက်တွေ ဖြစ်နိုင်တယ်... ဒါကြောင့် အချိန်က အရမ်း ကျပ်တည်းပြီး ဧကရာဇ် နန်းတော် ထဲမှာ အကျိုးအမြတ် ရဖို့ ဆိုတာ မလွယ်ကူဘူး"

ကျိုးဟန် ခေါင်းညိတ်လိုက်ပြီး အကြမ်းဖျင်း အခြေအနေကို နားလည်သွားသည်။

မေ့ကျီကို ချီးကျူးစွာ ကြည့်လိုက်ပြီး အစေခံမလေး တစ်ယောက် လက်ခံလိုက်ခြင်းက အနည်းငယ် အသုံးဝင်နေဆဲ ပင်။ မဟုတ်ပါက ဤ အရာများကို သူ ဤမျှ လွယ်လွယ်ကူကူ ဖြင့် သိရှိနိုင်မည် မဟုတ်ပေ။

"ဝုန်း"

ပိုမို ပြင်းထန်သော တုန်ခါမှုများ အပြီးတွင် ကြီးမားသော အလင်းတန်း တစ်ခု ပေါက်ကွဲ ထွက်လာပြီး မီတာ တစ်ရာ မြင့်သော တံခါးကြီး နှစ်ချပ်က ဖြည်းညှင်းစွာ ပွင့်လာကာ မှိုင်းညို့သော အလင်းတန်းများ ထွက်ပေါ်လာပြီး အစွမ်းထက် ကာ ထူးဆန်းသော စွမ်းအားများက ထိုအထဲတွင် လှည့်ပတ်နေပြီး ရှေးဟောင်း အရှိန်အဝါများက ချက်ချင်း ပျံ့နှံ့လာသည်။

'ဧကရာဇ် နန်းတော်ရဲ့ အပျက်အစီးတွေ လမ်းကြောင်း ပွင့်သွားပါပြီ'

"ဝှီး"

"ဝှီး"

"ဝှီး"

ကျိုးဟန်၏ ဘေးတွင် လေဖြတ်သန်းသံ အများအပြား ထွက်ပေါ်လာပြီး အရိပ်များ အဖြစ် ပြောင်းလဲသွားကာ သူတို့၏ ပစ်မှတ်မှာ တစ်ခုတည်း သာ ဖြစ်ပြီး ၎င်းမှာ ဧကရာဇ် နန်းတော်၏ အပျက်အစီးများ ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အနှစ် တစ်သောင်း လျှင် တစ်ကြိမ် သာ ပွင့်သည် နှင့် ညီမျှသဖြင့် မည်သူက မျှ ဤကဲ့သို့သော အခွင့်အရေးကို လက်လွတ် မခံချင်ကြပေ။

"ကြည့်ရတာ အစွမ်းထက်တဲ့ သူတွေ အများကြီး အဆင်သင့် ဖြစ်နေကြပြီ ထင်တယ်"

ကျိုးဟန်က အကဲဖြတ်ခြင်း စွမ်းရည်ကို အသုံးပြုကာ စစ်ဆေးကြည့်လိုက်ရာ လူသား မျိုးနွယ်၊ နတ်ဆိုး မျိုးနွယ်၊ ဝိညာဉ် မျိုးနွယ်၊ ည မျိုးနွယ် စသည်ဖြင့် မျိုးနွယ်စုံ ပါဝင်ပြီး တစ်ယောက်ချင်းစီက အစွမ်းထက် သူများ ချည်း ဖြစ်ကြသည်။

ဤသို့ ဆိုလျှင် ကန့်သတ်ထားသော ဆယ်နာရီ အတွင်း အကျိုးအမြတ် ရရှိရန် အခက်အခဲ ပိုမို ကြီးမားသွားမည် ဖြစ်ပြီး ဧကရာဇ် နန်းတော် ထဲတွင် အမျိုးမျိုးသော အန္တရာယ် ရှိသည့် ကန့်သတ်ချက်များ ရှိရုံသာမက ဤ အစွမ်းထက် သူများ၏ အပြန်အလှန် သတ်ဖြတ်မှုများ နှင့်လည်း ကြုံတွေ့ရနိုင်သေးသည်။

"သခင်... ကျွန်မတို့လည်း အချိန် မဖြုန်းဘဲ မြန်မြန် ဝင်ကြစို့" မေ့ကျီက အနည်းငယ် အလျင်စလို ဖြင့် ပြောလိုက်ပြီး ကျိုးဟန်၏ အမိန့်ကို စောင့်နေသည်။

"ကောင်းပြီ... သွားကြစို့"

ကျိုးဟန်က တိုက်ရိုက် ရှေ့သို့ လျှောက်သွားလိုက်သည်။ ဤကဲ့သို့ မှော်ဆန်သော နေရာကို မည်သူက မျှ မစူးစမ်းဘဲ မနေနိုင်ပေ။

သို့သော် မဝင်ခင်တွင် ကျိုးဟန်က စနစ်ကို အသုံးပြုကာ နှိုးစက် တစ်ခု သတ်မှတ်ထားလိုက်သည်။

အကယ်၍ ထိုအထဲတွင် နေရတာ မေ့သွားပါက တကယ်ကို ဒုက္ခရောက်မည် မဟုတ်ပါလား။

'သင်သည် အထူး နယ်မြေ ဧကရာဇ် နန်းတော်၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိပါသည်... ဝင်ရောက်မည်လား'

ကျိုးဟန် မီတာ တစ်ရာ မြင့်သော တံခါးကြီး ရှေ့သို့ ရောက်ချိန်တွင် စနစ်၏ သတိပေးသံ ထွက်ပေါ်လာသည်။

"ဝင်ရောက်မည်"

ကျိုးဟန်က မေ့ကျီ၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး သယ်ဆောင်သွားစဉ် လမ်းပျောက်သွားမည်ကို စိုးရိမ်သဖြင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခု သူမက စွမ်းအားများ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်ရာ တိုက်ခိုက်ရေး စွမ်းအားက အလွန် နိမ့်ကျနေသည်။

သူမကို ဘာလို့ ခေါ်သွားရလဲ ဆိုတော့ အဓိက အားဖြင့် သူမက ဧကရာဇ် နန်းတော်၏ မြေပုံကို မြင်ဖူးသဖြင့် ဘာမှ မပြင်ဆင်ထားသော ကျိုးဟန် ထက်တော့ ပိုကောင်းပြီး အနည်းနှင့် အများ ဆိုသလို အကူအညီ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။

စကားသံ အဆုံးတွင် အလင်းတန်း တစ်ခုက သူတို့ နှစ်ယောက်ကို လွှမ်းခြုံသွားပြီး လျင်မြန်စွာ လည်ပတ်ကာ မူလ နေရာမှ ပျောက်ကွယ်သွားတော့သည်။

All Chapters