အခန်း ၁၅၇
Vol. 16 Ch. 157
အခန်း (၁၅၇) ချင်ရွှယ်၊ တည်တည်ငြိမ်ငြိမ် နေပါ
"မေ့ကျီ ကိုယ် အရင် ထွက်သွားမယ် မင်း နတ်ဆိုး လောက အက်ကွဲကြောင်း ထဲမှာပဲ နေခဲ့တော့"
ကျိုးဟန် က မှာကြားလိုက်သည်။
ထွက်ပေါက် နေရာသို့ ရောက်ချိန်တွင် ကျိုးဟန် က သူမ၏ နတ်ဆိုး လူမျိုး ဖြစ်ကြောင်းကို ရုတ်တရက် သတိရသွားသည်။ ချန်းလဲ့ မြို့တော် တွင် ရုတ်တရက် ပေါ်လာပါက မကောင်းသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပေသည်။
မကြာသေးမီကပင် ချန်းလဲ့ မြို့တော် သည် နတ်ဆိုးများ၏ ဝင်ရောက် ကျူးကျော်မှုကို ခံခဲ့ရသည် မဟုတ်ပါလား။
"မနေချင်ပါဘူး သခင် ကျွန်မ သခင် နဲ့ မခွဲချင်ဘူး"
မေ့ကျီ က နှုတ်ခမ်းဆူကာ ရေဘဝဲ တစ်ကောင် အလား ကျိုးဟန် ၏ ကိုယ်ပေါ်တွင် တင်းကျပ်စွာ ပတ်တွယ်ထားပြီး ချွဲနွဲ့စွာ ပြောလိုက်သည်။
"စကားနားထောင်စမ်း မင်း ဆိုးနေပြန်ပြီလား"
ကျိုးဟန် က မေ့ကျီ ၏ နားရွက်ကို လိမ်ဆွဲကာ ပြောလိုက်သည်။
"မေ့ကျီ က စကားနားမထောင်ဘူး သခင် ကျေးဇူးပြုပြီး ကျွန်မကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ပါ"
ကျိုးဟန် ၏ စိတ်နေသဘောထားကို သိရှိသွားသဖြင့် သူမ အနည်းငယ် ရဲတင်းလာပြီး သခင် ၏ အာဏာကို မကြောက်မရွံ့ စိန်ခေါ်နေကာ သူမ၏ စကားပြောပုံမှာလည်း ရဲတင်း ပွင့်လင်းကာ အရှက်အကြောက် မရှိပေ။
"သခင် ကျွန်မ"
မေ့ကျီ ၏ မျက်လုံးများက ဝေဝါးနေပြီး ပြီးပြည့်စုံသော ပါးပြင်လေး ပေါ်တွင် အရှက်အကြောက် အနည်းငယ်မျှ မရှိဘဲ ပူပြင်းသော တပ်မက်မှု များဖြင့် အဆုံးမရှိသော လိုလားမှုများ ပြည့်နှက်နေလေသည်။
"နောက်တစ်ခါပေါ့"
ကျိုးဟန် က ပြတ်သားစွာ ငြင်းပယ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ အိမ်တွင် ဟန်ချင်ရွှယ် က သူ့ကို စောင့်နေသေးသည် မဟုတ်ပါလား။ ရောက်လာသည့် အစီအစဉ် အတိုင်း လုပ်ရမည် ဖြစ်သည်။
အကယ်၍ မေ့ကျီ နှင့် ဆက်နေပါက အိမ်ပြန်ချိန်မှာ ည ၁ နာရီ၊ ၂ နာရီ လောက် ရောက်သွားပေလိမ့်မည်။
"နောက်တစ်ခါ မလုပ်ချင်ဘူး အခုပဲ လုပ်မယ်"
မေ့ကျီ က အဝတ်အစား များကို ချွတ်ချလိုက်ပြီး...
...
ဆယ်မိနစ် အကြာတွင်။
"ကဲ ကိုယ် အရင် သွားတော့မယ် မင်း အခု အခြေအနေ က နည်းနည်း အားနည်းနေတယ် လုံခြုံရေး ဂရုစိုက်နော်"
ကျိုးဟန် က မှာကြားပြီးနောက် အဆင့်မြှင့်တင်ထားသော လက်နက် ကိရိယာ အချို့ကို မေ့ကျီ အား ပေးလိုက်သည်။
"သခင် အရမ်း ဆိုးတာပဲ"
မေ့ကျီ ၏ မျက်နှာလေး နီရဲနေပြီး သစ်ပင်ကြီးကို မှီကာ အလွန် အားနည်းနေပုံ ရသည်။
သခင် ၏ လက်ဆော့မှု များကို တွေးမိပြီး မျက်လုံးများ တွင် မကျေနပ်မှု အနည်းငယ် ထွက်ပေါ်လာလေသည်။
"သခင့် အကြောင်း အတင်းပြောရဲတယ်ပေါ့ စောင့်နေလိုက် နောက်တစ်ခါကျရင် မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်"
ကျိုးဟန် က မကောင်းသော ရည်ရွယ်ချက်များဖြင့် ပြုံးကာ ပြောလိုက်ပြီးနောက် လှည့်ထွက်သွားကာ ချန်းလဲ့ မြို့တော် ၏ နယ်နိမိတ် ထဲသို့ ဝင်ရောက်သွားလေသည်။
ယခု အချိန်မှာ ည ၁၁ နာရီ ရှိပြီ ဖြစ်ပြီး ချန်းလဲ့ မြို့တော် တွင် မီးရောင် အနည်းငယ်သာ တောက်ပနေတော့သည်။
မေ့ကျီ ၏ ပူလောင်နေသော စိတ်နှလုံးကို လက်ဖြင့် မဖြေသိမ့်ပေးခဲ့ပါက ကျိုးဟန် ည ၁၁ နာရီ နှင့် ပြန်ရောက်လာမည် မဟုတ်ပေ။
"ဟင် ချင်ရွှယ် မအိပ်သေးဘူး ကိုယ့်ကို စောင့်နေတာပဲ"
အိမ်တွင် မီးများ လင်းထိန်နေသည်ကို မြင်လိုက်ရသဖြင့် ကျိုးဟန် ၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ဝင်သွားလိုက်သည်။
အထဲသို့ ရောက်သောအခါ ဟန်ချင်ရွှယ် သည် ဘေးစောင်း အိပ်မောကျနေသည်ကို မြင်တွေ့လိုက်ရသည်။
သူမ ဝတ်ဆင်ထားသော ပါးလွှာသည့် ဇာအင်္ကျီလေး က သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ် ကောက်ကြောင်း များကို အထင်အရှား ပေါ်လွင်စေပြီး ရင့်ကျက်သော မိန်းမ တစ်ယောက် ၏ ဆွဲဆောင်မှု က ပြောပြ၍ မရနိုင်လောက်အောင် ကောင်းမွန်လှရာ ကျိုးဟန် အလိုအလျောက် ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်မိသွားလေသည်။
သူမ၏ ဖြူစင် အပြစ်ကင်းသော ပါးပြင်လေး က မီးရောင် အောက်တွင် ပိုမို နူးညံ့ လှပနေပြီး မီးရောင် အောက်ရှိ အလှလေး က ကြည့်လေ ကြည့်လေ ပို၍ ဆွဲဆောင်မှု ရှိလေ ဖြစ်သည်။
ပါးလွှာသော ဇာအင်္ကျီ အောက်မှ မြင်ကွင်းလေး များကို တစွန်းတစ မြင်တွေ့နေရသည်မှာ အလွန် ဝေဝါးနေပြီး သူ့ကို ထောင့်ပေါင်းစုံ မှ ကြည့်ရှုချင်စိတ် ပေါက်လာစေကာ ရင်ထဲတွင်လည်း ယားယံလာစေသည်။
စောစောက မေ့ကျီ ကြောင့် ဒေါသများ မငြိမ်းသေးသော်လည်း ယခု ပို၍ပင် သည်းမခံနိုင် ဖြစ်လာလေသည်။
"မဖြစ်ဘူး ချင်ရွှယ် က နိုးထ ဖို့ အတွက် အရမ်း ပင်ပန်းနေပြီ ကိုယ့်ရဲ့ ကိုယ်ကျိုး အတွက် သူမရဲ့ အနားယူချိန်ကို မနှောင့်ယှက်သင့်ဘူး"
မာနထောင်လွှားနေသော တောင်တန်းကြီး ဆီသို့ ဆန့်တန်းတော့မည့် သူခိုး လက် က ရုတ်တရက် ရပ်တန့်သွားပြီး ရင်ထဲတွင် မိမိကိုယ်ကို အပြစ်တင်မိသွားသည်။
အနီးကပ် ကြည့်ရှုရာတွင် ဟန်ချင်ရွှယ် ၏ ပြိုင်ဘက်ကင်း အလှအပ တွင် အပြစ်ဆိုစရာ တစ်ကွက်မှ မရှိပေ။ ယနေ့ သူမ မိတ်ကပ် အနည်းငယ် လိမ်းထားသဖြင့် ပိုမို လှပနေပြီး မိမိကိုယ်ကို လှပအောင် ပြင်ဆင်ထားသည့် ရည်ရွယ်ချက်မှာ အလွန် ရှင်းလင်းလှပေသည်။
ထိုအရာမှာ မိမိ၏ အလှအပ များကို ချစ်ရသူ ရှေ့တွင် အပြည့်အဝ ပြသရန်ပင် ဖြစ်သည်။
"အင်း ကိုယ် တစ်ချက်ပဲ နမ်းမယ် တခြား ဘာမှ မလုပ်ဘူး"
ကျိုးဟန် က ရင်ထဲတွင် မိမိကိုယ်ကို ကြိုးစား ဖြောင်းဖျလိုက်သည်။ ညင်သာစွာ နမ်းရှိုက်ခြင်းက သူမကို နိုးစေမည် မဟုတ်ပေ။
"ပြွတ်"
နူးညံ့သော နှုတ်ခမ်းလေး ကို ထိတွေ့လိုက်သည်နှင့် မွှေးပျံ့ ချိုမြိန်သော အရသာ က ကျိုးဟန်ကို အလွန် သာယာသွားစေပြီး ခွာချင်စိတ် မရှိတော့ပေ။
"နောက်တစ်ချက် ထပ်နမ်းမယ် တစ်ချက်ပဲ"
မကြာမီ ကျိုးဟန် သည် ဟန်ချင်ရွှယ် ၏ ချိုမြိန်သော နှုတ်ခမ်းလေး ကို အားနာမနေဘဲ မြည်းစမ်းတော့သည်။
မာနထောင်လွှားနေသော တောင်တန်းကြီး ကို ကြည့်ကာ သူခိုး လက် က အလိုအလျောက်...
"အင်း"
ဟန်ချင်ရွှယ် က ညည်းတွားသံလေး ထွက်ပေါ်လာပြီး လက်နှစ်ဖက် က ကျိုးဟန် ၏ လက်ကို အလိုအလျောက် ဖမ်းဆုပ်ကာ ဆက်လက် မဆော့ကစားနိုင်ရန် တားဆီးလိုက်သည်။
"ချင်ရွှယ် မင်း မင်း နိုးပြီလား"
"တောင်းပန်ပါတယ် မင်း အိပ်နေတာကို နှောင့်ယှက်မိသွားတယ်"
ကျိုးဟန် က အနည်းငယ် အားနာစွာဖြင့် ပြောလိုက်သည်။
တစ်ချက်သာ နမ်းမည်ဟု ပြောထားသော်လည်း ဟန်ချင်ရွှယ် ၏ အလွန် လှပ ဆွဲဆောင်မှု ရှိခြင်း ကြောင့် ကျိုးဟန် အနည်းငယ် နစ်မြောသွားခဲ့ခြင်း ဖြစ်သည်။
"ကျိုးဟန် ရှင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"
ဟန်ချင်ရွှယ် ၏ မျက်လုံးများ တွင် အလွန် ဝမ်းသာမှု များ ပြည့်နှက်နေပြီး ချက်ချင်း ထကာ ကျိုးဟန် ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားလေသည်။
အချိန် အတန်ကြာ မတွေ့ရသဖြင့် ရင်ထဲရှိ လွမ်းဆွတ်မှု များက ဒီရေ အလား လှိုင်းလုံးကြီးများ ဖြစ်ပေါ်နေပြီး ဤသည်မှာ အလိုအလျောက် တုံ့ပြန်မှု ပင်ဖြစ်သည်။
မကြာမီ သူမ သတိဝင်လာပြီး ကျိုးဟန် ကို လွှတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမ၏ ညီမလေး ဟန်ရှန်းနင် ကလည်း ကျိုးဟန် ကို သဘောကျနေသဖြင့် သူမ ဤသို့ လုပ်ရပ်က အလွန် မကောင်းဟု ခံစားရလေသည်။
"ချင်ရွှယ် မင်းကို အကြာကြီး စောင့်ခိုင်းမိပြီ"
"မင်း နိုးထ အောင်မြင်သွားလို့ ဂုဏ်ယူပါတယ် မင်း ဘာအလုပ်အကိုင် ရလဲ"
ကျိုးဟန် က ဟန်ချင်ရွှယ် ၏ လက်ကို ဆွဲကာ ပြုံးပြီး မေးလိုက်သည်။
သူမ က မျက်နှာ နီရဲသွားပြီး ရုန်းထွက်ဟန်ဆောင် လိုက်သည်။
"ကျွန်မ ရတဲ့ အလုပ်အကိုင် က သတင်းကောင်း ဟောကြားသူ လို့ ခေါ်တယ်"
"အတော်လေး အစွမ်းထက်တဲ့ အကူအညီ ပေးတဲ့ အလုပ်အကိုင် လို့ ပြောလို့ရတယ်"
"ကျိုးဟန် ကျွန်မ အရမ်း ပျော်တယ် နောက်ဆုံးတော့ အမှိုက် မဟုတ်တော့ဘူးလေ နောက်ပိုင်း ကျွန်မ ရှင့် ဘေးမှာ နေပြီး ရှင့်ကို အကူအညီ ပေးလို့ ရပြီ"
ဟန်ချင်ရွှယ် က ပန်းလေး တစ်ပွင့် အလား ပြုံးကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် အနည်းငယ် ဂုဏ်ယူနေပြီး ချစ်ရသူ အား မိမိကို အထင်ကြီးစေခြင်း က အလွန် သာယာသော ခံစားချက် ပင်ဖြစ်သည်။
ကျိုးဟန် ၏ အကာအကွယ် အောက်တွင် သူမတို့ အခက်ခဲဆုံး အချိန်များကို ကျော်ဖြတ်နိုင်ခဲ့သည်။
ယခု သူမတို့သည် ခေတ်သစ် အမျိုးသမီး များ ဖြစ်ကြရာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တတ်ရန် လိုအပ်ကြောင်း သိထားကြသည်။
ယောက်ျားများကို အမြဲတမ်း မျက်နှာချိုသွေး နေပါက ပန်းအိုး တစ်လုံးသာ ဖြစ်သွားမည်ဖြစ်ပြီး အချိန်တို အတွင်း ပြဿနာ မရှိသော်လည်း
အချိန်ကြာလာပါက အထင်သေးခံရပြီး အရေးမပါသူများ ဖြစ်သွားပေလိမ့်မည်။
သူမတို့ ညီအစ်မ နှစ်ယောက် လည်း အစွမ်းပြကာ နတ်ဘုရားနှင့် နတ်ဆိုး ကမ္ဘာကြီး တွင် နာမည် တစ်လုံး ရချင်ကြသည်။
"ချင်ရွှယ် မင်း အရမ်း တော်တယ် မင်းအတွက် ကိုယ် ဂုဏ်ယူပါတယ်"
ကျိုးဟန် လည်း အလွန် ဝမ်းသာသွားပြီး ဆက်ပြောလေသည်။
"ဟုတ်သားပဲ ကိုယ် မင်းကို ပြစရာ ရတနာ ရှိတယ်လို့ ပြောထားတယ် မဟုတ်လား မင်း သေချာပေါက် သဘောကျမှာ"
ကျိုးဟန် မတ်တပ်ရပ်လိုက်ပြီး ခါးပတ်ကို တင်းကျပ်လိုက်ကာ...
"အို ရှက်စရာကြီး အရမ်း ဆိုးတာပဲ"
ကျိုးဟန် ၏ လုပ်ရပ်ကို မြင်သောအခါ ဟန်ချင်ရွှယ် တွေးချော်သွားပြီး ရှက်ရွံ့စွာ ခေါင်းငုံ့ကာ အော်ဟစ်လိုက်လေသည်။
ယခုအချိန်တွင် သူမ မျက်နှာလေး နီရဲနေပြီး ရင်ထဲတွင် စိုးရိမ်မှု နှင့် မျှော်လင့်မှု များ ပြည့်နှက်နေလေသည်။
"ဒါက ဘုရင် အဆင့် စွမ်းရည်စာအုပ် လေ မြန်မြန် လေ့လာကြည့်လိုက်"
ကျိုးဟန် က စွမ်းရည်စာအုပ် ကို ထုတ်ယူကာ ဟန်ချင်ရွှယ် ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"အာ"
"စွမ်း စွမ်းရည်စာအုပ် လား"
ဟန်ချင်ရွှယ် မျက်နှာ တောင့်တင်းသွားပြီး အနည်းငယ် စိတ်ပျက်သွားလေသည်။
သူမ၏ ရင်ထဲတွင် ဝန်ထုပ်ဝန်ပိုး ရှိနေသဖြင့် သူမ ကိုယ်တိုင် စတင်မည် မဟုတ်ပေ။
သို့သော် ကျိုးဟန် က စတင်မည် ဆိုပါက သူမ ကိုယ်သူမ နားချနိုင်မည် ဖြစ်သည်။
"ကြောင်မနေနဲ့ မြန်မြန် ကြည့်ကြည့်ပါ မင်း သေချာပေါက် သဘောကျမှာပါ"
ကျိုးဟန် က တိုက်တွန်းလိုက်သည်။
"ဒါ အရမ်း အစွမ်းထက်တဲ့ စွမ်းရည် ပဲ"
"ဒါသာ ရှိရင် ကျွန်မရဲ့ အကူအညီ ပေးတဲ့ စွမ်းအား က အနည်းဆုံး သုံးဆ တိုးလာမယ်"
ထင်ထားသည့် အတိုင်းပင် ဟန်ချင်ရွှယ် အကဲဖြတ်ပြီးနောက် အလွန် အံ့အားသင့် ဝမ်းသာသွားလေသည်။
"ဟဲဟဲ ဒါက ဘာမှ မဟုတ်သေးဘူး ဆက်ကြည့်ဦး မျက်လှည့် ပြတော့မယ်"
ကျိုးဟန် က အဆင့်မြှင့်တင် ထားသော ပါရမီ ကို ဟန်ချင်ရွှယ် အား ပေးလိုက်သည်။
"ဘာ ဘုရားရေ SS အဆင့် ပါရမီ ကောင်းကင်တမန် အမွေအနှစ် လား"
"ကျိုးဟန် ရှင် အရမ်း ကောင်းတာပဲ ကျွန်မ ရှင့်ကို အရမ်း ချစ်တယ်"
ဟန်ချင်ရွှယ် ပါးစပ် အဟောင်းသား ဖြစ်သွားပြီးနောက် ရင်ထဲရှိ အချစ်များ က လှိုင်းလုံးကြီးများ အလား ရိုက်ခတ်လာကာ အနည်းငယ် စိုစွတ်လာပြီး
ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ
ကျိုးဟန် ကို ဖိထားကာ အားရပါးရ နမ်းရှိုက်တော့သည်။