← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း (၁၆၄) ဘုရင် အမှတ်အသား

"နင် ဘာလို့ ငါ့ကို လာငှားတာလဲ" ကျိုးဟန် က မေးလိုက်သည်။

"ဘာလို့လဲ ဆိုတော့ ရှင်က အစွမ်းထက်တယ် လေ ရှင်နဲ့ အဖွဲ့ဖွဲ့ရင် လုံခြုံရေး ကို အာမခံနိုင်တယ် ပြီးတော့ ရှင်က ဒီလောက် ချောတာကိုး"

ဝမ်နီ က မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ကာ မျက်လုံးများမှ အချစ်များ ပစ်လွှတ်ပြီး လှပစွာ ပြုံး၍ ပြောလိုက်လေသည်။

"ချောတယ် ငါ မှတ်မိသလောက် ဟို ယွီရီ က ငါ့ကို ရုပ်ဆိုးတယ် လို့ ဆဲနေတာ" အလှအပ ကို ခံစားပုံချင်း မတူညီကြတာလား ဟု ကျိုးဟန် သံသယ ဝင်သွားလေသည်။

"ဟွန့် သူက အဆင့်နိမ့် မျိုးနွယ် တစ်ခု ပါ အဆင့်မြင့် မျိုးနွယ် တွေ အားလုံးက လူသား တွေရဲ့ ခန္ဓာကိုယ် ပုံစံမျိုး ဖြစ်ချင်ကြတာပဲ မဟုတ်လား" ဝမ်နီ က ပြုံးကာ ပြောလိုက်လေသည်။

ဒီလို ပြောလိုက်တော့ အနည်းငယ် အဓိပ္ပာယ် ရှိသွားသည်။

ထိန်ရှယ် မျိုးနွယ် ဖြစ်သော အောက်ကျိန်း လည်း ဤကဲ့သို့သော စကားမျိုး ပြောဖူးပြီး

အဆင့်မြင့် နတ်ဆိုး ဖြစ်သော နတ်ဆိုးမလေး မေ့ကျီ ၏ ကိုယ်ခန္ဓာမှာလည်း လူသားများ ၏ လက္ခဏာ ၉၀ ရာခိုင်နှုန်း ရှိလေသည်။

"လူသား တွေက ထင်ထားသလောက် မအားနည်းဘူးပဲ" ကျိုးဟန် က ကောက်ချက်ချလိုက်သည်။

မျိုးနွယ်ပေါင်းစုံ က အားကျနေရသည် ဆိုလျှင် သေချာပေါက် ထူးခြားချက် တစ်ခုခု ရှိနေမည်မှာ သေချာသည်။

ဘာကြောင့်လဲ ဆိုသည်ကိုတော့ ကျိုးဟန် မသိနိုင်သလို အများကြီးလည်း မတွေးတော့ပေ။

"နင် က ငါ့ကို ခေါ်သွားစေချင်တယ် ဆိုမှတော့ ဘာပေးမလဲ" ကျိုးဟန် က ဝမ်နီ နှင့် မရင်းနှီးသဖြင့် အကျိုးအမြတ် မရှိဘဲ ဘာမှ လုပ်မည် မဟုတ်ပေ။

"ကိုကြီးဟန် ရှင် အရမ်း ဆိုးတာပဲ"

"ကျွန်မ က အပျိုစင်လေး ပါနော် ရှင် တွေးနေသလို ညစ်ညမ်းတဲ့ သူ မဟုတ်ပါဘူး"

ဝမ်နီ ၏ မျက်လုံးများ က ရေများ အလား ကြည်လင်နေပြီး ပါးပြင်လေး နီရဲကာ အနည်းငယ် စိတ်ဆိုးသလို ကြည့်လိုက်လေသည်။

"နင် ဘာတွေ တွေးနေတာလဲ ငါ နင့်ကို ပိုက်ဆံ ပေးခိုင်းတာ" ကျိုးဟန် က စကားမပြောနိုင်တော့ဘဲ

ဒါတောင် သူ့ကိုယ်သူ ဖြူစင်တယ် လို့ ပြောနေသေးတယ်ပေါ့လေ။

ခေါင်းထဲမှာ မကောင်းတဲ့ အရာတွေချည်း ပြည့်နေတာပဲ။

"အာ ပိုက်ဆံ တောင်းတာလား"

"အဲဒါ မဟုတ်ဘူးလား" ဝမ်နီ က အနည်းငယ် အရှက်ရစွာ ပြောလိုက်ပြီး သူမ၏ အမြီးလေး မှာ အနေခက်စွာ လှုပ်ရမ်းနေလေသည်။

မိမိ၏ ဆွဲဆောင်မှု ကို ဤမျှ လျစ်လျူရှုခံလိုက်ရသဖြင့် သူမ အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။

"နင် အများကြီး တွေးနေပြီ မြန်မြန် ပိုက်ဆံ ပေး" ကျိုးဟန် က မျက်နှာသေ ဖြင့် တိုက်တွန်းလိုက်သည်။ ဝမ်နီ က မျိုးနွယ်ခြား ဖြစ်သဖြင့် အခြား ရည်ရွယ်ချက် တစ်ခုခု ဖြင့် အနားကပ်လာခြင်း ဖြစ်နိုင်ရာ

ကျိုးဟန် အနေဖြင့် အလှအပ ၏ မြှူဆွယ်မှု ကို သေချာပေါက် ခံမည် မဟုတ်ပေ။

"ဒါ ဒါဆို ဝိညာဉ် သလင်းကျောက် တစ်သိန်း လောက် ဆို ရမလား" ဝမ်နီ က အနည်းငယ် အားနည်းစွာ ပြောလိုက်လေသည်။

"တစ်သိန်း အနည်းဆုံး တစ်သိန်းခွဲ တော့ ရမယ်" တကယ်တော့ ဤဈေးနှုန်း ကို ကျိုးဟန် အတော်လေး ကျေနပ်နေသည်။

သို့သော် ရနိုင်သလောက် ယူထားရမည် မဟုတ်ပါလား။ ဒုတိယ အလုပ်အကိုင် ကတ် ကို ဝယ်ရန် ဝိညာဉ် သလင်းကျောက် များ စုဆောင်းထားရန် လိုအပ်သေးသည်။

"ကောင်းပြီလေ ကျွန်မမှာ ညီမလေး နှစ်ယောက် ရှိသေးတယ် အဖွဲ့ထဲကို အတူတူ ဝင်လို့ ရမလား" ဝမ်နီ က တောင်းဆိုလိုက်လေသည်။

"ဝင်လို့တော့ ရတယ် တစ်ယောက် ကို ဝိညာဉ် သလင်းကျောက် တစ်သိန်းခွဲ စီ ပေး"

"ကောင်းပြီ သဘောတူတယ်" ဝမ်နီ က အဆင့်ကို တည်ငြိမ်စွာ ရရှိနိုင်ရန် အတွက် ဤမျှ အရှုံးကို ဂရုမစိုက်ဘဲ သွားကြိတ်ကာ သဘောတူလိုက်လေသည်။

"စနစ် သတိပေးချက် - ကစားသမား ဝမ်နီ က သင်နှင့် အရောင်းအဝယ် ပြုလုပ်ရန် တောင်းဆိုနေပါသည်"

"စနစ် သတိပေးချက် - သင်သည် ဝိညာဉ် သလင်းကျောက် ၄ သိန်းခွဲ ရရှိပါသည်"

အရောင်းအဝယ် ပြီးဆုံးသွားသဖြင့် ကျိုးဟန် ၏ ရင်ထဲတွင် အလွန် သာယာသွားလေသည်။

ဘုရင် စမ်းသပ်မှု တွင် အများဆုံး လူ ၄ ယောက် သာ အဖွဲ့ဖွဲ့နိုင်သဖြင့်

မဟုတ်ပါက ကျိုးဟန် အနေဖြင့် လူပို ခေါ်ကာ အလွယ်တကူ ပိုက်ဆံ ရှာချင်သေးသည်။

မကြာမီ ဝမ်နီ က သားရဲ နားရွက် ပါသော မိန်းကလေး နှစ်ယောက်ကို ခေါ်လာလေသည်။

"မြောင် ကိုကြီးဟန် မင်္ဂလာပါ ကျွန်မ က ကြောင်မလေး - ဂရေ့စ် ပါ"

"ကျွန်မ က သတ္တိ အရမ်း နည်းတာ ကိုကြီးဟန် ကျွန်မကို ကာကွယ်ပေးနော် မြောင်"

ဂရေ့စ် မှာ လှပ ချစ်စရာ ကောင်းပြီး ဆံပင် နှစ်ခွ စည်းထားကာ အသံလေး မှာ နူးညံ့ ချိုမြိန်ပြီး တက်ကြွမှု များ အပြည့် ရှိနေလေသည်။

"မင်္ဂလာပါ ကျွန်မ က ဝံပုလွေမလေး - နီနာ ပါ တွေ့ရတာ ဝမ်းသာပါတယ်"

နီနာ ၏ ခန္ဓာကိုယ် မှာ ပိုမို မြင့်မား သွယ်လျပြီး ဝမ်နီ နှင့် ဂရေ့စ် တို့ထက် ပိုမို တည်ငြိမ်ကာ

ပြည့်ဖြိုးသော ရင့်ကျက်သည့် အမျိုးသမီး တစ်ဦး ၏ အလှတရား များ က တကယ်ကို အံ့မခန်း ဖြစ်လေသည်။

မှည့်နေသော မက်မွန်သီး အလား ပြည့်ဖြိုး အရည်ရွှမ်း နေလေသည်။

ထင်သည့်အတိုင်းပင် တူရာတူရာ စုမိကြသည်မှာ အမှန်ပင် ဖြစ်သည်။

သုံးယောက်စလုံး မှာ ပြိုင်ဘက်ကင်း အလှလေး များ ဖြစ်ကြပြီး သူမတို့၏ ကိုယ်ပေါ်ရှိ သားရဲ လက္ခဏာ များက

အလွန် စွဲမက်ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခုကို ဖြစ်ပေါ်စေကာ

ကျိုးဟန် ပင် အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။

ထိုနေရာရှိ အခြား သူများမှာ အလွန် အားကျနေကြလေသည်။

သုံးယောက်ထဲမှ တစ်ယောက် ကို ရလျှင်ပင် အလွန် ကံကောင်းလှပြီ ဖြစ်ရာ

ယခုတော့ ကျိုးဟန် တစ်ယောက်တည်း က အပိုင်စီးထားသဖြင့် အလွန် ဒေါသထွက်နေကြလေသည်။

အထူးသဖြင့် ယွီရီ ၏ ရင်ထဲရှိ အမုန်းတရား များက ထိန်းချုပ်၍ မရနိုင်တော့ပေ။

"မင်း ကျိုးဟန် ကို သတ်ပစ်ချင်လား"

ယခုအချိန်တွင် ကုတယ် လျှောက်လာပြီး အသံနှိမ့်ကာ ယွီရီ ကို ပြောလိုက်လေသည်။

မကြာမီကပင် သူသည် ကျိုးဟန် ၏ သတ်ဖြတ်ခြင်း ကို ခံရလုနီးပါး ဖြစ်ခဲ့ရာ

သည်းခံလေလေ ပို၍ ဒေါသထွက်လေလေ ဖြစ်ပြီး လက်စားချေရန် အလွန် လိုလားနေလေသည်။

ထို့ကြောင့် ကျိုးဟန် အပေါ် အမုန်းတရား ရှိနေသော ယွီရီ ကို လာရှာခြင်း ဖြစ်ပြီး သူတို့ နှစ်ယောက် ၏ အကြံအစည် က တစ်ထပ်တည်း ကျသွားလေသည်။

"ဒါက အလကား ပြောနေတာပဲ မဟုတ်လား ဒါပေမဲ့ ကျိုးဟန် ရဲ့ စွမ်းအား က ငါ့ထက် ကြီးတယ် သူ့ကို မသတ်နိုင်ဘူးလေ" သူက ပြောင်ချောနေသော ငါးခေါင်း ကို ခါယမ်းကာ စိတ်ပျက်စွာ ပြောလိုက်လေသည်။

"ဘယ်သူက သူနဲ့ ထိပ်တိုက် ရင်ဆိုင်ရမယ် လို့ ပြောလို့လဲ"

"အို ဒါဆို မင်းမှာ ဘာနည်းလမ်း ရှိလို့လဲ"

"ဟဲဟဲ ငါ့မှာ အကြံ တစ်ခု ရှိတယ် ကျိုးဟန် ကို လုံးဝ သေသွားစေရမယ်"

ကုတယ် ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ယွီရီ ၏ နားနား ကပ်ကာ စကား အနည်းငယ် ပြောလိုက်လေသည်။

"မိုက်တယ်" ယွီရီ ကြားလိုက်သည်နှင့် အလွန် ဝမ်းသာသွားလေသည်။

"ဟဲဟဲ ကျိုးဟန် ငါ မင်းကို ဆက်ပြီး ဂုဏ်ဆာခိုင်းထားလိုက်ဦးမယ်"

...

ကျိုးဟန် က အဖွဲ့ခေါင်းဆောင် ဖြစ်လာပြီး အလင်းတန်း တံခါး ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

ထို့နောက် သတိပေးသံ ထွက်ပေါ်လာလေသည်။

"စနစ် သတိပေးချက် - သင်သည် ဘုရင် စမ်းသပ်မှု ကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ၊ အလိုအလျောက် ထွက်ခွာရန် အချိန် ၀၀:၅၉:၅၈ ကျန်ပါသေးသည်"

"စနစ် သတိပေးချက် - သင်၏ ဘုရင် အမှတ်အသား အသက်ဝင်သွားပါပြီ၊ စစ်ဆေးကြည့်ပါ"

ရွှေရောင် အလင်းတန်း များ တောက်ပလာပြီး ကျိုးဟန် ၏ ကိုယ်တွင်းသို့ ဝင်ရောက်သွားကာ

ကျိုးဟန် က သူ၏ ကိုယ်တွင်း၌ အလွန် အစွမ်းထက်သော သန့်စင်သည့် စွမ်းအားများ လှုပ်ရှားလာသည်ကို ခံစားလိုက်ရလေသည်။

သူ ချက်ချင်း အချက်အလက် များကို ဖွင့်ကြည့်လိုက်လေသည်။

ဘုရင် အမှတ်အသား

အဆင့် - ကြယ် ၁ ပွင့် ဘုရင်

ဖော်ပြချက် - အစွမ်းထက်ဆုံး ဘုရင် ၏ သီးသန့် အမှတ်အသား ဖြစ်ပြီး အဆင့်အတန်း နှင့် စွမ်းအား ကို ကိုယ်စားပြုသည်။

အကျိုးသက်ရောက်မှု - သွေးပမာဏ ၁ သောင်း တိုးလာမည်။

ရှင်းလင်းချက် - အဆင့် တိုးလာသည်နှင့် အမျှ အကျိုးသက်ရောက်မှု လည်း တိုးလာမည် ဖြစ်သည်။

သွေးပမာဏ တစ်သောင်း သာ တိုးလာသော်လည်း မရှိတာထက် စာလျှင် ပိုကောင်းသေးသည်။

"ဒါက အဆင့်မြှင့်တင် လို့ ရလောက်တယ်" ကျိုးဟန် က ရင်ထဲတွင် တွေးလိုက်ပြီး စမ်းသပ် အဆင့်မြှင့်တင် ကြည့်လိုက်လေသည်။

တကယ် ရသည်ကို တွေ့လိုက်ရပြီး အဆုံးမရှိ အဆင့်မြှင့်တင်ခြင်း သည် ဘယ်တော့မှ စိတ်ပျက်စရာ မရှိပေ။

"စနစ် သတိပေးချက် - သင်သည် ၁၀ ကြိမ် အောင်မြင်စွာ အဆင့်မြှင့်တင် နိုင်ခဲ့ပါသည်၊ လက်ရှိ အဆင့် နိမ့်လွန်းသဖြင့် ထပ်မံ အဆင့်မြှင့်တင် ၍ မရနိုင်ပါ"

"စနစ် သတိပေးချက် - အကယ်၍ အတင်းအကျပ် အဆင့်မြှင့်တင် ပါက ဘုရင် အမှတ်အသား ကွဲအက်သွားရန် ရာခိုင်နှုန်း အချို့ ရှိပါသည်၊ ဆက်လက် လုပ်ဆောင်မည်လား"

"မလုပ်တော့ဘူး"

ကျိုးဟန် အလျင်အမြန် ရပ်တန့်လိုက်လေသည်။ အကယ်၍ ကွဲအက်သွားပါက အလွန် နစ်နာသွားမည် မဟုတ်ပါလား။

မကြာမီ အဆင့်မြှင့်တင် ပြီးသော အချက်အလက် အသစ်များ ထွက်ပေါ်လာလေသည်။

ဘုရင် အမှတ်အသား (၁၀ ကြိမ်မြှင့်)

အဆင့် - ကြယ် ၁ ပွင့် ဘုရင်

ဖော်ပြချက် - အစွမ်းထက်ဆုံး ဘုရင် ၏ သီးသန့် အမှတ်အသား ဖြစ်ပြီး အဆင့်အတန်း နှင့် စွမ်းအား ကို ကိုယ်စားပြုသည်။

အကျိုးသက်ရောက်မှု - သွေးပမာဏ ၃ သိန်း တိုးလာမည်၊ အကာအကွယ် ၁ သိန်း တိုးလာမည်။

ရှင်းလင်းချက် - အဆင့် တိုးလာသည်နှင့် အမျှ အကျိုးသက်ရောက်မှု လည်း တိုးလာမည် ဖြစ်သည်။

ထင်သည့်အတိုင်း အကျိုးသက်ရောက်မှု က အလွန် အစွမ်းထက်လှပြီး အကယ်၍ အဆင့်သာ တိုးလာပါက

ဤ အချက်အလက် များသည် သေချာပေါက် ထပ်မံ တိုးလာမည် ဖြစ်သည်။

ဤသို့ တွေ့လိုက်ရသဖြင့် ကျိုးဟန် စနစ် မျက်နှာပြင်ကို ပိတ်လိုက်ပြီး ဘာကို စောင့်နေရဦးမည်နည်း။

မြန်မြန် မွန်းစတား များကို သတ်ဖြတ်ပြီး သူတို့၏ အဆင့်များကို ယူရမည် မဟုတ်ပါလား။

"ဝိုး ဒါက ကြယ် ၁ ပွင့် ဘုရင် အဆင့် ရှိတဲ့ မွန်းစတား ပုရွက်ဆိတ် ဘုရင် ပဲ ကံကောင်းလိုက်တာ"

"အဲဒါက အားအနည်းဆုံး ဘုရင် အဆင့် လို့ ကြားတယ် သူ့ကို သတ်ပြီးရင် ငါတို့ အစွမ်းထက်ဆုံး ဘုရင် အဆင့် ကို ရပြီပေါ့"

ဝမ်နီ က မနီးမဝေး တွင် ရှိနေသော တစ်မီတာ ရှည်သည့် ပုရွက်ဆိတ် ကို လက်ညှိုးထိုးပြကာ ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။

"ပုရွက်ဆိတ် ဘုရင် က အနီးကပ် တိုက်ခိုက်နိုင်စွမ်း ပဲ ရှိတာ ပြီးတော့ အမြန်နှုန်း လည်း နှေးတယ် အကွာအဝေး ထားပြီး တိုက်ခိုက်ရင် အလွယ်တကူ အနိုင်ယူနိုင်တယ်"

နီနာ လည်း အလွန် ပျော်ရွှင်နေပြီး တိုက်ခိုက်ရေး ဗျူဟာ ကို ခွဲခြမ်းစိတ်ဖြာ လိုက်လေသည်။

စနစ် ၏ သတ်မှတ်ချက် အရ နောက်ဆုံး အသေ သတ်လိုက်သူ က ဤမွန်းစတား ကို ပိုင်ဆိုင်မည် ဖြစ်သည်။

ဤသည်မှာ သူတို့ ကျိုးဟန် ကို အကူအညီ တောင်းရသည့် အကြောင်းရင်း ပင်ဖြစ်သည်။ ကျိုးဟန် ၏ အကူအညီ ဖြင့် သူတို့ အနေဖြင့် နောက်ဆုံး အချက် သာ တိုက်ခိုက်ပြီး ပိုမို မြင့်မားသော အဆင့် ကို ရယူနိုင်မည် ဖြစ်ရာ

ဂိမ်း ဆော့ခိုင်းသကဲ့သို့ ပင်ဖြစ်သည်။

ကျိုးဟန် က ကြယ် ၁ ပွင့် ဘုရင် အဆင့် မွန်းစတား တစ်ကောင် ကို တွေ့ရုံဖြင့် ဤမျှ စိတ်လှုပ်ရှားနေကြသော သူတို့ကို ကြည့်ကာ ဘာပြောရမှန်း မသိတော့ပေ။

All Chapters