အခန်း ၁၆၅
Vol. 17 Ch. 165
အခန်း (၁၆၅) အဆင့်မြှင့်တင်ခြင်း
ဒီလို အကောင်မျိုးကို သူ လေတစ်ချက် မှုတ်လိုက်ရုံနဲ့ အလွယ်တကူ သတ်ပစ်နိုင်ပြီး အချိန်ဖြုန်းနေသလိုပဲ ဖြစ်နေသည်။
"ဒါဆိုရင် ငါတို့ အတူတူ စွမ်းရည်တွေ သုံးကြရအောင် ဘယ်သူက အဆုံးသတ်နိုင်မလဲ ကြည့်ရအောင်လေ" ဂရေ့စ်က အကြံပေးလိုက်သည်။
"အင်း ငါ သဘောတူတယ်"
"ငါလည်း သဘောတူတယ်"
"ငါ သဘောမတူဘူး" ကျိုးဟန်က ဝင်ပြောလိုက်ပြီး ထို ပုရွက်ဆိတ်ဘုရင်ကို လွယ်လွယ်ကူကူပင် ချက်ချင်း သတ်ပစ်လိုက်လေသည်။
မိန်းကလေး သုံးယောက်စလုံး ကြောင်အမ်းသွားကြသည်။ သူတို့က အခု ကြယ်ရောင်အဆင့်မှာပဲ ရှိသေးပြီး အစွမ်းထက်ဆုံး ဘုရင်အဆင့်ကို အရမ်း တက်ချင်နေကြသည် မဟုတ်ပါလား။ ဒါကြောင့် ကျိုးဟန်ကို နားမလည်နိုင်သည့် မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြလေသည်။
"အချိန်က တစ်နာရီပဲ ရတာ မင်းတို့က အရမ်း နှေးလွန်းတယ် ခဏနေရင် အဆင့်ပိုမြင့်တဲ့ ကောင်တွေကို ရှာပြီး မင်းတို့ကို အဆုံးသတ်ခိုင်းမယ်" ကျိုးဟန်က ဤစကားကို ချန်ရစ်ခဲ့ပြီး မြေပုံ၏ အတွင်းပိုင်းသို့ တည့်တည့် လျှောက်သွားလိုက်လေသည်။
"ပိုမြင့်တဲ့ အဆင့်လား... ဘယ်လောက်တောင် မြင့်မှာလဲ" ဂရေ့စ်၏ မျက်လုံးများ တောက်ပသွားသည်။
"ကြယ် ၁၀ ပွင့် ဘုရင်အဆင့်လောက် ရှိမယ် ထင်တယ် အဲဒီထက် မြင့်ရင်တော့ စိတ်ကူးကြည့်လို့တောင် မရတော့ဘူး" နီနာက ခန့်မှန်းလိုက်သည်။
"တကယ်လို့များ ကြယ် ၁၀ ပွင့် ဘုရင်အဆင့် ဖြစ်လာနိုင်မယ်ဆိုရင် ဒီပိုက်ဆံတွေ ပေးရတာ တကယ်ကို တန်လွန်းတယ် အမြတ်တွေ အများကြီး ထွက်မှာပဲ" ဝမ်နီက ပြောပြီး ကျိုးဟန်၏ နောက်သို့ တန်းစီကာ လိုက်သွားလေသည်။
အပြင်ဘက် နယ်မြေမှာ အမြင့်ဆုံးက ကြယ် ၇ ပွင့် ဘုရင်အဆင့် မွန်းစတားတွေလောက်သာ ရှိလေသည်။ ကျိုးဟန် တွေ့သမျှ အကောင်တိုင်းကို အကြည့်တစ်ချက်ဖြင့်ပင် ချက်ချင်း သတ်ပစ်လိုက်သည်။ သူ သွားရာလမ်းတစ်လျှောက် အားလုံးကို ချက်ချင်းသတ်ပစ်နိုင်ပြီး အလုပ်ဖြစ်နှုန်းက အရမ်း မြန်လွန်းလှသဖြင့် မိန်းကလေး သုံးယောက်စလုံး အံ့အားသင့်သွားကြလေသည်။
"ကိုကြီးဟန်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက တကယ်ကို ကောင်းတာပဲ"
"ဒီတစ်လမ်းလုံး လာတာတောင် နည်းနည်းလေးမှ မပင်ပန်းဘူး"
"သူ့ရဲ့ ဗိုက်ကြွက်သားတွေက အရမ်းမိုက်တာပဲ"
မိန်းကလေး သုံးယောက်၏ လှပသော မျက်လုံးများက ကျိုးဟန်၏ ကိုယ်ပေါ်တွင် အဆက်မပြတ် ရစ်ဝဲနေပြီး အကြည့်များကို မခွာနိုင်အောင် ဖြစ်နေကြလေသည်။ အားလုံးက မျက်နှာများ နီရဲကာ ရဲတင်းသော စကားများကို ပြောဆိုနေကြပြီး ကျိုးဟန်၏ ယောက်ျားပီသမှုက သူမတို့ကို နက်ရှိုင်းစွာ ဆွဲဆောင်ထားလေသည်။
စနစ် သတိပေးချက် - သင်သည် ကြယ် ၅ ပွင့် ဘုရင်အဆင့် မွန်းစတား ပေါက်ကွဲ အရိပ်ကြွက် ကို သတ်ဖြတ်လိုက်ပါသည်
စနစ် သတိပေးချက် - သင်သည် ၎င်း၏ အဆင့်ကို ဆက်ခံရရှိပြီး သင်၏ အဆင့်သည် ကြယ် ၅ ပွင့် ဘုရင်အဆင့်သို့ ရောက်ရှိသွားပါသည်
စနစ် သတိပေးချက် - သင်သည် ကြယ် ၅ ပွင့် ဘုရင်အဆင့် မွန်းစတား ပေါက်ကွဲ အရိပ်ကြွက် ကို သတ်ဖြတ်လိုက်ပါသည်
စနစ် သတိပေးချက် - သင်သည် ကြယ် ၇ ပွင့် ဘုရင်အဆင့် မွန်းစတား တိုက်တန်အသေးစား ကို သတ်ဖြတ်လိုက်ပါသည်
စနစ် သတိပေးချက် - သင်သည် ၎င်း၏ အဆင့်ကို ဆက်ခံရရှိပြီး သင်၏ အဆင့်သည် ကြယ် ၇ ပွင့် ဘုရင်အဆင့်သို့ ရောက်ရှိသွားပါသည်
"ဟူး... အခုထိ အရမ်း နှေးနေတုန်းပဲ အခုမှ ကြယ် ၇ ပွင့် ဘုရင်အဆင့်ပဲ ရှိသေးတယ်" ကျိုးဟန်က သက်ပြင်းချလိုက်လေသည်။ တကယ့် စွမ်းအားနှင့် ယှဉ်ကြည့်လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းအားက ကြယ် ၁၀၀ ပွင့် ဘုရင်အဆင့်ထက် အများကြီး ပိုမြင့်မည်ဟု သူ ထင်ထားသည်။
ဘာလို့ ဒီလိုပြောနိုင်ရတာလဲဆိုလျှင် အလကား ကြွားနေခြင်း မဟုတ်ဘဲ ခိုင်လုံသော အကြောင်းပြချက် ရှိသောကြောင့်ဖြစ်သည်။ ဧကရာဇ် နန်းတော် အပျက်အစီး ထဲတွင် ဧကရာဇ်၏ ဖိအားကြောင့် တချို့ အစွမ်းထက်သော သူများ၏ တိုက်ခိုက်ရေးစွမ်းအားက ကြယ် ၁၀၀ အောက်ကို ကျဆင်းသွားသည်။ ကျိုးဟန်က ယန်ပေထျန်း လို အစွမ်းထက်သည့်သူကို လွယ်လွယ်ကူကူ သတ်ပစ်နိုင်ခဲ့သည်ဆိုတော့ သူ့၏ စွမ်းအားက ကြယ် ၁၀၀ ပွင့် ဘုရင်အဆင့်ထက် ပိုမြင့်သည်မှာ သေချာလှသည်။
ဒါကြောင့် ကျိုးဟန်က အများကြီး မတွေးတော့ဘဲ အရင်ဆုံး ကြယ် ၁၀၀ အထိ အရင် တင်မည်ဟု ဆုံးဖြတ်လိုက်လေသည်။
"ဒီအတိုင်းဆိုရင် အဆင်မပြေဘူး ကြယ် ၁၀၀ အထိ ရောက်ဖို့ အချိန်တွေ အများကြီး ကုန်လိမ့်မယ် တစ်နာရီဆိုတာ လုံးဝ မလောက်ဘူး"
ကျိုးဟန်က အလယ်ဗဟိုကို တိုက်ရိုက် ပျံသန်းသွားရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။ ဒီလိုလုပ်လျှင် လမ်းပိတ်နေသော မွန်းစတားများ သိပ်မရှိတော့သည့်အပြင် အစွမ်းထက်သော မွန်းစတားများကိုလည်း တိုက်ရိုက် သတ်ပစ်နိုင်မည်ဖြစ်သည်။
"ငါတို့ အခု အလယ်ဗဟိုကို သွားမယ် မင်းတို့ကို တိုက်ရိုက် ခေါ်ပျံသွားမယ်" ကျိုးဟန်က ပြောလိုက်သည်။
"ပျံသွားမယ်... ကိုကြီးဟန် ဆီမှာ ပျံသန်းနိုင်တဲ့ မှော်လက်နက် ရှိလို့လား" ဝမ်နီက အံ့အားသင့်စွာ မေးလိုက်လေသည်။
"မှော်လက်နက်နဲ့မှ ရမယ်လို့ ဘယ်သူပြောလဲ စွမ်းရည်နဲ့ မရဘူးလား"
"အခု ငါ့ကို တင်းတင်းဖက်ထား မင်းတို့ကို ခေါ်ပျံသွားမယ်"
"အို... ကျွန်မတို့ သုံးယောက်လုံးကို ခေါ်ပြီး ရှင် ပျံနိုင်ပါ့မလား" ဂရေ့စ်က စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။
"မင်းက ကြောင်မလေးပဲလေ ဝက်မလေးမှ မဟုတ်တာ ဘာလို့ မပျံနိုင်ရမှာလဲ"
ကျိုးဟန်၏ စကားကို ကြားသောအခါ မိန်းကလေး သုံးယောက်လုံး ရယ်မောသွားကြပြီး ကျိုးဟန်၏ ခန္ဓာကိုယ်ကို တလိုတလား ဖက်လိုက်ကြလေသည်။ ဤကဲ့သို့သော အထိအတွေ့မျိုးကို သူမတို့က လုံးဝ မငြင်းပယ်ကြပေ။
မကြာခင်မှာပင် ကျိုးဟန်က ဘယ်ညာ ဖက်ထားပြီး ဂရေ့စ်က အလယ်တွင် တွယ်ကပ်နေကာ လေပြင်းများ တိုက်ခတ်လာပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။
"ကျိုးဟန် ဒီအရိုင်းအစိုင်းက ဒီလောက် မြန်မြန် လှုပ်ရှားနေပြီပဲ" ယွီရီနှင့် ကုတယ်တို့က အဝေးကနေ စောင့်ကြည့်နေရင်း ရင်ထဲမှာ မကျေမနပ် ဖြစ်နေကြလေသည်။
"ဟဲဟဲ... သူသွားတဲ့ လမ်းကြောင်းကို ကြည့်ရတာ အလယ်ဗဟိုကို ပျံသွားမလို့ ထင်တယ် ငါတို့ရဲ့ အစီအစဉ်အတွက် ပိုတောင် အဆင်ပြေသေးတယ်"
"ကောင်းပြီ အခု သူ့ရဲ့ သေမယ့်အချိန် ရောက်ပြီပဲ"
...
"ကွီး... ကွီး... ကွီး"
ကောင်းကင်မှာ မွန်းစတားတွေ သိပ်မရှိပေမယ့် တချို့တလေတော့ တွေ့ရသေးသည်။ အခု ကျိုးဟန်၏ ရှေ့တွင် အသံသြသြများဖြင့် အော်ဟစ်နေသော ငှက်မွန်းစတား အုပ်တစ်အုပ် ရှိနေလေသည်။
"ဒါက လူမျက်နှာ စစ်တိုက်ငှက် မွန်းစတား ပဲ ကြယ် ၁၀ ပွင့် ဘုရင်အဆင့် ရှိပြီး လင်းယုန် လက်သည်းတွေက အရမ်း ထက်မြက်တယ်" နီနာက ရှင်းပြရင်း သူမ၏ မျက်လုံးများထဲတွင် ဝမ်းသာမှုများ ဖြတ်ပြေးသွားလေသည်။
"ကိုကြီးဟန်... ကျွန်မတို့ကို ကူညီပါဦး ဒါတွေကို သတ်နိုင်ရင် ကျွန်မတို့က ကြယ် ၁၀ ပွင့် ဘုရင်တွေ ဖြစ်သွားပြီ" ဂရေ့စ်က စိတ်လှုပ်ရှားလွန်းသဖြင့် ကျိုးဟန်၏ နားနားကပ်ပြီး ချွဲနွဲ့ကာ ပြောလိုက်လေသည်။
"ဟွန့်... မင်းတို့က အရည်အချင်းကို မရှိတာ ကြယ် ၁၀ ပွင့် ဘုရင်အဆင့်လေးနဲ့ကိုများ"
"ငါက မင်းတို့ကို ခေါ်သွားမှာဆိုတော့ ကြယ် ၁၀၀ ပွင့် ဘုရင်လို့ မပြောရင်တောင် အနည်းဆုံး ကြယ် ၉၀ ပွင့် ဘုရင်တော့ ဖြစ်ရမှာပေါ့" ဝမ်နီလည်း စိတ်ဝင်စားနေသည့် ပုံပေါက်နေသည်ကို မြင်တော့ ကျိုးဟန်က ရယ်ချင်စိတ်ဖြင့် ပြောလိုက်လေသည်။
"ကြယ်... ကြယ် ၁၀၀ ပွင့် ဘုရင် လား"
"ကိုကြီးဟန် နောက်နေတာ မဟုတ်ဘူးမလား"
"ကိုကြီးဟန်က ဆိုးတယ်နော် ကျွန်မတို့ကို ထပ်စနေပြန်ပြီ"
မိန်းကလေး သုံးယောက်လုံး လုံးဝ မယုံကြည်ကြဘဲ ကျိုးဟန်၏ ရင်ခွင်ထဲတွင် ရယ်မောလူးလွန့်နေကြလေသည်။
ဒါပေမယ့် ကျိုးဟန်ကတော့ သိပ်မသက်သာလှပေ။ သူမတို့၏ ခန္ဓာကိုယ်များက ပွတ်တိုက်နေသဖြင့် သူ၏ စိတ်များက နည်းနည်း လှုပ်ရှားလာလေသည်။ အခုက ပျံသန်းနေတုန်းဆိုတော့ လွှတ်ချလိုက်လို့လည်း မရပေ။
"အားလုံး ငြိမ်ငြိမ်နေစမ်း လျှောက်မလှုပ်နဲ့"
"မဟုတ်ရင် ငါ စိတ်လိုက်မာန်ပါ လုပ်မိလိမ့်မယ်နော်" ကျိုးဟန်က အပူဓာတ်ကို အတင်း ဖိနှိပ်ထားရင်း အသက်ရှူမြန်လာကာ တည်တည်ငြိမ်ငြိမ် သတိပေးလိုက်လေသည်။
"ကိုကြီးဟန် စိတ်လိုက်မာန်ပါ လုပ်မယ်ဆိုတာ ဘာလဲဟင် ကျွန်မ ခံစားကြည့်ချင်တယ်"
"ဟီးဟီး... လုပ်ပြပါဦး"
သူမတို့က လုံးဝ မကြောက်ကြဘဲ ကျိုးဟန်ကို ရဲရဲတင်းတင်း စနောက်ရင်း ရယ်မောနေကြလေသည်။
"ကိုကြီးဟန် ဒီလိုမျိုးလား" မြေခွေးမလေး ပီပီ ဝမ်နီက အရဲတင်းဆုံးပင် ဖြစ်သည်။ သူမက ကျိုးဟန်၏ အင်္ကျီထဲကို လက်ထည့်လိုက်ပြီး...
ကျိုးဟန်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး လေထဲကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားရလေသည်။
"မြန်မြန် လက်ဖယ်စမ်း" သူက ဆူပူလိုက်လေသည်။
"ဟီးဟီး..." ဝမ်နီက ရယ်ရုံပဲ ရယ်ပြီး မကောင်းသော လက်ကို မဖယ်ရှားပေ။
"မိန်းမ... မင်းက မီးနဲ့ ကစားနေတာပဲ" ကျိုးဟန်က မျက်လုံးကို မှေးလိုက်ရာ အလွန် အန္တရာယ်များသော အလင်းတန်းများ ထွက်ပေါ်လာလေသည်။ အရေးကြီးသည့် ကိစ္စများ မရှိဘူးဆိုလျှင် သူ အခုချက်ချင်း မြေပြင်ကို ဆင်းပြီး ဝမ်နီကို ချက်ချင်း ပညာပေးပစ်လိုက်မည်ဖြစ်သည်။
အတင်းအကျပ် သည်းခံရင်း ကျိုးဟန်က နောက်ဆုံးတော့ အလယ်ဗဟိုကို ရောက်လာလေသည်။
"ဖြန်း"
"ဖြန်း"
"ဖြန်း"
မြေပြင်ပေါ်ကို ရောက်ရောက်ချင်း ကျိုးဟန်က ဝမ်နီ၏ ပြည့်ဖြိုးသော တင်ပါးပေါ်သို့ သုံးချက် ဆက်တိုက် ရိုက်ချလိုက်ပြီး သူမကို ပြင်းပြင်းထန်ထန် ဆုံးမလိုက်လေသည်။ ဒါပေမယ့် ဝမ်နီက မျက်နှာနီရဲနေပြီး သာယာနေသည့် ပုံစံပေါက်နေသဖြင့် ကျိုးဟန်အနေဖြင့် ဝါဂွမ်းကို လက်သီးဖြင့် ထိုးလိုက်ရသလို ခံစားလိုက်ရလေသည်။
နောက်မှ အချိန်ရရင် ကျိုးဟန်အနေဖြင့် ကြာပွတ်ဖြင့် ရိုက်ဖို့တောင် ဝန်လေးမှာ မဟုတ်ပေ။
...
"ဟင်... စမ်းသပ်မှု လုပ်ဖို့ လူသစ်တွေ ထပ်ရောက်လာပြန်ပြီလား"
"ကျွတ်ကျွတ်ကျွတ်... သတ္တိက မသေးဘူးပဲ အလယ်ဗဟိုကို လာရဲတယ် ဒီနေရာမှာ အညံ့ဆုံး မွန်းစတားတောင် ကြယ် ၅၀ ပွင့် ဘုရင်အဆင့် ရှိတယ်"
"မနှစ်က စမ်းသပ်မှု တုန်းက ငါ ဒီနေရာမှာ သေလုနီးပါး ဖြစ်ခဲ့တာ မှတ်မိသေးတယ်"
"သောက်ကျိုးနည်း... အလှလေး သုံးယောက်တောင် ခေါ်လာတယ် လမ်းလျှောက် ထွက်လာတယ် ထင်နေလား"
"ဒီလောက်လှတဲ့ အလှလေးတွေ ဒီလိုမျိုး အသက်ဆုံးရှုံးသွားမှာကို ငါ တကယ် နှမြောတယ်"
"ဟုတ်တယ် ငါလည်း စိတ်မကောင်းဘူး ငါတို့ အတူတူ သွားကယ်ကြရအောင်"
"မိုက်တယ် ညီအစ်ကိုတို့ သွားကြစို့"
တောအုပ်ထဲတွင် ယောက်ျားသုံးယောက် ရှိနေပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မျက်လုံးများထဲတွင် မကောင်းသော အလင်းတန်းများ တောက်ပနေလေသည်။ အထူးသဖြင့် နီနာ၊ ဝမ်နီနှင့် ဂရေ့စ်တို့လို ပြိုင်ဘက်ကင်း အလှလေးများကို မြင်သောအခါ သူတို့ သွားရည်ကျလာပြီး အကြည့်တွေ မခွာနိုင်တော့ပေ။
ဒီလို နေရာမျိုးမှာ မကောင်းတဲ့ ကိစ္စတွေ လုပ်ရင်တောင် ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူးလေ။