အခန်း ၁၆၇
Vol. 17 Ch. 167
အခန်း (၁၆၇) ဗဟုသုတ ကျောက်မျက်
ယခုဖြစ်ပျက်နေသည့် အခြေအနေကို အကဲမခတ်တတ်သူများအဖို့ ဤစကားဝိုင်းသည် မည်သို့သော အဓိပ္ပာယ်သက်ရောက်မည်ကို မတွေးရဲစရာပင်။
တကယ်တမ်းမှာမူ ထိုမိန်းကလေး သုံးဦးမှာ ကျိုးဟန်အား မိမိတို့အတွက် သွေးနည်းနည်းသာကျန်ရှိတော့သည့် မွန်းစတားများကို ချန်ထားမပေးခဲ့သဖြင့် စိတ်ကောက်နေကြခြင်းသာ ဖြစ်သည်။
"ကိုကြီးဟန် ဒီ ရွှေအကြေးခွံ ခြင်္သေ့ဘုရင် ကို မသတ်လိုက်ပါနဲ့ဦး သွေးနည်းနည်းပဲကျန်အောင် ချန်ထားပေးပါ ကျွန်မကို အဆုံးသတ်ခွင့်ပေးပါ"
ဝမ်နီက သွေးအိုင်ထဲတွင် လဲကျနေသော ၉၈ ပွင့် မွန်းစတားကို ကြည့်ကာ အလျင်အမြန် တောင်းဆိုလိုက်လေသည်။
"ငါလည်း လုပ်ပေးချင်တာပေါ့"
"ဒါပေမဲ့ သူက ငါ့ရဲ့ သာမန်တိုက်ခိုက်မှုကိုတောင် မခံနိုင်တာ ငါ ဘာတတ်နိုင်မှာလဲ" ကျိုးဟန်က အားမလိုအားမရ ဖြစ်စွာဖြင့် ပြန်ပြောလိုက်သည်။
လက်ရှိတွင် စစ်မှန်သော နတ်နဂါး သွေးမျိုးဆက် မှာ ၂၀ ရာခိုင်နှုန်းကျော်အထိ စုပ်ယူပြီးဖြစ်သဖြင့် အဆ ၂၀ ကျော်လွန်သော တိုက်ခိုက်မှု ထိခိုက်မှုကို ရရှိထားရာ ၉၈ ပွင့် ဘုရင်အဆင့် မွန်းစတားများမှာ သူ့ရှေ့တွင် စက္ကူကဲ့သို့ လွယ်လွယ်ကူကူ ပျက်စီးသွားရလေသည်။
"ကိုကြီးဟန် ရှင် ပြောတာက လူတွေ နားလည်နိုင်တဲ့ စကားရော ဟုတ်ရဲ့လား" နီနာက သူမ၏ လှပသော မျက်လုံးများကို မှိတ်ချကာ စိတ်ပျက်စွာ ဆိုသည်။ ဂရေ့စ်ကလည်း "ရှင်က လူတွေကို အရမ်း စိတ်ဓာတ်ကျအောင် လုပ်တာပဲ" ဟု ထပ်လောင်း ပြောဆိုလိုက်သည်။
ကျိုးဟန်ကတော့ ရယ်ရုံသာ ရယ်ပြပြီး အများကြီး ဆက်မပြောတော့ပေ။ ခဏအကြာတွင် ၉၀ ကျော် ဘုရင်အဆင့် မွန်းစတားအုပ်စုတစ်စုနှင့် ထပ်မံတွေ့ဆုံလိုက်ရာ သူတို့အတွက် အခွင့်အရေး ရရှိသွားလေသည်။
"ဝိုး ကျွန်မရဲ့ အဆင့်က ၉၆ ပွင့် ဘုရင်အဆင့် ရောက်သွားပြီ" ဂရေ့စ်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ သူမက အခွင့်အရေးကို ဆုပ်ကိုင်ပြီး အလျင်အမြန် တိုက်ခိုက်ကာ သွေးနည်းနည်းသာကျန်တော့သည့် မွန်းစတား၏ ခေါင်းကို အဆုံးသတ်လိုက်သည်။
"ကိုကြီးဟန် ကျွန်မကိုလည်း ပေးပါဦး မြန်မြန်ပေးပါ" ဝမ်နီက ဂရေ့စ်၏ အဆင့် တက်သွားသည်ကို မြင်တော့ မနာလိုဖြစ်သွားပြီး ကျိုးဟန်၏ လက်မောင်းကို ဖက်ကာ ချွဲနွဲ့လိုက်သည်။
၉၀ ကျော် ဘုရင်အဆင့် ဆိုသည်မှာ သူတို့၏ တကယ့်စွမ်းအားထက် ပိုမိုမြင့်မားသဖြင့် ရရှိလာမည့် အကျိုးကျေးဇူးမှာ အလွန်ကြီးမားလှသည်။
"ကျွန်မကိုလည်း ပေးပါ ကျွန်မကိုလည်း ပေးပါ" နီနာက ပုံမှန်ဆိုလျှင် ရင့်ကျက်တည်ငြိမ်သူ ဖြစ်ပေမယ့် အဆင့်မြင့်တက်နိုင်မည့် အခွင့်အရေးကို မြင်တော့ ရှက်ရွံ့နေရန် အချိန်မရှိတော့ပေ။ သူမက ကျိုးဟန်၏ နောက်ထပ် လက်မောင်းတစ်ဖက်ကို ဖက်တွယ်လိုက်ပြီး မျှော်လင့်ချက်အပြည့်နှင့် ကြည့်လိုက်သည်။ နီနာ၏ ပြည့်ဖြိုးမှုမှာ ဝမ်နီထက် ပိုမိုထင်ရှားနေသဖြင့် ကျိုးဟန်မှာ စိတ်တွေ လှုပ်ရှားသွားရလေသည်။
"မင်းတို့ ဒီလို ဘယ်ညာ ဖက်ထားရင် ငါက ဘယ်လိုလုပ် မွန်းစတားတွေကို တိုက်ရိုက် တိုက်ခိုက်လို့ ရမှာလဲ" ကျိုးဟန်က စိတ်မရှည်သလိုလိုဖြင့် ပြောလိုက်သည်။
"ရှင်က မျက်လုံးနဲ့ပဲ တိုက်ခိုက်လို့ ရတာမဟုတ်ဘူးလား ရှင်သုံးတဲ့ စွမ်းရည် က အရမ်း မိုက်တယ်" ဝမ်နီက ချွဲနွဲ့စွာ ပြုံး၍ ပြောသည်။
"တောင်းပန်ပါတယ် အဲဒါက စွမ်းရည် လေ အသုံးပြုလိုက်တာနဲ့ ချက်ချင်းသေသွားမှာ ဘယ်လိုလုပ် သွေးနည်းနည်း ကျန်မှာလဲ"
"အာ ကျွန်မ မေ့သွားတယ်"
ထို့နောက် ကျိုးဟန်က မွန်းစတားနှစ်ကောင်ပေါ်တွင် ဓားဖြင့် အသာလေး ခုတ်လိုက်သည်။ တစ်ခုခု မှားယွင်းသွားမည်ကို စိုးရိမ်သဖြင့် သေသွားမှာကို ကြောက်သောကြောင့်ဖြစ်သည်။
"ရပြီ တိုက်လိုက်ကြတော့"
"တစ်ခုက ၉၈ ပွင့် တစ်ခုက ၉၅ ပွင့် ဘယ်လိုအဆင့် ရမလဲဆိုတာကတော့ မင်းတို့ရဲ့ ကံတရားပေါ်မှာပဲ မူတည်တယ်"
ကျိုးဟန်က သေလုနီးပါး ဖြစ်အောင် လုပ်ပေးပြီးနောက် ပြုံးကာ ပြောလိုက်သည်။ သူမတို့အနေဖြင့် အဆင့်မြင့် မွန်းစတားများကို အကဲဖြတ်ရန် ခက်ခဲသောကြောင့် ကျိုးဟန်က ကြိုတင်သတိပေးလိုက်ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ဝမ်နီက ၉၅ ပွင့်ကို ရရှိပြီး နီနာက ၉၈ ပွင့်ကို ရရှိသွားသည်။ ကျိုးဟန်၏ ကြိုးစားပေးမှုကြောင့် မိန်းကလေး သုံးယောက်စလုံး ကျေနပ်သွားကြသည်။
ကျိုးဟန်ကတော့ အလယ်ဗဟိုသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ၁၀၀ကြယ် ပွင့် ဘုရင်အဆင့် မွန်းစတားတစ်ကောင်မျှ မတွေ့ရသေးသဖြင့် စိတ်မကျေမနပ်ဖြစ်နေသည်။
ရုတ်တရက်...
"စနစ် သတိပေးချက် - သင်သည် ဘုရင် သလင်းကျောက် အပိုင်းအစ ၁ ခု ရရှိပါသည်"
"စနစ် သတိပေးချက် - သင်သည် ဘုရင် သလင်းကျောက် အပိုင်းအစ ၁ ခု ရရှိပါသည်"
"စနစ် သတိပေးချက် - သင်သည် ဗဟုသုတ ကျောက်မျက် ၁ ခု ရရှိပါသည်"
နောက်ဆုံး သတိပေးသံကို ကြားလိုက်ရတော့ ကျိုးဟန်၏ မျက်လုံးများ တောက်ပသွားသည်။ "ဒါက ကျောက်မျက်တစ်ခုပဲ ဒါက အရမ်း မိုက်တဲ့ ပစ္စည်းပဲ ငါ့ရဲ့ကံတရား က ဒီနေ့ တကယ်ကို ကောင်းလွန်းတယ်"
ကျိုးဟန်က ဗဟုသုတ ကျောက်မျက်ကို အဆင့် ၁၀ ကြိမ်မြှင့်တင်လိုက်ပြီးနောက် အချက်အလက်များမှာ အံ့အားသင့်ဖွယ် ဖြစ်လာလေသည်။
ဗဟုသုတ ကျောက်မျက် (၁၀ ကြိမ်မြှင့်)
အရည်အသွေး - ဘုရင် အဆင့်
အမျိုးအစား - အကူအညီ ပေးခြင်း
ဖော်ပြချက် - သဘာဝ ကျောက်မျက် ဖြစ်ပြီး လျှို့ဝှက်တဲ့ စွမ်းအား တွေ ပိတ်လှောင်ထားသည်။
အကျိုးသက်ရောက်မှု - ၃ မီတာအတွင်းမှာ ရှိတဲ့ မိတ်ဖက်အားလုံးက ပိုင်ရှင်ရဲ့ စွမ်းအားအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို ရရှိမယ် ပြီးတော့ ပိုင်ရှင်ရဲ့ စွမ်းရည်တစ်ခုခုကို တစ်ခါ အသုံးပြုခွင့်ရမယ် စွမ်းရည် ပြန်လည်အသုံးပြုရန်ကြာချိန် ၈ နာရီ။ (ဒီ အကျိုးသက်ရောက်မှု ကို ပိုင်ရှင် ခွင့်ပြုမှသာ စတင်မှာ ဖြစ်သည်)
ရှင်းလင်းချက် - စိုက်ထည့်ထားတဲ့ လက်နက် က ဘုရင် အဆင့် အောက် မနိမ့်ရဘူး။
ဤအဆင့်မြှင့်တင်မှုမှာ အလွန်အစွမ်းထက်လှသည်။ ထို့နောက် ကျိုးဟန်က မိမိ၏ လက်ရှိအချက်အလက်များကို စစ်ဆေးကြည့်လိုက်ရာ-
လေပြင်း ဓားနတ်ဆိုး - ကျိုးဟန်
တိုက်ခိုက်ရေး စွမ်းအား အကဲဖြတ်မှု - ၉၈ ပွင့် ဘုရင်အဆင့်
သွေးပမာဏ ငါးသန်းနီးပါး တိုက်ခိုက်မှု ရှစ်သိန်းကျော်ရှိပြီး အကာအကွယ်မှာမူ ဘုရင်အမှတ်အသား၏ အကျိုးသက်ရောက်မှုကြောင့် တိုက်ခိုက်မှုထက်ပင် ပိုမိုများပြားနေသည်။
ကျိုးဟန်မှာ စိတ်ဓာတ်များ တက်ကြွနေပြီး အစွမ်းထက်ဆုံး ဘုရင်အဆင့် ၅၀၀ သို့ ရောက်ရှိရန် ရည်မှန်းချက်ဖြင့် စတင်ရိတ်သိမ်းတော့သည်။
"ကိုကြီးဟန် နည်းနည်းလေး ဖြည်းဖြည်းလုပ်ပါ အားသိပ်မစိုက်ပါနဲ့"
"ဟုတ်တယ် နူးနူးညံ့ညံ့ မလုပ်နိုင်ဘူးလား"
မိန်းကလေးသုံးယောက်၏ စကားကြောင့် ကျိုးဟန်မှာ ခေါင်းခါရုံသာ တတ်နိုင်တော့သည်။