← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈) သားရဲတပ်မက်မှု အမွှေးနံ့သာ

ဒီအကြောင်းအရာကို ဖတ်ပြီးနောက် ကျိုးဟန် အလွန်ကျေနပ်သွားလေသည်။ ချက်ချင်းပင် ကျောက်မျက်ကို စိုက်ထည့်လိုက်သည်။

အရင်က (၆ ကြိမ်မြှင့်) ကို အသုံးပြုထားသဖြင့် ကြယ်နက္ခတ် လက်စွပ် ပေါ်တွင် အပေါက် နှစ်ပေါက် ရှိနေပြီး ယခု အပိုပေါက်လေးမှာ အသုံးဝင်သွားလေသည်။

အစိမ်းရောင် အလင်းတန်း တစ်ခု တောက်ပလာပြီးနောက် စနစ်၏ သတိပေးသံ ထွက်ပေါ်လာလေသည်။

"စနစ် သတိပေးချက် - သင်၏ ဗဟုသုတ ကျောက်မျက် စိုက်ထည့်ခြင်း ပြီးဆုံးပြီး အကျိုးသက်ရောက်မှု အသက်ဝင်ပါပြီ"

"စနစ် သတိပေးချက် - သင်နှင့် ၀.၁ မီတာ အကွာတွင် မိတ်ဖက် သုံးဦး ရှိနေသည်ကို တွေ့ရှိရပါသည်"

"စနစ် သတိပေးချက် - သူမတို့အား အကူအညီ ပေးသည့် အကျိုးသက်ရောက်မှု ကို ပေးအပ်မည်လား"

"ပေးအပ်မယ်" ကျိုးဟန်က ခေါင်းညိတ် သဘောတူလိုက်သည်။ ပေးအပ်လိုက်ရုံဖြင့် အရင်းအမြစ်များ ကုန်ဆုံးသွားစရာ မလိုသဖြင့် မည်သို့သော အကျိုးသက်ရောက်မှု ရှိသည်ကို စမ်းသပ်ကြည့်လိုခြင်း ဖြစ်သည်။

"အို... ကျွန်မ ခန္ဓာကိုယ်ထဲကို သန့်စင်တဲ့ စွမ်းအားတွေ စီးဝင်လာသလိုပဲ" ဂရေ့စ်က ရှက်ရွံ့စွာ ပြောလိုက်သည်။ ၎င်းမှာ ထူးခြားဆန်းပြားသော စွမ်းအား တစ်ခု ဖြစ်သဖြင့် သူမ မူးယစ်တပ်မက်သွားလေသည်။

"ကိုကြီးဟန်... ဒါက ကိုကြီးရဲ့ စွမ်းအားတွေလား" နီနာကလည်း ထိုစွမ်းအားကို ခံစားမိပြီး သူ၏ ပေါင်တံသွယ်သွယ်လေးများကို အလိုအလျောက် စုစည်းလိုက်ကာ ချွဲနွဲ့စွာ ပြောလိုက်သည်။

"ကိုကြီးဟန်... အရမ်းဆိုးတာပဲ ကျွန်မတို့ ခွင့်မပြုဘဲနဲ့ ဒီလိုလုပ်ရသလား" ဝမ်နီက ရှက်ရွံ့စွာဖြင့် ပြောသည်။ သူမ၏ မျက်လုံးများမှာ စိုစွတ်နေပြီး အနည်းငယ် စိတ်ဆိုးသလို ဖြစ်နေသည်။

"ငါ... ငါ ဘာလုပ်မိလို့လဲ" ကျိုးဟန်က သံသယဖြင့် မေးလိုက်သည်။ သူ လုပ်လိုက်တာက ဗဟုသုတ ကျောက်မျက် ရဲ့ အကျိုးသက်ရောက်မှုကို မျှဝေပေးတာပဲ မဟုတ်လား။ ဘာကြောင့် သူမတို့က သူ့ကို တစ်ခုခု လုပ်ထားသလိုမျိုး ပုံစံဖြင့် ကြည့်နေကြတာလဲ။

"ဆိုးလိုက်တာ... ရှင်က လိမ်နေသေးတယ်" ဝမ်နီ၏ မျက်နှာ နီရဲသွားပြီး သူ၏ လက်သီးလေးဖြင့် ထိုးလိုက်လေသည်။

"ကိုကြီးဟန်... ရှင် ဒီလိုမျိုး လူစားမျိုးလို့ မထင်ထားဘူး လုပ်ထားပြီးတော့လည်း ဝန်မခံရဲဘူးပေါ့" နီနာကလည်း မကျေနပ် ပြောလိုက်သော်လည်း သူမ၏ မျက်လုံးထဲတွင် အချစ်ရောင်များ ပိုမို ရစ်ဝဲလာသည်။

"ကိုကြီးဟန်... ရှင် ကျွန်မတို့အတွက် တာဝန်ယူပေးရမယ်နော်" ဂရေ့စ်က ကျိုးဟန်၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

"ငါက ဗဟုသုတ ကျောက်မျက် ရဲ့ အကျိုးသက်ရောက်မှုကိုပဲ မျှဝေပေးတာပါ ငါ တကယ် ဘာမှ မလုပ်ရသေးပါဘူး" ကျိုးဟန်က အလွန်တရာ အပြစ်ကင်းဟန်ဆောင်ကာ ရှင်းပြလိုက်သည်။

"မယုံဘူးဆိုရင် မင်းတို့ အချက်အလက်တွေကို ကြည့်ကြည့်လိုက်" ကျိုးဟန်က ချက်ချင်း လက်နက်ကို ဖြုတ်ချလိုက်ပြီး သူမတို့ကို စစ်ဆေးခိုင်းလိုက်သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို ရှင်းရှင်းလင်းလင်း ပြောပြမှသာ တော်ကာကျမည်ဖြစ်သည်။

"တကယ်ကြီးပဲ... ကိုကြီးဟန် မလိမ်ပါဘူး"

"ဒါပေမဲ့ ဘာလို့ ဒီလောက် ရှက်စရာကောင်းတဲ့ ခံစားချက်မျိုး ဖြစ်လာရတာလဲ"

"ဒါက ကိုကြီးရဲ့ ကိုယ်ခန္ဓာကနေ ကူးစက်လာတဲ့ စွမ်းအား ဖြစ်လို့ ဖြစ်မှာပေါ့"

"ဒါဆို ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာမှာ ကိုကြီးရဲ့ အနံ့အသက်တွေ အပြည့် ဖြစ်နေပြီပေါ့"

အမှန်တရားကို သိသွားသောအခါ မိန်းကလေး သုံးယောက်စလုံး ပို၍ပင် ပျော်ရွှင်သွားကြသည်။ ကျိုးဟန်ကို ကြည့်သော သူမတို့၏ အကြည့်များမှာ ပိုမို နူးညံ့သွားပြီး အမြီးလေးများမှာလည်း အလိုအလျောက် လှုပ်ရမ်းနေကာ မကောင်းသော အတွေးများ ဝင်ရောက်နေပုံ ရသည်။ သူတို့၏ စကားများကို ကြားပြီးနောက် ကျိုးဟန်လည်း ဗဟုသုတ ကျောက်မျက် ၏ စွမ်းအင် ပေးပို့ပုံ နည်းလမ်းကို နားလည်သွားသည်။

"နောက်ဆိုရင်တော့ ဒီ အကျိုးသက်ရောက်မှုကို လွယ်လွယ်နဲ့ မသုံးတော့ဘူး"

သူ၏ စွမ်းအင်ကို ရရှိသွားပါက သူမတို့သည် သူ့၏ အမှတ်အသားကို ရရှိသွားမည်ဖြစ်သည်။ အစောပိုင်းက သူ မသိခဲ့သော်လည်း ယခု သိသွားပြီ ဖြစ်၍ သတိထား၍ သုံးစွဲရတော့မည်။

"အခုမှ စမ်းသပ်ကြည့်လို့ တော်သေးတယ် မဟုတ်ရင် ဂိုဏ်းဝင်တွေနဲ့ အဖွဲ့ဖွဲ့တဲ့အခါ ဒီလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ"

သူ့ကို အချစ်ရောင်များဖြင့် ကြည့်နေကြသော ယောက်ျားများကို တွေးမိရင်း ကျိုးဟန် တစ်ကိုယ်လုံး ကြက်သီးထသွားလေသည်။

"ရှူး"

သူ တွေးတောနေစဉ်မှာပင် လေထဲတွင် အသံတချို့ ထွက်ပေါ်လာသည်။ အနက်ရောင် မြားချက် များ ဖြစ်ကြပြီး ထူးဆန်းသော စွမ်းအင် လှိုင်းများ ပါဝင်နေသည်။ သို့သော် အရှိန်မှာ အရမ်း မမြန်သဖြင့် ကျိုးဟန် အနည်းငယ် အံ့အားသင့်သွားသည်။ သူ မစစ်ဆေးရသေးမီမှာပင် မိန်းကလေး သုံးယောက်က စတင် တိုက်ခိုက်လိုက်လေသည်။

"ဘယ်သူလဲ ငါတို့ကို တိုက်ခိုက်ရဲတာ"

"ဒီလောက် နှေးတဲ့ အရှိန်နဲ့များ"

သူတို့က တိုက်ခိုက်လိုက်ရာ မြားများ ပျက်စီးသွားသော်လည်း အတွင်းမှ အနီရောင် မီးခိုးငွေ့ များ ထွက်ပေါ်လာသည်။

"ဒါ ဘာ မီးခိုးငွေ့လဲ နည်းနည်း ထူးဆန်းတယ် အနံ့လည်း မကောင်းဘူး" နီနာက စိုးရိမ်စွာ ပြောလိုက်သည်။

"အရင်ဆုံး အသက်ရှူရပ်ပြီး မီးခိုးတွေကို ဖယ်ထုတ်လိုက်"

"ဘယ်သူလဲ အပြင်ထွက်ခဲ့စမ်း" ဝမ်နီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဟဲဟဲ မီးခိုးတွေကို ဖယ်ထုတ်လိုက်ရင်ပဲ အလကား ဖြစ်သွားမယ် ထင်နေတာလား"

မကြာမီ အရိပ်တကြည့်ကြည့် နှင့် အသံ တစ်သံ ထွက်ပေါ်လာပြီး ကျိုးဟန်ကို အလွန် မုန်းတီးသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"ကုတယ်... နင်ပဲလား နင်က ဘာလို့ ထပ်ပေါ်လာရဲတာလဲ ကျိုးဟန် နင့်ကို မသတ်ရသေးလို့လား" ဂရေ့စ်က အံ့အားသင့်စွာ ပြောလိုက်သည်။

"ဟွန့် သေဖို့ နီးနေမှန်း မသိဘဲနဲ့ အသက်ကို မနည်း ကယ်တင်နေရတာတောင် တခြား ကိစ္စတွေကို တွေးနေနိုင်သေးတာလား"

"အရမ်း နှမြောဖို့ ကောင်းလိုက်တာ ဒီလို ပြိုင်ဘက်ကင်း အလှလေး တွေက မျက်စိရှင်သား မရှိဘဲ ကျိုးဟန် ကို ရွေးချယ်မိတာပဲ သူနဲ့အတူ သေလိုက်ကြတော့"

ယွီရီ က ငါးခေါင်း ကို ခါယမ်းကာ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုစိတ် များဖြင့် ပြောလိုက်လေသည်။

"ကောင်းပြီ နင်တို့ နှစ်ယောက် တကယ်ကို မသေရဲဘဲ ငါတို့ကို အကွက်ချ တိုက်ခိုက်ရဲတယ်ပေါ့"

"ဒီ အနီရောင် မီးခိုးငွေ့ တွေလောက်နဲ့ ငါတို့ကို ထင်နေတာလား" ဝမ်နီက အထင်သေးစွာ ပြောလိုက်သည်။

"နင်တို့က ဒါတွေကို သာမန် မီးခိုးငွေ့ တွေလို့ ထင်နေတာလား" ကုတယ်၏ မျက်လုံးတွင် ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

"ငါ လက်ညှိုးထိုးပြတဲ့ နေရာကို သေချာ ကြည့်လိုက်"

သူ ညွှန်ပြရာ နေရာတွင် မွန်းစတား အမြောက်အမြား ကို တွေ့လိုက်ရသည်။ အရွယ်အစား နှင့် အရှိန်အဝါ ကို ကြည့်လျှင် ၈၀ ကျော် ဘုရင်အဆင့် ရှိပြီး မျက်လုံးများမှာ သွေးရောင် သန်းနေကာ အရှိန်ပြင်းစွာ ပြေးဝင်လာနေကြသည်။

"သောက်ကျိုးနည်း ဒါ... ဒါက ငါတို့ကို ပစ်မှတ်ထားတာလား" ဝမ်နီ၏ ရင်ထဲတွင် တုန်ယင်သွားသည်။

"ဟဲဟဲ နင်ပဲ တွေးကြည့်လေ" ယွီရီ က လှောင်ပြောင်လိုက်သည်။

"မဖြစ်နိုင်ဘူး နင်တို့ ဒီလို ကြောက်စရာ ကောင်းတဲ့ အရာတွေကို မပြောပါနဲ့" ဂရေ့စ် မယုံနိုင်ပေ။

"ဒါဆိုရင် နင်တို့ သေရကျိုး နပ်အောင် ငါ နည်းနည်း ရှင်းပြပေးမယ်"

"နင်တို့ သားရဲတပ်မက်မှု အမွှေးနံ့သာ ဆိုတာကို ကြားဖူးလား" ကုတယ်က ရက်စက်စွာ ရယ်မောလိုက်သည်။

"ဘာ... နင့်မှာ ဒီလို အရာမျိုး ရှိနေတာလား" နီနာ၏ မျက်နှာ ပျက်သွားသည်။

"သားရဲတပ်မက်မှု အမွှေးနံ့သာ ဆိုတာ ဘာလဲ" ဝမ်နီက အလျင်အမြန် မေးလိုက်သည်။

"နာမည် ကြည့်ရတာပဲ နည်းနည်း မဟုတ်တာ လုပ်မယ့်ပုံပဲ" ဂရေ့စ်၏ စိတ်ထဲတွင် လေးလံသွားသည်။

"သားရဲတပ်မက်မှု အမွှေးနံ့သာ က ထူးခြားတဲ့ အမွှေးနံ့သာ တွေနဲ့ လုပ်ထားတာ မွန်းစတား တွေ အထူးသဖြင့် အဆင့်မြင့် အထီး မွန်းစတား တွေအတွက် ဆွဲဆောင်မှု အပြည့် ရှိတယ်"

"သူတို့က သားရဲတပ်မက်မှု အမွှေးနံ့သာ စွဲကပ်နေတဲ့ ပစ်မှတ် ကို ရူးသွပ်စွာ တိုက်ခိုက်ကြလိမ့်မယ်" နီနာက ရှင်းပြရင်း မျက်နှာ မကောင်းဖြစ်သွားသည်။

"ဒီ... ဒီ အနံ့ ကို ဖယ်ရှားလို့ မရဘူးလား"

"ဒါက သားရဲတပ်မက်မှု အမွှေးနံ့သာ ရဲ့ ထူးခြားချက် ပဲ တစ်ခါ စွဲကပ်သွားရင် တစ်နာရီ အတွင်း လုံးဝ ဖယ်ရှားလို့ မရဘူး"

"ရက်စက်လိုက်တာ"

"အများကြီး မတွေးနဲ့တော့ မြန်မြန် ခုခံကြတော့"

ဝမ်နီ နှင့် ဂရေ့စ်တို့၏ စိတ်ဓာတ် ကျနေသည်ကို မြင်တော့ နီနာက အချိန်မီ တိုက်တွန်းလိုက်သည်။

ယခုအခါ ဘက်ပေါင်းစုံမှ မွန်းစတား များ ပြေးဝင်လာနေပြီး

ပြေးစရာ နေရာပင် မရှိတော့ပေ။

All Chapters