← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း (၁၆၉) သားရဲဘုရင် ရောက်ရှိလာခြင်း

စမ်းသပ်မှုနယ်မြေမှ အလိုအလျောက် ထွက်ခွာရမည့်အချိန်အထိ မိနစ် ၂၀ သာ လိုတော့သည်။ ထို့ကြောင့် နီနာက ဤအချိန်အတောအတွင်း အစွမ်းကုန် တောင့်ခံသွားရန် ဆုံးဖြတ်လိုက်သည်။

"အို သူတို့တွေ အကုန် ပြေးဝင်လာကြပြီ"

"ငါက ကြယ် ၉၈ ပွင့် ဘုရင်အဆင့်ကို ရောက်နေပြီ ဒါတောင် သူတို့ရဲ့ အချက်အလက်တွေကို မမြင်ရဘူးဆိုတော့ ကြယ် ၁၀၀ ကျော်လွန်နေပြီ ထင်တယ်"

"ငါတို့ တကယ်ပဲ ခုခံနိုင်ပါ့မလား"

မွန်းစတားအရေအတွက်မှာ သူမတို့ထက် အဆပေါင်းများစွာ ပိုများရုံသာမက အဆင့်မှာလည်း ပိုမြင့်နေသည်။ သို့သော် မွန်းစတားအုပ်စုမှာ နီးကပ်လာပြီဖြစ်သဖြင့် မတိုက်ဘဲနေ၍မရတော့ပေ။

"လနတ်သမီးရဲ့ ကောင်းချီး"

"အမှောင်ရိပ် တိုက်ခိုက်မှု"

"မြေခွေးမီးလျှံ"

မိန်းကလေး သုံးယောက်စလုံး မိမိတို့ကျွမ်းကျင်သော စွမ်းရည်များကို တိုက်ရိုက် အသုံးပြုလိုက်ကြသည်။ သို့သော် ထိခိုက်မှုမှာ အကန့်အသတ်ရှိနေပြီး မည်သည့်အကျိုးသက်ရောက်မှုမှ မရှိပေ။

"ဒါကို လုံးဝ တိုက်လို့မရဘူး ငါ့ရဲ့ စွမ်းရည်ထိခိုက်မှုက အရမ်းနည်းလွန်းတယ်"

"ဘယ်လိုလုပ်မလဲ အကာအကွယ်ကိုတောင် မဖောက်နိုင်ဘူး ကိုကြီးဟန် တစ်ခုခုလုပ်ပေးပါဦး"

သူမတို့က စိုးရိမ်တကြီး ပြောဆိုလိုက်ကြသည်။ ကျိုးဟန်မှာ သူမတို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်နေသဖြင့် မျက်ဝန်းများတွင် မျှော်လင့်ချက်များဖြင့် ကြည့်နေကြလေသည်။

"ဗဟုသုတ ကျောက်မျက် ကနေတစ်ဆင့် မင်းတို့ကို သင်ပေးထားတဲ့ စွမ်းရည်ကို သုံးကြည့်ပါဦး တစ်ခုခုတော့ အကျိုးသက်ရောက်မှု ရှိမှာပါ" ကျိုးဟန်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။

"အာ ဒါက" မိန်းကလေး သုံးယောက်စလုံး မသေချာမရေရာ ဖြစ်နေကြသည်။

သူမတို့တွင် စွမ်းရည်၏ အမည်ကိုသာ သိရှိပြီး အသေးစိတ်ကို မတွေ့မြင်နိုင်ပေ။ အရှေ့ဘက်မှ မွန်းစတားများမှာ မီတာ ၁၀၀ အကွာအထိ ရောက်ရှိလာပြီဖြစ်သည်။

"ဟားဟား ကျိုးဟန် ကြောက်လန့်ပြီး အရူးဖြစ်နေပြီပေါ့ ငါ့ကို ရန်စမိတဲ့အတွက် မင်း အကြီးအကျယ် ပေးဆပ်ရလိမ့်မယ်"

ကုတယ်က ကျေနပ်စွာ ပြုံးလိုက်ပြီး လက်စားချေနိုင်တော့မည့်အသွင် ရှိနေသည်။

...

"ငါ အရင် စမ်းကြည့်မယ် ငါရထားတာက အမှောင်ဝိညာဉ် သွေးလက်သည်း ပဲ ငါ့ရဲ့ ကြောင်လက်သည်း စွမ်းရည်နဲ့ ကိုက်ညီမှု အရမ်းရှိတယ်"

"ငါက အမှောင်အတွက် မွေးဖွားလာတာ အမှောင်ဝိညာဉ် သွေးလက်သည်း" အချိန်ကပ်နေပြီဖြစ်သဖြင့် ဂရေ့စ်က အလျင်အမြန် ရွတ်ဆိုလိုက်သည်။

ခဏချင်းတွင် တစ်နယ်မြေလုံး မှောင်မိုက်သွားပြီး အမှောင်ဝိညာဉ် အရှင်သခင်၏ အရိပ်မှာ ကောင်းကင်တွင် ပေါ်လာကာ မောက်မာအေးစက်စွာ ကြည့်နေသည်။ ၎င်းက ရာပေါင်းများစွာ ရှည်လျားသော သွေးလက်သည်းများကို ထုတ်လွှတ်လိုက်ပြီး မြေပြင်ပေါ်ရှိ ပြေးဝင်လာသော မွန်းစတားများကို အဆုံးအစမဲ့ သွေးရောင်များဖြင့် ဖမ်းဆုပ်လိုက်ကာ ဖြည်းညင်းစွာ ဆုပ်ချေလိုက်သည်။

၁၃.၉ သန်း ၁၄.၁ သန်း ၁၃.၈ သန်း စသည့် ကြီးမားသော ထိခိုက်မှုများ အဆက်မပြတ် ပေါ်ထွက်လာသည်။

လက်သည်း ဖုံးလွှမ်းထားသော နယ်မြေအတွင်းရှိ မွန်းစတား ထောင်ပေါင်းများစွာမှာ ချက်ချင်း ပြာကျသွားသည်။ တစ်ချက်တည်းနှင့်ပင် အရှေ့ဘက်ရှိ မွန်းစတားများကို အကုန် ရှင်းလင်းသွားစေသည်။

"ဘာ ဒါက ဘယ်လိုလုပ်လိုက်တာလဲ" ကုတယ်၏ အပြုံးများ ပျောက်ကွယ်သွားပြီး အလွန်အမင်း တုန်လှုပ်သွားကာ နဖူးမှ ချွေးများ အဆက်မပြတ် ကျဆင်းလာသည်။

"ကိုကြီးဟန် အရမ်းအစွမ်းထက်တာပဲ" မိန်းကလေး သုံးယောက်မှာ အံ့အားသင့်ဝမ်းသာသွားကြသည်။

"ဘုရားရေ ငါ ကြယ် ၁၀၀ ကျော်သွားပြီ ငါ့အဆင့်က ကြယ် ၁၂၅ ပွင့် ဘုရင်အဆင့် ရောက်သွားပြီ" ဂရေ့စ်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

"ဒါဆိုရင် ဒီစွမ်းရည်က ကြယ် ၁၂၅ ပွင့် ဘုရင်အဆင့် မွန်းစတားကိုတောင် သတ်နိုင်တာလား"

"ကိုကြီးဟန်ရဲ့ စွမ်းအားက ငါတို့ တွေးထားတာထက် အများကြီး သာလွန်နေတာပဲ"

ဒါက သူမတို့ကိုယ်တိုင် သုံးတာတောင် ဤမျှ အစွမ်းထက်နေသေးရာ ကျိုးဟန် ကိုယ်တိုင်သာ သုံးပါက မည်မျှ ကြောက်စရာကောင်းမည်ကို သူမတို့ တွေးပင် မတွေးရဲကြပေ။

"ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းရည်ဆိုတော့ တားမြစ်ထားတဲ့ စွမ်းရည် ဖြစ်မှာပဲ အသုံးပြုချိန် အကန့်အသတ် သေချာပေါက် ရှိမှာပါ" ယွီရီက အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး ရဲတင်းစွာ ခန့်မှန်းလိုက်သည်။

"ဒါကြောင့် ငါတို့ စိုးရိမ်စရာ မလိုပါဘူး ဟို အနောက်တောင်ဘက်ကို ကြည့်လိုက် နောက်ထပ် မွန်းစတား အုပ်စုတစ်စု လာနေပြီ"

ကုတယ်က ယုတ္တိရှိသည်ဟု တွေးလိုက်ပြီး မျက်နှာပေါ်မှ ချွေးများကို သုတ်ကာ ရက်စက်သော အပြုံး ပြန်လည် ထွက်ပေါ်လာသည်။

သို့သော် သူ၏ အပြုံးမှာ ကြာကြာ မခံလိုက်ပေ။

"လောကရဲ့ အပြစ်တွေ အားလုံး ပြာကျပါစေ လောင်ကျွမ်းလိုက်စမ်း မီးလျှံနယ်မြေ"

နီနာ၏ ရွတ်ဆိုသံနှင့်အတူ အဆုံးမရှိသော မီးပင်လယ်ကြီး ပေါ်ထွက်လာပြီး မွန်းစတားများမှာ ပြာအဖြစ် ပြောင်းလဲသွားပြန်သည်။

"ဒီစွမ်းရည်ကလည်း ဒီလောက်တောင် အစွမ်းထက်တာလား"

"ကိုကြီးဟန်က ဒီလောက်များပြားတဲ့ စွမ်းအင်တွေကို ထိန်းချုပ်နိုင်တာလား"

မိန်းကလေး သုံးယောက် ထပ်မံ အံ့အားသင့်သွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မျက်လုံးထဲမှ နက်ရှိုင်းသော အဓိပ္ပာယ်များကို နားလည်လိုက်ကြသည်။ ဒီလို ယောက်ျားမျိုးကို ဘာပဲဖြစ်ဖြစ် လက်လွှတ်မခံနိုင်ပေ။ ကျိုးဟန်လို အစွမ်းထက်သူကို သိမ်းပိုက်ရသည်မှာ သေချာပေါက် ဂုဏ်ယူစရာ ကောင်းမည်ဖြစ်သည်။

ကုတယ်နှင့် ယွီရီ နှစ်ယောက်စလုံး၏ မျက်နှာမှာ ဖြူရော်သွားကြသည်။ ဒီလိုရလဒ်မျိုး ဖြစ်လာမည်ကို ကြိုသိခဲ့ပါက အစောကတည်းက ထွက်မလာခဲ့သင့်ပေ။

ဝမ်နီက ဓားပေါင်းစုံ စုစည်းခြင်း စွမ်းရည်ကို အသုံးပြုလိုက်သောအခါ ဓားသံများ ဆူညံစွာ ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်၏ ရင်ထဲရှိ နောက်ဆုံး မျှော်လင့်ချက်လေးကိုပါ ရိုက်ချိုးလိုက်လေသည်။

ဒါက သောင်းချီတဲ့ ဘုရင်အဆင့် မွန်းစတားတွေလေ။ တိုက်ခိုက်ရေး စွမ်းအားက ကြယ် ၅၀ အထက်ချည်းပဲ။ ဒါတောင် ဒီလိုမျိုး ရှင်းလင်းခံလိုက်ရတယ်။

"ငါတို့ လူခွဲပြီး ထွက်ပြေးကြရအောင် ဒီဆယ်မိနစ်ကျော်လောက် တောင့်ခံနိုင်ရင် အလိုအလျောက် ပြန်ရောက်သွားပြီး လုံခြုံသွားမှာပါ"

နှစ်ယောက်သား အချင်းချင်း ကြည့်ကာ ထွက်ပြေးရန် ပြင်လိုက်ကြသည်။

အစီအစဉ်က ကောင်းမွန်သော်လည်း အကောင်အထည်ဖော်ရန် အလွန် ခက်ခဲလှသည်။ ကျိုးဟန်၏ ရှေ့တွင် ဆယ်မိနစ်ကျော် တောင့်ခံရန်ဆိုသည်မှာ တစ်စက္ကန့်ပင် မဖြစ်နိုင်ပေ။

"မလုပ်ပါနဲ့ ကျိုးဟန် ငါတို့ကို ခွင့်လွှတ်ပါ"

"မလုပ်နဲ့ အား"

ကျိုးဟန်က ဓားလေ တစ်ချက်ကို ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်ရာ သူတို့၏ ငိုယိုအော်ဟစ်သံများကြားတွင် အပြစ်များသော ဘဝကို အဆုံးသတ်ပေးလိုက်လေသည်။

"ဟွန့် ဒီလောက် စွမ်းရည်လေးနဲ့ လာပြီး ခိုးတိုက်ရဲတယ်ပေါ့ ငါ့ကိုကြီးဟန် ရှိနေတာကို မသိဘူးလား" ဝမ်နီက ရယ်မောကာ ပြောလိုက်သည်။

"တကယ်ကို အသက်ရှင်ရတာ ငြီးငွေ့နေတာပဲ အသေလာခံတဲ့ အရူးတွေ" ဂရေ့စ်ကလည်း လှောင်ပြောင်လိုက်သည်။

"ကိုကြီးဟန် ရှင်ရဲ့ စွမ်းရည်က တကယ်ကို သုံးလို့ကောင်းတာပဲ ကျွန်မ ထပ်လိုချင်သေးတယ်" နီနာက ချွဲနွဲ့စွာ ပြောလိုက်သည်။

ဒီလိုပြောပြီးနောက် မိန်းကလေး သုံးယောက်က ထပ်မံ၍ ကပ်တွယ်လာကြသည်။ သူမတို့ ပထမဆုံးအကြိမ် ဤမျှ ကြီးမားသော စွမ်းအားကို ခံစားဖူးခြင်းဖြစ်ရာ မက်မောနေကြခြင်း ဖြစ်သည်။

"မလောပါနဲ့ စောင့်ဆိုင်းချိန် ၈ နာရီ ရှိသေးတယ်လေ" ကျိုးဟန်က ပြုံး၍ ရှင်းပြလိုက်သည်။

"အာ အဲလောက်တောင် စောင့်ရဦးမှာလား အရမ်း ခံစားရခက်တာပဲ" ဝမ်နီက စိတ်ပျက်စွာ ပြောလိုက်သည်။

"ကဲ သက်ပြင်းချမနေကြနဲ့တော့ စစ်မြေပြင်ကို မြန်မြန် ရှင်းလိုက်ကြရအောင်" ကျိုးဟန်က လက်ကို ပွတ်ကာ တိုက်တွန်းလိုက်သည်။

ဒါက သောင်းချီတဲ့ ဘုရင်အဆင့် မွန်းစတားတွေလေ။ သေချာပေါက် ပစ္စည်းကောင်းတွေ အများကြီး ကျလာမည်ဖြစ်သည်။

"စနစ် သတိပေးချက် - သင်သည် တိုက်ပွဲဝင်နတ်ဘုရားဆေးလုံး ၂ လုံး ရရှိပါသည်"

"စနစ် သတိပေးချက် - သင်သည် ဘုရင်အဆင့် လက်နက် ၃ ခု ရရှိပါသည်"

"စနစ် သတိပေးချက် - သင်သည် ဘုရင်အဆင့် ဝတ်စုံ ၃ ခု ရရှိပါသည်"

"စနစ် သတိပေးချက် - သင်သည် ဧကရာဇ်အဆင့် လက်နက် ၁ ခု ရရှိပါသည်"

"စနစ် သတိပေးချက် - သင်သည် ဘုရင် သလင်းကျောက် အပိုင်းအစ ၁ ခု ရရှိပါသည်"

"စနစ် သတိပေးချက် - သင်သည် ကြယ်ရောင်အဆင့် လက်နက် ၁၉ ခု ရရှိပါသည်"

"စနစ် သတိပေးချက် - သင်သည် ရွှေပြား ၆ သိန်း ၆ သောင်း ရရှိပါသည်"

"စနစ် သတိပေးချက် - သင်သည် ဝိညာဉ်သလင်းကျောက် ၃ သောင်း ရရှိပါသည်"

မကြာမီ စစ်တလင်း ရှင်းလင်းမှု ပြီးဆုံးသွားပြီး အရှေ့တွင် ပစ္စည်းများ အပုံလိုက် ရှိနေသည်။ ကျိုးဟန်က အသုံးဝင်မည့် ပစ္စည်းများကို သီးသန့် ခွဲထုတ်လိုက်သည်။

တိုက်ပွဲဝင်နတ်ဘုရားဆေးလုံး

အရည်အသွေး - ဧကရာဇ် အဆင့်

ဖော်ပြချက် - သောက်သုံးပါက အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအားကို ရရှိနိုင်သည်။

အကျိုးသက်ရောက်မှု - တိုက်ခိုက်မှု ၁ သိန်း တိုးပေးသည်။

ရှင်းလင်းချက် - တစ်လုံးသာ သောက်သုံးခွင့်ရှိပြီး ထပ်မံသောက်သုံးပါက အကျိုးသက်ရောက်မှု ပေါင်းစပ်မည် မဟုတ်ပေ။

ဤဆေးလုံးက တိုက်ခိုက်မှု တစ်သိန်း တိုက်ရိုက် တိုးပေးသဖြင့် အလွန် အစွမ်းထက်လှသည်။ ကျိုးဟန်က ၁၀ ကြိမ် တိုက်ရိုက် အဆင့်မြှင့်တင်လိုက်ပြီး ပြန်ကြည့်လိုက်ရာ ပို၍ အံ့အားသင့်စရာ ကောင်းလာသည်။ အခြားအရာများ မပြောင်းလဲသော်လည်း တိုက်ခိုက်မှု ၈ သိန်း အထိ တိုးလာသည်။

"စနစ် သတိပေးချက် - သင်သည် တိုက်ပွဲဝင်နတ်ဘုရားဆေးလုံး ကို သောက်သုံးလိုက်ပါသည်"

"စနစ် သတိပေးချက် - သင်သည် တိုက်ခိုက်မှု ၈ သိန်း တိုးလာပါသည်"

သူက တွေးတောမနေတော့ဘဲ တိုက်ရိုက် မျိုချလိုက်ရာ စနစ်၏ သတိပေးသံနှင့်အတူ အစွမ်းထက်သော စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာသည်။

ထို့နောက် ဧကရာဇ်အဆင့် လက်နက်မှာ လေးနှင့်မြှား အမျိုးအစားဖြစ်ရာ ကျိုးဟန်အတွက် အသုံးမဝင်ပေ။

"အတော်ပဲ သိမ်းထားလိုက်မယ် ရှေးဟောင်းကျမ်းစာလိပ် ကို ဖွင့်ဖို့ ဧကရာဇ်အဆင့် လက်နက် ၅ ခု လိုတယ်လေ"

ထို့နောက် ကျိုးဟန်က ဘုရင် သလင်းကျောက် အပိုင်းအစ ကို ကြည့်လိုက်သည်။ ယခုဆိုလျှင် အပိုင်းအစ ၅ ခု ပြည့်သွားပြီဖြစ်ရာ ဘုရင် သလင်းကျောက် ကို ပေါင်းစပ်နိုင်သည်။

"ဝုန်း"

အဝေးဆီမှ ပြင်းထန်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။

ကျိုးဟန်၏ မျက်မှောင်ကြုတ်သွားသည်။ ရောက်လာသူမှာ ရည်ရွယ်ချက် မကောင်းကြောင်း သူ အာရုံခံမိလိုက်သည်။

သူတို့ကိုယ်ပေါ်ရှိ သားရဲတပ်မက်မှု အမွှေးနံ့သာ အနံ့မှာ မပျောက်သေးပေ။

"သောက်ကျိုးနည်း ဘာလို့ ဒီလောက် အသံကြီးနေရတာလဲ"

"ဒါ ဘာမွန်းစတားလဲ အမြင့် ဆယ်မီတာကျော်တောင် ရှိတယ်"

"ကြည့်ရတာ လုံးဝ ရန်စလို့ မရတဲ့ အကောင်ပဲ"

"ဒီမြေပုံထဲမှာ ကြယ် ၂၀၀ ပွင့် ဘုရင်အဆင့် သားရဲဘုရင် တစ်ကောင် ရှိတယ်လို့ ကြားဖူးတယ် အရမ်း ကြောက်စရာကောင်းတယ်တဲ့"

"ဒီအကောင်ပဲ ဖြစ်နေမလား"

All Chapters