အခန်း ၁၇၁
Vol. 18 Ch. 171
အခန်း (၁၇၁) အသင့် စောင့်နေမယ်
မီးချီလင် ၏ စွမ်းအား များ ပါဝင်နေပြီး
နီနာ ကလည်း မီးဓာတ် ကို ကျင့်ကြံထားခြင်း မရှိသဖြင့်
မကောင်းသော မီးတောက် ၏ ဖျက်ဆီးမှု ကို ခံရသည်မှာ အဓိပ္ပာယ် ရှိပေသည်။
"ဟုတ်တယ် ဟုတ်တယ် အဲဒီ မကောင်းတဲ့ မီးတောက် ဝင်လာတာ ကိုကြီးဟန် ရှင်လည်း ခံစားဖူးတယ်ပေါ့" နီနာ က ညင်သာစွာ အသက်ရှူကာ ကျိုးဟန် ၏ အရှိန်အဝါ ကို ခံစားရင်း ခန္ဓာကိုယ် ကပ်လာလေသည်။
"ကိုကြီးဟန် နီနာ အစ်မ ကို သေချာပေါက် ကယ်ရမယ်နော်" ဝမ်နီ က အသနားခံလိုက်လေသည်။
"ဒီကိစ္စ က ငါ့ကြောင့် ဖြစ်ရတာ ဆိုတော့ သူမရဲ့ မကောင်းတဲ့ မီးတောက် ကို ငါပဲ ငြိမ်းသတ်ပေးရမှာပေါ့" ဤအချိန်တွင် ယောက်ျား တစ်ယောက် အနေဖြင့် ကျိုးဟန် က တာဝန်ယူမှု အပြည့် ရှိလေသည်။
ထွက်လာပြီး ကိုယ်တိုင် လုပ်ဆောင်ရန် တောင်းဆိုလိုက်လေသည်။
"ကိုကြီးဟန် က တာဝန်ယူတတ်တဲ့ ယောက်ျားကောင်း တစ်ယောက်မှန်း ကျွန်မ သိပါတယ်" ဂရေ့စ် က ရယ်မောကာ ပြောလိုက်လေသည်။
"ကိုကြီးဟန် ညင်ညင်သာသာ လုပ်ပေးနော် နီနာ အစ်မ က အပျိုစင်လေး ရှိသေးတယ်" ဝမ်နီ က သတိပေးလိုက်လေသည်။
ကျိုးဟန် မျက်လုံးများ တောက်ပသွားလေသည်။
ရင့်ကျက်သော အလှတရား များ ရှိနေသည့် နီနာ သည် သူမ၏ အပျိုစင် ဘဝ ကို ထိန်းသိမ်းထားနိုင်သေးသည်ဟု သူ မထင်ထားခဲ့ပေ။
အများကြီး တွေးချိန် မရတော့ဘဲ မကောင်းသော မီးတောက် ၏ ဖျက်ဆီးမှု ဒဏ် ကို ကျိုးဟန် နှစ်ကြိမ်တိုင်တိုင် ခံစားဖူးလေသည်။
သူမ ဤမျှ နာကျင်စွာ ခံစားနေရသည်ကို သူ မကြည့်ရက်ပေ။
ဝိညာဉ် စွမ်းအား ဖြင့် အဝတ်အစား များကို ဆုတ်ဖြဲလိုက်လေသည်။
"အား"
"နာတယ်"
...
"စနစ် သတိပေးချက် - သင်သည် နီနာ အား မကောင်းသော မီးတောက် ၏ ဖျက်ဆီးမှု မှ ကင်းဝေးစေရန် ကူညီပေးခဲ့ပါသည်"
"ကုသမှု အကျိုးသက်ရောက်မှု မဆိုးဘူးပဲ တစ်ကြိမ်တည်းနဲ့ အကုန် ပျောက်သွားတယ်" သူ နှစ်ကြိမ်တိုင်တိုင် ခံစားခဲ့ရဖူးသဖြင့် ခုခံအား များ ဖြစ်ပေါ်လာခြင်း ကြောင့် ဖြစ်နိုင်သည်ဟု ကျိုးဟန် ခန့်မှန်းလိုက်လေသည်။
ကျိုးဟန် အဝတ်အစား များကို ပြင်ဆင်ဝတ်ဆင်လိုက်ပြီး ဂရေ့စ် နှင့် ဝမ်နီ တို့၏ အကြည့်များ က သူ၏ ခန္ဓာကိုယ် ပေါ်တွင် အဆက်မပြတ် ရစ်ဝဲနေသည်ကို တွေ့လိုက်ရလေသည်။
သောက်ကျိုးနည်း သူတို့တွေ အစောကတည်းက ကြည့်နေခဲ့ကြတာလား။
ကျိုးဟန် မျက်နှာ နီရဲသွားပြီး ရှောင်ဖယ်ပေးရကောင်းမှန်း မသိဘူးလား။
"နီနာ အစ်မ အခု ဘယ်လို နေသေးလဲ" ဝမ်နီ က ဂရုတစိုက် မေးလိုက်လေသည်။
"ငါ အများကြီး သက်သာသွားပါပြီ ကိုကြီးဟန် ကူညီပေးလို့ပါ" နီနာ ၏ မျက်လုံးများ က ရေလို ကြည်လင်နေပြီး မျက်နှာ လန်းဆန်းကာ ပိုမို လှပလာလေသည်။
မျက်လုံးထဲတွင် ကျိုးဟန် ၏ အရိပ် များသာ ရှိနေပြီး ရင်ထဲတွင် ချိုမြိန်မှု များ ပြည့်နှက်နေလေသည်။
"အားကျလိုက်တာ ဘာလို့ မကောင်းတဲ့ မီးတောက် ဝင်တာ ငါ မဟုတ်ရတာလဲ" ဂရေ့စ် က အလွန် နှမြောတသ ဖြစ်နေလေသည်။
"အဟမ်း ဒါဆို ငါ အရင် သွားတော့မယ်" ကျိုးဟန် က ပြောလိုက်လေသည်။
"ကိုကြီးဟန် ကျွန်မတို့ ရှင့်ကို ဘယ်တော့လောက် ထပ်တွေ့ရမလဲဟင်" ဝမ်နီ က အလျင်အမြန် မေးလိုက်လေသည်။
နီနာ နှင့် ဂရေ့စ် တို့ကလည်း မျှော်လင့်ချက် မျက်လုံးများဖြင့် ကျိုးဟန် ၏ အဖြေကို စောင့်နေကြလေသည်။
ဘာကြောင့်လဲ ဆိုတော့ ကောင်းကင် နိယာမ နန်းတော် သို့ လာချင်တိုင်း လာ၍ မရသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူတို့ နှင့် ကျိုးဟန် ၏ အကွာအဝေး က အလွန် ဝေးကွာပြီး ထပ်တွေ့ရန် အလွန် ခက်ခဲလေသည်။
မိန်းကလေး သုံးယောက်စလုံး ရင်ထဲတွင် အလွန် ဝမ်းနည်းနေကြလေသည်။
"မင်းတို့ နတ်ဘုရား စမ်းသပ်မှု ကို မဝင်ဘူးလား"
"အဲဒီ အချိန်ကျရင် တွေ့ရမှာပေါ့"
ကျိုးဟန် က ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ နတ်ဘုရားနှင့် နတ်ဆိုး ကမ္ဘာကြီး ၏ အလွန် အရေးကြီးသော ပွဲတော် တစ်ခု ဖြစ်ပြီး
ပါရမီရှင် လူငယ် အမြောက်အမြား စုဝေးကာ အရည်အချင်း ရှိသူများ အဆက်မပြတ် ပေါ်ထွက်လာမည် ဖြစ်သည်။
"ဒါဆို ကျွန်မတို့ ပြန်ရောက်တာနဲ့ ချက်ချင်း စာရင်းသွင်းမယ်" ဂရေ့စ် က ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
"ကိုကြီးဟန် ရဲ့ အကူအညီ နဲ့ ကျွန်မတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအား တွေ အများကြီး တိုးလာပါပြီ သေချာပေါက် အောင်မြင်ပြီး နတ်ဘုရား စမ်းသပ်မှု နေရာ ကို ရမှာပါ"
နီနာ က ပြတ်သားစွာ ပြောလိုက်သည်။ ယနေ့ အမှတ်တရ များက အလွန် လှပလွန်းလှပြီး သူမ သည် ကျိုးဟန် နှင့် အလွန် ရင်းနှီးသွားကာ အချစ် များ နက်ရှိုင်းနေပြီ ဖြစ်သည်။
"အချိန်မီအောင် မြန်မြန် လုပ်ရမယ် စာရင်းသွင်းတဲ့ အချိန် လွန်သွားရင် ဒုက္ခပဲ အခု ချက်ချင်း ပြန်ပြီး ပြင်ဆင်ကြစို့" ဝမ်နီ က အကြံပြုလိုက်လေသည်။
"ဟုတ်တယ် သွားကြစို့"
"ကိုကြီးဟန် ကျွန်မတို့က ရှင်နဲ့ ထပ်တွေ့ဖို့ နည်းလမ်းပေါင်းစုံ နဲ့ ကြိုးစားနေတာ ရှင့်ကို ထိမိစေလား"
ဝမ်နီ က မသွားခင်တွင် ကျိုးဟန် ကို ရန်စရန် မမေ့ဘဲ မြေခွေးမလေး ၏ ဆွဲဆောင်မှု ရှိသော အကြည့် ဖြင့် ကြည့်လိုက်လေသည်။
"နည်းနည်းတော့ ရှိတာပေါ့" ကျိုးဟန် က ခေါင်းညိတ်ကာ ရိုးသားစွာ ပြောလိုက်လေသည်။
"ဒါဆို ကျွန်မတို့ သုံးယောက် ထဲမှာ ရှင် ဘယ်သူ့ကို အချစ်ဆုံးလဲ" ဝမ်နီ က ထပ်မေးလိုက်လေသည်။
ဤကဲ့သို့သော အသက်အန္တရာယ် ရှိသည့် မေးခွန်း မျိုးကို ကျိုးဟန် လုံးဝ ဖြေမည် မဟုတ်ပေ။
သူ က မကောင်းသော ရည်ရွယ်ချက် ဖြင့် ပြုံးလိုက်ပြီး ဝမ်နီ ၏ မြေခွေး အမြီး ကို ဖမ်းဆုပ်ကာ ဖြည်းဖြည်းချင်း ပွတ်သပ်လိုက်လေသည်။
"အင်း"
"ကိုကြီးဟန် ယားတယ်" ဝမ်နီ က မျက်နှာ နီရဲကာ အော်ဟစ်လိုက်လေသည်။
ထင်သည့်အတိုင်း အမြီး က သူမ၏ အားနည်းချက် ပင်ဖြစ်သည်။
ကျိုးဟန် ဖမ်းဆုပ်လိုက်ပြီးနောက် အများကြီး ငြိမ်ကျသွားလေသည်။
ကောင်မလေး မင်းကို ငါ မထိန်းချုပ်နိုင်ဘူး လို့ ထင်နေလား။
"နောက်တစ်ခါ ဒီလို လျှောက်မေးရဲရင် ဘယ်လို ဆုံးမမလဲ ကြည့်ထား" ကျိုးဟန် က တင်းကြပ်စွာ သတိပေးလိုက်လေသည်။
"အင်းအင်း ကိုကြီးဟန် ကျွန်မ မှားသွားပါပြီ" ဝမ်နီ က တောင်းပန်လိုက်လေသည်။
ခဏမျှ ရယ်မော နောက်ပြောင်ပြီးနောက် သူတို့ နှုတ်ဆက် ထွက်ခွာသွားကြလေသည်။
ထွက်ပေါက် က မတူညီသဖြင့် ကျိုးဟန် သူတို့ နှင့် အတူ မသွားခဲ့ပေ။
ဗလာ နယ်မြေ တစ်ခု သို့ ရောက်ရှိသွားပြီး စနစ်၏ လမ်းညွှန်ချက် အရ အလင်းတန်း တံခါး တစ်ခု ရှိပြီး ၎င်းမှာ ထွက်ပေါက် ပင်ဖြစ်သည်။
ဤတံခါး သည် အထွက်သာ ရှိပြီး အဝင် မရှိပေ။
ကောင်းကင် နိယာမ နန်းတော် နှင့် သက်ဆိုင်သော ကိစ္စရပ်များ မရှိပါက သို့မဟုတ် ကောင်းကင် နိယာမ နန်းတော် မှ ကိုယ်တိုင် မခေါ်ယူပါက
အတွင်းသို့ ထပ်မံ ဝင်ရောက်၍ မရနိုင်တော့ပေ။
ဤသည်မှာလည်း မိန်းကလေး သုံးယောက် အလွန် ဝမ်းနည်းရသည့် အကြောင်းရင်း ဖြစ်ပြီး တွေ့ဆုံရန် အလွန် ခက်ခဲသောကြောင့် ဖြစ်သည်။
"စနစ် သတိပေးချက် - သင့်တွင် သူငယ်ချင်း မက်ဆေ့ချ် အသစ် ရှိပါသည်၊ စစ်ဆေးပါ"
"ဟန် ကျွန်မ ရှင့်ကို လွမ်းနေပြီ ဒီည အစောကြီး ပြန်လာခဲ့နော် 'ရှက်' 'ရှက်' 'ရှက်'"
ဟန်ချင်းရွှယ် ၏ မက်ဆေ့ချ် ဖြစ်ပြီး သူမ ဘာလုပ်ချင်သည် ကို စာကြောင်း များကြားမှ ခံစားနိုင်ပြီး ရှက်နေသော အီမိုဂျီ သုံးခု တောင် ဆက်တိုက် ပို့ထားလေသည်။
"ဝမ်ယွီဟယ်၊ စုန့်ယွီဆန် တို့ ငါ့ဆီ မက်ဆေ့ချ် မပို့နိုင်လို့ တော်သေးတာပေါ့ မဟုတ်ရင် တကယ် အလုပ်ရှုပ်တော့မှာ" ကျိုးဟန် ရင်ထဲတွင် သက်ပြင်းချလိုက်လေသည်။
"စောစော ပြန်လာပြီး ဘာလုပ်မလို့လဲ" ကျိုးဟန် က သူမကို တမင် နောက်ပြောင်လိုက်လေသည်။
"ကျွန်မ ကမာဟင်းချို ချက်ထားတယ် ရှင့်ကို အားဖြည့်ပေးမလို့" ဟန်ချင်းရွှယ် က ပြုံးကာ ပြောလိုက်လေသည်။
ကျိုးဟန် စကားမပြောနိုင်တော့ပေ။
ဒါက ဘာစကားတွေလဲ။
"ဒါနဲ့ ရှင် မကြာသေးခင်က ရထားတဲ့ လက်နက် တွေ အကုန်လုံး ကို ကျွန်မ ရောင်းလိုက်ပြီ"
"ရွှေပြား တွေ ဝင်လာလောက်ပြီ ရှင် ကြည့်လိုက်ဦး" နောက်ပြောင်ပြီးနောက် ဟန်ချင်းရွှယ် က အလုပ် ကိစ္စ ပြောလိုက်လေသည်။
"အို ငါ ကြည့်လိုက်မယ်"
ကျိုးဟန် စာပြန်ပြီးနောက် အာကာသ အိတ် ကို ဖွင့်ကာ အရင်းအမြစ် များကို စစ်ဆေးကြည့်လိုက်လေသည်။
ဝိညာဉ် သလင်းကျောက် ၁ သန်း ၆ သိန်း ၉ သောင်း ရှိပြီး ရွှေပြား က ၁၀ သန်း ၈ သိန်း ၈ သောင်း တောင် ရှိနေလေသည်။
ကျိုးဟန် ချက်ချင်း ကြောင်အမ်းသွားပြီး ရွှေပြား သန်းဆယ်ချီ နေသည်ကို သူ ကိုယ်တိုင်ပင် မသိခဲ့ပေ။
ဒီရက်ပိုင်း အတွင်း ရန်သူ များကို သတ်ဖြတ်ရာတွင် ဘာပစ္စည်း တွေ ကျလာသည် ကို ကျိုးဟန် သိပ်ဂရုမစိုက်ခဲ့ပေ။
သူက သူ့အတွက် အသုံးဝင်မည့် ပစ္စည်း များကိုသာ အာရုံစိုက်ခဲ့ပြီး
ဒီလောက် ရွှေပြား တွေ အများကြီး ရလိမ့်မည် ဟု မထင်ထားခဲ့ပေ။
"ချင်းရွှယ် မင်းက တကယ်ကို ငါ့ရဲ့ ဇနီးကောင်းလေး ပါပဲ ညကျရင် ကိုယ် မင်းကို သေချာ ဂရုစိုက်ပေးမယ်" ကျိုးဟန် က ဝမ်းသာအားရ ပြောလိုက်လေသည်။
"ဒါဆိုရင် ကျွန်မ က အသင့် စောင့်နေမယ်နော် 'အနမ်း'" ဟန်ချင်းရွှယ် က နူးညံ့စွာ ပြောလိုက်လေသည်။
ဟန်ချင်းရွှယ် သည် မိန်းမပျိုလေး ဖြစ်လာခါစ ဖြစ်ပြီး မနက် နိုးလာချိန်တွင် ကျိုးဟန် ကို မတွေ့ရသဖြင့်
ယခုတော့ သူမ၏ ရင်ထဲရှိ နူးညံ့သော ခံစားချက် များကို ဖွင့်ဟနေခြင်း ဖြစ်သည်။
...
သူတို့ နှစ်ယောက် ခဏမျှ ချွဲနွဲ့ပြီးနောက်
စနစ် မျက်နှာပြင် ကို ပိတ်လိုက်ပြီး ကျိုးဟန် က ဂါဘရီယယ် ကုန်သည် ကို တိုက်ရိုက် ခေါ်လိုက်လေသည်။
မနေ့က ကျောက်ရှင်း နှင့် ချိန်းဆိုထားပြီး
သူသည် နဂါးလှံ ဂိုဏ်း သို့ ဧည့်သည် အဖြစ် သွားရောက်မည် ဖြစ်ပြီး
နောက်ဆုံး ကျန်ရှိသော ဝိညာဉ်ခေါ် ဖလား အပိုင်းအစ သတင်း ကို ရယူမည် ဖြစ်သည်။
သို့သော် ကြိုတင် ကာကွယ်သည့် အနေဖြင့် ကျိုးဟန် က သူ၏ ကိုယ်ပိုင် စွမ်းအား ကို အရင် မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
ယခု ပိုက်ဆံ ရှိနေပြီ ဖြစ်ရာ လက်နက် ကောင်းကောင်း တွေ ဝယ်ရမည် မဟုတ်ပါလား။
"ဟေး ညီလေး အခု တော်တော် အဆင်ပြေနေတယ် ထင်တယ်"
ဂါဘရီယယ် ၏ မျက်လုံးများ က ကျိုးဟန် ၏ တစ်ကိုယ်လုံးရှိ လက်နက် များ၏ အရည်အသွေး ကို တစ်ချက်တည်း နှင့် သိမြင်သွားပြီး ရင်ထဲတွင် အလွန် ဝမ်းသာသွားလေသည်။ ဤတစ်ကြိမ်တွင် ကြီးမားသော အရောင်းအဝယ် ဖြစ်လာနိုင်သည် မဟုတ်ပါလား။
"မှော်ကျောက်တုံး မျိုးနွယ်ဝင် အဆင်တန်ဆာ တွေ ပြပါဦး"
ကျိုးဟန် က တိုက်ရိုက် ပင် ပြောလိုက်သည်။ သူ၏ ရည်ရွယ်ချက် က အလွန် ရှင်းလင်းပြီး ဟိုင်ပေါ်လွန်း မှော်ကျောက်တုံး ပင်ဖြစ်သည်။
ယခုဆိုလျှင် ဟိုင်ပေါ်လွန်း နှစ်ခု ရရှိထားပြီ ဖြစ်ပြီး နောက်ဆုံး မှော်ကျောက်တုံး တစ်ခု သာ လိုတော့ပြီး ဝတ်စုံ အကျိုးသက်ရောက်မှု ကို ဖွင့်နိုင်မည် ဖြစ်သည်။
အဆင်တန်ဆာ အမျိုးအစား လက်နက် များမှာ မူလ ကတည်းက ကျလာရန် အလွန် ခက်ခဲပြီး
ဤကဲ့သို့သော ဝတ်စုံ အကျိုးသက်ရောက်မှု ပါဝင်သည့် အကောင်းစား ပစ္စည်း မျိုး ဆိုလျှင် ပို၍ပင် မပြောနှင့်တော့။
ကျလာရန် ဆိုသည်မှာ ကောင်းကင် သို့ တက်ရသည်ထက် ပိုခက်ခဲလေသည်။
ထို့ကြောင့် ကျိုးဟန် က ဝယ်ယူရန် သာ ရွေးချယ်ခဲ့ရပြီး ဤသည်မှာလည်း ဘာမှမတတ်နိုင်၍ ဖြစ်သည်။