အခန်း ၁၇၄
Vol. 18 Ch. 174
အခန်း (၁၇၄) ဖုန်ကင်းစင် ဓားစမ်းရေ
သို့သော် ကျိုးဟန် ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်သွားလေသည်။
"လက်ရှိ ဘုရင် သလင်းကျောက် မှာ အသက်မဝင်သေးသော အခြေအနေတွင် ရှိနေသည်"
"အသက်သွင်းရန် ရွှေပြား နှစ်သန်း အသုံးပြုမည်လား"
ကျိုးဟန် "မလုပ်ဘူး" ကို ရွေးချယ်လိုက်လေသည်။
အဓိက အကြောင်းရင်းမှာ ဆင်းရဲလွန်းသောကြောင့် ဖြစ်သည်။ လက်ရှိတွင် သူ၏ ကိုယ်ပေါ်၌ ရွှေပြား ၈ သိန်းကျော် သာ ရှိသဖြင့် အသက်သွင်း၍ မရနိုင်ပေ။
ထို့ကြောင့် လက်လွှတ်လိုက်ရုံသာ ရှိလေသည်။
"အရင်ဆုံး နဂါးလှံ ဂိုဏ်း ရဲ့ ကိစ္စတွေကို ရှင်းလင်းပြီးမှ ရွှေပြားတွေ ရှာတော့မယ်"
"နဂါးလှံ ဂိုဏ်း ရဲ့ တည်နေရာ ကို ရှာဖွေပါ" ကျိုးဟန် က ရင်ထဲတွင် တိတ်တဆိတ် ပြောလိုက်လေသည်။
အကွာအဝေး ဝေးလွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး မြေပုံပေါ်တွင် တိကျသော တည်နေရာ ကို သူ ရှာမတွေ့ခဲ့ပေ။
" မြေပုံ က သင့်အတွက် လမ်းပြပေးနေပါသည်"
"သင့်အတွက် အကောင်းဆုံး လမ်းကြောင်းကို ရေးဆွဲပေးလိုက်ပါပြီ"
မကြာမီ ကျိုးဟန် ၏ စိတ်ထဲတွင် လမ်းကြောင်း တစ်ခု ထွက်ပေါ်လာလေသည်။
စန်းလိုင် မြို့တော် -> သွေးမြူ တောင်တန်း -> မောက်မာ ဓားဂိုဏ်း -> လွတ်လပ်ခြင်း ဂိုဏ်း -> အရှေ့နေ လွင်ပြင် -> နဂါးလှံ ဂိုဏ်း။
"သောက်ကျိုးနည်း တကယ်ကို ဆိုးသွမ်းတာပဲ ဒါက ဂိုဏ်းနှစ်ခုကို ဖြတ်သွားခိုင်းနေတာလား" ကျိုးဟန် ဖတ်ပြီးနောက် တိုက်ရိုက်ပင် အပြစ်တင်လိုက်လေသည်။
ဒါက ပြဿနာ ရှာနေတာ မဟုတ်ဘူးလား။
ဒီဂိုဏ်းတွေထဲမှာ ပုန်းကွယ်နေတဲ့ ခေါင်းဆောင်ကြီးတွေ ရှိနေမလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
အထူးသဖြင့် မောက်မာ ဓားဂိုဏ်း ဖြစ်ပြီး အရင်က ကျိုးဟန် က သူတို့၏ ထိပ်တန်း တပည့် ဖြစ်သော တုန်းဖန်ပုဖန် ကို သတ်ဖြတ်ခဲ့ဖူးလေသည်။
မှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ မောက်မာ ဓားဂိုဏ်း ကတော့ မျက်နှာ ပျက်သွားခဲ့ပြီ ဖြစ်သည်။
ယခုလိုမျိုး ဗြောင်ကျကျ ဖြတ်သန်းသွားမည် ဆိုပါက
တစ်ဖက်လူ က သည်းခံနိုင်ပါ့မလား။
ထို့ကြောင့် လုံခြုံရေး အရ သတိထား၍ လမ်းကြောင်း ပြောင်းရန် ကျိုးဟန် ဆုံးဖြတ်လိုက်လေသည်။
"စနစ် လမ်းကြောင်း အသစ် ပြန်ဆွဲပေး"
"ဤလမ်းကြောင်း မှာ အကောင်းဆုံး လမ်းကြောင်း ဖြစ်ပြီး ထပ်မံ၍ ပြင်ဆင်၍ မရနိုင်ပါ"
"ဒါဆို နည်းနည်း ဆိုးတဲ့ လမ်းကြောင်း ရွေးလို့ မရဘူးလား" ကျိုးဟန် က မေးလိုက်လေသည်။
"တောင်းပန်ပါတယ် ဤစနစ် တွင် စည်းကမ်း တင်းကျပ်မှု ရှိပြီး ထိုသို့သော ကိစ္စရပ် မျိုးကို ခွင့်မပြုပါ"
သောက်ကျိုးနည်း ဒီစနစ် က ပိုပိုပြီး ဆိုးလာတာပဲ AI လိုပဲ သင်ယူနိုင်စွမ်း တွေ ပိုပိုပြီး မြင့်လာတယ်။
ဒီလိုဆိုမှတော့ ဒီလမ်းကြောင်း ကိုပဲ ရွေးချယ်ရတော့မည်။
ပို့ဆောင်ရေး မှော်စာရွက် ၅ ရွက်သာ ရှိပြီး အရေးကြီးသော အချိန် မဟုတ်ပါက ဒီအတိုင်း လဟဿ မဖြစ်စေချင်ပေ။
ထို့ပြင် ကောင်းကင် နဂါး ကိုယ်ပျောက် စွမ်းရည် လည်း ရှိနေသဖြင့် မနိုင်ပါက ထွက်ပြေးနိုင်လေသည်။
ဆုံးဖြတ်ပြီးနောက် ကျိုးဟန် က လေကို စီး၍ အဝေးသို့ ထွက်ခွာသွားလေသည်။
...
မောက်မာ ဓားဂိုဏ်း ၏ မြူများ ဖုံးလွှမ်းနေသော တောင်ထွတ် တစ်ခု ပေါ်တွင် လူများစွာ စုဝေးနေကြပြီး
အားလုံးမှာ မောက်မာ ဓားဂိုဏ်း ၏ မျက်နှာရ ရာထူးကြီး သူများ ဖြစ်ကြလေသည်။
ထိုအချိန်တွင် သူတို့၏ လက်ထဲ၌ မှော်ပညာရပ် များကို ဆုပ်ကိုင်ထားပြီး
ပေါင်းစပ်ထားသော ဝိညာဉ် စွမ်းအား များ အားလုံးကို တောင်ထွတ် ရှိ စမ်းရေတွင်း တစ်ခု ထဲသို့ စုစည်း ထည့်သွင်းနေကြလေသည်။
ဤစမ်းရေတွင်း က ကြည်လင် တောက်ပနေသော်လည်း သာမန် စမ်းရေတွင်း များနှင့် အနည်းငယ် ကွာခြားလေသည်။
အတွင်း၌ ခရမ်းရောင် အရည် များ လှုပ်ရှားနေပြီး ကြောက်မက်ဖွယ် ကောင်းသော ဓား စွမ်းအင် များ လွင့်စင်နေလေသည်။
သူတို့ အားလုံး မျက်နှာထား တင်းမာစွာဖြင့် စမ်းရေတွင်း ကို ကြည့်နေကြလေသည်။
အချိန် အတော်ကြာပြီးနောက် စမ်းရေတွင်း ၏ အထက်တွင် ရေတွက်၍ မရနိုင်သော ဓားရိပ် များ ဖုံးလွှမ်းသွားပြီး ပြင်းထန်သော အရှိန်အဝါ များ လှုပ်ရှားလာကာ
စမ်းရေတွင်း တစ်ခုလုံး နှင့် ပတ်ဝန်းကျင် ရှိ မြေပြင် ကို ခရမ်းရောင် အလင်းတန်း များဖြင့် လွှမ်းခြုံသွားစေပြီး အလွန် ဆန်းကြယ်လှလေသည်။
"ချွင် ချွင် ချွင်"
လူများ ၏ လက်ထဲရှိ ဓားများ က ဓားအိမ် ထဲတွင် တုန်ခါသွားပြီး
စမ်းရေတွင်း ထဲရှိ ဓား စွမ်းအင် နှင့် ပဲ့တင်ထပ် လိုသည့် အလား ဖြစ်နေလေသည်။
မောက်မာ ဓားဂိုဏ်း ၏ အကြီးအကဲ များက အချင်းချင်း ကြည့်လိုက်ကြပြီး မျက်လုံးထဲရှိ ဝမ်းသာမှု များကို မဖုံးကွယ်နိုင်တော့ပေ။
"ဟားဟား အောင်မြင်ပြီ အနှစ် ၃၀ ကြိုးစားခဲ့ရတာ အလကား မဖြစ်ဘူး ဖုန်ကင်းစင် ဓားစမ်းရေ က နောက်ဆုံးတော့ ဝိညာဉ် စွမ်းအား တွေ ပြန်လည် ရရှိသွားပြီ ကောင်းကင် က ငါတို့ မောက်မာ ဓားဂိုဏ်း ကို ကောင်းချီးပေးတာပဲ"
"အရမ်းကောင်းတာပဲ ဖုန်ကင်းစင် ဓားစမ်းရေ ရှိလာပြီဆိုတော့ အတွင်းမှာ ၁၅ မိနစ် လောက် စိမ်ထားလိုက်ရုံနဲ့ သန့်စင်တဲ့ ဓား စွမ်းအင် တွေကို ခံစားရပြီး ကျင့်ကြံမှု က အရှိန်အဟုန် နဲ့ တိုးတက်လာမှာပဲ"
"ဒါပေါ့ ငါတို့ ဂိုဏ်း ရဲ့ အရင်းအမြစ် တစ်ဝက်လောက် ကို သုံးခဲ့ရတာလေ ဘယ်လောက်တောင် ကြီးမားလိုက်လဲ အကြာကြီး စောင့်ခဲ့ရပြီး ဒီနေ့ကို ရောက်လာပြီ"
"ဟဲဟဲ ငါတို့ အကြီးအကဲ တွေ ရဲ့ စွမ်းအား တွေလည်း ပိုမြင့်တဲ့ အဆင့်ကို ရောက်နိုင်ပြီ မိုင်တစ်သိန်း ပတ်လည်မှာ နောက်ဆိုရင် ငါတို့ မောက်မာ ဓားဂိုဏ်း ရဲ့ အမိန့်ကိုနာခံရမယ်"
"ဒါပေါ့ အညံ့မခံတဲ့ သူတွေကို သတ်ပစ်မယ်"
...
လူအုပ်ကြီး အလွန် စိတ်လှုပ်ရှားနေကြပြီး ဖုန်ကင်းစင် ဓားစမ်းရေ ပြန်လည် ကောင်းမွန်လာမှု ကြောင့် ဂိုဏ်း တစ်ခုလုံး ဝမ်းသာ အားရ ဖြစ်နေကြလေသည်။
ယနေ့သည် မောက်မာ ဓားဂိုဏ်း ၏ သမိုင်း ကို မျက်မြင်တွေ့ရမည့် အချိန် ဖြစ်ပြီး သူတို့ ကမ္ဘာကြီး ကို စိုးမိုးမည့် အစပျိုး လည်း ဖြစ်သည်။
လူများစွာ က ယုံကြည်မှု အပြည့် ရှိနေပြီး လှပသော အနာဂတ် ကို မျှော်မှန်းနေကြပြီ ဖြစ်သည်။
"မင်းတို့ ပင်ပန်းသွားပြီ တုန်းဖန် အကြီးအကဲ အထူးသဖြင့် မင်းရဲ့ ကျေးဇူး က အကြီးမားဆုံးပဲ အခု မင်း အရင်ဆုံး ဒီ ဖုန်ကင်းစင် ဓားစမ်းရေ ရဲ့ စွမ်းအား ကို ခံစားကြည့်ပါ"
မကြာမီ မောက်မာ ဓားဂိုဏ်း ခေါင်းဆောင် ချင်ယွီ က ရောက်လာပြီး ချီးကျူးလိုက်လေသည်။
"ဂိုဏ်းခေါင်းဆောင် ရဲ့ ခွင့်ပြုချက် ကို ကျေးဇူးတင်ပါတယ် ဒါဆို အဘိုးကြီး က ငြင်းမနေတော့ဘူး" တုန်းဖန်ကျိုး က သူ၏ ဆံပင်ဖြူ များကို ပွတ်သပ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး ဝမ်းသာလွန်း၍ မအောင့်နိုင်တော့ပေ။
သူသည် ကြယ် နှစ်ရာကျော် ဘုရင်အဆင့် တွင် ရပ်တန့်နေသည်မှာ ဆယ်နှစ်ကျော် ပြီ ဖြစ်သည်။
ဤတစ်ကြိမ် ဓားစမ်းရေ ၏ စွမ်းအား ဖြင့် ဆေးကြောမှု ကို ခံယူရုံဖြင့်
သူသည် ကြယ် သုံးရာ ဘုရင်အဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်သည်။
ဤကဲ့သို့သော ကိစ္စမျိုး ကို ရင်ဆိုင်ရချိန်တွင် သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
"ဝူး ဝူး ဝူး..."
ပြင်းထန်သော လေပြင်း တိုက်ခတ်သံ များ ထွက်ပေါ်လာပြီး မုန်တိုင်း ၏ အဆုံးမဲ့ ပြင်းထန်မှု များနှင့်အတူ သွေးညှီနံ့ များစွာလည်း ပါဝင်လာလေသည်။
တုန်းဖန်ကျိုး မျက်မှောင်ကြုတ်သွားပြီး
မုန်တိုင်း က အရှေ့မှ လမ်းဖွင့်ပေးနေသည်ကို မြင်လိုက်ရသော်လည်း
လူကိုမူ မတွေ့ရပေ။
"ဘယ်သူလဲ"
"ဒါက ငါတို့ မောက်မာ ဓားဂိုဏ်း ရဲ့ အရေးကြီးတဲ့ နေရာပဲ ပျံသန်းခွင့် မပြုဘူး" တုန်းဖန်ကျိုး က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဒေါသထွက်နေလေသည်။
ဤကဲ့သို့သော လုပ်ရပ်သည် ရန်စခြင်း နှင့် မကွာခြားပေ။
"ခွင့်လွှတ်ပါ ငါက ဒီကနေ ဖြတ်သွားရုံ သက်သက်ပါ" ကျိုးဟန် က အကျိုးသင့်အကြောင်းသင့် ရှိစွာ နှိမ့်ချ၍ ပြောလိုက်လေသည်။
သူက တုန်းဖန်ပုဖန် ကို သတ်ဖြတ်ခဲ့သော်လည်း မောက်မာ ဓားဂိုဏ်း မှ လှုပ်ရှားမှု မရှိသေးမီ
ကျိုးဟန် အနေဖြင့် မောက်မာ ဓားဂိုဏ်း ကို ကိုယ်တိုင် သွားရောက် ပြဿနာ ရှာမည် မဟုတ်ပေ။
"ဟွန့် သရဲ စကားတွေ ပြောနေတယ် မင်း ကိုယ်ပေါ်က သတ်ဖြတ်ထားတဲ့ သွေးနံ့ တွေကို ကြည့်ရင် ရည်ရွယ်ချက် မကောင်းတာ သေချာတယ်" တုန်းဖန်ကျိုး က လှောင်ပြောင်လိုက်ပြီး လုံးဝ မယုံကြည်ပေ။
ကျိုးဟန် အနည်းငယ် စကားမပြောနိုင် ဖြစ်သွားလေသည်။ ကိုယ်ပေါ်ရှိ ပြင်းထန်သော သွေးနံ့ များသည်
သွေးမြူ တောင်တန်း မှ ဖြတ်သန်းလာစဉ် သွေးစွန် သားရဲ အုပ်စုကြီး နှင့် တွေ့ဆုံပြီး တိုက်ခိုက်စဉ်က ကပ်ပါလာခြင်း ဖြစ်သည်။
တကယ်ကို အထင်လွဲစေရန် လွယ်ကူလှသည်။
သို့သော် သူလည်း ရှင်းပြရန် မရည်ရွယ်ဘဲ တိုက်ရိုက် ထွက်ပြေးရန် ပြင်လိုက်လေသည်။
"ဟွန့် ကြောက်သွားပြီလား ငါတို့ဆီမှာ ဒီလောက် အစွမ်းထက်တဲ့ သူတွေ ရှိနေမယ်လို့ မထင်ထားဘူး မဟုတ်လား"
"ပြေးချင်တယ်ပေါ့ လွယ်မယ် မထင်နဲ့ ဆင်းခဲ့စမ်း"
ယခု မောက်မာ ဓားဂိုဏ်း သည် ဓားစမ်းရေ ကို ပြန်လည် အသက်သွင်း နိုင်ခဲ့သဖြင့် စိတ်ဓာတ် တက်ကြွနေပြီး လူတိုင်း ယုံကြည်မှု လွန်ကဲနေချိန် ဖြစ်သည်။
တုန်းဖန်ကျိုး ကလည်း ချွင်းချက် မဟုတ်ပေ။
သူသည် ဝိညာဉ် စွမ်းအား များကို အသုံးပြု၍ တစ်ပိုင်း ဖောက်ထွင်းမြင်ရသော ဧရာမ လက်ဝါးကြီး အဖြစ် ပြောင်းလဲကာ ကျိုးဟန် ကို ဖမ်းဆုပ်လိုက်လေသည်။
"ဒီလောက်လေးနဲ့ ငါ့ကို တားချင်တာလား" ကျိုးဟန် မျက်လုံးများ ပြူးကျယ်သွားပြီး ပြင်းထန်သော စွမ်းအင် များကို ပစ်လွှတ်လိုက်ရာ တစ်ပိုင်း ဖောက်ထွင်းမြင်ရသော ဧရာမ လက်ဝါးကြီး ကို ချက်ချင်း အပိုင်းပိုင်း အစစ ဖြစ်သွားစေသည်။
"မင်း... တကယ်ပဲ နည်းနည်း အစွမ်းရှိတာပဲ" တုန်းဖန်ကျိုး ၏ တိုက်ခိုက်မှု အရာမထင် သောကြောင့် မျက်နှာ ပျက်သွားပြီး ဆက်လက် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း
ချင်ယွီ က တားဆီးလိုက်ပြီး ပြောလိုက်သည်။ "မိတ်ဆွေ ငါက မောက်မာ ဓားဂိုဏ်း ခေါင်းဆောင် ချင်ယွီ ပါ ဒီအတိုင်း ထွက်သွားရင် သင့်တော်ပါ့မလား ကိုယ်ထင်ပြပြီး တွေ့ဆုံပါဦး"
တကယ်တော့ ကျိုးဟန် က သူ့ကို ဂရုမစိုက်ချင်ပေ။
မင်းက ချင်ယွီ ဖြစ်ဖြစ် လော်ဖန်း ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။
လွတ်အောင် ထွက်ပြေးရန်သာ ပြင်နေလေသည်။
သို့သော် ထက်မြက်သော အာရုံခံစားမှု ဖြင့် ထူးဆန်းသော စွမ်းအင် တစ်ခု ကို ခံစားလိုက်ရလေသည်။
"ဒါက ဘာပစ္စည်းလဲ တကယ် အစွမ်းထက်တဲ့ ဓား စွမ်းအင် ပဲ" ကျိုးဟန် အံ့အားသင့်စွာ ရေရွတ်လိုက်လေသည်။
ဒီလို ဆိုမှတော့ အောက်ဆင်းပြီး သေချာ စုံစမ်းကြည့်ရန် လိုအပ်လာပြီ ဖြစ်သည်။
"ဘာ... မင်း... ကျိုးဟန်"
"ကျိုးဟန် မင်း တကယ်ကို ရဲတင်းတာပဲ ဒါက ငါတို့ မောက်မာ ဓားဂိုဏ်း ကို လာပြီး အပြစ် လာခံယူတာလား"
"ကောင်းကင်ဘုံ မှာ လမ်းရှိပေမယ့် မင်း မသွားဘဲ ငရဲ မှာ တံခါး မရှိပေမယ့် မင်း ကိုယ်တိုင် လာဝင်တာပဲ ထိပ်တန်း တပည့် အသတ်ခံရလို့ ငါတို့က ဂိုဏ်း အသီးသီး ရဲ့ လှောင်ပြောင်စရာ ဖြစ်နေရပြီ"
"တကယ်ကို ကောင်းကင် က မျက်စိ ပါတာပဲ မင်း ကိုယ်တိုင် ရောက်လာတယ်ပေါ့"
...
ကျိုးဟန် ဆင်းသက်လာသောအခါ လူအုပ်ကြီး ၏ မျက်လုံးများ တွင် အနည်းငယ် အံ့အားသင့်သွားပြီး မိမိတို့ လူမှားသွားမည်ကို စိုးရိမ်နေကြလေသည်။
ထို့နောက် သေချာစွာ စစ်ဆေးပြီးနောက် စိတ်ခံစားမှု က အံ့အားသင့်မှု မှ အလွန် ဝမ်းသာမှု သို့ ပြောင်းလဲသွားလေသည်။
ကျိုးဟန် ကိုသာ သတ်ဖြတ်နိုင်ပါက မောက်မာ ဓားဂိုဏ်း အနေဖြင့် ပျောက်ဆုံးသွားသော မျက်နှာ ကို ပြန်လည် ရရှိနိုင်မည် ဖြစ်သည်။