← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း (၁၇၅) ငါ့ကို လာပြီး ဟန်ရေးပြနေတာလား

လူအုပ်ကြီး ၏ ဝမ်းသာနေသော မျက်နှာထား များနှင့် မတူညီစွာဖြင့်

တုန်းဖန်ကျိုး ၏ မျက်နှာပေါ်တွင် အဆုံးမရှိသော အမုန်းတရား များ ပြည့်နှက်နေပြီး မျက်လုံးများထဲတွင် မီးဟုန်းဟုန်း တောက်လောင်နေသော သတ်ဖြတ်လိုစိတ် များ ထွက်ပေါ်နေလေသည်။

တုန်းဖန်ပုဖန် သည် သူ၏ အတော်ဆုံး မြေး တစ်ယောက် ဖြစ်သည်။

သူသည် အချိန်တိုင်း လက်စားချေရန် စိတ်ကူးနေသော်လည်း ကျိုးဟန် ၏ ခြေရာ ကို ရှာမတွေ့ခဲ့ပေ။

ယခု ထိုကဲ့သို့သော အခွင့်အရေး က သူ၏ မျက်စိရှေ့တွင် ရောက်ရှိနေပြီ ဖြစ်ရာ

သူ မည်သို့ အလွယ်တကူ လက်လွှတ်ခံနိုင်မည်နည်း။

"ငါ့မြေး ပုဖန် မင်း သေရတာ အရမ်း သနားစရာ ကောင်းတာပဲ ဒီနေ့ အဘိုး မင်းအတွက် လက်စားချေပေးပြီး မင်းရဲ့ ဝိညာဉ် ကို နှစ်သိမ့်ပေးမယ်"

"သူခိုး သေလိုက်စမ်း ဒီနေ့ မင်းရဲ့ အသားကို စားပြီး အရေခွံ ကို ဆုတ်ပစ်မယ်" တုန်းဖန်ကျိုး က မျက်လုံးများ သွေးရောင် လွှမ်းကာ သွားကြိတ်၍ ပြောလိုက်လေသည်။

"ဟွန့် တကယ်ပဲ အကျင့်တူတာပဲ တစ်ခါတည်း ရှင်းပစ်လိုက်မယ်" ကျိုးဟန် လှောင်ပြောင်လိုက်လေသည်။

စောစောက သူ သက်ညှာပေးခဲ့သော်လည်း

ယခု တစ်ဖက်လူ က သူ့ကို သတ်ချင်နေပြီ ဖြစ်ရာ ကျိုးဟန် အနေဖြင့် သနားညှာတာနေမည် မဟုတ်ပေ။

"သေလိုက်စမ်း မီးနတ်ဆိုး ကောင်းကင် တုန်လှုပ်စေမယ့် ဓားချက်"

"ငါ တုန်းဖန်ကျိုး ကောင်းကင် ကို တိုင်တည်ပြီး ကျိန်ဆိုတယ် ဒီနေ့ မင်း သေချာပေါက် သေရမယ်"

သူ၏ မျက်နှာထား ကြမ်းကြုတ်နေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ

ဆယ်မီတာ ရှည်လျားသော ဧရာမ မီးဓားကြီး ကို အမြန် ဖန်တီးလိုက်ပြီး

ကောင်းကင် ပေါ်မှ နေ၍ ကျိုးဟန် ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

"ကျိုးဟန် အဲဒီ သူခိုး တုန်းဖန် အကြီးအကဲ ရဲ့ အထူး စွမ်းရည် အောက်မှာ သေရတာ သေချာပေါက် အရမ်း နာကျင်ရမှာပဲ"

"ဘယ်သူက သူ့ကို ဒီလောက် အရူးအမူး ဖြစ်ပြီး ကိုယ်တိုင် လာသေခိုင်းနေလို့လဲ ဒါ သူနဲ့ ထိုက်တန်တာပဲ"

"ဟုတ်တယ် ငါတို့ မောက်မာ ဓားဂိုဏ်း က ပထမတန်းစား အဖွဲ့အစည်း လေ အရည်အချင်းရှိသူ တွေ ပေါများပြီး အစွမ်းထက်တဲ့ သူတွေ အများကြီး ရှိတာကို ဒီကျိုးဟန် က ဘယ်လို တွေးနေလဲ မသိဘူး"

"တုန်းဖန်ကျိုး က အကြီးအကဲ တွေထဲမှာ ပထမ နေရာ မှာ ရှိပြီး တိုက်ခိုက်ရေး စွမ်းအား ကြယ် သုံးရာ နီးပါး ရှိတယ် အရမ်း ကြောက်စရာ ကောင်းတယ် အကြီးအကဲ သုံးယောက် ကို တစ်ပြိုင်နက် ယှဉ်တိုက်တာတောင် အောက်ခြေ ကို မရောက်ခဲ့ဘူး"

"ဒီနေ့က တကယ်ကို နေ့ကောင်းနေ့မြတ် ပဲ ဓားစမ်းရေ ပြန်ကောင်းလာရုံတင် မကဘူး ကျိုးဟန် ကိုပါ သတ်ပြီး ဂိုဏ်း ရဲ့ မျက်နှာ ကို ပြန်ဆယ်နိုင်တော့မယ်"

...

ပွဲကြည့်နေသော မောက်မာ ဓားဂိုဏ်း တပည့် အချို့ က တက်ကြွစွာ ဆွေးနွေးလာကြပြီး

တုန်းဖန်ကျိုး ၏ တိုက်ခိုက်ရေး စွမ်းအား အပေါ် မျက်ကန်း ယုံကြည်မှု များ ရှိနေကြလေသည်။

ကောင်းကင် တုန်လှုပ်စေမယ့် ဓားသမား တုန်းဖန်ကျိုး

အဆင့် - ၁၀၀

သွေးပမာဏ - သန်း ၇၀

တိုက်ခိုက်မှု - ၆ သန်း

အကာအကွယ် - ၁၁ သန်း

လက်နက် - မီးကြယ် ဓား

အဆင်တန်ဆာ - မီးသလင်းကျောက်

စွမ်းရည် - မီးပေါက်ကွဲမှု ကောင်းကင် တုန်လှုပ်စေမယ့် ဓားချက်၊ ရူးသွပ်သော ဝင်သက်ထွက်သက်၊ ဓားဘီး လှည့်ပတ်ခြင်း၊ မီးမုန်တိုင်း၊ ပင်လယ် လောင်ကျွမ်းခြင်း ကျင့်စဉ်၊ မူလ ဝိညာဉ် ဓား သန္ဓေသား

တိုက်ခိုက်ရေး စွမ်းအား အကဲဖြတ်မှု - ကြယ် ၂၉၉ ဘုရင်အဆင့်

"မင်းကို တကယ့် မီး ထိန်းချုပ်မှု ဆိုတာ ဘာလဲ ဆိုတာ ပြရသေးတာပေါ့" ကျိုးဟန် ခေါင်းခါလိုက်လေသည်။

တုန်းဖန်ကျိုး တွင် ထိခိုက်မှု လျှော့ချသည့် အချက်အလက် များစွာ မရှိသဖြင့် တိုက်ခိုက်ရန် အလွန် လွယ်ကူသည်ဟု ဆိုနိုင်သည်။

"သုံးထောင် မီးလျှံဓား"

အဆုံးမရှိသော မီးဓားများ က တုန်းဖန်ကျိုး ၏ စွမ်းရည် ကို လွှမ်းခြုံသွားပြီးနောက်

သူ၏ ခန္ဓာကိုယ် ပေါ်သို့ တိုက်ရိုက် ကျရောက်သွားလေသည်။

"ဘုန်း"

"ဘုန်း"

"ဘုန်း"

...

မီးဓားများ က မိုးပေါက် များကဲ့သို့ အဆက်မပြတ် တိုက်ခိုက်နေပြီး

တစ်ခဏချင်း အတွင်းမှာပင် တုန်းဖန်ကျိုး ကို အရည်ပျော်သွားစေသည်။

"ဒီစွမ်းရည် က အရမ်း မိုက်တာပဲ တုန်းဖန်ကျိုး ရဲ့ မီးနတ်ဆိုး ကောင်းကင် တုန်လှုပ်စေမယ့် ဓားချက် တောင် မခံနိုင်ဘူး"

"သောက်ကျိုးနည်း ကျိုးဟန် က ဒီလောက်တောင် အစွမ်းထက်နေပြီလား ငါက သူ တုန်းဖန်ပုဖန် ထက် နည်းနည်းပဲ သာမယ် ထင်နေတာ မျှော်လင့်ထားတာထက် ကျော်လွန်သွားပြီ"

"ဘုရားရေ ဒီရလဒ် ကို ဘယ်သူ ထင်ထားမှာလဲ"

"ကြည့်ရတာ ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင် ပါဝင်ရတော့မယ် ထင်တယ်"

...

ဘေးမှ ကြည့်နေကြသော လူအုပ်ကြီး မှင်တက်သွားကြလေသည်။ မီးဓာတ် တွင် အလွန် ကျွမ်းကျင်သော တုန်းဖန်ကျိုး သည် လူငယ် တစ်ယောက် ၏ မီး ဖြင့် ပြန်လည် သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။

ဒါက နည်းနည်းတော့ လွန်လွန်းနေပြီ မဟုတ်ပါလား။

လူအုပ်ကြီး အတော်ကြာသည် အထိ အံ့အားသင့်မှု မှ မရုန်းထွက်နိုင်ခဲ့ပေ။

"သောက်ကျိုးနည်း သူက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ" တုန်းဖန်ကျိုး ၏ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေပြီး ရင်ထဲတွင် လှိုင်းလုံးကြီး များ ရိုက်ခတ်နေလေသည်။

သူသည် ကြယ် သုံးရာ နီးပါး ဘုရင်အဆင့် တိုက်ခိုက်ရေး စွမ်းအား ရှိသော်လည်း ဤမျှ အလွယ်တကူ ရှုံးနိမ့်သွားမည် ဟု မထင်ထားခဲ့ပေ။

အကယ်၍ မူလ ဝိညာဉ် ဓား သန္ဓေသား ကဲ့သို့သော ကိုယ်စား သေပေးသည့် စွမ်းရည် သာ မရှိပါက သူ၏ အလောင်းပင် အေးစက်နေလောက်ပြီ ဖြစ်သည်။

တုန်းဖန်ကျိုး ချက်ချင်းပင် ကြောက်လန့်သွားပြီး ပြန်လည် တိုက်ခိုက်ရန် သတ္တိ မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် စွမ်းရည် များတွင် စောင့်ဆိုင်းချိန် ရှိပြီး

ကျိုးဟန် ထပ်မံ တိုက်ခိုက်ပါက

သူ သေချာပေါက် သေရမည် ဖြစ်သည်။

"ဒါက မင်းရဲ့ စွမ်းအားလား အရမ်း အားနည်းလွန်းတယ် မင်းရဲ့ မြေး တုန်းဖန်ပုဖန် လိုပဲ အမှိုက် သက်သက်ပဲ" ကျိုးဟန် လှောင်ပြောင်လိုက်လေသည်။

"မသေသေးဘူး ဆိုတော့လည်း နောက်တစ်ခါ ထပ်သတ်ရတာပေါ့"

တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးပြီ ဖြစ်ရာ အကြွင်းအကျန် မကျန်အောင် အပြတ်ရှင်းရမည် ဖြစ်သည်။

ဓားဖျား ကို လှည့်လိုက်ပြီး အေးစက်သော လေပြင်း လျှပ်စီး မှ လေနှင့် လျှပ်စီး စွမ်းအား များ ထွက်ပေါ်လာကာ

ပြင်းထန်စွာ ပစ်လွှတ်လိုက်လေသည်။

"ဂိုဏ်းခေါင်းဆောင် ကယ်ပါဦး" တုန်းဖန်ကျိုး ၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်လေသည်။

"ကြယ်နက္ခတ် ကိုးပြောင်းလဲမှု ဖျက်ဆီးလိုက်စမ်း" ချင်ယွီ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကျိုးဟန် ၏ အစွမ်းထက်မှု ကို သူ ခံစားသိရှိနိုင်လေသည်။

ချက်ချင်းပင် မဆိုင်းမတွ သူ၏ အသက် မှော်လက်နက် ဖြစ်သော ကြယ်နက္ခတ် မျှော်စင် ကို ခေါ်ထုတ်လိုက်လေသည်။

တစ်ခဏချင်း အတွင်းမှာပင် ကြယ်များ ပြန့်ကျဲသွားပြီး လေထဲတွင် တောက်ပသော ကြယ်ရောင် များ လင်းလက်လာကာ

ကြောက်မက်ဖွယ် ကောင်းသော ကြယ်နက္ခတ် စွမ်းအား များ ထွက်ပေါ်လာပြီး

ကျိုးဟန် ပစ်လွှတ်လိုက်သော လေနှင့် လျှပ်စီး စွမ်းအား များကို အမှုန့်ကြိတ်လိုက်လေသည်။

"အရေးကြီးတဲ့ အချိန်ကျတော့ ဂိုဏ်းခေါင်းဆောင် ကို အားကိုးရတာပဲ ဒါက ကြယ် ခုနစ်ပွင့် ဧကရာဇ်အဆင့် မှော်လက်နက် လေ အရှိန်အဝါ က တကယ်ကို တားဆီးလို့ မရဘူး"

"ငါ ဝန်ခံပါတယ် ကျိုးဟန် က တကယ် အစွမ်းထက်တာ ဒါပေမဲ့ ကံဆိုးတာက သူ ငါတို့ ဂိုဏ်းခေါင်းဆောင် နဲ့ တွေ့တာပဲ"

"ဒါပေါ့ ဂိုဏ်းခေါင်းဆောင် က အရင်က ဒီမှော်လက်နက် နဲ့ ကြယ် လေးရာ ဘုရင်အဆင့် အစွမ်းထက်သူ ကို သတ်ခဲ့ဖူးတယ် သာမန် ကျိုးဟန် လောက် ကို တိုက်ဖို့ကတော့ ပြောစရာတောင် မလိုဘူး"

"ဂိုဏ်းခေါင်းဆောင် လုပ်လိုက်စမ်း ကျိုးဟန် လို ကောင်က ငါတို့ မောက်မာ ဓားဂိုဏ်း ရဲ့ နယ်မြေ မှာ လာပြီး ရိုင်းစိုင်းချင်နေတယ်"

"ဒီ ကြယ်နက္ခတ် မျှော်စင် က ကောင်းကင်နဲ့ မြေကြီး ရဲ့ ထူးခြားတဲ့ ဖြစ်စဉ် တွေကိုတောင် ဖြစ်ပေါ်စေနိုင်တယ် တကယ်ကို အစွမ်းထက်တာပဲ"

...

မောက်မာ ဓားဂိုဏ်း တပည့် များက ထပ်မံ၍ မျက်နှာပြောင်တိုက်ကာ ကြွားလုံးထုတ်လာကြပြန်သည်။

အဓိက အားဖြင့် ချင်ယွီ ၏ မှော်လက်နက် ကြယ်နက္ခတ် မျှော်စင် အပေါ် ယုံကြည်မှု ရှိနေသောကြောင့် ဖြစ်သည်။

ဧကရာဇ်အဆင့် မှော်လက်နက် များမှာ မူလ ကတည်းက ရှားပါးပြီး ကြယ် ခုနစ်ပွင့် အထိ ရောက်ရှိနေပြီ ဆိုပါက ပို၍ပင် အဆင့်မြင့်လေသည်။

"ကျိုးဟန် ခွင့်လွှတ်သင့်တဲ့ အချိန်မှာ ခွင့်လွှတ်လိုက်ပါ ဘာလို့ အမြစ်ဖြတ် သတ်ချင်နေရတာလဲ" ချင်ယွီ က မကျေမနပ် မျက်နှာထား ဖြင့် ပြောလိုက်လေသည်။

ဤနေရာ သည် သူ၏ ဂိုဏ်း အတွင်း ဖြစ်ပြီး

အကယ်၍ အကြီးအကဲ တစ်ယောက် အများရှေ့တွင် အသတ်ခံရပါက ပြီးတော့ ဂိုဏ်း အတွင်း ထိပ်တန်း သုံးယောက် စာရင်းဝင် အကြီးအကဲ ဖြစ်နေပါက

မောက်မာ ဓားဂိုဏ်း သည် လုံးဝ လှောင်ပြောင်စရာ ဖြစ်သွားမည် မဟုတ်ပါလား။

"ဟားဟား အမြစ်ဖြတ် သတ်ချင်တာ ဟုတ်လား သူက အရင်ဆုံး ရန်စရုံတင် မကဘူး စကားတစ်ခွန်း မတည့်တာနဲ့ ချက်ချင်း တိုက်ခိုက်တာ မင်း မတွေ့ဘူးလား"

"သူ တိုက်ခိုက်ခွင့် ရှိပြီး ငါ တိုက်ခိုက်ခွင့် မရှိဘူးလား" ကျိုးဟန် က မျက်နှာပေါ်တွင် အထင်သေးမှု များဖြင့် လှောင်ပြောင်လိုက်လေသည်။

"ဒီ တုန်းဖန်ကျိုး ကို ငါ ဒီနေ့ သေချာပေါက် သတ်ရမယ်"

"ငါ ချင်ယွီ ဒီမှာ ရှိနေသရွေ့ မင်းရဲ့ အကြံအစည် အောင်မြင်မှာ မဟုတ်ဘူး" ချင်ယွီ က ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

"မင်း တစ်ယောက်တည်းနဲ့ ငါ့ကို တားချင်တာ သေချာပြီလား" ကျိုးဟန် မျက်လုံးများ အေးစက်သွားလေသည်။

"ငါ့လက်ထဲက ကြယ် ခုနစ်ပွင့် ဧကရာဇ်အဆင့် မှော်လက်နက် နဲ့ တားမှာ" စကားပြောနေစဉ် ချင်ယွီ ၏ လက်ထဲရှိ ကြယ်နက္ခတ် မျှော်စင် မှ ကြယ်ရောင် များ တောက်ပလာပြီး ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား များ ထွက်ပေါ်လာလေသည်။

"ဟွန့် ကြယ် ခုနစ်ပွင့် ဧကရာဇ်အဆင့် လောက်နဲ့ ဟန်ရေးပြချင်နေတာလား" ကျိုးဟန် တကယ်ပင် ရယ်ချင်သွားလေသည်။

"လောကကြီး အကြောင်း မသိတဲ့ ကောင် ဒါ ဘာလဲ ဆိုတာ ကြည့်လိုက်"

ပြောပြီးသည်နှင့် သူ က နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန် ကို တိုက်ရိုက် ထုတ်ယူလိုက်လေသည်။

ချက်ချင်းပင် သွေးညှီနံ့ များ လေထုထဲတွင် ပျံ့နှံ့သွားပြီး ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ် များ က လေထဲတွင် လှုပ်ရှားကာ ပြင်းထန်သော ဟိန်းဟောက်သံ များ ထွက်ပေါ်လာလေသည်။

လေထု ပင် မခံနိုင်တော့ဘဲ အဆက်မပြတ် တုန်ခါနေလေသည်။

ဤမှော်လက်နက် ထွက်ပေါ်လာသည်နှင့် လူအုပ်ကြီး အားလုံး အံ့အားသင့်သွားကြလေသည်။

"အရမ်း အစွမ်းထက်တဲ့ မှော်လက်နက် ပဲ ဒါ ဘာအဆင့်လဲ ဒီလောက်တောင် အရှိန်အဝါ ကြီးမားနေရတာလဲ"

"ကြယ်နက္ခတ် မျှော်စင် တောင် ဖိနှိပ်ခံလိုက်ရပြီ ကြယ်ရောင် တွေ မှေးမှိန်သွားပြီ"

"ဂိုဏ်းခေါင်းဆောင် ဘာဖြစ်တာလဲ ဘာလို့ မျက်နှာ ဖြူရော်ပြီး ခန္ဓာကိုယ် တွေ တုန်နေတာလဲ"

"ကြည့်ရတာ သူ ဒီမှော်လက်နက် ကို သိပုံရတယ် မဟုတ်ရင် ဒီလို မျက်နှာထား မျိုး ဖြစ်မှာ မဟုတ်ဘူး"

"သောက်ကျိုးနည်း ငါ နည်းနည်း ကြောက်လာပြီ သောက်ရမ်းပဲ ကျိုးဟန် လို လူငယ်လေး တစ်ယောက် က ဘယ်လိုလုပ် အဘိုးကြီး တွေထက် တောင် ပိုကြမ်းနေရတာလဲ"

"ကျိုးဟန် က ငါတို့ မောက်မာ ဓားဂိုဏ်း တစ်ခုလုံး ကို သတ်ပစ်မှာတော့ မဟုတ်ပါဘူးနော် အရမ်း အန္တရာယ် များတယ် ငါ ထွက်ပြေးချင်ပြီ"

...

အစောပိုင်းက ယုံကြည်မှု အပြည့် ရှိနေကြသော မောက်မာ ဓားဂိုဏ်း တပည့် များသည် ယခုအခါ ပူလောင်နေသော အိုးပေါ်မှ ပုရွက်ဆိတ် များကဲ့သို့ ပြာယာခတ်နေကြလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ အယုံကြည်ရဆုံး ဂိုဏ်းခေါင်းဆောင် ပင် ယခုအခါ ကြောက်လန့်၍ မြေပြင်ပေါ်တွင် လဲကျနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

All Chapters