အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း (၁၇၉) နဂါးစမ်းရေ ဓားအလင်းတန်း
သို့သော် သူ ပေါ့ဆ၍ မရပေ။ အကယ်၍ အမှားအယွင်း တစ်ခုခု ဖြစ်ပါက အခွင့်အရေးက အန္တရာယ်အဖြစ် ပြောင်းလဲသွားနိုင်လေသည်။
"ဝူး ဝူး ဝူး..."
လေကိုခွင်း၍ ပြင်းထန်သော အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။ ကျိုးဟန် သေချာကြည့်လိုက်ရာ ရွှေပြာရောင် အလင်းတန်းတစ်ခုက ကြမ်းတမ်းသော ဓားစွမ်းအင်များ ပါဝင်ကာ ပြေးဝင်လာလေသည်။
"ငါ့ဆီ လာခဲ့စမ်း" ကျိုးဟန် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လေအားကို အသုံးပြု၍ ဧရာမ လက်ဝါးကြီးအဖြစ် ပြောင်းလဲကာ ဓားအလင်းတန်းကို အလျင်အမြန် ဖမ်းဆုပ်လိုက်လေသည်။
"ဖွတ်"
နောက်တစ်စက္ကန့်တွင် ကျိုးဟန် မျက်နှာပျက်သွားလေသည်။ ဓားအလင်းတန်းက ဧရာမ လက်ဝါးကြီးကို အတားအဆီးမရှိ ဖောက်ထွင်းသွားလေသည်။
"အရမ်းမြန်တဲ့ ဓားပဲ" အံ့အားသင့်ချိန် မရလိုက်ဘဲ ရွှေပြာရောင် ဓားအလင်းတန်းက ကျိုးဟန်၏ အနီးသို့ ရောက်ရှိလာလေသည်။ ထို့နောက် ခန္ဓာကိုယ်ပေါ်ရှိ လက်နက်များမှ မီးပွင့်များ အများအပြား ထွက်ပေါ်လာပြီး
"ချွင် ချွင် ချွင်..."
-၃၂၄၀၀၀
-၃၉၆၀၀၀
-၄၅၅၀၀၀
...
၀.၁ စက္ကန့် အတွင်းမှာပင် နဂါးစမ်းရေ ဓားအလင်းတန်းသည် အကြိမ် သုံးလေးဆယ်ခန့် တိုက်ခိုက်ခဲ့ပြီး အမြန်နှုန်းမှာ အလွန် အံ့မခန်း ဖြစ်လေသည်။ ကျိုးဟန်ပင် တုံ့ပြန်ချိန် မရလိုက်လောက်အောင် မြန်ဆန်လွန်းလှပြီး ခုခံမှုများ ပြုလုပ်ချိန်တွင် သူ၏ သွေးပမာဏသည် တစ်သန်းပင် မပြည့်တော့ဘဲ အလွန် အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိနေလေသည်။
"နဂါးဟိန်းဟောက် ရွှေခေါင်းလောင်း အကာအကွယ်"
"ပြာရောင် မြေမှုန့် အာဏာရှင် သွေး"
၀.၁ စက္ကန့် အကြာတွင် ကျိုးဟန် တုံ့ပြန်နိုင်ခဲ့ပြီး သူအကျွမ်းကျင်ဆုံး အကာအကွယ် စွမ်းရည်များကို အကုန်အသုံးပြုလိုက်လေသည်။ လောလောဆယ်တော့ အန္တရာယ်မှ ကင်းဝေးသွားလေသည်။
"သောက်ကျိုးနည်း တိတ်တိတ်လေး အလစ်တိုက်ခံလိုက်ရတယ် အရမ်းနာတာပဲ"
ကျိုးဟန် အလွန် ဒေါသထွက်သွားလေသည်။ ဓားအလင်းတန်း၏ အချက်ပေါင်းများစွာ ထိုးနှက်မှုကို ခံလိုက်ရသဖြင့် အလွန် နာကျင်ပြီး တစ်ကိုယ်လုံး သွေးများ ပေကျံနေလေသည်။ ဤသည်မှာ မီးနတ်ဘုရား အရိပ်နှင့် တိုက်ခိုက်ပြီးနောက် အပြင်းထန်ဆုံး ဒဏ်ရာရခြင်း ဖြစ်သည်။
ကံကောင်း၍ စောစောက အချက်အလက်များ တိုးမြှင့်ထားသဖြင့် တော်သေးသည်။ မဟုတ်ပါက အခြေအနေ မကောင်းနိုင်ပေ။
"ဘုရားရေ တကယ်ကို ကြောက်စရာကောင်းတာပဲ ကျိုးဟန်တောင် ပြန်မခုခံနိုင်ဘူးဆိုတော့ ဒီလို အခွင့်အရေးမျိုးက ငါတို့ သာမန်လူတွေနဲ့ မတန်ပါဘူး"
"ဟုတ်တယ် ဒီ ဓားအလင်းတန်းရဲ့ ဇာစ်မြစ်က ဘာလဲ အမြန်နှုန်းက သောက်ရမ်း မြန်တာပဲ"
"ငါသာဆို အစောကြီးကတည်းက သေနေလောက်ပြီ ငါ့ရဲ့ တုံ့ပြန်နိုင်စွမ်းက သူနဲ့ ယှဉ်လို့မှ မရတာ"
"ဒီပစ္စည်းကို ကြည့်ရတာ သာမန်မဟုတ်ဘူး ပြီးတော့ အံ့သြစရာကောင်းတဲ့ အရှိန်အဝါတွေ ပါနေတယ် မဟာဧကရာဇ်အဆင့် နတ်ဘုရားဓား ဖြစ်ရမယ်"
"သောက်ကျိုးနည်း မဟာဧကရာဇ်အဆင့်လား ဒါကလား ငါထင်သလောက်လည်း မစွမ်းပါလား"
"မင်း အရူးလား အလင်းတန်း တစ်ခုတည်းဆိုတာ မတွေ့ဘူးလား တကယ်လို့ မဟာဧကရာဇ်အဆင့် မှော်လက်နက်သာ တကယ် ဆင်းသက်လာရင် ကျိုးဟန် ဆယ်ယောက်တောင် တစ်ချက်တည်း သေသွားမှာ"
"အင်း ဟုတ်သားပဲ ဓားအလင်းတန်း တစ်ခုတည်းတောင် တိုက်ခိုက်ဖို့က မလွယ်ဘူးပဲ"
မကြာမီ သူတို့ ဆွေးနွေးလာကြလေသည်။ မဟာဧကရာဇ်အဆင့် မှော်လက်နက်ကို မမြင်ဖူးသော်လည်း နာမည်တော့ ကြားဖူးကြလေသည်။
ယခု မြင်တွေ့နေရသည်မှာ ဒဏ္ဍာရီလာ မဟာဧကရာဇ်အဆင့် မှော်လက်နက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သဖြင့် လူအုပ်ကြီး အလွန် အံ့အားသင့်ကာ စိတ်ဝင်တစား ကြည့်ရှုနေကြလေသည်။ ဒါက နောက်ဆိုရင် ကြွားလုံးထုတ်စရာ ဖြစ်လာမည် မဟုတ်ပါလား။
"မီးလျှံနယ်မြေ"
"ဝိညာဉ် မျိုချ လက်ဝါး ငါ မင်းကို မဖမ်းနိုင်ဘူးလို့ ထင်နေတာလား"
ကျိုးဟန်က လှောင်ပြောင် ပြောဆိုလိုက်လေသည်။
ဤ နဂါးစမ်းရေ ဓားအလင်းတန်းလေးက အလွန် ချောမွေ့ပြီး အရွယ်အစား သေးငယ်သဖြင့် တိုက်ခိုက်မှု ထိမှန်ရန် မလွယ်ကူပေ။ ကျိုးဟန်၏ ကံကြမ္မာ အနည်းငယ် ညံ့နေသဖြင့် အကြိမ်အနည်းငယ် ဆက်တိုက် တိုက်ခိုက်သော်လည်း မဖြစ်မနေ ထိမှန်သည့် အကျိုးသက်ရောက်မှုကို မဖြစ်ပေါ်စေခဲ့သဖြင့် ၎င်းက ရှောင်ထွက်သွားနိုင်ခဲ့လေသည်။
"ဟဲဟဲ မင်းက ဒီလောက် အားနည်းတာ ငါ့ကို ထိန်းချုပ်ဖို့ ထိုက်တန်လို့လား"
"ငါက ဓားအလင်းတန်းလေး တစ်ခုပဲ ရှိတာတောင် မင်း ငါ့ကို မနှိမ်နင်းနိုင်ဘူးဆိုတော့ မင်း ငါ့ရဲ့ ပင်မ ခန္ဓာကိုယ်ရဲ့ အာရုံစိုက်မှုကို ရနိုင်မှာ မဟုတ်ဘူး"
မထင်မှတ်ထားဘဲ နဂါးစမ်းရေ ဓားအလင်းတန်းက စကားပြောနိုင်ပြီး လှောင်ပြောင်သည့် အဓိပ္ပာယ် အပြည့် ပါဝင်လေသည်။ ကျိုးဟန် ၎င်းကို မဖမ်းနိုင်သည်ကို မြင်သောအခါ အလွန် မောက်မာနေလေသည်။ သို့သော် ကျိုးဟန်လည်း မအံ့သြပေ။ ဤအဆင့်ရှိသော လက်နက်များသည် ကိုယ်ပိုင် အသိဉာဏ် ရှိသည်မှာ ပုံမှန်ပင်ဖြစ်သည်။
"ဪ ပင်မ ခန္ဓာကိုယ် မင်းရဲ့ ပင်မ ခန္ဓာကိုယ်က ဘယ်မှာလဲ"
ကျိုးဟန် မျက်လုံးများ တောက်ပသွားပြီး ဆက်မတိုက်ခိုက်တော့ပေ။ မဖြစ်မနေ ထိမှန်သည့် စွမ်းရည်သာ ထွက်လာပါက သေချာပေါက် ဖမ်းမိမည်ဖြစ်ရာ မလောတော့ဘဲ စမ်းသပ် မေးမြန်းလိုက်လေသည်။
"မင်းက အားနည်းရုံတင်မကဘူး ဉာဏ်ရည်လည်း နိမ့်တာပဲ ငါ့ဆီက စကား လှည့်ပတ် မေးချင်နေတာ တကယ်ကို ကလေးဆန်တာပဲ"
"ငါ့ကိုတောင် မနိုင်တဲ့ကောင်က တောင်ပိုင်း ပင်လယ် နဂါး တစ်သောင်း အုတ်ဂူ မှာ ရှိတဲ့ ငါ့ရဲ့ ပင်မ ခန္ဓာကိုယ်နဲ့ တွေ့ရင် ပြန်တောင် ခုခံနိုင်မှာ မဟုတ်ဘူး"
နဂါးစမ်းရေ ဓားအလင်းတန်းက မောက်မာစွာ ပြောလိုက်ပြီး ကလေးမျက်နှာလေး ထွက်ပေါ်လာကာ ကျိုးဟန်ကို လုံးဝ အထင်သေးစွာ ကြည့်နေလေသည်။ ကိုယ်တိုင် ဖော်ကောင် လုပ်မိမှန်း လုံးဝ မသိရှာပေ။
"တောင်ပိုင်း ပင်လယ် နဂါး တစ်သောင်း အုတ်ဂူ အရမ်း ကောင်းတယ်"
ကျိုးဟန် တိုက်ရိုက် မြေပုံကို ဖွင့်ပြီး ထိုနေရာကို ရှာဖွေလိုက်လေသည်။
"တောင်ပိုင်း ပင်လယ် နဂါး တစ်သောင်း အုတ်ဂူ သည် လောလောဆယ် မဖွင့်သေးပါ အသေးစိတ် ဖော်ပြချက်ကို ရှာဖွေ၍ မရနိုင်ပါ အဆင့် ၇၀ သို့ ရောက်မှသာ ဝင်ရောက်နိုင်မည် ဖြစ်ပြီး သင်၏ လက်ရှိ အဆင့်သည် အလွန် နိမ့်ကျနေပါသည် အဆင့် မြှင့်တင်ပြီးမှ ပြန်လည် စုံစမ်းပါ"
မကြာမီ သတိပေးချက် ထွက်ပေါ်လာပြီး ကျိုးဟန် ခေါင်းညိတ်လိုက်ကာ စိတ်မပျက်ပေ။ ဤကဲ့သို့သော အစွမ်းထက်သည့် မဟာဧကရာဇ်အဆင့် မှော်လက်နက်ကို လွယ်လွယ်ကူကူ ရနိုင်မည်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ထို့ကြောင့် မြေပုံပေါ်တွင် ထိုနေရာကို မှတ်သားပြီးနောက် မျက်နှာပြင်ကို ပိတ်လိုက်လေသည်။
"ဟဲဟဲ ကောင်လေး မင်း တော်တော် အလုပ်လုပ်တာပဲ မင်းကို ဆုပေးတဲ့ အနေနဲ့ စောစောသေဖို့ လမ်းခင်းပေးလိုက်မယ်" ကျိုးဟန် အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ မျက်လုံးများက အလွန် အန္တရာယ် များနေလေသည်။
"လေလုံး ထွားနေတာ မင်း ငါ့ကို ဖမ်းနိုင်မှ ပြောပါ ငါသာ မင်းဆီက သွေးပြန်ဖြည့်တဲ့ အကျိုးသက်ရောက်မှုကို မသိဘူးဆိုရင် မင်းကို အစောကြီးကတည်းက သတ်ပြီးပြီ"
နဂါးစမ်းရေ ဓားအလင်းတန်းက မယုံကြည်ဘဲ ဆက်လက် လှောင်ပြောင်နေလေသည်။
"နတ်ဘုရား ချည်နှောင်ခြင်း ကြိုး"
"မင်း ဘယ်လောက် ဟန်ရေးပြနိုင်မလဲ ကြည့်ရသေးတာပေါ့ အသက်ငယ်ငယ်လေးနဲ့ အကောင်း မသင်ယူဘဲ အလကား ပညာတွေပဲ တတ်နေတယ်"
"ငါက အသက် သောင်းချီ နေပြီ မင်းလို ကလေးက ဘယ်သူ့ကို အသက်ငယ်ငယ်လေး လို့ ပြောနေတာလဲ" နဂါးစမ်းရေ ဓားအလင်းတန်းက မကျေမနပ် ပြောလိုက်လေသည်။
"မင်းက..."
"အား..."
၎င်း ဆက်ပြောရန် ပြင်လိုက်သော်လည်း ကျိုးဟန် လွှတ်လိုက်သော နတ်ဘုရား ချည်နှောင်ခြင်း ကြိုးက ရစ်ပတ်လာလေသည်။ ထို့ပြင် မဖြစ်မနေ ထိမှန်သည့် အကျိုးသက်ရောက်မှုကိုလည်း ဖြစ်ပေါ်စေခဲ့လေသည်။ ရိုးရှင်းသော ကြိုးတစ်ချောင်းသည် ကျိုးဟန် လွှတ်လိုက်သည်နှင့် လေထဲတွင် အဆုံးမရှိ ကြီးမားလာပြီး ကောင်းကင် ပိုက်ကွန်ကဲ့သို့ လေဟာနယ် မရှိအောင် ဖုံးလွှမ်းသွားလေသည်။ နဂါးစမ်းရေ ဓားအလင်းတန်းကို တိုက်ရိုက် ဖမ်းဆီးလိုက်လေသည်။
"သောက်ကျိုးနည်း ငါ့ကို လွှတ်ပေး"
"မင်းလို ခွေးကောင် သတ္တိရှိရင် အဘိုးနဲ့ မျက်နှာချင်းဆိုင် တိုက်လေ"
နဂါးစမ်းရေ ဓားအလင်းတန်းက အဆက်မပြတ် အော်ဟစ်နေပြီး ၎င်း၏ အသွင်အပြင်မှာ အသက် သောင်းချီ နေသည့်ပုံ မပေါ်ဘဲ ကျောင်းသားလေး တစ်ယောက်နှင့် ပိုတူနေလေသည်။
"နည်းနည်း ကြမ်းကြမ်းတမ်းတမ်း လုပ်မှ ရမယ် ထင်တယ် မဟုတ်ရင် မင်း အညံ့ခံမှာ မဟုတ်ဘူး"
ကျိုးဟန်က နတ်ဘုရား ချည်နှောင်ခြင်း ကြိုး၏ အချက်အလက်ကို ကြည့်ကာ ပြုံးလိုက်လေသည်။
နတ်ဘုရား ချည်နှောင်ခြင်း ကြိုး
အရည်အသွေး - ကြယ် ကိုးပွင့် ဧကရာဇ်အဆင့်
ဖော်ပြချက် - နတ်ဘုရား ဆိုတာ အရမ်း အစွမ်းထက်လား နောက်ဆုံးတော့ ငါ့ရဲ့ ဝက်လို ချည်နှောင်တာကို ခံရတာပဲ
အကျိုးသက်ရောက်မှု - မီတာ တစ်ထောင် အတွင်းရှိ ပစ်မှတ်ကို ချည်နှောင်နိုင်ပြီး ပစ်မှတ်နှင့် အသုံးပြုသူ၏ စွမ်းအား ကွာခြားချက် ကြီးမားလေ ချည်နှောင်နိုင်သည့် ရာခိုင်နှုန်း များလေ ဖြစ်သည်
အထူး အကျိုးသက်ရောက်မှု - အဆုံးမရှိ တင်းကျပ်နိုင်ပြီး ပစ်မှတ်၏ သွေးပမာဏသည် ရာခိုင်နှုန်း အလိုက် လျော့ကျသွားမည် ဖြစ်သည်
အကျိုးသက်ရောက်မှုက အလွန် မိုက်လှသည်။ ဤသည်မှာလည်း ကျိုးဟန် ပထမဆုံး အသုံးပြုခြင်းတွင် ဤကဲ့သို့သော အံ့သြဖွယ် အကျိုးသက်ရောက်မှုကို ရရှိခြင်း၏ အကြောင်းရင်း ပင်ဖြစ်သည်။
"နတ်ဘုရား ချည်နှောင်ခြင်း ကြိုး ငါ့အတွက် တင်းကျပ်လိုက်စမ်း"
ကျိုးဟန်၏ အော်ဟစ်သံနှင့်အတူ နတ်ဘုရား ချည်နှောင်ခြင်း ကြိုးသည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် လျင်မြန်စွာ တင်းကျပ်လာပြီး လက်သီးဆုပ် အရွယ်အစား အထိ သေးငယ်သွားလေသည်။
"သောက်ကျိုးနည်း ငါ့ရဲ့ အသက်က ဘာလို့ ဒီလောက် မြန်မြန် လျော့သွားရတာလဲ အရမ်း နာတာပဲ မင်း ဒီလောက် ရက်စက်ဖို့ လိုလို့လား"
"မြန်မြန် ရပ်လိုက် မဟုတ်ရင် ငါ သေတော့မယ်" တစ်စက္ကန့်ပင် မပြည့်မီ ၎င်းက ချက်ချင်း အညံ့ခံလိုက်လေသည်။ အစက မောက်မာ ခဲ့သလောက် ယခုတော့ အလွန် ကြောက်လန့်နေလေသည်။
"မင်း တော်တော် မာကျောတာ မဟုတ်ဘူးလား ဆက်ပြီး မောက်မာနေလေ" ကျိုးဟန် ပြုံးကာ လှောင်ပြောင်လိုက်လေသည်။
"တောင်းပန်ပါတယ် အစ်ကိုကြီး မဟုတ်ဘူး အဘိုး မြန်မြန် ရပ်လိုက်ပါ"
"ငါ မှားသွားပါပြီ မင်းရဲ့ မြေးကို ခွင့်လွှတ်ပေးပါ"
"မင်း အစက မောက်မာ နေတဲ့ ပုံစံလေးကို ငါ ပိုသဘောကျတယ်" ကျိုးဟန် ဖြည်းဖြည်းချင်း လျှောက်သွားကာ ရွဲ့စောင်းစောင်း ပြုံးလိုက်လေသည်။