← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း (၁၈၄) လူတိုင်းကို အံ့အားသင့်စေသော စွမ်းရည်များ

"ဟဲဟဲ ကြွက်အဘိုးကြီး ရဲ့ အစွမ်း ကို မြည်းစမ်းကြည့်လိုက်ဦး မကြာခင် မင်းရဲ့ ဝိညာဉ် က ခွဲဝေ စားသောက်ခံရတော့မယ်"

ဝေ့ဝူယာ ၏ ရုပ်ဆိုးသော မျက်နှာပေါ်တွင် ရက်စက်သော အပြုံး များ ပြည့်နှက်နေပြီး သူ၏ အမိန့်ပေးသံ နှင့်အတူ

ဝိညာဉ် ခိုး ကြွက် တစ်သန်း သည် ပျားပန်းခပ် ပြေးဝင်လာပြီး

ကျိုးဟန် ကို ဝိုင်းရံလိုက်ကာ ထူးဆန်းသော အနက်ရောင် အငွေ့အသက် များ ထွက်ပေါ်နေလေသည်။

ထိုအငွေ့အသက် များသည် ဝိညာဉ် ကို လောင်ကျွမ်းစေနိုင်သော အစွမ်း ရှိသော်လည်း

ကျိုးဟန် ၏ ဝိညာဉ် မှာ သာမန် မဟုတ်ဘဲ အလွန် အစွမ်းထက်နေသဖြင့် များပြားလှသော အနက်ရောင် စွမ်းအင် oများကို ရင်ဆိုင်ရာတွင် အနည်းငယ် မသက်မသာ ဖြစ်ရုံသာ ရှိပြီး ကြီးမားသော အကျိုးသက်ရောက်မှု မရှိပေ။

"ငါ့ရှေ့မှာ ဝိညာဉ် စွမ်းရည် လာသုံးနေတာလား မင်း က အရမ်း နုသေးတယ်"

"အမှောင် ဝိညာဉ် သွေးလက်သည်း တကယ့် အကြောက်တရား ဆိုတာ ဘာလဲ ဆိုတာ ပြရသေးတာပေါ့"

လူတိုင်း ၏ ရင်ထဲတွင် စိုးရိမ်နေချိန်၌ ကျိုးဟန် ၏ တည်ငြိမ်သော စကားသံ ထွက်ပေါ်လာလေသည်။

သူ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ အမှောင် အာဏာရှင် ကို ခေါ်ယူလိုက်ပြီး ဝိညာဉ် မျိုချသည့် စွမ်းအား များ အပြည့် ပါဝင်သော သွေးလက်သည်း က လေထဲမှ လှမ်းဆွဲလိုက်ရာ တစ်ခဏချင်း အတွင်းမှာပင် ဝိညာဉ် ခိုး ကြွက် တစ်သိန်း ကျော် သည် အမှုန့် အဖြစ် ပြောင်းလဲသွားလေသည်။

ကျိုးဟန် ၏ တုံ့ပြန်မှု မှာ အလွန် အစွမ်းထက်ပြီး လူတိုင်း ကို အံ့အားသင့်သွားစေလေသည်။

"အရမ်း အစွမ်းထက်တဲ့ စွမ်းရည် ပဲ ဝိညာဉ် တွေတောင် တုန်လှုပ်သွားတာ ငါ ခံစားမိတယ်"

"လေထဲက ဧရာမ ပုံရိပ်ကြီး က ဘယ်သူလဲ ရင်တုန်သွားစေတယ်"

"အဲဒါ က ရှေးဟောင်း နက်ရှိုင်းသော ချောက်ကမ်းပါး က ခေါင်းဆောင် အမှောင် အာဏာရှင် လေ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာတော့ မသိဘူး သူ့ရဲ့ တိုက်ခိုက်မှု ကို မြင်ဖူးတဲ့ သူတွေ အကုန် သေကုန်ပြီ"

"ဒါက ကျိုးဟန် ရဲ့ စွမ်းအား လား သူ တကယ်ပဲ နဂါးလှံ ဂိုဏ်း ကို ကယ်တင်နိုင်မှာလား"

...

ကျိုးဟန် ၏ ကောင်းကင် နှင့် မြေကြီး ကို ဆန့်ကျင်သော စွမ်းအား ကို မြင်တွေ့လိုက်ရသောအခါ

နဂါးလှံ ဂိုဏ်း တပည့် များ ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် များ ထွက်ပေါ်လာလေသည်။

ယခု ဂိုဏ်းခေါင်းဆောင် လေး သည် အဆိပ် မိနေပြီး တိုက်ခိုက်နိုင်စွမ်း မရှိတော့သဖြင့်

ကျိုးဟန် အပေါ်သာ အားကိုးရတော့မည် ဖြစ်ရာ

သူ သည် တစ်ရွာလုံး ၏ မျှော်လင့်ချက် ဖြစ်လာလေသည်။

"သင်သည် ဝိညာဉ် ခိုး ကြွက် ကို သတ်ဖြတ်လိုက်ပါသည် အတွေ့အကြုံ တန်ဖိုး ၁၀၀၀ ရရှိပါသည်"

"သင်သည် ဝိညာဉ် ခိုး ကြွက် ကို သတ်ဖြတ်လိုက်ပါသည် အတွေ့အကြုံ တန်ဖိုး ၁၀၀၀ ရရှိပါသည်"

"သင်သည် ဝိညာဉ် ခိုး ကြွက် ကို သတ်ဖြတ်လိုက်ပါသည် အတွေ့အကြုံ တန်ဖိုး ၁၀၀၀ ရရှိပါသည်"

...

"ဟင် အတွေ့အကြုံ တန်ဖိုး တွေ ရနိုင်သေးတယ်လား တကယ် မိုက်တာပဲ"

စနစ် ၏ သတိပေးသံ ကို ကြားသောအခါ ကျိုးဟန် အလွန် ဝမ်းသာသွားလေသည်။ ဤသည်မှာ အတွေ့အကြုံ တန်ဖိုး များ ရယူရန် အကောင်းဆုံး အခွင့်အရေး ပင်ဖြစ်သည်။

ဝိညာဉ် ခိုး ကြွက် တစ်ကောင် လျှင် အတွေ့အကြုံ တန်ဖိုး ၁၀၀၀ ဆိုပါက ကောင်ရေ တစ်သန်း လျှင်

အတွေ့အကြုံ တန်ဖိုး တစ်ဘီလီယံ ရရှိမည် ဖြစ်သည်။ မည်မျှ အထိ အဆင့်တက်မည် ကို မသိသော်လည်း ဤကဲ့သို့ အဆင့်တက်ရခြင်း မှာ အလွန် ပျော်စရာ ကောင်းလှသည်။

"ဒါက မင်းရဲ့ အစွမ်းအစ အကုန်ပဲ ဆိုရင် မင်း သေချာပေါက် သေရမယ်"

ဝေ့ဝူယာ အနည်းငယ် အံ့အားသင့်သွားသော်လည်း

မကြာမီ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားလိုက်လေသည်။

ဤမျှ အစွမ်းထက်သော စွမ်းရည် သည် စောင့်ဆိုင်းချိန် မရှိဘဲ မဖြစ်နိုင်ပေ။

ကျန်ရှိနေသေးသော ဝိညာဉ် ခိုး ကြွက် ရှစ်သိန်း ကျော် ကို ရင်ဆိုင်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

အလှည့်ကျ တိုက်ခိုက်ပါကလည်း ကျိုးဟန် ကို မောပန်း သေဆုံးသွားစေနိုင်လေသည်။

ဤသည်မှာ ဝေ့ဝူယာ ၏ အစွမ်းထက်သော ယုံကြည်မှု ပင်ဖြစ်သည်။

မကြာမီ သူ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံး များ ပြန်လည် ထွက်ပေါ်လာလေသည်။

သူ ကိုယ်တိုင် ကျိုးဟန် ၏ အတွေ့အကြုံ တန်ဖိုး ပေးသူ ဖြစ်နေသည်ကို မသိသေးပေ။

သိသွားပါက ဝေ့ဝူယာ သွေးအန်မည်လား။

ထို့နောက် ကျိုးဟန် ၏ ကောင်းကင် နှင့် မြေကြီး ကို ဆန့်ကျင်သော စွမ်းအား များ က ဝေ့ဝူယာ ကို စိတ်ပျက်သွားစေတော့မည် ဖြစ်သည်။

"သုံးထောင် မီးလျှံဓား"

"မိုးကြိုး ဓား အစီအရင်"

"လှည့်လည်နေတဲ့ နဂါး လေပြင်း"

"မာရ်နတ် ငရဲ သွေးစက်"

"လေကို လိုက်ပြီး လျှပ်စီး ကို ပြေးခြင်း"

"မီးလျှံ နယ်မြေ"

...

အမျိုးမျိုးသော စွမ်းရည် များကို အခမဲ့ ကဲ့သို့ အဆက်မပြတ် ထုတ်ဖော်လိုက်လေသည်။

အသုံးမဝင်သော စွမ်းရည် များကို ကျိုးဟန် က ပေါင်းစပ်ထားပြီး ဖြစ်ရာ

လူအုပ်ကြီး အားလုံး မှင်တက်သွားကြလေသည်။

ဒါက အရမ်း လွန်လွန်းနေပြီ မဟုတ်ပါလား။

သန်းချီသော ဝိညာဉ် ခိုး ကြွက် များ ကို ရင်ဆိုင်ရသော်လည်း ထိခိုက် ဒဏ်ရာ တစ်ခု မှ မရှိဘဲ

ရယ်မော စကားပြော နေနိုင်သေးသည်။

"ဒီစွမ်းရည် တွေရဲ့ စွမ်းအား က အရမ်း ကြမ်းတာပဲ ကျိုးဟန် က ဓာတ် ဘယ်နှမျိုး ကို ထိန်းချုပ်ထားတာလဲ"

"သာမန် လူ တစ်ယောက် ဆိုရင် အထက်ပါ စွမ်းရည် တစ်ခုတည်း နဲ့တင် ဂုဏ်ယူလို့ ရပြီ ဒါပေမဲ့ ကျိုးဟန် မှာ ဒီလောက် အများကြီး ရှိနေလိမ့်မယ် လို့ မထင်ထားဘူး"

"အရမ်း အားကျဖို့ ကောင်းတယ် တကယ့် စစ်နတ်ဘုရား တစ်ပါး လိုပဲ"

နဂါးလှံ ဂိုဏ်း တပည့် များ က အလွန် အံ့အားသင့်နေကြပြီး မကြာမီ ဝမ်းသာ အားရ မှု များ လေထဲတွင် ပြည့်နှက်သွားလေသည်။

ကျောက်ရှင်း လည်း ပါးစပ် အဟောင်းသား ဖြစ်နေလေသည်။ ဧကရာဇ် နန်းတော် အပျက်အစီး တွင် တွေ့ခဲ့စဉ် ကထက် ကျိုးဟန် သည်

ပို၍ အစွမ်းထက်လာခဲ့လေသည်။

တစ်ရက်တောင် မပြည့်သေးသည့် အချိန် အတွင်း

တိုးတက်မှု နှုန်း မှာ အလွန် မြန်ဆန်ပြီး မယုံနိုင်စရာ ပင်ဖြစ်သည်။

ကျောက်ရှင်း က သူကိုယ်တိုင် ကို ပါရမီရှင် တစ်ယောက် ဟု ထင်ခဲ့သော်လည်း ကျိုးဟန် နှင့် ယှဉ်ပါက

သူသည် အမှိုက် တစ်ခု သာ ဖြစ်ကြောင်း ခံစားလိုက်ရလေသည်။

"မင်း..."

ဝေ့ဝူယာ ၏ နဖူးပေါ်တွင် ချွေးများ စီးကျနေပြီး အပြုံးများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ

ကျိုးဟန် ကို ကြည့်ရင်း မျက်လုံးများ က ရှောင်လွှဲနေပြီး စကားပြောရန် အခက်အခဲ ဖြစ်နေလေသည်။

"ဘာလို့ ဆက်မခေါ်တော့တာလဲ ဝိညာဉ် ခိုး ကြွက် တွေကို ဆက်ခေါ်လေ"

"ကုန်တော့မယ် ဆိုတာ မမြင်ဘူးလား ငါ သတ်လို့တောင် မဝသေးဘူး"

ကွင်းပြင် ထဲတွင် ကောင်ရေ တစ်ရာ မပြည့်တော့သော ဝိညာဉ် ခိုး ကြွက် များကို လက်ညှိုးထိုးပြကာ ကျိုးဟန် က တိုက်တွန်းလိုက်လေသည်။

"ဒါ... ကျိုးဟန် လို အစွမ်းထက်တဲ့ သူ ကလည်း လှောင်ပြောင်တတ်တာပဲ"

"ဟားဟား သတ်လို့ မဝသေးဘူးတဲ့ တကယ်ကို ရက်စက်တာပဲ"

"တခြား လူတွေ ဟန်ရေးပြရင် ငါ မကြိုက်ပေမယ့် ကျိုးဟန် လုပ်တော့ ဘာလို့ ဒီလောက် ကြည့်ကောင်းနေရတာလဲ"

"အဲဒါ သူရဲ့ ဆွဲဆောင်မှု ကြောင့် ဖြစ်မယ်"

...

လူအုပ်ကြီး က ကျိုးဟန် တမင်သက်သက် လှောင်ပြောင်နေသည် ဟု ထင်ကြသော်လည်း

တကယ်တမ်း တွင်

ထို ဝိညာဉ် ခိုး ကြွက် များသည် အတွေ့အကြုံ တန်ဖိုး များ ဖြစ်ကြောင်း သူတို့ မသိကြပေ။

ထို့ပြင် ဤကဲ့သို့ အတွေ့အကြုံ တန်ဖိုး များ ရယူရခြင်း မှာ အလွန် လွယ်ကူလွန်းလှသည်။

အချက်အလက် မျက်နှာပြင် ကို ကြည့်လိုက်ရာ အဆင့် သုံးဆင့် တက်သွားပြီး ဖြစ်သည်။

ဤခံစားချက် ကြီး က အလွန် သက်တောင့်သက်သာ ရှိသဖြင့်

ကျိုးဟန် က ဤကဲ့သို့ ပြောရခြင်း ဖြစ်လေသည်။

"မင်း... မင်း အရမ်း မလွန်လာနဲ့" ဝေ့ဝူယာ က ကြောက်လန့်တကြား နောက်ဆုတ်ရင်း အသံမာမာ ဖြင့် ပြောလိုက်လေသည်။

"လွန်တော့ရော ဘာဖြစ်လဲ မကျေနပ်ရင် တစ်ယောက်ချင်း တိုက်လေ" ကျိုးဟန် က ရွဲ့စောင်းစောင်း ပြောလိုက်လေသည်။

"ဝေါ့..."

ထို့နောက် ဝေ့ဝူယာ သည် သွေးတစ်ပွက် အန်ချလိုက်လေသည်။

သွေးဝိညာဉ် နန်းတော် ၏ ထိပ်တန်း တပည့်ကြီး ဖြစ်သူ သူ သည်

တစ်နေ့နေ့တွင် ဤမျှ အရှက်ရဖွယ် ကြုံတွေ့ရမည် ဟု မထင်ထားခဲ့ပေ။

အရေးကြီးဆုံး အချက်မှာ ပြန်လည် တိုက်ခိုက်ရန် နည်းလမ်း မရှိခြင်း ပင်ဖြစ်သည်။

ပြင်းထန်သော ဂုဏ်သိက္ခာ ကြောင့် သူ ခံနိုင်ရည် မရှိတော့ဘဲ တိုက်ရိုက် မူးမေ့လဲကျသွားလေသည်။

"သောက်ကျိုးနည်း ဘယ်သူက မင်းကို အိပ်ခိုင်းလို့လဲ" ကျိုးဟန် မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလိုက်လေသည်။

"ဖျန်း"

ဝေ့ဝူယာ ၏ အင်္ကျီ ကော်လာ ကို ဆွဲကာ ပါးတစ်ချက် ရိုက်လိုက်ပြီး တင်းကျပ်စွာ သတိပေးလိုက်လေသည်။

"နိုးလာစမ်း ဝိညာဉ် ခိုး ကြွက် တွေကို မြန်မြန် ခေါ် မဟုတ်ရင် ငါ မင်းကို သတ်ပစ်မယ်"

ဤမျှ လွယ်ကူစွာ ရနိုင်သော အတွေ့အကြုံ တန်ဖိုး များကို သူ မည်သို့ အလွယ်တကူ လက်လွှတ်ခံနိုင်မည်နည်း။

"မင်းက နတ်ဆိုး ပဲ ဝိညာဉ် ခိုး ကြွက် ကို ခေါ်ဖို့ ဆိုတာ အဲဒီလောက် မလွယ်ဘူး သွေးနဲ့ ဝိညာဉ် စွမ်းအား အများကြီး သုံးရတယ်"

ဝေ့ဝူယာ က တုန်ယင်စွာ ပြောလိုက်လေသည်။ ကျိုးဟန် က ဝိညာဉ် ခိုး ကြွက် များကို ဘာလုပ်မည် ကို မသိသော်လည်း

ဤကဲ့သို့ အမိန့်ပေးခံရခြင်း မှာ အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလေသည်။

ထို့ပြင် သူ သည် ပြန်လည် ခုခံနိုင်စွမ်း လည်း မရှိပေ။

ဝမ်းနည်းမှု နှင့် ကြောက်ရွံ့မှု များ က ရင်ထဲတွင် ပြည့်နှက်နေလေသည်။

"ဒါဆိုရင် သွေးနဲ့ ဝိညာဉ် စွမ်းအား မြန်မြန် ပြန်ဖြည့်လေ" ကျိုးဟန် က ပြောလိုက်လေသည်။

"အကောင်းဆုံး အဆင့် ရှိတဲ့ ပြန်လည် ပြည့်ဖြိုးရေး ဆေးလုံး သောက်မှ ရမယ် မဟုတ်ရင် တစ်လ လောက် အချိန်ယူမှ မူလ အခြေအနေ ကို ပြန်ရောက်မှာ" ဝေ့ဝူယာ က အလျင်အမြန် ရှင်းပြလိုက်လေသည်။

ကျိုးဟန် ကြားပြီးနောက် အနည်းငယ် စိတ်ပျက်သွားလေသည်။ ဤမျှ အလုပ်ရှုပ်လိမ့်မည် ဟု မထင်ထားခဲ့ပေ။

အကောင်းဆုံး အဆင့် ရှိတဲ့ ပြန်လည် ပြည့်ဖြိုးရေး ဆေးလုံး ဆိုသည်မှာ သူ့တွင် မရှိပေ။

ရှိလျှင်တောင် ဤကဲ့သို့ အလဟဿ အသုံးပြုမည် မဟုတ်ပေ။

ဒီလို ဆိုလျှင် တစ်လ အချိန်ယူရမည် ဆိုသည်မှာ အလွန် ကြာလွန်းလှသည်။

ဒါဆိုရင်...

ထို့နောက် ကျိုးဟန် ၏ မျက်လုံးများ အေးစက်သွားလေသည်။

"မင်းက အသုံးမကျတဲ့ အမှိုက် ဖြစ်နေမှတော့ ဆက်ပြီး အသက်ရှင်နေစရာ အကြောင်း မရှိတော့ဘူး"

ရွှေရောင် ဓား စွမ်းအင် တစ်ခု လွင့်စင်သွားပြီး

အကွာအဝေး အလွန် နီးကပ်လွန်းသဖြင့် ဝေ့ဝူယာ တုံ့ပြန်ချိန် မရလိုက်ဘဲ

အသက် ထွက်သွားလေသည်။

"သင်သည် ဝေ့ဝူယာ ကို သတ်ဖြတ်လိုက်ပါသည် ဧကရာဇ် အဆင့် လက်နက် ရွှေကြွက် ခမောက် ကို ရရှိပါသည်”

All Chapters