အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း ၁၉၃ ကျားရိ မှော်ကျင့်စဉ်
သို့သော် ဧကရာဇ်အဆင့် အစွမ်းထက်သူ နှစ်ယောက် ပူးပေါင်းထားခြင်း ဖြစ်သည်ကို မေ့ထား၍ မရပေ။ ထို့အပြင် သူတို့သည် နာမည်ကြီးနေသည်မှာ ကြာပြီဖြစ်သော အစွမ်းထက်သူများ ဖြစ်ကြရာ အနိုင်ယူရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ကျိုးဟန် ၏ မျက်နှာကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။
သူ ဘာမှမပြောဘဲ အကဲဖြတ် စွမ်းရည် ကို အသုံးပြုလိုက်သည်။ ရန်သူကိုသိပြီး ကိုယ့်ကိုယ်ကိုယ်သိပါက ပွဲတစ်ရာတိုက်တိုင်း အနိုင်ရမည် မဟုတ်ပါလား ဟု တွေးလိုက်လေသည်။
မကြာမီ အချက်အလက်များ ထွက်ပေါ်လာလေသည်။
အကြီးအကဲ တင်းချွန်းချိုး
အဆင့် - ၁၀၀
သွေးပမာဏ - ၁ ဘီလီယံ
တိုက်ခိုက်မှု - ၉ သန်း
အကာအကွယ် - ၆၀ သန်း
လက်နက် - ဝိညာဉ် သန့်စင် ကြာပွတ်
ဝတ်စုံ - သားရဲဘုရင် ဝိညာဉ် သံချပ်ကာ
မှော်လက်နက် - မကောင်းဆိုးဝါး အလင်း ဓား (တိုက်ခိုက်ရေး)
စွမ်းရည် - ဝိညာဉ် နုတ်ယူခြင်း သံစဉ်... ည၏ ငိုကြွေးသံ... ဝိညာဉ် ဖြတ်တောက်ခြင်း တံဆိပ်... သားရဲ ဝိညာဉ် တံဆိပ်
တိုက်ခိုက်ရေး စွမ်းအား - ကြယ် ၁ ပွင့် ဧကရာဇ် အဆင့်
တိုက်ခိုက်ရေး စွမ်းအား သည် ကြယ် ၁ ပွင့် ဧကရာဇ် အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဧကရာဇ် အဆင့် များကို ကြယ် ၁ ပွင့် မှ ၉ ပွင့် အထိ ခွဲခြားထားသည်။ ကြယ် ၁ ပွင့် ဧကရာဇ် အဆင့် ဆိုပြီး အထင်သေး၍ မရပေ။ ကြယ် ၅၀၀ ဘုရင်အဆင့် များကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ချေမှုန်းနိုင်သော အစွမ်းထက်သူ ဖြစ်လေသည်။
တကယ်ကို အလွန် အစွမ်းထက်လှသည်။
ကြယ်တာရာ နတ်ဘုရား လက်သီး ယန်ပေ့ထျန်း
အဆင့် - ၁၀၀
သွေးပမာဏ - ၁ ဒသမ ၂ ဘီလီယံ
တိုက်ခိုက်မှု - ၁၀ သန်း
အကာအကွယ် - ၇၀ သန်း
လက်နက် - ဝိညာဉ် ခွဲ လက်အိတ်
ဝတ်စုံ - ကြယ်တာရာ ဝတ်စုံ
မှော်လက်နက် - ကြယ်အလင်း မြေပုံ (ထိခိုက်မှု လျှော့ချရေး)
စွမ်းရည် - ရှေးဟောင်း ကြယ်တာရာ လက်သီး... ကျားရိ မှော်ကျင့်စဉ်... နတ်ဘုရား လက်သီး ကျင့်စဉ်... တောင်ကုန်းများကို ဖိနှိပ်သော လက်သီး... ကွဲအက် ပျက်စီးခြင်း လက်သီး... နတ်ဘုရား လက်သီး ချိတ်ပိတ်ခြင်း
တိုက်ခိုက်ရေး စွမ်းအား - ကြယ် ၂ ပွင့် ဧကရာဇ် အဆင့်
ဧကရာဇ် နန်းတော် အပျက်အစီး ၏ ဖိနှိပ်မှုများ မရှိတော့သဖြင့် ယခုအချိန်သည် ယန်ပေ့ထျန်း ၏ အကောင်းဆုံး အခြေအနေ ဖြစ်နေပြီး ကြမ်းတမ်းသော စွမ်းအားများကို အပြည့်အဝ ပြသနေလေသည်။
သူ၏ စွမ်းအားမှာ သာမန်မဟုတ်ဘဲ ကြယ် ၂ ပွင့် ဧကရာဇ် အဆင့် သို့ ရောက်ရှိနေလေသည်။ အမြဲတမ်း ယုတ်မာ ကောက်ကျစ်တတ်သော တင်းချွန်းချိုး ပင်လျှင် သူ့ရှေ့တွင် မောက်မာဝံ့ခြင်း မရှိသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"ကျိုးဟန် မင်း ကြောက်သွားပြီလား... မကြာခင် တကယ့် အကြောက်တရား ဆိုတာ ဘာလဲ ဆိုတာ မင်း မြင်ရတော့မယ်..."
တင်းချွန်းချိုး ၏ မျက်လုံးများထဲတွင် ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး မကောင်းဆိုးဝါး အလင်း ဓား မှော်လက်နက် ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
"မကောင်းဆိုးဝါး ဝိညာဉ် ညခွဲ ဓား... မကောင်းဆိုးဝါး အချိန်ကို နိုးထစေ..."
ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် လေဟာနယ် တစ်ခုလုံး ပြောင်းလဲသွားပြီး ကြမ်းတမ်းသော အနက်ရောင် စွမ်းအင်များက ဒီရေလှိုင်းများကဲ့သို့ ရိုက်ခတ်လာသည်။
ထိုအထဲမှ မကောင်းဆိုးဝါး ဝိညာဉ် သုံးခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဆုတ်ဖြဲပစ်မည့် အရှိန်အဝါများဖြင့် ကျိုးဟန် ထံသို့ မျိုချရန် ပြေးဝင်လာလေသည်။
"ဒါက... ပွဲမစခင်ကတည်းက အစွမ်းထက်တဲ့ မှော်လက်နက် ကို သုံးလိုက်တာပဲ ဒါကို ဘယ်လို တိုက်ရမလဲ..."
"အရမ်းကို ယုတ်မာတဲ့ စွမ်းအားပဲ ငါ့ဝိညာဉ် တွေတောင် တုန်လှုပ်နေတာကို ခံစားရတယ်..."
"ဒီနေ့တော့ ကျိုးဟန် သေချာပေါက် ဒုက္ခရောက်ပြီ..."
"တကယ်ကို ဘာအခွင့်အရေး မှ မပေးတာပဲ..."
နဂါးလှံ ဂိုဏ်း မှ လူများအားလုံး စိတ်ဓာတ် အလွန် ကျဆင်းသွားကြသည်။ အစောပိုင်းက ရင်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသော်လည်း တင်းချွန်းချိုး ၏ တိုက်ခိုက်မှုကို မြင်တွေ့လိုက်ရပြီးနောက် မျှော်လင့်ချက် ကင်းမဲ့သွားကြလေသည်။
ထိုတိုက်ခိုက်မှုထဲတွင် ပါဝင်နေသော ကြမ်းတမ်းသည့် စွမ်းအားများကို အဝေးမှပင် ခံစားနေရသည်။ ဒီတိုက်ခိုက်မှု ကိုသာ ခံလိုက်ရပါက မသေလျှင်တောင် အပြင်းအထန် ဒဏ်ရာရသွားမည်မှာ သေချာလှသည်။
"အား... အရမ်းကို ထူးခြားတဲ့ ဝိညာဉ် ပဲ..."
"မင်းကို မျိုချလိုက်ရင် ငါတို့ ပိုပြီး အစွမ်းထက် လာလိမ့်မယ်..."
"ကြည့်ရတာ အရမ်း အရသာရှိမယ့် ပုံပဲ..."
မကောင်းဆိုးဝါး ဝိညာဉ် သုံးခု ၏ မျက်လုံးများက တောက်ပနေပြီး ကျိုးဟန် ၏ ဝိညာဉ် ကို အလွန် သဘောကျနေသည်မှာ သိသာလှသည်။ တစ်ကောင်ချင်းစီက အက်ကွဲသော အသံများ ထုတ်လွှတ်ကာ အလျင်အမြန် ပြေးဝင်လာကြလေသည်။
"အရမ်း ဆူညံတာပဲ... သေလိုက်စမ်း..."
ကျိုးဟန် က မျက်မှောင်ကြုတ်လိုက်ပြီး ဓားကို ဆွဲထုတ်လိုက်ရာ ကောင်းကင်ယံသို့ ထိုးဖောက်သွားမည့် ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာလေသည်။
သွေးနီရောင် မျက်လုံးများ ပြူးကျယ်နေသော မကောင်းဆိုးဝါး ဝိညာဉ် သုံးခု သည် ချက်ချင်းပင် အသက်ငွေ့များ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ အလွန်မြန်ဆန်လွန်းလှသဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားလေသည်။
"ခွပ်..."
"ခွပ်..."
"ခွပ်..."
"ဘာဖြစ်သွားတာလဲ..."
တင်းချွန်းချိုး သည် သူ၏ လက်ထဲတွင် အပိုင်းပိုင်း အစအစ ကွဲအက်သွားသော မကောင်းဆိုးဝါး အလင်း ဓား ကို ကြည့်ကာ အလွန် အံ့အားသင့်သွားလေသည်။
သူ အံ့အားသင့်နေချိန်တွင် ဘေးနားရှိ ယန်ပေ့ထျန်း က စတင် တိုက်ခိုက်လိုက်လေသည်။
"ကျားရိ မှော်ကျင့်စဉ်..."
ယန်ပေ့ထျန်း အော်ဟစ်လိုက်ချိန်တွင် လေထုထဲရှိ အစွမ်းထက်သော စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ ဝင်ရောက်လာလေသည်။ အချက်အလက် ဖန်သားပြင် ကို ကြည့်မည်ဆိုပါက သူ၏ အချက်အလက်များ အားလုံး အဆက်မပြတ် မြင့်တက်နေသည်ကို တွေ့ရမည် ဖြစ်သည်။
"ဘုရားရေ... ယန်ပေ့ထျန်း က ကျားရိ မှော်ကျင့်စဉ် ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့တာလား တကယ်ကို မယုံနိုင်စရာပဲ..."
"သောက်ကျိုးနည်း အရမ်း မိုက်တာပဲ ဒီလောက် ခက်ခဲတဲ့ ကျင့်စဉ်ကိုတောင် လေ့ကျင့်နိုင်တယ်ပေါ့..."
"ဒီ ကျားရိ မှော်ကျင့်စဉ် က ဘာများ ထူးခြားလို့လဲ..."
"မင်း မသိလို့ပါ ဒါက အစွမ်းထက်တဲ့ အားဖြည့် အကျိုးသက်ရောက်မှု ရှိတဲ့ ကျင့်စဉ်ပဲ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို စုပ်ယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် အားဖြည့်ပေးတာ... အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တဲ့ စွမ်းအား ရှိတယ်..."
"သောက်ကျိုးနည်း အဆင့်ကျော် တိုက်နိုင်တယ် ဆိုတော့ ယန်ပေ့ထျန်း ရဲ့ အခု အခြေအနေ က ကြယ် ၃ ပွင့် ဧကရာဇ် အဆင့် ကိုတောင် ယှဉ်တိုက်နိုင်တယ်ပေါ့..."
"ဒါပေါ့ ဒါကြောင့်မို့ ဒီကျင့်စဉ်က သာမန် မဟုတ်ဘူးလို့ ပြောတာပေါ့..."
"မင်း ဆက်မပြောပါနဲ့တော့... ပိုပြောလေ ငါ ပိုပြီး မျှော်လင့်ချက် ကင်းမဲ့လာလေပဲ..."
လူအုပ်ကြီး ၏ အံ့အားသင့်မှု များကို ကြားသောအခါ ယန်ပေ့ထျန်း ၏ မျက်နှာပေါ်တွင် မောက်မာသော အပြုံးများ ထွက်ပေါ်လာလေသည်။ သူက သိုင်းပညာ ပါရမီရှင် တစ်ယောက် ဖြစ်ပြီး မွေးရာပါ အရည်အချင်း ကောင်းမွန်သူ မဟုတ်ပါလား။
"ကျိုးဟန် ငါ မင်းကို တကယ် ကျေးဇူးတင်ရမှာပဲ..."
"မင်းသာ ဧကရာဇ် နန်းတော် အပျက်အစီး ထဲမှာ ငါ့ကို တစ်ခါ မသတ်ခဲ့ရင် ငါလည်း အခုလို ကျားရိ မှော်ကျင့်စဉ် ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့မှာ မဟုတ်ဘူး..."
ယန်ပေ့ထျန်း သည် ကျေးဇူးတင်စကားများ ပြောနေသော်လည်း မျက်နှာပေါ်ရှိ အမုန်းတရားများမှာ ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်နေလေသည်။
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး... ဘာလို့လဲဆိုတော့ မကြာခင် ငါ မင်းကို နောက်တစ်ကြိမ် ထပ်သတ်တော့မှာမို့လို့ပဲ..."
"အဲဒါဆို မင်း တခြား မှော်ကျင့်စဉ် တွေကို ဆက်ပြီး လေ့ကျင့်လို့ ရသွားတာပေါ့..."
ကျိုးဟန် က နားကို ကလော်ရင်း လှောင်ပြောင်လိုက်လေသည်။
"ဟားဟားဟား... မင်းက အရင်ကလိုပဲ မောက်မာနေတုန်းပဲ... ငါသာ ကန့်သတ်ချက်တွေ မခံခဲ့ရဘူးဆိုရင် အပြင်ဘက်မှာ မင်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား..."
"စွမ်းအား ဆိုတာ ဘာလဲ မင်း လုံးဝ နားမလည်သေးဘူးပဲ..."
ယန်ပေ့ထျန်း က ဒေါသထွက်မည့်အစား ရယ်မောလိုက်ပြီး မျက်လုံးများထဲတွင် သရော်လှောင်ပြောင်မှုများ ပြည့်နှက်နေလေသည်။
"စကား အရမ်းများတာပဲ... ဓားချက်ကိုသာ ခံလိုက်စမ်း..."
ကျိုးဟန် က အချိန်ဆွဲမနေတော့ဘဲ ဓားအလင်းတန်းများ လွင့်စင်လာကာ လေပြင်းနှင့် လျှပ်စီး ဓားချက် ကို ထုတ်ဖော်လိုက်သည်။
"ရောက်လာတာ အတော်ပဲ..."
ယန်ပေ့ထျန်း က တည်ငြိမ်စွာ ပြုံးလိုက်ပြီး တစ်ကိုယ်လုံးရှိ စွမ်းအားများကို စုစည်းလိုက်လေသည်။
"နတ်ဘုရား လက်သီး ချိတ်ပိတ်ခြင်း ဖြေလျှော့... တောင်ကုန်းများကို ဖိနှိပ်သော လက်သီး..."
မီတာများစွာ အရှည်ရှိသော လက်သီး အလင်းတန်း က ကောင်းကင်ယံကို လင်းထိန်သွားစေပြီး ထက်မြက်သော အရှိန်အဝါများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
"ဒါက... အရမ်း အစွမ်းထက်တာပဲ..."
"ကြယ် ၂ ပွင့် ဧကရာဇ် အဆင့် အစွမ်းထက်သူ ရဲ့ အစွမ်းကုန် တိုက်ခိုက်မှု က ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား..."
"ကမ္ဘာ့ နံပါတ်တစ် နတ်ဘုရား လက်သီး လို့ ခေါ်ရတာ တန်ပါတယ်..."
"ကျိုးဟန် လို ပြိုင်ဘက် နဲ့ တွေ့တာ သူ့အတွက် ကံဆိုးတာပဲ..."
"ကျိုးဟန် က တကယ် အစွမ်းထက်ပေမယ့် ကျင့်ကြံတဲ့ အချိန်က တိုတောင်းသေးတော့ အရမ်း နှမြောစရာပဲ..."
"ဟုတ်တယ် ယန်ပေ့ထျန်း ရဲ့ လက်သီး အလင်းတန်း က အစွမ်းထက်လွန်းတယ် ကျိုးဟန် ရဲ့ ဓားအလင်းတန်း ကတော့ သာမန်ပါပဲ ဘယ်သူ နိုင်မလဲ ဆိုတာ ခြေမ နဲ့ စဉ်းစားကြည့်ရင်တောင် သိသာပါတယ်..."
လူအုပ်ကြီး အံ့အားသင့်စွာ အော်ဟစ်နေချိန်တွင် လက်သီး အလင်းတန်း နှင့် ဓားအလင်းတန်း တို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။ ထင်ထားသည့်အတိုင်း ဖိနှိပ် ချေမှုန်းနိုင်သည့် အခြေအနေ ဖြစ်ပေါ်လာသော်လည်း ချေမှုန်းခံလိုက်ရသည်မှာ ယန်ပေ့ထျန်း ၏ လက်သီး အလင်းတန်း ပင်ဖြစ်သည်။
"ရှူး... ဒါ... ငါ မျက်စိ မှားကြည့်မိတာများလား..."
"အရမ်းကို အစွမ်းထက်တဲ့ လက်သီး အလင်းတန်း ကြီးက ထိလိုက်တာနဲ့ ချက်ချင်း ပျက်စီးသွားတယ် တကယ်ကို မယုံနိုင်စရာပဲ..."
"ဖြစ်နိုင်ခြေ တစ်ခုကို ငါ တွေးမိတယ်... ဓားစိတ်ဆန္ဒ ပဲ..."
"ဒါက ဒဏ္ဍာရီ ထဲက ဓားစိတ်ဆန္ဒ များလား... စုစည်းနေပြီး မကွဲလွင့်ဘူး... ရိုးရှင်းပုံ ပေါက်ပေမယ့် စွမ်းအားက အံ့မခန်းပဲ... ဘာအလှအပ မှ မပါဘဲ စွမ်းအင် နည်းနည်းလေး တောင် အလဟဿ မဖြစ်စေဘူး..."
"ကျိုးဟန် က ငါ့ထက်တောင် ငယ်သေးတာကို ဓားစိတ်ဆန္ဒ ကိုတောင် နားလည်နေပြီ တကယ့် ပါရမီရှင် ပဲ..."
မကြာမီ အံ့အားသင့်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။ ဓားသိုင်း ကျွမ်းကျင်သူ များစွာ ရှိသော်လည်း ဓားစိတ်ဆန္ဒ ကို နားလည်သူမှာ လက်ချိုးရေတွက်၍ ရလောက်အောင် ရှားပါးလှသည်။ ထို့ကြောင့် လူအုပ်ကြီး ကြားတွင် ကြီးမားသော လှိုင်းလုံးကြီး တစ်ခု ရိုက်ခတ်သွားလေသည်။
သူ၏ ပုံသဏ္ဌာန်မဲ့ ဓားစွမ်းအင် ဟူသော အလိုအလျောက် စွမ်းရည် က ဤမျှ ကြီးမားသော တုန်လှုပ်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ကျိုးဟန် ကိုယ်တိုင်လည်း မထင်ထားခဲ့ပေ။
ယန်ပေ့ထျန်း ၏ မျက်လုံးများလည်း ကျဉ်းမြောင်းသွားပြီး ကျိုးဟန် ၏ တိုးတက်မှုကို အလွန် အံ့အားသင့်သွားလေသည်။ အရင်တစ်ခေါက် တိုက်ခိုက်စဉ်က ကျိုးဟန် သည် ဓားစိတ်ဆန္ဒ ကို နားမလည်သေးပေ။ ဤမျှ အချိန်တိုအတွင်းမှာပင် နားလည်သွားလိမ့်မည် ဟု သူ မထင်ထားခဲ့ပေ။
သို့သော် ယန်ပေ့ထျန်း သည် အနည်းငယ်သာ အံ့အားသင့်သွားပြီး မိမိ၏ အစွမ်းထက်သော စွမ်းအားကို အပြည့်အဝ ယုံကြည်မှု ရှိနေသောကြောင့် အလျင်အမြန်ပင် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်လေသည်။
'ဓားစိတ်ဆန္ဒ ကို နားလည်သွားတော့ရော ဘာဖြစ်လဲ...'
'အခု ငါက ကျားရိ မှော်ကျင့်စဉ် ရဲ့ အားဖြည့်မှုကို ရထားတာ... ကြယ် ၃ ပွင့် ဧကရာဇ် အဆင့် ကိုတောင် အလွယ်တကူ သတ်နိုင်တယ် ကျိုးဟန် လို ကောင်လေးကတော့ ပြောစရာတောင် မလိုဘူး...'
ယန်ပေ့ထျန်း က ရင်ထဲတွင် တွေးလိုက်သည်။
စုစည်းနေသော ဓားအလင်းတန်း သည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ရောက်ရှိလာသော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင် သက်တောင့်သက်သာ ရှိသော အပြုံးတစ်ခု ထွက်ပေါ်နေလေသည်။